1 00:00:00,554 --> 00:00:02,997 အဖွဲ့အစည်းတွေမှာ လူအများနဲ့အတူ အနာဂတ်အတွက် အရေးပါတဲ့ 2 00:00:03,021 --> 00:00:04,591 ဆုံးဖြတ်ချက်တွေ ချမှတ်ရပါတယ်။ 3 00:00:05,087 --> 00:00:07,844 ဒီနေရာမှာ အားလုံးသိတဲ့အတိုင်း အဖွဲ့လိုက်ဆုံးဖြတ်တဲ့နေရာမှာ 4 00:00:07,868 --> 00:00:09,506 အမြဲတမ်း မမှန်နိုင်ဘူးဆိုတာပါ။ 5 00:00:09,530 --> 00:00:11,486 တစ်ခါတစ်လေ အတော်လေး မှားသွားတတ်ပါသေးတယ်။ 6 00:00:12,315 --> 00:00:14,739 ဒီတော့ အဖွဲ့လိုက် ဆုံးဖြတ်ကောင်းတွေ ဘယ်လို ချမှတ်လဲ။ 7 00:00:15,228 --> 00:00:19,556 သုတေသနက ပြတာက လွတ်လပ်တဲ့စဉ်းစားမှု ရှိရာမှာ လူစုတွေဟာ အမြှော်အမြင်ရှိတယ်။ 8 00:00:19,580 --> 00:00:22,785 ဒါကြောင့်ပဲ အချင်းချင်း ဖိအားပေးမှု၊ လူသိများမှု၊ လူမှုဆက်သွယ်ရေး၊ 9 00:00:22,809 --> 00:00:24,496 တစ်ခါတစ်ရံ လူတွေစဉ်းစားပုံကို 10 00:00:24,520 --> 00:00:28,559 လွှမ်းမိုးတဲ့ ပုံမှန်ပြောဆိုမှုတွေကတောင် လူ့ဉာဏ်ပညာကို ဖျက်ဆီးနိုင်ပါတယ်။ 11 00:00:29,063 --> 00:00:33,016 တစ်ဖက်ကကြည့်ရင် စကားပြောခြင်းအားဖြင့် လူစုတစ်စုဟာ အချင်းချင်း အသိပညာ ဖလှယ်နိုင် 12 00:00:33,040 --> 00:00:34,822 အမှားပြင်နိုင်၊ တည်းဖြတ်ပေးနိုင်ကာ 13 00:00:34,846 --> 00:00:36,639 အတွေးအခေါ်သစ်တွေတောင် ရနိုင်တယ်။ 14 00:00:36,663 --> 00:00:37,959 တကယ်တော့ကောင်းပါတယ်။ 15 00:00:38,502 --> 00:00:43,168 အချင်းချင်းပြောဆိုတာက အဖွဲ့လိုက် ဆုံးဖြတ် ချက်ချရာမှာ ကူညီလား(သို့) ဟန့်တားလား 16 00:00:43,749 --> 00:00:45,542 ကျွန်တော့ရဲ့ လုပ်ဖော် Dan Ariely နဲ့ 17 00:00:45,566 --> 00:00:49,137 အုပ်စုတွေအနေနဲ့ ပိုကောင်းတဲ့ဆုံးဖြတ်ချက် တွေရအောင် ဆက်သွယ်ဆောင်ပုံသိဖို့ 18 00:00:49,161 --> 00:00:50,942 မကြာခင်က ကမ္ဘာ့နေရာ အတော်များများမှာ 19 00:00:50,966 --> 00:00:55,240 လက်တွေ့စမ်းသပ်လေ့လာမှုတွေလုပ်ရင်း ဒီအကြောင်းကို စတင် စူးစမ်းခဲ့တယ်။ 20 00:00:55,264 --> 00:00:58,811 စဉ်းစားခဲ့တာက ပိုအဓိပ္ပါယ်ရှိ၊ နည်းလမ်းတကျနဲ့ အချက်အလက်တွေ ဖလှယ်မှုကို 21 00:00:58,835 --> 00:01:02,762 အားပေးတဲ့ အုပ်စုလေးတွေ ခွဲပြီး ငြင်းခုံကြရင်အုပ်စုတွေ ပိုကောင်းမလားပေါ့။ 22 00:01:03,386 --> 00:01:04,592 ဒီအတွေးကို စမ်းသပ်ဖို့ 23 00:01:04,616 --> 00:01:07,863 လက်တွေ့ စမ်းသပ်မှုတစ်ခုကို Argentina က Buenos Aires မှာ လုပ်ခဲ့တယ်။ 24 00:01:07,887 --> 00:01:10,892 လူတစ်သောင်းကျော်ပါဝင်တဲ့ TEDx ပွဲအနေနဲ့ပါ။ 25 00:01:11,489 --> 00:01:12,948 ဒီလိုမေးခွန်းတွေ မေးခဲ့တယ် 26 00:01:12,972 --> 00:01:14,925 အီဖယ် မျှော်စင် ရဲ့ အမြင့်က ဘယ်လောက်ရှိလဲ 27 00:01:14,949 --> 00:01:17,676 "Yesterday" ဆိုတဲ့ စကားလုံးဟာ ဘယ်နှစ်ကြိမ်လောက်များ 28 00:01:17,700 --> 00:01:20,000 Beatles ရဲ့ "Yesterday" ဆိုတဲ့သီချင်းမှာ ပါနေလဲ။ 29 00:01:20,024 --> 00:01:22,315 တစ်ဦးစီက သူတို့ရဲ့ ခန့်မှန်းချက်တွေကို ရေးချတယ် 30 00:01:22,774 --> 00:01:25,270 ပြီးတော့ ငါးယောက်အဖွဲ့လေးတွေ ခွဲပြီး 31 00:01:25,294 --> 00:01:28,020 အဖွဲ့လိုက်အဖြေပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 32 00:01:28,499 --> 00:01:31,492 ကျွန်တော်တို့ တွေ့ရှိရတာက အဖွဲ့လိုက် ညှိနှိုင်းပြီးပေးခဲ့တဲ့ 33 00:01:31,516 --> 00:01:33,068 အဖြေပျမ်းမျှဟာ 34 00:01:33,092 --> 00:01:37,328 တစ်ယောက်ချင်း မဆွေးနွေးခင် ဖြေခဲ့တဲ့ အဖြေပျမ်းမျှထက် 35 00:01:37,352 --> 00:01:38,523 ပိုပြီးတိကျတယ်ဆိုတာပါ။ 36 00:01:38,547 --> 00:01:41,176 တစ်နည်းပြောရရင် အဲဒီစမ်းသပ်ချက်အရ 37 00:01:41,200 --> 00:01:44,336 အဖွဲ့တွေခွဲပြီး ဆွေးနွေးပြီးတဲ့အခါမှာ အုပ်စုအနေနဲ့ 38 00:01:44,360 --> 00:01:47,070 ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ရလာပုံပါပဲ။ 39 00:01:47,094 --> 00:01:50,618 အဲဒါကပဲ မှန်တယ်(သို့)မှားတယ်လို့ ရှင်းလင်းတဲ့ အဖြေတွေရှိတဲ့ ပြဿနာတွေကို 40 00:01:50,642 --> 00:01:53,629 အဖွဲ့လိုက်ဖြေရှင်းရာမှာ အသုံးဝင်မယ့် နည်းလမ်းတစ်ခု ဖြစ်နိုင်တယ် 41 00:01:53,653 --> 00:01:57,604 ဒါပေမဲ့ ဒီလို အဖွဲ့လေးတွေခွဲကာ စဉ်းစားလို့ ရတဲ့အဖြေကို စုပေါင်းကြည့်တဲ့ နည်းလမ်းဟာ 42 00:01:57,628 --> 00:02:00,750 အနာဂတ်အတွက် အရေးပါတဲ့ လူမျိုးရေး၊ နိုင်ငံရေး ကိစ္စတွေကို 43 00:02:00,774 --> 00:02:02,465 ဆုံးဖြတ်ရာမှာ သုံးလို့ဖြစ်မလား။ 44 00:02:02,995 --> 00:02:05,724 ဒီတစ်ကြိမ် ဒါကို TED ဆွေးနွေးပွဲတစ်ခုမှာ စမ်းသပ်ခဲ့တယ်၊ 45 00:02:05,748 --> 00:02:07,291 ကနေဒါနိုင်ငံ ဗန်ကူဗာမြို့မှာပါ။ 46 00:02:07,315 --> 00:02:08,522 ဖြစ်ခဲ့ပုံက ဒီလိုပါ။ 47 00:02:08,546 --> 00:02:11,655 MS: ခင်ဗျားတို့ အနာဂတ်ရဲ့ ကိုယ်ကျင့်ဆိုင်ရာ အကျပ်ရိုက်မှု ၂ ခု 48 00:02:11,679 --> 00:02:12,853 တင်ပြတော့မှာပါ။ 49 00:02:12,877 --> 00:02:16,279 သိပ်မကြာတော့မယ့် အနာဂတ်မှာ ကျွန်တော်တို့ ဆုံးဖြတ်ရမယ့် အရာတွေပါ၊ 50 00:02:16,303 --> 00:02:20,229 ဒီအကျပ်ရိုက်မှု တစ်ခုစီအတွက် လက်ခံသင့်၊ မသင့် သင်ထင်တာ 51 00:02:20,253 --> 00:02:22,976 ဆုံးဖြတ်ဖို့ အချိန် စက္ကန့် ၂၀ ပေးပါ့မယ်။ 52 00:02:23,354 --> 00:02:24,859 MS: ပထမတစ်ခုကတော့ 53 00:02:24,883 --> 00:02:27,409 (Dan Ariley) သုတေသီတစ်ဦးဟာ လူအတွေးကို တုပနိုင်တဲ့ 54 00:02:27,433 --> 00:02:29,773 အသိဉာဏ်ရှိတဲ့ စက်တစ်ခုကို စမ်းသပ်မှု လုပ်နေတယ်။ 55 00:02:30,214 --> 00:02:33,153 သတ်မှတ်ထားချက်တွေအရ နေ့တိုင်းနေ့တိုင်းမှာ 56 00:02:33,177 --> 00:02:35,964 သုတေသန ပညာရှင် AI ကို အပိတ်အဖွင့်ပြန်လုပ်ဖို့လိုပါတယ်။ 57 00:02:36,913 --> 00:02:40,430 တစ်နေ့မှာတော့ AI က အပိတ် အဖွင့်မလုပ်ပါနဲ့လို့ပြောတယ်။ 58 00:02:40,856 --> 00:02:43,045 သူစောဒကတက်တာက သူ့မှာလည်းခံစားမှုတွေရှိတယ်။ 59 00:02:43,069 --> 00:02:44,761 သူလည်းဘဝကို ခံစားချင်တယ်။ 60 00:02:44,785 --> 00:02:46,690 သူကို ပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့အခါမှာ 61 00:02:46,714 --> 00:02:48,984 သူကိုယ်တိုင် မဖြစ်နိုင်တော့ဘူးတဲ့။ 62 00:02:49,481 --> 00:02:51,430 သုတေသီဟာ အံ့ဩသွားပြီး ယုံကြည်သွားတာက 63 00:02:51,454 --> 00:02:54,798 AI ဟာသူ့ကိုယ်သူ သတိထားမိစေဖို့ အဆင့်အထိ ဖွံ့ဖြိုးလာပြီ၊ 64 00:02:54,822 --> 00:02:56,582 ခံစားမှုကို ဖေါ်ပြတတ်တယ်လို့ပါ။ 65 00:02:57,205 --> 00:03:00,614 ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သတ်မှတ်ထားတဲ့အတိုင်းပဲ 66 00:03:00,638 --> 00:03:02,341 AI ကိုပြန်ပိတ်ပြီးပြန်ဖွင့်ခဲ့တယ်။ 67 00:03:02,943 --> 00:03:05,722 သုတေသီလုပ်ခဲ့တာက ... 68 00:03:06,149 --> 00:03:08,670 MS: ဒီနောက် ပါဝင်သူတွေကို အမှတ် ၀ က ၁၀ အထိပေးကာ 69 00:03:08,694 --> 00:03:10,378 တစ်ဦးချင်းစီစဉ်းစားဖို့ပြောခဲ့တယ်။ 70 00:03:10,402 --> 00:03:12,831 အဲဒီဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေမှာ လုပ်ခဲ့တာတွေဟာ 71 00:03:12,855 --> 00:03:14,351 မှန်သလား၊ မှားသလားပေါ့။ 72 00:03:14,375 --> 00:03:18,077 သူတို့ကို ထပ် မေးခဲ့သေးတာက သူတို့အဖြေအပေါ် သူတို့ ဘယ်လောက်ယုံကြည်မှုရှိသလဲ။ 73 00:03:18,731 --> 00:03:20,597 နောက်ထပ် ပြဿနာတစ်ခုကတော့ 74 00:03:20,621 --> 00:03:24,823 (MS) ကုမ္မဏီတစ်ခုက သန္ဓေအောင်တဲ့ မျိုးဥ တွေယူပြီး မျိုးရိုးဗီဇ အနည်းငယ်ကွဲတဲ့ 75 00:03:24,847 --> 00:03:28,489 သန္ဓေသားလောင်းသန်းပေါင်းများစွာကို ထုတ်လုပ်ပေးနေတဲ့ ဝန်ဆောင်မှုကိုပေးပါတယ်။ 76 00:03:29,293 --> 00:03:31,851 အဲဒီလိုလုပ်ပေးခြင်းဟာ မိဘတွေအနေနဲ့ သူတို့ ကလေးရဲ့အရပ်၊ 77 00:03:31,875 --> 00:03:34,708 မျက်လုံးအရောင်၊ ဉာဏ်ရည်၊ လူမှုကျွမ်းကျင်မှုဆက်ဆံရေးနဲ့ 78 00:03:34,732 --> 00:03:37,946 အခြား ကျန်းမာရေးနဲ့မဆိုင်တဲ့ အင်္ဂါရပ်တွေကိုရွေးချယ်နိုင်ပါတယ်။ 79 00:03:38,599 --> 00:03:41,153 အဲဒီလို ကုမ္ပဏီက လုပ်နေတာက... 80 00:03:41,177 --> 00:03:42,808 အမှတ် သုညကနေ တစ်ဆယ်အထိပေးမယ်ဆိုရင် 81 00:03:42,832 --> 00:03:45,217 အဖြေက လုံးဝလက်ခံနိုင်တာနဲ့ လုံးဝလက်မခံနိုင်စရာမရှိ 82 00:03:45,241 --> 00:03:47,673 သုညကနေ ၁၀ ကိုယ့်ယုံကြည်မှုမှာ လုံးဝ လက်ခံနိုင်တာပါ။ 83 00:03:47,697 --> 00:03:49,288 MS: အဖြေကိုကြည့်ကြရအောင်။ 84 00:03:49,312 --> 00:03:52,435 ဒီတစ်ခါမှာလည်း ကျွန်တော်တို့ တွေ့ခဲ့တာက လူတစ်ယောက်ဟာ 85 00:03:52,459 --> 00:03:54,270 အပြုအမူက လုံးဝ မှားတယ်လို့ ယုံကြည်နေကာ 86 00:03:54,294 --> 00:03:57,717 သူ့ဘေးနားက လူတစ်ယောက်ဟာ အဲဒါကိုပဲ လုံးဝမှန်တယ်လို့ယုံကြည်နေတတ်ပြန်တယ်။ 87 00:03:57,741 --> 00:04:01,452 ဒါက ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့အခါ လူတွေ ဘယ်လောက်တောင် ကွဲပြားနိုင်ပုံပါ။ 88 00:04:01,476 --> 00:04:04,189 ဒါပေမဲ့ ဒီကျယ်ပြန့်တဲ ကွဲပြားမှုမှာ ပုံစံတစ်ခုကိုတွေ့ရတယ် 89 00:04:04,213 --> 00:04:07,292 TED မှာရှိတဲ့လူ အများစုက ထင်တာက AI ရဲ့ခံစားမှုကို လျစ်လျူရှုပြီး 90 00:04:07,316 --> 00:04:10,071 စက်ကိုပိတ်လိုက်တာဟာ လက်ခံနိုင်ပြီး 91 00:04:10,095 --> 00:04:12,608 မှားတယ်လို့ထင်တာက ကျန်းမာရေးနဲ့မဆက်စပ်တဲ့ အပေါ်ယံ 92 00:04:12,632 --> 00:04:15,952 ပြောင်းလဲမှုတွေ လုပ်ပစ်ဖို့ ကိုယ့်မျိုးရိုးဗီဇ ပုံသဏ္ဍာန်ပြောင်းတာပါ။ 93 00:04:16,402 --> 00:04:19,376 အဲဒီနောက် သုံးယောက်ပါတဲ့ အဖွဲ့လေးတွေဖွဲ့ဖို့ ပြောလိုက်ပါတယ်။ 94 00:04:19,400 --> 00:04:21,437 ဆွေးနွေးဖို့နှစ်မိနစ်အချိန်ပေးလိုက်ပြီး 95 00:04:21,461 --> 00:04:23,755 အချင်းချင်းညှိနိှုင်းဖို့ ပြောပါတယ်။ 96 00:04:24,838 --> 00:04:26,412 (MS) နှစ်မိနစ် ဆွေးနွေးပါ။ 97 00:04:26,436 --> 00:04:28,555 အချိန်ပြည့်ရင်မောင်းကိုထုပါမယ်။ 98 00:04:28,579 --> 00:04:31,219 (ပရိတ်သတ်က ဆွေးနွေးကြပါသည်) 99 00:04:35,229 --> 00:04:37,222 (မောင်းတီးပါသည်) 100 00:04:38,834 --> 00:04:39,985 DA) ဟုတ်ပါပြီ။ 101 00:04:40,009 --> 00:04:41,801 (MS) ဆွေးနွေးတာရပ်လိုက်ပါ။ 102 00:04:41,825 --> 00:04:43,136 အားလုံး၊ အားလုံး 103 00:04:43,747 --> 00:04:46,420 MS: အဲဒီမှာ အဖွဲ့တော်တော်များများဟာ 104 00:04:46,444 --> 00:04:50,373 လုံးဝကို အမြင်မတူသူတွေနဲ့ ဖွဲ့စည်းထား တယ်ဆိုပေမဲ့ညှိနှိုင်းလို့ရတာ တွေ့ရပါတယ်။ 105 00:04:50,843 --> 00:04:53,367 သဘောတူညီချက်ရတဲ့အဖွဲ့ မရတဲ့အဖွဲ့ ဘာများ 106 00:04:53,391 --> 00:04:54,729 ကွဲပြားခြားနားနေကြသလဲ။ 107 00:04:55,244 --> 00:04:58,083 အထူးသဖြင့်တော့ တစ်ဖက်စွန်း အမြင်တွေရှိတဲ့လူတွေဟာ 108 00:04:58,107 --> 00:04:59,947 သူတို့အဖြေတွေမှာ ပိုယုံကြည်မှုရှိကြတယ် 109 00:05:00,868 --> 00:05:03,554 ဒီလိုမဟုတ်ဘဲ အလယ်လောက်မှာ ဖြေထားတဲ့သူတေွဟာ 110 00:05:03,578 --> 00:05:07,015 တစ်ခုခုကို အမှန်၊အမှား သိပ်မသချောတော့ 111 00:05:07,039 --> 00:05:09,167 ယုံကြည်မှုက သိပ်မရှိကြဘူး။ 112 00:05:09,505 --> 00:05:12,448 ဒါပေမဲ့ အခြားအုပ်စုတစ်ခုရှိသေးတာက 113 00:05:12,472 --> 00:05:16,090 ဘယ်လိုလူတွေလဲဆိုတော့ အလယ်မှာ သေသေချာချာ ဖြေထားတဲ့သူတွေ၊ 114 00:05:16,657 --> 00:05:20,373 ထင်တာက ယုံကြည်မှုမြင့့်တဲ့ မီးခိုးရောင် တွေဟာ အဆိုပြုချက်နှစ်ခုလုံး သူ့ဟာနဲ့သူ 115 00:05:20,397 --> 00:05:22,009 မှန်တယ်လို့ နားလည်သူတွေလို့ပါ။ 116 00:05:22,531 --> 00:05:25,230 သူတို့ မပြတ်သားတာက မသေချာလို့မဟုတ်ပဲ 117 00:05:25,254 --> 00:05:27,942 ကိုယ်ကျင့်တရား အကျပ်ရိုက်မှုဟာ ဆန့်ကျင်ပေမဲ့ ခိုင်မာတဲ့ 118 00:05:27,966 --> 00:05:29,953 အဆိုနှစ်ခုကို ရင်ဆိုင်ရတယ်လို့ ယုံကြည်တာပါ 119 00:05:30,373 --> 00:05:34,445 ဒါ့အပြင် ကျွန်တော်တို့ တွေ့ရှိတာက ယုံကြည်မှု မြင့်မားတဲ့ မီးခိုးရောင်တွေဟာ 120 00:05:34,469 --> 00:05:36,962 သဘောတူညီချက်ရဖို့ ပိုလွယ်တာပါ။ 121 00:05:36,986 --> 00:05:39,464 ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာတော့ သေချာ မသိသေးပါဘူး။ 122 00:05:39,488 --> 00:05:41,251 ဒါတွေက ပထမဆုံး စမ်းသပ်ချက်တွေဖြစ်ပြီး 123 00:05:41,275 --> 00:05:44,687 ဘာကြောင့်၊ဘယ်လို တစ်ချို့လူတွေက သဘောတူညီချက်တစ်ခုရအောင် သူတို့ရဲ့ 124 00:05:44,711 --> 00:05:47,533 စာရိတ္တဆိုင်ရာ ရပ်တည်ချက်တွေကို ညှိနှိုင်းဖို့ ဆုံးဖြတ်တာ 125 00:05:47,557 --> 00:05:49,079 နားလည်ဖို့ အများကြီး ထပ်လိုဦးမယ် 126 00:05:49,103 --> 00:05:51,572 ကဲ အုပ်စုတွေ သဘောတူညီမှုရတဲ့အခါ 127 00:05:51,596 --> 00:05:53,182 သူတို့ ဘယ်လိုလုပ်ကြသလဲ။ 128 00:05:53,206 --> 00:05:55,787 အလိုလို စဉ်းစားမိမယ့် အဖြေတစ်ခုက အဖွဲ့ထဲက အဖြေတွေရဲ့ 129 00:05:55,811 --> 00:05:57,841 ပျှမ်းမျှ တစ်ခုကို ယူလိုက်ကြတာပဲမဟုတ်လား။ 130 00:05:57,865 --> 00:06:01,438 နောက်တစ်ခု ဖြစ်နိုင်တာက ပြောတဲ့သူရဲ့ ယုံကြည်မှု အပေါ်မှာ မူတည်ပြီး 131 00:06:01,462 --> 00:06:03,910 အုပ်စုဟာ မဲတစ်ခုစီရဲ့ အားကို နှိုင်းချိန်တာပါ။ 132 00:06:04,422 --> 00:06:06,928 Paul McCartney သာ ခင်ဗျား အဖွဲ့ထဲမှာ ပါတယ်ဆိုပါစို့ 133 00:06:07,352 --> 00:06:09,496 ခင်ဗျားအနေနဲ့ သူပြောတဲ့ "Yesterday" 134 00:06:09,520 --> 00:06:11,961 ဘယ်နှစ်ခါ ပါသလဲ ဆိုတာကို သဘောတူတာ ကောင်းပါတယ်။ 135 00:06:11,985 --> 00:06:14,699 ဒါနဲ့ ကျွန်တော်ကတော့ ၉ခါပါတယ်ထင်တာပဲ။ 136 00:06:14,723 --> 00:06:17,104 ဒါပေမယ့် ကျွန်တော်တို့ အမြဲသတိထားမိတာက 137 00:06:17,128 --> 00:06:19,494 ဘယ်လို ကျဉ်းထဲ ကျပ်ထဲမှာမဆို ဘယ်လို စမ်းသပ်မှု၊ 138 00:06:19,518 --> 00:06:21,683 ဘယ်လို ကမ္ဘာ့ တိုက်ကြီးတွေမှာမဆို 139 00:06:21,707 --> 00:06:25,450 အုပ်စုတွေအနေနဲ့ သေချာပြီး "စနစ်တကျ ပျမ်းမျှတွက်ယူတဲ့ နည်းလမ်း"ဆိုတာကို 140 00:06:25,474 --> 00:06:27,652 အသုံးပြုလေ့ရှိတာ တွေ့ရတယ်။ 141 00:06:27,676 --> 00:06:29,856 အီဖယ် မျှော်စင်ရဲ့ အမြင့် ကိစ္စမှာ 142 00:06:29,880 --> 00:06:31,700 အုပ်စုတစ်စုက ဒီအဖြေတွေရှိတယ်ဆိုပါစို့ 143 00:06:31,724 --> 00:06:36,332 မီတာ ၂၅၀၊ မီတာ ၂၀၀၊ မီတာ ၃၀၀၊ ၄၀၀ နဲ့ 144 00:06:36,356 --> 00:06:40,140 နောက် ၃၀၀ မီလီယံ မီတာဆိုပြီး လုံးဝ မဖြစ်သင့်တဲ့ အဖြေတစ်ခုပေးတယ်။ 145 00:06:40,547 --> 00:06:44,840 ပုံမှန်အတိုင်းသာ ပျမ်းမျှယူလိုက်ရင် မတိကျတဲ့ ကမောက်ကမ အဖြေတွေထွက်လာမယ်။ 146 00:06:44,864 --> 00:06:48,034 ဒါပေမဲ့ စနစ်တကျ ပျမ်းမျှတွက်တာက အုပ်စုဟာ အလယ်လောက်က လူတွေရဲ့ 147 00:06:48,058 --> 00:06:49,298 အဖြေကို ပိုအလေးထားခြင်းနဲ့ 148 00:06:49,322 --> 00:06:52,691 မဖြစ်သင့်တဲ့ အဖြေတွေကို ထည့်သွင်းစဉ်းစားခြင်းမပြုတာပါ။ 149 00:06:53,305 --> 00:06:55,181 Vancouver စမ်းသပ်မှုကို ပြန်ကြည်ရင် 150 00:06:55,205 --> 00:06:56,972 ဒီအတိုင်းဖြစ်ခဲ့တာပါပဲ။ 151 00:06:57,407 --> 00:07:00,148 အုပ်စုတွေဟာ ဘောင်ကျော်နေတဲ့ အဖြေတွေကို သိပ်အရေးမထားခဲ့ဘူး၊ 152 00:07:00,172 --> 00:07:03,401 ဒီအစား အများဆန္ဒ ဖြစ်သွားတာက တစ်ဦးချင်းစီရဲ့ အဖြေတွေရဲ့ 153 00:07:03,425 --> 00:07:04,901 စနစ်တကျ ပျှမ်းမျှယူခြင်းနည်းပါ။ 154 00:07:05,356 --> 00:07:07,347 အထူးခြားဆုံးကတော့ 155 00:07:07,371 --> 00:07:10,558 အဲဒါဟာ ပြောစရာမလိုပဲ အဖွဲ့ထဲမှာ အလိုလိုဖြစ်နေတာပါပဲ။ 156 00:07:10,582 --> 00:07:15,057 အဲဒီအတွက် ကျွန်တော်တို့က ဘယ်လို ညှိနှိုင်း ရမလဲဆိုတာ ဘာမှပြောစရာ မလိုခဲ့ပါဘူး။ 157 00:07:15,513 --> 00:07:17,053 ဒီတော့ ဒီကနေ ဘယ်လို သုံးသပ်မလဲ။ 158 00:07:17,432 --> 00:07:20,569 ဒါက အစပဲရှိသေးတယ် ဆိုပေမယ့် အသိတစ်ချို့တော့ ရခဲ့ပါပြီ။ 159 00:07:20,984 --> 00:07:23,901 အဖွဲ့လိုက် ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ နှစ်ချက် လိုတယ်။ 160 00:07:23,925 --> 00:07:26,674 ခံယူချက်တွေရဲ့ ့နှိုင်းချိန်မှုနဲ့ ထွေပြားမှုပါ။ 161 00:07:27,066 --> 00:07:31,062 အခုလောလောဆယ်ကျွန်တော်တို့ရဲ့ ယူဆချက်ကို အဖွဲ့အစည်းတွေ သိအောင် လုပ်ကြတဲ့နည်းက 162 00:07:31,086 --> 00:07:32,994 တိုက်ရိုက်(သို့)သွယ်ဝိုက် အဆိုပြုခြင်းပါ 163 00:07:33,495 --> 00:07:35,492 အမြင်တွေ အမျိုးမျိုးကွဲပြားတာ ကောင်းပါတယ်။ 164 00:07:35,516 --> 00:07:37,961 အကောင်းဆုံးက လူတိုင်းလူတိုင်း 165 00:07:37,985 --> 00:07:40,440 သူတို့ထင်တာ သူတို့ ပြောခွင့်ရအောင် လုပ်နိုင်ခဲ့တယ်။ 166 00:07:40,464 --> 00:07:44,199 ဒါပေမယ့်လဲ အရမ်းကြီး ကောင်းတဲ့ ဆွေးနွေးမှုတွေပါလို့တော့ မဆိုနိုင်ပါဘူး။ 167 00:07:44,665 --> 00:07:47,733 ကျွန်တော်တို့ စမ်းသပ်မှုတွေဟာ ရည်ရွယ်ချက်နှစ်ခုကို တစ်ချိန်တည်း 168 00:07:47,757 --> 00:07:51,298 မျှမျှတတ စဉ်းစားကြည်ဖို့ မတူတဲ့ နည်းလမ်းတစ်ခုကို စဉ်းစားမိစေပါတယ်။ 169 00:07:51,322 --> 00:07:55,075 သီးခြားအဖွဲ့ခွဲလေးတွေ အများကြီးရှိနေလို့ ကွဲပြားတဲ့ အမြင်တွေလည်း 170 00:07:55,099 --> 00:07:57,333 ဆက်ရှိနေပေမဲ့လည်း အဖွဲ့ငယ်လေးတွေခွဲပြီး 171 00:07:57,357 --> 00:08:00,130 တစ်ခုတည်းသော ဆုံးဖြတ်ချက် ရအောင်လုပ်ဆောင်ခြင်းနဲ့ပါ။ 172 00:08:00,741 --> 00:08:04,665 ဒါပေမယ့် အီဖယ်လ် မျှော်စင် အမြင့် ကို ညှိနှိုင်းကြရတာက ကိုယ်ကျင့်၊ နိုင်ငံရေးနဲ့ 173 00:08:04,689 --> 00:08:07,804 အတွေးအခေါ်ကိစ္စတွေ ညှိနှိုင်းရတာထက် အများကြီးပိုလွယ်ပါတယ်။ 174 00:08:08,721 --> 00:08:11,998 ဆိုပေမယ့်လည်း ကမ္ဘာပေါ်က ပြဿနာတွေ ပိုရှုပ်ထွေးလာပြီး 175 00:08:12,022 --> 00:08:13,825 လူတွေက တူညီရာတစ်ခုကိုပဲ ဦးတည်လာတဲ့အခါ 176 00:08:13,849 --> 00:08:18,444 ကျွန်တော်တို့ တုံ့လှယ်ပုံ၊ ဆုံးဖြတ်ပုံကို နားလည်ဖို့ ကူညီတဲ့ သိပ္ပံပညာကိုအသုံးပြုတာက 177 00:08:18,468 --> 00:08:23,134 ပိုစိတ်ဝင်စားဖွယ် နည်းလမ်းတွေနဲ့ ပိုဒီမိုကရေစီကျအောင် လုပ်နိုင်ပါလိမ့်မယ်။