1 00:00:08,119 --> 00:00:11,229 ကြွက်သားတွေနဲ့ အဆစ်တွေ ရွေ့သွားပြီး တွန်းတိုက်ကုန်ပါတယ် 2 00:00:11,229 --> 00:00:16,658 နှလုံးခုန်ပိုမြန်တယ်​၊သွေးကြောတွေကို ဖြတ်ကာ သွေးကတဝေါဝေါ 3 00:00:16,658 --> 00:00:21,028 ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်မှာ ဟော်မုန်းပေါင်းစုံက လှုံ့ဆော်မှုကြောင့် 4 00:00:21,028 --> 00:00:23,514 ကိုယ်တွင်း ကလီစာတိုင်းပြောင်းလဲသွားတယ်။ 5 00:00:23,514 --> 00:00:26,937 ဒီပြောင်းလဲမှုတွေဟာ ကိုယ်ဝန်စရှိလာတာနဲ့ ဖြစ်ပေါ်လာပါတယ်။ 6 00:00:30,384 --> 00:00:36,238 မျိုးဥအောင်ပြီး ရက်ပိုင်းအတွင်းမှာပဲ သားလောင်းဟာ သားအိမ်နံရံမှာ အမြစ်တွယ်တယ်။ 7 00:00:36,238 --> 00:00:39,608 မိခင်ရဲ့ DNAနဲ့ အတိအကျ မတူညီတာကြောင့် 8 00:00:39,608 --> 00:00:43,510 သီအိုရီအားဖြင့် ခုခံအားစနစ်က သန္ဓေသားကို ကျူးကျော်သူအဖြစ် မှတ်ယူပြီး 9 00:00:43,510 --> 00:00:48,417 ဘက်တီးရီးယား(သို့) ဘေးဖြစ်စေတဲ​့အခြား ပိုးမွှားတွေလို တိုက်ခိုက် ဖျက်ဆီးပါတယ်။ 10 00:00:48,417 --> 00:00:51,577 ဒါက စိန်ခေါ််မှု တစ်ခုပါပဲ။ မိခင်ရဲ့ ကိုယ်ခံအားစနစ်ဟာ 11 00:00:51,577 --> 00:00:57,083 သူမကိုရော သန္ဓေသားကိုပါ ကာကွယ်ဖို့ လိုပေမဲ့ လုပ်နေကျအတိုင်း လုပ်လို့မဖြစ်ပါ။ 12 00:00:57,083 --> 00:01:01,053 ဒါက ကိုယ်ခံအားစနစ်ကို လျှော့ချလိုက်တာ မျိုးလောက် မရိုးရှင်းပါဘူး။ 13 00:01:01,053 --> 00:01:06,144 ဒီအစား ကျွန်မတို့ အခုမှ နားလည်စပြုလာတဲ့ ရှုပ်ထွေးတဲ့ အပြန်အလှန်သက်ရောက်မှုတစ်ခုပါ။ 14 00:01:06,144 --> 00:01:08,984 ကိုယ်ခံအားစနစ်ရဲ့ အမျိုးမျိုမျိုးသော ဆဲလ်တွေ ပါဝင်လာပါတယ်။ 15 00:01:08,984 --> 00:01:13,523 အချို့ဟာ သန္ဓေသားကို အခြားသော ကိုယ်ခံအား ဆဲလ်တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးတယ်။ 16 00:01:15,977 --> 00:01:20,537 ခန္ဓာကိုယ်က သားအိမ်ခေါင်းမှာ အချွဲတွေနဲ့ လုပ်တဲ့ ဘက်တီးရီးယားကာကွယ်တဲ့အဆို့လုပ်တယ် 17 00:01:20,537 --> 00:01:24,512 ဒါက မီးဖွားချိန်ထိ ပိုးမွှားများ မဝင်အောင် တားဆီးပေးပါတယ်။ 18 00:01:24,512 --> 00:01:26,096 ကိုယ်ဝန်ရင့်လာနဲ့ အမျှ 19 00:01:26,096 --> 00:01:30,076 သားအိမ်ဟာ သန္ဓေသားနဲ့အတူ အပေါ်ဘက်နဲ့ ဘေးဘက်ကို ကြီးထွားလာပါတယ်။ 20 00:01:30,076 --> 00:01:33,806 နေရာဖန်တီးဖို့ progesterone နဲ့ relaxin ဟော်မုန်းတွေက 21 00:01:33,806 --> 00:01:36,347 ကြွတ်သားတွေကို ပြေလျော့အောင် အချက်ပေးပါတယ်။ 22 00:01:36,347 --> 00:01:41,208 အစာနဲ့ အညစ်အကြေးတွေကို အစာခြေလမ်းကြောင်း တစ်လျှောက် တွန်းပို့တဲ့ ကြွက်သားတွေက 23 00:01:41,208 --> 00:01:42,638 ပြေလျော့ကာ ဒါက လေးကန်စေပါတယ်။ 24 00:01:42,638 --> 00:01:46,777 အစာခြေလမ်းကြောင်းတစ်လျှောက် စီးဆင်းမှု နှေးသွားလို့ ဝမ်းချုပ်တာ ဖြစ်လာပါတယ်။ 25 00:01:46,777 --> 00:01:48,826 အစာအိမ်ထိပ်က လျော့ရဲနေတဲ့ ကြွက်သားတွေက 26 00:01:48,826 --> 00:01:52,147 အစာရေမြိုပြွန်နဲ့ လည်ချောင်းထဲကို အစာခြေရည်‌တွေ တက်စေလာတာကြောင့် 27 00:01:52,147 --> 00:01:54,347 ရင်ပူတာနဲ့ လေချဥ်တက်တာတွေ ဖြစ်လာပါတယ်။ 28 00:01:54,347 --> 00:01:56,607 ဒါတွေက ကိုယ်ဝန်ရှိစ ပျို့အန်တာကိုပိုဆိုးနိုင်တယ် 29 00:01:56,607 --> 00:02:03,121 HCG ဟော်မုန်းကြောင့် တစ်စိတ်တစ်ပိုင်း ဖြစ်ကာ အခ​ြားအချိန်တွေမှာပါ ဖြစ်နိုင်တယ် 30 00:02:03,121 --> 00:02:06,091 သားအိမ်ကြီးလာတာနဲ့ အမျှ အသက်ရှုတိုင်းမှာ ရင်ဘက်ကို ကျုံ့လိုက် 31 00:02:06,091 --> 00:02:10,487 ဆန့်လိုက်လုပ်ပေးတဲ့ ရင်ဝမ်းခြား ကြွက်သားကို တွန်းတင်ပါတယ်။ 32 00:02:10,487 --> 00:02:12,917 ဒါက ရင်ဝမ်းခြားကြွက်သားရဲ့ နယ်ပယ်ကို ကန့်သတ်တယ်။ 33 00:02:12,917 --> 00:02:17,592 ဒါကို ကုစားဖို့ progesterone ဟော်မုန်းက အသက်ရှုနှုန်းမြန်လာအောင် လုပ်ပေးလို့ 34 00:02:17,592 --> 00:02:21,317 ကိုယ်ဝန်ဆောင်မိခင်ကို အသက်မြန်မြန်ှ ရှူစေခြင်းဖြင့်မိခင်ရော က‌လေးပါ 35 00:02:21,317 --> 00:02:25,122 အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျသွားပေမဲ့ oxygen အလုံအလောက်ရအောင် လုပ်ပေးနိုင်တယ်။ 36 00:02:25,122 --> 00:02:29,222 ဒါတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်ဟာ အသက်ရှူ မဝတာ ဖြစ်လာနိုင်ပါတယ်။ 37 00:02:29,222 --> 00:02:32,702 တစ်ချိန်ထဲမှာပဲ ကျောက်ကပ်တွေက erythropoietin ပိုထုတ်ပါတယ်။ 38 00:02:32,702 --> 00:02:35,812 ဒီဟော်မုန်းက သွေးနီဥထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ 39 00:02:38,901 --> 00:02:43,690 ကျောက်ကပ်တွေက ရေနဲ့ဆား အပိုတွေကို ဆီးထဲကို မစွန့်ထုတ်ဘဲ သိမ်းထားပြီး 40 00:02:43,690 --> 00:02:46,420 သွေးပမာဏ များလာအောင် လုပ်ပါတယ်။ 41 00:02:46,420 --> 00:02:50,892 ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ သွေးပမာဏဟာ ၅၀%ကျော် တိုးလာပါတယ်။ 42 00:02:50,892 --> 00:02:52,399 ဒါပေမယ့် သွေးက ကျဲနေပါတယ်။ 43 00:02:52,399 --> 00:02:56,384 ဘာလို့လဲဆိုတော့ သွေးနီဥတွေကတော့ ၂၅%ပဲ တိုးလာလို့ပါ။ 44 00:02:56,384 --> 00:03:00,214 ပုံမှန်ကတော့ သွေးနီဥတွေ လုပ်ဖို့ လိုတဲ့ သံဓါတ်ကို အစားအစာကနေ ရပါတယ်။ 45 00:03:00,214 --> 00:03:04,154 ကိုယ်ဝန်ဆောင်ချိန်မှာတော့ သန္ဓေသားကလဲ သူ့ သွေးအတွက် လိုအပ်တာတွေကို 46 00:03:04,154 --> 00:03:06,014 အမေရဲ့ အာဟာရကနေ ရယူနေတာကြောင့် 47 00:03:06,014 --> 00:03:09,284 မိခင်အတွက် သံဓါတ်နဲ့ အာဟာရ ရရှိမှုက လျော့နည်းသွားပါတယ်။ 48 00:03:09,284 --> 00:03:12,304 နှလုံးက ဒီသွေးအများကြီးကို တစ်ကိုယ်လုံးနဲ့ အချင်းထိ ရောက်အောင် 49 00:03:12,304 --> 00:03:14,444 အလုပ်တွေ အများကြီး ပိုလုပ်ရပါတယ်။ 50 00:03:14,444 --> 00:03:16,834 ကိုယ်ဝန်ဆောင်မိခင်မှာ နှလုံးခုန်နှုန်း မြန်လာပေမဲ့ 51 00:03:16,834 --> 00:03:21,334 ကျန်းမာတဲ့ ကိုယ်ဝန်မှာ သွေးပေါင်ချိန် ပြောင်းလဲပုံကို အသေအချာမသိသေးပါ။ 52 00:03:21,334 --> 00:03:23,401 ဒါဟာ အရေးကြီးတဲ့ သုတေသန နယ်ပယ်တစ်ခုပါ။ 53 00:03:23,401 --> 00:03:25,904 အကြောင်းက ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတချို့က 54 00:03:25,904 --> 00:03:29,274 နှလုံး၊သွေးပေါင်ချိန်တို့နဲ့ ဆက်စပ်နေလို့ပါ။ 55 00:03:29,274 --> 00:03:31,921 ကြီးလာတဲ့ သားအိမ်ဟာ သွေးပြန်ကြောတွေကို ဖိမိလာတာကြောင့် 56 00:03:31,921 --> 00:03:35,191 ခြေထောက်နဲ့ခြေဖဝါးတွေမှာ အရည်တွေ စုလာစေပါတယ်။ 57 00:03:35,191 --> 00:03:38,851 ခန္ဓာကိုယ် အောက်ဘက်မှာ ရှိတဲ့ သွေးပြန်ကြောမကြီးကို ဖိမိပါက 58 00:03:38,851 --> 00:03:41,949 နှလုံးကို ပြန်သွားတဲ့ သွေးတွေကို အနှောင့်အယှက်ဖြစ်စေကာ 59 00:03:41,949 --> 00:03:46,608 ကြာကြာမတ်တပ်ရပ်ပြီးရင် သွေးပေါင်ကျပြီး မူးတာမျိုး ဖြစ်လာစေနိုင်ပါတယ်။ 60 00:03:46,608 --> 00:03:51,220 ဒီပြောင်းလဲမှုတွေထဲက တစ်ချို့က မီးမဖွားခင်မှာတင် ပုံမှန် ပြန်ဖြစ်ပါတယ်။ 61 00:03:51,220 --> 00:03:54,670 မီးဖွားလုလုအချိန်မှာ သန္ဓေသားဟာ အောက်ကို ဆင်းလာတာကြောင့် 62 00:03:54,670 --> 00:03:56,941 ရင်ဝမ်းခြားကြွက်သားပေါ်မှာ ရှိနေတဲ့ ဖိအား 63 00:03:56,941 --> 00:04:00,911 လျော့ကျသွားပြီး မိခင်ဟာ အသက်ဝဝရှူလို့ ရနိုင်ပါတယ်။ 64 00:04:00,911 --> 00:04:02,491 မီးဖွားနေစဥ်အတွင်းမှာ 65 00:04:02,491 --> 00:04:05,721 ရေမွှာပေါက်သွားတာနဲ့ ခန္ဓာကိုယ်ထဲက အရည်ပိုအများစုဟာ ထွက်သွားပါတယ်။ 66 00:04:08,612 --> 00:04:13,232 မီးဖွားပြီး ရက်သတ္တပတ်အတွင်းမှာပဲ သားအိမ်ဟာ ပြန်ရှုံ့သွားပါတယ်။ 67 00:04:13,232 --> 00:04:16,545 ကိုယ်ဝန်‌ဆောင်ခြင်းက ခန္ဓာအပိုင်း တွေလိုပဲ ဦးနှောက်ကိုပါ သက်ရောက်တယ် 68 00:04:16,545 --> 00:04:20,246 ဒါပေမယ့် ဒီသက်ရောက်မှုတွေအကြောင်းကို သိပ် မသိကြရသေးပါဘူး။ 69 00:04:20,246 --> 00:04:23,096 လတ်တလော သုတေသနတွေက ကိုယ်ဝန်ဆောင်ပြီးချိန်နဲ့ 70 00:04:23,096 --> 00:04:25,606 မိခင်ဖြစ်ခါစမှာ ဦးနှောက်ပုံရိပ်တွေ မတူကြောင်း ပြသပြီး 71 00:04:25,606 --> 00:04:28,706 ဒီပြောင်းလဲမှုတွေဟာ လိုက်လျောညီထွေ ပြုပြင်နိုင်တာကို ညွှန်းတယ်။ 72 00:04:28,706 --> 00:04:31,736 ဒါတွေက ကလေးတွေကို ပျိုးထောင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ 73 00:04:31,736 --> 00:04:37,505 ဥပမာ ကလေးတွေက စကားမပြောတတ်တော့ မျက်နှာရိပ်ကို ဖတ်နိုင်စွမ်းတိုးတာတစ်ခုပါ 74 00:04:37,505 --> 00:04:41,085 ကိုယ်ဝန်ဆောင်မှုရဲ့ ဦးနှောက်ပေါ် သက်ရောက်မှုအကြောင်း သိပ်မသိသေးတာက 75 00:04:41,085 --> 00:04:47,174 သမိုင်းတစ်လျှောက် ကိုယ်ဝန်ဆောင်မှု အကြောင်း သုတေသနအကုန်နီးပါးဟာ 76 00:04:47,174 --> 00:04:51,044 မိခင်ထက် သန္ဓေသားပေါ်မှာ အာရုံစိုက်ခဲ့တဲ့ ယေဘူယျ အမှန်တရားကို မီးမောင်းထိုးပြတယ် 77 00:04:51,044 --> 00:04:53,775 ကိုယ်ဝန်ဆောင်အတွေ့အကြုံတွေက ကျန်းမာတဲ့ကိုယ်ဝန်ဆောင်တွေရော 78 00:04:53,775 --> 00:04:56,245 မကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တွေမှာပါ များစွာခြားနားတယ်။ 79 00:04:56,245 --> 00:05:01,711 သုတေသနအသစ်တွေကနေ ဒါတွေ ဘာလို့ဖြစ်တယ် ဆိုတာကို နားလည်လာနိုင်ပြီး 80 00:05:01,711 --> 00:05:05,271 လိုအပ်ပါက ထိရောက်တဲ့ ကုသမှုတွေ ပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။ 81 00:05:05,271 --> 00:05:08,545 လက်ရှိအချိန်မှာတော့ ကိုယ်ဝန်ဆောင်တစ်ဦးချင်းဟာ မတူညီဘဲ 82 00:05:08,545 --> 00:05:12,269 အသေးစိတ် မေးခွန်းတွေ ရှိလာရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ 83 00:05:13,189 --> 00:05:16,779 ယနေ့အချိန်မှာတော့ စိတ်လှုပ်ရှားဖွယ် အချိုးအကွေ့အဖြစ် 84 00:05:16,779 --> 00:05:21,723 ကိုယ်ဝန်ဆောင်ခြင်းရဲ့ အံဖွယ် ဇီဝဖြစ်စဥ်ကို ပိုမို အလေးထား လေ့လာနေကြပါပြီ။