ကျွန်တော်တို့ဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ပြောင်းလဲလာနေတဲ့ ကမ္ဘာကြီးမှာ နေပါတယ်။ မြို့ကြီးပြကြီးတွေဆီကို လူတွေ တစ်အုပ်တစ်မရွှေ့လာကြ... မိုးမျှော်တိုက်ကြီးတွေမှာ ပြည့်ကျပ်လို့... ဆင်းရဲသား ရပ်ကွက်တွေမှာရော ပြည့်လို့။ စက်သုံးဆီ၊ အစားအသောက်တွေ အတွက် လောဘတကြီး၊ အငမ်းမရရှာဖွေကြရင်း ... မမျှော်လင့်ထားတဲ့ ရာသီဥတု ပြောင်းလဲမှုတွေ ကြုံရ၊ ဒီလိုနဲ့ပဲ ကမ္ဘာ့လူဦးရေဟာ တိုးသည်ထက် တိုးလာခဲ့ပေါ့။ စိတ်ပူကြရမှာလား။ ကြောက်ရွံ့နေကြရမှာလား။ ဘယ်လို လက်တွေ့ကျကျ အဖြေရှာရပါ့... ကျွန်တော်တို့ရဲ့ ဒီကမ္ဘာကြီးမှာ လူပေါင်း ၇-ဘီလီယံ (သန်း ၇-ထောင်) နေထိုင်ကြတယ်။ မလှပပေဘူးလား။ သို့ပေမယ့် ကမ္ဘာကြီးရဲ့ အနာဂါတ်အရေး မျှော်တွေးမိကြတဲ့ အခါမှာတော့၊ တချို့ခမျာ ကြောက်ရွံ့ကြတယ်။ တချို့ကတော့ တွေးတောင် မတွေးဝံ့ကြဘူး။ ဒါပေမယ့် ကျွန်တော် အခုညမှာ ခင်ဗျားတို့ကို ပြောြပမယ်။ ဘာတွေတကယ် ဖြစ်မလဲဆိုတာကိုပါ... ကျွန်တော့နာမည် Hans Rosling ပါ။ စာရင်းအင်းပြုစုသူ တစ်ဦးပါ။ NO, NO, NO, NO… မပိတ်ချလိုက်နဲ့ဦး။ (ရယ်မောသံများ) ဘာလို့ဆို နိုင်ငံအားလုံးဆီက ရတဲ့ နောက်ဆုံးပေါ် အချက်အလက်တွေနဲ့ ခင်ဗျားတို့ကို ကျွန်တော် ကမ္ဘာကြီးအကြောင်း ပုံစံသစ်နဲ့ ပြောပြပါ့မှာ မို့လို့ပါ။ ကျွန်တော်အခု ပြောြပမှာက ကမ္ဘာ့လူဦးရေ ဘယ်လိုပြောင်းလဲလိမ့်မလဲ ဆိုတာနဲ့ ဒီကနေ့ အချက်အလက်တွေကနေ အနာဂါတ်ကမ္ဘာကြီး ဘယ်လိုဖြစ်လာလိမ့်မလဲ ဆိုတာပါ။ ဧရာမစိန်ခေါ်မှုကြီးတွေကို ရှောင်လွှဲမရဘဲ၊ ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် တော်သေးတာက အနာဂါတ်ဟာ သိပ်တော့ စိတ်ပျက်စရာ မဟုတ်ပါဘူး၊ လူသားတွေဟာ ခင်ဗျားတို့အတော်များများ ထင်ထားတာထက် ပိုပိုသာသာ စွမ်းဆောင်နိုင်ခဲ့လို့ပါပဲ။ မွေးကင်းစ ကလေးတွေ... ဘုရားသခင် ကောင်းချီးပေးတော်မူတာလေးတွေ။ ဒါပေမယ့် လူဦးရေတွေ ထိန်းမရအောင် ဖြစ်နေပြီလို့ အများက ထင်ကြတယ်။ တချို့ဆို လူဦးရေဗုံးကြီး ပေါက်တော့မယ်လို့တောင် ပြောကြတယ်။ ဒါမှန်သလား။ ဒါဖြင့် ဒီနေ့ လူဦးရေဟာြဖင့် ဘယ်လိုဘယ်ပုံပါလိမ့်။ ဒီအခြေကို ဘယ်လိုရောက်လာခဲ့ သလဲ။ ကမ္ဘာပေါ်မှာ နေထိုင်အသက်ရှင်လာခဲ့ကြတဲ့ လူတိုင်းရဲ့ သမိုင်းကြောင်းကို ပြောပါမယ်။ အနည်းဆုံး လွန်ခဲ့တဲ့ နှစ်-၁၀၀၀ အတွင်းက စပြီးတော့... ကဲ၊ ဆက်ကြစို့။ ကျွန်တော် ခင်ဗျားတို့ကို ဝင်ရိုး ၂-ခု ပေးမယ်။ ဒါကဖြင့် အချိန် (နှစ်ပေါင်း)... ဒါကတော့ ကမ္ဘာ့လူဦးရေ (ဘီလီယံ) ပါ။ ခရစ်တော် မပေါ်မီ လွန်ခဲ့တဲ့ နှစ်ပေါင်း-၁၀,၀၀၀ က ကနဦးလူသားတွေဟာ လယ်သမားတွေချည်း ဖြစ်ခဲ့စဥ် အချိန်တုန်းက ကမ္ဘာ့လူဦးရေဟာ ၁၀-သန်း လောက်ပဲရှိမယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်များက ခန့်မှန်းထားပါတယ်။ ကြည့်ဦး... ၁၀-သန်း။ လက်တလော ဆွီဒင်လောက် ရှိတာပေါ့။ (ရယ်သံများ) ဆွိဒ်လူမျိုးတွေချည်း ရှိတဲ့ ကမ္ဘာပေါ့။ ဒါပေမယ့် နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းလာရာမှာတော့... လယ်သမားတွေ များလာ၊ အစာရေစာ နဲ့ လူသားတွေများလာလိုက်တာ၊ အင်အားကြီးတဲ့ တိုင်းပြည်ကြီးတွေ ပေါ်ထွန်းခဲ့ပါတယ်။ အီဂျစ်၊ တရုတ်၊ အိန္ဒိယ နဲ့ ... နောက်ဆုံးတော့ ဥရောပ။ လူဦးရေဆက်တော့ တိုးလာတုန်း။ ဒါပေမယ့် နှေးကွေးစွာပါပဲ။ နှစ်-၁,၈၀၀ မှာ ကျွန်တော် ရပ်လိုက်မယ်။ ဘာလို့လဲဆိုတော့ အဲဒီ့ ၁,၈၀၀-ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေဟာ ၁-ဘီလီယံအထိ ရှိလာပါပြီ။ မှန်းဆကြည့်ပါ... အဲဒီ့အချိန်အထိတိုင်အောင် နှစ်ထောင်ပေါင်းများစွာ ဖြတ်သန်းလာချိန်အတွင်းမှာ လူဦးရေတိုးနှုန်းဟာ အရမ်းသေးငယ်တဲ့ ရာခိုင်နှုန်းလေးပါပဲ။ ဒါပေမယ့် ၁,၈၀၀-ပြည့်အလွန်မှာတော့ စက်မှုတော်လှန်ရေးကြောင့် အရာအားလုံး ပြောင်းလဲလာခဲ့ပြီး၊ လူဦးရေတိုးနှုန်းဟာလည်း စတင်မြင့်မားလို့ လာခဲ့ပါတယ်။ နှစ်-၁၀၀ လောက်လေးအတွင်းမှာတင်၊ ၂-ဘီလီယံအထိ ရောက်လာခဲ့ပါတယ်။ အဲဒီ့နောက် ကျွန်တော် ကျောင်းနေတဲ့အချိန်မှာ၊ ၃-ဘီလီယံ။ ဒီကမ္ဘာကြီးဟာ လူတွေဒီထက်များများ လက်ခံနိုင်မှာမဟုတ်ပါဘူးလို့ လူအများက ဆိုခဲ့ကြတယ်။ အဲဒီအထဲ ပညာရှင်တွေတောင် ပါလိုက်သေး။ ဒါပေမယ့် တကယ်တမ်းမှာဖြင့်... ၄-ဘီလီယံဖြစ်လာတယ်။ နောက်တော့ ၅-ဘီလီယံ.. ၆-ဘီလီယံ... ၇-ဘီလီယံ... မြင်အောင်ကြည့်ကြစမ်းပါ... ကမ္ဘာ့လူဦးရေ ထက်ဝက်လောက်ဟာ ကျွန်တော့် သက်တမ်းအတွင်းမှာတင် ထပ်တိုးလာတာပါ။ ဆက်လည်း တိုးမြဲတိုးလျက်ပါပဲ။ များမကြာမီ နှစ်များအတွင်း ပွားများလာတဲ့ လူဦးရေဟာဖြင့် အာရှ နိုင်ငံတွေမှာပါ။ ဒီမှာတွေ့ရသလိုမျိုး၊ ဘင်္ဂလားဒေ့ရှ်မှာဆို ကျွန်တော့်သက်တမ်းအတွင်းမှာ လူဦးရေ သုံးဆ တိုးခဲ့ပါတယ်။ သန်း-၅၀ ကနေ သန်း-၁၅၀ ကျော်သွားတဲ့ အထိပါ။ ကမ္ဘာ့လူဦးရေ အသိပ်သည်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ မွန်းကျပ်နေတဲ့ မြို့တော် Dhaka မှာဆို လူဦးရေ ၁၅-သန်းအထိ ရှိနေပါပြီ။ တောရော မြို့ပါမကျန်၊ သူတို့ အရမ်းကို စိတ်ပူနေကြတာကတော့ မိသားစုအရွယ်အစားပါပဲ။ ဒါပေမယ့် ဒီကနေ့ ဘင်္ဂလားဒေ့ရှ် ဟာြဖင့် တဖြည်းဖြည်းချင်း ပြောင်းလဲလို့ လာပါပြီ။ ဒီက Khan မိသားစုလိုပါပဲ။ မိခင် Taslima, သမီး Tangina နဲ့ Sadia လေး၊ ဖခင် Hannan တို့လိုပါပဲ။ မိန်းမတွေ အပြင်တစ်ခါထွက်ရင် အရမ်းကြာတယ်။ ယောကျ်ားတွေကတော့ အဲလောက်မကြာဘူး။ မျက်နှာကို လက်နဲ့ ပွတ်ပွတ်နေမှတော့၊ ဘာဖြစ်လို့ လိမ်းနေတော့မှာလဲ။ Taslima (အမေ) ရော၊ Hannan (အဖေ) ပါ မိသားစုဝင်များတဲ့ မိသားစုတွေကနေ ဆင်းသက်လာကြတာပါ။ ဒါပေမယ့် သူတို့ကတော့ ကလေး ၂-ယောက်ဆို တော်ပြီလို့ ဆုံးဖြတ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ နေရာတိုင်းကြားရတဲ့ ဆောင်ပုဒ်ကတော့... "ကလေး ၂-ယောက်ထက် မပိုနဲ့၊ ၁-ယောက်တောင် များနေသေးတယ်။" ကလေး ၂-ယောက်ပဲ မွေးထားတာ၊ ကျွန်တော် ကံကောင်းတယ်။ ဒီ့ထက်များရင် သူတို့ကို ကျွေးမွေးနိုင်မှာ မဟုတ်ဘူး။ ၂-ယောက်ပဲဆိုတော့၊ သူတို့လိုတာ ဝယ်ပေးနိုင်တယ်လေ။ ကျွန်တော့် အိပ်ကပ်ထဲမှာ ဘာမှ မရှိတော့ဘူး။ Taslima (အမေ) နဲ့ Hannan (အဖေ) တို့ဟာ ကလေးအများကြီးမွေးတဲ့ ဓလေ့ထုံးတမ်းကနေ ခွဲထွက်လာကြတာပါ။ Taslima ဆိုရင်၊ ဒီကိစ္စကြောင့် အလုပ်တောင်ရသွား ပါသေးတယ်။ အစိုးရရဲ့ မိသားစုစီမံကိန်းဌာန အတွက် သူမအလုပ်လုပ်တယ်။ ရွာတိုင်းမှာ သူ့လိုမျိုး အလုပ်တွေ ရှိနေပြီ။ တစ်အိမ်တက်ဆင်း လျှောက်သွားပြီး၊ ကလေးလျှော့မွေးရေးအတွက် ကူညီပေးနေတယ်။ ညည်းနောက်ဆုံး သွေးဆင်းတာ ဘယ်တုန်းကလဲ။ ၂၂-ရက်နေ့ကပါ။ ဒါဖြင့် ညည်းက သန္ဓေတားဆေးဘာညာတွေ မသုံးဘူးပေါ့။ ကိုယ်ဝန်ရသွားရင် ဒုက္ခပဲ။ အဲလို မထင်ဘူးလား။ ကျွန်မ ကိုယ်ဝန် လွယ်လွယ်နဲ့ မရပါဘူး။ ဟေ၊ ကလေး ၂-ယောက်တောင် ရထားပြီးသားလေ။ ကျွန်မမှာ ဆေးခန်းပြဖို့ အချိန်မရှိဘူး။ Taslima အလုပ်က အကြံဉာဏ်ပေးဖို့၊ ဟောပြောစည်းရုံးဖို့နဲ့၊ အဓိကအားဖြင့် သန္ဓေတားနည်းမျိုးစုံ (condoms စသဖြင့်) ဝေပေးဖို့ပါ။ ရှင့်မှာ သမီး ၃-ယောက်တောင် ရှိပြီးသားလေ၊ တကယ်ပဲ ထပ်မွေးဦးမလို့လား။ ဒါကတော့ သူတို့အဖေရဲ့ သဘောပါ။ မွေးရမှာက ရှင်လေ... ဘာဖြစ်လို့ သူ့သဘော ဖြစ်ရမှာလဲ။ မီးနေသည်ဒုက္ခတွေကို ရှင်က ခံစားရမှာ။ သူမဟုတ်ဘူး။ မီးနေသည်ဒုက္ခတွေကို ဘယ်သူက ခံရမှာလဲ၊ ပြန်ပြော။ ကျွန်မပါ။ ဒါပေမယ့် သူကသားလေးတစ်ယောက်လောက် ထပ်လိုချင်တယ်ဆိုရင် ဘာတတ်နိုင်မှာလဲ။ ရော့၊ ဒီမှာ ဆေးတွေ။ ရာသီစလာတာနဲ့ သောက်...။ ပညာမတတ်တဲ့သူတွေဆိုတော့ သူတို့နားဝင်အောင်ပြောပြဖို့က မလွယ်ဘူး။ ဒါပေမယ့် ဒီကိစ္စ တဖြည်းဖြည်းချင်းပေါက်ရောက်သွားအောင်တော့ ကျွန်မတို့ လုပ်နေပါတယ်။ ကဲ၊ ကလေးလျှော့မွေးရေးအတွက် Taslima အနေနဲ့ရော၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ရော ဘယ်အတိုင်းအတာအထိ အောင်မြင်ပြီလဲ။ မိန်းမတစ်ယောက်ကနေ မွေးတဲ့ ကလေးအရေအတွက်ကို... ဆွီဒင်မှာ Gapminder Foundation ဆိုတဲ့ အဖွဲ့ကို ကျွန်တော်တို့ တည်ထောင်ခဲ့တယ်။ ရည်ရွယ်ချက်က ကမ္ဘာကြီးပေါ်က အချက်အလက်တွေကို လူတိုင်း နားလည်လာဖို့ပါ။ ဘင်္ဂလားဒေ့ရှ်က အခြေအနေ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော် အခု ပြမယ်။ ဒီက ရေပြင်ညီမျဥ်းက ကလေးအရေအတွက်၊ ၁ ကနေ ၂... ၇ ကနေ ၈... ဒါကတော့ ဒေါင်လိုက်မျဥ်း၊ လူ့သက်တမ်း။ အသစ်မွေးတဲ့ ကလေးတွေ အသက်ဘယ်လောက်အထိ ရှည်မလဲပြတာ။ ၃၀-ကနေ၊ ၉၀-အထိပြထားတယ်။ ၁၉၇၂-ကနေ စကြည့်ကြမယ်။ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရခဲ့တဲ့၊ အရေးပါတဲ့ ခုနှစ်ပေါ့။ အဲဒီတုန်းက ဘင်္ဂလားဒေ့ရှ်က ဟိုနားမှာ။ မိန်းမတစ်ယောက်ကနေ ကလေး ၇-ယောက်မွေးခဲ့ပြီး၊ လူ့သက်တမ်းက ၅၀-ထက် နိမ့်ခဲ့တယ်။ ကဲ၊ အဲဒီတော့ လွတ်လပ်ရေးရပြီးကာလမှာ ဘယ်လိုရှိမလဲ။ ဘင်္ဂလားဒေ့ရှ်မှာ လူ့သက်တမ်း ရှည်လာသလား။ ကလေးယူတာ လျော့သွားသလား။ အချက်အလက်က ဒီမှာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ စမယ်။ သက်တမ်းရှည်လာသလို၊ ကလေးမွေးနှုန်းလည်း ကျလာ... ၆... ၅... အသက်ပိုရှည်လာ... ၄... ၃... ၂ နားမှာ သူတို့ရောက်သွားတယ်။ ၂.၂ တိတိပါ။ သက်တမ်းက ၇၀-ပါ။ ဒါဟာဖြင့် အံ့မခန်းပါပဲ။ နှစ်ပေါင်း-၄၀ အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဟာ ၇ ကနေ၊ ၆... ၅... ၄... ၃... ၂... ဘင်္ဂလားဒေ့ရှ်မှာဖြင့် မဖြစ်နိုင်ဘူးလို့ထင်ခဲ့တာတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဘင်္ဂလားဒေ့ရှ်မှပဲလား။ ကောင်းပြီ၊ တစ်ကမ္ဘာလုံးကို ကြည့်ကြမယ်။ လွန်ခဲ့တဲ့ နှစ်-၅၀ ကို ပြန်သွားကြစို့၊ ၁၉၆၃-ခုနှစ်။ ဒါကတော့ နိုင်ငံအားလုံးပါ။ ဒီ အစိမ်းရောင်တွေက အမေရိက၊ မြောက် နဲ့ တောင်။ အဝါက ဥရောပ၊ အရှေ့ နဲ့ အနောက်။ အပြာက အာဖရိက၊ ဆာဟာရမြောက်ပိုင်း နဲ့ တောင်ပိုင်း။ အနီကတော့ အာရှ၊ အဲဒီထဲ ဩစတြေးလျ နဲ့ နယူးဇီလန် လည်းပါတယ်။ ပူဖောင်းအရွယ်က လူဦးရေပမာဏကို ပြတယ်။ ဒီမှာကြည့်... အကြီးဆုံးတွေက တရုတ် နဲ့ အိန္ဒိယ။ ပြီးတော့ ဘင်္ဂလားဒေ့ရှ် က သူတို့နောက်က ကပ်လျက်... ၁၉၆၃-မှာ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေရဲ့ ပျမ်းမျှ မွေးတဲ့ ကလေးအရေအတွက်ဟာ ၅-ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ မညီမျှမှုက သိပ်များတယ်။ မြင်ကြလား။ ဒီဘက်က နိုင်ငံတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေ... မိသားစုဝင်နည်းပြီး၊ အသက်ရှည်ကြပါတယ်။ ဟိုဘက်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။ မိသားစုဝင်များပြီး၊ အသက်တိုကြပါတယ်။ အဲဒီ အစွန်း ၂-ဖက်ကြားမှာတော့ နိုင်ငံအနည်းအကျဥ်းပဲ ကျန်ပါတော့တယ်။ ဘာတွေဖြစ်ခဲ့သလဲ ဆက်ကြည့်ကြစို့။ တစ်ကမ္ဘာလုံးကို ပြန်ကြည့်မယ်။ ကဲ၊ ဒီမှာ... ပူဖောင်းကြီးတွေ့လား။ အဲဒါ တရုတ်ပြည်။ သူတို့ ကျန်းမာရေးကောင်းလာပြီး၊ မိသားစု စီမံကိန်းတွေလုပ်လာကြတယ်။ မိသားစုဝင် နည်းလာပြီး၊ ဟိုဘက်ကပ်သွားတယ်။ နောက်ထပ်အစိမ်းရောင် ပူဖောင်းတစ်လုံး၊ သူက မက္ကဆီကို... ဟိုဘက်ရောက်သွားပြီ။ ဒါက ဘရာဇီးလ်၊ လက်တင်အမေရိကထဲက အစိမ်းတစ်လုံးပေါ့။ အိန္ဒိယက သူ့နောက်က။ အနီရောင် ပူဖောင်းကြီးတွေက အာရှနိုင်ငံတွေ... ဟိုဘက်ကို သွားနေတယ်။ အာဖရိကနိုင်ငံများစွာကတော့ ကလေးမွေးနှုန်း များပြားနေတုန်းပဲ။ ဟောဟိုမှာ ဘင်္ဂလားဒေ့ရှ်။ သူက အိန္ဒိယကို ကျော်တက်ပြီး၊ မိသားစုဝင် နည်းသွားပြီ။ နိုင်ငံအားလုံးနီးပါးဖြင့် ဒီနေရာအထိ ရောက်လို့လာပါပြီ။ အာဖရိကတောင် စပြီး ရွေ့လို့နေပါပြီ။ အိုး... ဒါကတော့ ဟေတီမှာ ငလျင်လှုပ်လိုက်လို့ပါ။ ကဲ၊ အခုတော့ အားလုံး အဲဒီ့နေရာ ရောက်သွားပြီ။ တကယ်ပဲ ပြောင်းလဲမှု တစ်ခုပါ။ ဒီနေ့အခါမှာ ကမ္ဘာ့ကလေးမွေးနှုန်းဟာ ၂.၅။ လွန်ခဲ့တဲ့ နှစ်-၅၀ တုန်းက ၅-အထိ မြင့်ခဲ့တယ်။ ကမ္ဘာကြီးဟာဖြင့် ပြောင်းလဲလို့လာနေပါပြီ။ အမျိုးသမီးတစ်ယောက်ကို ပျမ်းမျှကလေးမွေးနှုန်း ၅-ယောက်ကနေ ၂.၅ အထိ လျော့နည်းလာခဲ့ပါပြီ။ ဆက်ပြီးတော့လည်း ကျဆင်းလာလိမ့်ဦးမှာ။ တကယ့် အပြောင်းအလဲကြီး တစ်ခုပါ။ လူတွေက ထင်ကြမယ်... ဘင်္ဂလားဒေ့ရှ်နဲ့ အလားတူနိုင်ငံများဟာ ပေါက်ကွဲလုနီးနီး လူဦးရေပြဿနာဗုံးတစ်လုံးရဲ့ ဗဟိုချက်မ ပဲလို့။ ဒီလိုပြောရင်ဖြင့် မှားသည်ထက်မှားပေါ့။ ကျွန်တော့်အမြင်၊ Mrs. Taslima နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်များလို ကျန်းမာရေလုပ်သားတွေက သူတို့ရဲ့ နိင်ငံတွေကို ဆယ်စုနှစ် အနည်းငယ်အတွင်း ဒီဘက်ကနေ ဟိုး... ဘက်ရောက်အောင်၊ ကျန်းမာပြီး၊ မိသားစုဝင် လျော့နည်းလာအောင် စွမ်းဆောင်နိုင်ခဲ့ကြတာဟာြဖင့် သမိုင်းမှာ သူရဲကောင်းတွေလိုပါပဲ။ ဒီလို ပြောင်းလဲဖြစ်ပျက်ခဲ့သမျှဟာ အံ့ဖွယ်ပါပဲ။ ကမ္ဘာကြီးဟာ အစွန်းနှစ်ဖက် အကွာဟကြီး မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီအံ့ဖွယ် အပြောင်းအလဲကို လူတွေဘယ်လောက် သိကြပါသလဲ။ Gapminder မှာ ကျွန်တော်တို့ဟာ အချက်အလက်ကို ပြသရုံတင်မကဘဲ၊ ကမ္ဘာကြီးအကြောင်း လူတွေဘာကိုသိကြသလဲ၊ ဘာကို မသိသေးသလဲ ဆိုတာကိုလည်း တိုင်းတာကြပါတယ်။ အဲဒီတော့ ပထမဆုံး စစ်တမ်းကို ဆွီဒင်မှာ စကောက်ကြပါတယ်။ ရလဒ်တွေကတော့ စိတ်ပျက်ဖွယ်ပါပဲ။ ဒုတိယမြောက်စစ်တမ်းကို ဗြိတိန်မှာ လုပ်တယ်။ ဗြိတိသျှလူမျိုးတွေဟာ နေရာတိုင်းမှာ ရောက်နေကြတော့ အထူးမျှော်လင့်ခဲ့ကြတယ်။ သူတို့ရဲ့ အဖြေတွေ သိပ်ကောင်းမှာပဲလို့ ထင်ခဲ့ကြတယ်။ ပထမမေးခွန်းကတော့... ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတစ်ယောက်ကနေ ကလေးဘယ်နှယောက် မွေးပါသလဲလို့။ မေးခွန်းတွေမှာ ရွေးစရာ ၄-မျိုးပါတယ်... ၂.၅၊ ၃.၅၊ ၄.၅ (သို့) ၅.၅... ဗြိတိသျှတွေရဲ့ အဖြေကတော့... ဒါပေမယ့် အဖြေမှန်က ၂.၅ ဆိုတာ ခင်ဗျားတို့ သိပြီးသားပါ။ ဗြိတိသျှတွေရဲ့ ၁၂ % ပဲ မှန်အောင်ဖြေနိုင်ကြတယ်။ အဲဒီတော့ ပညာသိပ်မတတ်တဲ့ သူတွေကြောင့်များ ရလဒ်မကောင်းတာလားဆိုပြီး၊ နာမည်ကြီး တက္ကသိုလ်တွေမှာ တက်ဖူးတဲ့ ဘွဲ့ရတွေကို သီးခြားခွဲထုတ်ပြီး မေးကြည့်တယ်။ ရလဒ်က ဒီမှာပါ။ (ရယ်သံများ...) ပိုတောင်မှ ဆိုးသွားပါသေးတယ်ဗျာ။ အဲဒီတော့ဖြင့် ဗြိတိသျှတွေဟာ ကမ္ဘာကြီးအကြောင်း ဗဟုသုတနည်းနေပါသေးလားလို့တောင် ကောက်ချက်ချရမလားပဲ။ No, no! ဒီမျောက်ဝံနဲ့ သူ့သူငယ်ချင်းတွေကို မေးခဲ့ရရင် ဘယ်လိုနေမလဲမသိ။ ငှက်ပျောသီးတွေပေါ်မှာ အဖြေတွေကို ရေးထားပြီး၊ သူတို့ကို တစ်လုံးချင်းစီ ရွေးထုတ်ခိုင်းခဲ့ရ အကောင်းသား။ ဒီလို ရလဒ်မျိုးတော့ ထွက်လာမှာလေ။ မျောက်ဝံတွေက ဘင်္ဂလားဒေ့ရှ်အကြောင်းတော့ မသိတာ အဟုတ်ပါပဲ။ သို့ပေမယ့် သူတို့ ကြုံရာကျပန်း ရွေးလိုက်တာကမှ ဗြိတိသျှတွေဖြေခိုင်းတာထက် ၂-ဆလောက် ပိုမှန်နေသေးတယ်။ ဗြိတိသျှလူမျိုး တစ်ဝက်ကျော်က ၄.၅ (သို့) အထက်မှာလို့ ထင်ကြတယ်။ ဒီပြဿနာဟာဖြင့် ဗဟုသုတ ခေါင်းပါးလို့ မဟုတ်ဘဲ၊ နဂိုမူလ ရှိရိုးစွဲ အယူအဆကြောင့်ပါပဲ။ ဗြိတိသျှတွေ မမှန်းဆနိုင်၊ ရမ်းသန်းမပြောနိင်တာက... ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးတွေရဲ့ ပျမ်းမျှကလေး အရေအတွက်ဟာ ၂.၅ ဖြစ်တယ်ဆိုတာပါပဲ။ အမှန်က ၂.၂ အထိ ရောက်သွားခဲ့ပါပြီ။ ဗြိတိသျှတွေ မသိသေးတာက Taslima တို့ မိသားစုဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပျမ်းမျှနှုန်း၊ အတွေ့ရဆုံး မိသားစု အရွယ်အစားဖြစ်တယ် ဆိုတာပါ။ အဲဒီမှာတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါ။ ဘရာဇီးလ်မှာဆို ကလေး ၂-ယောက်ပဲ မွေးတော့တယ်။ ဗီယက်နမ်မှာ ကလေး ၂-ယောက် မိသားစုတွေ... အိန္ဒိယမှာတောင် မိသားစုအရွယ်အစားဟာ ကလေး ၂-ယောက်မိသားစုတွေ ဖြစ်လာနေပါပြီ။ အာဖရိကတိုက်မှာဆို... Addis Ababa (အီသီယိုပီးယား မြို့တော်) လို မြို့ကြီးတွေမှာ... Addis Ababa မှာ အမျိုးသမီးတစ်ဦးကို ကလေး ၂-ယောက်ပဲ မွေးကြတော့တယ်။ မွတ်စလင်၊ ဗုဒ္ဓဘာသာ၀င်၊ ဟိန္ဒူ၊ ခရစ်ယာန်... ဘာဘာသာဝင် ဖြစ်ဖြစ်ပါ။ ဘယ်ဘာသာ၊ ဘယ်ယဥ်ကျေးမှုဓလေ့ထုံးတမ်း၊ ဘယ်ကမ္ဘာ့အရပ်ဒေသတိုက်ကြီးဖြစ်ဖြစ်... ကလေး ၂-ယောက် မိသားစုတွေ မဖြစ်လာဘူးဆိုတာ မရှိပါဘူး။ ဒီလိုမျိုး မိသားစုဝင်များတဲ့ ဧရာမမိသားစုတွေကနေ ကလေး ၂-ယောက် မိသားစုတွေအဖြစ် ပြောင်းလဲလာကြတာဟာဖြင့်... ကျွန်တော် သက်ရှိထင်ရှားရှိစဥ်အတွင်းမှာ ဖြစ်လာခဲ့တဲ့ သိပ်ကိုအရေးပါတဲ့ အရာတစ်ခုပါပဲ။ လူ့သမိုင်းတစ်လျှောက်မှာ ဒါမျိုးဟာဖြင့် မကြုံစဖူး ထူးခြားလှပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ပြန်ကြည့်ကြစို့။ ဒီလို ဧရာမမိသားစုကြီးတွေမှသည် ပိစိကွေးမိသားစုများဖြစ်လာခဲ့တဲ့ သမိုင်းဝင် ဖြစ်အင်ရဲ့ ဇာစ်မြစ်ကို ရှာဖွေကြစို့။ မွတ်စလင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်က ၁၅-နှစ်သမီး Tanjina လို မိန်းကလေးအားလုံးနီးပါးဟာ ကျောင်းတက်ကြပါတယ်။ အစိုးရကလည်း သမီးမိန်းကလေးများကို အထက်တန်းထိအောင် ကျောင်းထားပေးတဲ့ မိသားစုများကို ပိုက်ဆံတောင် ပေးလိုက်သေးတယ်။ Tanjina တက်တဲ့ ကျောင်းမှာဆို မိန်းကလေးဦးရေက ယောက်ျားလေးဦးရေထက် များသွားပြီ။ ဒါဘယ်လို မိသားစုမျိုးလဲ၊ ကလေးတို့။ ဧရာမ မိသားစုကြီးပါ။ သူတို့ အစားအစာ မဝတဝပဲ စားရမယ်ဆို ဟုတ်သလား။ (ဟုတ်ပါတယ်။) ဒီ ကျောင်းသင်ခန်းစာရဲ့ အဓိက အချက်ကို ကျော်မသွားပါနဲ့။ ဒါ ဘယ်လို မိသားစုလဲ။ (ပိစိကွေး မိသားစုပါ။) သူတို့တွေ အခက်အခဲကြုံရမလား။ No! ပညာရေးက ထိရောက်မှုရှိပြီး၊ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတွေအတွက် အခွင့်အလန်းသစ်တွေလည်း ရှိလာနေပါပြီ။ မညီမျှမှုတွေ ရှိနေသေးပေမယ့်၊ အလုပ်အကိုင်တွေ ပိုများလာပြီး၊ Tanjina လေးဟာဖြင့် ရည်ရွယ်ချက် မြင့်မြင့်မားမား ထားနေပါပြီ။ သမီး ကျောင်းသွားရတာကို ကြိုက်တယ်။ အမေတို့ ခေတ်တုန်းက ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့ အိမ်ထောင်ကျကြတယ်။ ပညာသင်ဖို့ဆိုတာ အခွင့်မသာခဲ့ဘူး။ ဒါပေမယ့် အခု သမီးတို့ခေတ်မှာ ဆရာဝန်လုပ်မလား၊ အင်ဂျင်နီယာ လုပ်မလား... အိပ်မက်ကြီးကြီး မက်လို့ရပြီ။ ဒီက အမျိုးသမီးငယ်တွေဟာ သူတို့ဘဝအတွက် အရင်ကနဲ့မတူညီဘဲ ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာ ပိုပြီး သိလာကြပြီ။ အမေ ၁၇-နှစ်ကတည်းက အိမ်ထောင်ကျတယ်ဆိုတာကို စိတ်ထဲ မြင်ယောင်ကြည့်လို့ မရဘူး။ သူ့တုန်းကလိုဆို နောက် ၂-နှစ်နေရင် အိမ်ထောင်ပြုရပါပေါ့။ အိပ်မက်ထဲတောင် မမက်နိုင်ပါဘူး။ မဖြစ်နိုင်တာတွေ။ ကျွန်မတို့ ငယ်ငယ်တုန်းက နားမလည်ခဲ့ကြဘူး။ အခုခေတ်မှာတော့ လူတွေ ပိုပြီး သိမြင်လာကြပြီ။ ကဲ၊ ဒါဆို သမီး ဘယ်အရွယ်မှာ ယောက်ျားယူမယ် စိတ်ကူးလဲ။ ၂၅... ကျောင်းပြီးအောင် အရင်တက်၊ အလုပ်တစ်ခု ရအောင်ရှာ... ဆရာဝန်ဖြစ်အောင် အရင်လုပ်...၊ ပြီးမှ အိမ်ထောင်ပြုဖြစ်မယ် ထင်တာပဲ။ သိပ်တော်တဲ့ သမီးလေး။ Taslima အနေနဲ့ သူ့သမီးလေး ၂-ယောက်ရဲ့ တောက်ပတဲ့ ရှေ့ရေးအတွက် မျှော်လင့်ချက်တွေပြည့်လို့နေတာကို ကြည့်ရတာ ဝမ်းသာစရာပါပဲ။ ဘင်္ဂလားဒေ့ရှ်က ပြောင်းလဲမှုရဲ့ နောက်ကွယ်က အရေးပါတဲ့ အချက်တစ်ခု ရှိပါတယ်။ ကလေး အသက်ရှင်ကျန်ရစ်နှုန်း အင်တိုက်အားတိုက် တိုးတက်လာလို့ပါပဲ။ (ဗလီမှ ဘုရားရှိခိုးသံ) အခု Ramadan ပါ။ မွတ်စလင်များရဲ့ ဥပုသ်သီတင်းဆောက်တည်ပြီး၊ ယုံကြည်ချက်တွေကို လက်တွေ့ကျင့်ကြံတဲ့ ကာလပါ။ ဒီလို မြင့်မြတ်တဲ့ကာလမှာ သူ့မိဘတွေ မိသားစုသင်္ချိုင်းကို ရှင်းလင်းနေတာကို Hanan ဟာ ဝင်ပြီး ကူညီပေးနေပါတယ်။ မြေကြီးတွေကို ရှင့်လက်နဲ့ ဖိချလိုက်ပါလား။ Hanan ရဲ့ မောင်နှမထဲက ၃-ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတာ။ သူတို့ကို ဒီနေရာမှာ မြေမြှုပ်သင်္ဂြိုလ်ထားတယ်။ ဝမ်းရောဂါဖြစ်ပြီး သေသွားကြတာ။ ကျွန်တော်တို့ ဝမ်းနည်းလွန်းလို့၊ ငိုလိုက်ကြရတာဆိုတာ။ ဆရာဝန်တွေ ရှိခဲ့မယ်ဆိုရင်၊ သူတို့ကို ကုသပေးနိုင်ခဲ့မှာ... တစ်ယောက်ယောက်တော့ မသေဘဲ ကျန်ခဲ့မှာ... ကျွန်တော်တို့ ဘယ်လိုလုပ် မေ့နိုင်မှာလဲ။ အသက်ရှင်နေသရွေ့တော့ သူတို့ကို သတိရနေမှာပါ။ Hanan ရဲ့ မိဘတွေ ငယ်ရွယ်စဥ် ခေတ်တုန်းကဆို ဘင်္ဂလားဒေ့ရှ်က ကလေး ၅-ယောက်မှာ ၁-ယောက်ဟာ အသက် ၅-နှစ် မပြည့်ခင်မှာ သေဆုံးခဲ့ကြရပါတယ်။ မိသားစုတိုင်းဟာ ကလေးတွေ သေကုန်မလားဆိုတဲ့ အတွေးနဲ့ စိတ်ထဲ တထင့်ထင့် ကြောက်ရွံ့ခဲ့ကြရပါတယ်။ ကလေး တစ်ယောက်မွေးပြီး၊ နောက်တစ်ယောက်ကို ဆက်တိုက်မွေးထားနိုင်မှ တစ်ယောက်သေသွားရင်၊ ကျန်နေဦးမှာပေါ့။ အဲဒီတုန်းက အဲလိုလေ။ ကလေးတွေ အရမ်းများနေပြီလား၊ သူတို့ အနာဂါတ် ဘယ်လိုဖြစ်မလဲ... ဆိုတာတွေကို ကျွန်တော်တို့ မတွေးခဲ့ကြဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ်ဟာ အခြေခံကျန်းမာရေး၊ အထူးသဖြင့် ကလေးရှင်ကျန်ရစ်နှုန်းမှာ တကယ့်ကိုပဲ တိုးတက်မှု ရှိခဲ့ပါတယ်။ ကာကွယ်ဆေး၊ ရောဂါကုသမှု၊ အာဟာရ နဲ့ သန့်ရှင်းမှု... ဒါတွေက ကလေး သန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ကလေးမိဘတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေ ဆက်လက် အသက်ရှင်နေဦးမယ်ဆိုတာကို သိမြင်လာကြတဲ့အခါမှာတော့... မိသားစုစီမံကိန်း မလုပ်ချင်တော့လောက်အောင် ပိတ်ပင်နေတဲ့ အတားအဆီးများဟာ နောက်ဆုံးမှာတော့ မရှိတော့ပါဘူး။ ဒါကာြမို့ (Dhaka)ရဲ့ ဆင်းရဲသားရပ်ကွက်များမှာတောင် အမျိုးသမီးများရဲ့ ပျမ်းမျှကလေးယူနှုန်းက ၂-ယောက်ပဲ ရှိပါတော့တယ်။ ကလေးတွေ အသက်ရှင်ကျန်ရစ်နှုန်းဟာ အရာရာကို ပြောင်းလဲစေပါတယ်။ သမိုင်းကို ပြန်ပြောင်းကြည့်ကြစို့။ ၁၈၀၀-ပြည့်နှစ်မတိုင်မီက ကမ္ဘာမှာ လူဦးရေဟာ ဘာကြောင့် ဖြည်းဖြည်းပဲ တိုးခဲ့ရတာတုန်း။ သမိုင်းမှတ်တမ်းများကို ပြန်ကြည့်ရင်၊ ပျမ်းမျှအားဖြင့်... မိဘ ၂-ပါးက ကလေး ၆-ယောက်လောက် မွေးကြပါတယ်။ ဒါကိုကြည့်ရင် လူဦးရေ အရမ်းတိုးလာသယောင် ထင်ရပေမယ့်၊ ဘာ့ကြောင့်များ တကယ်တမ်းမှာ မတိုးလာခဲ့ပါလိမ့်။ ဘာ့ကြောင့်လဲဆိုတော့ ကလေး ၁... ၂... ၃... ၄-ယောက်ဟာ မိဘဖြစ်မယ့်အရွယ်ကို မရောက်ခင်မှာ သေသွားခဲ့ကြလို့ပါ။ အရင်ခေတ်က လူတွေဟာ ဂေဟဗေဒဟန်ချက်နဲ့ ညီအောင်၊ သဘာဝတရားနဲ့ လိုက်လျောညီထွေအောင် ဘယ်တော့မှ နေလို့မရခဲ့ကြပါဘူး။ ဂေဟဗေဒဟန်ချက်က သဘာဝတရားကို မျက်နှာသာပိုပေးလို့ သူတို့ သေကျေခဲ့ကြရပါတယ်။ အလွန်ပဲ ဝမ်းနည်းစရာပါ။ ဒါပေမယ့် စက်မှုတော်လှန်ရေးခေတ်မှာ ဒါဟာ စပြီးပြောင်းလဲခဲ့ပါတယ်။ ဝင်ငွေ ပိုကောင်း၊ စားနပ်ရိက္ခာ ပိုပေါများပြီး၊ ပိုက်နဲ့သွယ်ယူလို့ရတဲ့ ရေ၊ သန့်ရှင်းမှု၊ ဆပ်ပြာ၊ ဆေးပညာ တိုးတက်လာမှု... စသဖြင့် ဒီတိုးတက်မှုတွေနဲ့အတူ လူဦးရေ ဘာကြောင့်တိုးလာသလဲ။ ကလေးတွေ ပိုမွေးခဲ့ကြလို့များလား။ မဟုတ်ပါဘူး။ ၁၉၆၃-မှာ ကျွန်တော် ကျောင်းသားဘဝပေါ့။ တစ်ကမ္ဘာလုံးမှာ အမျိုးသမီးတစ်ယောက် ကလေးမွေးဖွားနှုန်းဟာ ၅-ယောက်အထိ ကျဆင်းလာပါတယ်။ ဒါဖြင့် လူဦးရေ အလျင်အမြန် တိုးလာခဲ့တဲ့ အကြောင်းရင်းကတော့ ကလေးတွေ အသက်ရှင်ကျန်ရစ်နှုန်း မြင့်မားလာလို့ပါပဲ။ အဲဒီ့အချိန်မှာ ၄-ယောက်ရှင်ပါတယ်။ ဒါပေမယ့် ကလေး ၅-ယောက်မှာ တစ်ယောက်ကျ သေဆုံးနေတာဟာဖြင့် ကြောက်ရွံ့ဖွယ်ပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်းမှာတော့ နိုင်ငံအတော်များများဟာ ကလေး အသက်ရှင်ကျန်ရစ်နှုန်း နဲ့ မိသားစုစီမံကိန်းမှာ ခုန်ပျံကျော်လွှားပြီး တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် လက်ကျန်စာရင်း အသစ်ဖြစ်လို့လာပါတယ်။ မိဘ ၂-ပါးကနေ ပျမ်းမျှ ကလေး ၂-ယောက် အသက်ရှင်ကျန်လို့ လာပါတယ်။ ဒီလို လက်ကျန်ဦးရေဟာဖြင့် ပျော်ရွှင်ဖွယ်ကောင်းပါတယ်။ ဒီနေ့ကမ္ဘာမှာ ဒါဟာ သာမန် မိသားစုများရဲ့ အခြေအနေလို ဖြစ်လာပါတယ်။ အနာဂါတ်မှာကော ဘယ်လိုဖြစ်လာမလဲ။ အနာဂါတ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းဆုံးအလားအလာကို ပြပါမယ်။ ကုလသမဂ္ဂ လူဦးရေဌာနခွဲက လူဦးရေစာရင်းကောက်ပညာရှင်များရဲ့ အဆိုအရ... ဒီလိုတွေ့ရပါတယ်။ အစမှာ တိုးသည်ထက်တိုးလာပြီး၊ ၈-အထိရောက်... ပြီးတော့ ၉... ဆက်ပြီးတိုးလာတာ ဒီကိုရောက်ပါပြီ။ ဒါပေမယ့်၊ နှေးသွားပြီ။ ဒီရာစုနှစ် အကုန်မှာ ဆက်မတိုးတော့ဘဲ၊ တန့်သွားပြီ။ အနီးကပ် ချဲ့ကြည့်ရင်၊ တွေ့ရမှာက... လူဦးရေ ပြန်လျော့ကျမယ့် အရိပ်အယောင်ကို မျှော်လင့်နိုင်ပါပြီ။ လူဦးရေ အလျင်အမြန်တိုးခြင်းရဲ့ နိဂုံးသတ်ပါပဲ။ ဒါပေမယ့် ဒီလို ခန့်မှန်းတာဟာြဖင့် လွဲချော်သွားတာလည်း ဖြစ်နိုင်ချေရှိပါတယ်။ သေချာတာ တစ်ခုက ဒီရာစုနှစ် အကုန်မှာ လူဦးရေဆက်မတိုးတော့ဘဲ၊ ရပ်သွားတော့မယ်။ ဒါဟာြဖင့် ကလေးမွေးဖွားနှုန်း ကျဆင်းလာတာရဲ့ ထူးခြားပြောင်မြောက်တဲ့ အကျိုးပါပဲ။ ဒီမှာ ပြန်ကြည့်ရင်... ကမ္ဘာပေါ်က ကလေးအရေအတွက်ကို ပြမယ်။ အသက် ၁၅-နှစ်အောက် ကလေးအရေအတွက်ပါ။ ဒီမှာကြည့်။ ဒီမှာ ကလေးအရေအတွက် ဖြည်းဖြည်းချင်း တိုးလာတယ်၊ ပြီးတော့ တိုးတာ မြန်လာတယ်။ ရာစုနှစ် ပြောင်းချိန်မှာ... ကမ္ဘာပေါ်မှာ ကလေး ၂-ဘီလီယံ ရှိလာခဲ့ပါပြီ။ ကျွန်တော့် အဖို့တော့ အဲဒီနှစ်ဟာ မြေးဦးလေး Doris ကို မွေးဖွားခဲ့တဲ့ နှစ်ဖြစ်လို့၊ အရေးပါတဲ့ နှစ်တစ်ပဲပေ့ါ။ ကမ္ဘာပေါ်က ကလေးတွေအတွက် သိပ်ကို ထူးခြားတဲ့ အချိန်မှာ သူမကို မွေးခဲ့တာပေါ့။ လူဦးရေ စာရင်းအင်းကို အထူးပြုလေ့လာသူတွေ ခန့်မှန်းတာကတော့... အဲဒီနှစ်က စပြီး ကမ္ဘာပေါ်က ကလေးတွေရဲ့ အရေအတွက်ဟာ ဒီလိုမျိုး ဖြစ်လာမယ်တဲ့။ ထပ်တိုးစရာတော့ မရှိတော့ပါဘူးတဲ့။ ဒီရာစုနှစ် အကုန်မှာလည်း ကမ္ဘာပေါ်က ကလေးဦးရေဟာ ၂-ဘီလီယံပဲ ဖြစ်နေဦးမယ်တဲ့။ Doris ကို မွေးဖွားတဲ့ အချိန်မှာတုန်းက ကမ္ဘာပေါ်မှာ ကလေးတွေ အမွေးဖွားဆုံး၊ အထွတ်အထိပ်အချိန် ဖြစ်ခဲ့ပါတယ်။ ကလေးတွေ ထပ်မများလာတော့ပါဘူး။ ဒါဖြင့် ခင်ဗျားတို့ စိတ်ရှုပ်ကုန်ပြီလား။ ကလေးတွေ ထပ်မတိုးဘဲ၊ ဘယ်လိုကြောင့် လူဦးရေ တိုးလာရသလဲ... စသဖြင့်ပေါ့။ ဒီ လူကြီးတွေက ဘယ်က ရောက်လာကြသလဲ။ ဒါကို ရှင်းပြနိုင်ဖို့ ကိန်းဂဏန်းတွေကို ခဏ အသာထားပြီး ပညာပေးဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ ဒီ အရုပ်လေးတွေကို ပြပါမယ်။ ပရိသတ်ကြီးရေ... ကမ္ဘာပေါ်က လူဦးရေကို ဒီမှာ ပြမယ်။ ဖော့တုံးလေးတွေ စီရီပြီးတော့ ပြပါမယ်။ ဒီဖော့ တစ်တုံးဟာ ၁-ဘီလီယံ၊ နှစ်တုံးပေါင်းတော့ ကမ္ဘာပေါ်က ကလေး ၂-ဘီလီယံပေါ့။ ပြီးတော့ အသက် ၁၅-နှစ်ကနေ ၃၀-အတွင်း ၂-ဘီလီယံ၊ ဒါ အကြမ်းဖျင်းယူထားတဲ့ ဂဏန်းတွေပါ။ အသက် ၃၀-ကနေ ၄၅-အထိက ၁-ဘီလီယံ၊ အသက် ၄၅-ကနေ ၆၀-အထိက ၁-ဘီလီယံ၊ ပြီးတော့ ကျွန်တော့်အတုံး... ၆၀-ကျော်နဲ့ အထက်ပေါ့။ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ယနေ့ ကမ္ဘာပေါ်က လူဦးရေက ဒီလိုမျိုးပါ။ ဒီ ဖော့တုံးအပုံကို ကြည့်ရင် ထိပ်ပိုင်းမှာ ၃-ဘီလီယံ ကွာဟနေတယ်။ ပျောက်နေတဲ့အထဲက တချို့က သေသွားလို့ပါ။ ပျောက်နေတဲ့အထဲက အများစုဟာ မမွေးဖြစ်လို့၊ ၁၉၈၀-မတိုင်မီက ကမ္ဘာပေါ်မှာ ကလေးဦးရေ သိပ်နည်းပါးသေးလို့ပါပဲ။ ဆိုလိုတာက ကလေးမွေးတဲ့ အမျိုးသမီးဦးရေ နည်းပါခဲ့လို့ပါ။ ဒီ ဖော့တုံးပုံက ဒီကနေ့ ရှိနေတာကို ပြပါတယ်။ အနာဂါတ်မှာ ဘာဖြစ်မှာလဲ။ ကျွန်တော့လို အဘိုးကြီးတွေ ဘာဖြစ်မှာလဲ။ သေမှာ... ဟုတ်ပါတယ်။ ဆေးရုံမှာ အလုပ်လုပ်တဲ့သူတွေ ပရိတ်သတ်ထဲ ရှိနေပါတယ်။ (ရယ်သံများ) သူတို့ သေပါတယ်။ ရှင်ကျန်ရစ်သူတွေက အသက် ၁၅-နှစ်ကြီးလာတယ်။ ကလေး ၂-ဘီလီယံထပ်မွေးကြတယ်။ ဒီလူတွေ အသက်ကြီးပြီ။ သေချိန်တန်ပြီ။ ရှင်ကျန်ရစ်သူတွေက အသက် ၁၅-နှစ် ထပ်ကြီးလာကြတယ်၊ သူတို့ကနေ ကလေး ၂-ဘီလီယံ ထပ်မွေးတယ်။ ဒီလူတွေ သေမယ်၊ ကျန်ရစ်သူတွေ အသက် ၁၅-နှစ် ထပ်ကြီးလာမယ်၊ ကလေး ၂-ဘီလီယံ ထပ်မွေးမယ်။ အား... ကလေးတွေ ထပ်တိုးမလာဘဲ... အသက်တွေ ပိုရှည်မလာဘဲ... ကျွန်တော်တို့ လူပေါင်း ၃-ဘီလီယံလောက် ပိုများလာမယ်။ လူကြီးတွေ ပိုမိုများပြားလာမယ်၊ လူငယ်မျိုးဆက်တွေ မြောက်မြားစွာကနေ ကြီးပြင်းလာတဲ့ အတွက်ကြောင့်ပါ။ အသေးစိတ် ထပ်ဖြည့်ပြောရရင်၊ ကျွန်တော့်လို အသက်ကြီးတဲ့ သူတွေအတွက် သတင်းကောင်း တစ်ခုပါ... အသက်ကြီးသူတွေ နောက်ထပ် နည်းနည်း အသက်ပိုရှည်လာကြမယ်လို့ ခန့်မှန်းကြပါတယ်။ ဒီတော့ ထိပ်ပိုင်းမှာ ၁-ဘီလီယံ ထပ်တည့်ရတော့မယ်။ အဲဒီ့ အုပ်စုထဲ ကျွန်တော်လည်း ပါလိမ့်မယ်လို့ အသည်းအသန် မျှော်လင့်ပါတယ်။ ဒါမှလည်း ကျွန်တော် အသက်ရှင်နေပြီး၊ နှစ်စဥ် စာရင်းအင်း အချက်အလက်တွေကို တင်ပြနိုင်မှာမို့ပါ။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်အတွက် စိတ်ပူပန်နေတဲ့ လှုပ်ရှားတက်ကြွသူများနဲ့ တွေ့ဆုံပြီး စကားပြောကြည့်ရာမှာတော့... ကမ္ဘာ့လူဦးရေကို ၈-ဘီလီယံအရောက်မှာ ရပ်တန့်ပစ်ရတော့မယ်လို့ ဆိုကြပါတယ်။ ကလေးအရေအတွက် အများဆုံးကာလကို ရောက်ခဲ့ပြီဆိုတာကို သူတို့နဲ့ စကားစပြောစမှာ သူတို့ မသိသေးပါဘူး။ ဒီကလေးတွေ ကြီးပြင်းလာတာကြောင့် လူကြီးဦးရေ ပိုများလာရပြီး၊ လူဦးရေဟာ မတိုးသာ မဆုတ်သာဘဲ၊ ဒီမျှနဲ့ပဲ အဆုံးသတ်သွားမယ်ဆိုတာကို သူတို့ သတိမပြုမိပါဘူး။ ဒါီတော့ လူဦးရေ ဘယ်လောက်များလာမှာလဲ ကျွန်တော်တို့ သိပြီ။ ဒီလူတွေ ဘယ်နေရာ ဘယ်ဒေသမှာ ပါလိမ့်။ ယခုနဲ့ အနာဂါတ်မှာ... ဒါက ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီး။ အဲဒီမှာ လူပေါင်း ၇-ဘီလီယံ ရှိတယ်။ ၇-ဘီလီယံထဲက၊ ၁-ဘီလီယံဟာ အမေရိကတိုက်၊ တောင်/မြောက် မှာ ရှိတယ်။ ဥရောပတိုက်မှာ ၁-ဘီလီယံ။ အာဖရိကတိုက်မှာ ၁-ဘီလီယံ။ အာရှတိုက်မှာ ၄-ဘီလီယံ။ ဒါက ဒီကနေ့ မှာပါ။ ဒါကို ဘယ်လို မှတ်ထားမလဲ။ လွယ်ပါတယ်။ ဒီလို ကိန်းဂဏန်းတွေနဲ့ ပြပါ့မယ်။ ကမ္ဘာကြီးရဲ့ လျှို့ဝှက်ဂဏန်း (PIN code) ကို ၁၁၁၄ လို့ ဆိုကြပါစို့။ ရာစုနှစ် အလယ် အရောက်မှာ ဘာဖြစ်မလဲ။ ကျွန်တော်တို့ အကြမ်းဖျင်း သိပြီးသားပါ။ ဥရောပတိုက်... မတိုးပါ။ ဥရောပလူဦးရေဟာ ကျတောင်လာနေပါပြီ။ အမေရိကတိုက်... အနည်းငယ်ပိုများလာမယ်။ တိုးလာတဲ့ အများစုက လက်တင်အမေရိကက သက်ကြီးပင်စင်စား အရွယ်တွေပါ။ ဒီတော့ အတူတူပါပဲ။ သိပ်မပြောင်းသွားပါဘူး။ အာရှတိုက်မှာ ၁-ဘီလီယံ ပိုများလာမယ်။ ဒီ့နောက်မှာတော့ အာရှတိုက်မှာ လူဦးရေ မတိုးတော့ပါဘူး။ အာဖရိကတိုက်မှာ နောက်ထပ် နှစ် ၄၀-ရောက်ရင် လူဦးရေ ၂-ဆ ဖြစ်လာြပီး၊ ၂-ဘီလီယံ အထိရောက်မယ်။ ကဲ... ရာစုနှစ် အကုန်မှာ... ကျွန်တော်တို့ သိတဲ့အတိုင်းပဲ၊ ဥရောပတိုက်မှာ မတိုးပါ။ အမေရိကတိုက်မှာ မတိုးပါ။ အာရှတိုက်မှာ မတိုးပါ။ ဒါပေမယ့် အာဖရိကတိုက်မှာတော့ အခုရရှိထားတဲ့ အချက်အလက်တွေအရ လူဦးရေ နောက်ထပ် ၂-ဆ တိုးပါမယ်။ အာဖရိကတိုက်မှာ လူဦးရေ ၄-ဘီလီယံ ဖြစ်လာပါလိမ့်မယ်။ ၂၁၀၀-ပြည့်နှစ်မှာ နောက်ဆုံး PIN code က ၁၁၄၅ ဖြစ်လာမယ်။ ဒါကြောင့် ၂၁၀၀-ပြည့်နှစ်မှာ ကမ္ဘာကြီးဟာ ပြောင်းလဲသွားမှာပါ။ အိုမင်းနေတဲ့ အနောက်ကမ္ဘာ (old west) လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ အနောက်ဥရောပနဲ့ မြောက်အမေရိက မှာ နေထိုင်ကြသူတွေဟာ အဲဒီ့အချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၁၀% ထက် လျော့နည်းသွားမှာပါ။ ကမ္ဘာ့လူဦးရေရဲ့ ၈၀% ဟာ အာရှနဲ့ အာဖရိကတိုက်မှာ ရှိလာမှာပါ။ ဒီအခြေအနေကို ထိန်းထားနိုင်ဖို့ အရင်းအမြစ်တွေ လုံလောက်ရဲ့လား။ ဒါ တကယ့်ကို စိန်ခေါ်မှုကြီး တစ်ခုပေါ့။ ဘာမှ အလိုအလျောက် မရပါဘူး။ ကျွန်တော့အထင် ဒီလူတွေအကုန် အတူတကွနေနိင်ဖို့ ဖြစ်နိင်ချေ ရှိပါတယ်။ အာရှတိုက်မှာ ငြိမ်းချမ်းကြွယ်ဝပြီး၊ လူဦးရေ ၅-ဘီလီယံနေထိုင်ဖို့ ဖြစ်နိုင်ချေ အသေအချာ ရှိပါတယ်။ ဂျပန်၊ တောင်ကိုရီးယား နဲ့ တခြားနိုင်ငံတွေဟာ ကြွယ်ဝချမ်းသာနေပါပြီ။ သူတို့နောက်မှာ လမ်းကြောင်းပေါ် လိုက်လာကြတာကတော့ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ တခြားအာရှနိုင်ငံများ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ အာရှနိုင်ငံများမှာတောင် လူတွေရဲ့ ဘဝတွေဟာ တင့်တောင့်တင့်တည်ရှိလာကြပါပြီ။ ဒါပေမယ့် ၄-ဘီလီယံအထိများပြားလာမယ့် အာဖရိကတိုက်ရဲ့ အနာဂါတ်က ဘာဖြစ်မလဲ။ အများစုဟာဖြင့် ဆိုးဆိုးဝါးဝါး ဆင်းရဲ မနေကြတော့ဘူးလား။ အာဖရိကမှာ အဆုံးစွန်အထိ ဆင်းရဲကြတာကို ကျွန်တော် တွေ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်-၃၀ လောက်က ကျွန်တော်ဆရာဝန်လုပ်ခဲ့စဥ်က ဘဝတစ်လျှောက်လုံးမှာ ၂-နှစ်လောက် အပြင်းထန်ဆုံးကြုံခဲ့ရတယ်။ အာဖရိက အရှေ့ဘက် ကမ်းခြေပေါ်က အရမ်းဆင်းရဲတဲ့ မိုဇမ်ဘစ်နိုင်ငံ (Mozambique) မှာပါ။ ပေါ်တူဂီနယ်ချဲ့တွေကို အချိန်အတော်ကြာ တိုက်ထုတ်ပြီးမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံပါ။ အဲဒီက လူ ၃-သိန်းလောက်ကို ဆေးကုသပေးတဲ့ နိုင်ငံခြားသား ဆရာဝန် ၂-ယောက်ထဲမှာမှ ကျွန်တော်က တစ်ယောက်ပေါ့။ ဒီဆေးရုံမှာပါ။ ကျွန်တော့်မိန်းမက ဝမ်းဆွဲဆရာမ အဖြစ် အလုပ်လုပ်ပါတယ်။ ဆေးရုံဝန်ထမ်းအားလုံးပေါင်းမှ ဒါပဲရှိပါတယ်။ ကုတ်အင်္ကျီ အဖြူနဲ့သူတွေက ကိုလိုနီခေတ်မှာ အသက်မွေးဝမ်းကျောင်း သင်တန်း အနည်းဆုံး ၁-နှစ် တက်ထားသူတွေပါ။ ကျန်တဲ့အထဲက အတော်များများကတော့ စာအရေးအဖတ်လေးတောင်မှ မတတ်ကြပါဘူး။ သို့ပေမယ့် သူတို့ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ကြိုးစားကြပါတယ်။ လာပြတဲ့ လူနာတွေက အဆင်းရဲတကာ့ အဆင်းရဲဆုံးထဲက ဆိုးဝါးတဲ့ ရောဂါသည်တွေပါ။ လုံလောက်တဲ့ ဝန်ထမ်း အရင်းအမြစ်ကလည်း မရှိ။ ကျွန်တော်ကလည်း ငယ်တုန်းဆိုတော့ ကျွမ်းကျင်မှုမရှိ။ လူနာတွေရဲ့ လိုအပ်ချက်တွေကို မဖြည့်တင်းပေးနိုင်။ မိုဇမ်ဘစ်နိုင်ငံ (Mozambique) ဟာ ဒီကနေ့အထိ အရမ်းကို ဆင်းရဲနေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော်ရှိခဲ့စဥ် လွန်ခဲ့တဲ့နှစ်-၃၀ ကထက် အများကြီး တိုးတက်လာပါတယ်။ လွန်ခဲ့တဲ့ နှစ်-၃၀ တုန်းက ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ မြို့မှာ ဆေးရုံအသစ်တစ်ခု ရှိလာပြီ။ ဆေးရုံအသစ်က အများကြီးပိုကြီးတယ်။ ဆရာဝန် ၁၅-ယောက်ရှိပြီး၊ အဲဒီအထဲက ၁၁-ယောက်ဟာ မိုဇမ်ဘစ်နိုင်ငံသားတွေပါ။ ဝန်ထမ်းအားလုံးဟာ သင်တန်းပေး၊ လေ့ကျင့်ထားသူတွေပါ။ ဆေးရုံညွှန်ကြားရေးမှူးက သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာ ကာရှီမို (Dr. Cashimo) ဖြစ်ပါတယ်။ အရာအားလုံးက ဖော်ပြနေတာက... အမြွှာပူးလေးတွေ... ဖြစ်တယ်ဆိုတာပါပဲ။ အဲဒီက အပြောင်းအလဲကတော့ အံ့ဖွယ်ပါပဲ။ မတော်တဆ ထိခိုက်ဒဏ်ရာ နဲ့ အရေးပေါ်ဌာန၊ ကလေးဆေးပညာဌာန၊ အရိုးအထူးကုဌာနတွေ ရှိနေပြီ။ ဓာတ်ခွဲခန်း အကြီးစားတွေနဲ့ ၂၄-နာရီ ဖွင့်တဲ့ ဆေးဆိုင်တစ်ခုလည်း ရှိနေပြီ။ ကလေးကို ဗိုက်ခွဲမွေးတာလည်း မကြာခဏ ဆိုသလိုပါပဲ၊ ဒါမျိုးက ကျွန်တော်အရင် ရှိတုန်းကဆို မဖြစ်နိုင်တဲ့ အရာတစ်ခုပေါ့။ ယနေ့မှာတော့ ကျွမ်းကျင်ပညာရှင်တွေ အဖွဲ့တစ်ခု ရှိနေပြီ။ သူတို့ရဲ့ ခွဲစိတ်ခန်းကလည်း ကမ္ဘာ့တခြားနေရာတွေကလို ပစ္စည်းစုံလင်စွာနဲ့... အရာအားလုံးဟာ အရမ်းကို တိုးတက်လာခဲ့ပါတယ်။ ဒီကနေ့ မိုဇမ်ဘစ်မှာ မွေးတဲ့ကလေးတွေဟာ ပိုမိုတောက်ပတဲ့ အနာဂတ်ရှိလာသင့်ပါတယ်။ ကျန်းမာရေးပိုကောင်းလာတာကြောင့်ရော၊ စီးပွားရေး အလျင်အမြန်တိုးတက်လာတာကြောင့်ရော ပေါ့။ ဆိပ်ကမ်းများနဲ့ ဈေးများမှာ လူရှုပ်လိုက်တာများ... စက်မှုလုပ်ငန်းအသစ်တွေကြောင့် အလုပ်အသစ်တွေလည်း ရှိလာခဲ့ပါြပီ။ ဒီသတင်းကောင်းဟာဖြင့် မြို့တွေပေါ်မှာပဲလားလို့ ခင်ဗျားတို့ တွေးကောင်းတွေးမိမယ်။ အမှန်ပါပဲ။ လူနေများတဲ့ ကျေးလက်ဒေသကတော့ အဆိုးရွားဆုံး စိန်ခေါ်မှုကို ကြုံကြရပါတယ်။ ဒါပေမယ့် အစစအရာရာ ပြောင်းလဲလို့ လာနေပါပြီ။ မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း၊ တောကြိုအုံကြားက Mogovolas ဆိုတဲ့ ဒေသမှာပေါ့။ အဲဒီမှာ Olivia, Andre နဲ့ သူတို့ရဲ့ မိသားစုလေး နေထိုင်ကြပါတယ်။ ကမ္ဘာပေါ်က တခြား ဆင်းရဲတဲ့လူတွေလိုပါပဲ၊ Olivia နဲ့ Andre တို့ဟာ လယ်သမားတွေ ဖြစ်ပါတယ်။ ကိုယ်စိုက်တာ ကိုယ်တိုင်စားပြီး၊ မှီတင်းနေထိုင်ကြတာလေ။ မနက် ၄-နာရီထိုးပါပြီ... တစ်နေ့တာ အလုပ်များက ဆင့်ခေါ်နေပါပြီ။ Andre ဟာ လယ်ထဲကို တန်းသွားပါတယ်။ Olivia ကတော့ ရေခပ်ဆင်းတယ်။ နှစ်ယောက်စလုံး မိုင်ပေါင်းများစွာ လမ်းလျှောက်သွားရတာပါ။ "ကျွန်တော် အဲဒီကို ရောက်ဖို့ ၂-နာရီကြာ လမ်းလျှောက်ရတယ်။" "လူများရင် ၂-နာရီလောက် ကြာတယ်။" "ကျွန်မ အိမ်ပြန်ရောက်ပြီဆို ပင်ပန်းပြီး၊ ဗိုက်ဆာရော..." တခြားနည်းနဲ့ သွားလို့ကလည်း မရတော့၊ အားလုံးကို လူနဲ့ သယ်ရတယ်။ Olivia နဲ့ Andre မှာ ကလေး ၈-ယောက်ရှိတယ်။ အာဖရိတိုက်ရဲ့ ကျေးလက်ဒေသအများစုမှာ ကလေးမွေးဖွားနှုန်း မြင့်မားနေတုန်းပါပဲ။ အဆင်းရဲဆုံး မိသားစုများကနေ ပါးစပ်ပေါက် အများဆုံးကို ကျွေးမွေးရတာလေ။ ဒီမိသားစုမှာ အသုံးမလိုတဲ့ အရာမှန်သမျှ သူတို့ ရောင်းချပစ်တာပဲ။ "ကျွန်တော် တကယ့်ကိုပဲ ရုန်းကန်လှုပ်ရှား နေရတာ..." "သီးနှံမျိုးစုံကို စိုက်တယ်၊ ဒါတောင်..." "ကလေးတွေအတွက် လောက်ငအောင် မရှာပေးနိုင်ဘူး။" စီးပွားရေးတိုးတက်လာတာက ကျေးလက်ဒေသအထိ တဖြည်းဖြည်း ရောက်လို့လာနေပါတယ်။ "ဒီအိမ်အမိုးလေးရဖို့ ၃-နှစ်လောက် ပိုက်ဆံစုခဲ့ရတယ်။" အခုတော့ Andre ဟာ သူ့အတွက် အရာအားလုံး ပြောင်းလဲစေမယ်လို့ ယုံကြည်တဲ့အရာ တစ်ခုအတွက် တာစူနေပါပြီ။ "ကျွန်တော် စက်ဘီးတစ်စီးတော့ အရေးပေါ် လိုနေပါပြီ။ သူမရှိဘဲ ဘယ်ခရီးမှ မရောက်ဘူးလေ။" စက်ဘီးဟာ တောနေဆင်းရဲသားများအတွက် သူတို့ဘဝကို အကြီးအကျယ် ပြောင်းလဲစေနိုင်ပါတယ်။ နာရီများစွာ အချိန်ကုန်သက်သာစေပြီး၊ အလုပ်တွေ ပြီးမြောက်နိုင်စေပါတယ်။ စက်ဘီးရှိရင် လေးလံတဲ့ ကုန်ပစ္စည်းတွေကို ဈေးရောက်အောင် သယ်ဆောင်နိင်ပါတယ်... ပိုက်ဆံလည်း ပိုရှာနိင်မှာပေါ့။ စက်ဘီးနဲ့ အလုပ်လည်း ထွက်ရှာနိုင်တယ်။ နေထိုင်မကောင်း ဖြစ်ရင်လည်း ဆေးခန်းကို အချိန်မီ သွားနိုင်တာပေါ့။ "စက်ဘီးတစ်စီးသာရှိမယ်ဆိုရင် ကျွန်တော်သိပ်ပျော်မှာပဲ။..." "စက်ဘီးမရှိတဲ့ အိမ်ဟာ အိမ်လို့ မဆိုနိုင်ပါဘူး။" Andre နဲ့ Olivia တို့ဟာ ရတဲ့ဝင်ငွေထဲက ဖယ်ပြီးစုနေတာ ၂-နှစ်လောက် ရှိပါပြီ။ ငွေမပြည့်နိုင်သေးပါဘူး။ သူတို့အခု ရိတ်သိမ်းနေတဲ့ နှမ်းစေ့တွေက အရမ်းကို အရေးပါတယ်။ ဈေးကောင်းရရင်၊ အဲဒီပိုက်ဆံ ပြည့်ပြီ။ Andre နဲ့ Olivia တို့ဟာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်ခုမှာ နေကြတာပါ။ သူတို့နေတဲ့ ကျေးလက်က နိုင်ငံထဲမှာ အဆင်းရဲဆုံးဒေသပါ။ ဒါြဖင့် သူတို့လိုမျိုး ဆင်းဆင်းရဲရဲနေနေကြတဲ့သူတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များ ရှိနေမလဲ။ ကျွန်တော် ခင်ဗျားတို့ကို ဒီလို ပေတံကိုက်တံနဲ့ ပြမယ်။ လွယ်ပါတယ်။ ဆင်းရဲ...ချမ်းသာ... ပေါ့။ အဲဒီအောက်မှာ လူပေါင်း ၇-ဘီလီယံကို ပြထားတယ်။ လွယ်လွယ်မြင်နိုင်အောင် ဆင်းရဲ၊ ချမ်းသာ စဥ်ပြီး ပြထားတယ်။ ကဲ၊ အချမ်းသာဆုံး ဘီလီယံအုပ်စုထဲက တစ်နေ့ဝင်ငွေဒေါ်လာ ဘယ်လောက်များသလဲ။ ဒီမယ်ကြည့်...။ အိုး... တက်လာပြီ.... တက်လာပြီ...။ အိုး၊ ယိုး... ယိုး... ယိုး... မီတောင် မမီနိုင်တော့ဘူး။ တစ်နေ့ကို ဒေါ်လာ-၁၀၀။ အလယ်က ဘီလီယံအုပ်စုကို ကြည့်ကြဦးစို့။ သူတို့ ဘယ်လောက် ဝင်သလဲ။ ၁၀-ဒေါ်လာ အထိပါပဲ။ ပြီးတော့ အဆင်းရဲဆုံး ဘီလီယံအုပ်စုကို ကြည့်ကြမယ်။ သူတို့ ဘယ်လောက် ဝင်သလဲ။ ဟုတ်ပြီ။ ၁-ဒေါ်လာပဲ။ ဒါကတော့ ဒီနေ့ကမ္ဘာကြီးရဲ့ ကွာဟချက်ပါပဲ။ စီးပွားရေးပညာရှင်များက၊ သူတို့အခေါ် အင်မတန်ကို ဆင်းရဲတဲ့ မျဥ်းတစ်ကြောင်း ဆွဲပြတယ်။ ၁-ဒေါ်လာ ကျော်လေးအထက်မှာ။ သင့်မိသားစု ဝမ်းရေးကို အနိုင်နိုင် ဖြည့်တင်းနိုင်ရုံ ပမာဏလေးပါ၊ နေ့စဥ် ဒီလို လုံလောက်မယ်လို့ မသေချာတဲ့ ဘဝပေါ့။ ၁-ဘီလီယံဟာြဖင့် ဒီမျဥ်းအောက်မှာ သိသာစွာ ရှိနေပါတယ်။ နောက်ထပ် ၁-ဘီလီယံက ဒီမျဥ်းပေါ်မှာ ရှိနေပါတယ်။ ကျန်တဲ့လူတွေကတော့ ဒီမျဥ်း အထက်မှာပါ။ အဆင်းရဲဆုံးလူတွေဟာ စီးဖို့ဖိနပ်ကိုတောင် အနိုင်နိုင် ဝယ်ကြရပါတယ်။ ဖိနပ်ရပြီဆိုရင်၊ နောက်တစ်ဆင့်က စက်ဘီးဝယ်ဖို့ ပိုက်ဆံစုကြပါတယ်။ Andre နဲ့ Olivia တို့ဟာ ဒီအုပ်စုထဲကပါ။ စက်ဘီးရှိပြီဆိုရင်၊ မော်တော်ဆိုင်ကယ်... မော်တော်ဆိုင်ကယ်ပြီးတော့၊ ကားဝယ်ဖို့ပါ။ ကျွန်တော့်မိသားစုရဲ့ ပထမဆုံးကားကတော့ မီးခိုးရောင် Volkswagen လေးပါ။ ကားဝယ်အပြီး၊ ပထမဆုံးအနေနဲ့ နော်ဝေကို အပန်းဖြေခရီး ထွက်ခဲ့ကြတယ်။ နော်ဝေက ဆွီဒင်ထက် အများကြီး ပိုလှပလို့ပါ။ (ရယ်သံများ...) ပျော်စရာ အရမ်းကောင်းတဲ့ ခရီးစဥ် တစ်ခုပါပဲ။ ကျွန်တော်က ဒီအုပ်စုထဲမှာ ပါပါတယ်။ အချမ်းသာဆုံး ဘီလီယံအုပ်စုဝင်များလိုပဲ၊ လေယာဥ်ပျံစီးပြီး အပန်းဖြေခရီး ထွက်နိုင်လို့ပါပဲ။ လေယာဥ်စီးနိုင်တဲ့သူတွေထက် အများကြီး ပိုချမ်းသာတဲ့သူတွေလည်း ရှိသေးတာပေါ့။ တစ်ချို့များ ဘယ်လောက်ချမ်းသာသလဲဆိုရင်၊ အာကာသထဲ ခရီးထွက်ဖို့အထိတောင် စဥ်းစားနေကြပါြပီ။ လေယာဥ်စီးနိုင်သူနဲ့ ဟောဟိုဘက်က အချမ်းသားဆုံးသူတွေ ဝင်ငွေကွာဟမှုဟာ... လေယာဥ်စီးနိုင်သူတွေနဲ့ အဆင်းရဲဆုံးအုပ်စုဝင်များကြား ကွာခြားသလိုပါပဲ။ ဟိုဘက် ဒီဘက် ကွာခြားမှု အတူတူပါ။ အရေးအကြီးဆုံး အချက်ကတော့... ဒါကို ပြဖို့ လှေကားလိုပါတယ်။ တစ်ခါတလေမှာ ဟောင်းနွမ်းနေပေမယ့် အသုံးဝင်ဆဲ နည်းပညာ လိုအပ်ပါတယ်။ ဒီမှာကြည့်... အပေါ်ကို တက်နေပါပြီ၊... အခုတော့ ထိပ်ဆုံးကို ရောက်ပါပြီ။ ဒေါ်လာ-၁၀၀ နေ့စဥ်ဝင်တဲ့ ကျွန်တော်တို့အတွက် ပြဿနာကတော့၊ အောက်ကို ပြန်ငုံ့ကြည့်ရင်... ၁၀-ဒေါ်လာဝင်သူတွေနဲ့ ၁-ဒေါ်လာ ဝင်သူတွေကို ဆင်းရဲတာ အတူတူပဲလို့ မြင်နေခြင်းပါ။ ကွာြခားချက်ကို ကျွန်တော်တို့ မမြင်ပါဘူး။ လူတိုင်း အတူတူပဲ၊ နေထိုင်သုံးစွဲကြတယ်လို့ ထင်ရတယ်လေ။ ပြောကြမှာပေါ့... "အိုး... သူတို့အားလုံး ဆင်းရဲတာပါလား..." လို့။ ကျွန်တော် အသေအချာ ပြောနိုင်တာကတော့... အဲဒီ့ဆင်းရဲတဲ့အုပ်စုဝင်တွေနဲ့ တွေ့ဖူး၊ စကားပြောဖူးတယ်။ သူတို့ဘဝမှာ ၁-ဒေါ်လာဝင်တာကနေ ၁၀-ဒေါ်လာအထိဖြစ်လာမယ်ဆိုရင် ဘယ်လို ပြောင်းလဲသွားမလဲဆိုတာကို သူတို့ ကောင်းကောင်း သိကြပါတယ်။ ဝင်ငွေ ၁၀-ဆ ဖြစ်လာတာပါ။ ဒါဟာ ကြီးမားတဲ့ ပြောင်းလဲမှုပါ။ ဒါကို နားလည်နိုင်ဖို့ Olivia နဲ့ Andre တို့ ဘာတွေ ကြိုးပမ်းနေသလဲ ကြည့်ကြပါစို့။ ဒီမျဥ်းနေရာကနေ လျှောက်လှမ်းမယ့် သူတို့ရဲ့ ခြေလှမ်းလေးတိုင်းဟာ... ဖိနပ်ကနေ စက်ဘီး။ အဝေးက ကြည့်ရင် ပြောင်းလဲမှုက သေးသေးလေး။ ဒါပေမယ့် သူတို့ ဘဝမှာ အကြီးအကျယ် ပြောင်းလဲတာပါ။ Andre နဲ့ Olivia တို့အတွက် စက်ဘီးရပြီးသွားရင် သူတို့ဘဝ ပိုမိုကောင်းမွန် ကြွယ်ဝစေမယ့် လမ်းခရီးကို မြန်မြန်သွားနိုင်မှာပါ။ လပေါင်းများစွာ အချိန်ယူ စိုက်ပျိုးခဲ့ရတဲ့ နှမ်းတွေ ရောင်းဖို့ Andre နဲ့ Olivia တို့ ဒီကနေ့ ပြင်ဆင်နေပါပြီ။ "နှမ်းဈေးက ၂၅-မက်တီကယ် (မိုဇမ်ဘစ်ငွေကြေး)ပါ။" "ဒီနှစ်မှာ ဈေးပိုကောင်းတယ်။" "၄၀/၄၅ -မက်တီကယ် လောက် ရမယ်လို့ မျှော်မှန်းထားတယ်။" သင့်တော်တဲ့ ဈေးရဖို့အတွက် Andre နဲ့ Olivia တို့ သတိထားရမယ်။ "တစ်ချို့ ဝယ်လက်တွေက အလေးခိုးတယ်။" "ကိုယ့်ဘာသာ ချိန်ရင် ၁၀-ကီလိုရှိတယ်။" "ဒါကို ဝယ်လက်တွေဆီ ယူသွားရင်၊ ၇- ကီလို၊ ၈-ကီလိုပဲ ရှိတယ် ပြောကြမှာ။" Andre ကတော့ ဈေးရောင်းထွက်တော့မှာပါ။ သီးနှံတွေကို ဈေးအထိ သယ်ဆောင်ဖို့ သူများအကူအညီယူရတာ ဒါနောက်ဆုံးပဲလို့ သူမျှော်လင့်ထားပါတယ်။ Andre သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လိုတယ်။ "ဟေ့... ကိုယ့်လူ၊ သေသေချာချာ တွက်နော်..." ဈေးတည့်သွားပြီ။ Andre တစ်ယောက် ပျော်နေပါပြီ။ "ကျွန်တော် အခု ဒီပိုက်ဆံကို သုံးစရာရှိတယ်။" မိသားစုတွေ အလုပ်ကြိုးစား လာခဲ့ကြတဲ့အတွက် အခုတော့ စံစားရပြီပေါ့။ ဈေးသွားဖို့ကို Andre တစ်ယောက် တစ်မနက်လုံး လမ်းလျှောက်ခဲ့ရတယ်။ အခုတော့ တစ်နာရီအတွင်း စက်ဘီးလေးနဲ့ အိမ်ကိုရောက်နိုင်ပြီလေ။ "ရှင် စက်ဘီးဝယ်လာတယ်ပေါ့။" "ဟုတ်တယ်၊ အချစ်ရေ... စက်ဘီးဝယ်ခဲ့တယ်။" စက်ဘီးအသစ်ကလေးကိုဖြင့် စတင် အသုံးပြုနေပါပြီ။ ကလေးတွေက ရေခပ်ဆင်းတဲ့အခါ သုံးတယ်။ Andre က သီးနှံတွေ ဈေးကို အရောက်ပို့တဲ့အခါ သုံးတယ်။ အရေးကြီးတဲ့ဟာ တစ်ခုက... Olivia နဲ့ Andre တို့ လွယ်လွယ်နဲ့ စာသွားသင်နိုင်ပါပြီ။ သင်္ချာနဲ့ စာရေးစာဖတ် သင်ယူလို့ရပြီ။ "မိန်းမနဲ့ ကလေးတွေအတွက် မော်တော်ဆိုင်ကယ် ဝယ်ဖို့ ပိုက်ဆံစုရမယ်။" "ဒါကတော့ ကျွန်တော် နောက်ထပ် လိုချင်တာပါ။" Olivia နဲ့ Andre တို့ ဆင်းရဲတွင်းထဲကနေ စက်ဘီးလေးကို စီးလို့ ထွက်လာတာကို ကြည့်ရတာ အင်မတန် ကြည်နူးစရာပါပဲ။ စာအရေးအဖတ်သင်ဖို့ သူတို့ စက်ဘီးစီးပြီး သွားနိုင်ပြီလေ။ ပညာရေးဟာ လူသားတွေနဲ့ တိုင်းပြည်တွေ တိုးတက်လာဖို့အတွက် အရေးပါတဲ့ အရာပါ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ပညာရေးနဲ့ ပတ်သက်လို့ ဘာတွေ တကယ်ဖြစ်ခဲ့သလဲဆိုတာ လူဘယ်လောက်များများ သိကြမလဲ။ ဗြိတိသျှလူမျိုးတို့ လစ်လျူရှုခဲ့သမျှ ဆိုတဲ့ စစ်တမ်းကို ဆက်ကောက်ဖို့ အချိန်ရောက်ပြီ။ ဒီမယ်ကြည့်...။ ဒီကနေ့ ကမ္ဘာပေါ်မှာ စာရေးစာဖတ်တတ်သူ ဘယ်လောက်ရာခိုင်နှုန်းရှိသလဲ လို့ ကျွန်တော်တို့ မေးကြည့်တယ်။ ဒါကိုပဲ ပရိတ်သတ်ကို မေးကြည့်ချင်တယ်။ ၂၀-ရာနှုန်းလို့ ထင်တဲ့သူ လက်ထောင်...။ ၄၀-ရာနှုန်း။ ၆၀-ရာနှုန်း။ ၈၀-ရာနှုန်း၊ အား... အား... အား...။ ဒါကဖြင့် ဗြိတိသျှတွေရဲ့ အဖြေ။ အလွန်အမင်း ဆင်းရဲမွဲတေတဲ့ စိမ်ခေါ်မှုတွေ များစွာကိုတော့ ဖြေရှင်းနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ ခေတ်မှာ ဒီဆင်းရဲမွဲတေမှုကို အပြီးတိုင် အဆုံးသတ်နိုင်ဖို့ ပထမဆုံး အချိန်အခါပါပဲ။ လူဦးရေတိုးပွားလာတဲ့ စိမ်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းလို့ ရသွားပါပြီ။ ကလေးအရေအတွက်လည်း တိုးမလာတော့ဘဲ၊ ရပ်တန့်သွားပါပြီ။ ကျွန်တော် ကိုယ့်ကိုယ်ကို အကောင်းချည်းမြင်တဲ့သူလို့ မဆိုချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ဖြစ်နိုင်ချေကို ယုံကြည်သူတစ်ဦးပါ။ ပြောချင်တာကတော့ ကမ္ဘာကြီးဟာ အများတကာထင်တာထက်တော့ ပိုပိုကောင်းမွန်လာနေပြီ ဆိုတာပါပဲ။ ကျေးဇူးတင်ပါတယ်။