ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက်
အရမ်းချစ်ကြတဲ့
အမြွာညီအစ်ကိုတစ်ယောက်နဲ့
အတူတူကြီးပြင်းခဲ့ပါတယ်။
အမြွာအဖြစ်ကြီးပြင်းခဲ့ရတဲ့ကျွန်တော်ဟာ
အခုဆိုရင် ဘက်လိုက်ခြင်းကိုရှာဖွေတဲ့နေရာမှာ
ဆရာတစ်ဆူဖြစ်နေပါပြီ။
သူ့ရဲ့ကွတ်ကီးတွေဟာကျွန်တော့်ထက်နည်းနည်းလေး
ပိုကြီးနေခဲ့ရင် ကျွန်တော်မှာမေးခွန်းမေးစရာ
တွေများကြီးရှိနေတယ်
ဒါပေမယ့်ဆာနေလို့တော့မဟုတ်ပါဘူး
(ရယ်သံများ)
ကျွန်တော်စိတ်ပညာရှင်တစ်ယောက်
ဖြစ်လာတော့
သူမတူတဲ့ဘက်လိုက်နည်းတစ်ခုကို
စတင်သတိထားမိလာတယ်
ဘယ်လိုလဲဆိုတော့-လူတွေဟာ စိတ်ထက်
ကိုယ်ခန္ဓာကို ပိုပြီးတန်ဖိုးထားကြတယ်။
ကျွန်တော်ဟာစိတ်ပညာပါရဂူဘွဲ့အတွက်
တက္ကသိုလ်မှာကိုးနှစ်တာပညာဆည်းပူးခဲ့တယ်။
လူတွေက ကျွန်တော်လိပ်စာကဒ်ကိုကြည့်ပြီး
အိုး..စိတ်ပညာရှင်ပဲဆရာဝန်အစစ်မှမဟုတ်ဘဲ
လို့ ဘယ်နှစ်ယောက်တောင်ပြောကြမလဲမသိဘူး
တကယ်တော့ ကျွန်တော့်လိပ်စာကဒ်ကို
ဒီလိုရေးထားသင့်တာ
(ရယ်သံများ)
ကျွန်တော်တို့ဟာ ကိုယ်ခန္ဓာကို စိတ်ထက်
ဘက်လိုက်အသားပေးနေတာကို
ကျွန်တော်နေရာတိုင်းမှာတွေ့ပါတယ်
ဟိုတလောတုန်းက
သူငယ်ချင်းတစ်ယောက်အိမ်ကိုရောက်တော့
သူတို့ရဲ့ငါးနှစ်အရွယ်ကလေးက
အိပ်ရာဝင်ဖို့ပြင်ဆင်နေတယ်
ကလေးဟာ မျက်နှာသစ်ဘေစင်ရှေ့ ခုံပေါ်
မတ်တပ်ရပ်သွားတိုက်နေတုန်း
ခုံပေါ်ကချော်ကျပြီး
သူ့ရဲ့ခြေထောက်က ခုံနဲ့ခြစ်မိသွားတယ်
ကလေးက ခဏလောက်ငိုသွားပါတယ်
နောက် ပြန်ထလာတယ်။
ခုံပေါ်ပြန်တက်ပြီး
အနာကပ်ပလာစတာရှိတဲ့ပုံးကိုယူတယ်
အနာကပ်ပလာစတာတစ်ခုယူပြီး
သူ့အနာပေါ်ကပ်လိုက်တယ်
ကောင်းလေးက ဖိနပ်ကြိုးကို
ချည်ချင်မှ ချည်တတ်လိမ့်မယ်
ဒါပေမယ့် သူကအနာကိုအုပ်ထားရမယ်ဆိုတာ သိပါတယ်
ဒါမှ အနာပိုးမဝင်မှာလေ
နောက်ပြီး သင်တို့ရဲ့သွားကို ဂရုစိုက်လို့
တစ်နေ့နှစ်ကြိမ်သွားတိုက်တယ်
ကျွန်တော်တို့ဟာကိုယ်ခန္ဓာကျန်းမာရေးကို
ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာရယ်
သွားကျန်းမာရေးအတွက်ဘယ်လိုပြုမူရမယ်ဆိုတာ
သိကြပါတယ် ဟုတ်တယ်ဟုတ်?
ကျွန်တော်တို့တွေဟာ ငါးနှစ်သားလောက်ကတည်းက
ဒါတွေကိုသိခဲ့ကြတယ်
ဒါပေမယ့်စိတ်ကျန်းမာရေးကိုဘယ်လို
ထိန်းသိမ်းရမယ်ဆိုတာသိကြပါသလား။
အဖြေကတော့ ရှင်းပါတယ်။
မသိခဲ့ပါဘူး။
ကလေးတွေရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအတွက်
ကျွန်တော်တို့ဘာတွေသင်ကြားပေးလဲ။
ဘာမှမသင်ကြားပေးပါဘူး။
စိတ်ကိုဂရုစိုက်တာထက်
သွားကိုဂရုစိုက်တဲ့အချိန်တွေ
ပိုများနေတော့ဘာဖြစ်လဲ။
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထက်
ကိုယ်ခန္ဓာကျန်းမာရေးက
ကျွန်တော်တို့အတွက်ဘာလို့ပိုအရေးကြီးနေတာလဲ။
ကျွန်တော်တို့ဟာ
ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေထက်
စိတ်ဒဏ်ရာတွေကို ပိုခံစားရပါတယ်
စိတ်ဒဏ်ရာဆိုရာမှာကျရှုံးမှု၊ငြင်းပယ်ခံရမှု
အထီးကျန်မှု မျိုးတွေဖြစ်နိုင်တယ်
အဲ့ဒါကိုမှ လစ်လျှူရှုမယ်ဆို
သူတို့ခံစားနေရတာပိုဆိုးလာလိမ့်မယ်
ဒါအပြင်သူတို့ဟာကျွန်တော်တို့၏လူနေမှုကိုပါ
သိသိသာသာထိခိုက်နိုင်ပါတယ်
အဲ့လိုစိတ်ဒဏ်ရာတွေကိုကုစားဖို့
အသုံးပြုနိုင်တဲ့သိပ္ပံနည်းကျရှာဖွေထားသော
နည်းလမ်းတွေရှိတာတောင်မှ
ကျွန်တော်တို့အသုံးပြုဖို့ဝန်လေးနေကြပါတယ်။
ကျွန်တော်တို့ဟာ ဖြစ်သင့်တာတွေလည်း
ဖြစ်မလာတတ်ပါဘူး။
"အိုး..စိတ်ညစ်နေတာလား၊ခါထုတ်ပစ်လိုက်စမ်းပါ
ဒါတွေကသင့်ဦးနှောက်ထဲကဖြစ်နေတာပါ"
ခြေကျိုးနေတဲ့သူတစ်ယောက်ကို
သင်ဒီလိုပြောဖို့စိတ်ကူးဖူးလား။
"လမ်းလျှောက်လိုက်စမ်းပါ၊
ကျိုးတယ်ဆိုတာခြေထောက်ထဲမှာဖြစ်နေတာပါ" လို့
(ရယ်သံများ)
ကိုယ်ခန္ဓာနဲ့စိတ်ကျန်းမာရေးကြားဟနေတဲ့
ကွက်လပ်ကလေးကိုပြန်ဖြည့်ဖို့အချိန်တန်ပါပြီ။
ကိုယ်ခန္ဓာ နဲ့ စိတ်ကျန်းမာရေးကို
တန်းတူထားဖို့အချိန်ကျပါပြီ။
အမြွာတွေလိုပေါ့
ပြောရင်းနဲ့မှ ကျွန်တော့်
အမြွာညီ ကလည်း စ်တ်ပညာရှင်ပဲ
ဒါဆို သူလည်းဆရာဝန်အစစ်မဟုတ်ဘူးပေါ့
(ရယ်သံများ)
ကျွန်တော်တို့က
တူတူသင်ယူခဲ့ရတာမဟုတ်ပါဘူး
ကျွန်တော့်ဘဝမှာအခက်ခဲဆုံးလုပ်ခဲ့ရတာက
စိတ်ပညာပါရဂူဘွဲ့အတွက်
အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး
နယူးယောက်မြို့ကိုသွားရတာပါပဲ
ကျွန်တော်တို့ဘဝမှာ ပထမဆုံးအကြိမ်
ခွဲခွာရခြင်းဖြစ်ခဲ့တယ်
အဲ့လိုခွဲခွာရခြင်းဟာ ကျွန်တော်တို့
နှစ်ယောက်လုံးအတွက်စိတ်မအီမသာဖြစ်စေတယ်
ဒါပေမယ့် သူကတော့ မိသားစုတွေ
သူငယ်ချင်းတွေနဲ့ကျန်ခဲ့ပါတယ်
ကျွန်တော်တော့တခြားနိုင်ငံမှာ တစ်ယောက်တည်း
ဖြစ်လို့
ကျွန်တော်တို့ဟာတစ်ဦးကိုတစ်ဦး
အရမ်းလွမ်းကြပါတယ်
သို့သော် နိုင်ငံခြားဖုန်းခေါ်ဆိုခတွေက
စျေးကြီးတော့
ကျွန်တော်တို့ဟာ ရက်သတ္တပတ်၁ပတ်ကို
၅မိနစ်ပဲဖုန်းပြောဖို့ တတ်နိုင်ပါတယ်
ကျွန်တော်တို့မွေးနေ့ရောက်လာတော့
ပထမဆုံးအကြိမ်မွေးနေ့တူတူမကျင်းပရဘူးပေါ့
ဒါကြောင့် ပုံအောပြီးဖုန်းကို
ဒီတပတ် ၁ဝမိနစ်ကြာအောင်ပြောကြမယ်
ဆုံးဖြတ်ကြတယ်
မနက်ခင်းကျတော့ အခန်းထဲမှာ
ဟိုဟိုဒီဒီလမ်းလျှောက်နေရင်း
သူဖုန်းခေါ်လာမှာကိုစောင့်နေတယ်
စောင့်နေတယ်...
စောင့်နေတယ်...
ဒါပေမယ့်ဖုန်းမလာခဲ့ပါဘူး
စံတော်ချိန်ကွာနေလို့
ကျွန်တော်ဒီလိုယူဆလိုက်တယ်
"အိုကေ ဘော်ဒါတွေနဲ့ထွက်လည်နေတာ
နေမှာ ပြီးရင်သူဆက်မှာပေါ့"
ဖုန်းမရှိသေးလို့နေမှာပါ လို့
ဒါပေမယ့် သူ့ဆီကဖုန်းမလာပါဘူး။
ဒါနဲ့ ဆယ်လတာဝေးကွာနေခဲ့ပြီး
ကျွန်တော်စတင်သတိထားမိတာလာက
ကျွန်တော်လွမ်းနေသလောက်
သူမလွမ်းဘူးဆိုတာပဲ
မနက်မှာဖုန်းခေါ်မယ်လို့သိနေပေမယ့်
အဲ့ညဟာကျွန်တော့်ဘဝအတွက်ဝမ်းအနည်းဆုံးနဲ့
အကြာဆုံးညတွေထဲကညတစ်ညဖြစ်ခဲ့တယ်
နောက်နေ့မနက်အိပ်ရာနိုးလာပြီး
ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့
မနေ့ကဟိုဟိုဒီဒီလမ်းလျှောက်ရင်း
ဖုန်းကြိုးကိုတိုက်မိသွားတာ
တွေ့လိုက်တယ်
အိပ်ရာကနေချက်ချင်းထ
ဖုန်းကြိုးကိုပြန်တပ်ပြီးမကြာပါဘူး
၁စက္ကန့်ကြာတော့
ဖုန်းမြည်လာတယ်
ကျွန်တော့်ညီဆီကဖုန်းပေါ့
ဟုတ်တယ် ဒီကောင်မူးများမူးနေလားမသိဘူး
(ရယ်သံများ)
သူ့ဘဝအတွက်လည်း ဝမ်းအနည်းဆုံးနဲ့
အကြာဆုံးသောညဖြစ်ခဲ့တာပဲ။
ဘာဖြစ်ခဲ့တယ်ဆိုတာကျွန်တော်ပြောပြဖို့
ကြိုးစားနေတုန်းသူက
"ငါဖုန်းမခေါ်မှန်းသိရင် မင်းကဘာလို့
ငါ့ဆီကိုဖုန်းမဆက်လာတာလဲ
ငါနားမလည်ဘူး"
လို့ပြောတယ်
သူမှန်တယ်လေ
ကျွန်တော်ဘာလို့သူဆီ
ဖုန်းမဆက်ခဲ့မိပါလိမ့်?
ကျွန်တော့်အတွက်အဖြေမရှိခဲ့ပါဘူး။သို့သော်
ဒီနေ့တော့ဖြေနိုင်ပါပြီ၊ ရိုးရိုးလေးပါပဲ။
အထီးကျန်ဆန်မှု
အထီးကျန်ဆန်တာကနက်ရှိုင်းတဲ့
စိတ်ဒဏ်ရာတစ်ခုအဖြစ်ဖန်တီးပါတယ်
အဲ့ဒဏ်ရာက အသိအမြင်တွေဝေ၀ါးစေတယ်
အတွေးအခေါ်တွေ ရောထွေးစေတယ်
အထီးကျန်ဆန်တာဟာ
ပတ်ဝန်းကျင်က
တကယ်ဂရုစိုက်ပေမယ့်ငါတို့ကိုဂရုမစိုက်ဘူး
လို့ငါတို့စိတ်ကိုအယုံသွင်းပါတယ်
အထီးကျန်ဆန်တာက
သင့်နှလုံးသားကိုခံနိုင်တာထက်ပိုပြီး
နာကျင်လာရတဲ့အခါ ငြင်းဆန်မှုတွေ
စိတ်နှလုံးပူဆွေးမှုတွေက
သင့်ကိုလွမ်းခြုံလိုက်တော့
လူတွေနဲ့ဆက်ဆံရမှာကိုကြောက်လာစေတယ်
ကျွန်တော်ဟာတကယ်ကို
အထီးကျန်ဆန်ခဲ့ရတယ်ဆိုပေမယ့်
အချိန်တိုင်းလူတွေက
ကျွန်တော့်အနားမှာရှိပေးနေကြတယ်
ဒါကြောင့်
လူတွေနဲ့ထိတွေရမှာမကြောက်တော့ဘူးပေါ့
သို့သော် အထီးကျန်ဆန်မှုကို ကိုယ့်ဘာသာကိုယ်
အဓိပ္ပာယ်ဖွင့်ကြည့်တော့
အထီးကျန်တာဟာ သင်က သင့်ရဲ့ပတ်ဝန်းကျင်ကို
ခံစားချက်အရ သို့ လူမှုရေးအရ
အဆက်အသွယ်ဖြတ်တောက်တာပါပဲ
ကျွန်တော်လည်းလုပ်ခဲ့တယ်
အထီးကျန်ဆန်မှုအတွက်
သုတေသနစာတမ်းတွေအများကြီးရှိပါတယ်
နောက်ပြီးအားလုံးက ကြောက်စရာကောင်းနေတယ်
အထီးကျန်ဆန်တာကစိတ်မအီမသာရုံလေးမဟုတ်ဘူးနော်
သင့်အသက်ကိုပါနုတ်သွားနိုင်တယ်
ကျွန်တော် စနေတာမဟုတ်ဘူးနော်
နာတာရှည်အထီးကျန်ဆန်နေသူက
စောစောသေဖို့
၁၄ရာနှုန်းပိုများပါတယ်
တစ်ဆယ့်လေးရာခိုင်နှုန်းပါ
အထီးကျန်ဆန်မှုဟာ သွေးကိုတိုးစေတယ်
သွေးတွင်းအဆီဓာတ်တွေများစေပါတယ်
ကိုယ်ခန္ဓာရဲ့ခုခံစွမ်းအားစနစ်ကိုတောင်
ဖိနှိပ်ကာ
ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်ပေးနေသေးတယ်
တကယ်တော့
အားလုံးပေါင်းပြီးနိဂုံးချုပ်ပြောရရင်
နာတာရှည်အထီးကျန်ဆန်နေသူဟာ
သူ့ရဲ့ရေရှည်ကျန်းမာရေးအတွက်ကော
အသက်ရှည်ဖို့အတွက်ပါ
စီးကရက်သောက်တာလောက်နီးနီးအန္တရာယ်များပါတယ်
အခုဆိုဆေးလိပ်ဗူးတွေမှာ သင့်ကိုသေစေနိုင်တယ်
လို့သတိပေးစာတွေကပ်ထားပါတယ်
ဒါပေမယ့် အထီးကျန်ဆန်မှုမှာတော့မကပ်ထားဘူး
ဒါမို့ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေးကို
ဦးစားပေးဖို့အရေးကြီးတာပေါ့
စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့
ကျွန်တော်တို့လေ့ကျင့်ရပါတယ်
ဘာကြောင့်လဲဆိုတော့
စိတ်ဒဏ်ရာကိုကျွန်တော်တို့မကုသနိုင်ဘူးလေ
အကယ်၍သင်စိတ်ဒဏ်ရာရတာ
သင်လုံးဝမသိခဲ့ဘူးဆိုရင်
ခံစားချက်ပိုင်းဆိုင်ရာနာကျင်မှုကို
သတိရပါ
အထီးကျန်ဆန်မှုဟာ
ကျွန်တော်တို့ရဲ့အတွေးအမြင်တွေကို
ကောက်ကွေးစေရုံတင်မကဘူး
ကျွန်တော်တို့ကိုပါအမှားတွေလုပ်မိစေတယ်
(ရှုံးနိမ့်မှု)
ရှုံးနိမ့်မှုကလည်းအလားတူပါပဲ။
ကျွန်တော်ကလေးထိန်းကျောင်းတစ်ခုကို
သွားလည်တော့ကလေးသုံးယောက်ဟာ
တူညီတဲ့ပလပ်စတစ်ရုပ်လေးတွေနဲ့
ကစားနေတာတွေ့ခဲ့တယ်
အနီရောင်ခလုပ်လေးကိုတွန်းလိုက်ရင်
ချစ်စရာခွေးရုပ်လေးထွက်လာတယ်
မိန်းကလေးတစ်ယောက်က ခရမ်းရောင်ခလုပ်ကို
ဆွဲလိုက်တွန်းလိုက်လုပ်နေတယ်
ပြီးတော့ထိုင်ချလိုက်ပြီး
အောက်နှုတ်ခမ်းတုန်တုန်နဲ့
အရုပ်ကိုကြည့်နေတယ်
သူ့ဘေးနားကကောင်လေးကတော့
သူ့ရဲ့ဖြစ်ပျက်ပုံကိုကြည့်နေပြီး
သူ့အရုပ်ပေါ်က
ခလုပ်တွေကိုနှိပ်ကြည့်မနေတော့ဘဲ
မျက်ရည်ပေါက်ပေါက် ကျအောင် ငိုပါတော့တယ်
အဲ့အချိန်မှာ နောက်ကောင်မလေးတစ်ယောက်က
အနီရောင်ခလုပ်ကို တွန်းမမိမချင်း
သူနားလည်သမျှကြိုးစားနေပါတယ်
ချစ်စရာခွေးရုပ်လေးထွက်လာတော့
ပျော်ရွှင်စွာအော်ဟစ်ပါလေရော
ဒါကြောင့် တူညီတဲ့ပလပ်စတစ်ရုပ်တွေနဲ့
ကလေး၃ယောက်ဟာ
ရှုံးနိမ့်မှုကို ကွဲပြားစွာတုံ့ပြန်ကြပါတယ်
ပထမကလေးနှစ်ယောက်ဟာ အနီရောင်ခလုပ်ကို
အောင်မြင်စွာတွန်းနိုင်စွမ်းရှိပါတယ်
ဒီလိုအောင်မြင်မှုမရအောင်
တစ်ခုတည်းသောတားဆီးထားတဲ့အရာကတော့
အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူးလေလို့
သူတို့ကိုလှည့်စားထားတဲ့စိတ် ပါပဲ
လူကြီးတွေလည်းဒီလိုပါပဲ
အချိန်တိုင်းလှည့်စားခံနေရပါတယ်
တကယ်တော့ကျွန်တော်တို့မှာ စိတ်အနှောက်အယှက်
ဖြစ်စရာတွေ ပြဿနာတွေပေါ်လာတိုင်း
ထကြွလာတတ်တဲ့ မကောင်းတဲ့စိတ်ခံစားချက်နဲ့
ယုံကြည်မှုတွေရှိနေပါတယ်
သင်ဟာရှုံနိမ့်မှုကို ဘယ်လိုတုံ့ပြန်လဲဆိုတာ
သတိထားမိပါသလား။
သတိထားမိသင့်ပါတယ်။
ဘာလို့လဲဆိုတော့
သင့်ကိုမလုပ်နိုင်လောက်ပါဘူးလို့
သင့်စိတ်ကိုအယုံသွင်းရင်
သင်ယုံမိမှာမလို့ပဲ။
ရှုံးနိမ့်ခဲ့တဲ့ကလေးနှစ်ယောက်လိုပဲ
သင်လည်းအားကိုးရာမဲ့ဖြစ်သွားလိမ့်မယ်
နောက် သင်ကြိုးစားနေတာကိုရပ်ချင်ရပ်လိုက်မယ်
(သို့)မကြိုးစားတော့ပဲနေချင်နေလိုက်မယ်
ဒါဆို သင်ဟာမအောင်မြင်နိုင်တော့ပါဘူးလို့
သင့်ကိုယ်သင် ပိုထင်လာလိမ့်မယ်
ဒါကြောင့် လူတွေဟာ
သူတို့တကယ်ရှိရမယ့်
စွမ်းရည်ထက်နိမ့်ပြီး
လုပ်ဆောင်နေကြတာပါ
ဘာလို့လဲဆိုတော့ ဘဝတစ်လျှောက် တစ်နေရာမှာ
တခါတရံ ရှုံးနိမ့်မှုတစ်ခုဟာ
သူတို့ကိုမအောင်မြင်နိုင်ဘူးလို့
သူတို့ကိုအယုံသွင်းတယ်
နောက်ပြီး သူတို့က ယုံလိုက်ကြတယ်
ကျွန်တော်တို့ဟာတစုံတခုကို
လက်ခံယုံကြည်လိုက်ပြီဆိုရင်
ကျွန်တော်တို့စိတ်ကို
ပြန်ပြင်ဖို့အတော်ခဲယဉ်းသွားပါပြီ
ကျွန်တော်ဒီသင်ခန်းစာကို
ခက်ခဲစွာသင်ယူခဲ့ရတာ
ကျွန်တော်နဲ့ကျွန်တော့်ညီ
ဆယ်ကျော်သက်အရွယ်တုန်းက
ကျွန်တော်တို့သူငယ်ချင်းတွေနဲ့
ညအမှောင်ထဲကားမောင်းကြတော့
ရဲကားကကျွန်တော်တို့ကားကိုတားတယ်
ဒီနယ်မြေမှာ
လုယက်မှုတွေရှိတော့ သံသယဖြစ်ဖွယ်တွေရှာပါတယ်
ရဲအရာရှိက ကားအနားကပ်လာပြီး
သူ့ဓာတ်မီးက ကားမောင်းသူကိုထိုးလိုက်တယ်
ကားရှေ့ခန်းမှာကျွန်တော့်ညီထိုင်တယ်
နောက်မှာကျွန်တော်ပေါ့
ရဲအရာရှိက မျက်ဆန်ပြူးကြီးနဲ့ကြည့်ပြီး
ဒီလိုပြောလိုက်တယ်
မင်းမျက်နှာကိုငါအရင်က
ဘယ်နေရာမှာတွေ့ဖူးတာပါလိမ့်?
(ရယ်သံများ)
ကျွန်တော်က
ရှေ့ခုံမှာလေ လို့ပြောလိုက်တယ်
(ရယ်သံများ)
ဒါပေမဲ့ အဲ့လိုပြောလိုက်တာသူ့ဖို့
အဓိပ္ပါယ်မရှိစေဘဲ
ကျွန်တော့်ကိုဆေးကြောင်နေတယ်လို့
သူထင်သွားတယ်
(ရယ်သံများ)
ဒါနဲ့ကားထဲကကျွန်တော့်ကိုဆွဲထုတ်ပြီး
ရှာဖွေပါတော့တယ်
ရဲကားနားခေါ်သွားပြီး
ကျွန်တော့်မှာရဲမှုခင်းလုံးဝမရှိကြောင်း
အတည်ပြုပြီးမှ
ကျွန်တော့်အမြွာညီကားရှေ့မှာထိုင်နေတာ
သူ့ကိုပြလိုက်တယ်
ကျွန်တော်တို့ကားမောင်းထွက်သွား
ပြီးတာတောင်မှ သူ့မျက်နှာကိုကြည့်လိုက်ရင်
ကျွန်တော်တစ်ခုခုခိုးပြီး
ထွက်ပြေးသွားတယ်လို့သူ့စိတ်ထဲထင်နေတုန်းပဲ
ကျွန်တော်တို့ရဲ့စိတ်ကတစ်ခါယုံမိပြီးသွားရင်
ပြန်ပြင်ဖို့တော်တော်ခက်သွားပါတယ်
ရှုံးနိမ့်ပြီးလို့ စိတ်ဓာတ်ကျတာတွေ
လက်လျှော့လိုက်တာတွေဟာ သဘာဝကျလွန်းပါတယ်
ဒါပေမဲ့ သင့်ကိုမအောင်မြင်နိုင်တော့ဘူးလို့
အယုံသွင်းတာကိုငြင်းဆန်နိုင်ပါတယ်
အားကိုးရာမဲ့နေတဲ့ခံစားချက်ကို
သင်ကိုယ်တိုင်ဖယ်ရှားရလိမ့်မယ်
အခြေအနေပေါ်မူတည်ပြီး
ကျွန်တော်တို့စိတ်ကို ထိန်းချုပ်ရပါလိမ့်မယ်
အဲ့လိုဆန့်ကျင်ဖက်သဘောဆောင်တဲ့စက်ဝန်းတွေကို
မဖြစ်တည်ပင်ကကျွန်တော်တို့ဖြတ်ထားဖို့လိုတယ်
(စိတ်ပိုင်းဆိုင်ရာယိုစိမ့်မှု
ရပ်တန့်ပစ်ပါ)
ကျွန်တော်တို့ရဲ့စိတ်နဲ့ခံစားချက်တွေဟာ
ကျွန်တော်တို့ထင်သလို့
ကျွန်တော်တို့အပေါ်သစ္စာရှိတာမဟုတ်ပါဘူး
သူတို့ဟာ စိတ်ဂနာမငြိမ်တဲ့သူငယ်ချင်းတွေနဲ့
တူတယ်
တစ်မိနစ်လောက် အားပေးထောက်ခံနေပေမယ့်
နောက်မိနစ်မှာစိတ်မချမ်းမြေ့စရာတွေဖြစ်စေတယ်
ကျွန်တော်ဟာ
အိမ်ထောင်သက်အနှစ်၂ဝလောက်ရှိတဲ့
ဆိုးဆိုးဝါးဝါး အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီး
တစ်ယောက်နဲ့အလုပ်တူတူလုပ်ဖူးတယ်
သူမဟာ အွန်လိုင်းပေါ်မှာတွေ့တဲ့
အမျိုးသားတစ်ယောက်နဲ့
ပထမအကြိမ်တွေ့ဆုံဖို့အဆင်သင့်ဖြစ်နေပါပြီ
သူဟာအောင်မြင်ပြီးကြည့်ကောင်းတဲ့သူတစ်ယောက်
အရေးအကြီးဆုံးက
သူမအတွက်အမှန်အကန်လို့ထင်ခဲ့တယ်
ဒါမို့သူမစိတ်တွေလုပ်ရှားနေတယ်
အ၀တ်အစားတစ်စုံတောင်အသစ်ဝယ်လိုက်တယ်
သူတို့နှစ်ယောက်ဂုဏ်သရေရှိတဲ့နယူးယောက်က
ဘားတစ်ခုမှာဆုံကြရင် အဖျော်ယမကာသောက်ကြတယ်
ဆုံကြပြီး ၁ဝမိနစ်လောက်နေတော့
အဲ့အမျိုးသားဟာ မတ်တပ်ထရပ်ကာ
ကျွန်တော် ခင်ဗျားကိုစိတ်မဝင်စားဘူး
လို့ပြောပြီးထွက်သွားတယ်
(ငြင်းပယ်ခြင်း)
ငြင်းပယ်ခြင်းဟာသိပ်ကိုနာကျင်လွန်းလှပါတယ်
ဒီအမျိုးသမီးဟာမလှုပ်နိုင်အောင်
နာကျင်ခဲ့ရပါတယ်
သူလုပ်နိုင်ခဲ့တာက
သူ့သူငယ်ချင်းဆီဖုန်းဆက်ဖို့ပဲ
အဲ့မှာ သူငယ်ချင်းကပြောတယ်
"ဟုတ်ပြီ မင်းကဘာကိုမျှော်လင့်နေတာလဲ
မင်းမှာတင်ပါးကြီးကြီးရှိတယ်
မင်းမှာစိတ်ဝင်စားစရာစကားပြောဖို့မရှိဘူး
ဘာလို့ချောမောခန့်ညားတဲ့
အမျိုးသားတစ်ယောက်က
နင့်လို အရှုံးသမားတစ်ယောက်အနေနဲ့
ချိန်းရတာလဲ
သိပ်ကိုကြမ်းကြုတ်တဲ့သူငယ်ချင်းပဲဆိုပြီး
အံသြမှင်သက်သွားတယ်မလား။ဟုတ်တယ်။
သို့သော် အကယ်၍ အဲ့လိုပြောတာတွေက
သူငယ်ချင်းမဟုတ်ဘူးလို့ကျွန်တော်ပြောရင်
ခင်ဗျားတို့အဲ့လောက်ကြီးအံ့သြမှင်သက်
နေတော့မှာမဟုတ်ဘူး
အဲ့အမျိုးသမီးကကိုယ်ဘာသာပြန်ပြောတာမျိုးပေါ့
အဲ့လိုပဲ ကျွန်တော်တို့တွေကတစ်စုံတစ်ခုကို
လုပ်လိုက်ကြတယ်
အထူးသဖြင့် ငြင်းပယ်ခြင်းခံရပြီးတဲ့အခါပေါ့
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့အမှားတွေ
ချို့ယွင်းချက်တွေ
ဖြစ်ချင်ခဲ့တာတွေ မဖြစ်ချင်ခဲ့တာတွေ
ကို စတွေးတယ်၊
ကိုယ့်အမည်နာမတွေရေရွတ်တော့တယ်
ကြမ်းကြမ်းတမ်းတမ်းမဟုတ်တောင်
အဲ့လိုလုပ်ကြတယ်
ကျွန်တော်တို့လုပ်တာတွေကစိတ်ဝင်စားစရာပဲ
ဘာလို့လဲဆိုတော့အတွင်းစိတ်ကထိခိုက်နေလို့ပဲ
ဒါကိုမှ ဘာလို့ ထပ်ထပ်ပြီး
ဖျက်ဆီးချင်ရတာလဲ။
ကျနော်တို့ဟာ ကိုယ်ခန္ဓာဒဏ်ရာကို
ပိုဆိုးအောင် တမင်လုပ်လေ့မရှိဘူး၊
ဓားတစ်ချောင်းယူပြီး ဘယ်လောက်
နက်အောင် လုပ်လို့ရမလဲ
ဆိုပြီး ကိုယ့်လက်မောင်းကို
လှီးဖြတ်မှာ မဟုတ်ပါဘူး
စိတ်ဒဏ်ရာတွေကိုကျတော့ အချိန်တိုင်း
ကျွန်တော်တို့ အဲ့လိုပြုမူကြတယ်
ဘာလို့လဲ။ ဘာလို့လဲဆို
စိတ်ကျန်းမာရေးဆိုင်ရာအားနည်းနေလို့ပါ
ဘာလို့လဲဆို ကျွန်တော်တို့ဟာ
စိတ်ကျန်းမာရေးကိုဦးစားမပေးလို့ပဲ
လေ့လာမှုပေါင်းဒါဇင်နဲ့ချီပြီးသိလာရတာက
ကိုယ့်ဘာသာကိုယ်ယုံကြည်မှုနည်းလေလေ
စိတ်ဖိစီးမှုတွေပူပန်သောကတွေများများလာပါတယ်
အဲ့ဒါကြောင့်ကျဆုံးမှုတွေ
ငြင်းပယ်မှုတွေကိုပိုခံစားရစေပါတယ်
နောက်ပြီးပြန်ကောင်းဖို့အချိန်တွေအများကြီး
ကြာပါလိမ့်မယ်
ဒါကြောင့်ကျွန်တော်တို့ငြင်းပယ်ခံရပြီဆိုရင်
ပထမဆုံးလုပ်သင့်တာကတော့
ကိုယ့်ရဲ့ယုံကြည်မှုကိုအားပေးဖို့ပါပဲ
ငြင်းပယ်မှုတွေတိုက်ပွဲမဝင်ဘဲ
အားပျော့သွားအောင်လုပ်လိုက်ပါ
သင်စိတ်ပိုင်းဆိုင်ရာ နာကျင်နေတဲ့အခါ
သူငယ်ချင်းကောင်းတစ်ယောက်ဆီက
သင်မျှော်လင့်နေတဲ့
မေတ္တာအကြင်နာအတိုင်း သင့်ကိုသင်
ပေးလိုက်ပါ
(သင့်တန်ဖိုးသင်ကာကွယ်ပါ)
ကျွန်တော်တို့ဆီမှာစိတ်ပိုင်းဆိုင်ရာ
အကျင့်ဆိုးတွေရှိနေတတ်ပါတယ် ပြောင်းလဲပစ်ပါ
အဆိုးဆုံးနဲ့ အဖြစ်များဆုံးသော
အကျင့်ဆိုးတစ်ခုကတော့ စားမြုံပြန်ခြင်းပါပဲ
စားမြုံပြန်တယ်ဆိုတာ
အေးဆေးစဉ်းစားတွေးတောတာပေါ့
သင့်သူဌေးက သင့်ကိုအော်ငေါက်လိုက်တဲ့အခါ
(သို့)သင့်ဆရာကသင့်ကိုအခန်းထဲ
အသုံးမကျသူလို့ထင်အောင်လုပ်တဲ့အခါ
(သို့)သင့်သူငယ်ချင်းနဲ့
အကြီးအကျယ်ရန်ဖြစ်တဲ့အခါ
အဲ့ဒီဖြစ်စဉ်တွေကို ပြန်တွေးတောစဉ်းစားနေတာ
ကိုရပ်တန့်ဖို့
ရက်အတော်ကြာ
တခါတလေ ရက်သတ္တပတ်တွေထိကြာတတ်ပါတယ်
အဲ့လိုစိတ်ရှုပ်စရာကောင်းတဲ့ဖြစ်စဉ်တွေကို
စားမြုံပြန်နေတာဟာ
အလွယ်တကူအကျင့်တစ်ခုဖြစ်လာနိုင်ပါတယ်
နောက်ပြီးသိပ်ကိုရင်းနှီးမှုများပါတယ်
ဘာလို့လဲဆိုတော့ သင့်အချိန်တွေအများကြီးကို
စိတ်ပျက်စရာကောင်းတဲ့မကောင်းတဲ့
အတွေးတွေပေါ်အာရုံထားလို့ပဲ
အဲ့တော့ သင့်ကိုသိသာတဲ့အန္တရာယ်တွေ
ဖြစ်လာပါတယ်
စိတ်ဓာတ်ကျစေတာတွေ
အရက်သမားဖြစ်လာတာတွေ
အစားအသောက်ပျက်လာတာ
နှလုံးရောဂါလိုမျိုးတောင်မှဖြစ်လာနိုင်တယ်
ပြဿနာက စားမြုံပြန်ဖို့ဆော်သြတာဟာ
သိပ်ပြင်းထန်ပြီး သိပ်အရေးကြီးတဲ့
အကျင်းဆိုးမို့ ဟန့်တားဖို့ခက်ခဲပါတယ်
ကျွန်တော်ဟာဒါကိုအချက်တစ်ခုအနေနဲ့
သိခဲ့ပါတယ်
တစ်နှစ်စွန်းစွန်းလောက်တုန်းက
ကိုယ့်ဘာသာကိုယ် အဲ့အကျင့်ကိုဖန်တီးခဲ့တယ်
ကျွန်တော့်အမြွာညီမှာ
အဆင့် ၃အဆင့် သွေးကင်ဆာရှိနေတာသိလိုက်ရတယ်
ကင်ဆာကအတော်အပျံ့မြန်တာပဲ
ဒါနဲ့သူ့ခန္ဓာတစ်ခုလုံးအကျိတ်တွေထွက်လာပါရော
နောက်သူ့ကိုကင်ဆာဆေးတွေစပေးပါတော့တယ်
သူအဲ့လိုဖြစ်နေတာကို
ကျွန်တော်မတွေးဘဲမနေနိုင်ဘူး
သူတစ်ခါလေးတောင်မှစောတကမတက်တောင်မှပဲ
သူဘယ်လောက်ခံစားနေရမလဲလို့လည်း
ကျွန်တော်မတွေးဘဲမနေနိုင်ပြန်ဘူး
သူ့ဆီမှာအံ့သြစရာကောင်းလောက်တဲ့
သဘောထားကောင်းရှိနေခဲ့တယ်
သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက
သြချရလောက်တယ်
ကျွန်တော်ကရုပ်ပိုင်းဆိုင်ရာကျန်းမာပေမယ့်
စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတော့သုံစားမရဘူး
ဒါပေမယ့်ဘာလုပ်ရမလဲဆိုတာ
သိပါတယ်
လေ့လာမှုတွေအရ
၂မိနစ်စာအာရုံအပြောင်းအလဲလေးကတောင်မှ
ဒီအချိန်တွေမှာစားမြုံပြန်တာကို
ချေဖျက်ဖို့လုံလောက်ပါတယ်
ဒါကြောင့်ကျွန်တော်စိုးရိမ်ပူပန်
သောကရောက်ပြီးအတွေးဆိုးတွေဝင်လာရင်
အခြားတစ်ခုကိုအာရုံစိုက်ဖို့ဖိအားပေးခဲ့တယ်
အတွေးဆိုးတွေမရှိတော့တဲ့အချိန်အထိပေါ့
တစ်ပါတ်အတွင်းကျွန်တော်အတွေးတွေ
ပြောင်းသွားခဲ့တယ်
နောက်ပြီးအကောင်းမြင်တတ်လာပြီး
မျှော်လင့်ချက်ထားတတ်လာတယ်
(အတွေးဆိုးတွေကိုတိုက်ထုတ်ပစ်လိုက်ပါ)
ကျွန်တော့်ညီကိုကင်ဆာဆေးပေးပြီး ၉ပတ်ကြာတော့
ကွန်ပြူတာဓာတ်မှန်ရိုက်တယ်
သူ့အဖြေတွေရလာတော့
ကျွန်တော်သူ့ဘေးမှာရှိနေတယ်
အကျိတ်တွေပြုတ်ပြုတ်ပြုန်းကုန်ပါပြီ
သူနောက်ထပ်
ကင်ဆာဆေး၃ခါစာခံယူရဦးမယ်ဆိုပေမယ့်
သူနေပြန်ကောင်းလာပြီးဆိုတာသိလိုက်ရတယ်
ဒီဓာတ်ပုံလေးကလွန်ခဲ့တဲ့
၂ပတ်ကရိုက်ထားတာပါ
သင်အထီးကျန်ဆန်နေတာကို အရေးယူလိုက်တာ
ရှုံးနိမ့်မှုအတွက်တုန့်ပြန်မှုတွေ
အမျိုးမျိုးပြောင်းလိုက်တာ
သင့်တန်ဖိုးကို သင်ကာကွယ်တာ
အတွေးဆိုးအတွေးညစ်တွေကို
တိုက်ထုတ်ပစ်တာတွေဟာ
သင့်ရဲ့စိတ်ဒဏ်ရာတွေကို
မပျောက်ကင်းစေနိုင်ပါဘူး
စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါ
မွေးမြူပါ
လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကလူတွေဟာ
တကိုယ်ရည်သန့်ရှင်းကိုလုပ်ဆောင်လာကြတယ်
လူ့သက်တမ်းရှည်နှုန်းလည်း
ဆယ်စုနှစ်အတွင်း
၅ဝရာခိုင်နှုန်းကျော်မြင့်တက်လာခဲ့တယ်
အကယ်၍ကျွန်တော်တို့သာစိတ်ပိုင်းဆိုင်ရာ
ကျန်းမာကြံ့ခိုင်ရေးကိုစတင်လေ့ကျင်မယ်ဆိုရင်
ကျွန်တော်တို့ ပျော်ရွှင်မှုတွေကလည်း
တဟုန်ထိုးတိုးတက်လာမှာယုံကြည်ပါတယ်
အကယ်၍သာလူတိုင်း
စိတ်ပိုင်းဆိုင်ရာကျန်းမာနေကြမယ်ဆိုရင်
ကမ္ဘာကြီးကဘယ်လိုဖြစ်နေမလဲလို့
စိတ်ကူးကြည့်ဖူးလား။
အထီးကျန်ဆန်မှုတွေနည်းလာရင်
စိတ်ဓာတ်ကျတာတွေနည်းလာရင်
လူတွေကရှုံးနိမ့်မှုကိုဘယ်လိုကျော်လွှားရမယ်
ဆိုတာသိလာကြရင်
သူတို့ဘဝကို သူတို့ကျေနပ်ပြီး
ပိုအားပေးလာကြရင်
သူတို့ဘဝတွေဟာပိုပျော်လာပြီး
ပြီးပြည့်စုံလာရင်
အဲ့လိုကမ္ဘာမျိုးက
ကျွန်တော်နေချင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ
ကျွန်တော့်ညီလည်းဒီလိုကမ္ဘာလေးမှာ
နေချင်မှာပါပဲ
သင်ဗဟုသုတတွေရပြီး
ရိုးရှင်းတဲ့အကျင့်အချို့ကိုပြင်မယ်ဆိုရင်
ကျွန်တော်တို့အားလုံး
နေနိုင်တဲ့ကမ္ဘာလေးဖြစ်လာမှာပါ
အားလုံးကိုကျေးဇူးတင်ပါတယ်
(လက်ခုပ်သံများ)