1 00:00:09,377 --> 00:00:11,987 နက်ရိှုင်းလှတဲ့ ရေအောက်တိုင်းပြည်ကြီးမှာ 2 00:00:11,987 --> 00:00:14,967 အင်အားကြီးမားလှတဲ့ နဂါးဘုရင်ကြီးတွေ ကြောက်ဒူးတုန်ခဲ့ကြဖူးတယ်။ 3 00:00:18,196 --> 00:00:23,166 သူတို ့ရှေ ့က မျောက်မင်း စွန်းဝူခုန်း ခုန်ဆွခုန်ဆွနဲ ့့ ဖြတ်သွားခဲ့ရင်ပေါ့။ 4 00:00:25,099 --> 00:00:28,219 ဒဏ္ဍာရီလာပြဿနာသမားဟာ ကျောက်တုံးထဲက ပေါက်ဖွားလာပြီး 5 00:00:28,219 --> 00:00:30,363 နတ်မှော်ပညာကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ 6 00:00:30,363 --> 00:00:35,514 မျောက်မင်းဟာ အဲဒီအချိန်က နဂါးဘုရင်ရဲ့ တန်ဖိုးအထားရဆုံး လက်နက်တဝင့်ဝင့်နဲ ့ပေါ့့။ 7 00:00:35,514 --> 00:00:37,144 ဒီမှော်တောင်ဝှေးဟာ 8 00:00:37,144 --> 00:00:40,970 ရေကြီးနေချိန်မှာတောင် ရေအနက်ကို တိုင်းလို ့ရလောက်အောင် ရှည်လျားပြီး 9 00:00:40,970 --> 00:00:44,960 ယခုအခါမှာတော့ မျောက်မင်း အမိန် ့ကိုနာခံကာ သူထိလိုက်တာနဲ ့ ကျုံ ့ဝင်သွားပါတယ်။ 10 00:00:44,960 --> 00:00:47,680 ဒီစိတ်ရှုပ်ထွေးစရာကောင်းတဲ့ စွမ်းအားကို ကြောက်တာကြောင့် 11 00:00:47,680 --> 00:00:52,644 နဂါးတွေက လိုလိုလားလားပဲ စွန်းဝူခုန်းဆီမှာ တောင်ဝှေးသိမ်းထားစေတယ်။ 12 00:00:52,644 --> 00:00:55,014 မျောက်မင်းက အဲဒီလက်နက်ကို ယူသွားပြီးတော့ 13 00:00:55,014 --> 00:00:58,350 သူ ့တိုင်းပြည်ကို ရွှင်မြူးစွာ ပြန်လာကာ 14 00:00:58,350 --> 00:01:00,664 ဒီရတနာကို သူ ့အမျိုးအနွယ် မျောက်တွေကိုပြခဲ့တယ်။ 15 00:01:00,664 --> 00:01:02,675 အထိန်းအကွပ်မဲ့ အောင်ပွဲခံအပြီးမှာ 16 00:01:02,675 --> 00:01:06,075 စွန်းဝူခုန်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ 17 00:01:06,075 --> 00:01:07,795 ဒါပေမဲ့ သူအိပ်မက်မက်တဲ့အခါမှာ 18 00:01:07,795 --> 00:01:10,990 အရာနှစ်ခုကို အမြန်ပဲ သတိထားမိခဲ့တယ်။ 19 00:01:10,990 --> 00:01:15,010 ပထမတစ်ခုကတော့ ဒါဟာ သာမန်အတိုင်း အိပ်ပျော်သွားတာ မဟုတ်ဘူးဆိုတာဖြစ်ပြီး 20 00:01:15,010 --> 00:01:18,780 ဒုတိယကတော့ သူတစ်ယောက်တည်းရှိနေတာ မဟုတ်ဘူးဆိုတာပဲ ဖြစ်တယ်။ 21 00:01:18,780 --> 00:01:23,530 ချက်ချင်းပဲ ထိတ်လန် ့ဖွယ်ပုဂ္ဂိုလ်နှစ်ဦးက သူ ့ကို ဖမ်းကိုင်ထားတာ သိလိုက်ရတယ်။ 22 00:01:23,530 --> 00:01:27,026 ပထမတော့ စွန်းဝူခုန်းဟာ သူ့ကိုဖမ်းတဲ့သူတွေက ဘယ်သူလဲဆိုတာ မသိခဲ့ပါဘူး။ 23 00:01:27,026 --> 00:01:30,020 မျောက်မင်းကို သူတို ့မြို ့အဝင် ဂိတ်ဝကို ဆွဲခေါ်သွားတဲ့ အခါမှသာ 24 00:01:30,020 --> 00:01:33,960 စွန်းဝူခုန်းဟာ အသက်အန္တရာယ်ရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီလို ့ သဘောပေါက်သွားပါတယ်။ 25 00:01:33,960 --> 00:01:37,682 သူတို ့ တွေဟာ သေသူတွေကို သေခြင်းတိုင်းပြည်ကို ပို ့ဆောင်ပေးတဲ့ 26 00:01:37,682 --> 00:01:39,822 သေမင်းတမန်တွေဖြစ်ပါတယ်။ 27 00:01:39,822 --> 00:01:42,112 သေခြင်းတိုင်းပြည်ကို ယမမင်းတွေ အုပ်စိုးတာဖြစ်ပြီး 28 00:01:42,112 --> 00:01:46,542 သူတို ့တွေက ဝိညာဉ်တွေကို ညှာတာမှုမရှိစွာ ထိတ်လန် ့ဖွယ်ကောင်းတဲ့ ပြစ်ဒဏ်တွေပေးပါတယ်။ 29 00:01:49,051 --> 00:01:53,321 အခုဆိုရင် မျောက်မင်းဟာ သေခြင်းတိုင်းပြည်ရဲ ့ ရှေ ့ကိုရောက်နေပြီ။ 30 00:01:53,321 --> 00:01:55,745 သူဟာ ယမမင်းရဲ ့ နန်းတော်နဲ ့ 31 00:01:55,745 --> 00:01:59,021 နိုင်ဟေးမြစ်ပေါ်က ဒဏ္ဍာရီလာတံတားကို တွေ ့နေရပါပြီ။ 32 00:01:59,021 --> 00:02:00,806 အမယ်အိုတစ်ယောက်က တံတားကိုတာဝန်ယူပြီး 33 00:02:00,806 --> 00:02:04,236 ထိုက်တန်တဲ့ ဝိညာဉ်တွေကို စွပ်ပြုတ်တစ်ခွက်တိုက်ပါတယ်။ 34 00:02:04,236 --> 00:02:07,596 စွပ်ပြုတ်ကိုသောက်ပြီးတဲ့အခါမှာ ဝိညာဉ်တွေဟာ သူတို ့အတိတ်ဘဝကိုမေ့သွားပြီး 35 00:02:07,596 --> 00:02:10,852 နောက်ဘဝပုံစံအသစ်တစ်ခုအနေနဲ ့ ကမ္ဘာကြီးဆီ ပြန်လည်ပို ့ဆောင်ခံရပါတယ်။ 36 00:02:10,852 --> 00:02:14,814 အောက်ဘက်မှာကတော့ ပြန်လည်ရှင်သန်ဖို ့ မထိုက်တန်တဲ့ ဝိညာဉ်တွေရှိပါတယ်။ 37 00:02:14,814 --> 00:02:17,024 အခန်းတွေနဲ ့ ရှပ်ထွေးလှတဲ့ ဝင်္ကပါကြီးမှာ 38 00:02:17,024 --> 00:02:21,034 ကံဆိုးတဲ့ ဝိညာဉ်တွေက အဆုံးမရှိတဲ့ ငရဲခန်းထဲမှာ အပြစ်ဒဏ်ခံကြရတယ်။ 39 00:02:21,034 --> 00:02:27,168 ချွန်ထက်တဲ့ဓားတွေ ထွက်နေတဲ့ တောင်တွေ၊ သွေးကန်တွေ နဲ ့ ဆီပူအိုးတွေလိုပေါ့။ 40 00:02:27,168 --> 00:02:32,591 ဒါပေမယ့် စွန်းဝူခုန်းက ညှင်းပန်းခံရမှာရော နောက်ဘဝရောက်မှာကိုရော လက်မခံဘူး။ 41 00:02:32,591 --> 00:02:35,641 သေမင်းတမန်တွေက သူ ့ကို တံခါးဝဆီ ဆွဲသွားစဉ်မှာပဲ 42 00:02:35,641 --> 00:02:40,501 မျောက်မင်းက တောင်ဝှေးကို ဆတ်ကနဲယူလိုက်ပြီး ဖမ်းကိုင်ထားတဲ့ကြားက လွှဲယမ်းထွက်သွားတယ်။ 43 00:02:40,501 --> 00:02:42,768 သူ ့ရဲ ့တိုက်ပွဲခေါ်သံနဲ ့ လက်နက်ရိုက်ခတ်သံဟာ 44 00:02:42,768 --> 00:02:45,011 မြေအောက်ကမ္ဘာတစ်ခုလုံးကို ပဲ့တင်ဟိန်းသွားပါတယ်။ 45 00:02:45,011 --> 00:02:48,940 အနှောင့်အယှက်ကို အာရုံခံမိတဲ့ ယမမင်းဆယ်ပါးက သူ ့ကို ဆင်းတိုက်ကြတယ်။ 46 00:02:48,940 --> 00:02:52,000 ဒါပေမဲ့ ဝိညာဉ်တစ်ခုဆီက ဒီလိုခုခံမှုမျိုး တစ်ခါမှ မကြုံဖူးကြဘူး။ 47 00:02:52,000 --> 00:02:54,295 ဒီပုံမှန်မဟုတ်တဲ့ သတ္တဝါက ဘာများလဲ။ 48 00:02:54,295 --> 00:02:57,935 သူက သေမျိုးလား၊ နတ်တစ်ပါးလား၊ ဒါမှမဟုတ် တခြားတစ်ခုခုလား။ 49 00:02:57,935 --> 00:03:00,795 သေဆုံးခြင်း နှင့် ရှင်သန်ခြင်းကျမ်းကို ယမမင်းတွေ ကြည့်ခဲ့တယ်။ 50 00:03:00,795 --> 00:03:04,565 သတ္တဝါတွေသေမယ့် အချိန်ကိုပြတဲ့ စာအုပ်ထူကြီးပေါ့။ 51 00:03:04,565 --> 00:03:08,335 ဒီထူးဆန်းတဲ့အရာဟာ ဘယ်အမျိုးအစားမှာ ပါဝင်လဲဆိုတာမသိတဲ့အခါမှာ 52 00:03:08,335 --> 00:03:12,075 စွန်းဝူခုန်းအကြောင်းကို ရှာဖွေရာမှာ နတ်မင်းတွေ အကျပ်ရိုက်ခဲ့ကြတယ်။ 53 00:03:12,075 --> 00:03:15,337 ဒါပေမဲ့ မျောက်မင်းက ဘယ်မှာကြည့်ရမလဲဆိုတာ သိပါတယ်။ 54 00:03:15,337 --> 00:03:19,345 ကံမကောင်းချင်တော့ ဒီမှတ်တမ်းတွေက ယမမင်းရဲ ့ယူဆချက်နဲ ့ ကိုက်ညီနေတယ်။ 55 00:03:19,345 --> 00:03:24,101 အချိန်ဇယားထဲမှာ စွန်းဝူခုန်းက အဲဒီညမှာပဲ သေရတော့မှာဖြစ်တယ်။ 56 00:03:24,101 --> 00:03:26,311 ဒါပေမဲ့ မျောက်မင်းက မစိုးရိမ်ပါဘူး။ 57 00:03:27,766 --> 00:03:30,686 သူဟာ ကံကြမ္မာကို လွှဲရှောင်လာတာ တစ်ကြိမ်မကတော့ပါ။ 58 00:03:30,686 --> 00:03:32,911 ဉာဏ်ပညာ နဲ ့ စွမ်းအားကို ရှာဖွေခဲ့ကတည်းကပေါ့။ 59 00:03:32,911 --> 00:03:36,821 သူ ့အတိတ်က တော်လှန်ပုန်ကန်မှုတွေကနေ ပုံသဏ္ဍာန်မျိုးစုံပြောင်းနိုင်စွမ်း၊ 60 00:03:36,821 --> 00:03:39,068 အရှိန်နဲ ့ တိမ်စီးနိုင်စွမ်းတွေ ရရှိခဲ့ပြီး 61 00:03:39,068 --> 00:03:42,591 မှော်ပညာနဲ ့ သိုင်းပညာကိုအသုံးချကာ သူ ့ရဲ ့မျိုးနွယ်စုကို အုပ်စိုးခဲ့တယ်။ 62 00:03:42,591 --> 00:03:46,731 အခုအကြပ်အတည်းမှု သူအခွင့်အလမ်းတစ်ခုကိုထပ်တွေ ့ခဲ့တယ်။ 63 00:03:46,731 --> 00:03:48,874 သူ ့ရဲ ့လျင်မြန်လှတဲ့ လက်ချောင်းတွေနဲ ့ 64 00:03:48,874 --> 00:03:51,961 ကျမ်းစာအုပ်ထဲကနေ သူ ့နာမည်ကိုဖျက်လိုက်တယ်။ 65 00:03:51,961 --> 00:03:53,901 ယမမင်းတွေ မတုန် ့ပြန်နိုင်သေးခင်မှာပဲ 66 00:03:53,901 --> 00:03:58,191 သူ ့အမျိုးအနွယ်ဝင် မျောက်တွေရဲ ့ နာမည်တွေကိုလည်း ဖျက်ပစ်လိုက်တယ်။ 67 00:04:00,831 --> 00:04:03,781 သေခြင်းကနေ လွတ်မြောက်လာပြီးနောက် 68 00:04:03,781 --> 00:04:07,561 စွန်းဝူခုန်းဟာ မြေအောက်ကမ္ဘာမှ ထွက်ခွာရာ လမ်းတစ်လျှောက် တိုက်ခိုက်ခဲ့တယ်။ 69 00:04:07,561 --> 00:04:11,286 ဒေါသထွက်နေတဲ့ နတ်တွေအုပ်လိုက်ကို သူဟာ ကျင်လည်စွာ အနိုင်ယူနိုင်ခဲ့တယ်။ 70 00:04:11,286 --> 00:04:14,119 သေခြင်းတိုင်းပြည်ကနေ မထွက်ရသေးခင် လမ်းမှာပေါ့။ 71 00:04:14,119 --> 00:04:20,105 သူမြေပြင်ကို ထိလုနီးပါးမှာပဲ စွန်းဝူခုန်းဟာ အိပ်ရာမှ ရုတ်တရက်နိုးလာတယ်။ 72 00:04:20,105 --> 00:04:23,025 အစကတော့ သူဟာ ဒီခရီးကို အိပ်မက်မက်နေတယ်ပဲ ထင်ခဲ့တယ်။ 73 00:04:23,025 --> 00:04:26,331 ဒါပေမယ့် မျောက်မင်းဟာ ထာဝရအသက်ရှင်နိုင်စွမ်းက 74 00:04:26,331 --> 00:04:29,676 ခေါင်းဖျားကနေ အမြီးဖျားထိ တလိမ့်လိမ့်ဆင်းနေတာ ခံစားမိနေတယ်။ 75 00:04:29,676 --> 00:04:34,622 သူဟာ ကြွေးကြော်၍ စစ်သည်တွေကို နှိုးပြီး စွန် ့စားမှုအကြောင်း ပြောခဲ့တယ်။ 76 00:04:34,622 --> 00:04:37,562 ပြီးတော့့ နောက်ထပ်တစ်ခါ အောင်ပွဲခံခဲ့ကြပါတယ်။