WEBVTT 00:00:00.709 --> 00:00:02.303 မင်္ဂလာ ညနေခင်းပါ။ 00:00:02.487 --> 00:00:05.762 Harlem Children's Zone မှာ အလုပ်လုပ်ရတာ ကောင်းချီးပေးခံရမှုပါပဲဗျာ။ 00:00:05.786 --> 00:00:08.974 အာဖရိကန်-အမေရိကန်များ ခေါင်းဆောင်တဲ့ နေထိုင်ရာအခြေပြု ဘက်ပေါင်းစုံ 00:00:08.974 --> 00:00:11.901 ဝန်ဆောင်မှုတွေကို စီစဉ်ပေးရာတွင် ရှေ့ဆောင် အဖွဲ့အစည်းတစ်ခုပါ။ 00:00:11.925 --> 00:00:13.687 ပုခက်မှ လုပ်ငန်းခွင်အထိပေါ့ဗျာ။ 00:00:13.711 --> 00:00:17.131 ဘက်ပေါင်းစုံဆိုတဲ့ စကားလုံးက ကျနော်တို့ လုပ်နေတာရဲ့ အဓိကအချက်ပါပဲ။ 00:00:17.131 --> 00:00:19.703 ပါဝင်ကူညီပေးခြင်း အများစုက ရှုပ်ထွေးကြီးမားလွန်းတဲ့ 00:00:19.703 --> 00:00:21.984 ပဟေဠိရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ အာရုံစိုက်တတ်ကြတယ်။ 00:00:21.984 --> 00:00:24.790 ဒါပေမဲ့ ပဟေဠိကြီးကိုဖြေရှင်းဖို့ အဲ့တာက မလုံလောက်နိုင်ပါဘူး။ 00:00:24.790 --> 00:00:27.150 ကျနော်တို့က ကျောင်းသားလေးတွေရဲ့ အိမ်ထဲက အခြေအနေနဲ့ 00:00:27.150 --> 00:00:28.750 အိမ်တွင်းဝန်းကျင်ကို နားမလည်ရင် 00:00:28.750 --> 00:00:30.839 သူတို့ပညာရေးကိုဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။ 00:00:30.839 --> 00:00:33.285 ပိုကျယ်ပြန့်စွာ ကြည့်ရင်၊ ကျန်းမာရေး၊ အာဟာရပြည့်ရေး 00:00:33.285 --> 00:00:36.094 သို့မဟုတ် ပြစ်မှုဆိုင်ရာတရားမျှတရေး ကိစ္စမှာပဲဖြစ်ဖြစ်ပေါ့။ 00:00:36.094 --> 00:00:39.220 ကျနော်တို့အတွက် ပြောင်းလဲမှုတစ်ခုဆိုတာ ကလေးတစ်ယောက်အတွက် မဟုတ်ဘဲ 00:00:39.244 --> 00:00:40.971 ဝန်းကျင်ဒေသ တစ်ခုလုံးအတွက်ပါပဲ။ 00:00:40.995 --> 00:00:43.701 ကျနော်တို့ဟာ ကိစ္စအများကြီးကို တပြိုင်တည်းလုပ်ရပါတယ်။ 00:00:44.329 --> 00:00:47.970 အဲ့တာ အလုပ်ဖြစ်တာ သက်သေထူပြဖို့ ကျနော်တို့ဆီမှာ အနှစ်၂၀ စာ ဒေတာရှိတယ်။ 00:00:47.970 --> 00:00:50.843 ကျနော်တို့ရဲ့ ဘေဘီကောလိပ်ကနေ ဘွဲ့ရသူ ၇၀၀၀ ရှိသွားပြီ၊ 00:00:50.843 --> 00:00:54.695 ကျနော်တို့ ကျောင်းတွေမှာ လူဖြူ-လူမဲ အောင် မြင်မှု ကွာဟချက်ကို အဆုံးသတ်နိုင်ခဲ့ပြီ။ 00:00:54.719 --> 00:00:58.368 ကျနော်တို့ရဲ့ ကျန်းမာရေး အစီအစဉ်ဖြင့် အဝလွန်မှုနှုန်းကို လျှော့ချနိုင်ခဲ့တယ်။ 00:00:58.368 --> 00:01:01.703 ပြီးတော့ ကောလိပ်မှာ စာရင်းသွင်းကြတဲ့ ကျောင်းသား တစ်ထောင်နား ရောက်နေပြီ။ 00:01:01.703 --> 00:01:05.068 ကျနော်တို့ လက်တွဲယက်လုပ်ထားတဲ့ ဝန်ဆောင်မှု ကွန်ယက်က သိပ်ကျစ်လစ်တာမို့ 00:01:05.068 --> 00:01:07.553 ဘယ်သူမှာမှ အက်ကြောင်းထဲကနေ ထွက်ကျ မသွားနိုင်ပါဘူး။ 00:01:07.576 --> 00:01:10.598 ကျနော်တို့ဟာ ကမ္ဘာတဝှမ်းက ပညာရှင်တွေကို လှုံ့ဆော်နိုင်ခဲ့ကြတယ်။ 00:01:10.598 --> 00:01:13.480 US တဝှမ်းမှာ ကျနော်တို့ရဲ့ လူမှုအသိုင်းအဝန်း ၅၀၀ ကျော်ရှိနေကာ 00:01:13.504 --> 00:01:15.030 နိုင်ငံ ၇၀ ကျော်တို့ဟာ 00:01:15.054 --> 00:01:17.684 ကျနော်တို့အဖွဲ့အစည်းရဲ့ ပုံစံကို လေ့လာဖို့ လာခဲ့ကြတယ်။ 00:01:17.684 --> 00:01:20.867 ခင်ဗျားတို့ သိကြတဲ့အတိုင်း ကမ္ဘာဂြိုလ်ဆိုင်ရာ၊ တစ်ကမ္ဘာလုံးဆိုင်ရာ 00:01:20.867 --> 00:01:24.260 ပြဿနာတွေကို ပုံးတွေထဲမှာ သပ်သပ်ရပ်ရပ် သိမ်းပေးထားတာ မဟုတ်ပါဘူး။ 00:01:24.260 --> 00:01:27.117 ဒါကြောင့် ဖြေရှင်းနည်းတွေဟာလည်း ဘက်ပေါင်းစုံ ထည့်စဉ်းစားပြီး 00:01:27.141 --> 00:01:28.799 အားလုံးခြုံငုံမိဖို့ လိုပါတယ်။ 00:01:29.339 --> 00:01:32.377 အခုဆို ကျနော်တို့ဟာ ကမ္ဘာ့ရောဂါကပ်ကြီးကို ရင်ဆိုင်နေကြရပါတယ်။ 00:01:32.609 --> 00:01:36.648 ကျနော်တို့ အရင်တည်းက သိရှိခဲ့ကြတဲ့ အမှန် တရားကို COVID-19 က ဖွင့်ထုတ်ပြလိုက်ပါတယ်။ 00:01:36.648 --> 00:01:39.318 ကျနော်တို့ထဲက အဆင်းရဲဆုံးလူတွေဟာ သူတို့ရဲ့ အသက်တွေနဲ့ 00:01:39.318 --> 00:01:41.948 နေထိုင်မှုဘဝတွေနဲ့ အမြင်ဆုံး တန်ဖိုးကို ပေးဆပ်နေကြရတယ်။ 00:01:41.948 --> 00:01:46.468 အာဖရိကန်-အမေရိကန်အသိုင်းအဝန်းမှာ ဒါကို နေ့စဉ်နေ့တိုင်း တွေ့မြင်နေရပြီး၊ 00:01:46.468 --> 00:01:49.756 ကျနော်တို့ဟာ လူဖြူပြည်သူများနဲ့စာရင် COVID-19 ကြောင့် သေဆုံးကြရမယ့် 00:01:49.780 --> 00:01:51.447 အလားအလာဟာ ၃.၆ ဆ ပိုများပါတယ်။ 00:01:51.448 --> 00:01:55.115 ကျနော်တို့နိုင်ငံထဲက ကပ်ရောဂါဗဟိုချက် နယူးယောက်မြို့မှာ အဲဒီလိုကျန်းမာရေး 00:01:55.115 --> 00:01:57.128 မမျှတမှုတွေကို ကျနော်တို့ မြင်နိုင်ပါတယ်။ 00:01:57.152 --> 00:01:59.979 ကျန်းမာရေးဆိုင်ရာ မမျှတမှုရဲ့ သက်ရောက်မှုကို ပိုဆိုးဝါးစေတာက 00:01:59.979 --> 00:02:02.577 သိသိသာသာကြီး ပျက်စီးလာနေတဲ့ စီးပွားရေး အခြေအနေပါ။ 00:02:02.601 --> 00:02:04.744 Harlem ထဲက မိသားစုလေးခုထဲက တစ်ခုဆီမှာ 00:02:04.768 --> 00:02:06.449 စားနပ်ရိက္ခာ ပြတ်တောက်နေပြီး 00:02:06.473 --> 00:02:10.839 မိသားစု ၅၇% တို့ကျတော့ ဝင်ငွေမရှိ သို့မဟုတ် အလုပ်မရှိကြောင်း ပြောကြတယ်။ 00:02:11.172 --> 00:02:14.506 Harlem Children's Zoneရဲ့ အလုပ်တွေကို ပိုနားလည်နိုင်ဖို့အတွက် 00:02:14.640 --> 00:02:17.043 ဇာတ်လမ်းတစ်ခုကို ကျနော် ပြောပြချင်တယ်၊ 00:02:17.107 --> 00:02:19.347 နှစ်တန်း ကျောင်းသားလေး Sean ရဲ့ အကြောင်းပေါ့။ 00:02:19.927 --> 00:02:22.467 Sean က သိပ်ချောတဲ့လူမည်း ကောင်လေးတစ်ယောက်၊ 00:02:22.491 --> 00:02:25.633 သူ့အပြုံးလေးက သူရှိနေတဲ့ ဘယ်နေရာကိုမဆို ထိန်လင်းသွားစေမှာပါ။ 00:02:25.999 --> 00:02:28.332 မတ်လတုန်းက ကွာရန်တင်းကာလ စတင်တော့၊ 00:02:28.676 --> 00:02:31.616 Sean ဟာ အွန်လိုင်းကျောင်းကို မတက်တာကို ကျနော်တို့သတိထားမိတယ်။ 00:02:32.252 --> 00:02:34.228 ဒါနဲ့ နည်းနည်း စုံစမ်းကြည့်လိုက်တော့ 00:02:34.244 --> 00:02:38.101 Sean ရဲ့ အမေကို COVID ရောဂါနဲ့ ဆေးရုံတင် လိုက်ရတာကို ကျနော်တို့ သိလာရပါတယ်။ 00:02:38.125 --> 00:02:41.599 ဒါကြောင့် Sean ဟာ အိမ်မှာပဲ သူ့အဘွားနဲ့ သူ့ရဲ့မွေးချင်း ကလေးငယ်လေးနဲ့ပဲ 00:02:41.623 --> 00:02:43.853 နေနေခဲ့ရတယ်။ Sean အဖေက ထောင်ထဲ ရောက်နေတော့ 00:02:43.877 --> 00:02:46.507 Sean ကပဲ အားလုံးကို ပံ့ပိုးပေးသူ ဖြစ်လာခဲ့တယ်။ 00:02:46.527 --> 00:02:48.155 အဘွားခမျာလည်း ရုန်းကန်နေခဲ့ရတယ်။ 00:02:48.379 --> 00:02:50.792 အိမ်မှာ စားနပ်ရိက္ခာ များများစားစား မရှိခဲ့ဘူး။ 00:02:51.096 --> 00:02:52.540 ကလေးအနှီးလည်း နည်းခဲ့ပြီး 00:02:52.574 --> 00:02:54.574 Sean ထံမှာ ကွန်ပျူတာလည်း မရှိခဲ့ဘူး။ 00:02:54.574 --> 00:02:56.487 Sean အမေ ဆေးရုံက ဆင်းလာတော့ 00:02:56.537 --> 00:02:58.577 စိန်ခေါ်မှုတွေဟာ ပိုလို့ကို ဆိုးလာခဲ့တယ်။ 00:02:58.601 --> 00:03:00.800 အဘွားဆီမှာ ရောဂါအခံတွေ ရှိလို့ 00:03:00.823 --> 00:03:03.183 သူတို့ဟာ အဘွားနဲ့အတူ ဆက်နေဖို့က မဖြစ်နိုင်တော့ဘူး။ 00:03:03.183 --> 00:03:06.003 ဒါကြောင့် Sean၊ သူ့မွေးချင်းကလေးငယ်လေးနဲ့ သူ့တို့အမေတို့ဟာ 00:03:06.027 --> 00:03:08.185 ခိုကိုးရာ နေရာတစ်ခုဆီ သွားကြရတယ်။ 00:03:08.318 --> 00:03:12.349 Sean ရဲ့ ဇာတ်လမ်းဟာ Harlem Children's Zone အတွက် ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းမျိုးပါဗျာ။ 00:03:12.498 --> 00:03:15.609 Sean နဲ့တတိုင်းပြည်လုံးက Sean လိုမျိုး ကလေးလေးတွေဟာ 00:03:15.633 --> 00:03:18.823 ဒီကမ္ဘာကြီးက စီစဉ်ပေးနိုင်တဲ့ အရာတွေ အားလုံးကို ရသင့်ရထိုက်တာကို 00:03:18.847 --> 00:03:22.465 ကျုပ်တို့ သိကြပေမဲ့ မမျှတမှုက အဲဒီအခွင့် အရေးကို သူတို့ဆီကနေ လုယူနေပါတယ်။ 00:03:22.577 --> 00:03:24.204 အသားအရောင်ခွဲခြားမှုရဲ့ ရလဒ်နဲ့ 00:03:24.228 --> 00:03:27.651 သမိုင်းတလျှောက်လုံး ရင်းနှီးမြှပ်နှံမှုတွေ တချိန်လုံး မလုံလောက်ခဲ့မှုဟာ 00:03:27.651 --> 00:03:30.484 အခုတော့ COVID-19 ကြောင့် ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။ 00:03:30.533 --> 00:03:32.631 ကျနော်တို့ရဲ့ ဘက်ပေါင်းစုံ ပုံစံဟာဖြင့် 00:03:32.631 --> 00:03:36.128 COVID တိုက်ပွဲထဲတွင် Harlem Children's Zone ရဲ့ အနေအထားဟာ တမူထူးခြားပါတယ်။ 00:03:36.128 --> 00:03:39.382 Harlem ဒေသထဲမှာ ကျွန်တော်တို့ရရှိခဲ့တဲ့ အောင်မြင်မှုကို ကြည့်ကြည့်ရင် 00:03:39.382 --> 00:03:40.748 မလုပ်မနေရ ကိစ္စမျိုးဖြစ်လို့ 00:03:40.748 --> 00:03:43.986 ကျနော်တို့က အလုပ်ဖြစ်တဲ့အရာကို သိရှိနေကြလို့ ဒါကို တစ်နိုင်ငံလုံးကို 00:03:43.986 --> 00:03:46.143 မျှဝေပေးဖို့က ကျနော်တို့ရဲ့တာဝန်ဖြစ်ပါတယ်။ 00:03:46.143 --> 00:03:49.848 ကျနော်တို့ဟာ လူမှုအသိုင်းအဝိုင်းအတွက် COVID-19 ကယ်ဆယ်ရေးနဲ့ နာလန်ထူရေး 00:03:49.848 --> 00:03:51.959 ဘက်စုံ တုံ့ပြန်မှုကို ပြုစုနိုင်ခဲ့ကြပါပြီ၊ 00:03:51.959 --> 00:03:54.077 ကျနော်တို့ လူမှုအသိုင်းအဝန်းမှာ အခြေခံခဲ့ပြီး 00:03:54.085 --> 00:03:57.656 အဓိကလိုအပ်ချက် နယ်ပယ် ၅ ခုကို အာရုံစိုက်ပေးကာ 00:03:57.680 --> 00:04:00.333 Sean လို မိသားစုတွေကို ကူညီထောက်ပံ့နေတဲ့ အစီအစဉ်ပါ။ 00:04:00.765 --> 00:04:02.257 အဲ့နယ်ပယ် ၅ ခုကတော့ 00:04:02.270 --> 00:04:04.619 တစ်။ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ။ 00:04:04.633 --> 00:04:08.329 ကျနော်တို့မိသားစုများက ငွေသားကို ချက်ချင်း လက်ငင်း လိုအပ်နေတာ ကျနော်တို့သိတယ်။ 00:04:08.329 --> 00:04:11.378 နှစ်။ ကျနော်တို့ထဲက ထိခိုက်နစ်နာလွယ်သူ တို့ကို ကာကွယ်ပေးဖို့ပါ။ 00:04:11.378 --> 00:04:14.121 ကျနော်တို့ မိသားစုတွေဟာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ 00:04:14.162 --> 00:04:16.212 သတင်းအချက်အလက်တွေ ရရှိပိုင်ခွင့် ရှိကြရမယ်။ 00:04:16.212 --> 00:04:17.715 အစားအစာနဲ့ နှာခေါင်းစည်းတွေ 00:04:17.715 --> 00:04:21.289 အသေအချာ ရွေးထားတဲ့ ရင်းမြစ်စာရင်းနဲ့ 00:04:21.323 --> 00:04:23.323 လူထုကျန်းမာရေး အစီအစဉ် စသဖြင့်ပေါ့လေ။ 00:04:23.353 --> 00:04:25.941 သုံး။ ဒီဂျစ်တယ်အရ ကွာဟမှုကို ပေါင်းကူးပေးဖို့ပါ။ 00:04:26.066 --> 00:04:29.068 အင်တာနက်ဟာ အခြေခံ ရပိုင်ခွင့်ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ 00:04:29.092 --> 00:04:31.834 ဒါကြောင့် ကျနော်တို့မိသားစုတွေ ချိတ်ဆက်နိုင်စွမ်း ရှိကြတာ၊ 00:04:31.858 --> 00:04:34.164 ကျောင်းနေအရွယ် ကလေးရှိတဲ့ အိမ်ထောင်စုတိုင်းထဲတွင် 00:04:34.164 --> 00:04:37.159 သင့်တော်တဲ့ သင်ကြားရေးကိရိယာတွေ ရှိတာကို အာမခံပေးဖို့ လိုပါတယ်။ 00:04:37.159 --> 00:04:39.276 လေး။ ပညာရေး ဆုံးရှုံးမှု လုံးဝမရှိရေး။ 00:04:39.300 --> 00:04:42.525 ကျောင်းသား မျိုးဆက်တစ်ခုလုံးဟာ ပညာရေးနှစ် တစ်နှစ်လုံး ဆုံးရှုံးရမယ့် 00:04:42.525 --> 00:04:44.704 အန္တရာယ်မျိုးရှိနေတာကို ကျနော်တို့ သိကြပါတယ်။ 00:04:44.704 --> 00:04:46.561 ကျနော်တို့ စီစဉ်ထုတ်လွှင့်ပေးကြတဲ့ 00:04:46.577 --> 00:04:48.921 အွန်လိုင်း ပို့ချချက်တွေ အရည်အသွေး မြင့်ဖို့အပြင် 00:04:48.921 --> 00:04:53.058 ကျောင်းပြန်ဖွင့်ရင် လုံခြုံစွာ ကျောင်းပြန် တက်နိုင်ဖို့ကို အာမခံပေးဖို့ လိုပါတယ်။ 00:04:53.058 --> 00:04:55.875 ငါး။ စိတ်ကျန်းမာရေး အကျပ်အတည်း လျော့နည်းစေရန် ကူညီပေးရေး။ 00:04:55.875 --> 00:04:59.468 ဒီမျိုးဆက်ဟာ အန္တရာယ်များတဲ့ စိတ်ဖိစီးမှု တွေ အလုံးအရင်းနဲ့ ရင်ဆိုင်ရမှာမို့ 00:04:59.492 --> 00:05:01.871 PTSD ဆိုင်ရာ ပြဿနာတွေ ကြုံကြရမှာကို စိုးရိမ်ရပါတယ်။ 00:05:01.871 --> 00:05:05.461 ကျနော်တို့ မိသားစုတွေဆီမှာ တယ်လီဖုန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုနဲ့ 00:05:05.684 --> 00:05:08.154 တခြားအွန်လိုင်း ကူညီမှုတွေရရှိမှာကို အာမခံပေးရမယ်။ 00:05:08.267 --> 00:05:10.356 US မြို့ကြီး ခြောက်မြို့မှာ ကျနော်တို့ရဲ့ 00:05:10.380 --> 00:05:12.998 အရမ်းမိုက်တဲ့ ပါတနာ‌ခြောက်ဖွဲ့ရှိကြပြီး 00:05:13.022 --> 00:05:14.819 သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံကိုယူပြီး 00:05:14.819 --> 00:05:17.816 သူတို့အသိုင်းအဝန်းနဲ့ လိုက်ဖက်အောင် ပြုပြင် ဆောင်ရွက်နေကြပါတယ်။ 00:05:17.816 --> 00:05:19.855 အဲ့မြို့တွေက Oakland, Minneapolis 00:05:19.879 --> 00:05:23.743 Chicago, Detroit, Newark နဲ့ Atlanta တို့ ဖြစ်ကြပါတယ်။ 00:05:23.743 --> 00:05:25.210 အဲ့ဒီပါတနာတွေအပြင် 00:05:25.210 --> 00:05:27.940 ကျနော်တို့မှာ နိုင်ငံတော်အဆင့် ပါတနာ သုံးခုလည်း ရှိသေးရာ၊ 00:05:27.940 --> 00:05:30.620 သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံနဲ့ နည်းဗျူဟာတွေကို သူတို့ရဲ့ 00:05:30.620 --> 00:05:31.926 ကွန်ယက်မှတစ်ဆင့် ဝေမျှရင်း 00:05:31.950 --> 00:05:33.839 ကျနော်တို့ရဲ့ အကျိုးသက်ရောက်မှုကို 00:05:33.863 --> 00:05:36.503 မူဝါဒကို ရှင်းပြပေးခြင်းဖြင့် ပိုပြီး ထိရောက်လာစေပါမယ်။ 00:05:36.577 --> 00:05:39.237 ကျနော်တို့ဟာ အဆင့် သုံးဆင့်မှာ သက်ရောက်မှု ရှိလာပါမယ်။ 00:05:39.565 --> 00:05:43.066 လူတစ်ဦးချင်းစီအတွက် သက်ရောက်မှုကို Harlem ဒေသထဲမှာ 00:05:43.090 --> 00:05:45.503 ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ 00:05:45.527 --> 00:05:47.466 အကျိုးရလဒ်တွေ တသီကြီးကို 00:05:47.490 --> 00:05:49.490 လူသုံးသောင်းအထိ ခံစားနေကြရပြီ။ 00:05:50.244 --> 00:05:53.487 လူမှုအသိုင်းအဝန်းအဆင့် သက်ရောက်မှု အနေနဲ့က မြို့ကြီး ၆ မြို့မှာ 00:05:53.511 --> 00:05:55.788 ကျနော်တို့ရဲ့အရမ်းမိုက်တဲ့ ပါတနာတွေကနေတစ်ဆင့် 00:05:55.812 --> 00:05:58.232 နောက်ထပ် လူပေါင်း ခုနှစ်သောင်းတို့ ခံစားကြရမှာပါ။ 00:05:58.309 --> 00:06:00.418 ပြီးတော့ နိုင်ငံတော်အဆင့် သက်ရောက်မှုက 00:06:00.442 --> 00:06:02.418 မူဝါဒကို ရှင်းပြခြင်းဖြင့်သာ မကဘဲ၊ 00:06:02.434 --> 00:06:05.034 လုပ်နိုင်စွမ်းကို စကေးကြီးဖြင့် တည်ထောင်ပေးမှုပါ။ 00:06:05.337 --> 00:06:07.376 COVID-19နဲ့ ကျနော်တို့ လူ့အသိုင်းအဝန်းကို 00:06:07.473 --> 00:06:10.835 ဒုက္ခပေးနေတဲ့ စိတ်ပျက်မှု၊ မမျှတမှုတွေ အတွက် ကျနော်တို့ရဲ့ အဖြေကတော့ 00:06:10.835 --> 00:06:14.192 နေထိုင်ရာဒေသတွင်း ဘက်ပေါင်းစုံ ဝန်ဆောင်မှုတွေ စီစဉ်ပေးခြင်းပဲ ဖြစ်တယ်။ 00:06:14.530 --> 00:06:17.070 ကျနော်တို့ဟာ မျှော်လင့်ချက်တွေ ပျောက်မသွားသေးပါဘူး။ 00:06:17.317 --> 00:06:21.085 ဒီစစ်ပွဲရှေ့တန်းမှာ ကျနော်တို့နဲ့ လက်တွဲ ပါဝင်ဖို့ ခင်ဗျားတို့ကို ဖိတ်ခေါ်ပါတယ်။ 00:06:21.238 --> 00:06:22.567 ကျေးဇူးတင်ပါတယ် ခင်ဗျာ။