WEBVTT 00:00:00.720 --> 00:00:02.136 ကျွန်တော်ဟာ အင်ဂျင်နီယာပါ၊ 00:00:02.160 --> 00:00:04.136 ရိုဘော့တွေကို ပြုစုထုတ်လုပ်ပါတယ်။ 00:00:04.160 --> 00:00:07.656 အခုတော့ ရိုဘော့ ဆိုတာ ဘယ်လိုဟာမှန်း လူတိုင်း သိတယ်၊ မဟုတ်လား။ 00:00:07.680 --> 00:00:09.856 မသိတဲ့သူဟာ Google ကို ဝင်ပြီး ရိုဘော့ဆိုတာ 00:00:09.880 --> 00:00:11.736 ဘာလဲ မေးကြည့်ရုံပါပဲ။ 00:00:11.760 --> 00:00:13.000 ဒီတော့ စမ်းကြည့်ရအောင်။ 00:00:13.640 --> 00:00:16.376 Google ထဲမှာ မေးလိုက်တော့ ရလာတာက ဒါပါပဲ။ 00:00:16.400 --> 00:00:19.576 ဒီမှာ ရိုဘော့ ပုံစံတွေ အမျိုးမျိုးကို မြင်တွေ့နိုင်ပေမဲ့ 00:00:19.600 --> 00:00:23.336 အများဆုံး မြင်ရတာတွေဟာ ဖွဲ့စည်းမှုအရ လူနဲ့ ဆင်တူကြပါတယ်။ 00:00:23.360 --> 00:00:25.016 ပြီးတော့ ၎င်းတို့ဟာ တွေ့မြင်နေကျ 00:00:25.040 --> 00:00:27.496 ပုံစံမျိုးတွေပါ၊ ပလတ်စတစ် ပါတယ်၊ သတ္ထုပါတယ်၊ 00:00:27.520 --> 00:00:29.816 မော်တာတွေ နဲ့ ဂီယာတွေ စသဖြင့်ပေါ့လေ။ 00:00:29.840 --> 00:00:31.456 တချို့ကို ကြည့်ရတာ ခင်မင်ဖွယ်ရာပါ၊ 00:00:31.480 --> 00:00:33.536 သူတို့နား သွားပြီး ပွေ့ဖက်လို့ တောင် ရတယ်။ 00:00:33.560 --> 00:00:34.976 တချို့ကျတော့ ခင်မင်စရာမျိုး 00:00:35.000 --> 00:00:37.456 မဟုတ်ဘဲ "Terminator"ထဲက များလား ထင်ရပါတယ်။ 00:00:37.480 --> 00:00:39.950 တကယ်တမ်းမှာလည်း "Terminator" မှ ဖြစ်နိုင်ပါတယ်။ 00:00:39.950 --> 00:00:42.640 အဲဒီ ရိုဘော့တွေနဲ့ တကယ့်ကို မိုက်တဲ့ အရာတွေ လုပ်နိုင်တယ်၊ 00:00:42.640 --> 00:00:44.626 စိတ်လှုပ်ရှားရာ ပစ္စည်းတွေ လုပ်နိုင်တယ်။ 00:00:44.626 --> 00:00:47.190 ဒါပေမဲ့ အခု ပြောချင်တာက မတူတဲ့ ရိုဘော့မျိုးတွေပါ၊ 00:00:47.190 --> 00:00:49.586 ကျွန်တော်ဟာ မတူတဲ့ ရိုဘော့တေွကို ထုတ်လုပ်ချင်တယ်။ 00:00:49.586 --> 00:00:52.816 အပြင်ပမ်းအားဖြင့် ကျွန်တော်တို့နဲ့ မတူတဲ့ ဒီလိုအရာမျိုးမှ 00:00:52.840 --> 00:00:54.240 စိတ်ကူးတွေကို ယူချင်တယ်။ 00:00:54.680 --> 00:00:57.256 ဒါတွေဟာ သဘာဝထဲက ဇီဝအကောင်တွေပါ၊ 00:00:57.280 --> 00:00:59.856 ၎င်းတို့ဟာ ကျွန်ုပ်တို့ြရော လက်ရှိ ရိုဘော့များပါ 00:00:59.880 --> 00:01:02.376 မလုပ်နိုင်တဲ့ မိုက်တဲ့ အရာတွေကို လုပ်နိုင်ကြတယ်။ 00:01:02.400 --> 00:01:05.576 ၎င်းတို့ဟာ ကြမ်းပေါ်မှာ လှုပ်ရှားခြင်း၊ ဥယျာဉ်ထဲ သွားခြင်းနဲ့ 00:01:05.600 --> 00:01:07.856 သီးနှံတွေ စားခြင်းလို လုပ်နိုင်တာ အများကြီး၊ 00:01:07.880 --> 00:01:09.136 သစ်ပင်ပေါ် တက်နိုင်ခြင်း၊ 00:01:09.160 --> 00:01:11.376 ရေထဲ ဝင်နိုင်ပြီး ရေထဲမှ ထွက်လာခြင်း၊ 00:01:11.400 --> 00:01:13.620 အင်းဆက်တွေကို ဖမ်းနိုင်၊ သားနိုင်ကြပါတယ်။ 00:01:13.620 --> 00:01:16.166 ဒီတော့ သူတို့ လုပ်နိုင်တာ တကယ့်ကို စိတ်ဝင်စားစရာတွေပါ။ 00:01:16.166 --> 00:01:19.216 ၎င်းတို့ဟာ အသက်ရှင်နိုင် သေနိုင်ကြပြီး 00:01:19.240 --> 00:01:21.056 ပတ်ဝန်းကျင်ထဲက အရာတွေ စားသုံးနိုင်တယ်။ 00:01:21.080 --> 00:01:23.656 ကျွန်ုပ်တို့ရဲ့ လက်ရှိ ရိုဘော့တွေ အဲဒါတွေ မလုပ်တတ်ကြပါ။ 00:01:23.680 --> 00:01:24.896 ဒီတော့၊ ဒီလို ထူးခြားတဲ့ 00:01:24.920 --> 00:01:28.576 လက္ခဏာအချို့ကို အနာဂတ် ရိုဘော့တွေထဲ အသုံးပြုလျက် တကယ့်ကို 00:01:28.600 --> 00:01:31.296 အရေးကြီးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရင် မကောင်းပေဘူးလား။ 00:01:31.320 --> 00:01:34.376 ကျွန်တော်ဟာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ အချို့ကို ယူပြီး 00:01:34.400 --> 00:01:37.366 အကောင်းများနဲ့ အပင်များထံမှ ရယူနိုင်ကြတဲ့ လုပ်နိုင်စွမ်းများနဲ့ 00:01:37.366 --> 00:01:39.176 နည်းပညာတွေကို အသုံးပြုကာ 00:01:39.200 --> 00:01:40.896 အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်အောင် 00:01:40.896 --> 00:01:42.856 လုပ်ကိုင်နိုင်တာကို ပြပေးချင်ပါတယ်။ 00:01:42.880 --> 00:01:45.240 ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ နှစ်ရပ်ကို လေ့လာကြပါစို့။ 00:01:45.430 --> 00:01:47.376 အဲဒီနှစ်ခုစလုံး လူသားရဲ့ လက်ချက်ပါ၊ 00:01:47.400 --> 00:01:49.856 လူသားက ပတ်ဝန်းကျင်နဲ့ တုံ့ပြန်ရင်း လုပ်ပစ်လိုက်တဲ့ 00:01:49.880 --> 00:01:52.256 စိတ်ပျက်စရာ အရာတွေပါ။ 00:01:52.280 --> 00:01:55.920 ပထမ တစ်ခုက လူဦးရေ တိုးလာမှုရဲ့ ဖိအားပေးမှုနဲ့ ဆက်စပ်နေတယ်။ 00:01:56.440 --> 00:01:58.856 တကမ္ဘာလုံး လူဦးရေ တိုးလာမှုရဲ့ ဖိအားပေးမှုကြောင့် 00:01:58.880 --> 00:02:02.680 လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ သီးနှံတွေ တိုးတိုးပြီး ထုတ်လုပ်ရန် လိုတယ်။ 00:02:02.680 --> 00:02:04.256 တဖန် အဲဒီလို တိုးထုတ်နိုင်ဖို့ 00:02:04.280 --> 00:02:07.376 လယ်သမားတွေဟာ စိုက်ခင်းတွေမှာ ဓာတုပစ္စည်းတွေကို တိုးတိုးသုံးကြတယ်။ 00:02:07.376 --> 00:02:10.136 သူတို့ဟာ ဓာတ်မြေဩဇာ၊ နိုင်ထရိတ်များ ပိုးသတ်ဆေးများ စသဖြင့် 00:02:10.136 --> 00:02:13.216 သီးနှံတိုးလာစေမယ့် အရာမျိုးစုံကို များစွာ သုံးနေကြရာ 00:02:13.240 --> 00:02:15.376 အနှုတ်လက္ခဏာ အကျိုးဆက်တွေ ရှိလာတယ်။ 00:02:15.400 --> 00:02:18.560 အဲဒီလို အနှုတ်လက္ခဏာ အကျိုးဆက် တစ်ခုက၊ စိုက်ခင်းထဲ ဓာတ်မြေဩဇာတွေ 00:02:18.560 --> 00:02:21.426 များစွာ သုံးတယ်အခါ အားလုံးဟာ အပင်တွေထဲသို့ ဝင်မသွားခြင်းပါ။ 00:02:21.426 --> 00:02:23.896 တော်တော်များများက မြေထဲ ကျန်ရစ်ခဲ့တယ်၊ 00:02:23.920 --> 00:02:25.376 မိုးရွာတဲ့ အခါမှာ၊ အဲဒီလို 00:02:25.400 --> 00:02:27.896 ဓာတုပစ္စည်းတွေဟာ မြေအောက် ရေထုထဲ စိမ့်ဝင်သွားတယ်။ 00:02:27.920 --> 00:02:29.176 တဖန် အဲဒီ မြေထုရေဟာ 00:02:29.200 --> 00:02:32.696 ချောင်းတွေ၊ ရေကန်တွေ၊ မြစ်တွေထဲ ရောက်ရှိသွားလျက် 00:02:32.720 --> 00:02:33.920 ပင်လယ်ထဲကို ရောက်လာပါတယ်။ 00:02:34.080 --> 00:02:36.820 ဒီတော့ ခုနက ဓာတုပစ္စည်းတွေ အားလုံး၊ 00:02:36.820 --> 00:02:38.656 နိုင်ထရိတ်တွေ အားလုံးကို ပတ်ဝန်းကျင် 00:02:38.680 --> 00:02:42.456 ထဲသို့ ထည့်ကြမယ်ဆိုရင် အဲဒီမှာ နေကြတဲ့ အကောင်တွေကို သက်ရောက်မှု ရှိပါမယ်၊ 00:02:42.480 --> 00:02:44.096 ဥပမာ၊ ရေညှိဆိုပါစို့။ 00:02:44.120 --> 00:02:46.656 ရေညှိဟာ နိုင်ထရိတ်တွေကို၊ ဓာတုမြေဩဇာကိုကြိုက်တော့၊ 00:02:46.680 --> 00:02:48.776 အဲဒီ ဓာတုပစ္စည်းတွေ အားလုံးကို စုပ်ယူမှာပါ၊ 00:02:48.800 --> 00:02:51.736 အခြေအနေတွေ ကောင်းမယ်ဆိုရင် ၎င်းဟာ အကြီးအကျယ် ပွားလာမယ်။ 00:02:51.760 --> 00:02:54.016 ရေညှိအသစ်တွေ ထပ်ပြီးရင် ထပ်ပြီး ပွားများလာမှာပါ။ 00:02:54.040 --> 00:02:55.576 အဲဒါကို ပန်းပွင့်ခြင်း ခေါ်တယ်။ 00:02:55.600 --> 00:02:58.776 ပြဿနာက ရေညှိတွေ အဲဒီလို ပွားလာရင် ၎င်းတို့ဟာ 00:02:58.800 --> 00:03:01.040 ရေထဲက အောက်ဆီဂျင်ကို စားသုံးပစ်ကြတယ်။ 00:03:01.480 --> 00:03:02.736 အဲဒီနောက်မှာ ရေထဲက 00:03:02.760 --> 00:03:05.680 တခြားအကောင်တွေဟာ အသက်ရှင် မရနိုင်တော့ပါ။ 00:03:06.080 --> 00:03:08.096 ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြလဲ။ 00:03:08.120 --> 00:03:12.136 ရေညှိတွေကို စားပစ်လျက်၊ သုံးဆောင်လျက် ပတ်ဝန်းကျင်ကို လုံခြုံအောင် 00:03:12.160 --> 00:03:14.016 လုပ်ပေးမယ့် ရိုဘော့ကို ထုတ်လုပ်ကြပါတယ်။ 00:03:14.040 --> 00:03:15.400 အဲဒါက ပထမ ပြဿနာပါ။ 00:03:15.960 --> 00:03:18.456 ဒုတိယ ပြဿနာဟာလည်း လူသားရဲ့ လက်ချက် ဖြစ်ပြီး 00:03:18.480 --> 00:03:20.360 ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ ဆိုင်တယ်။ 00:03:20.800 --> 00:03:24.536 အားလုံးသိကြတဲ့ အတိုင်း၊ ဆီဟာ ကျွန်ုပ်တို့ သုံးကြတဲ့ အင်ဂျင်နာများ၊ 00:03:24.560 --> 00:03:25.896 လှေများမှ စီးထွက်လာတတ်တယ်။ 00:03:25.920 --> 00:03:29.156 ရေနံတင် သင်္ဘောတွေလည်း တိုင်ကီတွေကို ဆေးပြီး ပင်လယ်ထဲ သွန်းတတ်ကြတယ်။ 00:03:29.156 --> 00:03:31.256 အဲဒီလိုနည်းဖြင့် ရေနံဟာ ပင်လယ်ထဲ ရောက်လာတယ်။ 00:03:31.280 --> 00:03:33.856 အဲဒါကို တနည်းနည်းနဲ့ တခုခုလုပ်လိုက်ပြီး ရေနံကွက်ကြီးတွေ 00:03:33.880 --> 00:03:38.600 ညစ်ညမ်းနေတာကို စာပစ်ကြမယ့် ရိုဘော့တွေကို သုံးနိုင်မယ် ဆိုရင်ကော။ 00:03:39.160 --> 00:03:40.776 ဒီတော့ကျွန်ုပ်တို့ လုပ်နေတာက 00:03:40.800 --> 00:03:43.400 ညစ်ညမ်းမှုကို စားပစ်ကြမယ့် ရိုဘော့တွေပါ။ 00:03:43.880 --> 00:03:45.216 အဲဒီ ရိုဘော့တွေကို လက်တွေ့ 00:03:45.240 --> 00:03:47.440 ထုတ်လုပ်ရန် အကောင်နှစ်ခုထံမှ အကြံဉာဏ် ယူခဲ့တယ်။ 00:03:47.880 --> 00:03:50.416 ညာဘက်မှာ ခင်ဗျားတို့ မြင်ရတာက ငါးမန်းကောင်ကြီးပါ။ 00:03:50.440 --> 00:03:52.976 ဧရာမ ငါးမန်းကောင်ပါ။ 00:03:53.000 --> 00:03:55.576 ၎င်းဟာ သားစားကောင် မဟုတ်လို့ ၎င်းနဲ့အတူ ရေကူးနိုင်တယ်။ 00:03:55.600 --> 00:03:57.056 ဒီမှာ မြင်ရတဲ့ အတိုင်းပဲ။ 00:03:57.080 --> 00:03:58.936 အဲဒီငါးမန်းမျိုးဟာ ပါးစပ်ကို ဖွင့်လျက် 00:03:58.960 --> 00:04:01.800 ရေထဲကူးသွားရင်း ရေမျောတွေကို လိုက်စုစည်းတယ်။ 00:04:02.880 --> 00:04:05.096 အဲဒီလို လုပ်နေချိန်မှာ အစာကို ချေဖျက်လိုက်လို့ 00:04:05.120 --> 00:04:08.640 ရတဲ့စွမ်းအင်ကို ဆက်လှုပ်ရှားရန် အသုံးပြုပါတယ်။ 00:04:09.400 --> 00:04:11.256 ဒီတော့၊ ခုနက ငါးမန်းကောင်နဲ့ တူတဲ့ 00:04:11.280 --> 00:04:13.816 ရိုဘော့ကို ထုတ်လုပ်လိုက်ကာ ရေထဲ ကူးသွားစေလျက် 00:04:13.840 --> 00:04:15.790 ညစ်ညမ်းမှုကို စားခိုင်းလို့ ရနိုင်မလား။ 00:04:16.160 --> 00:04:17.770 လုပ်နိုင်မနိုင်ကို ကြည့်ကြရအောင်။ 00:04:17.770 --> 00:04:20.790 တချိန်တည်းမှာ ကျွန်ုပ်တို့ဟာ အခြား အကောင်များဆီမှပါ အကြံရသေးတယ်။ 00:04:20.790 --> 00:04:23.166 ဒီနေရာမှာ ရှိတဲ့ ငါးတမျိုးကို ကျွန်တော် ပြချင်တယ်။ 00:04:23.166 --> 00:04:24.896 ဒီငါးဟာ သိပ်ကို စိတ်ဝင်စားစရာကြီးပါ။ 00:04:24.920 --> 00:04:26.496 ၎င်းဟာ ရေထဲကူးရန် လှော်တက်နဲ့ 00:04:26.520 --> 00:04:29.000 တူတဲ့ ခြေတွေကို သုံးပြီး ရှေ့ကို တွန်းယူတယ်။ 00:04:29.340 --> 00:04:31.616 အဲဒီအကောင် နှစ်မျိုးကို ကျွန်တော်တို့ ယူပြီး 00:04:31.640 --> 00:04:34.640 ပေါင်းလိုက်ကာ ရိုဘော့ အသစ်တမျိုးကို ဖန်တီးလိုက်ကြတယ်။ 00:04:35.320 --> 00:04:38.496 ကျွန်တော်တို့က လှော်တတ်တဲ့ ငါးကို အတုယူပြီး လုပ်ခဲ့တဲ့ ရိုဘော့ဟာ 00:04:38.520 --> 00:04:41.140 ရေပေါ်မှာ ဝပ်နေလျက် နေတတ်တာမို့ 00:04:41.140 --> 00:04:42.576 ကျွန်တော်တို့ရဲ့ ရိုဘော့ကို 00:04:42.600 --> 00:04:44.816 "Row-bot" လို့ ခေါ်ပါတယ်။ 00:04:44.840 --> 00:04:48.696 ဒီတော့ Row-bot လှော်တတ်တဲ့ ရိုဘော့ စက်ရုပ်ပါ။ 00:04:48.720 --> 00:04:51.416 ကောင်းပြီ၊ အဲဒါ လက်တွေ့မှာ ဘယ်လိုများ ရှိလဲ။ 00:04:51.440 --> 00:04:53.170 Row-bot ရဲ့ ပုံအချို့ကို ပြထားပါတယ်။ 00:04:53.170 --> 00:04:54.546 ခင်ဗျားတို့ သတိထားမိကြမှာက 00:04:54.546 --> 00:04:57.776 ကျွန်တော်တို့ အစပိုင်းတွင် မြင်ခဲ့ကြရတဲ့ ရိုဘော့တွေနဲ့ မတူပါဘူး။ 00:04:57.800 --> 00:05:00.476 Google ဟာ မှားတယ်၊ ရိုဘော့တွေ အဲဒီလို ပုံစံမျိုး မဟုတ်ဘဲ 00:05:00.476 --> 00:05:01.686 ဒီလို ပုံစံမျိုးတွေပါ။ 00:05:01.686 --> 00:05:03.386 အဲဒီ Row-bot ကို ကျွန်တော် ယူလာတယ်။ 00:05:03.386 --> 00:05:04.696 ခင်ဗျားတို့အတွက် ပြပေးမယ်။ 00:05:04.696 --> 00:05:06.206 စကေးကို ခန့်မှန်းသိနိုင်ဖို့ပါ။ 00:05:06.206 --> 00:05:08.256 ပြီးတော့ ၎င်းဟာ အခြားဟာတွေနဲ့ မတူပါ။ 00:05:08.280 --> 00:05:09.896 အဲဒါကို ပလတ်စတစ်နဲ့ လုပ်ထားတယ်၊ 00:05:09.920 --> 00:05:11.976 ပါတဲ့ အပိုင်းတွေကို အခု ကြည့်ကြပါမယ်၊ 00:05:12.000 --> 00:05:13.316 Row-bot ထဲ ပါဝင်တာက- 00:05:13.340 --> 00:05:15.010 ၎င်းကို အထူးဖြစ်အောင် လုပ်ပေးတာက- 00:05:15.010 --> 00:05:18.306 Row-bot ထဲ ပါဝင်ကြတဲ့ အပိုင်း သုံးပိုင်းပါ၊ 00:05:18.306 --> 00:05:21.896 အဲဒီ သုံးပိုင်းဟာ သက်ရှိ အကောင်တိုင်း ထဲက အတိုင်းပါပဲ။ 00:05:21.920 --> 00:05:23.576 ၎င်းဆီမှာ ဦးနှောက်ရှိတယ်၊ 00:05:23.600 --> 00:05:24.976 ခန္ဓာကိုယ် ရှိတယ်၊ 00:05:25.000 --> 00:05:27.296 ပြီးတော့ အစာအိမ် ရှိတယ်။ 00:05:27.320 --> 00:05:29.736 စွမ်းအင်ကို ထုတ်လုပ်ရန် အစာအိမ် လိုအပ်တယ်။ 00:05:29.760 --> 00:05:32.026 Row-bot ဆီမှာ အဲဒီလို အပိုင်း သုံးပိုင်း ရှိတယ်၊ 00:05:32.026 --> 00:05:34.836 သက်ရှိ အကောင်တိုင်းမှာလည်း အဲဒီ အပိုင်း သုံးပိုင်း ရှိတယ်။ 00:05:34.836 --> 00:05:36.586 အဲဒါတွေကို တစ်ခုချင်းစီ လေ့လာကြမယ်။ 00:05:36.586 --> 00:05:37.956 ၎င်းဆီမှာ ခန္ဓာကိုယ် ရှိရာ၊ 00:05:37.956 --> 00:05:39.656 အဲဒါကို ပလတ်စတစ်နဲ့ ပြုလုပ်ထားတယ်၊ 00:05:39.656 --> 00:05:41.616 ၎င်းဟာ ရေပေါ်မှာ ဝပ်ထိုင်နေတတ်တယ်။ 00:05:41.640 --> 00:05:44.576 ပြီးတော့ ဘေးမှာ ရေယက်ပြားတွေ ရှိပြီး 00:05:44.600 --> 00:05:46.096 ရွေ့ရှားရန် သုံးတဲ့ လှော်တက်ပါ၊ 00:05:46.120 --> 00:05:47.750 ခုန ပြခဲ့တဲ့ ရေပိုးကောင် အတိုင်းပါ 00:05:47.750 --> 00:05:49.536 ၎င်းရဲ့ ကိုယ်ထည်ဟာ ပလတ်စတစ်ပါ၊ 00:05:49.560 --> 00:05:52.080 ဒါပေမဲ့ ရော်ဘာနဲ့ လုပ်ထားတဲ့ ပါးစပ် ဒီမှာ ရှိတယ်၊ 00:05:52.080 --> 00:05:54.336 ဒီမှာ နောက်ပါးစပ် ရှိတယ်- ပါးစပ် နှစ်ခု ရှိတယ်။ 00:05:54.360 --> 00:05:55.776 ပါးစပ် နှစ်ခုက ဘာ့အတွက်လဲ။ 00:05:55.800 --> 00:05:57.616 တစ်ခုက အစာကို အထဲကို ထည့်သွင်းရန်၊ 00:05:57.640 --> 00:05:59.896 နောက်တစ်ခုက အစာကို အပြင်ကို ထုတ်ပစ်ရန် အတွက်ပါ။ 00:05:59.896 --> 00:06:03.096 ဒီတော့ ၎င်းဆီမှာ ပါးစပ်တစ်ပေါက်နဲ့ စအိုပေါက် 00:06:03.120 --> 00:06:04.336 ဒါမှမဟုတ်-- 00:06:04.360 --> 00:06:05.376 (ရယ်မောသံများ) 00:06:05.400 --> 00:06:07.206 မလိုအပ်တာတွေ အပြင်ကို ထွက်လာတဲ့ နေရာ၊ 00:06:07.206 --> 00:06:08.730 တကယ့် အကောင်တွေ အတိုင်းပါပဲ။ 00:06:08.730 --> 00:06:11.866 ဒီတော့ ကျွန်တော်တို့ မြင်ခဲ့ကြရတဲ့ ငါးမန်းကောင်ကြီးနဲ့ ဆင်လာပြီ။ 00:06:11.866 --> 00:06:13.096 ဒါက ခန္ဓာကိုယ်ပါ။ 00:06:13.120 --> 00:06:16.256 ဒုတိယ အကန့်က အစာအိမ် ဖြစ်နိုင်တယ်။ 00:06:16.280 --> 00:06:20.176 ကျွန်တော်တို့ဟာ ရိုဘော့အတွက် စွမ်းအင် လိုအပ်ပြီး ညစ်ညမ်းမှုကို ရှင်းပေးရမယ်၊ 00:06:20.200 --> 00:06:21.736 ညစ်ညမ်းမှုဟာ အထဲကို ဝင်သွားကာ 00:06:21.760 --> 00:06:23.256 အဲဒီမှာ တစ်ခုခု ဖြစ်လာမယ်။ 00:06:23.280 --> 00:06:26.856 အလယ်မှာ ပိုးမွှား လောင်စာ ဆဲလ် ဆိုတာ ရှိပါတယ်။ 00:06:26.880 --> 00:06:29.640 ကျွန်တော် ဒီမှာ ချထားလိုက်ပြီး ဆဲလ်ကို မတင်ပြပါမယ်။ 00:06:29.830 --> 00:06:32.056 ဒီမှာ။ ဒါကြောင့်မို့လို့ ဘက်ထရီများ အစား 00:06:32.080 --> 00:06:34.256 သမရိုးကျ စွမ်းအင်စနစ်ကို ထားရှိမယ့် အစား၊ 00:06:34.280 --> 00:06:35.536 ကျွန်တော် ဒါကို သုံးပါတယ်။ 00:06:35.560 --> 00:06:36.816 အဲဒါက ၎င်းရဲ့ အစာအိမ်ပါ။ 00:06:36.840 --> 00:06:38.096 အဲဒါဟာ တကယ့် အစာအိမ်ပါပဲ။ 00:06:38.120 --> 00:06:41.536 အဲဒီထဲကို ဒီဘက်ကနေပြီး ညစ်ညမ်းမှုဆိုတဲ့ လောင်စာကို ထည့်ပေးနိုင်တယ်၊ 00:06:41.560 --> 00:06:43.216 ၎င်းက လျှပ်စစ်ကို ထုတ်လုပ်ပေးမယ်။ 00:06:43.240 --> 00:06:44.456 ဒီတော့ ဒါဘာလဲ။ 00:06:44.480 --> 00:06:46.256 ပိုးမွှား လောင်စာ ဆဲလ် လို့ ခေါ်တယ်။ 00:06:46.256 --> 00:06:48.250 ဓာတုဗေဒ လောင်စာ ဆဲလ်နဲ့ နည်းနည်း ဆင်တူတယ်။ 00:06:48.250 --> 00:06:50.466 ခင်ဗျားတို့ ကျောင်းမှာ ဒါမှမဟုတ် သတင်းများထဲမှာ 00:06:50.466 --> 00:06:51.650 မြင်တွေ့ခဲ့ဘူးကြမှာပါ။ 00:06:51.650 --> 00:06:54.746 ဓာတုဗေဒ ဆဲလ်တွေဟာ ဟိုက်ဒရိုဂျင် နဲ့ အောက်ဆီဂျင်ကို ယူပြီး 00:06:54.746 --> 00:06:56.936 ပေါင်းစပ်ပေးလိုက်ကာ လျှပ်စစ်ကို ထုတ်ပေးကြတယ်။ 00:06:56.960 --> 00:07:00.376 အားလုံးသိကြတဲ့ နည်းပညာ ဖြစ်ပြီး Apollo အာကာသယာဉ်ထဲ သုံးခဲ့ကြတယ်။ 00:07:00.400 --> 00:07:02.360 အဲဒါက လွန်ခဲ့တဲ့ နှစ် ၄၀၊ ၅၀ တုန်းကပါ။ 00:07:02.440 --> 00:07:03.696 ဒါက နည်းနည်း ပိုသစ်ပါတယ်။ 00:07:03.720 --> 00:07:05.176 ဒါက ပိုးမွှား လောင်စာ ဆဲလ်ပါ။ 00:07:05.200 --> 00:07:06.456 လုပ်ပုံ အခြေခံမူ တူတယ်။ 00:07:06.480 --> 00:07:07.896 တစ်ဘက်မှာ အောက်ဆီဂျင် ရှိတယ်၊ 00:07:07.920 --> 00:07:10.016 အခြားတစ်ဘက်တွင် ဟိုက်ဒရိုဂျင် ရှိရမယ့်အစား 00:07:10.040 --> 00:07:11.336 စွပ်ပြုတ် ရှိတယ်၊ 00:07:11.360 --> 00:07:14.176 တဖန် အဲဒီစွပ်ပြုတ်ထဲတွင် ကျတော့ သက်ရှိ ပိုးမွှားတွေပါ။ 00:07:14.200 --> 00:07:16.896 ခင်ဗျားတို့က ဇီဝပစ္စည်းကို ယူမယ်ဆိုရင်၊ 00:07:16.920 --> 00:07:19.140 စွန့်ပစ်ချင်တဲ့ စားကုန်၊ အစားအစာ၊ 00:07:19.140 --> 00:07:20.776 ခင်ဗျားရဲ့ အသားညှပ်ပေါင်မုန့်ကို၊ 00:07:20.800 --> 00:07:23.846 အဲဒီထဲကို ထည့်ပေးလိုက်ရင်၊ ပိုးမွှားတွေက အဲဒီအစာကို စားကြပြီး 00:07:23.846 --> 00:07:26.030 အဲဒါကို လျှပ်စစ်အဖြစ် ထုတ်လုပ်ပေးကြမယ်။ 00:07:26.400 --> 00:07:29.896 အဲဒါတင်မက၊ ကိုယ်က မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးနိုင်ရင် 00:07:29.920 --> 00:07:33.680 ပိုးမွှား လောင်စာ ဆဲလ်ကို ညစ်ညမ်းမှု အချို့ကို ရှင်းရန် သုံးနိုင်မယ်။ 00:07:34.000 --> 00:07:36.016 မှန်ကန်တဲ့ ပိုးမွှားတွေကို ရွေးခဲ့ရင် 00:07:36.040 --> 00:07:38.656 ပိုးမွှားတွေက ရေညှိကို စားကြလိမ့်မယ်။ 00:07:38.680 --> 00:07:41.016 ကိုယ်က အခြားမျိုးပိုးမွှားများကို သုံးရင်၊ 00:07:41.040 --> 00:07:44.560 ၎င်းတို့ဟာ ဓာတ်ဆီ၊ အရက်ပျံနဲ့ ရေနံစိမ်းကို စားကြမယ်။ 00:07:44.960 --> 00:07:47.656 ဒီတော့ ဒီအစာအိမ်ကို ညစ်ညမ်းမှုကို ရှင်းရန်အတွက်သာမက 00:07:47.680 --> 00:07:50.936 အသုံးပြုလို့ ရနိုင်ရုံသမာက 00:07:50.960 --> 00:07:53.760 ညစ်ညမ်းမှုမှ လျှပ်စစ် ထုတ်လုပ်ရန်လည်း သုံးနိုင်တယ်။ 00:07:54.400 --> 00:07:57.176 ဒီလိုနည်းဖြင့် ရိုဘော့ဟာ ပတ်ဝန်းကျင်ထဲ ရွေ့ရှားရင်း 00:07:57.200 --> 00:07:59.296 အစားအစာကို အစာအိမ်သို့ ပို့သွားမယ်၊ 00:07:59.320 --> 00:08:01.600 အစာကို ချေဖျက်လျက် လျှပ်စစ်ကို ထုတ်လုပ်မယ်၊ 00:08:01.600 --> 00:08:04.140 ပတ်ဝန်းကျင်ထဲ လှုပ်ရှားဖို့ လျှပ်စစ်ကို သုံးနိုင်ပြီး 00:08:04.140 --> 00:08:05.576 ဒါကို ထပ်တလဲလဲ လုပ်နိုင်တယ်။ 00:08:05.600 --> 00:08:09.000 ကောင်းပြီ၊ Row-bot ကို လွှတ်ပေးလိုက်လို့ ၎င်းက လှော်နေတဲ့ အခါမှာ 00:08:09.000 --> 00:08:10.756 ဖြစ်လာမှာကို စောင့်ကြည့်ကြရအောင်။ 00:08:10.756 --> 00:08:12.766 ကျွန်တော်တို့ ပြစရာ ဗီဒီယို တချို့ ရှိတယ်။ 00:08:12.766 --> 00:08:14.896 ခင်ဗျားတို့ ပထမဆုံး မြင်ရမှာက၊ မြင်ရတယ်နော်၊ 00:08:14.920 --> 00:08:16.216 ပွင့်နေတဲ့ ပါးစပ်ပေါက်ပါ။ 00:08:16.240 --> 00:08:19.256 ရှေ့ပါးစပ်နဲ့ အောက်ပိုင်း ပါးစပ်ကို ဖွင့်ထား၊ 00:08:19.280 --> 00:08:20.816 လုံလောက်စွာ ပွင့်လျက် ရှိနေမယ်၊ 00:08:20.840 --> 00:08:23.266 အဲဒီနောက် ရိုဘော့ဟာ ရှေ့ကို စပြီး လှုပ်ရှားတော့မယ်။ 00:08:23.266 --> 00:08:24.556 ၎င်းဟာ ရေကို ဖြတ်သွားလျက် 00:08:24.556 --> 00:08:27.356 အစာဟာ အထဲကို ဝင်သွားမှာ ဖြစ်ပြီး စွန့်ပစ်မယ်ဟာက ထွက်လာမယ်။ 00:08:27.356 --> 00:08:29.216 လုံလောက်စွာ လှုပ်ရှားပြီးတဲ့ နောက်မှာ၊ 00:08:29.216 --> 00:08:31.496 ၎င်းဟာ ရပ်လိုက်ကာ ပါးစပ်ကို ပိတ်လိုက်မယ်၊ 00:08:31.520 --> 00:08:33.936 တဖြည်းဖြည်းနဲ့ ပါးစပ်ကို ပိတ်မယ်၊ 00:08:33.960 --> 00:08:35.726 ပြီးတော့ ၎င်းဟာ အဲဒီမှာ ထိုင်နေမယ်၊ 00:08:35.726 --> 00:08:37.500 ရှိနေတဲ့ အစားအစာကို ချေဖျက်မယ်။ 00:08:37.780 --> 00:08:40.370 အဲဒီ ပိုးမွှား လောင်စာ ဆဲလ်တွေထဲမှာ 00:08:40.370 --> 00:08:41.976 ပိုးမွှားတွေ ရှိကြတာ အမှန်ပါပဲ။ 00:08:42.000 --> 00:08:44.346 ကျွန်တော်တို့ တကယ်လိုချင်တာက စွမ်းအင် အများကြီးကို 00:08:44.346 --> 00:08:46.796 ပိုးမွှားများထံမှ အတတ်နိုင်ဆုံး အမြန်ဆုံး ရချင်တယ်။ 00:08:46.796 --> 00:08:49.166 ဒါပေမဲ့ ပိုးမွှာတွေက စက္ကန့်တိုင်းမှာ ထုတ်ပေးကြတဲ့ 00:08:49.166 --> 00:08:52.086 လျှပ်စစ်ဟာ နည်းပြီး တိုးထုတ်ဖို့ ပိုးမွှားတွေကို ခိုင်းမရပါ။ 00:08:52.086 --> 00:08:54.926 သူတို့ ထုတ်ပေးနိုင်တာက မီလီဝပ် ဒါမှမဟုတ် မိုက်ခရိုဝပ်မျှပါ။ 00:08:54.926 --> 00:08:56.296 ဒါကို ရှင်းပြပါရစေ။ 00:08:56.320 --> 00:08:57.856 ခင်ဗျားတို့ရဲ့ မိုဘိုင်းဖုန်း၊ 00:08:57.880 --> 00:08:59.256 ခေတ်အမှီဆုံး တစ်ခုဆိုရင်၊ 00:08:59.280 --> 00:09:01.496 ခင်ဗျားတို့ သုံးရင် တစ်ဝပ်ခန့် လိုတယ်။ 00:09:01.520 --> 00:09:05.336 ဒီတော့ ဖုန်း သုံးတာက ခုနက ပိုးမွှားလောင်စာဆဲလ်နဲ့ ယှဉ်ပြောရရင် 00:09:05.360 --> 00:09:07.320 အကြိမ် တစ်ထောင်၊ တသန်းအထိကို များပါတယ်။ 00:09:07.530 --> 00:09:09.576 ဒီပြဿနာကို ကျွန်တော်တို့ ဘယ်လို လုပ်မလဲ။ 00:09:09.600 --> 00:09:12.456 ကောင်းပြီ၊ Row-bot က အစာကို ချေပြီးသွားတဲ့ အခါမှာ 00:09:12.480 --> 00:09:14.046 အစားအစာကို အထဲကို ယူထည့်လိုက်ကာ 00:09:14.046 --> 00:09:17.496 ထိုင်နေလျက် အစာအားလုံးကို သုံးဆောင်ပြီးတဲ့အထိ စောင့်နေမယ်။ 00:09:17.520 --> 00:09:20.736 အဲဒါ နာရီအနည်းငယ်၊ ရက်အနည်းငယ် အထိ ကြာနိုင်တယ်။ 00:09:20.760 --> 00:09:24.200 Row-bot ရဲ့ ပုံမှန် စက်ဝန်းက ဒီလို ရှိတယ်- 00:09:24.200 --> 00:09:25.736 ၎င်းဟာ ပါးစပ်ကို ဖွင့်လိုက်တယ်၊ 00:09:25.760 --> 00:09:27.016 ရှေ့ကို ရွေ့တယ်၊ 00:09:27.040 --> 00:09:28.296 ၎င်းဟာ ပါးစပ်ကို ပိတ်တယ်၊ 00:09:28.320 --> 00:09:30.176 ပြီးရင် ၎င်းဟာ ခဏကြာ ထိုင်နေမယ်။ 00:09:30.200 --> 00:09:31.666 အစားအစာတွေကို ချေဖျက်ပြီးတာနဲ့ 00:09:31.666 --> 00:09:34.416 ရှေ့ဆက် လှုပ်ရှားလျက် အဲဒါကို ထပ်ပြီး လုပ်နိုင်တယ်။ 00:09:34.440 --> 00:09:37.120 ဒါပေမဲ့၊ ဒါဟာ တကယ့် သက်ရှိအကောင်နဲ့ တူတယ် မဟုတ်လား။ 00:09:37.120 --> 00:09:39.240 အဲဒါ ကျွန်ုပ်တို့ လုပ်ကိုင်ကြပုံ အတိုင်းပါပဲ။ 00:09:39.240 --> 00:09:41.776 စနေညနေတွင် ကျွန်ုပ်တို့ဟာ ကိုယ့်ပါးစပ်ကို ဖွင့်ကြတယ်၊ 00:09:41.776 --> 00:09:43.846 ကျွန်ုပ်တို့ရဲ့ အစာအိမ်တွေကို ဖြည့်ကြတယ်၊ 00:09:43.846 --> 00:09:45.896 တီဗီရှေ့မှာ ထိုင်ရင်း အစာကို ချေကြတယ်။ 00:09:45.920 --> 00:09:48.506 အတော်လေး ချေပြီးတဲ့ နောက်မှာ အဲဒီအတိုင်း ထပ်လုပ်ကြတယ်။ 00:09:48.506 --> 00:09:51.176 အဲဒီလို လုပ်ပြီးတဲ့ နောက်မှာ 00:09:51.200 --> 00:09:54.736 ခုနက စက်ဝန်းအဆုံးမှာ ကိုယ့်ဆီမှာ စွမ်းအင် ကျန်နေသေးရင် 00:09:54.760 --> 00:09:56.896 ကျွန်ုပ်တို့ နောက်တစ်ခုခုကို လုပ်ရဦးမှာပါ။ 00:09:56.920 --> 00:09:58.936 ကျွန်ုပ်တို့ဟာ စာတိုကို ပို့နိုင်တယ်၊ ဥပမာ၊ 00:09:58.960 --> 00:10:00.846 အခုလို ပါတဲ့ စာတို ပို့နိုင်တယ်၊ 00:10:00.846 --> 00:10:03.316 "မကြာမီ ကျွန်တော် စားခဲ့တဲ့ ညစ်ညမ်းမှုက ဒီလောက်ကြီး" 00:10:03.316 --> 00:10:05.446 ဒါမှမဟုတ် "ငါရင်ဆိုင်နေရတဲ့ ပြဿာက ဒီလိုပါ။" 00:10:05.446 --> 00:10:07.120 ဒါမှမဟုတ် "ငါရှိနေတာ ဒီနေရာမှာ။" 00:10:07.800 --> 00:10:11.056 "ငါရှိနေတာ ဒီနေရာမှာ။"ဆိုတဲ့ စာတိုကို ပို့နိုင်တဲ့ 00:10:11.080 --> 00:10:13.016 လုပ်နိုင်စွမ်းဟာ သိပ်ကို အရေးကြီးတယ်။ 00:10:13.040 --> 00:10:15.696 အစောပိုင်း ကျွန်ုပ်တို့ မြင်ခဲ့ရတဲ့ ရေနံယိုဖိတ်မှုတွေကို 00:10:15.696 --> 00:10:17.596 ပွင့်လာကြတဲ့ ရေညှိတွေကို စဉ်းစားရင် 00:10:17.596 --> 00:10:20.406 ကျွန်ုပ်တို့ တကယ်လုပ်နိုင်တာက Row-bot ကို ချထားရန်ပါပဲ၊ 00:10:20.406 --> 00:10:22.326 ၎င်းဟာ ညစ်ညမ်းမှုအားလုံးကို စားပစ်မှာပါ။ 00:10:22.326 --> 00:10:24.076 ပြီးရင် အဲဒါကို လိုက် ကောက်ရုံပါပဲ။ 00:10:24.076 --> 00:10:25.176 ဘာဖြစ်လို့လဲ။ 00:10:25.200 --> 00:10:27.016 လောလောဆယ်မှာ ဒီ Row-bot တွေဟာ 00:10:27.040 --> 00:10:28.476 ဒီမှာ ရှိနေတဲ့ Row-bot ထဲတွင် 00:10:28.476 --> 00:10:30.366 မော်တာတွေ၊ ဝိုင်ယာကြိုးတွေ ပါရှိပါတယ်၊ 00:10:30.366 --> 00:10:33.736 ဇီဝသဘောအရ ဆွေးမြေ့မှာ မဟုတ်တဲ့ အစိတ်အပိုင်းတွေ ပါတယ်။ 00:10:33.760 --> 00:10:36.496 လက်ရှိ Row-bot တွေထဲတွင် အဆိပ်အတောက် ဘက်ထရီ ရှိပါတယ်။ 00:10:36.520 --> 00:10:38.496 အဲဒါတွေကို ပတ်ဝန်းကျင်ထဲ ထားမရနိုင်ပါဘူး။ 00:10:38.520 --> 00:10:40.626 ဒါကြောင့် ၎င်းတို့ကို စောင့်ကြည့်ရန် လိုတယ်၊ 00:10:40.626 --> 00:10:42.376 ၎င်းတို့ရဲ့ အလုပ်ပြီးသွားတဲ့အခါ 00:10:42.400 --> 00:10:43.946 ၎င်းတို့ကို ကောက်ယူရန် လိုတယ်။ 00:10:43.946 --> 00:10:46.276 အဲဒါကြောင့် Row-bot သုံးရာတွင် ကန့်သတ်ချက် ရှိတယ်။ 00:10:46.276 --> 00:10:47.446 နောက်တစ်ဖက်မှ ကျတော့၊ 00:10:47.446 --> 00:10:50.456 ကိုယ့်ရိုဘော့က သက်ရှိ အကောင်နဲ့ နည်းနည်းလေး တူပါက၊ 00:10:50.480 --> 00:10:52.576 အဲဒါက သက်တမ်း ကုန်ဆုံးသွားရင်၊ 00:10:52.600 --> 00:10:55.056 ၎င်းဟာ သေသွားလျက် ကျေပျက်သွားမှာပါ။ 00:10:55.080 --> 00:10:57.416 အဲဒါကြောင့်မို့လို့ ဒီရိုဘော့တွေဟာ 00:10:57.440 --> 00:10:59.679 ဒီလို ပလတ်စတစ်နဲ့ လုပ်မယ့်အစား 00:10:59.703 --> 00:11:01.310 ကျွန်ုပ်တို့ စွန့်ပစ်ကြတဲ့ အခါမှာ 00:11:01.310 --> 00:11:03.626 ေကြပျက်လွယ်တဲ့ ပစ္စည်းများဖြင့် လုပ်ထားမယ်ဆိုရင် 00:11:03.626 --> 00:11:04.986 ဘာမှမကျန် ပျက်စီးသွားရင်ကော။ 00:11:04.986 --> 00:11:07.336 အဲဒီလိုဆိုရင် ရိုဘော့တွေ သုံးပုံ ပြောင်းသွားမယ်။ 00:11:07.336 --> 00:11:09.630 ပတ်ဝန်းကျင် ထဲတွင် ၁၀ ဒါမှမဟုတ် ၁၀၀ ချထားမယ်၊ 00:11:09.630 --> 00:11:11.216 ၎င်းတို့ကို စောင့်ကြည့်နေရမယ်၊ 00:11:11.240 --> 00:11:12.746 ပြီးတော့ ၎င်းတို့ သေတဲ့အခါမှာ 00:11:12.746 --> 00:11:14.006 လိုက်ပြီး စုစည်းရမယ့်အစား 00:11:14.006 --> 00:11:15.536 ကျွန်ုပ်တို့ဟာ ထောင်ချီ၊ သန်းချီ 00:11:15.560 --> 00:11:18.296 ဘီလီယံချီ ရိုဘော့တွေကို ပတ်ဝန်းကျင်ထဲ ချထားနိုင်ကြမယ်။ 00:11:18.320 --> 00:11:20.356 ၎င်းတို့ကို ဝန်းကျင်ထဲမှာ ဖြန့်ထားနိုင်မယ်။ 00:11:20.356 --> 00:11:23.776 ၎င်းတို့ သက်တမ်း ဆုံးတဲ့အခါ ဘာမှမကျန် ပျက်ပြုန်းသွားကြမှာပါ။ 00:11:23.800 --> 00:11:26.376 ကျွန်ုပ်တို့ဟာ ၎င်းတို့ အကြောင်း စဉ်းစားရန် မလိုတော့ပါ။ 00:11:26.376 --> 00:11:29.326 ဒီလိုဆိုရင် ရိုဘော့အကြောင်း ကျွန်ုပ်တို့ စဉ်းစားပုံအသုံးချပုံ 00:11:29.326 --> 00:11:30.576 ပြောင်းလဲ သွားပါလိမ့်မယ်။ 00:11:30.576 --> 00:11:32.406 အခုမေးစရာက - ဒီလို လုပ်လို့ရနိုင်မလား။ 00:11:32.406 --> 00:11:34.256 လုပ်ရနိုင်တာကို ကျွန်ုပ်တို့ ပြခဲ့ပြီ။ 00:11:34.256 --> 00:11:36.026 ဇီဝဆွေးလွယ် ရိုဘော့တွေ လုပ်နိုင်တယ်။ 00:11:36.026 --> 00:11:38.776 အဲဒီလို ဇီဝဆွေးလွယ် ရိုဘော့များကို အိမ်သုံးပစ္စည်းများနဲ့ 00:11:38.776 --> 00:11:40.336 လုပ်နိုင်တာ စိတ်ဝင်စားစရာပါပဲ။ 00:11:40.360 --> 00:11:42.936 တချို့ကိုပြပါမယ်၊ ခင်ဗျားတို့ အံ့သြသွားကြမှာပါ။ 00:11:42.960 --> 00:11:45.856 ရိုဘော့ကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ 00:11:45.880 --> 00:11:48.656 လောလောဆယ်မှာ သုံးထားတဲ့ မော်တာအစား 00:11:48.680 --> 00:11:51.296 ကျွန်ုပ်တို့ဟာ ကြွက်သား အတုဆိုတာတွေကို ပြုလုပ်နိုင်တယ်။ 00:11:51.296 --> 00:11:53.170 ကြွက်သားအတုများဟာ စမတ်ကျတဲ့ အရာပါ၊ 00:11:53.170 --> 00:11:54.936 ၎င်းတို့ဆီ လျှပ်စစ် သွယ်ပေးလိုက်ရင်၊ 00:11:54.960 --> 00:11:57.136 ၎င်းတို့ဟာ ကျုံ့မယ်၊ ကွေးမယ်၊ တွန့်လိမ်ကြမယ်။ 00:11:57.160 --> 00:11:59.376 ၎င်းတို့ဟာ တကယ့် ကြွက်သားနဲ့ တူပါတယ်။ 00:11:59.400 --> 00:12:02.400 ဒီတော့ မော်တာအစား ဒီလို ကြွက်သားအတုတွေ သုံးကြမယ်။ 00:12:02.424 --> 00:12:05.256 အဲဒီလို ကြွက်သားအတုကို ဂျယ်လီနဲ့ လုပ်နိုင်တယ်။ 00:12:05.280 --> 00:12:07.216 ဂျယ်လီနည်းနည်း ဆားနည်းနည်း ယူလိုက်ပြီး 00:12:07.240 --> 00:12:08.816 နည်းနည်းလေး မွမ်းမံပေးလိုက်ရင်၊ 00:12:08.840 --> 00:12:10.916 ကျွန်ုပ်တို့ဟာ ကြွက်သား အတုကို လုပ်နိုင်ပြီ။ 00:12:10.916 --> 00:12:14.556 ပိုးမွှား လောင်စာ ဆဲလ်ဖြင့် အစာအိမ် ပြုလုပ်ပုံကိုလည်း ကျွန်ုပ်တို့ ပြခဲ့ပြီ၊ 00:12:14.556 --> 00:12:15.656 စက္ကူနဲ့ လုပ်နိုင်တာ။ 00:12:15.680 --> 00:12:19.610 ဒီတော့ ကျွန်ုပ်တို့ဟာ ရိုဘော့ တစ်ခုလုံးကို ဇီဝဆွေးလွယ် ပစ္စည်းများနဲ့ လုပ်နိုင်တယ်။ 00:12:19.610 --> 00:12:22.360 လိုတဲ့နေရာမှာ ချထားလိုက်ရင် ဘာမှ မကျန်ဘဲ ဆွေးသွားမှာပါ။ 00:12:22.950 --> 00:12:25.080 အဲဒါဟာ တကယ့်ကို စိတ်လှုပ်ရှားစရာကြီးပါ။ 00:12:25.080 --> 00:12:28.655 အဲဒါက ကျွန်ုပ်တို့ရဲ့ ရိုဘော့ အကြောင်း အတွေးအခေါ်ကို လုံးဝ ပြောင်းပစ်ပါမယ်။ 00:12:28.655 --> 00:12:31.156 တချိန်တည်းမှာ ကျွန်ုပ်တို့အား ဖန်တီးခွင့် ပေးမယ်။ 00:12:31.156 --> 00:12:34.776 ကိုယ့် အတွေးအခေါ်၊ ရိုဘော့နဲ့ လုပ်လို့ ရနိုင်တာတွေ စဉ်းစားပုံ ပြောင်းသွားမယ်။ 00:12:34.776 --> 00:12:36.126 ကျွန်တော် ဥပမာတစ်ခုပြမယ်။ 00:12:36.126 --> 00:12:38.176 ရိုဘော့ လုပ်ရန် ဂျယ်လီကို သုံးနိုင်ရင်၊ 00:12:38.200 --> 00:12:40.096 ဂျယ်လီကို ကျွန်ုပ်တို့ စားကြတယ်နော်။ 00:12:40.120 --> 00:12:42.616 ဒါမျိုး တစ်ခုခု လုပ်လို့ မရနိုင်ဘူးလား။ 00:12:42.640 --> 00:12:44.480 စေးကပ် ဝက်ဝံပုံ ရိုဘော့ ဆိုပါစို့။ 00:12:45.120 --> 00:12:47.896 ကြိုပြီး ပြင်လာခဲ့တာ တချို့ ယူလာတယ်။ 00:12:47.920 --> 00:12:49.520 ဟောဒီမှာ၊ အထုပ်တစ်ထုပ်။ 00:12:50.560 --> 00:12:52.440 သံပုရာ အနံ့နဲ့ဟာ ရှိတယ်။ 00:12:53.300 --> 00:12:56.220 အဲဒီ စေးကပ် ဝက်ဝံကို ယူမယ်၊ ရိုဘော့ မဟုတ်ဘူးနော်။ 00:12:56.220 --> 00:12:57.576 ဒါပေမဲ့ ဟန်လုပ်နေလိုက်မယ်။ 00:12:57.600 --> 00:13:00.616 အဲဒါ တစ်ခုကို ကိုယ့်ပါးစပ်ထဲ ထည့်လိုက်မယ်ဆိုရင်- 00:13:00.640 --> 00:13:01.880 သံပုရာ အရသာ ကောင်းတယ်ဗျ။ 00:13:02.720 --> 00:13:05.625 ရိုဘော့ ဆိုတော့ သိပ်မဝါးပါနဲ့၊ အဲဒါကို ကြိုက်ချင်မှ ကြိုက်မှာ။ 00:13:06.200 --> 00:13:08.780 ပြီးတော့ မျိချလိုက်မယ်။ 00:13:08.780 --> 00:13:10.776 အဲဒါနဲ့ ၎င်းဟာ သင့်အစာအိမ်ထဲ ဝင်သွားမယ်။ 00:13:10.800 --> 00:13:14.616 အစာအိမ်ထဲ ရှိနေစဉ် ၎င်းဟာ လှုပ်ရှားမယ်၊ စဉ်းစားမယ်၊ တွန့်လိမ် ကွေးမယ်၊ 00:13:14.640 --> 00:13:15.856 တစ်ခုခု လုပ်နေမှာပါ။ 00:13:15.880 --> 00:13:18.056 ၎င်းဟာ ရှေ့ဆက်ပြီး သင့် အူမဆီ သွားမယ်၊ 00:13:18.080 --> 00:13:20.416 အစာအိမ်နာ ဒါမှမ ဟုတ် ကင်ဆာ ရှိမရှိ စူးစမ်းမယ်၊ 00:13:20.440 --> 00:13:22.536 လိုရင် ဆေးထိုးပေးမယ် စသဖြင့် ပေါ့လေ။ 00:13:22.560 --> 00:13:25.416 ၎င်းဟာ သူ့အလုပ်ကို လုပ်ကိုင်လို့ ပြီးသွားရင် 00:13:25.440 --> 00:13:27.656 ၎င်းကို သင့် အစာအိမ်ကို စားသုံးပစ်နိုင်တယ်၊ 00:13:27.680 --> 00:13:29.376 ဒါမှမဟုတ် သင်က အဲဒီလို အစားချင်ရင်၊ 00:13:29.400 --> 00:13:31.196 ၎င်းဟာ သင့်ခန္ဓာကိုယ်ကို ဖြတ်သွားပြီး 00:13:31.196 --> 00:13:32.376 အိမ်သာသို့ ထွက်သွားမယ်၊ 00:13:32.376 --> 00:13:34.496 ပတ်ဝန်းကျင်အတွက် အန္တရာယ်မရှိဘဲ ဆွေးသွားမယ်။ 00:13:34.520 --> 00:13:38.160 ဒီလိုနည်းဖြင့် ရိုဘော့တွေ အကြောင်း ကျွန်ုပ်တို့ တွေးခေါ်ပုံ ပြောင်းသွားမယ်။ 00:13:38.720 --> 00:13:43.016 ကျွန်ုပ်တို့ ညစ်ညမ်းမှုကို စားပစ်မယ့် ရိုဘော့ အကြောင်းနဲ့ စတင်ခဲ့ကြကာ 00:13:43.040 --> 00:13:45.906 စားလို့ရနိုင်မယ့် ရိုဘော့တွေဖြင့် လေ့လာမှု အဆုံးသတ်လိုက်တယ်။ 00:13:45.906 --> 00:13:48.696 အခုတော့ ခင်ဗျားတို့ဆီမှာ အနာဂတ် ရိုဘော့တွေ လုပနိုင်မယ့် 00:13:48.696 --> 00:13:50.980 စိတ်ကူး တချို့ ရှိလာပြီလို့ မျှော်လင့်ပါတယ်။ 00:13:51.560 --> 00:13:53.456 အခုလို အာရုံပြု နားထောင်ကြတာ ကျေးဇူးတင်ပါတယ်။ 00:13:53.480 --> 00:13:56.963 (လက်ခုပ်သံများ)