ရှေးဟောင်းကျိုတိုမှာ ဘာသာတရားကိုင်းရှိုင်း တဲ့ ရှင်တို ပညာရှိဟာ ရိုးစင်းစွာ နေပေမဲ့ ပျာပန်းခပ်နေတဲ့ မြို့ကြောင့် ဘုရားစာတွေ ကို မကြာခဏ အာရုံမစိုက်နိုင်ဖြစ်နေတယ်။ သူ့အိမ်နီးချင်းတွေက သူ့စိတ်ကို ညစ်နွမ်းအောင် လုပ်နေတယ်လို့ ခံစားမိပြီး တစ်ကိုယ်ရေ အပြစ်ဆေးကြောမှုမျိုး လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တယ်။ သူ့ရဲ့ ကိုယ်နဲ့စိတ်ကို ဆေးကြောပေးမဲ့ သန့်စင်ခြင်း ကျင့်စဉ်တစ်ခုပါ။ သူက ကြည်ညိုဖွယ် Hie ဗိမာန်ကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခရီးက တစ်နေကုန် ကြာတဲ့ ပင်ပန်းတဲ့ အတက်ခရီးပါ။ ဒါပေမဲ့ ဒါက သူ့ကို ပေးတဲ့ တစ်ကိုယ်တည်း ဖြစ်ရခြင်းကို သူ ဝမ်းသာမိတယ်။ အိမ်အပြန်မှာ သူ ခံစားရတဲ့ ငြိမ်းချမ်းမှုက အလွန်ကို လေးနက်ခဲ့တယ်။ ပညာရှိက ဒီစိတ်ကြည်လင်မှုကို တတ်နိုင်သမျှ ကြာကြာ ထိန်းသိမ်းဖို့ စိတ်ပိုင်းဖြတ်ပြီး ဒီဝတ်ပြုခရီးကို နောက်ထပ် ၉၉ ကြိမ် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တည်ငြိမ်မှုအတွက် ရှာဖွေမှုထဲက အနှောင့် အယှက်တွေကို လျစ်လျူရှုရင်း၊ ရည်ရွယ်ချက်ကနေ လုံးဝ မသွေဖည်ဘဲ တစ်ဦးတည်း လမ်းလျှောက်နေခဲ့တယ်၊ ဒီလူက သူ့စကား တည်ခဲ့ပြီး နေ့တွေကနေ သီတင်းပတ်တွေအထိ ဆန့်သွားခဲ့တယ်။ သူဟာ သည်းထန်တဲ့မိုး၊ ပူလောင်တဲ့ နေကို ဖြတ်လျှောက်ခဲ့တယ်။ ကြာလာတော့ သူ့ကိုင်းရှိုင်းမှုက ကျွန်ုပ်တို့ ကိုယ်ပိုင်နဲ့ ယှဉ်လျက်ရှိတဲ့ မမြင်နိုင်တဲ့ ဝိဉာဉ်တွေရဲ့ လောကမှာ ပေါ်ထွက်လာခဲ့တယ်။ သူဟာ ခြေဖဝါးအောက်က ကျောက်တုံးတွေကို သက်ဝင်လှုပ်ရှားစေတဲ့ နတ်ကို စသတိပြုတယ်။ လေပြည်က သူ့ကို အေးမြေစေပြီး သတ္တဝါတွေက ကွင်းပြင်တွေထဲမှာ မြက်စားနေတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ သူ စကားမပြောသေးဘူး ဝီဉာဉ် (သို့) လူသားဖြစ်ဖြစ်ပါ။ လမ်းကြောင်းကနေ သူ့ကို လမ်းလွဲစေပြီး ကိလေသာတွေနဲ့ သူကို ညစ်နွမ်းစေတဲ့ သူတွေနဲ့ ဆက်သွယ်တာကို ရှောင်ရှားဖို့ ပိုင်းဖြတ်ထားတယ်။ ကိလေသာရဲ့ ဒီတားမြစ်ချက်က နာမကျန်း သူတွေနဲ သေလွန်သူတွေ အပေါ်မှာ ဖိစီးနေသလို မြေကြီးကို ညစ်ညမ်းစေသူ (သို့) ကြမ်းတမ်းတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတေွကိုရောပါ။ ပညာရှိရဲ့ စင်ကြယ်​ရေး ရှာဖွေမှုကို ခြောက်လှန့်တာတွေ အားလုံးအနက် ကိလေသာက မယှဉ်သာအောင် အကြီးမားဆုံးပါ။ အကြိမ် ၈၀ မြောက် ဝတ်ပြုအပြီးမှာ အိမ်ကို နောက်တစ်ခါ စထွက်ခဲ့တယ်။ ဒါပေမဲ့ မှောင်လာစဉ်မှာ ညလေထဲမှာ ရောက်နေတဲ့ ရှိုက်သံတွေ သူကြားလိုက်တယ်။ ပညာရှိဟာ ရှေ့ကို ဇွတ်တိုးပြီး ညည်းသံတွေကို လျစ်လျူရှုဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ စိုးရိမ်ဖွယ် ငိုသံတွေက သူ့ကို ဖိစီးသွားတယ်။ မျက်နှာရှုံ့မဲ့ရင်း အသံလာရာနောက် လိုက်ဖို့ သူ့လမ်းကြောင်းကနေ ထွက်လိုက်တယ်။ မကြာခင် အပြင်မှာ ချည့်နဲ့နေတဲ့ အမျိုးသမီး တစ်ဦးရှိတဲ့ တဲကျဉ်းလေးတစ်ခုဆီ ရောက်လာတယ်၊ ဝမ်းသာမှု အပြည့်နဲ့ ပညာရှိက အမျိုးသမီးကို သူ့သောကကို မျှဝေဖို့ ပန်ကြားတယ်။ အမျိုးသမီးက သူ့အမေ အခုလေးတင် ဆုံးသွားပေမဲ့ မြေမြှုပ်သင်္ဂြိုလ်ဖို့ ကူညီမယ့်သူ ဘယ်သူမှ မရှိဘူးဆိုတာ ရှင်းပြတယ်။ ဒီသတင်းကြောင့် သူ စိတ်မချမ်းမသာဖြစ်သွားတယ်။ ရုပ်အလောင်းကို ထိခြင်းက သူ့စိတ်ကို ညစ်နွမ်းစေလိမ့်မယ်၊ သူ့အသက်ဓာတ်ကို ကုန်ခမ်းစေပြီး နတ်ရဲ့ ပစ်ပယ်မှုကို ခံရလိမ့်မယ်ပေါ့။ ဒါပေမဲ့ ငိုသံတွေကို နားထောင်စဉ်မှာ သူ့ကရုဏာက တစ်ဟုန်ထိုး မြင့်တက်သွားတယ်။ ဒီလိုနဲ့ ဝိဉာဉ်လောကထဲကို ဘေးကင်းတဲ့ ခရီးဖြစ်စေဖို့ အဖွားအိုကို အတူတကွ မြေမြှုပ်ပေးခဲ့တယ်။ သင်္ဂြိုလ်တာ ပြီးပေမဲ့ သေခြင်းတားမြစ်ချက်က ပညာရှိအပေါ် လေးလံစွာ ဖိစီးခဲ့တယ်။ သူ့ရဲ့ အရေးပါဆုံး စည်းမျဉ်းကို ရှောင်ပြီး သူ့ရဲ့ အလေးအမြတ် ခရီးကို ချိုးဖောက်တာက ဘယ်လောက်များ သူ ရူးမိုက်နိုင်ခဲ့လဲ။ နှိပ်စက်တဲ့ ညတစ်ည အပြီးမှာ သူဟာ မိမိကိုယ်ကိုယ် စင်ကြယ်စေဖို့ ဗိမာန်ဆီ ပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သူ အံ့ဩသွားတာက အမြဲလိုလို ဆိတ်ငြိမ်တဲ့ ကျောင်းတော်ဟာ လူတွေနဲ့ ပြည့်နေတယ်။ အားလုံးဟာ နတ်နဲ့ တိုက်ရိုက် ဆက်သွယ်ပေးသူ နတ်ဝင်သည် တစ်ဦးနားမှာ ဝိုင်းနေကြတယ်။ သူ့စိတ် ညစ်နွမ်းနေတာ တစ်ယောက်ယောက် မြင်မလားဆိုပြီး မကပ်ရဲတော့ ဒီလူကပုန်းနေတယ် ဒါပေမဲ့ နတ်ဝင်သည်က တစ်နည်းနည်းနဲ့ မြင်သွားပြီး လူအုပ်ထဲကနေ ထွက်လာဖို့ သူ့ကို ခေါ်တယ်။ ဒါပေမဲ့ နတ်ဝင်သည်က ပြုံးရုံသာ ပြုံးတယ်။ သူက ဒီလူရဲ့ မသန့်စင်မှုကို ယူလိုက်ပြီး ဒီလူသာ ကြားနိုင်တဲ့ ကောင်းချီးဆုတောင်းကို တီးတိုးဆိုလိုက်ပြီး သူ့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်လိုက်တယ်။ ဒီအခိုက်အတန့်မှာ ပညာရှိဟာ စိတ်ပိုင်း လျှို့ဝှက်ချက်ကြီးတစ်ခုကို တွေ့ရှိခဲ့တယ်။ ညစ်နွမ်းစေခြင်းနဲ့ ဖောက်ဖျက်ခြင်းဟာ အလွန် ခြားနားတဲ့ အရာနှစ်ခုပါ။ ထိုးထွင်းအမြင် အပြည့်နဲ့ ပညာရှိဟာ သူ့ခရီးကို ပြန်စလိုက်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တွေ့ဆုံတဲ့ လူတွေကို ကူညီဖို့ သူ ရပ်တန့်တယ်။ သူ သွားလေရာတိုင်းမှာ စိတ်လောကရဲ့ အလှအပကို စမြင်လာခဲ့တယ်။ သူ အရင်က ကြက်သေ သေခဲ့တဲ မြို့ကြီးထဲမှာတောင်ပါ။ အခြားသူတွေက သူဟာ ကိလေသာကို အရဲစွန့်တာကို သတိပေးတယ်။ ဒါပေမဲ့ သူ ဘာကြောင့် နာမကျန်းသူ၊ ချို့ငဲ့သူတွေနဲ့ ဒီလို လွတ်လပ်စွာ ရောနှောတာကို သူ လုံးဝ မပြောဘူး။ အကြောင်းကတော့ လူတွေဟာ ကိုယ်တိုင် ခရီးထွက်မှသာ အပြစ်ဆေးကြောမှုကို စစ်မှန်စွာ နားလည်နိုင်တာကို သူနားလည်သွားတာကြောင့်ပါ။