WEBVTT 00:00:01.646 --> 00:00:04.121 ဒါကတော့ Sian Ka'an မှာပါ။ 00:00:04.145 --> 00:00:07.664 မက္ကစီကိုက ကယ်ရစ်ဘီယန်ပင်လယ်ကမ်းရိုးတန်း၊ Tulum မြို့ တောင်ဘက်မှာပါ။ 00:00:07.688 --> 00:00:10.041 တရား၀င် သဘာ၀ဘေးမဲ့ တောတစ်ခု၊ 00:00:10.065 --> 00:00:12.204 UNESCO ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခု၊ 00:00:12.228 --> 00:00:15.133 ကမ္ဘာ့ဇီဝမျိုကွဲအများဆုံးနေရာတွေထဲက တစ်ခုပေါ့။ 00:00:15.157 --> 00:00:17.138 ဒါပေမယ့် ၂၀၁၀ မှာ ကျွန်တော်ရောက်သွားတော့ 00:00:17.162 --> 00:00:20.094 ကျွန်တော်အရမ်းထိတ်လန့်ပြီး စိတ်ရှုပ်သွားရတယ်ဗျာ။ 00:00:20.118 --> 00:00:22.565 ကမ်းခြေက အမှိုက်တွေဖုံးလို့ပါလား။ 00:00:22.589 --> 00:00:26.653 သေချာကြည့်မှ ကမ္ဘာအနှံ့က မျောလာတဲ့ အမှိုက်တွေပါလားဗျာ။ NOTE Paragraph 00:00:27.432 --> 00:00:29.808 ပထမဆုံးတစ်ခေါက်ရောက်ပြီး နောက်ပိုင်း တစ်နှစ်အတွင်း 00:00:29.832 --> 00:00:31.229 ခဏ ခဏ ပြန်သွားခဲ့ပါတယ်။ 00:00:31.253 --> 00:00:33.637 ကျွန်တော့်မွေးရပ်မြေလည်းဖြစ်တဲ့ Sian Ka'an ကိုပေါ့။ 00:00:33.637 --> 00:00:35.201 ဒီအမှိုက်တွေနဲ့ အလုပ်လုပ်ဖို့ပါ။ 00:00:35.225 --> 00:00:36.383 နောက်ပြီး 00:00:36.407 --> 00:00:40.829 ကျွန်တော်တို့ဟာ နိုင်ငံပေါင်း ၅၈ နိုင်ငံက အမှိုက်တွေကို ခြေရာခံမှတ်တမ်းရခဲ့တယ်။ 00:00:40.853 --> 00:00:42.430 ကမ္ဘာ့တိုက်ကြီး ခြောက်ခုကနေ 00:00:42.454 --> 00:00:46.339 ဒီကမ်းခြေကို မျောလာတာဗျ။ NOTE Paragraph 00:00:46.363 --> 00:00:48.977 ဒီအမှိုက်ကို ဘယ်နေရာမှာပစ်ခဲ့လဲ မသိပေမဲ့ 00:00:49.001 --> 00:00:52.958 အမှတ်အသားတွေကြည့်ပြီး ဘယ်မှာထုတ်လုပ်တယ်ဆိုတာကိုတော့ သိခဲ့တယ်။ 00:00:52.982 --> 00:00:57.265 Sian Ka'an က အမှိုက်တွေဟာ အခုအနီရောင်ပြထားတဲ့နိုင်ငံတွေက 00:00:57.265 --> 00:00:58.254 ထုတ်လုပ်တာပဲဗျ။ 00:00:59.650 --> 00:01:03.603 အခုလို ဟေတီကထုတ်တဲ့ ထောပတ်ဘူး အရွယ်စုံ၊ 00:01:03.627 --> 00:01:05.191 ဂျာမေကာထုတ် ရေဘူးတွေ၊ 00:01:05.215 --> 00:01:08.889 ကာရစ်ဘီယံအနီးအနား နိုင်ငံတွေကဆိုရင်တော့ အံ့သြစရာမရှိပါဘူး။ 00:01:08.913 --> 00:01:10.503 ဒါပေမဲ့ ကမ္ဘာအနှံ့ကလာတာဗျ။ 00:01:10.527 --> 00:01:12.909 ဒီမှာဆို ကမ္ဘာအနှံ့က ရေဘူးတွေ၊ 00:01:12.933 --> 00:01:16.056 ပိုဆိုးတာတစ်ခုက ကျွန်တော်တွေ့တဲ့ အမှိုက်အများအပြားဟာ 00:01:16.080 --> 00:01:18.817 ပတ်ဝန်းကျင်သန်ံရှင်းလှပဖို့ သုံးတဲ့ပစ္စည်းတွေဖြစ်နေတာပါပဲ။ 00:01:19.829 --> 00:01:22.507 ဥပမာ ဒီအမေရိကန်ထုတ်ပစ္စည်းဆိုရင် 00:01:22.531 --> 00:01:24.927 ပလတ်စတစ်တွေကို ကာကွယ်ဖို့ သုံးတဲ့ပစ္စည်းလေဗျာ။ NOTE Paragraph 00:01:25.385 --> 00:01:26.887 (ရယ်သံများ) NOTE Paragraph 00:01:26.911 --> 00:01:29.272 တောင်ကိုရီးယားက ခေါင်းလျှော်ရည်၊ 00:01:29.296 --> 00:01:30.834 ကိုစတာရီကာက အစွန်းချွတ်ဆေး၊ 00:01:30.858 --> 00:01:32.824 နော်ဝေက အိမ်သာသန့်စင်ဆေးရည်၊ 00:01:32.848 --> 00:01:35.441 ဒီပစ္စည်းတွေအကုန်လုံး ကျွန်တော်တို့နဲ့ ရင်းနှီးပါတယ်။ 00:01:35.465 --> 00:01:38.866 အနည်းဆုံးသွားတိုက်တံတွေကတော့ ရင်းနှီးလိမ့်မယ်ထင်ပါတယ်ဗျာ။ NOTE Paragraph 00:01:38.890 --> 00:01:39.954 (ရယ်သံများ) NOTE Paragraph 00:01:40.601 --> 00:01:42.433 မီးဖိုချောင်သုံးပစ္စည်းတွေ၊ 00:01:43.552 --> 00:01:44.980 အရုပ်တွေ၊ 00:01:46.090 --> 00:01:49.691 မီးလောင်ထားတဲ့ ပလတ်စတစ် အမှိုက်တွေလည်း တွေ့ခဲ့သေးတယ်ဗျ။ 00:01:49.715 --> 00:01:52.934 ဒါတွေက ကင်ဆာဖြစ်စေတဲ့ မီးခိုးတွေလည်း ထုတ်သေးတာနော်။ NOTE Paragraph 00:01:52.958 --> 00:01:55.821 လူတွေကမေးတယ် တွေ့တာတွေထဲမှာ ဘာက စိတ်ဝင်စားစရာ အကောင်းဆုံးလဲ။ 00:01:55.845 --> 00:01:59.372 ဒီလို ခြေတုပေါ့။ 00:01:59.396 --> 00:02:02.530 နောက်ပြီး နောက်က ရေဗူးအဖုံးပြာလေးကို တွေ့လား။ 00:02:02.554 --> 00:02:03.928 သူ့ကိုတွေ့တုန်းကဆို 00:02:03.952 --> 00:02:06.511 ဟားမစ်ဂဏန်းလေးက အိမ်လုပ်ထားတာဗျ။ 00:02:06.535 --> 00:02:07.830 ချစ်စရာလေး။ NOTE Paragraph 00:02:07.854 --> 00:02:09.142 (ရယ်သံများ) NOTE Paragraph 00:02:11.380 --> 00:02:13.040 (ရယ်သံများ) NOTE Paragraph 00:02:13.485 --> 00:02:16.788 လှပပြီးဆွဲဆောင်မှုရှိတဲ့ ပစ္စည်းတွေရှိသလို 00:02:16.788 --> 00:02:19.260 ကြောက်စရာကောင်းတာတွေလည်း ရှိသဗျ။ 00:02:19.260 --> 00:02:21.295 တစ်ခုချင်းစီတိုင်းမှာ သူ့သမိုင်းနဲ့သူရယ်။ 00:02:21.319 --> 00:02:25.432 ဒါနဲ့ပဲ ကျွန်တော့် သဘာဝပတ်ဝန်းကျင် အနုပညာဖန်တီးမှုတွေ လုပ်ဖြစ်ခဲ့တယ်။ NOTE Paragraph 00:02:25.456 --> 00:02:28.252 ၂၀၁၀ ဖေဖော်ဝါရီမှာ ဒီပုံလေးနဲ့ စဖြစ်ခဲ့တယ်။ 00:02:28.276 --> 00:02:30.187 Sian Ka'an ကို ပထမဆုံးရောက်တုန်းကပေါ့။ 00:02:30.187 --> 00:02:33.768 အပြာရောင်ဟာ ပလတ်စတစ်တွေကြားမှာ အပေါဆုံးအရာဆိုတာ သတိထားမိတယ်။ 00:02:33.792 --> 00:02:37.096 ခရမ်းရောင်ကတော့ အရှားဆုံးပဲ ကျွန်တော့်အတွက်ကတော့ ရွှေလိုပဲ။ 00:02:37.120 --> 00:02:38.619 အပြာက အပေါဆုံးဆိုတော့ကာ 00:02:38.643 --> 00:02:40.337 အပြာတွေကို အရင်စုခဲ့တယ်။ 00:02:40.361 --> 00:02:43.055 နောက်ပြီး အပြာရောင်မိုးသားရှေ့မှာ ဒီလိုလေး စီစဥ်ဖြစ်တယ်။ 00:02:43.079 --> 00:02:44.965 ကယ်ရစ်ဘီယံရေပြာပြာနဲ့အတူပေါ့။ 00:02:44.989 --> 00:02:47.686 ဓာတ်ပုံအစမ်းရိုက်ကြည့်ပြီး မြင်လိုက်ရတာအခါမှာတော့ 00:02:47.710 --> 00:02:50.508 ကျွန်တော့ကို မိုးကြိုးပစ်ချလိုက်တဲ့အတိုင်းပဲ။ 00:02:50.532 --> 00:02:52.562 ကျွန်တော်ပြန်လာရမယ်ဆိုတာကို သိလိုက်တယ်။ 00:02:52.586 --> 00:02:56.114 ဒီနေရာမှာ ဖန်တီးမှုတွေ တစီတတန်းကြီးလုပ်ဖို့ 00:02:56.138 --> 00:02:57.762 ဓာတ်ပုံရိုက်ဖို့ပေါ့။ NOTE Paragraph 00:02:57.786 --> 00:02:59.648 ဆိုတော့ကာ ဒီအရာလေးဟာ ပုံကြမ်းလေးပေ့ါဗျာ။ 00:02:59.672 --> 00:03:03.739 ကျွန်တော်သုံးနှစ်ကြာလုပ်မယ့် အလုပ်ရဲ့ ပုံကြမ်းလေးပေါ့။ 00:03:03.763 --> 00:03:06.117 ဒါပေမယ့် ကျွန်တော်မသိတာက နောင်ဆယ်နှစ်အကြာ 00:03:06.141 --> 00:03:08.859 ဆယ်စုနှစ်တစ်ခုလောက် ကျွန်တော်ဆက်လုပ်နေတာပါပဲ။ 00:03:08.883 --> 00:03:10.780 အမှိုက်ပြသာနာကလည်း ရှိနေဆဲပါပဲ။ NOTE Paragraph 00:03:11.242 --> 00:03:13.282 ဆိုတော့ကာ ပုံတချို့ကို ကျွန်တော်ပြမယ်နော်။ 00:03:13.306 --> 00:03:17.972 တက်ရေဖြင့် အမှိုက်မြေ ပြောင်းလဲခြင်း ဆိုတဲ့ စီးရီးလေးကပေါ့။ 00:03:17.996 --> 00:03:20.747 သတိပြုစေချင်တာက ကျွန်တော်က ဆေးမခြယ်ဘူးနော်။ 00:03:21.319 --> 00:03:23.513 လိုက်ကောက်ပြီး အရောင်အလိုက် ခွဲခြားပြီး 00:03:23.537 --> 00:03:26.298 သူတို့ကိုတွေ့တဲ့ ကမ်းခြေမှာတင် စုစည်းစီစဉ်ခဲ့တာနော်။ NOTE Paragraph 00:03:34.381 --> 00:03:38.330 ဒါကတော့ ၂၀၁၅ တုန်းက ကျွန်တော်ရဲ့ အဖိုးတန်အမှိုက်ထုပ်လေးတွေပါ။ 00:03:38.354 --> 00:03:41.849 "Museo de la Basura" ကို ပထမဆုံးစီစဥ်တုန်းကပေါ့ 00:03:41.873 --> 00:03:43.861 အမှိုက်ပြတိုက် တဲ့။ 00:03:44.409 --> 00:03:47.522 ကျွန်တော်ရည်ရွယ်ချက်ကတော့ ဒီအမှိုက်တွေကို သတိထားဖို့ 00:03:47.546 --> 00:03:48.701 အသံမြှင့်ဖို့ 00:03:48.725 --> 00:03:49.876 ဒါတွေကို အခြေခံပြီး 00:03:49.900 --> 00:03:51.227 လူထုကိုချပြဖို့ပါပဲ။ NOTE Paragraph 00:03:51.251 --> 00:03:53.710 ကျွန်တော်တို့ ကြောက်စရာပုံတွေ မြင်ခဲ့ရပြီးပြီ။ 00:03:53.734 --> 00:03:56.097 ဗိုက်ထဲမှာ ပလတ်စတစ်တွေနဲ့ သေနေတဲ့ တိရိစ္ဆာန်တွေလေ။ 00:03:56.121 --> 00:03:58.922 ကျွန်တော်တို့တွေ ဒါတွေကိုမြင်ဖို့ လိုပြီ။ 00:03:58.946 --> 00:04:00.351 ကိုင်တွယ်ဖို့လိုပြီ။ 00:04:00.375 --> 00:04:03.599 ဒါပေမယ့် အခုလို ဒီအမှိုက်တွေကို လုပ်လိုက်ရင် 00:04:03.599 --> 00:04:05.622 တချို့အပြောအရ လှလှလေးစီစဥ်လိုက်မယ်ဆိုရင် 00:04:05.646 --> 00:04:08.300 ကြည့်ရှုသူတွေကို ဖမ်းစားနိုင်မယ်။ 00:04:08.324 --> 00:04:11.571 ကမ္ဘာ့ကြောက်မက်ဖွယ်တွေကို မသိမမြင်ဖြစ်နေတဲ့သူတွေကို 00:04:11.595 --> 00:04:15.459 ဘာဖြစ်နေလဲဆိုတာကို နည်းတစ်မျိုးနဲ့ အသိပေးရာရောက်မယ်လေ။ NOTE Paragraph 00:04:15.483 --> 00:04:17.996 တချို့တွေက မဟာပစိဖိတ်အမှိုက်ကန် လို့ခေါ်ကြတဲ့နေရာဟာ 00:04:18.020 --> 00:04:20.155 Texas ပြည်နယ်အကျယ်ရဲ့ နှစ်ဆတောင် ရှိပါတယ်။ 00:04:20.179 --> 00:04:22.170 ပြောမယ်ဆိုရင်တော့ မြင်ဖို့ရာခက်ခဲပါတယ်။ 00:04:22.194 --> 00:04:23.701 မီးခိုးတွေလို ဖြစ်နေတာကိုး။ 00:04:24.173 --> 00:04:25.806 ဒါကြောင့် ကျွန်တော့်အနုပညာထဲကနေ 00:04:25.830 --> 00:04:29.738 ကျွန်တော်တို့ကမ္ဘာ တကယ်တမ်းဘာဖြစ်နေလဲဆိုတာ ချပြချင်တာပါ။ 00:04:29.762 --> 00:04:32.258 မမြင်တာတွေ မြင်လာအောင်လို့ပါ။ NOTE Paragraph 00:04:32.570 --> 00:04:35.081 ကျွန်တော့်မှာ ဒီအလုပ်စကတည်းက မေးခွန်းတစ်ခုရှိနေပါတယ်။ 00:04:35.105 --> 00:04:37.544 ငါရော ဒီအမှိုက်တွေကို ပြီးရင်ဘာလုပ်မှာလဲ? 00:04:37.568 --> 00:04:41.740 တချို့ကပြောတယ် ဒါတွေဟာ ပျက်စီးနေပြီ တဲ့။ 00:04:41.764 --> 00:04:45.266 သမုဒ္ဒရာကြီးကို ဖြတ်လာပြီး နေထိရေထိ ဖြစ်လာတော့ 00:04:45.290 --> 00:04:49.983 အဆင့်နိမ့်ပြီး ပြန်သုံးလို့တောင်မရတော့ဘူးပေါ့လေ။ 00:04:50.007 --> 00:04:53.625 မြေဖို့ပစ်ဖို့ကလည်း မလုပ်ချင်ပြန်ဘူး။ 00:04:54.074 --> 00:04:55.757 နောက်ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ 00:04:55.781 --> 00:04:59.488 ကျွန်တော့်အလုပ်တွေပြီးရင် တခြားသူတွေက ကူညီကြတာတွေနဲ့ 00:04:59.512 --> 00:05:02.245 အမှိုက်တွေကောက်မယ်၊ စုမယ်၊ ရှင်းမယ်၊ 00:05:02.269 --> 00:05:03.445 ပြီးရင် သိမ်းထားမယ်ဗျာ။ 00:05:03.826 --> 00:05:06.187 ဒီအတိုင်းပဲ 00:05:06.211 --> 00:05:08.875 သုံးမယ်၊ အခါခါပြန်သုံးမယ်၊ 00:05:08.899 --> 00:05:10.396 အနုပညာတွေဖန်တီးမယ်၊ 00:05:10.420 --> 00:05:14.062 သဘာဝပတ်ဝန်းကျင်ဖန်တီးမှု အနုပညာတွေ လူထုထဲကို ထည့်မယ်။ NOTE Paragraph 00:05:15.111 --> 00:05:18.845 ဒါကတော့ မနှစ်ကလုပ်ခဲ့တဲ့ လူထုအခြေပြု အနုပညာပြကွက်ပါ။ 00:05:18.869 --> 00:05:22.422 Sian Ka'an, Punta Allen က ဒေသခံလူငယ်တွေနဲ့ပေါ့။ 00:05:22.446 --> 00:05:26.072 လူထုအခြေပြုအလုပ်တွေမှာ အရေးကြီးတဲ့အချက်က ကမ်းခြေတွေသန့်ရှင်းဖို့ 00:05:26.096 --> 00:05:27.914 ပညာပေးလုပ်ငန်းတွေလုပ်ဖို့ 00:05:27.938 --> 00:05:30.471 ဒီအလုပ်တွေတိုးတက်လာရင် 00:05:30.495 --> 00:05:32.597 အမှိုက်သိမ်းတာတွေလည်း များလာမယ်။ 00:05:32.621 --> 00:05:36.007 တကယ်လည်းအကျိုးရှိမယ်ထင်တယ်။ NOTE Paragraph 00:05:36.031 --> 00:05:37.297 နှစ်တွေကြာခဲ့ပြီးနောက်မှာ 00:05:37.321 --> 00:05:41.354 ကျွန်တော့်အမှိုက်တွေကို ကျွန်တော်နည်းနည်း စွဲလမ်းလာတယ်။ 00:05:41.378 --> 00:05:45.113 အိတ်တွေထဲထည့်ပြီး ခရီးသွားတယ်။ 00:05:45.137 --> 00:05:47.252 အပန်းဖြေခရီးတွေထွက်တယ်။ NOTE Paragraph 00:05:47.276 --> 00:05:48.673 (ရယ်သံများ) NOTE Paragraph 00:05:48.697 --> 00:05:50.586 နောက်ဆုံးအနေနဲ့ 00:05:50.610 --> 00:05:54.781 ဓာတ်ပုံတွေရဲ့ နှစ်ဖက်မြင်ပုံစံကနေ စပြီးခွဲထွက်ခဲ့တယ်။ 00:05:54.805 --> 00:05:56.908 ဒီ့အတွက် တကယ့်ကို စိတ်လှုပ်ရှားတယ်ဗျာ။ 00:05:56.932 --> 00:05:59.736 ဒီအနုပညာတွေဟာ အသက်ဝင်လာပြီး 00:05:59.760 --> 00:06:02.692 အချိန်နဲ့အမျှ တဖြည်းဖြည်းချင်း ကြီးထွားလာသလိုပဲ။ 00:06:02.716 --> 00:06:04.856 ကျွန်တော်ရဲ့ အကြီးဆုံးဆုတောင်းကတော့ 00:06:04.880 --> 00:06:08.096 ဒီအလုပ်အတွက် ကုန်ကြမ်းတွေ ကုန်သွားပါစေ လို့ပါပဲ။ 00:06:08.120 --> 00:06:09.399 ဒါပေမယ့် မပြည့်သေးပါဘူး။ 00:06:09.423 --> 00:06:11.269 နောက်ထပ် အစီအစဉ် တစ်ခုကတော့ 00:06:11.293 --> 00:06:13.698 ကျွန်ေတာ် လူမှုရေးအလုပ်တွေ ဆက်လုပ်သွားမယ်။ 00:06:13.722 --> 00:06:16.246 ကျွန်တော့်အလုပ်ကိုလည်း ပိုပြီးကြီးအောင် ဆောင်ရွက်မယ်။ 00:06:16.270 --> 00:06:19.017 ဘာလို့လဲဆိုတော့ ပြဿနာကိုက ကြီးတာကိုး။ NOTE Paragraph 00:06:19.930 --> 00:06:26.243 နှစ်စဥ် အမှိုက်တန်ရှစ်သန်းဟာ သမုဒ္ဒရာထဲကို ဝင်ရောက်နေတယ်။ 00:06:26.267 --> 00:06:28.001 ဂေဟစနစ်တွေကို ဖျက်ဆီးနေတယ်။ 00:06:28.504 --> 00:06:33.651 ကျွန်တော်စကားပြောနေစဥ်လေးမှာပဲကို ဖြစ်နေတာနော်။ 00:06:34.170 --> 00:06:40.044 ကျွန်တော့်လုပ်ရပ်ကို အကူအညီတောင်းတဲ့ အစီအစဉ်လို့ သဘောထားတယ်။ 00:06:40.068 --> 00:06:42.845 ကျွန်တော်တို့ကျန်းမာရေး နဲ့ အနာဂတ်တွေဟာ ဒီသမုဒ္ဒရာတွေနဲ့ 00:06:42.869 --> 00:06:44.129 တကယ့်ကို ဆက်နွယ်နေတယ်လေ။ 00:06:44.153 --> 00:06:48.533 တက်ရေဖြင့် အမှိုက်မြေ ပြောင်းလဲခြင်း လို့သာ ခေါင်းစဥ်တပ်ခဲ့တာပါ။ 00:06:48.557 --> 00:06:50.391 တကယ်ပြောင်းလဲသွားတာ ကျွန်တော်ပါ။ 00:06:50.415 --> 00:06:53.724 ကျွန်တော့်ရဲ့ အနေအထိုင် အမူအကျင့်တွေကို ပြန်တွေးတောဆင်ခြင်မိတယ်။ 00:06:53.748 --> 00:06:56.974 တကယ်လို့ တခြားသူတွေလည်း အဲ့သလို သတိထားမိရင် 00:06:56.998 --> 00:06:58.936 သိပ်ကိုတန်ဖိုးရှိလာမှာဗျ။ NOTE Paragraph 00:06:58.960 --> 00:07:00.111 ကျေးဇူးအများကြီးတင်ပါတယ် NOTE Paragraph 00:07:00.135 --> 00:07:03.230 (လက်ခုပ်သံများ)