0:00:00.709,0:00:02.303 မင်္ဂလာ ညနေခင်းပါ။ 0:00:02.487,0:00:05.762 Harlem Children's Zone မှာ အလုပ်လုပ်ရတာ[br]ကောင်းချီးပေးခံရမှုပါပဲဗျာ။ 0:00:05.786,0:00:08.974 အာဖရိကန်-အမေရိကန်များ ခေါင်းဆောင်တဲ့[br]နေထိုင်ရာအခြေပြု ဘက်ပေါင်းစုံ 0:00:08.974,0:00:11.901 ဝန်ဆောင်မှုတွေကို စီစဉ်ပေးရာတွင်[br]ရှေ့ဆောင် အဖွဲ့အစည်းတစ်ခုပါ။ 0:00:11.925,0:00:13.687 ပုခက်မှ လုပ်ငန်းခွင်အထိပေါ့ဗျာ။ 0:00:13.711,0:00:17.131 ဘက်ပေါင်းစုံဆိုတဲ့ စကားလုံးက ကျနော်တို့[br]လုပ်နေတာရဲ့ အဓိကအချက်ပါပဲ။ 0:00:17.131,0:00:19.703 ပါဝင်ကူညီပေးခြင်း အများစုက[br]ရှုပ်ထွေးကြီးမားလွန်းတဲ့ 0:00:19.703,0:00:21.984 ပဟေဠိရဲ့တစ်စိတ်တစ်ပိုင်းကိုပဲ[br]အာရုံစိုက်တတ်ကြတယ်။ 0:00:21.984,0:00:24.790 ဒါပေမဲ့ ပဟေဠိကြီးကိုဖြေရှင်းဖို့[br]အဲ့တာက မလုံလောက်နိုင်ပါဘူး။ 0:00:24.790,0:00:27.150 ကျနော်တို့က ကျောင်းသားလေးတွေရဲ့[br]အိမ်ထဲက အခြေအနေနဲ့ 0:00:27.150,0:00:28.750 အိမ်တွင်းဝန်းကျင်ကို နားမလည်ရင် 0:00:28.750,0:00:30.839 သူတို့ပညာရေးကိုဖြေရှင်းပေးနိုင်မှာ[br]မဟုတ်ဘူး။ 0:00:30.839,0:00:33.285 ပိုကျယ်ပြန့်စွာ ကြည့်ရင်၊ [br]ကျန်းမာရေး၊ အာဟာရပြည့်ရေး 0:00:33.285,0:00:36.094 သို့မဟုတ် ပြစ်မှုဆိုင်ရာတရားမျှတရေး[br]ကိစ္စမှာပဲဖြစ်ဖြစ်ပေါ့။ 0:00:36.094,0:00:39.220 ကျနော်တို့အတွက် ပြောင်းလဲမှုတစ်ခုဆိုတာ[br]ကလေးတစ်ယောက်အတွက် မဟုတ်ဘဲ 0:00:39.244,0:00:40.971 ဝန်းကျင်ဒေသ တစ်ခုလုံးအတွက်ပါပဲ။ 0:00:40.995,0:00:43.701 ကျနော်တို့ဟာ ကိစ္စအများကြီးကို[br]တပြိုင်တည်းလုပ်ရပါတယ်။ 0:00:44.329,0:00:47.970 အဲ့တာ အလုပ်ဖြစ်တာ သက်သေထူပြဖို့[br]ကျနော်တို့ဆီမှာ အနှစ်၂၀ စာ ဒေတာရှိတယ်။ 0:00:47.970,0:00:50.843 ကျနော်တို့ရဲ့ ဘေဘီကောလိပ်ကနေ[br]ဘွဲ့ရသူ ၇၀၀၀ ရှိသွားပြီ၊ 0:00:50.843,0:00:54.695 ကျနော်တို့ ကျောင်းတွေမှာ လူဖြူ-လူမဲ အောင်[br]မြင်မှု ကွာဟချက်ကို အဆုံးသတ်နိုင်ခဲ့ပြီ။ 0:00:54.719,0:00:58.368 ကျနော်တို့ရဲ့ ကျန်းမာရေး အစီအစဉ်ဖြင့်[br]အဝလွန်မှုနှုန်းကို လျှော့ချနိုင်ခဲ့တယ်။ 0:00:58.368,0:01:01.703 ပြီးတော့ ကောလိပ်မှာ စာရင်းသွင်းကြတဲ့[br]ကျောင်းသား တစ်ထောင်နား ရောက်နေပြီ။ 0:01:01.703,0:01:05.068 ကျနော်တို့ လက်တွဲယက်လုပ်ထားတဲ့ ဝန်ဆောင်မှု[br]ကွန်ယက်က သိပ်ကျစ်လစ်တာမို့ 0:01:05.068,0:01:07.553 ဘယ်သူမှာမှ အက်ကြောင်းထဲကနေ[br]ထွက်ကျ မသွားနိုင်ပါဘူး။ 0:01:07.576,0:01:10.598 ကျနော်တို့ဟာ ကမ္ဘာတဝှမ်းက ပညာရှင်တွေကို[br]လှုံ့ဆော်နိုင်ခဲ့ကြတယ်။ 0:01:10.598,0:01:13.480 US တဝှမ်းမှာ ကျနော်တို့ရဲ့[br]လူမှုအသိုင်းအဝန်း ၅၀၀ ကျော်ရှိနေကာ 0:01:13.504,0:01:15.030 နိုင်ငံ ၇၀ ကျော်တို့ဟာ 0:01:15.054,0:01:17.684 ကျနော်တို့အဖွဲ့အစည်းရဲ့ ပုံစံကို[br]လေ့လာဖို့ လာခဲ့ကြတယ်။ 0:01:17.684,0:01:20.867 ခင်ဗျားတို့ သိကြတဲ့အတိုင်း[br]ကမ္ဘာဂြိုလ်ဆိုင်ရာ၊ တစ်ကမ္ဘာလုံးဆိုင်ရာ 0:01:20.867,0:01:24.260 ပြဿနာတွေကို ပုံးတွေထဲမှာ သပ်သပ်ရပ်ရပ်[br]သိမ်းပေးထားတာ မဟုတ်ပါဘူး။ 0:01:24.260,0:01:27.117 ဒါကြောင့် ဖြေရှင်းနည်းတွေဟာလည်း[br]ဘက်ပေါင်းစုံ ထည့်စဉ်းစားပြီး 0:01:27.141,0:01:28.799 အားလုံးခြုံငုံမိဖို့ လိုပါတယ်။ 0:01:29.339,0:01:32.377 အခုဆို ကျနော်တို့ဟာ ကမ္ဘာ့ရောဂါကပ်ကြီးကို[br]ရင်ဆိုင်နေကြရပါတယ်။ 0:01:32.609,0:01:36.648 ကျနော်တို့ အရင်တည်းက သိရှိခဲ့ကြတဲ့ အမှန်[br]တရားကို COVID-19 က ဖွင့်ထုတ်ပြလိုက်ပါတယ်။ 0:01:36.648,0:01:39.318 ကျနော်တို့ထဲက အဆင်းရဲဆုံးလူတွေဟာ[br]သူတို့ရဲ့ အသက်တွေနဲ့ 0:01:39.318,0:01:41.948 နေထိုင်မှုဘဝတွေနဲ့ အမြင်ဆုံး တန်ဖိုးကို[br]ပေးဆပ်နေကြရတယ်။ 0:01:41.948,0:01:46.468 အာဖရိကန်-အမေရိကန်အသိုင်းအဝန်းမှာ[br]ဒါကို နေ့စဉ်နေ့တိုင်း တွေ့မြင်နေရပြီး၊ 0:01:46.468,0:01:49.756 ကျနော်တို့ဟာ လူဖြူပြည်သူများနဲ့စာရင်[br]COVID-19 ကြောင့် သေဆုံးကြရမယ့် 0:01:49.780,0:01:51.447 အလားအလာဟာ ၃.၆ ဆ ပိုများပါတယ်။ 0:01:51.448,0:01:55.115 ကျနော်တို့နိုင်ငံထဲက ကပ်ရောဂါဗဟိုချက်[br]နယူးယောက်မြို့မှာ အဲဒီလိုကျန်းမာရေး 0:01:55.115,0:01:57.128 မမျှတမှုတွေကို ကျနော်တို့ မြင်နိုင်ပါတယ်။ 0:01:57.152,0:01:59.979 ကျန်းမာရေးဆိုင်ရာ မမျှတမှုရဲ့[br]သက်ရောက်မှုကို ပိုဆိုးဝါးစေတာက 0:01:59.979,0:02:02.577 သိသိသာသာကြီး ပျက်စီးလာနေတဲ့ စီးပွားရေး[br]အခြေအနေပါ။ 0:02:02.601,0:02:04.744 Harlem ထဲက မိသားစုလေးခုထဲက တစ်ခုဆီမှာ 0:02:04.768,0:02:06.449 စားနပ်ရိက္ခာ ပြတ်တောက်နေပြီး 0:02:06.473,0:02:10.839 မိသားစု ၅၇% တို့ကျတော့ ဝင်ငွေမရှိ[br]သို့မဟုတ် အလုပ်မရှိကြောင်း ပြောကြတယ်။ 0:02:11.172,0:02:14.506 Harlem Children's Zoneရဲ့ အလုပ်တွေကို[br]ပိုနားလည်နိုင်ဖို့အတွက် 0:02:14.640,0:02:17.043 ဇာတ်လမ်းတစ်ခုကို ကျနော် ပြောပြချင်တယ်၊ 0:02:17.107,0:02:19.347 နှစ်တန်း ကျောင်းသားလေး[br]Sean ရဲ့ အကြောင်းပေါ့။ 0:02:19.927,0:02:22.467 Sean က သိပ်ချောတဲ့လူမည်း ကောင်လေးတစ်ယောက်၊ 0:02:22.491,0:02:25.633 သူ့အပြုံးလေးက သူရှိနေတဲ့ ဘယ်နေရာကိုမဆို[br]ထိန်လင်းသွားစေမှာပါ။ 0:02:25.999,0:02:28.332 မတ်လတုန်းက ကွာရန်တင်းကာလ စတင်တော့၊ 0:02:28.676,0:02:31.616 Sean ဟာ အွန်လိုင်းကျောင်းကို[br]မတက်တာကို ကျနော်တို့သတိထားမိတယ်။ 0:02:32.252,0:02:34.228 ဒါနဲ့ နည်းနည်း စုံစမ်းကြည့်လိုက်တော့ 0:02:34.244,0:02:38.101 Sean ရဲ့ အမေကို COVID ရောဂါနဲ့ ဆေးရုံတင်[br]လိုက်ရတာကို ကျနော်တို့ သိလာရပါတယ်။ 0:02:38.125,0:02:41.599 ဒါကြောင့် Sean ဟာ အိမ်မှာပဲ သူ့အဘွားနဲ့[br]သူ့ရဲ့မွေးချင်း ကလေးငယ်လေးနဲ့ပဲ 0:02:41.623,0:02:43.853 နေနေခဲ့ရတယ်။[br]Sean အဖေက ထောင်ထဲ ရောက်နေတော့ 0:02:43.877,0:02:46.507 Sean ကပဲ အားလုံးကို[br]ပံ့ပိုးပေးသူ ဖြစ်လာခဲ့တယ်။ 0:02:46.527,0:02:48.155 အဘွားခမျာလည်း ရုန်းကန်နေခဲ့ရတယ်။ 0:02:48.379,0:02:50.792 အိမ်မှာ စားနပ်ရိက္ခာ[br]များများစားစား မရှိခဲ့ဘူး။ 0:02:51.096,0:02:52.540 ကလေးအနှီးလည်း နည်းခဲ့ပြီး 0:02:52.574,0:02:54.574 Sean ထံမှာ ကွန်ပျူတာလည်း မရှိခဲ့ဘူး။ 0:02:54.574,0:02:56.487 Sean အမေ ဆေးရုံက ဆင်းလာတော့ 0:02:56.537,0:02:58.577 စိန်ခေါ်မှုတွေဟာ ပိုလို့ကို ဆိုးလာခဲ့တယ်။ 0:02:58.601,0:03:00.800 အဘွားဆီမှာ ရောဂါအခံတွေ ရှိလို့ 0:03:00.823,0:03:03.183 သူတို့ဟာ အဘွားနဲ့အတူ ဆက်နေဖို့က[br]မဖြစ်နိုင်တော့ဘူး။ 0:03:03.183,0:03:06.003 ဒါကြောင့် Sean၊ သူ့မွေးချင်းကလေးငယ်လေးနဲ့[br]သူ့တို့အမေတို့ဟာ 0:03:06.027,0:03:08.185 ခိုကိုးရာ နေရာတစ်ခုဆီ သွားကြရတယ်။ 0:03:08.318,0:03:12.349 Sean ရဲ့ ဇာတ်လမ်းဟာ Harlem Children's Zone[br]အတွက် ဖြစ်ရိုးဖြစ်စဉ် ဇာတ်လမ်းမျိုးပါဗျာ။ 0:03:12.498,0:03:15.609 Sean နဲ့တတိုင်းပြည်လုံးက[br]Sean လိုမျိုး ကလေးလေးတွေဟာ 0:03:15.633,0:03:18.823 ဒီကမ္ဘာကြီးက စီစဉ်ပေးနိုင်တဲ့ အရာတွေ[br]အားလုံးကို ရသင့်ရထိုက်တာကို 0:03:18.847,0:03:22.465 ကျုပ်တို့ သိကြပေမဲ့ မမျှတမှုက အဲဒီအခွင့်[br]အရေးကို သူတို့ဆီကနေ လုယူနေပါတယ်။ 0:03:22.577,0:03:24.204 အသားအရောင်ခွဲခြားမှုရဲ့ ရလဒ်နဲ့ 0:03:24.228,0:03:27.651 သမိုင်းတလျှောက်လုံး ရင်းနှီးမြှပ်နှံမှုတွေ[br]တချိန်လုံး မလုံလောက်ခဲ့မှုဟာ 0:03:27.651,0:03:30.484 အခုတော့ COVID-19 ကြောင့်[br]ပိုပြီး ဆိုးဝါးလာခဲ့ပါတယ်။ 0:03:30.533,0:03:32.631 ကျနော်တို့ရဲ့ ဘက်ပေါင်းစုံ ပုံစံဟာဖြင့် 0:03:32.631,0:03:36.128 COVID တိုက်ပွဲထဲတွင် Harlem Children's[br]Zone ရဲ့ အနေအထားဟာ တမူထူးခြားပါတယ်။ 0:03:36.128,0:03:39.382 Harlem ဒေသထဲမှာ ကျွန်တော်တို့ရရှိခဲ့တဲ့[br]အောင်မြင်မှုကို ကြည့်ကြည့်ရင် 0:03:39.382,0:03:40.748 မလုပ်မနေရ ကိစ္စမျိုးဖြစ်လို့ 0:03:40.748,0:03:43.986 ကျနော်တို့က အလုပ်ဖြစ်တဲ့အရာကို[br]သိရှိနေကြလို့ ဒါကို တစ်နိုင်ငံလုံးကို 0:03:43.986,0:03:46.143 မျှဝေပေးဖို့က ကျနော်တို့ရဲ့တာဝန်ဖြစ်ပါတယ်။ 0:03:46.143,0:03:49.848 ကျနော်တို့ဟာ လူမှုအသိုင်းအဝိုင်းအတွက်[br]COVID-19 ကယ်ဆယ်ရေးနဲ့ နာလန်ထူရေး 0:03:49.848,0:03:51.959 ဘက်စုံ တုံ့ပြန်မှုကို[br]ပြုစုနိုင်ခဲ့ကြပါပြီ၊ 0:03:51.959,0:03:54.077 ကျနော်တို့ လူမှုအသိုင်းအဝန်းမှာ[br]အခြေခံခဲ့ပြီး 0:03:54.085,0:03:57.656 အဓိကလိုအပ်ချက် နယ်ပယ် ၅ ခုကို[br]အာရုံစိုက်ပေးကာ 0:03:57.680,0:04:00.333 Sean လို မိသားစုတွေကို[br]ကူညီထောက်ပံ့နေတဲ့ အစီအစဉ်ပါ။ 0:04:00.765,0:04:02.257 အဲ့နယ်ပယ် ၅ ခုကတော့ 0:04:02.270,0:04:04.619 တစ်။ အရေးပေါ် ကယ်ဆယ်ရေး ရန်ပုံငွေ။ 0:04:04.633,0:04:08.329 ကျနော်တို့မိသားစုများက ငွေသားကို ချက်ချင်း[br]လက်ငင်း လိုအပ်နေတာ ကျနော်တို့သိတယ်။ 0:04:08.329,0:04:11.378 နှစ်။ ကျနော်တို့ထဲက ထိခိုက်နစ်နာလွယ်သူ[br]တို့ကို ကာကွယ်ပေးဖို့ပါ။ 0:04:11.378,0:04:14.121 ကျနော်တို့ မိသားစုတွေဟာ မရှိမဖြစ်လိုအပ်တဲ့[br]ပစ္စည်းတွေနဲ့ 0:04:14.162,0:04:16.212 သတင်းအချက်အလက်တွေ[br]ရရှိပိုင်ခွင့် ရှိကြရမယ်။ 0:04:16.212,0:04:17.715 အစားအစာနဲ့ နှာခေါင်းစည်းတွေ 0:04:17.715,0:04:21.289 အသေအချာ ရွေးထားတဲ့ ရင်းမြစ်စာရင်းနဲ့ 0:04:21.323,0:04:23.323 လူထုကျန်းမာရေး အစီအစဉ် စသဖြင့်ပေါ့လေ။ 0:04:23.353,0:04:25.941 သုံး။ ဒီဂျစ်တယ်အရ ကွာဟမှုကို[br]ပေါင်းကူးပေးဖို့ပါ။ 0:04:26.066,0:04:29.068 အင်တာနက်ဟာ အခြေခံ ရပိုင်ခွင့်ဖြစ်တယ်လို့[br]ကျနော်တို့ ယုံကြည်တယ်။ 0:04:29.092,0:04:31.834 ဒါကြောင့် ကျနော်တို့မိသားစုတွေ[br]ချိတ်ဆက်နိုင်စွမ်း ရှိကြတာ၊ 0:04:31.858,0:04:34.164 ကျောင်းနေအရွယ် ကလေးရှိတဲ့[br]အိမ်ထောင်စုတိုင်းထဲတွင် 0:04:34.164,0:04:37.159 သင့်တော်တဲ့ သင်ကြားရေးကိရိယာတွေ[br]ရှိတာကို အာမခံပေးဖို့ လိုပါတယ်။ 0:04:37.159,0:04:39.276 လေး။ ပညာရေး ဆုံးရှုံးမှု လုံးဝမရှိရေး။ 0:04:39.300,0:04:42.525 ကျောင်းသား မျိုးဆက်တစ်ခုလုံးဟာ[br]ပညာရေးနှစ် တစ်နှစ်လုံး ဆုံးရှုံးရမယ့် 0:04:42.525,0:04:44.704 အန္တရာယ်မျိုးရှိနေတာကို[br]ကျနော်တို့ သိကြပါတယ်။ 0:04:44.704,0:04:46.561 ကျနော်တို့ စီစဉ်ထုတ်လွှင့်ပေးကြတဲ့ 0:04:46.577,0:04:48.921 အွန်လိုင်း ပို့ချချက်တွေ[br]အရည်အသွေး မြင့်ဖို့အပြင် 0:04:48.921,0:04:53.058 ကျောင်းပြန်ဖွင့်ရင် လုံခြုံစွာ ကျောင်းပြန်[br]တက်နိုင်ဖို့ကို အာမခံပေးဖို့ လိုပါတယ်။ 0:04:53.058,0:04:55.875 ငါး။ စိတ်ကျန်းမာရေး အကျပ်အတည်း[br]လျော့နည်းစေရန် ကူညီပေးရေး။ 0:04:55.875,0:04:59.468 ဒီမျိုးဆက်ဟာ အန္တရာယ်များတဲ့ စိတ်ဖိစီးမှု[br]တွေ အလုံးအရင်းနဲ့ ရင်ဆိုင်ရမှာမို့ 0:04:59.492,0:05:01.871 PTSD ဆိုင်ရာ ပြဿနာတွေ[br]ကြုံကြရမှာကို စိုးရိမ်ရပါတယ်။ 0:05:01.871,0:05:05.461 ကျနော်တို့ မိသားစုတွေဆီမှာ တယ်လီဖုန်းဖြင့်[br]ကျန်းမာရေးဝန်ဆောင်မှုနဲ့ 0:05:05.684,0:05:08.154 တခြားအွန်လိုင်း ကူညီမှုတွေရရှိမှာကို[br]အာမခံပေးရမယ်။ 0:05:08.267,0:05:10.356 US မြို့ကြီး ခြောက်မြို့မှာ ကျနော်တို့ရဲ့ 0:05:10.380,0:05:12.998 အရမ်းမိုက်တဲ့ ပါတနာ‌ခြောက်ဖွဲ့ရှိကြပြီး 0:05:13.022,0:05:14.819 သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံကိုယူပြီး 0:05:14.819,0:05:17.816 သူတို့အသိုင်းအဝန်းနဲ့ လိုက်ဖက်အောင်[br]ပြုပြင် ဆောင်ရွက်နေကြပါတယ်။ 0:05:17.816,0:05:19.855 အဲ့မြို့တွေက Oakland, Minneapolis 0:05:19.879,0:05:23.743 Chicago, Detroit, Newark နဲ့ [br]Atlanta တို့ ဖြစ်ကြပါတယ်။ 0:05:23.743,0:05:25.210 အဲ့ဒီပါတနာတွေအပြင် 0:05:25.210,0:05:27.940 ကျနော်တို့မှာ နိုင်ငံတော်အဆင့်[br]ပါတနာ သုံးခုလည်း ရှိသေးရာ၊ 0:05:27.940,0:05:30.620 သူတို့ဟာ ကျနော်တို့ရဲ့ ပုံစံနဲ့[br]နည်းဗျူဟာတွေကို သူတို့ရဲ့ 0:05:30.620,0:05:31.926 ကွန်ယက်မှတစ်ဆင့် ဝေမျှရင်း 0:05:31.950,0:05:33.839 ကျနော်တို့ရဲ့ အကျိုးသက်ရောက်မှုကို 0:05:33.863,0:05:36.503 မူဝါဒကို ရှင်းပြပေးခြင်းဖြင့်[br]ပိုပြီး ထိရောက်လာစေပါမယ်။ 0:05:36.577,0:05:39.237 ကျနော်တို့ဟာ အဆင့် သုံးဆင့်မှာ[br]သက်ရောက်မှု ရှိလာပါမယ်။ 0:05:39.565,0:05:43.066 လူတစ်ဦးချင်းစီအတွက် သက်ရောက်မှုကို[br]Harlem ဒေသထဲမှာ 0:05:43.090,0:05:45.503 ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ 0:05:45.527,0:05:47.466 အကျိုးရလဒ်တွေ တသီကြီးကို 0:05:47.490,0:05:49.490 လူသုံးသောင်းအထိ ခံစားနေကြရပြီ။ 0:05:50.244,0:05:53.487 လူမှုအသိုင်းအဝန်းအဆင့် သက်ရောက်မှု[br]အနေနဲ့က မြို့ကြီး ၆ မြို့မှာ 0:05:53.511,0:05:55.788 ကျနော်တို့ရဲ့အရမ်းမိုက်တဲ့[br]ပါတနာတွေကနေတစ်ဆင့် 0:05:55.812,0:05:58.232 နောက်ထပ် လူပေါင်း ခုနှစ်သောင်းတို့[br]ခံစားကြရမှာပါ။ 0:05:58.309,0:06:00.418 ပြီးတော့ နိုင်ငံတော်အဆင့် သက်ရောက်မှုက 0:06:00.442,0:06:02.418 မူဝါဒကို ရှင်းပြခြင်းဖြင့်သာ မကဘဲ၊ 0:06:02.434,0:06:05.034 လုပ်နိုင်စွမ်းကို စကေးကြီးဖြင့်[br]တည်ထောင်ပေးမှုပါ။ 0:06:05.337,0:06:07.376 COVID-19နဲ့ ကျနော်တို့ လူ့အသိုင်းအဝန်းကို 0:06:07.473,0:06:10.835 ဒုက္ခပေးနေတဲ့ စိတ်ပျက်မှု၊ မမျှတမှုတွေ[br]အတွက် ကျနော်တို့ရဲ့ အဖြေကတော့ 0:06:10.835,0:06:14.192 နေထိုင်ရာဒေသတွင်း ဘက်ပေါင်းစုံ[br]ဝန်ဆောင်မှုတွေ စီစဉ်ပေးခြင်းပဲ ဖြစ်တယ်။ 0:06:14.530,0:06:17.070 ကျနော်တို့ဟာ မျှော်လင့်ချက်တွေ[br]ပျောက်မသွားသေးပါဘူး။ 0:06:17.317,0:06:21.085 ဒီစစ်ပွဲရှေ့တန်းမှာ ကျနော်တို့နဲ့ လက်တွဲ[br]ပါဝင်ဖို့ ခင်ဗျားတို့ကို ဖိတ်ခေါ်ပါတယ်။ 0:06:21.238,0:06:22.567 ကျေးဇူးတင်ပါတယ် ခင်ဗျာ။