နက်ရိှုင်းလှတဲ့ ရေအောက်တိုင်းပြည်ကြီးမှာ အင်အားကြီးမားလှတဲ့ နဂါးဘုရင်ကြီးတွေ ကြောက်ဒူးတုန်ခဲ့ကြဖူးတယ်။ သူတို ့ရှေ ့က မျောက်မင်း စွန်းဝူခုန်း ခုန်ဆွခုန်ဆွနဲ ့့ ဖြတ်သွားခဲ့ရင်ပေါ့။ ဒဏ္ဍာရီလာပြဿနာသမားဟာ ကျောက်တုံးထဲက ပေါက်ဖွားလာပြီး နတ်မှော်ပညာကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ မျောက်မင်းဟာ အဲဒီအချိန်က နဂါးဘုရင်ရဲ့ တန်ဖိုးအထားရဆုံး လက်နက်တဝင့်ဝင့်နဲ ့ပေါ့့။ ဒီမှော်တောင်ဝှေးဟာ ရေကြီးနေချိန်မှာတောင် ရေအနက်ကို တိုင်းလို ့ရလောက်အောင် ရှည်လျားပြီး ယခုအခါမှာတော့ မျောက်မင်း အမိန် ့ကိုနာခံကာ သူထိလိုက်တာနဲ ့ ကျုံ ့ဝင်သွားပါတယ်။ ဒီစိတ်ရှုပ်ထွေးစရာကောင်းတဲ့ စွမ်းအားကို ကြောက်တာကြောင့် နဂါးတွေက လိုလိုလားလားပဲ စွန်းဝူခုန်းဆီမှာ တောင်ဝှေးသိမ်းထားစေတယ်။ မျောက်မင်းက အဲဒီလက်နက်ကို ယူသွားပြီးတော့ သူ ့တိုင်းပြည်ကို ရွှင်မြူးစွာ ပြန်လာကာ ဒီရတနာကို သူ ့အမျိုးအနွယ် မျောက်တွေကိုပြခဲ့တယ်။ အထိန်းအကွပ်မဲ့ အောင်ပွဲခံအပြီးမှာ စွန်းဝူခုန်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ ဒါပေမဲ့ သူအိပ်မက်မက်တဲ့အခါမှာ အရာနှစ်ခုကို အမြန်ပဲ သတိထားမိခဲ့တယ်။ ပထမတစ်ခုကတော့ ဒါဟာ သာမန်အတိုင်း အိပ်ပျော်သွားတာ မဟုတ်ဘူးဆိုတာဖြစ်ပြီး ဒုတိယကတော့ သူတစ်ယောက်တည်းရှိနေတာ မဟုတ်ဘူးဆိုတာပဲ ဖြစ်တယ်။ ချက်ချင်းပဲ ထိတ်လန် ့ဖွယ်ပုဂ္ဂိုလ်နှစ်ဦးက သူ ့ကို ဖမ်းကိုင်ထားတာ သိလိုက်ရတယ်။ ပထမတော့ စွန်းဝူခုန်းဟာ သူ့ကိုဖမ်းတဲ့သူတွေက ဘယ်သူလဲဆိုတာ မသိခဲ့ပါဘူး။ မျောက်မင်းကို သူတို ့မြို ့အဝင် ဂိတ်ဝကို ဆွဲခေါ်သွားတဲ့ အခါမှသာ စွန်းဝူခုန်းဟာ အသက်အန္တရာယ်ရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီလို ့ သဘောပေါက်သွားပါတယ်။ သူတို ့ တွေဟာ သေသူတွေကို သေခြင်းတိုင်းပြည်ကို ပို ့ဆောင်ပေးတဲ့ သေမင်းတမန်တွေဖြစ်ပါတယ်။ သေခြင်းတိုင်းပြည်ကို ယမမင်းတွေ အုပ်စိုးတာဖြစ်ပြီး သူတို ့တွေက ဝိညာဉ်တွေကို ညှာတာမှုမရှိစွာ ထိတ်လန် ့ဖွယ်ကောင်းတဲ့ ပြစ်ဒဏ်တွေပေးပါတယ်။ အခုဆိုရင် မျောက်မင်းဟာ သေခြင်းတိုင်းပြည်ရဲ ့ ရှေ ့ကိုရောက်နေပြီ။ သူဟာ ယမမင်းရဲ ့ နန်းတော်နဲ ့ နိုင်ဟေးမြစ်ပေါ်က ဒဏ္ဍာရီလာတံတားကို တွေ ့နေရပါပြီ။ အမယ်အိုတစ်ယောက်က တံတားကိုတာဝန်ယူပြီး ထိုက်တန်တဲ့ ဝိညာဉ်တွေကို စွပ်ပြုတ်တစ်ခွက်တိုက်ပါတယ်။ စွပ်ပြုတ်ကိုသောက်ပြီးတဲ့အခါမှာ ဝိညာဉ်တွေဟာ သူတို ့အတိတ်ဘဝကိုမေ့သွားပြီး နောက်ဘဝပုံစံအသစ်တစ်ခုအနေနဲ ့ ကမ္ဘာကြီးဆီ ပြန်လည်ပို ့ဆောင်ခံရပါတယ်။ အောက်ဘက်မှာကတော့ ပြန်လည်ရှင်သန်ဖို ့ မထိုက်တန်တဲ့ ဝိညာဉ်တွေရှိပါတယ်။ အခန်းတွေနဲ ့ ရှပ်ထွေးလှတဲ့ ဝင်္ကပါကြီးမှာ ကံဆိုးတဲ့ ဝိညာဉ်တွေက အဆုံးမရှိတဲ့ ငရဲခန်းထဲမှာ အပြစ်ဒဏ်ခံကြရတယ်။ ချွန်ထက်တဲ့ဓားတွေ ထွက်နေတဲ့ တောင်တွေ၊ သွေးကန်တွေ နဲ ့ ဆီပူအိုးတွေလိုပေါ့။ ဒါပေမယ့် စွန်းဝူခုန်းက ညှင်းပန်းခံရမှာရော နောက်ဘဝရောက်မှာကိုရော လက်မခံဘူး။ သေမင်းတမန်တွေက သူ ့ကို တံခါးဝဆီ ဆွဲသွားစဉ်မှာပဲ မျောက်မင်းက တောင်ဝှေးကို ဆတ်ကနဲယူလိုက်ပြီး ဖမ်းကိုင်ထားတဲ့ကြားက လွှဲယမ်းထွက်သွားတယ်။ သူ ့ရဲ ့တိုက်ပွဲခေါ်သံနဲ ့ လက်နက်ရိုက်ခတ်သံဟာ မြေအောက်ကမ္ဘာတစ်ခုလုံးကို ပဲ့တင်ဟိန်းသွားပါတယ်။ အနှောင့်အယှက်ကို အာရုံခံမိတဲ့ ယမမင်းဆယ်ပါးက သူ ့ကို ဆင်းတိုက်ကြတယ်။ ဒါပေမဲ့ ဝိညာဉ်တစ်ခုဆီက ဒီလိုခုခံမှုမျိုး တစ်ခါမှ မကြုံဖူးကြဘူး။ ဒီပုံမှန်မဟုတ်တဲ့ သတ္တဝါက ဘာများလဲ။ သူက သေမျိုးလား၊ နတ်တစ်ပါးလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား။ သေဆုံးခြင်း နှင့် ရှင်သန်ခြင်းကျမ်းကို ယမမင်းတွေ ကြည့်ခဲ့တယ်။ သတ္တဝါတွေသေမယ့် အချိန်ကိုပြတဲ့ စာအုပ်ထူကြီးပေါ့။ ဒီထူးဆန်းတဲ့အရာဟာ ဘယ်အမျိုးအစားမှာ ပါဝင်လဲဆိုတာမသိတဲ့အခါမှာ စွန်းဝူခုန်းအကြောင်းကို ရှာဖွေရာမှာ နတ်မင်းတွေ အကျပ်ရိုက်ခဲ့ကြတယ်။ ဒါပေမဲ့ မျောက်မင်းက ဘယ်မှာကြည့်ရမလဲဆိုတာ သိပါတယ်။ ကံမကောင်းချင်တော့ ဒီမှတ်တမ်းတွေက ယမမင်းရဲ ့ယူဆချက်နဲ ့ ကိုက်ညီနေတယ်။ အချိန်ဇယားထဲမှာ စွန်းဝူခုန်းက အဲဒီညမှာပဲ သေရတော့မှာဖြစ်တယ်။ ဒါပေမဲ့ မျောက်မင်းက မစိုးရိမ်ပါဘူး။ သူဟာ ကံကြမ္မာကို လွှဲရှောင်လာတာ တစ်ကြိမ်မကတော့ပါ။ ဉာဏ်ပညာ နဲ ့ စွမ်းအားကို ရှာဖွေခဲ့ကတည်းကပေါ့။ သူ ့အတိတ်က တော်လှန်ပုန်ကန်မှုတွေကနေ ပုံသဏ္ဍာန်မျိုးစုံပြောင်းနိုင်စွမ်း၊ အရှိန်နဲ ့ တိမ်စီးနိုင်စွမ်းတွေ ရရှိခဲ့ပြီး မှော်ပညာနဲ ့ သိုင်းပညာကိုအသုံးချကာ သူ ့ရဲ ့မျိုးနွယ်စုကို အုပ်စိုးခဲ့တယ်။ အခုအကြပ်အတည်းမှု သူအခွင့်အလမ်းတစ်ခုကိုထပ်တွေ ့ခဲ့တယ်။ သူ ့ရဲ ့လျင်မြန်လှတဲ့ လက်ချောင်းတွေနဲ ့ ကျမ်းစာအုပ်ထဲကနေ သူ ့နာမည်ကိုဖျက်လိုက်တယ်။ ယမမင်းတွေ မတုန် ့ပြန်နိုင်သေးခင်မှာပဲ သူ ့အမျိုးအနွယ်ဝင် မျောက်တွေရဲ ့ နာမည်တွေကိုလည်း ဖျက်ပစ်လိုက်တယ်။ သေခြင်းကနေ လွတ်မြောက်လာပြီးနောက် စွန်းဝူခုန်းဟာ မြေအောက်ကမ္ဘာမှ ထွက်ခွာရာ လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့တယ်။ ဒေါသထွက်နေတဲ့ နတ်တွေအုပ်လိုက်ကို သူဟာ ကျင်လည်စွာ အနိုင်ယူနိုင်ခဲ့တယ်။ သေခြင်းတိုင်းပြည်ကနေ မထွက်ရသေးခင် လမ်းမှာပေါ့။ သူမြေပြင်ကို ထိလုနီးပါးမှာပဲ စွန်းဝူခုန်းဟာ အိပ်ရာမှ ရုတ်တရက်နိုးလာတယ်။ အစကတော့ သူဟာ ဒီခရီးကို အိပ်မက်မက်နေတယ်ပဲ ထင်ခဲ့တယ်။ ဒါပေမယ့် မျောက်မင်းဟာ ထာဝရအသက်ရှင်နိုင်စွမ်းက ခေါင်းဖျားကနေ အမြီးဖျားထိ တလိမ့်လိမ့်ဆင်းနေတာ ခံစားမိနေတယ်။ သူဟာ ကြွေးကြော်၍ စစ်သည်တွေကို နှိုးပြီး စွန် ့စားမှုအကြောင်း ပြောခဲ့တယ်။ ပြီးတော့့ နောက်ထပ်တစ်ခါ အောင်ပွဲခံခဲ့ကြပါတယ်။