အစားအသောက် သယ်ယူပို့ဆောင်ခြင်း
အခုခေတ်လူတွေအတွက် ဗိုက်ဆာရင် မှာစားဖို့
လွယ်ကူစေတဲ့ အရာဖြစ်တယ်
ကျွန်တော့်ရဲ့ လေ့လာမှုအရ
အမေရိကန်လူမျိုးတေွဟာ နေ့စဉ်နေ့တိုင်း
သန်း ၂၀ ကျော်သော အစားအသောက်မှာယူမှုတွေ
ပြုလုပ်နေကြပါတယ်
ထက်ဝက်ကျော်ဟာ လမ်းလျှောက်သွားလို့ရတဲ့
အကွာအဝေးမှာပဲ ရှိကြပါတယ်
ဒါပေမဲ့ ၉၀% က ကားဖြင့်
ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်
ဒါကြောင့် အခြေခံကျကျ ပြောရရင်
ကျွန်တော်တို့ဟာ ၂ ပေါင်လေးတဲ့ ဘိုရီတိုကို
၂ တန်ကားဖြင့်
အခေါက်ရေ သန်း ၂၀ နေ့စဉ်
ပို့ဆောင်တာ ဖြစ်ပါတယ်
သင့်ထံ ဒီဘိုရီတို
သယ်လာတဲ့ အားအင်ဟာ
ပူခြစ်နေတဲ့ ထိုင်ခုံ၊
၂ တန်လေးတဲ့ သံသေတ္တာဖြင့်
သင့်ဆီ သယ်ယူလာရတာ ဖြစ်ပါတယ်
ရိုးရိုးသားသား ဝန်ခံရရင်တော့
ကျွန်ုပ်တို့ရဲ့ကားတွေအပေါ်မှာ စွဲလန်းနေတယ်
သင်သိပါသလား။ အမေရိကမှာ
ကားတစ်စီးချင်းစီအတွက်
ကားပါကင် ၄ နေရာလောက်ရှိပါတယ်
တချို့သော မြို့ထဲနေရာတွေမှာဆိုရင်
အိပ်ရာအဆောက်အအုံတွေရဲ့ ထက်ဝက်ကျော်ဟာ
ကားတွေအတွက်ဖြစ်ပါတယ်
မြို့တော်တွေ ကားတွေ
လှည့်ပတ်လို့ရအောင် ဖန်တီးခဲ့ကြတယ်
ကျွန်တော်တို့ ၂ မိုင်လောက်သွားရင်ဖြစ်ဖြစ်၊
မိုင် ၂၀၀ လောက် သွားရင် ဖြစ်ဖြစ်
တစ်ယောက်တည်းဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ
ကော်ဖီဝယ်သောက်ရင်၊ ကော်ဖီတင်စားပွဲ
ဝယ်ရင်ရော တူညီတဲ့ကားနဲ့ပဲ သွားလာဖြစ်တယ်
ဒီလမ်းတွေ ကားပါကင်နေရာတွေကို
နေရာလွတ် လုပ်ပေးနိုင်ရင်
အိမ်ရာတွေ၊ အများဆိုင် နေရာတွေနဲ့
ပန်းခြံတွေကို ပိုမို ဆောက်လုပ်လာနိုင်တယ်
သို့သော် ဒီလိုလုပ်ဖို့ဆိုရင်
ပထမဆုံးအနေနဲ့ ဒီနေ့ခေတ်မှာ ကားတွေကို
ဘယ်လို သုံးတယ်ဆိုတာ ပြန်တွေးဖို့ လိုအပေတယ်
အနာဂတ်မြို့တော်တွေမှာဆိုရင်
လမ်း ငါးဖြတ်စာ သွားချင်ရင်
စက်ဘီး (သို့) စကူတာနဲ့ သွားရမှာပါ
သင်အလျင်လိုနေရင် ခရီးသည်တင်
ဒရုန်းက သင့်ကို လာခေါ်မှာပါ
သင် အစားအသောက် လိုအပ်ရင်
ကားမောင်းဖို့လူ မလိုအပ်တော့ပါဘူး
အစားအသောက်ကပဲ သင့်ဆီကို လာပါလိမ့်မယ်
နေ့စဉ် အကြိမ်ရေ သန်း၂၀ ကျော် သယ်ယူ
ပို့ဆောင်မှုဆီကို ပြန်သွားရအောင်
လမ်းတွေ အပေါ်မှာ ဒီသယ်ယူ
ပို့ဆောင်မှုတွေ နည်းလာခဲ့ရင်
အမေရိကန်မှာရှိတဲ့ ကားအရေအတွက် သန်းဝက်လောက်
လိုအပ်မှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်
ဒီပမာဏက ဆန်ဖရန်စစ္စကို
မြို့ရဲ့ နှစ်ဆရှိပါတယ်
ဒီအကျိုးသက်ရောက်မှုက
မြို့တော်တွေ ဖြစ်တဲ့ ဒေလဟီ
(သို့မဟုတ်) ကျွန်တော့်ဇာတိ တီဟီရန်မှာ
ဖြစ်လာနိုင်လားလို့ အခု စဉ်းစားကြည့်ရအောင်။
ကားညစ်ညမ်းမှုတွေကြောင့် နှစ်စဉ်
လူထောင်နဲ့ချီ အသက်ဆုံးရှုံးနေတဲ့ နေရာတွေပါ
ဒါဆို သယ်ယူပိုဆောင်မှုအချို့ကို လမ်းမပေါ်
ကနေပပျောက်သွားအောင် ဘယ်လိုလုပ်ကြမလဲ
ဒါက မေးခွန်းကောင်းတစ်ခုပဲ
ကျွန်တော့်တို့အဖွဲ့က လွန်ခဲ့တဲ့
သုံးနှစ်ကျော်ထဲက စိုးရိမ်နေခဲ့တယ်
အဖြေကတော့
အနာဂတ် တ်မြို့တော်တွေရဲ့အဆောက်အဉီး
အစိတ်အပိုင်းတိုင်းမှာ
သေးငယ်ပြီး အလိုလိုမောင်းနှင်မယ့်
စက်ရုပ်တွေအတွက် နေရာ ဖန်တီးဖို့ပါပဲ
လမ်းကြိုလမ်းကြားနဲ့ ပလက်ခေါင်းပေါ်မှာ
လမ်းလျှောက်တဲ့အရှိန်နဲ့ သွားလာနိုင်ကာ
အစားအသောက်နဲ့ ပစ္စည်းများကို
စိတ်ချရတဲ့ ထုတ်ပိုးမှုရှိတယ်။
အခု စက်ရုပ်တွေ အကြောင်းကို မပြောခင်
အတွေးနဲ့ မြန်ဆန်တဲ့ စမ်းသပ်မှုလေး
တစ်ခု လုပ်ကြည့်ရအောင်
သင့်အတွေးထဲမှာ စက်ရုပ်ထောင်ချီရှိနေတဲ့
မြို့တော်ကြီးကို ပုံဖော်ကြည့်ပါ
ဒါမျိုးလား။
ဒီလို ဟောလိဝုဒ်ရဲ့ ကမ္ဘာဖျက်ဇာတ်လမ်းထဲက
လိုမျိုး လူအများစုကတော့ ထင်မိကြပါလိမ့်မယ်
ဒါပေမဲ့ ကျွန်တော်တို့အလုပ်က လူတွေအတွက်
ထုတ်ထားတဲ့ ရင်းနှီးတဲ့အနာဂတ် ဖန်တီးဖို့ပါ
မရင်းတဲ့ စက်ရုပ်တွေ ပြုလုပ်မယ့်အစား
အကျွမ်းတဝင် ရှိမယ့် စက်ရုပ်တွေကို
ကျွန်တော်တို့ စတင်ဖန်တီးနေပါပြီ
လူသား အသိုင်းအဝိုင်းနဲ့ သက်ဆိုင်တဲ့
စက်ရုပ်တွေပေါ့
သို့သော် နည်းနည်းလည်း အံ့အားသင့်စေချင်တယ်
မမျှော်လင့်ထားတဲ့
ကြည်နူးဖွယ်ကောင်းတဲ့ အရာမျိုးပေါ့
စဉ်းစားကြည့်ပါ
သင်လမ်းလျှောက်နေစဉ်မှာ
သင် ပထမဆုံး စက်ရုပ်ကို မြင်လိုက်တယ်
ဒီအချိန်လေးက သင်ဒီအရာကို
ဆုံးဖြတ်တော့မယ့် အချိန်ပါပဲ
သင်နှစ်သက်မယ့် ( သို့မဟုတ် )
ကြောက်ရွံ့မယ့် အနာဂတ်ဖြစ်မလား
ပြီးတော့ လူအများစုက ဒီအရာကို
ကမ္ဘာဖျက်မယ့်ဆိုတဲ့ အတွေးတွေ ရှိကြတယ်
သူတို့ကို ဉာဏ်အလင်းပွင့်သွားအောင်
လုပ်ပေးဖို့လိုပါတယ်
သူတို့ကို အံ့ဩပြီးပျော်ရွှင် စေပေးချင်တယ်
ဒါမှ စစမြင်ချင်းမှာပဲ ဆွဲဆောင်နိုင်မယ်
ဒီလို ကျွန်တော်တို့ စိတ်ကူးရတယ်
ရင်းနှီးပေမဲ့ အံ့ဩစရာလည်း ကောင်းပါတယ်
ဒါကတော့ စျေးဝယ်ခြင်းတောင်း ပါပဲ
WALL-E နဲ့ Minions ဇာတ်ကောင်များ )
ပေါင်းစပ်ထားတဲ့ ပုံစံမျိုးလေးဖြစ်ပါတယ်
သင်ဟာ ဆန်ဖရန်စစ္စကို(သို့ )
လော့စ်အိန်ဂျယ်လိစ် မှာနေရင်
ဒီလိုပုံစံမျိုးနဲ့ သင့်အစားအစာကို
ပို့ဆောင်ခံရဖူးမှာပါ
လမ်းမပေါ်မှာ စက်ရုပ်တွေကို
လွှတ်လိုက်တာနဲ့
တကယ်ကို စိတ်ဝင်စားစရာ
ပြဿနာတွေ ကြုံခဲ့ရတယ်
စက်ရုပ်တွေ ဘယ်လိုလမ်းဖြတ်ကူးမလဲ
အရွေ့နဲ့ အမြင်ပိုင်း ချို့ယွင်းချက်တွေနဲ့၊
လူတွေနဲ့ စက်ရုပ်တွေသည်ဘယ်လို တုံ့ပြန်မလဲ
လူတွေနဲ့ ဘယ်လိုပြောဆိုဆက်သွယ်မလဲ
ဆိုတာကို စက်ရုပ်တွေကို
သင်ပေးဖို့လိုတာကို အမြန် သဘောပေါက်ခဲ့တယ်
လမ်းဘေးပလက်ဖောင်းဆိုတာ လူမျိုးစုံ
လမ်းလျှောက်တဲ့နေရာ တစ်ခုဖြစ်တယ်
ဒါကြောင့် ဘာသာစကားအသစ်တစ်ခု တီထွင်ဖို့
လိုအပ်လာတယ်
နိင်ငံတကာသုံး ဘာသာစကားလိုမျိုး
ဒါမှသာ လူတွေနဲ့ စက်ရုပ်တွေဟာ
အချိန်ခဏအတွင်းအချင်းချင်း
နားလည်နိုင်တယ်
အကြောင်းက ဘယ်သူမှ အသုံးပြုနည်းစာအုပ်ကို
ဖတ်နေမှာ မဟုတ်လို့ပါပဲ
မျက်လုံးကနေ စလုပ်ခဲ့တယ်
မျက်လုံးတွေက ကမ္ဘာသုံးအရာတစ်ခုမို့လို့ပါပဲ
စက်ရုပ်က ဘယ်သွားမယ်ဆိုတာ
မျက်လုံးတွေကပြနိုင်တယ်
(သို့) ဒါက စိတ်ရှုပ်ထွေးနေရင်ပေါ့
ဒါ့အပြင် မျက်လုံးတွေက
စက်ရုပ်တွေကို လူနဲ့ပိုတူစေတယ်
အသံတွေကိုလဲ ကျွန်တော်တို့ အသုံးပြုပါတယ်
ဉပမာ - မကြာခဏ ကွာဟမှုတွေ
ပါတဲ့
မြည်နေတဲ့အသံကို တီထွင်လိုက်တယ်
Doppler သက်ရောက်မှုကို
အသုံးပြုပြီး အမြင်အာရုံချို့တဲ့လူတွေ
သူတို့ရဲ့စက်ရုပ်နေရာကိုသိနိုင်အောင်ပါ
ဒါပေမဲ့ ဒါတွေက မလုံလောက်တာ
ဖြစ်သွားတတ်တယ်
လမ်းဖြတ်ကူးတဲ့အခါ
စက်ရုပ်တွေရှေ့မှာ
ကားတွေ ဖြတ်ဝင်နိုင်တယ်
တစ်ခါတစ်ရံ ကားမောင်းသမားအနေနဲ့
စိတ်ရှုပ်နိုင်ပါတယ်
စက်ရုပ်တွေက လမ်းမဖြတ်ကူးခင်
အချိန်အကြာကြီး ယူရတာကြောင့် ဖြစ်ပါတယ်
ပုံမှန်လမ်းလျှောက်သူတစ်ယောက်တောင်
စိတ်ရှုပ်နိုင်ပါတယ်
တစ်ခါတစ်ရံ စက်ရုပ်ကိုရှောင်ဖို့
ဘယ်ဖက်ကိုရွေးရမှန်းမသိ ဖြစ်ပါလိမ့်မယ်
ဘာလို့လဲဆိုတော့ စက်ရုပ်တွေဟာ
ရွေ့လျားတိုင်း ထိန်းညှိမှု
အသေးစားလေးတွေ အများကြီးလုပ်ရတာကြောင့်ပါ
ဒါက အတွေးအခေါ်အသစ်တစ်ခု
ရခဲ့တယ်
ရွေ့လျားမှုအတွက် ကမ္ဘာလုံးဆိုင်ရာ
ဘာသာစကားတစ်ခု အသုံးပြုမယ်ဆိုရင်ကော
လမ်းဖြတ်ကူးတဲ့ နေရာမျိုးမှာ
စက်ရုပ်တွေသည် မဖြတ်ကူးခင်
သူတို့အလှည့်ဆိုတာကို ကားမောင်းသမားတွေကို
အချက်ပြဖို့ အရှေ့သို့
ဖြည်းညင်းစွာ တိုးသွားမယ်
ဘီးတပ် ကုလားထိုင်နဲ့ လူတစ်ယောက်ကို မြင်ရင်
ပလပ်ဖောင်းဘေးကို သူတို့ဘာသာ
ရှောင်ပေးမှာ ဖြစ်ပါတယ်
သူတို့ရပ်နေတယ်ဆိုတာလဲ အချက်ပြမှာပါ
တချို့ မှတ်မိပါလိမ့်မယ်
၂၀၁၅ ခုနစ်မှာ ကနေဒါ သုတေသီတွေက စက်ရုပ်ကို
အမေရိကတစ်ခွင် ကားလိုက်စီးခိုင်းတယ်
အဲဒီတုန်းးက အဝေးကြီး မရောက်ခဲ့ပါဘူး
ဖြစ်သွားတာက စက်ရုပ်တွေက လူမှု
ဆက်ဆံရေးအချို့ကိုပါ အသုံးပြုနိုင်တာပါ။
ဥပမာ၊ ကလိခံရတာရင်ပေါ့။
Carnegie Mellon သုတေသီတွေက ပျက်ချင်ယောင်
ဆောင်တဲ့ ကစားစရာ စက်ရုပ်လေးတွေကို ပြခဲ့တယ်
စက်ရုပ်တွေ ပျက်သွားတယ်လို့ ထင်တဲ့အခါ
လူတွေဟာ နှမြောတာကြောင့်ပါ။
ဒါပေမဲ့ ပို့ဆောင်ရေးစက်ရုပ်တွေက
ကစားစရာတွေမဟုတ်ပါ။
သေးသေးလေးတွေ မဟုတ်ဘူး၊
သူတို့က လူမြင်ကွင်းမှာ ထင်းနေတယ်
ပို့ဆောင်ရေးစက်ရုပ်တွေနဲ့အတူ
ကျွန်တော်တို့တွေ့ရှိတာက
လူတွေက ကလိတာကို ရပ်တန့်ဖို့ပါ။
စက်ရုပ်တွေအနေနဲ့ လူတွေကို
သတိမူမိအောင် ပြသဖို့လိုတယ်
ပျက်ချင်ယောက်ဆောင်တာရဲ့ ပြောင်းပြန်မျိုးပါ
ဒီကိစ္စမှာဆိုရင်
စက်ရုပ်တွေက အခြေအနေကိုပြောပြဖို့
လိုအပ်တယ်
လူတွေကို ဖယ်ခိုင်းရန်အတွက်
အကြံပေး စကားလုံးဖြစ်ဖြစ်ပေါ့
သင်သာ စက်ရုပ်ဆိုရင် ကလေးတွေကို မြင်တဲ့အခါ
အနီးဆုံး လူကြီးတွေဆီကို ပြေးသွားမယ်
တချို့ကလေးတွေက စက်ရုပ်တွေကို
ဖျက်ဆီးရတာ နှစ်သက်ကြတယ်
ကမ္ဘာဖျက်ဇာတ်လမ်း အပြင်
တောက်တိုမယ်ရ လုပ်ဖို့(သို့)
ကျွန်တော်တိုကို ကုမ္ပဏီမှာရှိနေစေမယ့်
တကယ်ကောင်းတဲ့ စက်ရုပ်တွေ
ဟောလိဝုဒ်ကပါ ကတိပေးထားတယ်
လက်ရှိတော့ အစားအသောက်
ပို့ဆောင်ရေးမှာ အာရုံစိုက်ပေမဲ့
အနာဂတ်မှာတော့
ဒီစက်ရုပ်တွေက ပိုမိုလုပ်ဆောင်လာနိုင်ပါတယ်
အစားအစာအပိုတွေကို စုစည်းပြီး
ညတိုင်း ကူညီရေးစခန်းတွေကို ပို့ပေးတာမျိုး
ဘာကြောင့်လဲဆိုတော့ အမေရိကမှာ လူ ၁၀ %
ကအစားအစာ မရေမရာကြုံနေရတဲ့ အချိန်မှာ
၃၀ % က အစားအစာတွေကို
ဖြုန်းတီးနေတာကြလို့ပါ။
ဒီစက်ရုပ်တွေက အဖြေရဲ့
တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်
သို့မဟုတ် စက်ရုပ် ၁၀၀ လောက် မြို့ထဲ
လှည့်လောက်သွားလာနေစဉ်မှာ
အချိန်မရွေး အရေးပေါ်ဆေးဝါးတွေကို
ယူဆောင်ပေးနိုင်တယ်
တစ်စုံတစ်ယောက်က အနီးအနားမှာ
ဓာတ်မတည့်မှု ဖြစ်လျှင်
သို့မဟုတ် ပန်းနာရင်ကျပ်ဖြစ်လာလျှင်
ဒီစက်ရုပ်တွေက တစ်ခြားသူတွေထက်
ဖြစ်တဲ့နေရာကို မိနစ်ပိုင်းအတွင်း
ရောက်လာနိုင်တယ်
ကပ်ရောဂါဖြစ်တဲ့ အချိန်မျိုးမှာ
စက်ရုပ်တွေက လူနေမှုရဲ့ အဓိက
အစိတ်အပိုင်းဖြစ်နိုင်ပါတယ်
သူတို့က ကျွန်တော်တို့ရဲ့ ရပ်ရွာတွေကို
မရှိမဖြစ်လိုအပ်တာတွေကို
ထောက်ပံ့ပေးနိုင်အောင် သေချာစေတယ်။
အရေးပေါ် အခြေအနေတွင်းမှာတောင်မှပါ
သင့်ကို နောက်ဆုံးအတွေးလေး
တစ်ခု ချန်ခဲ့ပါရစေ
ဒီနေ့ခေတ်မှာ အရာဝတ္ထုတွေ တစ်နေရာမှ တစ်နေရာ
ရွေ့ဖို့ လူအကူအညီမပါပဲ လုပ်လို့မရပါ
ဒီသုံးဖက်မြင် ကမ္ဘာကြီးက
ရှုပ်ထွေးဆန်းကြယ်သောကြောင့် ဖြစ်တယ်
သို့သော် အာရုံခံကိရိယာတွေနဲ့ အသိဉာဏ်တုတွေက
ပြောင်းလဲပေးနိုင်ပါတယ်
နည်းပညာက ကလေးလို ဖြစ်လာပါပြီ
နည်းပညာက အရာဝတ္ထုကို မှတ်မိဖို့နဲ့
စကားလုံးတွေကို နားလည်ဖို့ သင်ယူနေပါပြီ
အခြေခံစကားပြောကိုတောင်
ပြောကောင်းပြောနိုင်ပေမဲ့
အခုထိ လမ်းလျှောက်ဖို့ မသင်ယူရသေးပါဘူး
အခုကျွန်တော်တို့က နည်းပညာတွေကို
ကျွန်တော်တို့ အကူအညီမပါဘဲ
သုံးဖက်မြင် ကမ္ဘာကို
ဘယ်လို မောင်းနှင်ကိုင်တွယ်မလဲ
ဆိုတာကို သင်ပေးနေပါပြီ
ကျွန်တော်တို့ဟာ ခံစားမှုကင်းမဲ့တဲ့
အရာဝတ္ထုတွေ ထပြီး
လွတ်လပ်စွာရွေ့လျားနေတဲ့ ခေတ်သစ်တစ်ခုကို
ဝင်ရောက်လာနေပါပြီ။
သူတို့ လုပ်ဆောင်နေတဲ့အချိန်မှာ
သူတို့တွေ ဂြိုလ်သားတွေနဲ့ မတူအောင်
သေချာဂရုစိုက်ရမယ်
အနာဂတ်အတွက် ကျွန်တော့်အမြင်ကတော့
နေထိုင်မှုဘဝထဲ ဝင်လာတဲ့အရာတွေကို
ပျော်ရွှင်စွာ ဆက်လက်လုပ်ဆောင်ဖို့ပါပဲ
သင်သိတဲ့ "Terminator"
ဇာတ်လမ်းနဲ့ သိပ်မတူဘဲ
"Toy Story" နဲ့ ပိုတူသွားအောင်ပေါ့
ကျေးဇူးတင်ပါတယ်