Return to Video

ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရဲ့ စွမ်းအား။

  • 0:01 - 0:04
    မမှီသေး ဆိုတဲ့စွမ်းအား
  • 0:04 - 0:06
    ချီကာဂိုက အထက်တန်းကျောင်း ကြားခဲ့ဘူးတယ်။
  • 0:06 - 0:11
    အဲဒီမှာ ကျောင်းသားတွေဟာ ဘွဲ့ရဖို့
    သင်ရိုးတစ်ချို့ကို အောင်ဖို့လိုတယ်
  • 0:11 - 0:16
    ပြီးတော့ သင်ရိုးတစ်ခုကိုမအောင်ရင်
    "မမှီသေး" ဆိုတဲ့ အဆင့်ကိုပေးပါတယ်။
  • 0:16 - 0:18
    အဲဒါက အဆန်းပဲလို့ ကျွန်မတွေးလိုက်မိတယ်။
  • 0:18 - 0:22
    ကျရှုံးတဲ့အမှတ်ကိုရရင် "ငါဟာ အလကားပါ၊
    ဘာမှအလားအလာမရှိပါဘူး" လို့ ထင်ရုံပေါ့။
  • 0:22 - 0:25
    ဒါပေမဲ့ "မမှီသေး" ဆိုတဲ့အဆင့်ကိုရလိုက်ရင်
  • 0:25 - 0:29
    သင်ဟာ သင်နေရတုန်းပဲလို့ နားလည်ရပါတယ်။
  • 0:29 - 0:32
    ဒီတော့ အနာဂတ်ဆီသို့ လမ်းကြောင်း ပွင့်နေတယ်။
  • 0:32 - 0:40
    "မမှီသေး" က ကျွန်မရဲ့ အသက်မွေးမှု အစောပိုင်းကာလမှာကို
    အရေးကြီးတဲ့ ထိုးထွင်းဉာဏ်ကို ပြပေးလိုက်တာပဲလေ။
  • 0:40 - 0:42
    တကယ့်အလှည့်အပြောင်းတစ်ခုပေါ့။
  • 0:42 - 0:44
    ကျွန်မမြင်ချင်တာက ကလေးတွေဟာ
  • 0:44 - 0:49
    စိန်ခေါ်မှုနဲ့အခက်အခဲတွေကို
    ဘယ်လိုဖြေရှင်းကြပုံကိုပါ။
  • 0:49 - 0:52
    ဒါကြောင့် ၁၀ နှစ်သားကလေးတွေကို
  • 0:52 - 0:57
    သူတို့တွေအတွက် နည်းနည်းလေး ခက်လွန်းမယ်ထင်တဲ့
    ပုစ္ဆာတွေကို ပေးလိုက်ပါတယ်။
  • 0:57 - 1:02
    တစ်ချို့က အလွန့်အလွန်ကို အပြုသဘောဆောင်တဲ့
    နည်းလမ်းနဲ့တုံ့ပြန်ကြတယ်။
  • 1:02 - 1:06
    ဒီလိုမျိုးတွေပြောတတ်ကြတယ်၊
    "စိန်ခေါ်မှုကို ကြိုက်တာပေါ့။ "
  • 1:06 - 1:11
    ဒါမှမဟုတ် "သိတယ်နော်၊ ဒါက အသိအမြင်
    ပေးလိမ့်မယ်လို့တော့ထင်တာပဲ။"
  • 1:11 - 1:17
    သူတို့အရည်အသွေးတွေ ဖွံ့ဖြိုးလာနိုင်တယ်ဆိုတာကို
    သူတို့နားလည်ကြတယ်လေ။
  • 1:17 - 1:21
    သူတို့မှာ ကျွန်မပြောတဲ့ "ပျိုးထောင်ထားတဲ့
    တွေးခေါ်မှုအလေ့အထ"ဆိုတာရှိတယ်။
  • 1:21 - 1:27
    ဒါပေမဲ့ တခြားကျောင်းသားတွေကတော့
    ဝမ်းနည်းစရာ၊ အဖြစ်ဆိုးကြီးပဲလို့ခံစားမိကြတယ်။
  • 1:27 - 1:31
    သူတို့ရဲ့ ပိုပြီးပုံသေကားချ
    အတွေးအမြင်နှင့်အညီ
  • 1:31 - 1:38
    သူတို့ရဲ့ အသိဉာဏ်ဟာ အကဲဖြတ်မှုကို
    ခံယူရန် အသင့်ရှိခဲ့လို့ ကျရှုံးခဲ့ကြတာပါ။
  • 1:38 - 1:43
    မဖြစ်သေးတာရဲ့ စွမ်းအားကို
    ဇိမ်ကျနေရမယ့်အစား
  • 1:43 - 1:47
    ပစ္စုပန်ရဲ့ နိုင်လိုမင်းထက်ပြုမှုမှာ
    ဇက်ကိုင်ခံလိုက်ရတာပါ။
  • 1:47 - 1:50
    ဒီတော့ သူတို့ ရှေ့ဆက်ပြီး ဘာတွေလုပ်ကြလဲ။
  • 1:50 - 1:52
    သူတို့ ရှေ့ဆက်ပြီး လုပ်ကြတာကို
    ကျွန်မပြောပြမယ်။
  • 1:52 - 1:55
    လေ့လာမှုတစ်ခုမှာ သူတို့ပြောပြကြတာက
    နောက်တစ်ကြိမ်ကျရင်
  • 1:55 - 1:59
    ကျရှုံးခဲ့ရင် ပိုပြီး လေ့လာမယ့်အစား
    လိမ်ညာခဲ့ဖို့ များတယ်တဲ့။
  • 2:02 - 2:05
    နောက်လေ့လာမှု တစ်ခုထဲ၊ သူတို့ ကျရှုံးခဲ့ပြန်ရာ၊
  • 2:05 - 2:08
    သူတို့ကိုယ်သူတို့ နေသာထိုင်သာရှိအောင်
  • 2:08 - 2:13
    သူတို့ထက်ပိုဆိုးတဲ့
    တစ်ယောက်ယောက်ကိုရှာကြပါတယ်။
  • 2:13 - 2:19
    လေ့လာမှုတွေ တစ်ခုပြီးတစ်ခု သူတို့တွေဟာ
    အခက်အခဲတွေကို ရှောင်ပြေးနေခဲ့ကြတယ်။
  • 2:19 - 2:25
    သိပ္ပပညာရှင်တွေဟာ ကျောင်းသားတွေ
    အမှားတစ်ခုနဲ့ ထိပ်တိုက်တွေ့တဲ့အခါ
  • 2:25 - 2:28
    ဦးနှောက်ထဲက လျှပ်စစ်ဆိုင်ရာ
    တက်ကြွမှုကိုတိုင်းတာပါတယ်။
  • 2:28 - 2:32
    ဘယ်ဖက်မှာက ပုံသေကားချ
    အတွေးအခေါ်နဲ့ ကျောင်းသားတွေပါ။
  • 2:32 - 2:34
    တက်ကြွမှု မရှိသလောက်ပါ။
  • 2:34 - 2:37
    အမှားကနေ သူတို့ပြေးထွက်ကြတာပေါ့။
  • 2:37 - 2:40
    သူတို့ ဒါကို ဂရုမစိုက်ပါဘူး။
  • 2:40 - 2:43
    ညာဖက်မှာကျတော့ ကြီးထွားရေး
    အတွေးအခေါ်နဲ့ ကျောင်းသားပါ။
  • 2:43 - 2:47
    အရည်အချင်းတွေကို ဖွံဖြိုးအောင်လုပ်လို့
    ရနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ပေါ့။
  • 2:47 - 2:49
    သူတို့တွေဟာ နက်နက်ရှိုင်း စိတ်ဝင်စားပါတယ်။
  • 2:49 - 2:52
    သူတို့ဦးနှောက်က မဖြစ်သေးခင်မှာကို
    တက်ကြွနေပါတယ်။
  • 2:52 - 2:54
    နက်နက်ရှိုင်းကို စိတ်ဝင်စားပါတယ်။
  • 2:54 - 2:57
    သူတို့ဟာ အမှားကို ကိုင်တွယ်အရေးယူပါတယ်။
  • 2:57 - 3:01
    ဒါကနေ သင်ယူပြီး၊ ပြင်ကြပါတယ်။
  • 3:02 - 3:05
    ကျွန်မတို့ရဲ့ကလေးတွေကို
    ဘယ်လိုပျိုးထောင်နေကြလဲ။
  • 3:05 - 3:09
    သူတို့ကို "မမှီသေး"ဆိုတာထက်
    "အခု" အတွက် ပျိုးထောင်နေကြတာလား။
  • 3:09 - 3:14
    အဆင့်"A"တွေရဖို့ အဖြစ်သည်းနေတဲ့
    ကလေးတွေကို ပျိုးထောင်နေတာလား။
  • 3:14 - 3:20
    အိပ်မက်ကြီးတွေကို မမက်တတ်တဲ့
    ကလေးတွေကိုပျိုးထောင်နေတာလား။
  • 3:20 - 3:27
    သူတို့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်က "A" နောက်တစ်ခုလား
    ဒါမှမဟုတ် နောက်လာမယ့် စာမေးပွဲအမှတ်လား။
  • 3:27 - 3:33
    သူတို့တွေဟာ ဒီအတောမသတ်တဲ့
    အမှတ်တွေကို စစ်ဆေးခံယူနေကြတာက
  • 3:33 - 3:36
    သူတို့ အနာဂတ်ဘဝတွေထဲ သယ်ဆောင်သွားဖို့
    အတွက်များလား။
  • 3:36 - 3:40
    ဖြစ်နိုင်တယ်၊ အလုပ်ရှင်တွေဟာ ကျွန်မဆီလာပြီး
    ပြောပြောကြတာက
  • 3:40 - 3:43
    "ကျွန်တော်တို့ဆီမှာ တစ်နေ့ကို ဆုတစ်ဆု မရရင်ကို
  • 3:43 - 3:47
    တစ်ရက်တောင် အလုပ်လုပ်နိုင်စွမ်း မရှိတဲ့
    လူငယ်လုပ်သား မျိုးဆက် တစ်ဆက်
  • 3:47 - 3:50
    ပေါ်ထွန်းလာနေပြီလို့ ဆိုကြတယ်။
  • 3:50 - 3:53
    ဒီတော့ ကျွန်မတို့တွေ ဘာလုပ်ပေးနိုင်လဲ။
  • 3:53 - 3:57
    မမှီသေးခြင်း ဆီကို ပေါင်းကူးတံတားကို
    ဘယ်လိုဆောက်ပေးနိုင်မလဲ။
  • 3:57 - 3:59
    ဟောဒါတွေကတော့ ကျွန်မတို့လုပ်နိုင်တာတွေပါ။
  • 3:59 - 4:06
    ပထမဦးဆုံးက ဉာဏ်ရည်နဲ့ ပင်ကိုယ်အစွမ်းကို မချီးမွမ်းဘဲ
    ကျွန်မတို့တွေ ချင့်ချင့်ချိန်ချိန်နဲ့ ချီးမွမ်းနိုင်ပါတယ်၊
  • 4:06 - 4:08
    အဲဒါက မအောင်မြင်ခဲ့ဘူးလေ။
  • 4:08 - 4:10
    အဲဒါကို ထပ်ပြီး မလုပ်ကြပါနဲ့တော့။
  • 4:10 - 4:15
    ဒါပေမဲ့ ကလေးတွေပါဝင်နိုင်တဲ့
    လုပ်ငန်းစဉ်ကို ချီမွမ်းနေပါ။
  • 4:15 - 4:19
    သူတို့ရဲ့ အားထုတ်မှု၊ သူတို့ရဲ့ နည်းဗျူဟာ၊
    သူတို့ရဲ့ အာရုံစိုက်မှု၊ သူတို့ရဲ့ လုံ့လ၊
  • 4:19 - 4:21
    သူတို့ရဲ့ တိုးတက်မှုတွေကိုပါ။
  • 4:21 - 4:22
    ဒီ ဖြစ်စဉ်ကို ချီးမွမ်းမှုဟာ
  • 4:22 - 4:27
    ခံနိုင်ရည်ရှိပြီး၊ အကြမ်းခံနိုင်တဲ့
    ကလေးတွေကို ပျိုးထောင်ပေးပါတယ်။
  • 4:27 - 4:30
    "မမှီသေး"တာကို ချီးမြင့်ဖို့
    နည်းလမ်းများစွာရှိပါတယ်။
  • 4:30 - 4:34
    မကြာသေးခင်က ဝါရှင်တန်တက္ကသိုလ်မှ
  • 4:34 - 4:37
    ဂိမ်းဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့
    "မမှီသေး"ဆိုတာကို ချီးမြင့်တဲ့
  • 4:37 - 4:42
    အွန်လိုင်း သင်္ချာဂိမ်းအသစ်တစ်ခုကို
    ဖန်တီးဖို့ လက်တွဲခဲ့ပါတယ်။
  • 4:42 - 4:48
    ဒီဂိမ်းထဲမှာ ကျောင်းသားတွေကို သူတို့ရဲ့ အားထုတ်မှု၊နည်းပရိယာယ်နဲ့တိုးတက်မှုကို ဆုချပေးပါတယ်။
  • 4:48 - 4:51
    ပုံမှန်သင်္ချာ ဂိမ်းမှာ
  • 4:51 - 4:55
    မှန်တဲ့အဖြေကို ချက်ချင်း ဆုချပေးတာပါ။
  • 4:55 - 4:58
    ဒါပေမဲ့ ဒီဂိမ်းထဲမှာတော့
    ဖြစ်စဉ်ကိုဆုချီးမြင့်တာပါ။
  • 4:58 - 5:01
    နောက်ပြီးတော့ အချိန်ပိုကြာလာတာနဲ့အမျှ
  • 5:01 - 5:03
    အားထုတ်မှု၊
  • 5:03 - 5:07
    နည်းပရိယာယ်တွေနဲ့ ဆက်စပ်မှုတွေဟာ
    ပိုများလာပါတယ်။
  • 5:07 - 5:13
    နောက်ပြီး တကယ့်ကိုခက်ခဲတဲ့ ပြဿနာတွေနဲ့
    တွေ့ကြုံတဲ့အခါမှာ လုံ့လစိုက်မှုပိုလာပါတယ်။
  • 5:13 - 5:16
    ကျွန်မတို့ အခုတွေ့ရှိလာတဲ့ "မှီသွားပြီ" ဒါမှမဟုတ်
    "မမှီသေး" ဆိုတဲ့ စကားလုံးတွေက
  • 5:16 - 5:20
    ကလေးတွေကို ပိုပြီးကြီးမားတဲ့
    ယုံကြည်မှုကိုပေးပါတယ်၊
  • 5:20 - 5:27
    သူတို့ကို ပိုကြီးကျယ်တဲ့ဇွဲနပဲ ကောင်းမယ့်
    အနာဂတ်ဆီကို လမ်းခင်းပေးပါတယ်။
  • 5:27 - 5:32
    ကျွန်မတို့ ကျောင်းသားတွေရဲ့ စိတ်ထားကို
    တကယ်ပဲ ပြောင်းနိုင်ပါတယ်။
  • 5:32 - 5:35
    လေ့လာမှုတစ်ခုမှာ အသစ်ဖြစ်ပြီး
    ခက်ခဲတဲ့ တစ်ခုခုကို
  • 5:35 - 5:39
    သင်ယူတဲ့ အချိန်တိုင်းမှာ၊
    သူတိုရဲ့ သက်တောင့်သက်သာဖြစ်တဲ့နေရာမှ
  • 5:39 - 5:43
    စွန့်ခွာသွားရတိုင်းမှာ၊
  • 5:43 - 5:49
    သူတို့ဦးနှောက်ထဲက နာဗ်ဆဲလ်တွေဟာ သစ်လွင်ပြီး
    ပိုအားကောင်းတဲ့ ဆက်သွယ်မှုတွေကို ဖွဲ့စည်းနိုင်လို့
  • 5:49 - 5:52
    ကြာလာတော့ သူတို့ဟာ ပိုပြီးတော်လာကြမှာပါ။
  • 5:52 - 5:55
    ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကြည့်လိုက်ပါဦး။
  • 5:55 - 5:59
    ကြီးထွားရေး စိတ်ထား" သင်ကြားပေး မခံခဲ့ရတဲ့
  • 5:59 - 6:04
    ကျောင်းသားတွေဟာ ဒီခက်ခဲတဲ့ ပညာရေး
    စပ်ကူးမပ်ကူးမှာ အမှတ်တွေ ကျရှုံးနေခဲ့ကြပေမယ့်
  • 6:04 - 6:11
    ဒီသင်ခန်းစာကို သင်ယူခဲ့သူတွေကတော့ သိသိသာသာ
    ပြန်တက်လာတာကို တွေ့ရတယ်။
  • 6:11 - 6:17
    အခု ကျွန်မတို့ ပြဆိုလိုက်ပါပြီ၊
    ဒီလိုတိုးတက်မှုမျိုးရနိုင်ပြီ။
  • 6:17 - 6:24
    ထောင်၊သောင်းချီတဲ့ ကလေးတွေနဲ့ပေါ့၊
    အထူးသဖြင့် ရုန်းကန်နေရတဲ့ ကျောင်းသားတွေပေါ့။
  • 6:24 - 6:28
    ဒီတော့ တန်းတူညီမျှမှု အကြောင်းပြောရအောင်။
  • 6:28 - 6:33
    ကျွန်မတို့နိုင်ငံမှာ အကျင့်ပါနေပြီးဖြစ်တဲ့
    နိမ့်ကျစွာ လုပ်နိုင်စွမ်းရှိကြတဲ့
  • 6:33 - 6:35
    ကျောင်းသားအုပ်စုတွေရှိတယ်။
  • 6:35 - 6:38
    ဥပမာ မြို့တွင်း ကျောင်းထဲက ကလေးတွေ၊
    တိုင်းရင်းသားတွေရဲ့ သီးသန့်နယ်မြေက ကလေးတွေပေါ့။
  • 6:38 - 6:42
    သူတို့ရဲ့ အခြေအနေ သိပ်ကြာအောင်ကို ဆိုးဝါခဲ့လို့
  • 6:42 - 6:49
    ဒါကို ရှောင်ရှားမရနိုင်ဘူးလို့တောင်
    လူတွေ ထင်လာကြပါတယ်။
  • 6:49 - 6:57
    ဒါပေမဲ့ ဆရာတွေက ကြီးထွားရေး စိတ်ထားကို
    စာသင်ခန်းတွေထဲ မြှုပ်နှံပေးလိုက်ကြတော့
  • 6:57 - 7:01
    တန်းတူညီမျှမှု ဆိုတာပေါ်လွင်လာပါတယ်။
  • 7:01 - 7:05
    ဟောဒီမှာ နမူနာအနည်းငယ်ပါ။
  • 7:05 - 7:11
    တစ်နှစ်အတွင်းမှာ New York မှ Harlem
    သူငယ်တန်းဟာ
  • 7:11 - 7:19
    National Achievement Test မှာ
    ၉၅ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ပါတယ်။
  • 7:19 - 7:26
    အဲဒီကလေး တော်တော်များများဟာ ကျောင်း
    ရောက်လာတော့ ခဲတံတောင် မကိုင်တတ်သေးပါဘူး။
  • 7:26 - 7:28
    တစ်နှစ်အတွင်းမှာ
  • 7:28 - 7:33
    South Bronx မှ စတုတ္ထတန်းက
    နောက်ကျကျန်ရစ်နေခဲ့တဲ့ ကျောင်းသားတွေဟာ
  • 7:33 - 7:39
    အစိုးရသင်္ချာစာမေးပွဲမှာ New York ပြည်နယ်က
  • 7:39 - 7:43
    စတုတ္ထတန်းမှာ နံပါတ်တစ် ဖြစ်လာခဲ့တယ်။
  • 7:43 - 7:47
    တစ်နှစ်-တစ်နှစ်ခွဲအတွင်းမှာ
  • 7:47 - 7:53
    သီးသန့်နယ်မြေတစ်ခုမှ အမေရိကန်တိုင်းရင်းသား
    ကျောင်းသားတွေဟာ သူတို့ဒေသရဲ့
  • 7:53 - 7:59
    အောက်ခြေကနေ ထိပ်ဆုံးကို တက်နိုင်ခဲ့တယ်။
  • 7:59 - 8:05
    အဲဒီဒေသထဲမှာ Seattle ရဲ့ချမ်းသာကြွယ်ဝတဲ့
    အပိုင်းတွေလည်းပါဝင်တယ်။
  • 8:05 - 8:12
    တိုင်းရင်းသားကလေးတွေဟာ Microsoft ကလေးတွေထက်
    သာအောင် လုပ်နိုင်ခဲ့တာပေါ့။
  • 8:12 - 8:16
    ဒီလိုဖြစ်လာနိုင်တာက အားထုတ်မှုနဲ့
    အခက်အခဲ ဆိုတာရဲ့
  • 8:16 - 8:20
    အနှစ်သာရ ပြောင်းလဲသွားခဲ့လို့ပါ။
  • 8:20 - 8:25
    အရင်တုန်းက အားထုတ်မှု နဲ့ အခက်အခဲတွေက
  • 8:25 - 8:30
    သူတို့ကို ဒုံးဝေးစေခဲ့ပါတယ်၊
    လက်လျှော့ချင်စိတ် ဖြစ်စေခဲ့တယ်။
  • 8:30 - 8:33
    ဒါပေမယ့် အခုတော့ အားထုတ်မှုနဲ့ အခက်အခဲတွေဟာ
  • 8:33 - 8:37
    သူတိုရဲ့နာဗ်ဆဲတွေက သစ်လွင်တဲ့၊
    ပိုအားကောင်းတဲ
  • 8:37 - 8:39
    ဆက်သွယ်မှုတွေ ဖန်တီးနိုင်လိုက်ကြတာကိုး။
  • 8:39 - 8:43
    အခုတော့ သူတို့ဟာ ပိုလို့ကို
    တော်တော်လာတဲ့ အချိန်ပဲပေါ့။
  • 8:43 - 8:48
    မကြာသေးခင်က ၁၃နှစ်သား ကောင်လေး
    တစ်ယောက်ဆီက စာတစ်စောင်ရခဲ့တယ်။
  • 8:48 - 8:52
    သူဆိုတာက "လေးစားရပါသော ပါမောက္ခ Dweck ရေ၊
  • 8:52 - 8:58
    ခင်ဗျားရဲ့ရေးသားချက်ဟာ ခိုင်မာတဲ့သိပ္ပံသုသေသနကို
    အခြေခံတယ်ဆိုတာကို တန်ဖိုးထားပါတယ်။
  • 8:58 - 9:04
    ဒါကြောင့်လည်း ဒါကို လက်တွေ့ကျင့်သုံးဖို့
    ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
  • 9:04 - 9:08
    ကျွန်တော်ဟာ ကျောင်းစာမှာ၊
  • 9:08 - 9:11
    မိသားစုဆက်ဆံရေးမှာ၊ ကျောင်းက
    ကလေးတွေနဲ့ဆက်ဆံရေးမှာ
  • 9:11 - 9:15
    ပိုပြီးတော့လုံလစိုက်လာခဲ့ပါတယ်။
  • 9:15 - 9:22
    ဒီနယ်ပယ်တွေအားလုံးမှာ အလွန်တရာကို
    တိုးတက်မှုရှိတာကို ခံစားမိပါတယ်။
  • 9:22 - 9:27
    ကျွန်တော့ဘဝတစ်ခုလုံး နီးပါးကို အလကား
    ဖြုန်းတီးမိတာကို အခု နားလည်လာပါပြီ တဲ့။
  • 9:29 - 9:35
    ဘဝတွေကို ဆက်မဖြုန်းတီးကြပါနဲ့တော့လားရှင်။
  • 9:35 - 9:39
    ဘာဖြစ်လို့လဲဆိုတော့ အစွမ်းအစတွေဟာ
  • 9:39 - 9:44
    ဒီလိုဖွံ့ဖြိုးမှုကို ရယူနိုင်တာကို သိလိုက်ပြီဆိုတာနဲ့
  • 9:44 - 9:50
    ဒါဟာ ကလေးတွေအတွက်
    အခြေခံလူ့အခွင့်အရေးဖြစ်လာပါတယ်။
  • 9:50 - 9:57
    ဖွံ့ဖြိုးမှုကို ဖန်တီးပေးတဲ့နေရာတွေမှာ
    နေထိုင်ဖို့ပါ။
  • 9:57 - 10:03
    မမှီသေး ဆိုတာနဲ့ ပြည့်နေတဲ့နေရာတွေမှာ
    နေထိုင်ဖို့ပါ။
  • 10:03 - 10:05
    ကျေဇူးတင်ပါတယ်။
  • 10:05 - 10:07
    (လက်ခုပ်သံများ)
Title:
ကိုယ့်ကိုယ်ကို မြှင့်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရဲ့ စွမ်းအား။
Speaker:
Carol Dweck
Description:

Carol Dweck ဟာ "ကြီးထွားရေး စိတ်ထား" ကိုသုသေသနပြုပါတယ်။ သင်ယူဖို့နဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့မှာရှိတဲ့ ဦးနှောက်ရဲ့ လုပ်နိုင်စွမ်းကို ကြီးထွားလာအောင် လုပ်နိုင်ပါတယ် ဆို့တဲ့ အတွေးအခေါ်ပါ။ ဒီဟောပြောချက်ထဲမှာ သင်တို့အတွက် နည်းနည်းလေး ခက်လွန်းနေမယ့် ပြဿနာတစ်ခုကို ဖြေရှင်းရာတွင် စဉ်းစားဖို့ နည်းလမ်း နှစ်သွယ်ကို တင်ပြထားပါတယ်။ "ဒါကိုဖြေရှင်းဖို့ ဉာဏ်မမှီတာလား ဒါမှမဟုတ် မဖြေရှင်းနိုင်သေးတာလား" ဆိုတာပေါ့။ ဩဇာညောင်းလွန်းလှတဲ့ ဒီနယ်ပယ်အတွက် ထူးကဲတဲ့ နိဒါန်းတစ်ခုပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDTalks
Duration:
10:20

Burmese subtitles

Revisions