Return to Video

IQ စမ်းသပ်မှုတွေရဲ့ မှောင်မိုက်တဲ့ သမိုင်း။ Stefan C. Dombrowski

  • 0:07 - 0:12
    ၁၉၀၅ ခုနှစ်မှာ စိတ်ပညာရှင်တွေဖြစ်ကြတဲ့
    Alfred Binet နဲ့ Théodore Simon တို့ဟာ
  • 0:12 - 0:17
    ပြင်သစ်က ကျောင်းမှာ ရုန်းကန်နေတဲ့ ကလေးတွေ
    အတွက် စမ်းသပ်မှုတစ်ခုကို ပုံစံထုတ်ခဲ့တယ်။
  • 0:17 - 0:21
    ဘယ်ကလေးတွေဟာ တစ်ဦးချင်း အာရုံစိုက်မှု
    လိုအပ်တာကို ဆုံးဖြတ်ဖို့ ပုံစံထုတ်ခဲ့တဲ့
  • 0:21 - 0:26
    သူတို့ရဲ့ နည်းစနစ်က ခေတ်သစ် IQ
    စမ်းသပ်မှုရဲ့ အခြေခံကို ပုံဖော်ခဲ့တယ်။
  • 0:26 - 0:28
    ၁၉ ရာစု နှောင်းပိုင်းမှာ စတင်ရင်း
  • 0:28 - 0:33
    နှုတ်ပြော တွေးခေါ်မြှော်မြင်မှု၊ အလုပ်
    လုပ်တဲ့ မှတ်ဉာဏ်နဲ့ မြင်ကွင်း အကွာအဝေး
  • 0:33 - 0:35
    ကျွမ်းကျင်မှုလို သိမှတ်မှု အရည်အသွေးတွေဟာ
  • 0:35 - 0:41
    ငုပ်နေတဲ့ အထွေထွေ ဉာဏ်ရည် (သို့) g factor
    ကိုထင်ဟပ်စေတယ်လို့ သုတေသီတွေက ယူဆခဲ့တယ်။
  • 0:41 - 0:46
    Simon နံ Binet ဟာ ဒီအရည်အချင်း တစ်ခုစီကို
    တိုင်းတာဖို့နဲ့ အဖြေတွေကို တစ်ခုတည်းသော
  • 0:46 - 0:49
    ရမှတ်အဖြစ် ပေါင်းစပ်ဖို့ စမ်းသပ်ချက်
    မျိုးတူစုတစ်စုကို ပုံစံထုတ်ခဲ့တယ်။
  • 0:49 - 0:52
    မေးခွန်းတွေဟာ အသက်အရွယ်အုပ်စု
    တစ်စုစီအတွက် ညှိထားပြီး
  • 0:52 - 0:57
    ကလေးတစ်ယောက် ရမှတ်ဟာ အခြားသော သူတို့အရွယ်
    နဲ့ ပတ်သက်တဲ့ စွမ်းဆောင်ပုံကို ထင်ဟပ်တယ်။
  • 0:57 - 1:02
    တစ်ယောက်ယောက်ရဲ့ ရမှတ်တွေကို အသက်နဲ့
    စားပြီး ရလဒ်ကို ၁၀၀ နဲ့ မြှောက်ခြင်းနဲ့
  • 1:02 - 1:06
    ဉာဏ်ရည် ညွှန်ပြကိန်း (သို့) IQ ကို
    ထုတ်ဖော်ခဲ့တာပါ။
  • 1:06 - 1:12
    ယနေ့မှာ ရမှတ် ၁၀၀ ဟာ နမူနာ လူဦးရေတစ်ခုရဲ့
    ပျှမ်းမျှကို ကိုယ်စားပြုတယ်။
  • 1:12 - 1:17
    ၁၀၀ အနက် ၁၅ မှတ်အတွင်း အမှတ်ရတဲ့
    လူဦးရေရဲ့ ၆၈% ပါ။
  • 1:17 - 1:20
    Simon နဲ့ Binet တို့င သူတို့စမ်းသပ်မှုက
    အကဲဖြတ်တဲ့ ကျွမ်းကျင်မှုတွေဟာ
  • 1:20 - 1:23
    အထွေထွေ ဉာဏ်ရည်ကို
    ထင်ဟပ်စေမယ်လို့ ထင်ခဲ့တယ်။
  • 1:23 - 1:25
    ဒါပေမဲ့ အဲတုန်းကရော အခုပါ
  • 1:25 - 1:29
    အထေွထွေ ဉာဏ်ရည်ရဲ့ အနက်ဖွင့်ဆိုမှုအပေါ်
    တစ်ယောက်ကမှ သဘောမတူခဲ့ဘူး။
  • 1:29 - 1:33
    ဒါက ဒီစမ်းသပ်မှုကို ဉာဏ်ရည်နဲ့ ပတ်သက်ပြီး
    ကိုယ်ပိုင်တင်ကူးမှန်းဆထားတဲ့
  • 1:33 - 1:38
    ထင်မြင်ချက်တွေရဲ့ လုပ်ငန်းမှာ သုံးဖို့
    လူတွေအတွက် တံခါးဖွင့်ပေးခဲ့တယ်။
  • 1:38 - 1:42
    ပညာရေး အကူအညီ လိုအပ်တဲ့ သူတွေကို
    ရှာဖွေဖို့ နည်းလမ်းအဖြစ် စခဲ့တာက
  • 1:42 - 1:46
    အလျင်အမြန်ပဲ လူတွေကို အခြား
    နည်းလမ်းတွေနဲ့ ရွေးဖို့ ဖြစ်လာခဲ့တယ်။
  • 1:46 - 1:50
    မကြာခဏတော့ နက်ရှိုင်းစွာ ချွတ်ယွင်းနေတဲ့
    သဘောတရားတွေရဲ့ လုပ်ငန်းမှာပါ။
  • 1:50 - 1:53
    ပထမ ကမ္ဘာစစ်အတွင်း အမရိကန်
    ပြည်ထောင်စုမှာ ဖြစ်ခဲ့တဲ့
  • 1:53 - 1:58
    အကြီးအကျယ်အကောင်အထည်ဖော်မှု
    တွေထဲက တစ်ခုက တပ်သားသစ်တွေ ရွေးဖို့နဲ့
  • 1:58 - 2:02
    သူတို့ကို အရာရှိသင်တန်းအတွက် စစ်ဆေးဖို့
    စစ်တပ်က IQ စမ်းသပ်မှုတစ်ခု သုံးတဲ့အခါပါ။
  • 2:02 - 2:05
    အဲဒီအချိန်က လူအတော်များများဟာ
    လူသားသန့်ဗေဒကို ယုံကြည်ခဲ့ကြတယ်။
  • 2:05 - 2:09
    လိုလားအပ်တာနဲ့ မလိုလားအပ်တဲ့
    မျိုးရိုးဗီဇ ဉာဉ်တွေက
  • 2:09 - 2:15
    ရွေးချယ် ပျိုးထောင်ခြင်းကနေ ထိန်းချုပ်
    နိုင်၊ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆပါ။
  • 2:15 - 2:17
    ဒီတွေးခေါ်ခြင်း လမ်းစဉ်နဲ့
    ပြဿနာ အများကြီးရှိခဲ့တယ်။
  • 2:17 - 2:21
    ၎င်းတို့အနက် ဉာဏ်ရည်ဟာ ပုံသေဖြစ်ပြီး
    ဆက်ခံရရှိတယ်ဆိုတာမက
  • 2:21 - 2:24
    လူတစ်ဦးရဲ့ မျိုးရိုးနဲ့ပါ ဆက်နွယ်နေတယ်
    ဆိုတဲ့ အယူအဆပါ။
  • 2:24 - 2:26
    လူသားသန့်ဗေဒရဲ့ ဩဇာလွှမ်းမှုအောက်မှာ
  • 2:26 - 2:29
    တချို့ လူမျိုးနွယ်စုတွေဟာ ဉာဏ်ရည်အားဖြင့်
    အခြားသူတွေက် သာတယ်ဆိုတဲ့
  • 2:29 - 2:33
    မှားယွင်းတဲ့ အဆိုပြုချက်တွေ လုပ်ဖို့
    သိပ္ပံပညာရှင်တွေဟာ
  • 2:33 - 2:36
    စစ်ရေး ကိုယ်စွမ်းကိုယ်စရဲ့ ရလဒ်တွေကို
    အသုံးပြုခဲ့တယ်။
  • 2:36 - 2:39
    စစ်ဆေးခဲ့တဲ့ တပ်သားသစ် များစွာဟာ
    ပုံမှန် ပညာရေး(သို့)
  • 2:39 - 2:41
    အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေမှုမရှိတဲ့
  • 2:41 - 2:45
    အမေရိကန် ပြည်ထောင်စုကို အသစ်ပြောင်းရွှေ့
    လာသူတွေဆိုတာကို ထည့်မတွက်ဘဲ
  • 2:45 - 2:50
    လူမျိုးစုတွေရဲ့ မှားယွင်းတဲ့ ဉာဏ်ရည်
    ဝါစဉ်တစ်ခုကို သူတို့ ဖန်တီးခဲ့ကြတယ်။
  • 2:50 - 2:55
    လူသားသန့်ဗေဒနဲ့ IQ စစ်ဆေးခြင်း လမ်းဆုံက
    သိပ္ပံကိုသာမက မူဝါဒကိုပါ
  • 2:55 - 2:58
    ဩဇာလွှမ်းခဲ့တယ်။
  • 2:58 - 3:01
    ၁၉၂၄ ခုနှစ်မှာ Virginia ပြည်နယ်က
    IQ ရမှတ် နိမ့်တဲ့ လူတွေရဲ့
  • 3:01 - 3:07
    အတင်းအဓမ္မ သားကြောဖြတ်ခြင်း
    အတွက် မူဝါဒကို ဖန်တီးခဲ့တယ်။
  • 3:07 - 3:11
    အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်က
    အတည်ပြူခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။
  • 3:11 - 3:15
    နာဇီဂျာမဏီမှာ အစိုးရက IQ နိမ့်တာကို
    အခြေခံတဲ့ ကလေး သတ်မှုကို
  • 3:15 - 3:17
    တရားဝင် ခွင့်ပြုခဲ့တယ်။
  • 3:17 - 3:20
    အစုလိုက် သတ်ဖြတ်ခြင်းနဲ့ ပြည်သူ့
    ရပိုင်ခွင့်လှုပ်ရှားမှုနောက်မှာ
  • 3:20 - 3:23
    IQ စမ်းသပ်မှုတွေရဲ့ ခွဲခြားဆက်ဆံတဲ့
    အသုံးပြုမှုတွေဟာ
  • 3:23 - 3:27
    ကိုယ်ကျင့်နဲ့ သိပ္ပံဆိုင်ရာ နယ်ပယ်
    နှစ်ခုစလုံးကို စိန်ခေါ်ခဲ့တယ်။
  • 3:27 - 3:32
    သိပ္ပံပညာရှင်တွေဟာ IQ အပေါ် ပတ်ဝန်းကျင်
    သက်ရောက်မှုတွေရဲ့သက်သေခံကို စတင်စုခဲ့တယ်။
  • 3:32 - 3:37
    ဥပမာ IQ စမ်းသပ်မှုတွေကို ၂၀ ရာစု အလွန်မှာ
    အခါအားလျော်စွာ ပြန်စံချိန်ကိုက်တာကြောင့်
  • 3:37 - 3:42
    မျိုးဆက်သစ်တွေဟာ အရင် မျိုးဆက်တွေထက်
    စမ်းသပ်ချက်ဟောင်းတွေမှာ
  • 3:42 - 3:44
    တသမတ်တည်း အမှတ် ပိုမြင့်ခဲ့တယ်။
  • 3:44 - 3:46
    Flynn Effect လို့ သိကြတဲ့ ဒီဖြစ်စဉ်က
  • 3:46 - 3:51
    ဆက်ခံရရှိတဲ့ ဆင့်ကဲ့ ဉာဉ်တွေကြောင့်
    ဖြစ်စေဖို့ မတရား အမြန်ကြီးဖြစ်ပျက်ခဲ့တယ်။
  • 3:51 - 3:55
    ဒီအစား အကြောင်းတရားက
    ဖြစ်နိုင်ခြေက ပတ်ဝန်းကျင်ဆိုင်ရာပါ။
  • 3:55 - 4:00
    တိုးတက်တဲ့ ပညာရေး၊ ပိုကောင်းတဲ့ ကျန်းမာ
    ရေးစောင့်ရှောက်မှု ပိုကောင်းတဲ့ အဟာရပါ။
  • 4:00 - 4:01
    နှစ်ဆယ်ရာစု အလယ်မှာ
  • 4:01 - 4:04
    စိတ်ပညာရှင်တွေကလည်း အတွေထွေ
    ဉာဏ်ရည်ထက် အခြားအရာတွေကို အကဲဖြတ်ဖို့
  • 4:04 - 4:08
    IQ စမ်းသပ်မှုတွေကို
    အသုံးပြုဖို့ ကြိုးစားခဲ့တယ်။
  • 4:08 - 4:13
    အထူသဖြင့် စိတ်ကစဉ့်ကလျားရောဂါ၊စိတ်ညှိုးငယ်
    မှုနဲ့ အခြား စိတ်ရောဂါအခြေအနေတွေကိုပါ။
  • 4:13 - 4:18
    ဒီရောဂါစစ်တမ်းတွေက အကဲဖြတ်တွေရဲ့ ကုသမှု
    အကဲဖြတ်ချက်အပေါ် တစ်စိတ်တစ်ပိုင်းမူတည်ကာ
  • 4:18 - 4:22
    အသုံးပြုထာတဲ စမ်းသပ်ချက်တွေရဲ့ အပိုင်းခွဲ
    တစ်ခုကို IQ ကို သတ်မှတ်ဖို့ သုံးခဲ့တယ်။
  • 4:22 - 4:28
    နောက်တွေ့တဲ့သုတေသနက ကုသမှုဆိုင်ရာ အသုံးဝင်
    တဲ့ သတင်းအချက်အလက် မထွက်တဲ့ အလေ့အထတစ်ခုပါ။
  • 4:28 - 4:33
    ဒီနေ့ IQ စမ်းသပ်မှုတွေဟာ ကနဦး စမ်းသပ်မှု
    တွေအဖြစ် ပုံစံတူ အရိပ်အယောင်များစွာကို
  • 4:33 - 4:35
    မေးခွန်း အမျိုးအစားတွေကို သုံးတယ်။
  • 4:35 - 4:39
    စမ်းသပ်မှုမှာ ဖြစ်နိုင်တဲ့ ဘက်လိုက်မှုတွေ
    ရှာဖို့ ပိုကောင်းတဲ့ နည်းတွေရှိပေမဲ့ပါ။
  • 4:39 - 4:43
    ဒါတွေကို စိတ်ရောဂါ အခြေအနေတွေကို
    ထုတ်ဖော်ဖို့ မသုံးတော့ပါဘူး။
  • 4:43 - 4:47
    ဒါပေမဲ့ စမ်းသပ်မှုအခွဲ ရမှတ်တွေကို သုံးတဲ့
    အလားတူ ပြဿနာရှိတဲ့ အလေ့အထတစ်ခုကတော့
  • 4:47 - 4:51
    ပညာရှင် အများအပြားရဲ့ အကြံပေးချက်ကို
    ဆန့်ကျင်ကာ'တစ်ခါတစ်ရံမှာ
  • 4:51 - 4:54
    သင်ကြားရေး ချို့ယွင်းမှုတွေကို
    ဖော်ထုတ်ဖို့ သုံးနေဆဲပါ။
  • 4:54 - 4:57
    တစ်ကမ္ဘာလုံးက စိတ်ပညာရှင်တွေဟာ
    ဉာဏ်ရည် ချို့ယွင်းမှုကို ရှာဖွေဖို့
  • 4:57 - 5:00
    IQ စမ်းသပ်မှုတွေကို အသုံးပြုဆဲဖြစ်ပြီး
  • 5:00 - 5:02
    ရလဒ်တွေကို သင့်လျော်တဲ့
    ပညာရေး အထောက်အပံ့၊
  • 5:02 - 5:07
    အလုပ်ခွင်သင်တန်းနဲ့ အထောက်အပံ့ပြုတဲ့
    နေထိုင်မှုကိုသတ်မှတ်းဖို့ သုံးနိုင်တယ်။
  • 5:07 - 5:12
    IQ စမ်းသပ်မှု ရလဒ်တွေကို ဆိုးဝါးတဲ့
    မူဝါဒတွေနဲ့ သိပ္ပံဆိုင်ရာ အခြေအမြစ်မရှိတဲ့
  • 5:12 - 5:15
    သဘောတရားတွေကို လျော်ကန်စေဖို့
    အသုံးပြုကြပါတယ်။
  • 5:15 - 5:18
    စမ်းသပ်မှု ကိုယ်၌ကအသုံး
    မကျဘူးလို့ မဆိုလိုပါဘူး။
  • 5:18 - 5:22
    တကယ်တော့ ဆင်ခြင်မှုနဲ့ ၎င်းစခဲ့တဲ့ ပြဿနာ
    ဖြေရှင်းရေး ကျွမ်းကျင်မှုတွေကို
  • 5:22 - 5:24
    တိုင်းတာတဲ့ အလုပ်ကောင်းပါ။
  • 5:24 - 5:28
    ဒါပေမဲ့ လူတစ်ဦးရဲ့ စွမ်းရည်ကို
    တိုင်းတာခြင်းနဲ့တော့ မတူပါဘူး။
  • 5:28 - 5:32
    IQ စမ်းသပ်ခြင်းမှာ ထုပ်ပိုးထားတဲ့
များစွာ
    သောရှုပ်ထွေးတဲ့ နိုင်ငံရေး၊ သမိုင်း၊
  • 5:32 - 5:36
    သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ
    ပြဿနာတွေရှိပေမဲ့
  • 5:36 - 5:39
    ပိုများလာတဲ့ သုတေသီတွေက
    ဒီအချက်ကို သဘောတူပြီး
  • 5:39 - 5:43
    တစ်ခုတည်းသော ကိန်းဂဏန်း ရမှတ်ဖြင့်
    တစ်ဦးချင်းကို အမျိုးအစားခွဲနိုင်တယ်ဆိုတဲ့
  • 5:43 - 5:45
    အယူအဆကိုတော့ ပယ်ချကြပါတယ်။
Title:
IQ စမ်းသပ်မှုတွေရဲ့ မှောင်မိုက်တဲ့ သမိုင်း။ Stefan C. Dombrowski
Speaker:
Stefan C. Dombrowski
Description:

သင်ခန်းစာ အပြည့်အစုံကို https://ed.ted.com/lessons/the-dark-history-of-iq-tests-stefan-c-dombrowski တွင် ကြည့်ရှုပါ။

၁၉၀၅ ခုနှစ်မှာ စိတ်ပညာရှင်တွေဖြစ်ကြတဲ့ Alfred Binet နဲ့ Théodore Simon တို့ဟာ ပြင်သစ်က ကျောင်းမှာ ရုန်းကန်နေကြတဲ့ ကလေးတွေအတွက် စမ်းသပ်မှုတစ်ခုကို ပုံစံထုတ်ခဲ့ကြတယ်။ ဘယ်ကလေးတွေကို တစ်ဦးချင်း အာရုံစိုက်ပေးဖို့ လိုအပ်တာကို ဆုံးဖြတ်ရန် ပုံစံထုတ်ခဲ့တဲ့ သူတို့ရဲ့ နည်းစနစ်က ခေတ်သစ် IQ စမ်းသပ်မှုရဲ့ အခြေခံကို ပုံဖော်ခဲ့တယ်။ ဒီတော့ IQ စမ်းသပ်မှုတွေကို ဘယ်လို လုပ်ဆောင်သလဲ။ ဒါတွေက ဉာဏ်ရည်ရဲ့ စစ်မှန်တဲ့ ထက်ဟပ်မှုတစ်ခုလား။ Stefan C. Dombrowski ကနေပြီး ဒီစမ်းသပ်မှုတွေကို သမိုင်းတစ်လျှောက် အသုံးပြုခဲ့ပုံကို စူးစမ်းထားပါတယ်။

သင်ခန်းစာကို Stefan C. Dombrowski က ပြုစုပြီး Kozmonot Animation Studios ကနေ ရိုက်ကူးထားပါတယ်။

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
05:46

Burmese subtitles

Revisions