Return to Video

အရက်သမိုင်းအကျဉ်း - Rod Phillips

  • 0:07 - 0:12
    ဒီချင်ပန်ဇီမျောက်ဟာ အမှည့်လွန်ကြွေကျနေတဲ့
    ဇီးသီးတွေကို စိတ်ယိုင်နေပါတယ်။
  • 0:12 - 0:14
    အများစုက ပျော့ပြဲနေပြီး
  • 0:14 - 0:18
    အနံ့စူးစူးက မျောက်ကို ဆွဲဆောင်နေပါတယ်။
  • 0:18 - 0:22
    သူဟာ အသီးတချို့ကို
    လောဘတကြီးစားလိုက်ပြီးနောက်မှာ
  • 0:22 - 0:23
    ထူးခြားမှုတွေပြလာတယ်။
  • 0:23 - 0:26
    စိတ်လွတ်သွားတဲ့ မျောက်ဟာ
    နောက်ပိုင်းမှာ လူသားတွေ
  • 0:26 - 0:28
    ဘီယာ၊ ဝိုင်နဲ့ အရက်တွေ
    ထုတ်နိုင်မယ့်နည်းကို
  • 0:28 - 0:33
    တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
  • 0:33 - 0:38
    အမှည့်လွန်တဲ့အသီးတွေထဲက သကြားဟာ
    တဆေး ခေါ်တဲ့ ပိုးလေးတွေကို
  • 0:38 - 0:39
    ဆွဲဆောင်ပါတယ်။
  • 0:39 - 0:44
    တဆေးတွေဟာ သကြားစားပြီးတဲ့အခါ
    အရက်တွေထဲမှာ ပါတဲ့
  • 0:44 - 0:47
    Ethanol ကွန်ပေါင်းကို ထုတ်ပါတယ်။
  • 0:47 - 0:50
    ဒီဖြစ်စဉ်ကို ကစော်ဖောက်ခြင်း လို့လည်း
    ခေါ်ပါတယ်။
  • 0:50 - 0:52
    လူတွေ ဘယ်တုန်းက ကစော်ဖောက်တတ်သွားတယ်ဆိုတာ
  • 0:52 - 0:55
    ဘယ်သူမှ မသိပါဘူး။
  • 0:55 - 1:00
    အစောဆုံးအနေနဲ့ တရုတ်ပြည် ဘီစီ ၇၀၀၀
  • 1:00 - 1:02
    ကြွေအိုးတွေထဲက အရက်အကျန်တွေကြောင့်
  • 1:02 - 1:05
    စပါး၊ ဂျုံ၊ စပျစ် နဲ့ ပျားရည်တွေကနေ
    အရက်ပါတဲ့ဖျော်ရည်တွေ
  • 1:05 - 1:09
    ထုတ်လုပ်နိုင်နေပြီလို့ ယူဆရပါတယ်။
  • 1:09 - 1:11
    လွန်ခဲ့တဲ့နှစ်ထောင်ချီကတည်းက
  • 1:11 - 1:15
    ကမ္ဘာအနှံ့က လူမျိုးတွေမှာ ကိုယ်ပိုင်ရိုးရာ
    ကစော်ဖေါက်နည်းတွေ ကိုယ်စီရှိနေပါပြီ။
  • 1:15 - 1:20
    ရှေးမီဆိုပိုတေးမီးယန်းတွေ နဲ့ အီဂျစ်တွေဟာ
    သိုလှောင်ထားတဲ့ စပါးစေ့၊ ဂျုံစေ့တွေကနေ
  • 1:20 - 1:22
    တစ်နှစ်ပတ်လုံး ဘီယာချက်လုပ်တတ်နေပြီ
    ဖြစ်ပါတယ်။
  • 1:22 - 1:25
    ဒီဘီယာကို အဆင့်အတန်းအားလုံး
    ရရှိသောက်သုံးနိုင်ပြီး
  • 1:25 - 1:28
    အလုပ်သမားတွေရဲ့
    နေ့စဉ်သုံးစွဲမှုထဲမှာလည်း ပါဝင်ပါတယ်။
  • 1:28 - 1:30
    သူတို့တွေဟာ ဝိုင်လည်း လုပ်တတ်ပေမဲ့
  • 1:30 - 1:33
    စပျစ်သီးပေါတဲ့ ရေခံမြေခံ မဟုတ်တော့
  • 1:33 - 1:36
    ဝိုင်ဟာ စျေးကြီးတဲ့ဇိမ်ခံယမကာ ဖြစ်ခဲ့ပါတယ်
  • 1:36 - 1:40
    စပျစ်သီးပေါတဲ့
    ဂရိနဲ့ ရောမပြည်တွေမှာတော့
  • 1:40 - 1:45
    ဝိုင်ဆိုတာဟာ အီဂျစ်က ဘီယာလို
    ပေါများတဲ့အရာ ဖြစ်နေပါတယ်။
  • 1:45 - 1:49
    တဆေးဟာ သကြားပါတဲ့ ဘယ်အပင်မဆို
    ပေါက်နိုင်တာမို့
  • 1:49 - 1:51
    ရှေးလူတွေဟာ သူတို့နေထိုင်ရာ
    ပတ်ဝန်းကျင်က
  • 1:51 - 1:54
    ပြောင်းဆန်အပင် ဘာနဲ့မဆို
    အရက်ကိုချက်ခဲ့ပါတယ်။
  • 1:54 - 1:57
    တောင်အမေရိကမှာဆိုလည်း chicha အရက်ကို
    ပြောင်းဆန်စေ့တွေကနေ ထုတ်ပြီး
  • 1:57 - 2:00
    တခါတလေ ထင်ယောင်ထင်မှား ဖြစ်စေတဲ့
    အရွက်တွေကိုပါ ထည့်ပါတယ်။
  • 2:00 - 2:04
    မက္ကဆီကိုဒေသမှာလည်း Plaque အရက်ကို
    သောက်စရာအဖြစ် ရှားစောင်းမျိုးတွေကနေ
  • 2:04 - 2:05
    ထုတ်ယူပါတယ်။
  • 2:05 - 2:09
    အရှေ့အာဖရိကသားတွေကတော့
    ငှက်ပျောကစော်နဲ့ ထန်းရည်တွေ လုပ်တယ်။
  • 2:09 - 2:14
    ဂျပန်မှာတော့ ဆန်ကနေ
    ဆာကေးအရက် ထုတ်ကြတယ်။
  • 2:14 - 2:18
    ကမ္ဘ့ာဒေသတိုင်းလိုလိုမှာ ဒေသထွက်အရက်တွေ
    ကစော်တွေ ရှိကြပါတယ်။
  • 2:18 - 2:21
    အရက်ဟာ လူသားတွေရဲ့နေ့စဉ်ဘဝမှာ
    ပါလာတာနဲ့အမျှ
  • 2:21 - 2:26
    တချို့က အရက်ကောင်းကွက်တွေကို
    ဖေါ်ကျူးကြတယ်။
  • 2:26 - 2:29
    ဂရိသမားတော်တွေက ဝိုင်က ကျန်းမာရေးအတွက်
    ကောင်းတယ်လို့ သတ်မှတ်တယ်။
  • 2:29 - 2:32
    ကဗျာဆရာတွေကလည်း စိတ်ကူးဉာဏ်
    ကွန့်မြူးစေတယ်လို့ သမုတ်တယ်။
  • 2:32 - 2:36
    တချို့ကတော့ အရက်ကို သွေးဆူစေတယ် ဆိုပြီး
    အပြစ်မြင်တယ်။
  • 2:36 - 2:39
    ဂရိတွေးခေါ်ပညာရှင်တွေက အရက်ကိုရှောင်တယ်။
  • 2:39 - 2:44
    ရှေးခေတ်ဥရောပက ဂျူးနဲ့ ခရစ်ယာန်စာပေတွေမှာ
    ဝိုင်ကို ရိုးရာအဖြစ်သတ်မှတ်သောက်သုံးပေမယ့်
  • 2:44 - 2:47
    အလွန်အကျွံသောက်သုံးမူးယစ်တာကိုတော့
    အပြစ်အဖြစ် သတ်မှတ်ပါတယ်။
  • 2:47 - 2:50
    အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ စပိန်က
  • 2:50 - 2:54
    မူးနေရင် ဘုရားမရှိခိုးရဆိုတဲ့
    မွတ်စလင်စည်းမျဉ်းဟာ
  • 2:54 - 2:57
    ကာလရွေ့လျားလာတဲ့အခါ အရက်ကို
    လုံးဝဆန့်ကျင်တဲ့စည်းမျဉ်း ဖြစ်လာပါတယ်
  • 2:57 - 3:02
    ရှေးက ကစော်ဖေါက်အရက်တွေမှာတော့
    Alcohol ဓာတ် ၁၃ ရာခိုင်နှုန်းအထိသာ
  • 3:02 - 3:04
    ပမာဏနည်းပါးစွာ ပါဝင်ပါတယ်။
  • 3:04 - 3:07
    ကစော်ဖေါက်စဥ် ထွက်လာတဲ့
    ဘေးထွက်ပစ္စည်းက
  • 3:07 - 3:10
    တဆေးကို ပြန်ပြီး အဆိပ်သင့်ကာ သေစေပါတယ်။
  • 3:10 - 3:11
    တဆေးသေသွားတာနဲ့
  • 3:11 - 3:15
    ကစော်ဖေါက်တာပါ ရပ်သွားပြီး
    Alcohol ပမာဏပါ တန့်သွားလို့
  • 3:15 - 3:19
    Alcohol ပမာဏက နှစ်ထောင်ပေါင်းများစွာ
    ဘောင်ထဲမှာပဲ ရှိနေခဲ့ပါတယ်။
  • 3:19 - 3:21
    ဒီအခြေအနေဟာ ပေါင်းခံခြင်းအတတ်
    ပေါ်လာတဲ့အခါမှာ
  • 3:21 - 3:23
    ပြောင်းလဲသွားခဲ့ပါတယ်။
  • 3:23 - 3:27
    ကိုးရာစု အာရေဗျစာတွေအရ
    အရက်ကို​ အငွေ့ပြန်စေဖို့
  • 3:27 - 3:30
    ကစော်ဖောက်ထားတဲ့ အရည်တွေကို
    ဆူအောင်ပြုတ်ခဲ့ကြပါတယ်။
  • 3:30 - 3:33
    အရက်ဟာ ရေထက်ပိုပြီး
    အငွေ့ပြန်လွယ်လို့
  • 3:33 - 3:35
    သူကအရင် အငွေ့ပြန်သွားတဲ့အခါ
  • 3:35 - 3:39
    အဲ့သည့်အငွေ့ကို ဖမ်း၊ အအေးခံလိုက်တဲ့အခါ
  • 3:39 - 3:44
    အခြားဖျော်ယမကာတွေထက် ပိုပြင်းတဲ့
    အရက်ပြင်း ရရှိပါတယ်။
  • 3:44 - 3:48
    အစကတော့ အဲ့သည့်အရက်ပြင်းကို
    ဆေးကုသမှုတွေအတွက်သာ သုံးခဲ့ကြပြီး
  • 3:48 - 3:51
    နောက်ပိုင်းမှာ အရေးပါတဲ့
    ကုန်သွယ်ပစ္စည်းတောင် ဖြစ်လာပါတယ်။
  • 3:51 - 3:55
    ဘာလို့လဲဆိုတော့ ဘီယာနဲ့ ဝိုင်တွေလို
    ပျက်စီးမသွားလို့ပါပဲ။
  • 3:55 - 3:57
    ကာရစ်ဘီယံရှိ ဥရောပကိုလိုနီနယ်တွေက
  • 3:57 - 3:59
    ချက်လုပ်တဲ့ သကြားကထုတ်တဲ့ ရမ်တွေဟာ
  • 3:59 - 4:01
    သင်္ဘောသားတွေအတွက် အဓိကကုန်ဖြစ်လာပြီး
  • 4:01 - 4:04
    မြောက်အမေရိကကို ကုန်သွယ်ပါတယ်။
  • 4:04 - 4:07
    ဥရောပသားတွေဟာ ဘရမ်ဒီနဲ့ ဂျင်တွေကို
    အာဖရိကကို သယ်လာခဲ့ပြီး
  • 4:07 - 4:10
    ကျွန်တွေ၊ မြေတွေ၊ စားအုန်းဆီနဲ့ ရာဘာလို
    ကုန်ပစ္စည်းတွေနဲ့
  • 4:10 - 4:12
    လဲလှယ် ကုန်သွယ်ခဲ့ကြပါတယ်။
  • 4:12 - 4:16
    အရက်ပြင်းဟာ ဒီဒေသတွေမှာ
    ပိုက်ဆံလို ဖြစ်လာခဲ့တာပါ။
  • 4:16 - 4:18
    နယ်မြေရှာဖွေချဲ့ထွင်တဲ့
    ခေတ်ကာလမှာတော့
  • 4:18 - 4:22
    ပင်လယ်ပြင်ခရီးရှည်တွေမှာ
    အရက်ပြင်းဟာ အဓိကနေရာက ပါဝင်လာပါတယ်။
  • 4:22 - 4:26
    ဥရောပကနေ အရှေ့အာရှအထိ ခရီးဟာ
    လပေါင်းများစွာကြာတာမို့
  • 4:26 - 4:29
    ရေချိုကို တာရှည်ခံအောင်ထိန်းဖို့ ခက်ပါတယ်
  • 4:29 - 4:34
    ရေချိုထဲမှာ ဘရန်ဒီထည့်ထားရင်
    ရောဂါပိုးတွေကို သေစေလို့
  • 4:34 - 4:39
    ရေကို သောက်သုံးဖို့
    ထိန်းသိမ်းထားနိုင်ပါတယ်
  • 4:39 - 4:40
    ဒါ့ကြောင့် ၁၆၀၀ ခုနှစ်တွေမှာတော့
  • 4:40 - 4:44
    တိရိစ္ဆာန်တွေကို ရီဝေစေတဲ့
    အရက်ဆိုတဲ့အရာဟာ
  • 4:44 - 4:50
    ကမ္ဘာ့ကုန်သွယ်ရေးနဲ့ နယ်မြေရှာဖွေရေးတွေကို
    တွန်းပေးတဲ့အရာ ဖြစ်လာပါတယ်
  • 4:50 - 4:51
    ကာလကြာမြင့်လာတဲ့အခါမှာတော့
  • 4:51 - 4:53
    လူ့အဖွဲ့အစည်းမှာ ရှုပ်ထွေးစွာ
    ပါဝင်လာပါတော့တယ်
Title:
အရက်သမိုင်းအကျဉ်း - Rod Phillips
Speaker:
Rod Phillips
Description:

သင်ခန်းစာအပြည့်အစုံ - https://ed.ted.com/lessons/a-brief-history-of-alcohol-rod-phillips

ကစော်ဖေါက်ထားတဲ့ ဖျော်ယမကာတွေကို လူသားတွေ ဘယ်တုန်းကတည်းက စတင်ပြုလုပ်ခဲ့တယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။ အစောဆုံးအနေနဲ့ ဘီစီ ၇၀၀၀ တရုတ်ပြည်က ကြွေအိုးတွေမှာ ဆန်၊ စပါး၊ ပြောင်း၊ စပျစ်နဲ့ ပျားရည်တွေကနေ ထုတ်ထားတဲ့အရက်အကြွင်းအကျန်တွေကို တွေ့ရှိပါတယ်။ ဆိုတော့ကာ အရက်ဟာ ဘယ်လိုဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုနဲ့ နယ်မြေရှာဖွေရေးတွေမှာ အရေးပါတဲ့အရာ ဖြစ်လာတာလဲ? Rod Phillips က အရက်ရဲ့ ဆင့်ကဲပြောင်းလဲလာမှုတွေကို ရှာဖွေတင်ဆက်ထားပါတယ်။

သင်ခန်းစာပို့ချသူ - Rod Phillips
စီစဥ်ညွှန်ကြားသူ - Anton Bogaty

more » « less
Video Language:
English
Team:
closed TED
Project:
TED-Ed
Duration:
04:56

Burmese subtitles

Revisions