0:00:06.969,0:00:11.479 ပါရမီရှင် လူငယ် ဗိန္ဒောဆရာ [br]Xu Xian ဟာ ဒုက္ခတွေ့နေပါတယ်။ 0:00:11.479,0:00:13.422 အောင်ပွဲခံတဲ့ အခါသမယတစ်ခု[br]ဖြစ်သင့်တာလေ၊ 0:00:13.422,0:00:16.212 သူ့ကိုယ်ပိုင် ဆေးဆိုင်တစ်ဆိုင် [br]စဖွင့်ခါစလေးပါ။ 0:00:16.212,0:00:19.132 ဒါပေမဲ့ သူဟာ ပစ္စည်းတွေကို[br]အလုပ်ရှင်ဟောင်းဆီကနေဝယ်ခဲ့ပြီး 0:00:19.132,0:00:22.252 ဒီမကျေမချမ်းဖြစ်နေတဲ့လူက [br]ဆေးပင်အပုပ်တွေရောင်းလိုက်တယ်။ 0:00:22.252,0:00:25.722 ဒီအသုံးမကျတဲ့ပစ္စည်းတွေနဲ့ [br]ဘာလုပ်ရမလဲလို့ Xu Xian တွေးမိတယ်၊ 0:00:25.722,0:00:27.892 လူနာတွေက သူ့ဆိုင်ကို လှိမ့်ဝင်လာတယ်။ 0:00:27.892,0:00:29.502 ကပ်ရောဂါတစ်ခုက မြို့ကိုဖီးစီးတော့[br] 0:00:29.502,0:00:31.752 လူနာတွေကိုကုဖို့ သူ့မှာ ဘာမှမရှိဘူး။ 0:00:31.752,0:00:33.502 သူအထိတ်တလန့်ဖြစ်နေစဉ်မှာပဲ 0:00:33.502,0:00:39.242 ဇနီး Bai Su Zhen က ပုပ်နေတဲ့ဆေးပင်တွေကို[br]ဆေးအဖြစ်သုံးဖို့ နည်းတစ်နည်းဖော်ပေးတယ်။ 0:00:39.242,0:00:43.113 သူ့ဆေးက ကပ်ရောဂါစွဲနေတဲ့ [br]မြို့သားအားလုံးကို ချက်ချင်း ကုသပေးခဲ့တယ်။ 0:00:43.113,0:00:46.503 Xu Xian ရဲ့အလုပ်ရှင်ဟာ သူ့မိသားစုကို [br]ကုသဖို့ ဆေးပင်အပုပ်တွေကိုတောင် 0:00:46.503,0:00:48.193 ပြန်ဝယ်လိုက်ရတယ်။ 0:00:48.193,0:00:52.793 မကြာခင်မှာပဲ Fa Hai လို့ခေါ်တဲ့ [br]ရဟန်းတစ်ပါးက သူ့ဆီချဉ်းကပ်လာပြီး 0:00:52.793,0:00:55.882 သူ့အိမ်ထဲမှာ မကောင်းဆိုးဝါး[br]တစ်ကောင်ရှိတယ်လို့ သတိပေးတယ်။ 0:00:55.882,0:00:58.502 သူပြောတဲ့ မကောင်းဆိုးဝါးဆိုတာက [br]Bai Su Zhen ပါ။ 0:00:58.502,0:00:59.932 Xu Xian က ရယ်လိုက်တယ်။ 0:00:59.932,0:01:03.512 ကြင်နာစိတ်ရှိတဲ့ သူဇနီးဟာ [br]မကောင်းဆိုးဝါးမဟုတ်ဘူးလို့ 0:01:03.512,0:01:04.922 Fa Hai အခိုင်အမာပြောတယ်။ 0:01:04.922,0:01:10.122 မကောင်းဆိုးဝါး အစွမ်းတွေ အားအနည်းဆုံး [br]၅ လ၊ ၅ ရက်နေ့မှာ ရိုးရိုးဝိုင်တိုက်ဖို့ 0:01:10.122,0:01:12.052 Xu Xian ကိုပြောတယ်။ 0:01:12.052,0:01:15.312 သူမသာ မကောင်းဆိုးဝါးမဟုတ်ရင်[br]သူ့ကိုထိခိုက်မှာမဟုတ်ဘူးလို့ ရှင်းပြတယ်။ 0:01:15.312,0:01:17.292 Bai Su Zhen ကို ဝိုင်မတိုက်လိုကြောင်း 0:01:17.292,0:01:20.152 Xu Xian ဟာ ရဟန်းကို ယဉ်ကျေးစွာ[br]ပယ်ချခဲ့တယ်။ 0:01:20.152,0:01:23.252 ဒါပေမဲ့ အဲဒီနေ့ နီးလာချိန်မှာတော့[br]စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။[br] 0:01:23.252,0:01:25.902 Bai Su Zhen ရဲ့နှုတ်ခမ်းကို [br]ဝိုင်ထိလိုက်တာနဲ့ 0:01:25.902,0:01:29.122 သူမဟာ အိပ်ခန်းထဲပြေးဝင်သွားပြီး[br]နေမကောင်းဘူးလို့ အခိုင်အမာဆိုတယ်။ 0:01:29.122,0:01:32.262 Xu Xian ဟာ ဆေးပြင်ဆင်ပြီး[br]သူမကို စစ်ဆေးဖို့သွားတယ်။ 0:01:32.262,0:01:33.712 ဒါပေမဲ့ သူ့ဇနီးအစား 0:01:33.712,0:01:37.952 သွေးပေနေတဲ့ လျှာနှစ်ခွနဲ့ မြွေဖြူကြီး[br]တစ်ကောင်ကို အိပ်ရာထဲမှာ တွေ့လိုက်ရတယ်။ 0:01:37.952,0:01:40.512 သူဟာ လန့်ပြီး လဲကျသေဆုံးသွားတယ်။[br] 0:01:40.512,0:01:42.482 Bai Su Zhen ဟာ မျက်လုံးတွေ[br]ဖွင်လိုက်တဲ့အခါ 0:01:42.482,0:01:45.292 ဘာဖြစ်ခဲ့ရမယ်ဆိုတာ ချက်ချင်း[br]သဘောပေါက်လိုက်တယ်။ 0:01:45.292,0:01:48.522 အမှန်ကတော့ Bai Su Zhen ဟာ[br]ဖြုံရလောက်တဲ့ မှော်တန်ခိုးတွေနဲ့ 0:01:48.522,0:01:50.792 ထာဝရရှင်သန်နေတဲ့ မြွေဖြူတစ်ကောင်ပါ။ 0:01:50.792,0:01:53.362 လူအသွင်ဖန်ဆင်းဖို့နဲ့[br]သူနဲ့သူ့ခင်ပွန်းတို့ရဲ့ စည်းစိမ် 0:01:53.362,0:01:56.212 တိုးပွားစေဖို့[br]သူမရဲ့တန်ခိုးတွေကို အသုံးပြုခဲ့တယ်။ 0:01:56.212,0:01:58.412 သူမမှော်ပညာက Xu Xian ကို [br]ရှင်အောင်မစွမ်းပေမဲ့ 0:01:58.412,0:02:00.822 သူ့ကိုကယ်ဖို့ နောက်စိတ်ကူးတစ်ခု[br]သူမမှာ ရှိတယ်။ 0:02:00.822,0:02:05.052 Kun Lun တောင်တွေရဲ့ တားမြစ်ထားတဲ့[br]တောင်ထွတ်တွေထဲက 0:02:05.052,0:02:07.400 တောင်ဝင်ရိုးစွန်း အဖိုးအို စောင့်ကြပ်တဲ့[br] 0:02:07.400,0:02:12.250 အသက်ရှည်ပြီး လူသေကို [br]ပြန်ရှင်စေနိုင်တဲ့ ဆေးပင်တစ်ပင်ပါ။ 0:02:12.253,0:02:15.543 သူမဟာ တောင်တွေဆီ တိမ်စီးသွားခဲ့ပြီး [br] 0:02:15.543,0:02:18.303 ခြေကျင်ဆက်ကာ တံခါးပေါက်တွေ၊[br]မုခ်ခုံးတွေကို ကျော်ဖြတ်ခဲ့တယ်၊ 0:02:18.303,0:02:21.103 ငွေတံတားတစ်ခုပေါ်မှာ ချိတ်ထားတဲ့[br]''သေမျိုးတွေရဲ့အလွန်'လို့ 0:02:21.103,0:02:22.783 မှတ်ထားတဲ့ နေရာရောက်သည်အထိပါ။ 0:02:22.783,0:02:24.013 အခြားဘက်မှာတော့ 0:02:24.013,0:02:27.293 ဆေးပင်ကိုစောင့်ကြပ်တဲ့ [br]အဖိုးအိုရဲ့ တပည့် နှစ်ဦးပါ။ 0:02:27.293,0:02:29.753 Bai Su Zhen ဟာ သူ့မကိုယ်သူမ[br]ရဟန်းအဖြစ်ရုပ်ဖျက်ပြီး 0:02:29.753,0:02:33.883 အဖိုးအိုကို နတ်စည်းဝေးသဘင်တစ်ခုဆီ[br]ဖိတ်ဖို့လာခဲ့တာပါလို့ သူတို့ကိုပြောတယ်။ 0:02:33.883,0:02:35.377 သတင်းစကားကို ပြန်ပို့နေစဉ်မှာ 0:02:35.377,0:02:37.735 သူမဟာ ဆေးပင်က [br]အရွက်တစ်ချို့ခူးပြီး ထွက်ပြေးတယ်။ 0:02:37.735,0:02:40.595 တပည့်တွေဟာ သူတို့အလိမ်ခံရတာ[br]သိပြီး သူမနောက်ကို လိုက်တယ်။ 0:02:40.595,0:02:43.715 Bai Su Zhen ဟာ မှော်လုံးတစ်လုံး[br]ဟက်ထုတ်ပြီး တစ်ယောက်ကိုပစ်လိုက်တယ် 0:02:43.715,0:02:45.695 နောက်တစ်ယောက်က [br]အနားကပ်လာတယ်၊ 0:02:45.695,0:02:48.485 စိတ်ချရအောင် ဆေးပင်ကို [br]လျှာအောက်မှာထားပေမဲ့ 0:02:48.485,0:02:51.915 ၎င်းရဲ့မှော်အစွမ်းက နှစ်ယောက်စလုံးကို[br]တကယ့်အသွင် အတင်းပြောင်းလိုက်တယ် 0:02:51.915,0:02:54.355 ကြိုးကြာရဲ့ လည်တံရှည်လို[br]သူမကိုညှပ်လိုက်ပြီး 0:02:54.355,0:02:55.985 အဖိုးအို ပေါ်လာတယ်။ 0:02:55.985,0:02:59.125 သူမဟာ ထာဝရရှင်ပြီးသာဖြစ်လျက်နဲ့[br]သူ့ဆေးပင်ကို ခိုးယူဖို့ 0:02:59.125,0:03:00.995 ဘာကြောင့် အသက်စွန့်တာလဲလို့ မေးတယ်။ 0:03:00.995,0:03:03.745 Bai Su Zhen က Xu Xian အတွက်[br]သူမရဲ့အချစ်ကို ရှင်းပြတယ်။ 0:03:03.745,0:03:07.235 အခု သူမဟာ မကောင်းဆိုးဝါးဖြစ်နေတာသိလို့[br]သူမနဲ့အတူ သူ မနေချင်ခဲ့ဘူးဆိုတောင် 0:03:07.235,0:03:09.725 သူ့အသက်ကို ပြန်ယူပေးဖို့[br]သူမ စိတ်ပိုင်းဖြတ်ထားတယ်။[br] 0:03:09.725,0:03:13.575 ဒီနှစ်ယောက်ဟာ လွန်ခဲ့နှစ်တစ်ထောင်ကျော်ကို[br]ပြန်ကြည့်ရင် ရေစက်ရှိခဲ့တယ်။ 0:03:13.575,0:03:15.625 Bai Su Zhen မြွေအသေးလေးဖြစ်စဉ်က[br] 0:03:15.625,0:03:17.675 သူတောင်းစာတစ်ယောက်က သူမကို[br]သတ်ဖို့လုပ်ပေမဲ့ 0:03:17.675,0:03:19.965 ကြင်နာတဲ့ ဖြတ်သွားဖြတ်လာ[br]တစ်ယောက်က ကယ်ခဲ့တယ် 0:03:19.965,0:03:23.405 သူမကိုကယ်တင်သူက အရင်ဘဝက[br]Xu Xian ပါ။ 0:03:23.405,0:03:26.165 သူ့ကို ကယ်ဖို့အတွက် အသက်စွန့်လိုတဲ့စိတ်နဲ့[br]ထိလိုက်တဲ့အခါ[br] 0:03:26.165,0:03:30.905 မသေဆေးပင်တွေနဲ့ တောင်ကနေ[br]ထွက်ခွာဖို့ အဖိုးအိုက ခွင့်ပေးလိုက်တယ်။ 0:03:30.905,0:03:35.831 Xu Xian ကို ပြန်ရှင်အောင်လုပ်ဖို့[br]Bai Su Zhen ဟာ အိမ်ပြန်လာတယ်။ 0:03:35.832,0:03:37.032 မျက်လုံး ဖွင့်လိုက်တဲ့အခါ[br] 0:03:37.032,0:03:39.862 သူ့မျက်နှာပေါ်က ထိတ်လန့်နေတဲ့[br]အကြည့်ဟာ အပြုံးတစ်ခုဖြစ်လာတယ်။[br][br] 0:03:39.862,0:03:41.681 မကောင်းဆိုးဝါး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် 0:03:41.681,0:03:43.811 သူ့ဇနီးကိုမြင်ရတာ ပျော်နေဆဲပါ။