ကြွက်သားတွေနဲ့ အဆစ်တွေ ရွေ့သွားပြီး
တွန်းတိုက်ကုန်ပါတယ်
နှလုံးခုန်ပိုမြန်တယ်၊သွေးကြောတွေကို
ဖြတ်ကာ သွေးကတဝေါဝေါ
ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်မှာ
ဟော်မုန်းပေါင်းစုံက လှုံ့ဆော်မှုကြောင့်
ကိုယ်တွင်း ကလီစာတိုင်းပြောင်းလဲသွားတယ်။
ဒီပြောင်းလဲမှုတွေဟာ ကိုယ်ဝန်စရှိလာတာနဲ့
ဖြစ်ပေါ်လာပါတယ်။
မျိုးဥအောင်ပြီး ရက်ပိုင်းအတွင်းမှာပဲ
သားလောင်းဟာ သားအိမ်နံရံမှာ အမြစ်တွယ်တယ်။
မိခင်ရဲ့ DNAနဲ့ အတိအကျ မတူညီတာကြောင့်
သီအိုရီအားဖြင့် ခုခံအားစနစ်က သန္ဓေသားကို
ကျူးကျော်သူအဖြစ် မှတ်ယူပြီး
ဘက်တီးရီးယား(သို့) ဘေးဖြစ်စေတဲ့အခြား
ပိုးမွှားတွေလို တိုက်ခိုက် ဖျက်ဆီးပါတယ်။
ဒါက စိန်ခေါ််မှု တစ်ခုပါပဲ။
မိခင်ရဲ့ ကိုယ်ခံအားစနစ်ဟာ
သူမကိုရော သန္ဓေသားကိုပါ ကာကွယ်ဖို့
လိုပေမဲ့ လုပ်နေကျအတိုင်း လုပ်လို့မဖြစ်ပါ။
ဒါက ကိုယ်ခံအားစနစ်ကို လျှော့ချလိုက်တာ
မျိုးလောက် မရိုးရှင်းပါဘူး။
ဒီအစား ကျွန်မတို့ အခုမှ နားလည်စပြုလာတဲ့
ရှုပ်ထွေးတဲ့ အပြန်အလှန်သက်ရောက်မှုတစ်ခုပါ။
ကိုယ်ခံအားစနစ်ရဲ့ အမျိုးမျိုမျိုးသော
ဆဲလ်တွေ ပါဝင်လာပါတယ်။
အချို့ဟာ သန္ဓေသားကို အခြားသော ကိုယ်ခံအား
ဆဲလ်တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးတယ်။
ခန္ဓာကိုယ်က သားအိမ်ခေါင်းမှာ အချွဲတွေနဲ့
လုပ်တဲ့ ဘက်တီးရီးယားကာကွယ်တဲ့အဆို့လုပ်တယ်
ဒါက မီးဖွားချိန်ထိ ပိုးမွှားများ
မဝင်အောင် တားဆီးပေးပါတယ်။
ကိုယ်ဝန်ရင့်လာနဲ့ အမျှ
သားအိမ်ဟာ သန္ဓေသားနဲ့အတူ အပေါ်ဘက်နဲ့
ဘေးဘက်ကို ကြီးထွားလာပါတယ်။
နေရာဖန်တီးဖို့ progesterone နဲ့
relaxin ဟော်မုန်းတွေက
ကြွတ်သားတွေကို ပြေလျော့အောင်
အချက်ပေးပါတယ်။
အစာနဲ့ အညစ်အကြေးတွေကို အစာခြေလမ်းကြောင်း
တစ်လျှောက် တွန်းပို့တဲ့ ကြွက်သားတွေက
ပြေလျော့ကာ ဒါက လေးကန်စေပါတယ်။
အစာခြေလမ်းကြောင်းတစ်လျှောက် စီးဆင်းမှု
နှေးသွားလို့ ဝမ်းချုပ်တာ ဖြစ်လာပါတယ်။
အစာအိမ်ထိပ်က
လျော့ရဲနေတဲ့ ကြွက်သားတွေက
အစာရေမြိုပြွန်နဲ့ လည်ချောင်းထဲကို
အစာခြေရည်တွေ တက်စေလာတာကြောင့်
ရင်ပူတာနဲ့ လေချဥ်တက်တာတွေ
ဖြစ်လာပါတယ်။
ဒါတွေက ကိုယ်ဝန်ရှိစ
ပျို့အန်တာကိုပိုဆိုးနိုင်တယ်
HCG ဟော်မုန်းကြောင့် တစ်စိတ်တစ်ပိုင်း
ဖြစ်ကာ အခြားအချိန်တွေမှာပါ ဖြစ်နိုင်တယ်
သားအိမ်ကြီးလာတာနဲ့ အမျှ အသက်ရှုတိုင်းမှာ
ရင်ဘက်ကို ကျုံ့လိုက်
ဆန့်လိုက်လုပ်ပေးတဲ့ ရင်ဝမ်းခြား
ကြွက်သားကို တွန်းတင်ပါတယ်။
ဒါက ရင်ဝမ်းခြားကြွက်သားရဲ့
နယ်ပယ်ကို ကန့်သတ်တယ်။
ဒါကို ကုစားဖို့ progesterone ဟော်မုန်းက
အသက်ရှုနှုန်းမြန်လာအောင် လုပ်ပေးလို့
ကိုယ်ဝန်ဆောင်မိခင်ကို အသက်မြန်မြန်ှ
ရှူစေခြင်းဖြင့်မိခင်ရော ကလေးပါ
အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျသွားပေမဲ့
oxygen အလုံအလောက်ရအောင် လုပ်ပေးနိုင်တယ်။
ဒါတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်ဟာ
အသက်ရှူ မဝတာ ဖြစ်လာနိုင်ပါတယ်။
တစ်ချိန်ထဲမှာပဲ ကျောက်ကပ်တွေက
erythropoietin ပိုထုတ်ပါတယ်။
ဒီဟော်မုန်းက သွေးနီဥထုတ်လုပ်မှုကို
မြှင့်တင်ပေးပါတယ်။
ကျောက်ကပ်တွေက ရေနဲ့ဆား အပိုတွေကို
ဆီးထဲကို မစွန့်ထုတ်ဘဲ သိမ်းထားပြီး
သွေးပမာဏ များလာအောင် လုပ်ပါတယ်။
ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ သွေးပမာဏဟာ
၅၀%ကျော် တိုးလာပါတယ်။
ဒါပေမယ့် သွေးက ကျဲနေပါတယ်။
ဘာလို့လဲဆိုတော့ သွေးနီဥတွေကတော့ ၂၅%ပဲ
တိုးလာလို့ပါ။
ပုံမှန်ကတော့ သွေးနီဥတွေ လုပ်ဖို့ လိုတဲ့
သံဓါတ်ကို အစားအစာကနေ ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာတော့ သန္ဓေသားကလဲ
သူ့ သွေးအတွက် လိုအပ်တာတွေကို
အမေရဲ့ အာဟာရကနေ ရယူနေတာကြောင့်
မိခင်အတွက် သံဓါတ်နဲ့ အာဟာရ ရရှိမှုက
လျော့နည်းသွားပါတယ်။
နှလုံးက ဒီသွေးအများကြီးကို
တစ်ကိုယ်လုံးနဲ့ အချင်းထိ ရောက်အောင်
အလုပ်တွေ အများကြီး ပိုလုပ်ရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်မှာ နှလုံးခုန်နှုန်း
မြန်လာပေမဲ့
ကျန်းမာတဲ့ ကိုယ်ဝန်မှာ သွေးပေါင်ချိန်
ပြောင်းလဲပုံကို အသေအချာမသိသေးပါ။
ဒါဟာ အရေးကြီးတဲ့ သုတေသန
နယ်ပယ်တစ်ခုပါ။
အကြောင်းက ပြင်းထန်တဲ့
နောက်ဆက်တွဲ ဆိုးကျိုးတချို့က
နှလုံး၊သွေးပေါင်ချိန်တို့နဲ့
ဆက်စပ်နေလို့ပါ။
ကြီးလာတဲ့ သားအိမ်ဟာ သွေးပြန်ကြောတွေကို
ဖိမိလာတာကြောင့်
ခြေထောက်နဲ့ခြေဖဝါးတွေမှာ
အရည်တွေ စုလာစေပါတယ်။
ခန္ဓာကိုယ် အောက်ဘက်မှာ ရှိတဲ့
သွေးပြန်ကြောမကြီးကို ဖိမိပါက
နှလုံးကို ပြန်သွားတဲ့ သွေးတွေကို
အနှောင့်အယှက်ဖြစ်စေကာ
ကြာကြာမတ်တပ်ရပ်ပြီးရင် သွေးပေါင်ကျပြီး
မူးတာမျိုး ဖြစ်လာစေနိုင်ပါတယ်။
ဒီပြောင်းလဲမှုတွေထဲက တစ်ချို့က
မီးမဖွားခင်မှာတင် ပုံမှန် ပြန်ဖြစ်ပါတယ်။
မီးဖွားလုလုအချိန်မှာ သန္ဓေသားဟာ
အောက်ကို ဆင်းလာတာကြောင့်
ရင်ဝမ်းခြားကြွက်သားပေါ်မှာ ရှိနေတဲ့ ဖိအား
လျော့ကျသွားပြီး မိခင်ဟာ
အသက်ဝဝရှူလို့ ရနိုင်ပါတယ်။
မီးဖွားနေစဥ်အတွင်းမှာ
ရေမွှာပေါက်သွားတာနဲ့ ခန္ဓာကိုယ်ထဲက
အရည်ပိုအများစုဟာ ထွက်သွားပါတယ်။
မီးဖွားပြီး ရက်သတ္တပတ်အတွင်းမှာပဲ
သားအိမ်ဟာ ပြန်ရှုံ့သွားပါတယ်။
ကိုယ်ဝန်ဆောင်ခြင်းက ခန္ဓာအပိုင်း
တွေလိုပဲ ဦးနှောက်ကိုပါ သက်ရောက်တယ်
ဒါပေမယ့် ဒီသက်ရောက်မှုတွေအကြောင်းကို
သိပ် မသိကြရသေးပါဘူး။
လတ်တလော သုတေသနတွေက
ကိုယ်ဝန်ဆောင်ပြီးချိန်နဲ့
မိခင်ဖြစ်ခါစမှာ ဦးနှောက်ပုံရိပ်တွေ
မတူကြောင်း ပြသပြီး
ဒီပြောင်းလဲမှုတွေဟာ လိုက်လျောညီထွေ
ပြုပြင်နိုင်တာကို ညွှန်းတယ်။
ဒါတွေက ကလေးတွေကို ပျိုးထောင်ရာမှာ
အထောက်အကူပြုနိုင်ပါတယ်။
ဥပမာ ကလေးတွေက စကားမပြောတတ်တော့
မျက်နှာရိပ်ကို ဖတ်နိုင်စွမ်းတိုးတာတစ်ခုပါ
ကိုယ်ဝန်ဆောင်မှုရဲ့ ဦးနှောက်ပေါ်
သက်ရောက်မှုအကြောင်း သိပ်မသိသေးတာက
သမိုင်းတစ်လျှောက် ကိုယ်ဝန်ဆောင်မှု
အကြောင်း သုတေသနအကုန်နီးပါးဟာ
မိခင်ထက် သန္ဓေသားပေါ်မှာ အာရုံစိုက်ခဲ့တဲ့
ယေဘူယျ အမှန်တရားကို မီးမောင်းထိုးပြတယ်
ကိုယ်ဝန်ဆောင်အတွေ့အကြုံတွေက
ကျန်းမာတဲ့ကိုယ်ဝန်ဆောင်တွေရော
မကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တွေမှာပါ
များစွာခြားနားတယ်။
သုတေသနအသစ်တွေကနေ ဒါတွေ ဘာလို့ဖြစ်တယ်
ဆိုတာကို နားလည်လာနိုင်ပြီး
လိုအပ်ပါက ထိရောက်တဲ့ ကုသမှုတွေ
ပေးနိုင်ဖို့ ကူညီနိုင်ပါလိမ့်မယ်။
လက်ရှိအချိန်မှာတော့
ကိုယ်ဝန်ဆောင်တစ်ဦးချင်းဟာ မတူညီဘဲ
အသေးစိတ် မေးခွန်းတွေ ရှိလာရင်
ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးပါတယ်။
ယနေ့အချိန်မှာတော့
စိတ်လှုပ်ရှားဖွယ် အချိုးအကွေ့အဖြစ်
ကိုယ်ဝန်ဆောင်ခြင်းရဲ့ အံဖွယ် ဇီဝဖြစ်စဥ်ကို
ပိုမို အလေးထား လေ့လာနေကြပါပြီ။