1 00:00:01,646 --> 00:00:04,121 ဒါကတော့ Sian Ka'an မှာပါ။ 2 00:00:04,145 --> 00:00:07,664 မက္ကစီကိုက ကယ်ရစ်ဘီယန်ပင်လယ်ကမ်းရိုးတန်း၊ Tulum မြို့ တောင်ဘက်မှာပါ။ 3 00:00:07,688 --> 00:00:10,041 တရား၀င် သဘာ၀ဘေးမဲ့ တောတစ်ခု၊ 4 00:00:10,065 --> 00:00:12,204 UNESCO ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခု၊ 5 00:00:12,228 --> 00:00:15,133 ကမ္ဘာ့ဇီဝမျိုကွဲအများဆုံးနေရာတွေထဲက တစ်ခုပေါ့။ 6 00:00:15,157 --> 00:00:17,138 ဒါပေမယ့် ၂၀၁၀ မှာ ကျွန်တော်ရောက်သွားတော့ 7 00:00:17,162 --> 00:00:20,094 ကျွန်တော်အရမ်းထိတ်လန့်ပြီး စိတ်ရှုပ်သွားရတယ်ဗျာ။ 8 00:00:20,118 --> 00:00:22,565 ကမ်းခြေက အမှိုက်တွေဖုံးလို့ပါလား။ 9 00:00:22,589 --> 00:00:26,653 သေချာကြည့်မှ ကမ္ဘာအနှံ့က မျောလာတဲ့ အမှိုက်တွေပါလားဗျာ။ 10 00:00:27,432 --> 00:00:29,808 ပထမဆုံးတစ်ခေါက်ရောက်ပြီး နောက်ပိုင်း တစ်နှစ်အတွင်း 11 00:00:29,832 --> 00:00:31,229 ခဏ ခဏ ပြန်သွားခဲ့ပါတယ်။ 12 00:00:31,253 --> 00:00:33,637 ကျွန်တော့်မွေးရပ်မြေလည်းဖြစ်တဲ့ Sian Ka'an ကိုပေါ့။ 13 00:00:33,637 --> 00:00:35,201 ဒီအမှိုက်တွေနဲ့ အလုပ်လုပ်ဖို့ပါ။ 14 00:00:35,225 --> 00:00:36,383 နောက်ပြီး 15 00:00:36,407 --> 00:00:40,829 ကျွန်တော်တို့ဟာ နိုင်ငံပေါင်း ၅၈ နိုင်ငံက အမှိုက်တွေကို ခြေရာခံမှတ်တမ်းရခဲ့တယ်။ 16 00:00:40,853 --> 00:00:42,430 ကမ္ဘာ့တိုက်ကြီး ခြောက်ခုကနေ 17 00:00:42,454 --> 00:00:46,339 ဒီကမ်းခြေကို မျောလာတာဗျ။ 18 00:00:46,363 --> 00:00:48,977 ဒီအမှိုက်ကို ဘယ်နေရာမှာပစ်ခဲ့လဲ မသိပေမဲ့ 19 00:00:49,001 --> 00:00:52,958 အမှတ်အသားတွေကြည့်ပြီး ဘယ်မှာထုတ်လုပ်တယ်ဆိုတာကိုတော့ သိခဲ့တယ်။ 20 00:00:52,982 --> 00:00:57,265 Sian Ka'an က အမှိုက်တွေဟာ အခုအနီရောင်ပြထားတဲ့နိုင်ငံတွေက 21 00:00:57,265 --> 00:00:58,254 ထုတ်လုပ်တာပဲဗျ။ 22 00:00:59,650 --> 00:01:03,603 အခုလို ဟေတီကထုတ်တဲ့ ထောပတ်ဘူး အရွယ်စုံ၊ 23 00:01:03,627 --> 00:01:05,191 ဂျာမေကာထုတ် ရေဘူးတွေ၊ 24 00:01:05,215 --> 00:01:08,889 ကာရစ်ဘီယံအနီးအနား နိုင်ငံတွေကဆိုရင်တော့ အံ့သြစရာမရှိပါဘူး။ 25 00:01:08,913 --> 00:01:10,503 ဒါပေမဲ့ ကမ္ဘာအနှံ့ကလာတာဗျ။ 26 00:01:10,527 --> 00:01:12,909 ဒီမှာဆို ကမ္ဘာအနှံ့က ရေဘူးတွေ၊ 27 00:01:12,933 --> 00:01:16,056 ပိုဆိုးတာတစ်ခုက ကျွန်တော်တွေ့တဲ့ အမှိုက်အများအပြားဟာ 28 00:01:16,080 --> 00:01:18,817 ပတ်ဝန်းကျင်သန်ံရှင်းလှပဖို့ သုံးတဲ့ပစ္စည်းတွေဖြစ်နေတာပါပဲ။ 29 00:01:19,829 --> 00:01:22,507 ဥပမာ ဒီအမေရိကန်ထုတ်ပစ္စည်းဆိုရင် 30 00:01:22,531 --> 00:01:24,927 ပလတ်စတစ်တွေကို ကာကွယ်ဖို့ သုံးတဲ့ပစ္စည်းလေဗျာ။ 31 00:01:25,385 --> 00:01:26,887 (ရယ်သံများ) 32 00:01:26,911 --> 00:01:29,272 တောင်ကိုရီးယားက ခေါင်းလျှော်ရည်၊ 33 00:01:29,296 --> 00:01:30,834 ကိုစတာရီကာက အစွန်းချွတ်ဆေး၊ 34 00:01:30,858 --> 00:01:32,824 နော်ဝေက အိမ်သာသန့်စင်ဆေးရည်၊ 35 00:01:32,848 --> 00:01:35,441 ဒီပစ္စည်းတွေအကုန်လုံး ကျွန်တော်တို့နဲ့ ရင်းနှီးပါတယ်။ 36 00:01:35,465 --> 00:01:38,866 အနည်းဆုံးသွားတိုက်တံတွေကတော့ ရင်းနှီးလိမ့်မယ်ထင်ပါတယ်ဗျာ။ 37 00:01:38,890 --> 00:01:39,954 (ရယ်သံများ) 38 00:01:40,601 --> 00:01:42,433 မီးဖိုချောင်သုံးပစ္စည်းတွေ၊ 39 00:01:43,552 --> 00:01:44,980 အရုပ်တွေ၊ 40 00:01:46,090 --> 00:01:49,691 မီးလောင်ထားတဲ့ ပလတ်စတစ် အမှိုက်တွေလည်း တွေ့ခဲ့သေးတယ်ဗျ။ 41 00:01:49,715 --> 00:01:52,934 ဒါတွေက ကင်ဆာဖြစ်စေတဲ့ မီးခိုးတွေလည်း ထုတ်သေးတာနော်။ 42 00:01:52,958 --> 00:01:55,821 လူတွေကမေးတယ် တွေ့တာတွေထဲမှာ ဘာက စိတ်ဝင်စားစရာ အကောင်းဆုံးလဲ။ 43 00:01:55,845 --> 00:01:59,372 ဒီလို ခြေတုပေါ့။ 44 00:01:59,396 --> 00:02:02,530 နောက်ပြီး နောက်က ရေဗူးအဖုံးပြာလေးကို တွေ့လား။ 45 00:02:02,554 --> 00:02:03,928 သူ့ကိုတွေ့တုန်းကဆို 46 00:02:03,952 --> 00:02:06,511 ဟားမစ်ဂဏန်းလေးက အိမ်လုပ်ထားတာဗျ။ 47 00:02:06,535 --> 00:02:07,830 ချစ်စရာလေး။ 48 00:02:07,854 --> 00:02:09,142 (ရယ်သံများ) 49 00:02:11,380 --> 00:02:13,040 (ရယ်သံများ) 50 00:02:13,485 --> 00:02:16,788 လှပပြီးဆွဲဆောင်မှုရှိတဲ့ ပစ္စည်းတွေရှိသလို 51 00:02:16,788 --> 00:02:19,260 ကြောက်စရာကောင်းတာတွေလည်း ရှိသဗျ။ 52 00:02:19,260 --> 00:02:21,295 တစ်ခုချင်းစီတိုင်းမှာ သူ့သမိုင်းနဲ့သူရယ်။ 53 00:02:21,319 --> 00:02:25,432 ဒါနဲ့ပဲ ကျွန်တော့် သဘာဝပတ်ဝန်းကျင် အနုပညာဖန်တီးမှုတွေ လုပ်ဖြစ်ခဲ့တယ်။ 54 00:02:25,456 --> 00:02:28,252 ၂၀၁၀ ဖေဖော်ဝါရီမှာ ဒီပုံလေးနဲ့ စဖြစ်ခဲ့တယ်။ 55 00:02:28,276 --> 00:02:30,187 Sian Ka'an ကို ပထမဆုံးရောက်တုန်းကပေါ့။ 56 00:02:30,187 --> 00:02:33,768 အပြာရောင်ဟာ ပလတ်စတစ်တွေကြားမှာ အပေါဆုံးအရာဆိုတာ သတိထားမိတယ်။ 57 00:02:33,792 --> 00:02:37,096 ခရမ်းရောင်ကတော့ အရှားဆုံးပဲ ကျွန်တော့်အတွက်ကတော့ ရွှေလိုပဲ။ 58 00:02:37,120 --> 00:02:38,619 အပြာက အပေါဆုံးဆိုတော့ကာ 59 00:02:38,643 --> 00:02:40,337 အပြာတွေကို အရင်စုခဲ့တယ်။ 60 00:02:40,361 --> 00:02:43,055 နောက်ပြီး အပြာရောင်မိုးသားရှေ့မှာ ဒီလိုလေး စီစဥ်ဖြစ်တယ်။ 61 00:02:43,079 --> 00:02:44,965 ကယ်ရစ်ဘီယံရေပြာပြာနဲ့အတူပေါ့။ 62 00:02:44,989 --> 00:02:47,686 ဓာတ်ပုံအစမ်းရိုက်ကြည့်ပြီး မြင်လိုက်ရတာအခါမှာတော့ 63 00:02:47,710 --> 00:02:50,508 ကျွန်တော့ကို မိုးကြိုးပစ်ချလိုက်တဲ့အတိုင်းပဲ။ 64 00:02:50,532 --> 00:02:52,562 ကျွန်တော်ပြန်လာရမယ်ဆိုတာကို သိလိုက်တယ်။ 65 00:02:52,586 --> 00:02:56,114 ဒီနေရာမှာ ဖန်တီးမှုတွေ တစီတတန်းကြီးလုပ်ဖို့ 66 00:02:56,138 --> 00:02:57,762 ဓာတ်ပုံရိုက်ဖို့ပေါ့။ 67 00:02:57,786 --> 00:02:59,648 ဆိုတော့ကာ ဒီအရာလေးဟာ ပုံကြမ်းလေးပေ့ါဗျာ။ 68 00:02:59,672 --> 00:03:03,739 ကျွန်တော်သုံးနှစ်ကြာလုပ်မယ့် အလုပ်ရဲ့ ပုံကြမ်းလေးပေါ့။ 69 00:03:03,763 --> 00:03:06,117 ဒါပေမယ့် ကျွန်တော်မသိတာက နောင်ဆယ်နှစ်အကြာ 70 00:03:06,141 --> 00:03:08,859 ဆယ်စုနှစ်တစ်ခုလောက် ကျွန်တော်ဆက်လုပ်နေတာပါပဲ။ 71 00:03:08,883 --> 00:03:10,780 အမှိုက်ပြသာနာကလည်း ရှိနေဆဲပါပဲ။ 72 00:03:11,242 --> 00:03:13,282 ဆိုတော့ကာ ပုံတချို့ကို ကျွန်တော်ပြမယ်နော်။ 73 00:03:13,306 --> 00:03:17,972 တက်ရေဖြင့် အမှိုက်မြေ ပြောင်းလဲခြင်း ဆိုတဲ့ စီးရီးလေးကပေါ့။ 74 00:03:17,996 --> 00:03:20,747 သတိပြုစေချင်တာက ကျွန်တော်က ဆေးမခြယ်ဘူးနော်။ 75 00:03:21,319 --> 00:03:23,513 လိုက်ကောက်ပြီး အရောင်အလိုက် ခွဲခြားပြီး 76 00:03:23,537 --> 00:03:26,298 သူတို့ကိုတွေ့တဲ့ ကမ်းခြေမှာတင် စုစည်းစီစဉ်ခဲ့တာနော်။ 77 00:03:34,381 --> 00:03:38,330 ဒါကတော့ ၂၀၁၅ တုန်းက ကျွန်တော်ရဲ့ အဖိုးတန်အမှိုက်ထုပ်လေးတွေပါ။ 78 00:03:38,354 --> 00:03:41,849 "Museo de la Basura" ကို ပထမဆုံးစီစဥ်တုန်းကပေါ့ 79 00:03:41,873 --> 00:03:43,861 အမှိုက်ပြတိုက် တဲ့။ 80 00:03:44,409 --> 00:03:47,522 ကျွန်တော်ရည်ရွယ်ချက်ကတော့ ဒီအမှိုက်တွေကို သတိထားဖို့ 81 00:03:47,546 --> 00:03:48,701 အသံမြှင့်ဖို့ 82 00:03:48,725 --> 00:03:49,876 ဒါတွေကို အခြေခံပြီး 83 00:03:49,900 --> 00:03:51,227 လူထုကိုချပြဖို့ပါပဲ။ 84 00:03:51,251 --> 00:03:53,710 ကျွန်တော်တို့ ကြောက်စရာပုံတွေ မြင်ခဲ့ရပြီးပြီ။ 85 00:03:53,734 --> 00:03:56,097 ဗိုက်ထဲမှာ ပလတ်စတစ်တွေနဲ့ သေနေတဲ့ တိရိစ္ဆာန်တွေလေ။ 86 00:03:56,121 --> 00:03:58,922 ကျွန်တော်တို့တွေ ဒါတွေကိုမြင်ဖို့ လိုပြီ။ 87 00:03:58,946 --> 00:04:00,351 ကိုင်တွယ်ဖို့လိုပြီ။ 88 00:04:00,375 --> 00:04:03,599 ဒါပေမယ့် အခုလို ဒီအမှိုက်တွေကို လုပ်လိုက်ရင် 89 00:04:03,599 --> 00:04:05,622 တချို့အပြောအရ လှလှလေးစီစဥ်လိုက်မယ်ဆိုရင် 90 00:04:05,646 --> 00:04:08,300 ကြည့်ရှုသူတွေကို ဖမ်းစားနိုင်မယ်။ 91 00:04:08,324 --> 00:04:11,571 ကမ္ဘာ့ကြောက်မက်ဖွယ်တွေကို မသိမမြင်ဖြစ်နေတဲ့သူတွေကို 92 00:04:11,595 --> 00:04:15,459 ဘာဖြစ်နေလဲဆိုတာကို နည်းတစ်မျိုးနဲ့ အသိပေးရာရောက်မယ်လေ။ 93 00:04:15,483 --> 00:04:17,996 တချို့တွေက မဟာပစိဖိတ်အမှိုက်ကန် လို့ခေါ်ကြတဲ့နေရာဟာ 94 00:04:18,020 --> 00:04:20,155 Texas ပြည်နယ်အကျယ်ရဲ့ နှစ်ဆတောင် ရှိပါတယ်။ 95 00:04:20,179 --> 00:04:22,170 ပြောမယ်ဆိုရင်တော့ မြင်ဖို့ရာခက်ခဲပါတယ်။ 96 00:04:22,194 --> 00:04:23,701 မီးခိုးတွေလို ဖြစ်နေတာကိုး။ 97 00:04:24,173 --> 00:04:25,806 ဒါကြောင့် ကျွန်တော့်အနုပညာထဲကနေ 98 00:04:25,830 --> 00:04:29,738 ကျွန်တော်တို့ကမ္ဘာ တကယ်တမ်းဘာဖြစ်နေလဲဆိုတာ ချပြချင်တာပါ။ 99 00:04:29,762 --> 00:04:32,258 မမြင်တာတွေ မြင်လာအောင်လို့ပါ။ 100 00:04:32,570 --> 00:04:35,081 ကျွန်တော့်မှာ ဒီအလုပ်စကတည်းက မေးခွန်းတစ်ခုရှိနေပါတယ်။ 101 00:04:35,105 --> 00:04:37,544 ငါရော ဒီအမှိုက်တွေကို ပြီးရင်ဘာလုပ်မှာလဲ? 102 00:04:37,568 --> 00:04:41,740 တချို့ကပြောတယ် ဒါတွေဟာ ပျက်စီးနေပြီ တဲ့။ 103 00:04:41,764 --> 00:04:45,266 သမုဒ္ဒရာကြီးကို ဖြတ်လာပြီး နေထိရေထိ ဖြစ်လာတော့ 104 00:04:45,290 --> 00:04:49,983 အဆင့်နိမ့်ပြီး ပြန်သုံးလို့တောင်မရတော့ဘူးပေါ့လေ။ 105 00:04:50,007 --> 00:04:53,625 မြေဖို့ပစ်ဖို့ကလည်း မလုပ်ချင်ပြန်ဘူး။ 106 00:04:54,074 --> 00:04:55,757 နောက်ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ 107 00:04:55,781 --> 00:04:59,488 ကျွန်တော့်အလုပ်တွေပြီးရင် တခြားသူတွေက ကူညီကြတာတွေနဲ့ 108 00:04:59,512 --> 00:05:02,245 အမှိုက်တွေကောက်မယ်၊ စုမယ်၊ ရှင်းမယ်၊ 109 00:05:02,269 --> 00:05:03,445 ပြီးရင် သိမ်းထားမယ်ဗျာ။ 110 00:05:03,826 --> 00:05:06,187 ဒီအတိုင်းပဲ 111 00:05:06,211 --> 00:05:08,875 သုံးမယ်၊ အခါခါပြန်သုံးမယ်၊ 112 00:05:08,899 --> 00:05:10,396 အနုပညာတွေဖန်တီးမယ်၊ 113 00:05:10,420 --> 00:05:14,062 သဘာဝပတ်ဝန်းကျင်ဖန်တီးမှု အနုပညာတွေ လူထုထဲကို ထည့်မယ်။ 114 00:05:15,111 --> 00:05:18,845 ဒါကတော့ မနှစ်ကလုပ်ခဲ့တဲ့ လူထုအခြေပြု အနုပညာပြကွက်ပါ။ 115 00:05:18,869 --> 00:05:22,422 Sian Ka'an, Punta Allen က ဒေသခံလူငယ်တွေနဲ့ပေါ့။ 116 00:05:22,446 --> 00:05:26,072 လူထုအခြေပြုအလုပ်တွေမှာ အရေးကြီးတဲ့အချက်က ကမ်းခြေတွေသန့်ရှင်းဖို့ 117 00:05:26,096 --> 00:05:27,914 ပညာပေးလုပ်ငန်းတွေလုပ်ဖို့ 118 00:05:27,938 --> 00:05:30,471 ဒီအလုပ်တွေတိုးတက်လာရင် 119 00:05:30,495 --> 00:05:32,597 အမှိုက်သိမ်းတာတွေလည်း များလာမယ်။ 120 00:05:32,621 --> 00:05:36,007 တကယ်လည်းအကျိုးရှိမယ်ထင်တယ်။ 121 00:05:36,031 --> 00:05:37,297 နှစ်တွေကြာခဲ့ပြီးနောက်မှာ 122 00:05:37,321 --> 00:05:41,354 ကျွန်တော့်အမှိုက်တွေကို ကျွန်တော်နည်းနည်း စွဲလမ်းလာတယ်။ 123 00:05:41,378 --> 00:05:45,113 အိတ်တွေထဲထည့်ပြီး ခရီးသွားတယ်။ 124 00:05:45,137 --> 00:05:47,252 အပန်းဖြေခရီးတွေထွက်တယ်။ 125 00:05:47,276 --> 00:05:48,673 (ရယ်သံများ) 126 00:05:48,697 --> 00:05:50,586 နောက်ဆုံးအနေနဲ့ 127 00:05:50,610 --> 00:05:54,781 ဓာတ်ပုံတွေရဲ့ နှစ်ဖက်မြင်ပုံစံကနေ စပြီးခွဲထွက်ခဲ့တယ်။ 128 00:05:54,805 --> 00:05:56,908 ဒီ့အတွက် တကယ့်ကို စိတ်လှုပ်ရှားတယ်ဗျာ။ 129 00:05:56,932 --> 00:05:59,736 ဒီအနုပညာတွေဟာ အသက်ဝင်လာပြီး 130 00:05:59,760 --> 00:06:02,692 အချိန်နဲ့အမျှ တဖြည်းဖြည်းချင်း ကြီးထွားလာသလိုပဲ။ 131 00:06:02,716 --> 00:06:04,856 ကျွန်တော်ရဲ့ အကြီးဆုံးဆုတောင်းကတော့ 132 00:06:04,880 --> 00:06:08,096 ဒီအလုပ်အတွက် ကုန်ကြမ်းတွေ ကုန်သွားပါစေ လို့ပါပဲ။ 133 00:06:08,120 --> 00:06:09,399 ဒါပေမယ့် မပြည့်သေးပါဘူး။ 134 00:06:09,423 --> 00:06:11,269 နောက်ထပ် အစီအစဉ် တစ်ခုကတော့ 135 00:06:11,293 --> 00:06:13,698 ကျွန်ေတာ် လူမှုရေးအလုပ်တွေ ဆက်လုပ်သွားမယ်။ 136 00:06:13,722 --> 00:06:16,246 ကျွန်တော့်အလုပ်ကိုလည်း ပိုပြီးကြီးအောင် ဆောင်ရွက်မယ်။ 137 00:06:16,270 --> 00:06:19,017 ဘာလို့လဲဆိုတော့ ပြဿနာကိုက ကြီးတာကိုး။ 138 00:06:19,930 --> 00:06:26,243 နှစ်စဥ် အမှိုက်တန်ရှစ်သန်းဟာ သမုဒ္ဒရာထဲကို ဝင်ရောက်နေတယ်။ 139 00:06:26,267 --> 00:06:28,001 ဂေဟစနစ်တွေကို ဖျက်ဆီးနေတယ်။ 140 00:06:28,504 --> 00:06:33,651 ကျွန်တော်စကားပြောနေစဥ်လေးမှာပဲကို ဖြစ်နေတာနော်။ 141 00:06:34,170 --> 00:06:40,044 ကျွန်တော့်လုပ်ရပ်ကို အကူအညီတောင်းတဲ့ အစီအစဉ်လို့ သဘောထားတယ်။ 142 00:06:40,068 --> 00:06:42,845 ကျွန်တော်တို့ကျန်းမာရေး နဲ့ အနာဂတ်တွေဟာ ဒီသမုဒ္ဒရာတွေနဲ့ 143 00:06:42,869 --> 00:06:44,129 တကယ့်ကို ဆက်နွယ်နေတယ်လေ။ 144 00:06:44,153 --> 00:06:48,533 တက်ရေဖြင့် အမှိုက်မြေ ပြောင်းလဲခြင်း လို့သာ ခေါင်းစဥ်တပ်ခဲ့တာပါ။ 145 00:06:48,557 --> 00:06:50,391 တကယ်ပြောင်းလဲသွားတာ ကျွန်တော်ပါ။ 146 00:06:50,415 --> 00:06:53,724 ကျွန်တော့်ရဲ့ အနေအထိုင် အမူအကျင့်တွေကို ပြန်တွေးတောဆင်ခြင်မိတယ်။ 147 00:06:53,748 --> 00:06:56,974 တကယ်လို့ တခြားသူတွေလည်း အဲ့သလို သတိထားမိရင် 148 00:06:56,998 --> 00:06:58,936 သိပ်ကိုတန်ဖိုးရှိလာမှာဗျ။ 149 00:06:58,960 --> 00:07:00,111 ကျေးဇူးအများကြီးတင်ပါတယ် 150 00:07:00,135 --> 00:07:03,230 (လက်ခုပ်သံများ)