"ရှိတ်စပီးယား"လို့ ကြားရင်
ဘာလို့ တွန့်ဆုတ်သွားလဲ။
မေးမယ်ဆိုရင်တော့ ထုံးစံအတိုင်း
သူ့စကားလုံးတွေကြောင့်ပါ။
ဒီသင်၏၊ သင်တို့နဲ့ ထို့ကြောင့်တွေနဲ့
ဘာကြောင့် သင်တို့တွေ ဆိုတာတွေက စိတ်တို
စရာထက် နည်းနည်းနည်းတော့ ပိုနိုင်ပါတယ်။
ဒါပေမဲ့ ဘာလို့ သူ့ကို ဒီလောက် လူကြိုက်များ
တာကို သင် တေွးမိဖို့လိုတယ်နော်။
ဘာကြောင့် သူ့ပြဇာတ်တွေကို အခြားပြဇာတ်
ရေးသူတွေထက် ပိုဖန်တီး၊ ပြန်ဖန်တီး ကြတာလဲ။
ဒါက သူ့စကားလုံးတွေကြောင့်ပါ။
လွန်ခဲ့တဲ့ ၁၅၀၀ နဲ့ ၁၆၀၀ နှစ်လွန်တွေက
ဒါက လူတစ်ဦးမှာရှိခဲ့တဲ့ အကောင်းဆုံး
လက်နက်ကဖြစ်ပြီး
ပြောစရာတွေ အများကြီးရှိခဲ့တယ်။
သို့ပေမည့် အများစုက အတော်လေး
စိတ်မချမ်းသာစရာပါ။
သိတဲ့အတိုင်း Black Plague နဲ့
အားလုံးနဲ့အတူ
ရှိတိစပီးယားဟာ စကားလုံးတွေ
အများကြီး သုံးတယ်။
သူ့ရဲ့အထင်ကြီးစရာအဖြစ်ဆုံး သုခုမအတတ်တစ်ခုက
သူ့ရဲ့ စော်ကားတဲ့ စကားလုံး အသုံးပြုမှုပါ။
ဒါတွေက ပရိသတ်တစ်ခုလုံးကို
ပေါင်းစည်းပေးလိမ့်တယ်၊
သင် ဘယ်မှာ ထိုင်နေနေ၊ စင်ပေါ်မှာ
ဖြစ်နေတာကို သင် ရယ်မောလို့ရတယ်။
အထူးသဖြင့် ဇာတ်ခင်းတစ်ခုထဲက
အချီအချ စကားပြောခန်း စကားလုံးတွေကို
အကြောင်းအမျိုးမျိုးအတွက် အသုံးပြုတယ်။
မြင်ကွင်းရဲ့ အနေအထားကို ဆင်ဖို့၊
အခင်းအကျင်းအတွက်
ဝန်းကျင်စရိုက် ပိုပေးဖို့၊
ဇာတ်ကောင်တွေကြားက ဆက်စပ်မှုတွေကို
ချဲ့ထွင်ဖို့ပါ။
စော်ကားမှုတွေက ဒါကို အလွန် တိုတောင်း၊
ထက်မြက်တဲ့ နည်းနဲ့ ပြုလုပ်ပေးတယ်။
ပထမဆုံး "Hamlet" သွားလိုက်ရအောင်။
ဒီအချီအချစကားပြော မစခင်မှာ
Polonius ဟာ Prince Hamlet နဲ့
ချစ်ကြိုက်နေတဲ့ Ophelia ရဲ့ ဖခင်ပါ။
King Claudius က သူ Prince Hamlet ရဲ့
မိခင်ကို လက်ထပ်ပြီးကတည်းက Prince Hamlet
ရူးကြောင်ကြောင်
လုပ်နေတာကို ကြိုးစားအဖြေရှာနေတယ်။
Polonius က Prince Hamlet ဆီက သတင်းယူဖို့
သူ့သမီးကို အသုံးပြုဖို့ ကမ်းလှမ်းတယ်။
ဒီနောက် အခန်း ၂၊
ဇာတ်ကွက် ၂ ကို ရောက်သွားတယ်။
Polonius: အကျွန်ုပ်ကို သိပါသလား၊ အရှင်။
Hamlet: ကောင်းကောင်းကြီး သိသပေါ့။
မောင်မင်းဟာ ငါးစိမ်းသည်တစ်ဦးလေ။
Polonius: ကျွန်ုပ်မဟုတ်ပါ၊ အရှင်။
Hamlet: ဒါဆို မင်းက အလွန်ရိုးသားသူလို့
ငါဆိုရချည်မပေါ့။"
ကဲ၊ "fishmonger" ဆိုတဲ့ အနက်ကို
သင် မသိဘူးဆိုရင်တောင်
စကားစပ် သဲလွန်စတချို့ကို သုံးနိုင်ပါတယ်။
တစ်။ Polonius ဟာ ငြင်းပယ်တဲ့နည်းတစ်နဲ့
တုံ့ပြန်တော့ ဒါက မကောင်းတာ ဖြစ်ရမယ်။
နှစ်။ ငါးက အနံ့ဆိုးတော့
ဆိုးတဲ့ဟာ ဖြစ်ရမယ်။
ပြီးတော့ သုံး။ "monger" ဆိုတဲ့ စကားလုံးက
စကားလုံးကောင်း ပုံမပေါက်ဘူး။
ဒီတော့ အနက်ကို မသိတာတောင်မှ
Hamlet နဲ့ Polonius
တို့ကြားက ဆက်ဆံရေးရဲ့
ဇာတ်ဆောင်စရိုက် သရုပ်ဖော်ကို
စတည်ဆောက်နေတာပါ။
ဒါက ကောင်းတဲ့ စကားလုံး မဟုတ်ဘူးလေ။
ဒါပေမဲ့ "fishmonger ဟာ ပွဲစား တစ်မျိုးလို့
ဆိုတဲ့ အနက်ကို နည်းနည်း ပိုနားလည်ရင်တော့
ဒီအခင်းအကျင်းမှာ
ဖာခေါင်းလိုမျိုး အနက်ပေးလိမ့်မယ်။
Polonius က သူသမီးကို ငွေအတွက်
အကျိုးဆောင်နေတာမျိုးပေါ့။
သူက ဒါကို ဘုရင်ကို မျက်နှာလုပ်ဖို့
လုပ်နေတာပါ။
ဒါက သင့်ကို Hamlet ဟာ ပြောသလောက်
ရူးမနေဘူးဆိုကို သိမြင်စေပြီး
ဒီဇာတ်ကောင်နှစ်ကောင်ကြားက
မုန်းတီးမှုကို အရှိန်မြှင့်ပေးတယ်။
နောက်ထပ် ဥပမာ လိုချင်သေးလား။
"Romeo and Juliet" မှာ ရှိတ်စပီးယား ပြဇာတ်
တွေရဲ့ အကောင်းဆုံး စော်ကားမှုတွေပါတယ်။
ဒါက ဂိုဏ်းနှစ်ခုနဲ့ အသက်စွန့်ခဲ့ကြတဲ့
ကြမ္မာငင်နေတဲ့ ချစ်သူတွေအကြောင်း
ပြဇာတ်တစ်ပုဒ်ပါ။
ကောင်းပြီ၊ စကားစစ်ထိုးပွဲစုံနဲ့အတူ
ဆက်ဖြစ်နေတဲ့ လေးနက် ပြင်းထန်တဲ့
ဆွေးနွေးမှုရှိတာ သိကြပါတယ်။
သင် စိတ်မပျက်မိပါဘူး။
အခန်း ၁၊ ဇာတ်ကွက် ၁ မှာ
အစကတည်းကနေ
Capulets နဲ့ Montagues တို့ ဆုံရာမှာ
မိသားစုနှစ်ခုရဲ့
အဖွဲ့ဝင်တွေရဲ့ မယုံကြည်မှုနဲ့
အမုန်းတရား ရေချိန်ကို ပြသပါတယ်။
Gregory: " ဖြတ်လျှောက်တုန်း မျက်မှောင်
ကြုတ်ပြလိုက်မယ် ကြိုက်သလို ယူဆပါစေဗျာ။"
Sampson: မဟုတ်ဘူး၊ သူတို့ စိန်ခေါ်ရင်
သူတို့ကို ကျုပ်လက်မကို ကိုက်ပြလိုက်မယ်။
သူတို့ သည်းခံရင်တော့ ဒါက အရှက်ရစရာပဲလေ။
Abraham နဲ့ Balthasar ဝင်လာတယ်။
Abraham: ခင်ဗျားက ကျုပ်တို့ကို
လက်မကို ကိုက်ပြတာလားဗျ။"
Sampson: "ကျုပ်လက်မကို တကယ် ကိုက်တာဗျ။"
Abraham: ခင်ဗျားက ကျုပ်တို့ကို
လက်မကို ကိုက်ပြတာလားဗျ။"
ဒီတော့ ဒီချဲ့ထွင်မှုက အခြေအနေ
(သို့) ဇာတ်ကောင်ကို နားလည်ဖို့ ကူညီပေးလဲ။
ကဲ၊ စော်ကားမှုကို စိတ်ပိုင်းကြည့်ရအောင်။
လက်မကိုက်တာက ဒီခေတ်မှာ
ရေးကြီးခွင်ကျယ်တစ်ခု ဟုတ်ပုံမရပေမဲ့
Sampson ကတော့ ဟိုလူတွေကို
စော်ကားမှုတစ်ခုလို့ ဆိုပါတယ်။
ဒီလိုယူဆရင်တော့ စော်ကားမှုတစ်ခု
ဖြစ်ခဲ့ရမှာပါ။
ဒါက မျိုးနွယ်နှစ်ခုအတွက် အလုပ်လုပ်ကြတဲ့
အမျိုးသားတွေကြားမှာတောင်ရှိတဲ့
မုန်းတီးမှု ရေချိန်ကို စတင်ပြသတာပါ။
သူတို့ကို ရန်စချင်လို့ မဟုတ်ရင်
တစ်ယောက်ယောက်ကို
သာမန်အနေနဲ့တော့
ဘာတစ်ခုမှ သင်လုပ်မှာ မဟုတ်ပါဘူး။
ဒါက ဖြစ်တော့မှာ အတိအကျပါ။
ပိုအတွင်းကျကျ ကြည့်ရင် လက်မကို ကိုက်တာဟာ
ဒီပြဇာတ် ရေးသားခဲ့တဲ့ အချိန်တုန်းကတော့
ယနေ့ခေတ် တစ်ယောက်ယောက်ကို
လက်ချောင်း ထောင်ပြခြင်းပါ။
ဒါနဲ့လာတဲ့ အတော် ပြင်းတဲ့
ခံစားချက်ပါ။
ဒီတော့ အခု ဇာတ်ကွက်ထဲက ဆက်ဆံရေး
တင်းမာမှုကို စတင် ခံစားလာရတယ်။
နောက်ပိုင်း ဇာတ်ကွက်ထဲမှာ
Capulets မျိုးနွယ်မှ Tybalt က
Montagues မျိုးနွယ်မှ Benvolio အပေါ်
ကောင်းကောင်း ပညာပေးတယ်။
Tybalt:"ဘာ၊ သွေးမရှိတဲ့ အိမ်စေတွေကြားမှာ
ခင်ဗျားက ဓားဆွဲထုတ်တယ်ပေါ့။
Benvolio လှည့်ပြီး
သေဖို့သာ ပြင်ပေတော့။"
Benvolio:"ကျုပ် အေးအေးဆေးဆေးဖြစ်ချင်တယ်၊
ခင်ဗျားရဲ့ဓားကို ပြန်သိမ်းလိုက်ပါ။
(သို့) ဒီလူတွေခွဲဖို့ ကို
ကျုပ် လုပ်လိုက်ပါ့မယ်။
Tybalt: ဘာ ဓားချပြီး၊
ငြိမ်းချမ်းရေး စကားဟုတ်လား။
ငရဲကို၊ Montagues အားလုံးကို၊
ခင်ဗျားကို မုန်းသလို ဓားတွေကို မုန်းတယ်။
လာပြီါ၊ ငကြောက်ရေ။"
ကောင်းပြီ၊ သွေးမရှိတဲ့ အိမ်စေတွေ။
နောက်တစ်ခါ ဒါဟာ ကောင်းတဲ့ဟာ
မဟုတ်တာ သိကြပါတယ်။
မိသားစု နှစ်ခုစလုံးက တစ်စုကိုတစ်စု
မုန်းကြပြီး ဒါက မီးကို လောင်စာထည့်တာပါ။
ဒါပေမဲ့ ဒီထိုးနှက်မှုက
ဘယ်လောက် ဆိုးလဲ။
သေွးမရှိတဲ့ အိမ်စေက ငကြောက်ပါ
သူ့လူတွေနဲ့ ပြိုင်ဘက် မိသားစုတွေရှေ့မှာ
တစ်ယောက်ယောက်ကို ခေါ်တာပါ။
ရန်ပွဲတစ်ပွဲ ဖြစ်တော့မယ် ဆိုတာပါ။
အရင်းခံက Tybalt က Benvolio
ကိုခေါ်တာပါ။
သူ့ဂုဏ်ကို ထိန်းဖို့ Benvolio ဟာ
တိုက်ခိုက်ရပါတယ်။
ဒီစကားပြောခန်းက ဇာတ်ကောင်နှစ်ဦးကြားက
ဇာတ်ကောင်စရိုက် သရုပ်ဖော်ကို
ကောင်းကောင်း မြင်စေပါတယ်။
Tybalt က Montagues တွေဟာ
သူရဲဘောကြောင်တဲ့ ခွေးတွေပဲလို့ ထင်ပြီး
သူတို့ကို လေးစားမှု မရှိဘူး။
နောက်တစ်ခါ ဇာတ်ကွက်ကို သိသာတဲ့
တင်းမာမှု ထပ်ဖြည့်ခြင်းပါ။
အခု၊ ဒီမှာ ဖျက်လိုဖျက်ဆီး
သတိပေးချက်တစ်ခု။
Tybalt ရဲ့ တဇောက်ကန်းနိုင်မှုနဲ့
Montagues တွေကို ပြင်းထန်တဲ့ အမုန်းက
စာပေလောကသားတွေ ခေါ်တဲ့
သူ့ရဲ့ ဆိုးဝါးတဲ့ ပျော့ကွက်
(သို့) သူရဲ့ ကျဆုံးခန်းဖြစ်စေတာပါ။
အိုး၊ ဟုတ်တာပေါ့။
သူဟာ Romeo ရဲ့ လက်အောက်
ကျရောက်သွားတယ်။
ဒီတော့ ရှိတ်စပီးယားကို ကြည့်တဲ့အခါ
ရပ်ပြီး စကားလုံးတွေကို ကြည့်ပါ။
အကြောင်းက ဒါတွေက သင့်ကို
တစ်ခုခုပြောဖို့ ကြိုးစားနေတာမို့လို့ပါ။