1 00:00:09,034 --> 00:00:11,641 ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ 2 00:00:12,056 --> 00:00:15,374 အမြွာညီအစ်ကိုတစ်ယောက်နဲ့ အတူတူကြီးပြင်းခဲ့ပါတယ်။ 3 00:00:15,374 --> 00:00:19,555 အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ အခုဆိုရင် ဘက်လိုက်ခြင်းကိုရှာဖွေတဲ့နေရာမှာ 4 00:00:20,053 --> 00:00:22,140 ဆရာတစ်ဆူဖြစ်နေပါပြီ။ 5 00:00:22,778 --> 00:00:28,500 သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက်နည်းနည်းလေး ပိုကြီးနေခဲ့ရင် ကျွန်တော်မှာမေးခွန်းမေးစရာ 6 00:00:28,800 --> 00:00:31,271 တွေများကြီးရှိနေတယ် ဒါပေမယ့်ဆာနေလို့တော့မဟုတ်ပါဘူး 7 00:00:32,564 --> 00:00:35,235 (ရယ်သံများ) 8 00:00:35,235 --> 00:00:37,360 ကျွန်တော်စိတ်ပညာရှင်တစ်ယောက် ဖြစ်လာတော့ 9 00:00:37,360 --> 00:00:40,434 သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို စတင်သတိထားမိလာတယ် 10 00:00:41,146 --> 00:00:45,817 ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက် ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။ 11 00:00:46,283 --> 00:00:51,448 ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက် တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။ 12 00:00:52,340 --> 00:00:56,554 လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး 13 00:00:56,554 --> 00:01:00,483 အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး 14 00:01:02,778 --> 00:01:05,454 တကယ်တော့ ကျွန်တော့်လိပ်စာကဒ်ကို ဒီလိုရေးထားသင့်တာ 15 00:01:05,501 --> 00:01:08,307 (ရယ်သံများ) 16 00:01:09,372 --> 00:01:13,621 ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက် ဘက်လိုက်အသားပေးနေတာကို 17 00:01:13,621 --> 00:01:15,417 ကျွန်တော်နေရာတိုင်းမှာတွေ့ပါတယ် 18 00:01:15,691 --> 00:01:18,077 ဟိုတလောတုန်းက သူငယ်ချင်းတစ်ယောက်အိမ်ကိုရောက်တော့ 19 00:01:18,077 --> 00:01:20,559 သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ် 20 00:01:20,559 --> 00:01:23,982 ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ ခုံပေါ် မတ်တပ်ရပ်သွားတိုက်နေတုန်း 21 00:01:23,982 --> 00:01:27,661 ခုံပေါ်ကချော်ကျပြီး သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ် 22 00:01:27,874 --> 00:01:30,797 ကလေးက ခဏလောက်ငိုသွားပါတယ် နောက် ပြန်ထလာတယ်။ 23 00:01:30,797 --> 00:01:34,743 ခုံပေါ်ပြန်တက်ပြီး အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ် 24 00:01:34,743 --> 00:01:37,256 အနာကပ်ပလာစတာတစ်ခုယူပြီး သူ့အနာပေါ်ကပ်လိုက်တယ် 25 00:01:37,573 --> 00:01:41,392 ကောင်းလေးက ဖိနပ်ကြိုးကို ချည်ချင်မှ ချည်တတ်လိမ့်မယ် 26 00:01:41,392 --> 00:01:45,590 ဒါပေမယ့် သူကအနာကိုအုပ်ထားရမယ်ဆိုတာ သိပါတယ် ဒါမှ အနာပိုးမဝင်မှာလေ 27 00:01:45,590 --> 00:01:49,425 နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့ တစ်နေ့နှစ်ကြိမ်သွားတိုက်တယ် 28 00:01:49,425 --> 00:01:52,605 ကျွန်တော်တို့ဟာကိုယ်ခန္ဓာကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ် 29 00:01:52,605 --> 00:01:55,658 သွားကျန်းမာရေးအတွက်ဘယ်လိုပြုမူရမယ်ဆိုတာ သိကြပါတယ် ဟုတ်တယ်ဟုတ်? 30 00:01:55,658 --> 00:01:58,998 ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက ဒါတွေကိုသိခဲ့ကြတယ် 31 00:01:58,998 --> 00:02:03,905 ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။ 32 00:02:04,056 --> 00:02:06,178 အဖြေကတော့ ရှင်းပါတယ်။ မသိခဲ့ပါဘူး။ 33 00:02:06,178 --> 00:02:09,568 ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက် ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။ 34 00:02:10,920 --> 00:02:12,402 ဘာမှမသင်ကြားပေးပါဘူး။ 35 00:02:12,967 --> 00:02:15,639 စိတ်ကိုဂရုစိုက်တာထက် သွားကိုဂရုစိုက်တဲ့အချိန်တွေ 36 00:02:15,639 --> 00:02:19,087 ပိုများနေတော့ဘာဖြစ်လဲ။ 37 00:02:20,385 --> 00:02:24,762 စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက် ကိုယ်ခန္ဓာကျန်းမာရေးက 38 00:02:24,762 --> 00:02:27,599 ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။ 39 00:02:27,913 --> 00:02:30,703 ကျွန်တော်တို့ဟာ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေထက် 40 00:02:30,703 --> 00:02:33,249 စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ် 41 00:02:33,249 --> 00:02:36,930 စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ် 42 00:02:36,930 --> 00:02:39,804 အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ် 43 00:02:40,055 --> 00:02:43,266 ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ သိသိသာသာထိခိုက်နိုင်ပါတယ် 44 00:02:43,266 --> 00:02:47,750 အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့ အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော 45 00:02:47,750 --> 00:02:52,656 နည်းလမ်းတွေရှိတာတောင်မှ ကျွန်တော်တို့အသုံးပြုဖို့ဝန်လေးနေကြပါတယ်။ 46 00:02:53,377 --> 00:02:56,715 ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း ဖြစ်မလာတတ်ပါဘူး။ 47 00:02:56,966 --> 00:03:01,517 "အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ" 48 00:03:01,517 --> 00:03:04,555 ခြေကျိုးနေတဲ့သူတစ်ယောက်ကို သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။ 49 00:03:04,555 --> 00:03:07,759 "လမ်းလျှောက်လိုက်စမ်းပါ၊ ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ" လို့ 50 00:03:07,759 --> 00:03:10,008 (ရယ်သံများ) 51 00:03:10,008 --> 00:03:15,208 ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့ ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။ 52 00:03:15,271 --> 00:03:18,310 ကိုယ်ခန္ဓာ နဲ့ စိတ်ကျန်းမာရေးကို တန်းတူထားဖို့အချိန်ကျပါပြီ။ 53 00:03:18,310 --> 00:03:20,513 အမြွာတွေလိုပေါ့ 54 00:03:21,349 --> 00:03:24,999 ပြောရင်းနဲ့မှ ကျွန်တော့် အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ 55 00:03:25,013 --> 00:03:28,096 ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့ 56 00:03:28,096 --> 00:03:29,952 (ရယ်သံများ) 57 00:03:29,952 --> 00:03:31,963 ကျွန်တော်တို့က တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး 58 00:03:31,963 --> 00:03:35,822 ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက 59 00:03:36,190 --> 00:03:39,012 စိတ်ပညာပါရဂူဘွဲ့အတွက် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး 60 00:03:39,012 --> 00:03:41,756 နယူးယောက်မြို့ကိုသွားရတာပါပဲ 61 00:03:41,756 --> 00:03:44,690 ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ် ခွဲခွာရခြင်းဖြစ်ခဲ့တယ် 62 00:03:44,690 --> 00:03:48,071 အဲ့လိုခွဲခွာရခြင်းဟာ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ် 63 00:03:48,447 --> 00:03:51,542 ဒါပေမယ့် သူကတော့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ် 64 00:03:51,542 --> 00:03:54,185 ကျွန်တော်တော့တခြားနိုင်ငံမှာ တစ်ယောက်တည်း ဖြစ်လို့ 65 00:03:54,185 --> 00:03:56,453 ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး အရမ်းလွမ်းကြပါတယ် 66 00:03:56,453 --> 00:03:59,473 သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက စျေးကြီးတော့ 67 00:03:59,473 --> 00:04:03,778 ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို ၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ် 68 00:04:04,738 --> 00:04:06,456 ကျွန်တော်တို့မွေးနေ့ရောက်လာတော့ 69 00:04:06,456 --> 00:04:08,826 ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့ 70 00:04:08,826 --> 00:04:10,216 ဒါကြောင့် ပုံအောပြီးဖုန်းကို 71 00:04:10,216 --> 00:04:13,575 ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ် ဆုံးဖြတ်ကြတယ် 72 00:04:13,575 --> 00:04:16,250 မနက်ခင်းကျတော့ အခန်းထဲမှာ ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း 73 00:04:16,250 --> 00:04:18,043 သူဖုန်းခေါ်လာမှာကိုစောင့်နေတယ် 74 00:04:18,043 --> 00:04:19,771 စောင့်နေတယ်... 75 00:04:20,415 --> 00:04:22,045 စောင့်နေတယ်... 76 00:04:22,045 --> 00:04:23,985 ဒါပေမယ့်ဖုန်းမလာခဲ့ပါဘူး 77 00:04:23,985 --> 00:04:26,136 စံတော်ချိန်ကွာနေလို့ ကျွန်တော်ဒီလိုယူဆလိုက်တယ် 78 00:04:26,136 --> 00:04:28,808 "အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ နေမှာ ပြီးရင်သူဆက်မှာပေါ့" 79 00:04:28,808 --> 00:04:31,456 ဖုန်းမရှိသေးလို့နေမှာပါ လို့ 80 00:04:31,456 --> 00:04:33,271 ဒါပေမယ့် သူ့ဆီကဖုန်းမလာပါဘူး။ 81 00:04:33,271 --> 00:04:38,082 ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး ကျွန်တော်စတင်သတိထားမိတာလာက 82 00:04:38,082 --> 00:04:41,421 ကျွန်တော်လွမ်းနေသလောက် သူမလွမ်းဘူးဆိုတာပဲ 83 00:04:42,173 --> 00:04:44,525 မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမယ့် 84 00:04:44,525 --> 00:04:49,602 အဲ့ညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့ အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ် 85 00:04:50,580 --> 00:04:52,678 နောက်နေ့မနက်အိပ်ရာနိုးလာပြီး 86 00:04:52,678 --> 00:04:54,874 ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ 87 00:04:54,874 --> 00:04:57,621 မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း ဖုန်းကြိုးကိုတိုက်မိသွားတာ 88 00:04:57,621 --> 00:04:59,959 တွေ့လိုက်တယ် 89 00:05:00,850 --> 00:05:02,657 အိပ်ရာကနေချက်ချင်းထ 90 00:05:02,657 --> 00:05:04,428 ဖုန်းကြိုးကိုပြန်တပ်ပြီးမကြာပါဘူး 91 00:05:04,428 --> 00:05:06,012 ၁စက္ကန့်ကြာတော့ ဖုန်းမြည်လာတယ် 92 00:05:06,012 --> 00:05:09,331 ကျွန်တော့်ညီဆီကဖုန်းပေါ့ ဟုတ်တယ် ဒီကောင်မူးများမူးနေလားမသိဘူး 93 00:05:09,331 --> 00:05:11,528 (ရယ်သံများ) 94 00:05:11,528 --> 00:05:14,968 သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့ အကြာဆုံးသောညဖြစ်ခဲ့တာပဲ။ 95 00:05:14,968 --> 00:05:17,560 ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့ ကြိုးစားနေတုန်းသူက 96 00:05:17,560 --> 00:05:20,650 "ငါဖုန်းမခေါ်မှန်းသိရင် မင်းကဘာလို့ ငါ့ဆီကိုဖုန်းမဆက်လာတာလဲ 97 00:05:20,718 --> 00:05:24,892 ငါနားမလည်ဘူး" လို့ပြောတယ် 98 00:05:25,399 --> 00:05:27,031 သူမှန်တယ်လေ 99 00:05:27,031 --> 00:05:29,038 ကျွန်တော်ဘာလို့သူဆီ ဖုန်းမဆက်ခဲ့မိပါလိမ့်? 100 00:05:29,397 --> 00:05:34,518 ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။သို့သော် ဒီနေ့တော့ဖြေနိုင်ပါပြီ၊ ရိုးရိုးလေးပါပဲ။ 101 00:05:35,298 --> 00:05:37,411 အထီးကျန်ဆန်မှု 102 00:05:38,082 --> 00:05:41,926 အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ် 103 00:05:42,069 --> 00:05:44,225 အဲ့ဒဏ်ရာက အသိအမြင်တွေဝေ၀ါးစေတယ် 104 00:05:44,225 --> 00:05:46,652 အတွေးအခေါ်တွေ ရောထွေးစေတယ် 105 00:05:46,652 --> 00:05:48,002 အထီးကျန်ဆန်တာဟာ ပတ်ဝန်းကျင်က 106 00:05:48,002 --> 00:05:51,892 တကယ်ဂရုစိုက်ပေမယ့်ငါတို့ကိုဂရုမစိုက်ဘူး လို့ငါတို့စိတ်ကိုအယုံသွင်းပါတယ် 107 00:05:51,892 --> 00:05:54,476 အထီးကျန်ဆန်တာက သင့်နှလုံးသားကိုခံနိုင်တာထက်ပိုပြီး 108 00:05:54,476 --> 00:05:58,613 နာကျင်လာရတဲ့အခါ ငြင်းဆန်မှုတွေ စိတ်နှလုံးပူဆွေးမှုတွေက 109 00:05:58,613 --> 00:06:02,268 သင့်ကိုလွမ်းခြုံလိုက်တော့ လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ် 110 00:06:02,473 --> 00:06:05,538 ကျွန်တော်ဟာတကယ်ကို အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့် 111 00:06:05,538 --> 00:06:08,203 အချိန်တိုင်းလူတွေက ကျွန်တော့်အနားမှာရှိပေးနေကြတယ် 112 00:06:08,203 --> 00:06:10,345 ဒါကြောင့် လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူးပေါ့ 113 00:06:10,345 --> 00:06:14,051 သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ် အဓိပ္ပာယ်ဖွင့်ကြည့်တော့ 114 00:06:14,657 --> 00:06:17,932 အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို 115 00:06:17,932 --> 00:06:21,415 ခံစားချက်အရ သို့ လူမှုရေးအရ အဆက်အသွယ်ဖြတ်တောက်တာပါပဲ 116 00:06:21,415 --> 00:06:23,226 ကျွန်တော်လည်းလုပ်ခဲ့တယ် 117 00:06:23,689 --> 00:06:26,322 အထီးကျန်ဆန်မှုအတွက် သုတေသနစာတမ်းတွေအများကြီးရှိပါတယ် 118 00:06:26,322 --> 00:06:28,822 နောက်ပြီးအားလုံးက ကြောက်စရာကောင်းနေတယ် 119 00:06:29,863 --> 00:06:34,128 အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော် သင့်အသက်ကိုပါနုတ်သွားနိုင်တယ် 120 00:06:34,139 --> 00:06:35,463 ကျွန်တော် စနေတာမဟုတ်ဘူးနော် 121 00:06:35,463 --> 00:06:38,687 နာတာရှည်အထီးကျန်ဆန်နေသူက စောစောသေဖို့ 122 00:06:38,687 --> 00:06:40,792 ၁၄ရာနှုန်းပိုများပါတယ် 123 00:06:41,102 --> 00:06:42,913 တစ်ဆယ့်လေးရာခိုင်နှုန်းပါ 124 00:06:43,074 --> 00:06:46,756 အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ် သွေးတွင်းအဆီဓာတ်တွေများစေပါတယ် 125 00:06:46,876 --> 00:06:50,559 ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင် ဖိနှိပ်ကာ 126 00:06:50,615 --> 00:06:54,672 ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ် 127 00:06:54,672 --> 00:06:58,167 တကယ်တော့ အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင် 128 00:06:58,167 --> 00:07:01,990 နာတာရှည်အထီးကျန်ဆန်နေသူဟာ သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော 129 00:07:01,990 --> 00:07:06,488 အသက်ရှည်ဖို့အတွက်ပါ စီးကရက်သောက်တာလောက်နီးနီးအန္တရာယ်များပါတယ် 130 00:07:06,991 --> 00:07:11,061 အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ် လို့သတိပေးစာတွေကပ်ထားပါတယ် 131 00:07:11,103 --> 00:07:13,290 ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး 132 00:07:13,290 --> 00:07:15,232 ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ 133 00:07:15,232 --> 00:07:18,564 ကျန်းမာရေးကို ဦးစားပေးဖို့အရေးကြီးတာပေါ့ 134 00:07:18,564 --> 00:07:21,444 စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ ကျွန်တော်တို့လေ့ကျင့်ရပါတယ် 135 00:07:21,896 --> 00:07:24,611 ဘာကြောင့်လဲဆိုတော့ စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ 136 00:07:24,611 --> 00:07:26,733 အကယ်၍သင်စိတ်ဒဏ်ရာရတာ သင်လုံးဝမသိခဲ့ဘူးဆိုရင် 137 00:07:26,733 --> 00:07:28,806 ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကို သတိရပါ 138 00:07:28,806 --> 00:07:31,303 အထီးကျန်ဆန်မှုဟာ ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို 139 00:07:31,303 --> 00:07:34,178 ကောက်ကွေးစေရုံတင်မကဘူး ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ် 140 00:07:34,185 --> 00:07:35,713 (ရှုံးနိမ့်မှု) 141 00:07:35,713 --> 00:07:38,128 ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။ 142 00:07:38,128 --> 00:07:42,110 ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို သွားလည်တော့ကလေးသုံးယောက်ဟာ 143 00:07:42,110 --> 00:07:44,782 တူညီတဲ့ပလပ်စတစ်ရုပ်လေးတွေနဲ့ ကစားနေတာတွေ့ခဲ့တယ် 144 00:07:45,186 --> 00:07:49,494 အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင် ချစ်စရာခွေးရုပ်လေးထွက်လာတယ် 145 00:07:49,905 --> 00:07:54,535 မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို ဆွဲလိုက်တွန်းလိုက်လုပ်နေတယ် 146 00:07:54,535 --> 00:07:57,358 ပြီးတော့ထိုင်ချလိုက်ပြီး အောက်နှုတ်ခမ်းတုန်တုန်နဲ့ 147 00:07:57,358 --> 00:07:59,450 အရုပ်ကိုကြည့်နေတယ် 148 00:07:59,450 --> 00:08:02,346 သူ့ဘေးနားကကောင်လေးကတော့ သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး 149 00:08:02,346 --> 00:08:04,786 သူ့အရုပ်ပေါ်က ခလုပ်တွေကိုနှိပ်ကြည့်မနေတော့ဘဲ 150 00:08:04,786 --> 00:08:06,839 မျက်ရည်ပေါက်ပေါက် ကျအောင် ငိုပါတော့တယ် 151 00:08:07,132 --> 00:08:10,778 အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က အနီရောင်ခလုပ်ကို တွန်းမမိမချင်း 152 00:08:10,778 --> 00:08:12,747 သူနားလည်သမျှကြိုးစားနေပါတယ် 153 00:08:12,747 --> 00:08:17,429 ချစ်စရာခွေးရုပ်လေးထွက်လာတော့ ပျော်ရွှင်စွာအော်ဟစ်ပါလေရော 154 00:08:17,429 --> 00:08:20,619 ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့ ကလေး၃ယောက်ဟာ 155 00:08:20,619 --> 00:08:23,609 ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ် 156 00:08:24,227 --> 00:08:28,468 ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ် 157 00:08:29,016 --> 00:08:32,176 ဒီလိုအောင်မြင်မှုမရအောင် တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့ 158 00:08:32,176 --> 00:08:36,473 အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့ သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ 159 00:08:36,473 --> 00:08:40,599 လူကြီးတွေလည်းဒီလိုပါပဲ အချိန်တိုင်းလှည့်စားခံနေရပါတယ် 160 00:08:40,970 --> 00:08:45,453 တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက် ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း 161 00:08:45,828 --> 00:08:50,024 ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့ ယုံကြည်မှုတွေရှိနေပါတယ် 162 00:08:50,024 --> 00:08:53,168 သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ သတိထားမိပါသလား။ 163 00:08:53,418 --> 00:08:54,890 သတိထားမိသင့်ပါတယ်။ 164 00:08:54,890 --> 00:08:57,483 ဘာလို့လဲဆိုတော့ သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့ 165 00:08:57,483 --> 00:08:59,290 သင့်စိတ်ကိုအယုံသွင်းရင် 166 00:08:59,290 --> 00:09:00,770 သင်ယုံမိမှာမလို့ပဲ။ 167 00:09:00,770 --> 00:09:04,130 ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ် 168 00:09:04,130 --> 00:09:07,894 နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ် (သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ် 169 00:09:07,894 --> 00:09:11,617 ဒါဆို သင်ဟာမအောင်မြင်နိုင်တော့ပါဘူးလို့ သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ် 170 00:09:11,617 --> 00:09:13,328 ဒါကြောင့် လူတွေဟာ သူတို့တကယ်ရှိရမယ့် 171 00:09:13,328 --> 00:09:15,865 စွမ်းရည်ထက်နိမ့်ပြီး လုပ်ဆောင်နေကြတာပါ 172 00:09:15,865 --> 00:09:19,349 ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ 173 00:09:19,349 --> 00:09:21,889 သူတို့ကိုမအောင်မြင်နိုင်ဘူးလို့ သူတို့ကိုအယုံသွင်းတယ် 174 00:09:21,893 --> 00:09:23,483 နောက်ပြီး သူတို့က ယုံလိုက်ကြတယ် 175 00:09:23,483 --> 00:09:26,016 ကျွန်တော်တို့ဟာတစုံတခုကို လက်ခံယုံကြည်လိုက်ပြီဆိုရင် 176 00:09:26,016 --> 00:09:28,626 ကျွန်တော်တို့စိတ်ကို ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ 177 00:09:28,626 --> 00:09:30,626 ကျွန်တော်ဒီသင်ခန်းစာကို ခက်ခဲစွာသင်ယူခဲ့ရတာ 178 00:09:30,626 --> 00:09:32,901 ကျွန်တော်နဲ့ကျွန်တော့်ညီ ဆယ်ကျော်သက်အရွယ်တုန်းက 179 00:09:32,901 --> 00:09:36,510 ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ ညအမှောင်ထဲကားမောင်းကြတော့ 180 00:09:36,510 --> 00:09:38,262 ရဲကားကကျွန်တော်တို့ကားကိုတားတယ် 181 00:09:38,262 --> 00:09:41,544 ဒီနယ်မြေမှာ လုယက်မှုတွေရှိတော့ သံသယဖြစ်ဖွယ်တွေရှာပါတယ် 182 00:09:41,544 --> 00:09:43,050 ရဲအရာရှိက ကားအနားကပ်လာပြီး 183 00:09:43,050 --> 00:09:45,595 သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ် 184 00:09:45,595 --> 00:09:49,134 ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ် နောက်မှာကျွန်တော်ပေါ့ 185 00:09:49,134 --> 00:09:51,736 ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး ဒီလိုပြောလိုက်တယ် 186 00:09:51,736 --> 00:09:54,375 မင်းမျက်နှာကိုငါအရင်က ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်? 187 00:09:54,375 --> 00:09:56,463 (ရယ်သံများ) 188 00:09:56,463 --> 00:09:59,615 ကျွန်တော်က ရှေ့ခုံမှာလေ လို့ပြောလိုက်တယ် 189 00:10:00,439 --> 00:10:03,157 (ရယ်သံများ) 190 00:10:03,157 --> 00:10:05,510 ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့ အဓိပ္ပါယ်မရှိစေဘဲ 191 00:10:05,510 --> 00:10:07,629 ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့ သူထင်သွားတယ် 192 00:10:07,629 --> 00:10:09,010 (ရယ်သံများ) 193 00:10:09,010 --> 00:10:11,413 ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး ရှာဖွေပါတော့တယ် 194 00:10:11,413 --> 00:10:13,603 ရဲကားနားခေါ်သွားပြီး 195 00:10:13,603 --> 00:10:16,913 ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း အတည်ပြုပြီးမှ 196 00:10:16,913 --> 00:10:20,841 ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ သူ့ကိုပြလိုက်တယ် 197 00:10:20,931 --> 00:10:24,761 ကျွန်တော်တို့ကားမောင်းထွက်သွား ပြီးတာတောင်မှ သူ့မျက်နှာကိုကြည့်လိုက်ရင် 198 00:10:24,761 --> 00:10:28,254 ကျွန်တော်တစ်ခုခုခိုးပြီး ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ 199 00:10:29,625 --> 00:10:33,575 ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင် ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ် 200 00:10:33,575 --> 00:10:38,525 ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ လက်လျှော့လိုက်တာတွေဟာ သဘာဝကျလွန်းပါတယ် 201 00:10:38,714 --> 00:10:42,451 ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့ အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ် 202 00:10:43,161 --> 00:10:46,037 အားကိုးရာမဲ့နေတဲ့ခံစားချက်ကို သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ် 203 00:10:46,037 --> 00:10:49,039 အခြေအနေပေါ်မူတည်ပြီး ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ် 204 00:10:49,073 --> 00:10:53,132 အဲ့လိုဆန့်ကျင်ဖက်သဘောဆောင်တဲ့စက်ဝန်းတွေကို မဖြစ်တည်ပင်ကကျွန်တော်တို့ဖြတ်ထားဖို့လိုတယ် 205 00:10:53,134 --> 00:10:55,228 (စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု ရပ်တန့်ပစ်ပါ) 206 00:10:55,228 --> 00:10:57,371 ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ 207 00:10:57,371 --> 00:11:01,059 ကျွန်တော်တို့ထင်သလို့ ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး 208 00:11:01,059 --> 00:11:03,863 သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့ တူတယ် 209 00:11:03,863 --> 00:11:09,027 တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့် နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ် 210 00:11:09,027 --> 00:11:11,015 ကျွန်တော်ဟာ အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့ 211 00:11:11,015 --> 00:11:14,836 ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီး တစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ် 212 00:11:14,836 --> 00:11:17,383 သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့ အမျိုးသားတစ်ယောက်နဲ့ 213 00:11:17,383 --> 00:11:21,580 ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ သူဟာအောင်မြင်ပြီးကြည့်ကောင်းတဲ့သူတစ်ယောက် 214 00:11:21,580 --> 00:11:24,706 အရေးအကြီးဆုံးက သူမအတွက်အမှန်အကန်လို့ထင်ခဲ့တယ် 215 00:11:25,052 --> 00:11:28,078 ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ် အ၀တ်အစားတစ်စုံတောင်အသစ်ဝယ်လိုက်တယ် 216 00:11:28,078 --> 00:11:31,878 သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က ဘားတစ်ခုမှာဆုံကြရင် အဖျော်ယမကာသောက်ကြတယ် 217 00:11:31,878 --> 00:11:35,795 ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့ အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ 218 00:11:35,795 --> 00:11:38,903 ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး လို့ပြောပြီးထွက်သွားတယ် 219 00:11:38,903 --> 00:11:40,867 (ငြင်းပယ်ခြင်း) 220 00:11:40,867 --> 00:11:43,523 ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ် 221 00:11:44,110 --> 00:11:46,442 ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင် နာကျင်ခဲ့ရပါတယ် 222 00:11:46,442 --> 00:11:48,662 သူလုပ်နိုင်ခဲ့တာက သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ 223 00:11:48,662 --> 00:11:53,176 အဲ့မှာ သူငယ်ချင်းကပြောတယ် "ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ 224 00:11:53,176 --> 00:11:56,722 မင်းမှာတင်ပါးကြီးကြီးရှိတယ် မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး 225 00:11:56,722 --> 00:11:59,683 ဘာလို့ချောမောခန့်ညားတဲ့ အမျိုးသားတစ်ယောက်က 226 00:11:59,683 --> 00:12:02,296 နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့ ချိန်းရတာလဲ 227 00:12:03,743 --> 00:12:07,239 သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။ 228 00:12:07,239 --> 00:12:09,747 သို့သော် အကယ်၍ အဲ့လိုပြောတာတွေက သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင် 229 00:12:09,747 --> 00:12:12,651 ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက် နေတော့မှာမဟုတ်ဘူး 230 00:12:12,651 --> 00:12:15,528 အဲ့အမျိုးသမီးကကိုယ်ဘာသာပြန်ပြောတာမျိုးပေါ့ 231 00:12:15,528 --> 00:12:18,153 အဲ့လိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို လုပ်လိုက်ကြတယ် 232 00:12:18,153 --> 00:12:20,200 အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့ 233 00:12:20,200 --> 00:12:23,603 ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ ချို့ယွင်းချက်တွေ 234 00:12:23,603 --> 00:12:25,951 ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ ကို စတွေးတယ်၊ 235 00:12:25,951 --> 00:12:27,438 ကိုယ့်အမည်နာမတွေရေရွတ်တော့တယ် 236 00:12:27,438 --> 00:12:29,809 ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင် အဲ့လိုလုပ်ကြတယ် 237 00:12:29,839 --> 00:12:34,419 ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ 238 00:12:34,953 --> 00:12:38,381 ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး ဖျက်ဆီးချင်ရတာလဲ။ 239 00:12:38,381 --> 00:12:41,017 ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊ 240 00:12:41,017 --> 00:12:43,523 ဓားတစ်ချောင်းယူပြီး ဘယ်လောက် နက်အောင် လုပ်လို့ရမလဲ 241 00:12:43,523 --> 00:12:47,409 ဆိုပြီး ကိုယ့်လက်မောင်းကို လှီးဖြတ်မှာ မဟုတ်ပါဘူး 242 00:12:47,409 --> 00:12:50,943 စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း ကျွန်တော်တို့ အဲ့လိုပြုမူကြတယ် 243 00:12:50,943 --> 00:12:54,168 ဘာလို့လဲ။ ဘာလို့လဲဆို စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ 244 00:12:54,168 --> 00:12:57,619 ဘာလို့လဲဆို ကျွန်တော်တို့ဟာ စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ 245 00:12:57,619 --> 00:12:59,396 လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက 246 00:12:59,396 --> 00:13:01,379 ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ 247 00:13:01,379 --> 00:13:04,473 စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ် 248 00:13:04,473 --> 00:13:07,630 အဲ့ဒါကြောင့်ကျဆုံးမှုတွေ ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ် 249 00:13:07,630 --> 00:13:10,348 နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး ကြာပါလိမ့်မယ် 250 00:13:10,348 --> 00:13:13,434 ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင် ပထမဆုံးလုပ်သင့်တာကတော့ 251 00:13:13,434 --> 00:13:15,911 ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ 252 00:13:15,911 --> 00:13:19,001 ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ အားပျော့သွားအောင်လုပ်လိုက်ပါ 253 00:13:20,005 --> 00:13:22,456 သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ 254 00:13:22,456 --> 00:13:25,296 သူငယ်ချင်းကောင်းတစ်ယောက်ဆီက သင်မျှော်လင့်နေတဲ့ 255 00:13:25,296 --> 00:13:28,211 မေတ္တာအကြင်နာအတိုင်း သင့်ကိုသင် ပေးလိုက်ပါ 256 00:13:28,211 --> 00:13:30,357 (သင့်တန်ဖိုးသင်ကာကွယ်ပါ) 257 00:13:30,357 --> 00:13:34,042 ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ 258 00:13:34,128 --> 00:13:38,380 အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ 259 00:13:39,108 --> 00:13:41,499 စားမြုံပြန်တယ်ဆိုတာ အေးဆေးစဉ်းစားတွေးတောတာပေါ့ 260 00:13:41,499 --> 00:13:43,640 သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ 261 00:13:43,640 --> 00:13:46,522 (သို့)သင့်ဆရာကသင့်ကိုအခန်းထဲ အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ 262 00:13:46,522 --> 00:13:49,113 (သို့)သင့်သူငယ်ချင်းနဲ့ အကြီးအကျယ်ရန်ဖြစ်တဲ့အခါ 263 00:13:49,113 --> 00:13:52,929 အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ ကိုရပ်တန့်ဖို့ 264 00:13:52,929 --> 00:13:55,072 ရက်အတော်ကြာ တခါတလေ ရက်သတ္တပတ်တွေထိကြာတတ်ပါတယ် 265 00:13:55,072 --> 00:13:58,394 အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို စားမြုံပြန်နေတာဟာ 266 00:13:58,394 --> 00:14:01,865 အလွယ်တကူအကျင့်တစ်ခုဖြစ်လာနိုင်ပါတယ် နောက်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ် 267 00:14:01,865 --> 00:14:03,941 ဘာလို့လဲဆိုတော့ သင့်အချိန်တွေအများကြီးကို 268 00:14:03,941 --> 00:14:06,815 စိတ်ပျက်စရာကောင်းတဲ့မကောင်းတဲ့ အတွေးတွေပေါ်အာရုံထားလို့ပဲ 269 00:14:06,815 --> 00:14:10,552 အဲ့တော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ ဖြစ်လာပါတယ် 270 00:14:10,580 --> 00:14:13,631 စိတ်ဓာတ်ကျစေတာတွေ အရက်သမားဖြစ်လာတာတွေ 271 00:14:13,631 --> 00:14:17,081 အစားအသောက်ပျက်လာတာ နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ် 272 00:14:17,081 --> 00:14:20,337 ပြဿနာက စားမြုံပြန်ဖို့ဆော်သြတာဟာ 273 00:14:20,337 --> 00:14:24,429 သိပ်ပြင်းထန်ပြီး သိပ်အရေးကြီးတဲ့ အကျင်းဆိုးမို့ ဟန့်တားဖို့ခက်ခဲပါတယ် 274 00:14:25,115 --> 00:14:27,179 ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့ သိခဲ့ပါတယ် 275 00:14:27,179 --> 00:14:31,300 တစ်နှစ်စွန်းစွန်းလောက်တုန်းက ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ် 276 00:14:31,300 --> 00:14:34,128 ကျွန်တော့်အမြွာညီမှာ 277 00:14:34,128 --> 00:14:37,451 အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ် 278 00:14:37,451 --> 00:14:39,786 ကင်ဆာကအတော်အပျံ့မြန်တာပဲ 279 00:14:39,786 --> 00:14:43,037 ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော 280 00:14:43,631 --> 00:14:47,355 နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ် 281 00:14:48,494 --> 00:14:52,577 သူအဲ့လိုဖြစ်နေတာကို ကျွန်တော်မတွေးဘဲမနေနိုင်ဘူး 282 00:14:52,762 --> 00:14:56,054 သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ သူဘယ်လောက်ခံစားနေရမလဲလို့လည်း 283 00:14:57,255 --> 00:15:00,785 ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး 284 00:15:01,072 --> 00:15:03,820 သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့ သဘောထားကောင်းရှိနေခဲ့တယ် 285 00:15:03,820 --> 00:15:06,918 သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက သြချရလောက်တယ် 286 00:15:06,918 --> 00:15:11,345 ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး 287 00:15:12,014 --> 00:15:13,563 ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ သိပါတယ် 288 00:15:13,563 --> 00:15:16,933 လေ့လာမှုတွေအရ ၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ 289 00:15:16,933 --> 00:15:20,867 ဒီအချိန်တွေမှာစားမြုံပြန်တာကို ချေဖျက်ဖို့လုံလောက်ပါတယ် 290 00:15:21,055 --> 00:15:24,305 ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန် သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင် 291 00:15:24,305 --> 00:15:28,664 အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ် အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့ 292 00:15:28,698 --> 00:15:33,263 တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ ပြောင်းသွားခဲ့တယ် 293 00:15:33,263 --> 00:15:36,251 နောက်ပြီးအကောင်းမြင်တတ်လာပြီး မျှော်လင့်ချက်ထားတတ်လာတယ် 294 00:15:36,693 --> 00:15:38,505 (အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ) 295 00:15:38,505 --> 00:15:42,649 ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့ ကွန်ပြူတာဓာတ်မှန်ရိုက်တယ် 296 00:15:42,744 --> 00:15:45,880 သူ့အဖြေတွေရလာတော့ ကျွန်တော်သူ့ဘေးမှာရှိနေတယ် 297 00:15:45,880 --> 00:15:48,497 အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ 298 00:15:48,497 --> 00:15:51,654 သူနောက်ထပ် ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့် 299 00:15:51,654 --> 00:15:53,731 သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ် 300 00:15:54,306 --> 00:15:57,716 ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့ ၂ပတ်ကရိုက်ထားတာပါ 301 00:16:00,682 --> 00:16:03,587 သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ 302 00:16:03,595 --> 00:16:06,595 ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ အမျိုးမျိုးပြောင်းလိုက်တာ 303 00:16:06,595 --> 00:16:09,157 သင့်တန်ဖိုးကို သင်ကာကွယ်တာ 304 00:16:09,157 --> 00:16:11,649 အတွေးဆိုးအတွေးညစ်တွေကို တိုက်ထုတ်ပစ်တာတွေဟာ 305 00:16:11,649 --> 00:16:14,957 သင့်ရဲ့စိတ်ဒဏ်ရာတွေကို မပျောက်ကင်းစေနိုင်ပါဘူး 306 00:16:14,957 --> 00:16:18,174 စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ မွေးမြူပါ 307 00:16:19,673 --> 00:16:23,704 လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ် 308 00:16:23,768 --> 00:16:28,423 လူ့သက်တမ်းရှည်နှုန်းလည်း ဆယ်စုနှစ်အတွင်း 309 00:16:28,423 --> 00:16:30,584 ၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ် 310 00:16:30,584 --> 00:16:34,468 အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင် 311 00:16:34,468 --> 00:16:38,272 ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ် 312 00:16:38,841 --> 00:16:42,182 အကယ်၍သာလူတိုင်း စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင် 313 00:16:42,182 --> 00:16:44,476 ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့ စိတ်ကူးကြည့်ဖူးလား။ 314 00:16:44,476 --> 00:16:48,427 အထီးကျန်ဆန်မှုတွေနည်းလာရင် စိတ်ဓာတ်ကျတာတွေနည်းလာရင် 315 00:16:48,427 --> 00:16:51,099 လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ် ဆိုတာသိလာကြရင် 316 00:16:51,099 --> 00:16:54,413 သူတို့ဘဝကို သူတို့ကျေနပ်ပြီး ပိုအားပေးလာကြရင် 317 00:16:54,413 --> 00:16:57,652 သူတို့ဘဝတွေဟာပိုပျော်လာပြီး ပြီးပြည့်စုံလာရင် 318 00:16:57,652 --> 00:17:00,826 အဲ့လိုကမ္ဘာမျိုးက ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 319 00:17:02,226 --> 00:17:06,021 ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ နေချင်မှာပါပဲ 320 00:17:06,021 --> 00:17:10,654 သင်ဗဟုသုတတွေရပြီး ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင် 321 00:17:10,654 --> 00:17:14,352 ကျွန်တော်တို့အားလုံး နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ 322 00:17:15,071 --> 00:17:16,813 အားလုံးကိုကျေးဇူးတင်ပါတယ် 323 00:17:16,813 --> 00:17:19,568 (လက်ခုပ်သံများ)