ဒါကတော့ Sian Ka'an မှာပါ။
မက္ကစီကိုက ကယ်ရစ်ဘီယန်ပင်လယ်ကမ်းရိုးတန်း၊
Tulum မြို့ တောင်ဘက်မှာပါ။
တရား၀င် သဘာ၀ဘေးမဲ့ တောတစ်ခု၊
UNESCO ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခု၊
ကမ္ဘာ့ဇီဝမျိုကွဲအများဆုံးနေရာတွေထဲက
တစ်ခုပေါ့။
ဒါပေမယ့် ၂၀၁၀ မှာ
ကျွန်တော်ရောက်သွားတော့
ကျွန်တော်အရမ်းထိတ်လန့်ပြီး
စိတ်ရှုပ်သွားရတယ်ဗျာ။
ကမ်းခြေက အမှိုက်တွေဖုံးလို့ပါလား။
သေချာကြည့်မှ ကမ္ဘာအနှံ့က
မျောလာတဲ့ အမှိုက်တွေပါလားဗျာ။
ပထမဆုံးတစ်ခေါက်ရောက်ပြီး နောက်ပိုင်း
တစ်နှစ်အတွင်း
ခဏ ခဏ ပြန်သွားခဲ့ပါတယ်။
ကျွန်တော့်မွေးရပ်မြေလည်းဖြစ်တဲ့
Sian Ka'an ကိုပေါ့။
ဒီအမှိုက်တွေနဲ့ အလုပ်လုပ်ဖို့ပါ။
နောက်ပြီး
ကျွန်တော်တို့ဟာ နိုင်ငံပေါင်း ၅၈ နိုင်ငံက
အမှိုက်တွေကို ခြေရာခံမှတ်တမ်းရခဲ့တယ်။
ကမ္ဘာ့တိုက်ကြီး ခြောက်ခုကနေ
ဒီကမ်းခြေကို မျောလာတာဗျ။
ဒီအမှိုက်ကို ဘယ်နေရာမှာပစ်ခဲ့လဲ မသိပေမဲ့
အမှတ်အသားတွေကြည့်ပြီး
ဘယ်မှာထုတ်လုပ်တယ်ဆိုတာကိုတော့ သိခဲ့တယ်။
Sian Ka'an က အမှိုက်တွေဟာ
အခုအနီရောင်ပြထားတဲ့နိုင်ငံတွေက
ထုတ်လုပ်တာပဲဗျ။
အခုလို ဟေတီကထုတ်တဲ့ ထောပတ်ဘူး အရွယ်စုံ၊
ဂျာမေကာထုတ် ရေဘူးတွေ၊
ကာရစ်ဘီယံအနီးအနား နိုင်ငံတွေကဆိုရင်တော့
အံ့သြစရာမရှိပါဘူး။
ဒါပေမဲ့ ကမ္ဘာအနှံ့ကလာတာဗျ။
ဒီမှာဆို ကမ္ဘာအနှံ့က ရေဘူးတွေ၊
ပိုဆိုးတာတစ်ခုက ကျွန်တော်တွေ့တဲ့
အမှိုက်အများအပြားဟာ
ပတ်ဝန်းကျင်သန်ံရှင်းလှပဖို့
သုံးတဲ့ပစ္စည်းတွေဖြစ်နေတာပါပဲ။
ဥပမာ ဒီအမေရိကန်ထုတ်ပစ္စည်းဆိုရင်
ပလတ်စတစ်တွေကို ကာကွယ်ဖို့
သုံးတဲ့ပစ္စည်းလေဗျာ။
(ရယ်သံများ)
တောင်ကိုရီးယားက ခေါင်းလျှော်ရည်၊
ကိုစတာရီကာက အစွန်းချွတ်ဆေး၊
နော်ဝေက အိမ်သာသန့်စင်ဆေးရည်၊
ဒီပစ္စည်းတွေအကုန်လုံး ကျွန်တော်တို့နဲ့
ရင်းနှီးပါတယ်။
အနည်းဆုံးသွားတိုက်တံတွေကတော့
ရင်းနှီးလိမ့်မယ်ထင်ပါတယ်ဗျာ။
(ရယ်သံများ)
မီးဖိုချောင်သုံးပစ္စည်းတွေ၊
အရုပ်တွေ၊
မီးလောင်ထားတဲ့ ပလတ်စတစ် အမှိုက်တွေလည်း
တွေ့ခဲ့သေးတယ်ဗျ။
ဒါတွေက ကင်ဆာဖြစ်စေတဲ့ မီးခိုးတွေလည်း
ထုတ်သေးတာနော်။
လူတွေကမေးတယ် တွေ့တာတွေထဲမှာ
ဘာက စိတ်ဝင်စားစရာ အကောင်းဆုံးလဲ။
ဒီလို ခြေတုပေါ့။
နောက်ပြီး နောက်က
ရေဗူးအဖုံးပြာလေးကို တွေ့လား။
သူ့ကိုတွေ့တုန်းကဆို
ဟားမစ်ဂဏန်းလေးက
အိမ်လုပ်ထားတာဗျ။
ချစ်စရာလေး။
(ရယ်သံများ)
(ရယ်သံများ)
လှပပြီးဆွဲဆောင်မှုရှိတဲ့ ပစ္စည်းတွေရှိသလို
ကြောက်စရာကောင်းတာတွေလည်း ရှိသဗျ။
တစ်ခုချင်းစီတိုင်းမှာ သူ့သမိုင်းနဲ့သူရယ်။
ဒါနဲ့ပဲ ကျွန်တော့် သဘာဝပတ်ဝန်းကျင်
အနုပညာဖန်တီးမှုတွေ လုပ်ဖြစ်ခဲ့တယ်။
၂၀၁၀ ဖေဖော်ဝါရီမှာ
ဒီပုံလေးနဲ့ စဖြစ်ခဲ့တယ်။
Sian Ka'an ကို
ပထမဆုံးရောက်တုန်းကပေါ့။
အပြာရောင်ဟာ ပလတ်စတစ်တွေကြားမှာ
အပေါဆုံးအရာဆိုတာ သတိထားမိတယ်။
ခရမ်းရောင်ကတော့ အရှားဆုံးပဲ
ကျွန်တော့်အတွက်ကတော့ ရွှေလိုပဲ။
အပြာက အပေါဆုံးဆိုတော့ကာ
အပြာတွေကို အရင်စုခဲ့တယ်။
နောက်ပြီး အပြာရောင်မိုးသားရှေ့မှာ
ဒီလိုလေး စီစဥ်ဖြစ်တယ်။
ကယ်ရစ်ဘီယံရေပြာပြာနဲ့အတူပေါ့။
ဓာတ်ပုံအစမ်းရိုက်ကြည့်ပြီး
မြင်လိုက်ရတာအခါမှာတော့
ကျွန်တော့ကို
မိုးကြိုးပစ်ချလိုက်တဲ့အတိုင်းပဲ။
ကျွန်တော်ပြန်လာရမယ်ဆိုတာကို
သိလိုက်တယ်။
ဒီနေရာမှာ ဖန်တီးမှုတွေ
တစီတတန်းကြီးလုပ်ဖို့
ဓာတ်ပုံရိုက်ဖို့ပေါ့။
ဆိုတော့ကာ ဒီအရာလေးဟာ
ပုံကြမ်းလေးပေ့ါဗျာ။
ကျွန်တော်သုံးနှစ်ကြာလုပ်မယ့်
အလုပ်ရဲ့ ပုံကြမ်းလေးပေါ့။
ဒါပေမယ့် ကျွန်တော်မသိတာက
နောင်ဆယ်နှစ်အကြာ
ဆယ်စုနှစ်တစ်ခုလောက်
ကျွန်တော်ဆက်လုပ်နေတာပါပဲ။
အမှိုက်ပြသာနာကလည်း
ရှိနေဆဲပါပဲ။
ဆိုတော့ကာ ပုံတချို့ကို ကျွန်တော်ပြမယ်နော်။
တက်ရေဖြင့် အမှိုက်မြေ ပြောင်းလဲခြင်း
ဆိုတဲ့ စီးရီးလေးကပေါ့။
သတိပြုစေချင်တာက
ကျွန်တော်က ဆေးမခြယ်ဘူးနော်။
လိုက်ကောက်ပြီး
အရောင်အလိုက် ခွဲခြားပြီး
သူတို့ကိုတွေ့တဲ့ ကမ်းခြေမှာတင်
စုစည်းစီစဉ်ခဲ့တာနော်။
ဒါကတော့ ၂၀၁၅ တုန်းက
ကျွန်တော်ရဲ့ အဖိုးတန်အမှိုက်ထုပ်လေးတွေပါ။
"Museo de la Basura" ကို
ပထမဆုံးစီစဥ်တုန်းကပေါ့
အမှိုက်ပြတိုက် တဲ့။
ကျွန်တော်ရည်ရွယ်ချက်ကတော့
ဒီအမှိုက်တွေကို သတိထားဖို့
အသံမြှင့်ဖို့
ဒါတွေကို အခြေခံပြီး
လူထုကိုချပြဖို့ပါပဲ။
ကျွန်တော်တို့ ကြောက်စရာပုံတွေ
မြင်ခဲ့ရပြီးပြီ။
ဗိုက်ထဲမှာ ပလတ်စတစ်တွေနဲ့
သေနေတဲ့ တိရိစ္ဆာန်တွေလေ။
ကျွန်တော်တို့တွေ
ဒါတွေကိုမြင်ဖို့ လိုပြီ။
ကိုင်တွယ်ဖို့လိုပြီ။
ဒါပေမယ့် အခုလို
ဒီအမှိုက်တွေကို လုပ်လိုက်ရင်
တချို့အပြောအရ လှလှလေးစီစဥ်လိုက်မယ်ဆိုရင်
ကြည့်ရှုသူတွေကို ဖမ်းစားနိုင်မယ်။
ကမ္ဘာ့ကြောက်မက်ဖွယ်တွေကို
မသိမမြင်ဖြစ်နေတဲ့သူတွေကို
ဘာဖြစ်နေလဲဆိုတာကို
နည်းတစ်မျိုးနဲ့ အသိပေးရာရောက်မယ်လေ။
တချို့တွေက မဟာပစိဖိတ်အမှိုက်ကန်
လို့ခေါ်ကြတဲ့နေရာဟာ
Texas ပြည်နယ်အကျယ်ရဲ့
နှစ်ဆတောင် ရှိပါတယ်။
ပြောမယ်ဆိုရင်တော့
မြင်ဖို့ရာခက်ခဲပါတယ်။
မီးခိုးတွေလို ဖြစ်နေတာကိုး။
ဒါကြောင့် ကျွန်တော့်အနုပညာထဲကနေ
ကျွန်တော်တို့ကမ္ဘာ တကယ်တမ်းဘာဖြစ်နေလဲဆိုတာ
ချပြချင်တာပါ။
မမြင်တာတွေ မြင်လာအောင်လို့ပါ။
ကျွန်တော့်မှာ ဒီအလုပ်စကတည်းက
မေးခွန်းတစ်ခုရှိနေပါတယ်။
ငါရော ဒီအမှိုက်တွေကို ပြီးရင်ဘာလုပ်မှာလဲ?
တချို့ကပြောတယ်
ဒါတွေဟာ ပျက်စီးနေပြီ တဲ့။
သမုဒ္ဒရာကြီးကို ဖြတ်လာပြီး
နေထိရေထိ ဖြစ်လာတော့
အဆင့်နိမ့်ပြီး
ပြန်သုံးလို့တောင်မရတော့ဘူးပေါ့လေ။
မြေဖို့ပစ်ဖို့ကလည်း မလုပ်ချင်ပြန်ဘူး။
နောက်ကျွန်တော်ဆုံးဖြတ်လိုက်တယ်။
ကျွန်တော့်အလုပ်တွေပြီးရင်
တခြားသူတွေက ကူညီကြတာတွေနဲ့
အမှိုက်တွေကောက်မယ်၊ စုမယ်၊ ရှင်းမယ်၊
ပြီးရင် သိမ်းထားမယ်ဗျာ။
ဒီအတိုင်းပဲ
သုံးမယ်၊ အခါခါပြန်သုံးမယ်၊
အနုပညာတွေဖန်တီးမယ်၊
သဘာဝပတ်ဝန်းကျင်ဖန်တီးမှု အနုပညာတွေ
လူထုထဲကို ထည့်မယ်။
ဒါကတော့ မနှစ်ကလုပ်ခဲ့တဲ့
လူထုအခြေပြု အနုပညာပြကွက်ပါ။
Sian Ka'an, Punta Allen က
ဒေသခံလူငယ်တွေနဲ့ပေါ့။
လူထုအခြေပြုအလုပ်တွေမှာ အရေးကြီးတဲ့အချက်က
ကမ်းခြေတွေသန့်ရှင်းဖို့
ပညာပေးလုပ်ငန်းတွေလုပ်ဖို့
ဒီအလုပ်တွေတိုးတက်လာရင်
အမှိုက်သိမ်းတာတွေလည်း များလာမယ်။
တကယ်လည်းအကျိုးရှိမယ်ထင်တယ်။
နှစ်တွေကြာခဲ့ပြီးနောက်မှာ
ကျွန်တော့်အမှိုက်တွေကို
ကျွန်တော်နည်းနည်း စွဲလမ်းလာတယ်။
အိတ်တွေထဲထည့်ပြီး ခရီးသွားတယ်။
အပန်းဖြေခရီးတွေထွက်တယ်။
(ရယ်သံများ)
နောက်ဆုံးအနေနဲ့
ဓာတ်ပုံတွေရဲ့ နှစ်ဖက်မြင်ပုံစံကနေ
စပြီးခွဲထွက်ခဲ့တယ်။
ဒီ့အတွက် တကယ့်ကို စိတ်လှုပ်ရှားတယ်ဗျာ။
ဒီအနုပညာတွေဟာ အသက်ဝင်လာပြီး
အချိန်နဲ့အမျှ
တဖြည်းဖြည်းချင်း ကြီးထွားလာသလိုပဲ။
ကျွန်တော်ရဲ့ အကြီးဆုံးဆုတောင်းကတော့
ဒီအလုပ်အတွက် ကုန်ကြမ်းတွေ
ကုန်သွားပါစေ လို့ပါပဲ။
ဒါပေမယ့် မပြည့်သေးပါဘူး။
နောက်ထပ် အစီအစဉ် တစ်ခုကတော့
ကျွန်ေတာ် လူမှုရေးအလုပ်တွေ ဆက်လုပ်သွားမယ်။
ကျွန်တော့်အလုပ်ကိုလည်း ပိုပြီးကြီးအောင်
ဆောင်ရွက်မယ်။
ဘာလို့လဲဆိုတော့ ပြဿနာကိုက
ကြီးတာကိုး။
နှစ်စဥ် အမှိုက်တန်ရှစ်သန်းဟာ
သမုဒ္ဒရာထဲကို ဝင်ရောက်နေတယ်။
ဂေဟစနစ်တွေကို ဖျက်ဆီးနေတယ်။
ကျွန်တော်စကားပြောနေစဥ်လေးမှာပဲကို
ဖြစ်နေတာနော်။
ကျွန်တော့်လုပ်ရပ်ကို
အကူအညီတောင်းတဲ့ အစီအစဉ်လို့ သဘောထားတယ်။
ကျွန်တော်တို့ကျန်းမာရေး နဲ့ အနာဂတ်တွေဟာ
ဒီသမုဒ္ဒရာတွေနဲ့
တကယ့်ကို ဆက်နွယ်နေတယ်လေ။
တက်ရေဖြင့် အမှိုက်မြေ ပြောင်းလဲခြင်း
လို့သာ ခေါင်းစဥ်တပ်ခဲ့တာပါ။
တကယ်ပြောင်းလဲသွားတာ ကျွန်တော်ပါ။
ကျွန်တော့်ရဲ့ အနေအထိုင် အမူအကျင့်တွေကို
ပြန်တွေးတောဆင်ခြင်မိတယ်။
တကယ်လို့ တခြားသူတွေလည်း
အဲ့သလို သတိထားမိရင်
သိပ်ကိုတန်ဖိုးရှိလာမှာဗျ။
ကျေးဇူးအများကြီးတင်ပါတယ်
(လက်ခုပ်သံများ)