WEBVTT 00:00:06.446 --> 00:00:09.026 ၂၀၁၆ခုနှစ် မှ ၂၀၁၉ ခုနှစ်အတွင်း 00:00:09.026 --> 00:00:13.321 မိုးလေ၀သပညာရှင်များက ကမ္ဘာတ၀န်းမှာ အပူလှိုင်းစံချိန်သစ်များ၊ 00:00:13.321 --> 00:00:16.821 ဆိုးရွားတဲ့ ကယ်လီဖိုးနီးယားနဲ့ ဩစတေးလျ တောမီးလောင်မှုတွေနဲ့ 00:00:16.821 --> 00:00:21.801 အကြာဆုံး အပူပိုင်း ဆိုင်ကလုန်းအမျိုးအစား ၅ မျိုးတို့ကို ကြုံတွေ့ခဲ့ရပါတယ်။ 00:00:21.801 --> 00:00:26.611 အနှစ်လေးဆယ်အတွင်း ပြင်းထန်တဲ့မိုးလေ၀သ အခြေအနေ အရေအတွက် မြင့်တက်လျက်ရှိပြီး 00:00:26.611 --> 00:00:30.521 အလားတူ ဆက်လက်ဖြစ်ပွားနိုင်ခြေ ရှိတယ်လို့ ခန်ံ့မှန်းထားကြပါတယ်။ 00:00:30.521 --> 00:00:34.021 ဒါပေမဲ့ ဒီသဘာ၀ဘေးအန္တရာယ်တွေက သာမန် မိုးလေ၀သအခြေအနေ ဆိုးရွားမှုပဲလား။ 00:00:34.021 --> 00:00:37.451 ဒါမှမဟုတ် ရာသီဥတုပြောင်းလဲမှုကြောင့်လား။ 00:00:37.451 --> 00:00:39.761 ဒီမေးခွန်းကိုဖြေဖို့အတွက် 00:00:39.761 --> 00:00:44.091 မိုးလေ၀သနှင့်ရာသီဥတုတို့ရဲ့ ခြားနားချက်၊ သူတို့အကြောင်း၊ကြိုတင်ခန့်မှန်းချက်ထုတ်ပုံ 00:00:44.091 --> 00:00:48.022 ယင်းခန့်မှန်းချက်များနောက်ကွယ်က ညွှန်ပြချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။ NOTE Paragraph 00:00:48.022 --> 00:00:52.078 ပညာရှင်များက "မိုးလေ၀သ"ကို ဒေသတစ်ခုရဲ့ အချိန်ကာလတစ်ခုအတွင်းရှိ 00:00:52.078 --> 00:00:54.908 လေထုအခြေအနေလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ 00:00:54.908 --> 00:00:58.318 လက်ရှိမှာ သုတေသီများက နောင်လာမည့် အပတ်အတွက် ဒေသတွင်းမိုးလေ၀သအခြေအနေကို 00:00:58.318 --> 00:01:01.088 အကြမ်းအားဖြင့် ၈၀%ခန့် တိကျအောင် ခန့်မှန်းနိုင်ကြပါတယ်။ 00:01:01.088 --> 00:01:05.485 "ရာသီဥတု"ကတော့ ဒေသတစ်ခုရဲ့ လတစ်လ ဒါမှမဟုတ် တစ်လထက်ပိုတဲ့ကာလအတွင်း 00:01:05.485 --> 00:01:08.071 လေထုရဲ့ပျမ်းမျှအခြေအနေကို ပြသပါတယ်။ 00:01:08.071 --> 00:01:13.110 ရာသီဥတုခန့်မှန်းချက်များက လာမည့်ဆယ်စုနှစ် ရဲ့ပျမ်းမျှအပူချိန်ကို ခန့်မှန်းနိုင်ပေမဲ့ 00:01:13.110 --> 00:01:17.719 ဖြစ်လာနိုင်တဲ့မိုးလေ၀သအခြေအနေ အတိအကျကိုတော့ မပြောပြနိုင်ပါဘူး။ NOTE Paragraph 00:01:17.719 --> 00:01:21.775 ဒီခန့်မှန်းချက်နှစ်မျိုးက မတူညီတဲ့ အချက်အလက်တွေအပေါ် 00:01:21.775 --> 00:01:24.875 အခြေခံထားတာဖြစ်တဲ့အတွက် ယခုလို ကွဲပြားနေရခြင်း ဖြစ်ပါတယ်။ NOTE Paragraph 00:01:24.875 --> 00:01:26.721 မိုးလေ၀သအခြေအနေကို ခန့်မှန်းနိုင်ဖို့ 00:01:26.721 --> 00:01:31.405 ပညာရှင်များအနေနဲ့ ဒေသတစ်ခုရဲ့ လေထုအတွင်း ရှိ မိုးလေ၀သအခြေအနေကိုဆုံးဖြတ်နိုင်တဲ့ 00:01:31.405 --> 00:01:38.075 မိုးရေချိန်၊ လေထုဖိအား၊ သိပ်သည်းဆ၊ လေတိုက် နှုန်းနဲ့လေလမ်းကြောင်းရဲ့ လက်ရှိအဆင့်ကို 00:01:38.085 --> 00:01:39.988 တိုင်းတာရန် လိုအပ်ပါတယ်။ 00:01:39.988 --> 00:01:44.211 ကမ္ဘာတစ်ဝှမ်းရှိ အခြေစိုက်စခန်း ပေါင်း၈၀၀ကျော်မှ မိုးလေ၀သပညာရှင်များက 00:01:44.211 --> 00:01:48.336 မိုးပျံပူဖောင်းများကို တနေ့နှစ်ကြိမ် လေထု အတွင်းကို လွှတ်တင်လေ့ရှိကြတယ်။ 00:01:48.343 --> 00:01:51.033 မိုးပျံပူဖောင်းတွေက "radiosonde" ဟုခေါ်သော ကိရိယာများကို 00:01:51.033 --> 00:01:53.553 သယ်ဆောင်တယ်၊ ဒါတွေက ကနဦး အခြေအနေများကို တိုင်းတာပြီး 00:01:53.553 --> 00:01:57.514 တွေ့ရှိချက်များကို နိုင်ငံတကာ မိုးလေ၀သစင်တာများသို့ ပို့ပေးတယ်။ 00:01:57.514 --> 00:02:00.554 ဒီကနေ ရရှိလာသောအချက်အလက်များကို အခြေခံပြီး 00:02:00.554 --> 00:02:04.626 ပညာရှင်များက မိုးလေ၀သ ခန့်မှန်းချက်များကို ထုတ်ပြန်ကြသည်။ 00:02:04.626 --> 00:02:06.564 ဖြစ်ချင်တော့ ပြီးပြည့်စုံတဲ့ NOTE Paragraph 00:02:06.564 --> 00:02:09.779 ခန့်မှန်းချက်တစ်ခုကိုထုတ်ပြန်ဖို့ တားဆီးနေတဲ့ အရာ ရှိနေပါတယ်။ 00:02:09.779 --> 00:02:13.244 မိုးလေ၀သသည် အခြေခံအားဖြင့် ရှုပ်ထွေးလွန်းသောစနစ်တစ်ခု ဖြစ်ပါတယ်။ 00:02:13.244 --> 00:02:16.984 ဆိုလိုတာက ယင်းသည် အံ့ဩဖို့ကောင်းအောင် အထိခိုက်မခံတဲ့အရာဖြစ်ပြီး 00:02:16.984 --> 00:02:21.487 စနစ်၏အစိတ်အပိုင်းအားလုံးကို နားမလည်ဘဲ ပြီးပြည့်စုံစွာ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး 00:02:21.487 --> 00:02:25.667 ဆယ်ရက်တာကာလအတွင်း အလွန်သေးငယ်သော နှောင့်ယှက်မှုလေးတစ်ခုက 00:02:25.667 --> 00:02:29.737 လေထုအခြေအနေအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်ရုံသာမက 00:02:29.737 --> 00:02:35.764 ရက်သတ္တပတ်နှစ်ပတ်နောက်ပိုင်း မိုးလေဝသကိူ ခန့်မှန်းမရနိုင်အောင် ဖြစ်စေတာပါ။ 00:02:35.764 --> 00:02:39.258 ရာသီဥတုခန့်မှန်းချက်များကတော့ မိုးလေ၀သ လှိုင်းလေထန်တာ ပိုနည်းတယ်။ NOTE Paragraph 00:02:39.258 --> 00:02:41.488 ဘာကြောင့်လဲဆိုရင် ဒေသတစ်ခုရဲ့ရာသီဥတုက 00:02:41.488 --> 00:02:45.158 မိုးလေ၀သရဲ့ အချက်အလက်ကို ပျမ်းမျှယူထားခြင်းပဲဖြစ်ပါတယ်။ 00:02:45.158 --> 00:02:47.398 ဒါ့အပြင် ရာသီဥတုခန့်မှန်းချက်ထုတ်ရာမှာ 00:02:47.398 --> 00:02:49.798 လေထုအတွင်း လက်ရှိ ဖြစ်ပေါ်နေတာကို လျစ်လျူရှုပြီး 00:02:49.798 --> 00:02:53.768 ဖြစ်နိုင်တဲ့အရာများကိုသာ အဓိကထား တာကြောင့်မို့လည်း ဖြစ်ပါတယ်။ 00:02:53.768 --> 00:02:57.518 ယင်းတို့ကို ကန့်သတ်အခြေအနေများလို့ခေါ်ပြီး 00:02:57.518 --> 00:03:02.744 ရာသီဥတုနှင့်မိုးလေ၀သတို့မှ ကန့်သတ်ချက်များပဲဖြစ်ပါတယ်။ 00:03:02.744 --> 00:03:07.174 ကန့်သတ်အခြေအနေရဲ့ဥပမာတစ်ခုက နေရောင်ခြည်စွမ်းအင်ဖြာထွက်ခြင်းပါ။ NOTE Paragraph 00:03:07.174 --> 00:03:12.686 နေနှင့် တည်နေရာတစ်ခုအကြားရှိ တိကျတဲ့ အကွာအဝေးနှင့်ထောင့်ကို စိစစ်ခြင်းဖြင့် 00:03:12.686 --> 00:03:16.190 ဒီဧရိယာမှ လက်ခံရရှိမယ့်အပူပမာဏကို သိရှိနိုင်ပါတယ်။ 00:03:16.190 --> 00:03:19.530 တစ်နှစ်ပတ်လုံး နေရဲ့လှုပ်ရှားမှုကို သိနေတဲ့အတွက်ကြောင့် 00:03:19.530 --> 00:03:22.570 ၎င်း၏ အပူချိန်ပေါ်သက်ရောက်မှုကို တိကျစွာ ခန့်မှန်းနိုင်ပါတယ်။ 00:03:22.570 --> 00:03:25.770 နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ဒေတာများကို ပျမ်းမျှယူခြင်းဖြင့် 00:03:25.770 --> 00:03:29.450 အချိန်ကာလာအလျောက် ပုံမှန်ဖြစ်လေ့ ရှိတဲ့ပုံစံတွေကို ထုတ်ဖော်နိုင်ပါတယ်။ 00:03:29.450 --> 00:03:35.022 ကန့်သတ်အခြေအနေအများစုက တဖြည်းဖြည်း ပြောင်းတဲ့ တန်ဖိုးတွေ ကောင်းစွာသတ်မှတ်တယ်။ NOTE Paragraph 00:03:35.022 --> 00:03:39.653 ဒါက သုတေသီတွေကို အနာဂတ် နှစ်တွေအတွေအတွက် ရာသီဥတုကို စိတ်ချက်ချ ခန့်မှန်းခွင့်ပေးတယ် 00:03:39.653 --> 00:03:42.431 ဒါပေမဲ့ ဒီမှာ ခဲရာခဲဆစ်နိုင်တဲ့ နေရာပါ။ 00:03:42.431 --> 00:03:45.831 ကန့်သတ် အခြေအအနေထဲက မပြောပလောက်တဲ့ ပြောင်းလဲမှုက ကမောက်ကမ ရာသီဥတုစနစ်မှာ 00:03:45.831 --> 00:03:48.823 ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုကို ကိုယ်စားပြုပါတယ်။ 00:03:48.823 --> 00:03:51.477 ဥပမာပြရရင် လွန်ခဲ့တဲ့နှစ်ပေါင်း၁၅၀အတွင်း 00:03:51.477 --> 00:03:56.066 ကမ္ဘာမြေ၏မျက်နှာပြင်အပူချိန်ဟာ ၁ ဒီဂရီဆဲလ်စီးရပ်စ်နီးပါး တိုးလာပါတယ်။ 00:03:56.066 --> 00:03:58.486 ဒီပြောင်းလဲမှုဟာ သေးငယ်တယ်လို့ထင်ရပေမဲ့ 00:03:58.486 --> 00:04:02.146 ဒီ ၁ ဒီဂရီဆိုတဲ့ပြောင်းလဲမှုကြောင့် လေထုထဲမှာ အကြမ်းအားဖြင့် 00:04:02.146 --> 00:04:06.606 နျူကလီယားထိပ်ဖူး ၁သန်းနဲ့ညီမျှတဲ့ စွမ်းအင် တိုးလာပါတယ်။ 00:04:06.606 --> 00:04:09.264 ဒီ ကြီးမားတဲ့စွမ်းအင်ထုက အပူလှိုင်းများ၊ 00:04:09.264 --> 00:04:16.245 မိုးခေါင်မှုများ၊ မုန်တိုင်းများ ဖြစ်ပေါ်မှုမှာ သိသိသာသာတိုးမြင့်လာပါတယ်။ NOTE Paragraph 00:04:16.245 --> 00:04:20.412 ပြင်းထန်တဲ့မိုးလေ၀သ တိုးပွားလာမှုက ကျပန်း လား(သို့)ပြောင်းနေသောရာသီဥကြောင့်လား။ NOTE Paragraph 00:04:20.412 --> 00:04:21.721 အဖြေကတော့ 00:04:21.721 --> 00:04:25.881 မိုးလေ၀သက အမြဲတမ်း ကမောက်ကမ ဖြစ်နေမယ်ဆိုပေမဲ့ 00:04:25.881 --> 00:04:31.581 ရာသီဥတုအတွင်းက အပြောင်းအလဲတွေက ပြင်းထန်သော မိုးလေ၀သအခြေအနေဖြစ်နိုင်ခြေ တိုးစေတာပါ။ 00:04:31.581 --> 00:04:34.822 သိပ္ပံပညာရှင်များက ရာသီဥတု အခြေအနေ ပြောင်းလဲလာပြီး NOTE Paragraph 00:04:34.822 --> 00:04:40.750 လူသား အပြုအမူများက ဒီပြောင်းလဲမှုကို မြန်ဆန်စေပါတယ်ဆိုတာကိူ လက်ခံလုနီးပါးပါ။ 00:04:40.750 --> 00:04:42.107 ကံကောင်းတာက 00:04:42.107 --> 00:04:46.050 လူသားတွေရဲ့ဘယ်အပြုအမူတွေက ရာသီဥတု အပေါ် အများဆုံး အသက်ရောက်မှူရှိတယ်ဆိုတာ 00:04:46.050 --> 00:04:50.143 ဘယ်ကန့်သတ်အခြေအနေအမျိုးအစား ပြောင်းလဲ နေသလဲကို ခြေရာခံကာ သိရှိနိုင်ပါတယ်။ 00:04:50.143 --> 00:04:54.053 ဒါကြောင့် နောင်လာမည့်လအတွက်မိုးလေ၀သ အခြေအနေက ပဟေဠိတစ်ခုအနေနဲ့ ရှိတာတောင် 00:04:54.053 --> 00:04:58.690 အားလုံး အတူတကွပူးပေါင်းလုပ်ကိုင်ကာ နောင်လာမည့် ရာစုနှစ်များအတွက်ရာသီဥတုကို 00:04:58.690 --> 00:05:01.045 ကြိုတင်ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။