Burmese subtitles

← ပလက်စတစ်အကြောင်း သမိုင်းအကျဉ်းချုပ်

Get Embed Code
32 Languages

Showing Revision 24 created 09/15/2020 by sann tint.

  1. ဒီနေ့မှာတော့ ပလက်စတစ်ဟာ နေရာတိုင်းမှာ
    ရှိနေပါတယ်။
  2. ဒီပလက်စတစ်တွေရဲ့မူလအစကတော့
    ပလက်စတစ်တောင် မဟုတ်တဲ့
  3. ပစ္စည်းအသေးလေးကနေ စတင်ခဲ့ပါတယ်။
  4. ရာစုနှစ်များစွာတိုင်အောင် ဘိလိယက်ဘောလုံး
    တွေကို ဆင်စွယ်တွေကနေ ထုတ်လုပ်ခဲ့ပါတယ်။

  5. လိုအပ်တာထက် အမဲလိုက်လာမှုကြောင့်
    ၁၉ရာစုနှစ် ရောက်လာတဲ့အခါမှာ ဆင်ကောင်ရေ
  6. ကျဆင်းလာတဲ့အခါမှာတော့
  7. ဘိလိယက်ဘောပြုလုပ်သူတွေက တခြားကနေ
  8. ပြောင်းထုတ်ဖို့ ဆုငွေကြေငြာရင်း
    ရှာဖွေကြပါတယ်။ ဒါကြောင့် ၁၈၆၃ မှာ
  9. အမေရိကန်လူမျိုး John Wesley Hyatt က
    အဲဒီစိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။
  10. နောက် ၅နှစ်အတွင်းမှာတော့ သူက
    ဆဲလူးလွိုက်လို့ခေါ်တဲ့ ပစ္စည်းအသစ်ကို
  11. သစ်ပင်နဲ့ ဂုန်လျှော်ကရတဲ့ ဆဲလူးလို့စ်
    ဒြပ်ပေါင်းကနေ ထုတ်လုပ်ခဲ့ပါတယ်။
  12. နောက်ပိုင်းသိလိုက်ရတာက ဆဲလူးလွိုက်က
    ဘောလုံးပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။

  13. အဲဒါက သေချာလေး ပြန်ကန်ထွက်
    ရလောက်အောင် လေးမနေလို့ပါ။
  14. ဒါပေမဲ့ အဲဒါကို အရောင်တွေစပ်ကာ
    ဒီဇိုင်းဆွဲပြီး
  15. ဈေးကြီးတဲ့ ပစ္စည်းတွေပုံစံကို
    ပုံတူလုပ်လို့ရပါတယ်။
  16. ဥပမာ သန္တာကျောက်တန်း၊ လိပ်ခွံ
    ပယင်းကျောက်နဲ့ ကမာ တွေလိုပေါ့။
  17. သူက အဲဒီမှာပဲ ပထမဆုံး ပလက်စတစ်
    ဆိုတာကို စတီထွင်လိုက်ပါတော့တယ်။
  18. 'ပလက်စတစ်' လို့ သတ်မှတ်ကြတဲ့ အရာ
    မှန်သမျှကို ယူနစ်အခွဲတိုင်းက ထပ်ခါထပ်ခါ

  19. တူညီနေတဲ့ မော်လီကျူးကြီးတွေ ဖွဲ့စည်းထားတဲ့
    ပိုလီမာနဲ့ လုပ်ထားကြတာပါ။
  20. အဲဒါကို လူလုပ်ပလက်စတစ်တွေ အကုန်လုံးနဲ့
  21. သက်ရှိတွေမှာရှိတဲ့ ပစ္စည်း
    တော်တော်များများမှာ တွေ့နိုင်ပါတယ်။
  22. ယေဘုယျအနေနဲ့ ပလက်စတစ်လို့ ပြောလိုက်ရင်
  23. သဘာဝမဟုတ်တဲ့ဒြပ်ပစ္စည်းတွေလို့ မြင်ကြတယ်။
  24. သူ့ ပေါင်းစည်းတဲ့သဏ္ဍာန်ကတော့
    စစချင်း ပျော့ပြောင်းပြီး လိုရာပြောင်း
  25. နိုင်ချိန်မှာ လိုချင်တဲ့
    ပုံစံကို ပုံလောင်းနိုင်ခြင်းပါပဲ။
  26. ပထမဆုံးတရားဝင် ပလက်စတစ်ဆုရသာ ဆိုပေမဲ့
    ဆဲလူးလွိုက်က အတော်လေး

  27. မီးလောင်လွယ်ပြီး၊ ထုတ်လုပ်မှုကလည်း
    အန္တရာယ်များတယ်။
  28. ဒါကြောင့် တီထွင်သူတွေက တခြားနည်းလမ်း
    ထပ်ရှာဖွေခဲ့ကြပြန်တယ်။
  29. ၁၉၀၇ ခုနှစ်မှာ ဓာတုဗေဒပညာရှင်တစ်ယောက်က
    ကတ္တရာရဲ့ဘေးထွက်ပစ္စည်းဖြစ်တဲ့
  30. ဖီနောနဲ့ ဖောမလင် ကို ပေါင်းပြီး
  31. ပိုလီမာအသစ် ဘိတ်ကာလိုက်ကို ဖန်တီးခဲ့ပါတယ်။
  32. ဘိတ်ကာလိုက်က ဆဲလူးလွိုက်နဲ့
    ကုန်ကြမ်းတွေလောက်
  33. သိပ်မီးလောင်မလွယ်ဘူး။
    အဆင်သင့်ထုတ်ဖို့လည်း ရနိုင်နေခဲ့တယ်။
  34. ဘိတ်ကာလိုက်က ခြေလှမ်းအစပါပဲ။

  35. ၁၉၂၀တွေမှာ သုတေသီတွေက ပိုလီစတိုင်ရင်းလို့
    ခေါ်တဲ့ ဖော့အပူခံပြားတွေကို
  36. ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်ခဲ့ကြတယ်။
  37. နောက်မှာ မာလည်းမာ အကြမ်းလည်းခံတဲ့ ပိုလီ
    ဗိုင်းနေးကလိုရိုက် (ဗိုင်းနေး) ပေါ်လာတယ်။
  38. အခရစ်လစ်နဲ့ မှန်တဲ့ပုံစံတူ အက်ကွဲဒဏ်ခံ
  39. အကြည်ပြားတွေကို လုပ်နိုင်လာတယ်။
  40. ၁၉၃၀ တွေမှာတော့ နိုင်လွန်တွေက
    အဓိက ကျလာတယ်။
  41. ပိုလီမာနဲ့ ပိုးကိုပုံစံတုထားပြီး
    ပိုမာကျောတဲ့ နိုင်လွန်မျိုး။
  42. ၁၉၃၃ ကစလို့ ပိုလီအီသလင်းက ဘက်စုံအသုံး
    အဝင်ဆုံး ပလက်စတစ်တွေထဲက တစ်ခုဖြစ်လာခဲ့တယ်။
  43. အခုထိ သုံးနေသမျှ ကြွတ်ကြွတ်အိတ်တွေ
    ခေါင်းလျှော်ရည်ဗူးတွေကနေ
  44. ကျည်ကာအင်္ကျီ အထိပါပဲ။
  45. ထုတ်လုပ်ရေးနည်းပညာအသစ်တွေက
    ဒီပစ္စည်းတွေနဲ့အတူ ထွန်းကားလာခဲ့တယ်။

  46. ထည့်သွင်းပုံလောင်းခြင်း နည်းစနစ်က
    ပျော်နေတဲ့ ပလက်စတစ်ကို လိုချင်တဲ့
  47. ပုံစံအတွက် အခြောက်မြန်တဲ့
    ပုံစံခွက်ထဲကိုလောင်းပြီး
  48. တီထွင်မှုက တကယ်အလုပ်ဖြစ်ခဲ့တယ်။
  49. ဒါဟာ ပုံစံအသစ်နဲ့ မျိုးစုံသောထုတ်ကုန်
    တွေကို တက်နိုင်သမျှဖန်တီးဖို့နဲ့ ပလက်စတစ်
  50. ပမာဏများများကို သက်သက်သာသာနဲ့
    မြန်မြန်ထုတ်ဖို့ ဖြစ်လာခဲ့တယ်။
  51. သိပ္ပံပညာရှင်တွေက ဒီစီးပွားဖြစ်ပစ္စည်းက
    အရင်က မတက်နိုင်ခဲ့တဲ့
  52. ပစ္စည်းတွေကို လူများများက
    အသုံးပြုနိုင်ဖို့လို့ မျှော်လင့်ခဲ့တယ်။
  53. ဆိုပေမဲ့ ဒုတိယကမ္ဘာစစ်မှာ ပလက်စတစ်ကို
    စသုံးဖို့ ဖြစ်လာတယ်။

  54. စစ်အတွင်းမှာ ပလက်စတစ်ထုတ်လုပ်မှုက
    အမေရိကန်ပြည်ထောင်စုမှာ လေးဆတက်လာတယ်။
  55. စစ်သားတွေက ပလက်စတစ်အနားလိုင်းနဲ့ ခမောက်တွေ
    ရေစိုခံဗိုင်းနေးမိုးကာတွေ ဝတ်ဆင်ကြတယ်။
  56. လေယာဉ်မှူးတွေက ပလက်စီမှန်တွေ၊ အက်ကွဲဒဏ်ခံ
    ပလက်စတစ်နဲ့ လုပ်ထားတဲ့ စက်ခန်းမှာထိုင်ပြီး
  57. တောင့်တင်းတဲ့ နိုင်လွန် လေထီးတွေကို
    အသုံးပြုလာကြတယ်။
  58. နောက်ပိုင်းကြတော့ စစ်အတွင်းက
    အားကောင်းလာခဲ့တဲ့

  59. ပလက်စတစ်လုပ်ငန်းတွေက သုံးစွဲသူတွေအကြိုက်
    ထုတ်ကုန်တွေအပေါ် အာရုံစိုက်လာကြတယ်။
  60. ပလက်စတစ်တွေက သစ်၊ ဖန်၊ ပိတ်စ၊
    ပရိဘောဂ၊ အဝတ်အထည်၊
  61. ဖိနပ်၊ တီဗွီ၊ ရေဒီယို စတာတွေကို
    အစားထိုးဖို့ ဖြစ်လာတယ်။
  62. ဘက်စုံသုံး ပလက်စတစ်တွေက ထုပ်ပိုးမှုအတွက်
    ဖြစ်လာကာ အစားအစာနဲ့ တခြားထုတ်ကုန်တွေကို
  63. ကြာကြာနဲ့ လတ်လတ်ဆတ်ဆတ်
    ထုပ်ပိုးဖို့ ပုံဖော်ခဲ့ကြတယ်။
  64. ရုတ်တရက် ပလက်စတစ်
    အမှိုက်အိတ်တွေ၊ အပါးအုပ်စတွေ၊
  65. ညှစ်လို့ရတဲ့ ပလက်စတစ်ဗူးတွေ၊
    ပါဆယ်ထုပ်တဲ့ ဖော့ဘူးတွေ၊
  66. အသီး၊အရွက်နဲ့ အသားထည့်တဲ့
    ပလက်စတစ်ခွက်တွေ ပေါ်လာပါတော့တယ်။
  67. ဆယ်စုနှစ် အနည်းငယ် အတွင်းမှာတင်ပဲ
    ဒီလိုရာသုံး ပစ္စည်းတွေက

  68. "ပလက်စတစ်ရာစုနှစ်" ဆိုတာကြီး
    ဖြစ်လာစေပါတော့တယ်။
  69. ပလက်စတစ်ရာစုနှစ်က သက်တောင့်သက်သာနဲ့
    ဈေးတန်မှုကို ပေးသလို
  70. ထိတ်လန့်ဖွယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
    ပြဿနာတွေလည်း ပေးပါတယ်။
  71. ပလက်စတစ်များစွာက ပြန်လည်ပြည့်ဖြိုးမြဲ
    မဟုတ်တဲ့အရင်းမြစ်က ထုတ်ထားတာပါ။
  72. ပြီးတော့ ပလက်စတစ်ထုပ်ပိုးမှုက
    တခါသုံးအတွက်ပဲ လုပ်ထားတာဖြစ်ပြီး
  73. တချို့ပလက်စတစ်တွေက ဆွေးဖို့ကို
    ရာစုနှစ်တွေထိကြာတာမို့လို့
  74. စွန့်ပစ်ပစ္စည်းတွေ စုပုံလာစေပါတော့တယ်။
  75. ဒီရာစုနှစ်မှာတော့ ဒီပြဿနာတွေကို ကိုင်တွယ်
    ဖို့ ဖန်တီးကြံဆမှုတွေကို အာရုံစိုက်ပြီး

  76. ပလက်စတစ်လျှော့သုံးခြင်း၊ ဇီဝနည်းကျဖြိုခွဲ
    နိုင်မယ့် ပလက်စတစ်တွေ ထုတ်လုပ်ခြင်းနှင့်
  77. ရှိနေတဲ့ ပလက်စတစ်တွေကို ပြန်လည်သုံးစွဲ
    လို့ရမယ့် နည်းလမ်းအသစ်တွေကို ကြံဆကြရမှာပါ။