Craig Ventter က အရမ်း သေသေသပ်သပ်ပြသလိုပဲ ဗီဇတွေကိုပြောင်းဖို့နည်းက အဲဒါတွေကိုအသစ်ပြုလုပ်ဖို့ပါ တစ်နည်းကတော့ ဘဝနေထိုင်မှုတွေကို ပြောင်းလိုက်ဖို့ပါ။ လေ့လာနေတာက ဒီအပြောင်းအလဲတွေက ဘယ်လိုအစွမ်းထက်ပြီး အားကောင်းနိုင်လဲ၊ အကျိုးကျေးဇူးတွေကို သိမြင်ဖို့အကြာကြီး စောင့်စရာမလိုဘူးဆိုတာပါ။ ပိုကျန်းမာစွာ စားသောက်၊ စိတ်ဖိစီးမှုကိုထိန်း လေ့ကျင့်ခန်းလုပ်ပြီး ပိုချစ်တတ်ရင် ဦးနှောက်မှာ ပိုသွေးစီဆင်းပြီး အောက်ဆီဂျင် ပိုရတယ် ဒါထက်ပိုပြီး ဦးနှောက်ဟာ သိသိသာသာ ပိုကြီးလာပါတယ်။ နှစ်အနည်းငယ်က မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာတွေ အခုတော့ တကယ်ကို တိုင်းတာနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့မတိုင်ခင် နှစ်အနည်းငယ်က Robin Willams က သိနားလည်ခဲ့တာပါ။ ကဲ ဦးနှောက်မှာ ဆဲလ်အသစ်တွေတိုးပွားဖို့ ခင်ဗျားတို့ လုပ်လို့ရတာလေးတွေရှိပါတယ်။ အကြိုက်ဆုံးတချို့ကတော့ ချောကလက်၊ လက်ဖက်ရည်၊၊ ဘယ်ရီသီးအရက်လို မျိုးတွေမှာအသင့်အတင့်၊ စိတ်ဖိစီးတာကိုင်တွယ်မှု၊ ဆေးခြောက်မှာပါတဲ့ ဓာတ်တွေပေါ့။ ကျွန်တော်က သတင်းပါးသူ သက်သက်ပါ။ (ရယ်သံများ) ကျွန်တော်တို့ ဘာအကြောင်း ပြောနေတာပါလိမ့်။ (ရယ်သံများ) နောက် ပိုဆိုးအောင်လုပ်တဲ့ တခြားဟာတွေ ဦးနှောက်ဆဲလ်တွေ ကုန်ခမ်းအောင် လုပ်တာတွေပေါ့။ သင်္ကာမကင်းဖြစ်နေကျက ပျော်ဆီ၊ သကြား၊ နီကိုတင်း၊ ဘိန်းပါတဲ့ဆေး၊ ကိုကင်း၊ အရက်အလွန်အကျွံနဲ့ ရှည်ကြာတဲ့ ဖိစီးမှုလိုမျိုးတွေပါ။ ဘဝနေထိုင်မှု ပြောင်းလိုက်တော့ အရေပြားမှာ သွေးစီးဆင်းတာပိုများတော့ အိုလာမှုနှုန်း လျော့သွားတယ်။ အရေပြား သိပ်မရှုံ့တော့ဘူးလေ။ နှလုံးမှာ သွေးစီးဆင်းမှု ပိုများလာတယ်။ နှလုံးရောဂါကို တကယ် နောက်ဆုတ်လို့ ရတာပြတာပါ။ ဝဲဘက်အပေါ်မှာ မြင်ရတာက ပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောတွေဟာ ၁ နှစ်အကြာမှာပဲ ပိတ်ဆို့တာ သိသာစွာ လျော့လာတယ် PET နှလုံးစကင်မှာပြတဲ့ ဝဲဘက်အောက်ပိုင်းက အပြာရောင်ဟာ သွေးမစီးဆင်းတာ ကိုဆိုလိုတာပါ။ ၁ နှစ်ကြာပြီး လိမ္မော်နဲ့အဖြူဟာ အမြင့်ဆုံး သွေးစီးဆင်းမှုပါ။ ဆီးကျိတ်ကင်ဆာနဲ့ ချဲ့ရရင် ရင်သားကင်ဆာရဲ့ တိုးတက်မှုကို ဒီအပြောင်းအလဲတွေ လုပ်ရုံနဲ့ ရပ်လို့၊ နောက်ဆုတ်လို့ရတာကို ပြလိုက်တာပါ။ ဒီအပြောင်းအလဲတွေ လုပ်တဲ့အုပ်စုက Vitro ထဲက အသားပိုကြီးထွားမှု ၇၀% ကန့်သတ်လိုက်တယ်လို့ တွေ့ထားတယ်။ ဒါနဲ့ယှဉ်လိုက်တဲ့ အုပ်စုမှာတော့ ၉% ပဲရှိတယ်။ ဒီကွာာခြားချက်တွေဟာ တော်တော်ကို သိသာပါတယ်။ လိင်အင်္ဂါမှာ သွေးစီးဆင်းတာ ပိုများတော့ လိင်ပိုင်းစွမ်းဆောင်မှု တိုးလာတာပေါ။ ကျန်းမာရေးဋ္ဌာနကလုပ်တဲ့ အထိရောက်ဆုံး ဆေးလိပ်ဆန့်ကျင်ရေး ကြော်ညာမှာပြတာက သွေးလွှတ်ကြောတွေကို တင်းစေတဲ့ နီကိုတင်းဟာ နှလုံးရောဂါ (သို့) လေဖြတ်တာသာမကပဲ ပန်းသေတာကိုလည်း ဖြစ်စေတယ်တဲ့။ ဆေးလိပ်သောက်သူ တစ်ဝက်ဟာ ပန်းသေနေသူတွေပါ။ ဘယ်လိုဆွဲဆောင်မလဲ။ ကျွန်တော်တို့လည်း လေ့လာမှု ထုတ်ပြန်တော့မယ်။ ပထမလေ့လာမှုက ဆီးကျိတ်ကင်ဆာ ရှင်အမျိုးသားရဲ့ ဗီဇဖွင့်ဆိုချက်ကို ပြောင်းနိုင်တာပြတယ်၊ heat map လို့ခေါ်တယ်၊ ညာဘက်ဘေးတစ်လျှောက်ကအရောင် အမျိုးမျိုးဟာ ဗီဇအမျိုးမျိုးပါ။ ဗီဇပေါင်း၅၀၀ကျော်ဟာ ကောင်းကောင်းကြီး ပြောင်းလို့ရတာ တွေ့ထားပါတယ်။ အကျိုးက ရောဂါကာကွယ်တဲ့ ဗီဇကောင်း တွေကိုဖွင့်လိုက်ခြင်းဟာ ရောဂါတိုးစေတဲ့ ဗီဇတွေကို ပိတ်လိုက်ခြင်းပါ။ ဒီတွေ့ရှိချက်တွေဟာ လူအများကို မျှော်လင့်ချက်အသစ် ရွေးစရာအသစ်တွေ ပေးရာမှာအတော့ကို ဩဇာကြီးတယ်လို့ထင်တယ် Navigencics နဲ့ DNA Direct နဲ့ 23andMe လိုကုမ္ပဏီတွေဟာ ခင်ဗျားတို့ကို မျိုးရိုဗီဇဆိုင်ရာ သတင်းဆောင်းပါးတွေ ပေးနေတယ် "ဘုရားရေ၊ကဲ ဒါနဲ့ဘာလုပ်ရမလဲဟ" ဆိုတာမျိုး လူတစ်ချို့ကိုပေးနေတယ်။ ကောင်းပြီ၊ မျိုးရိုးဗီဇတွေဟာ ကံကြမ္မာ မဟုတ်ဘူး၊ ဒီအပြောင်းအလဲတွေ လုပ်ရင်ပေါ့၊ အထုံပါမှုပါ၊ ဒါပေမဲ့ တခြားလုပ်နိုင်တာထက် ပိုကြီးတဲ့ ပြောင်းလဲမှုတွေလုပ်ရင် တကယ်ပဲ မျိုးရိုးဗီဇဖော်ပြပုံကို ပြောင်းလဲနိုင်ပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)