ဒီကနေ တစ်မိုင်ကျော် အဝေးက Edinburgh ရဲ့ မြို့ဟောင်းမှာ Panmure House ရှိတယ်။ Panmure House ဆိုတာက ကမ္ဘာကျော် စကော့လူမျိုး ဘောဂဗေဒပညာရှင် Adam Smith ရဲ့ နေအိမ်ပါ။ သူ့ရဲ့ အရေးပါတဲ့ လက်ရာ "The Wealth of Nations" မှာ Adam Smith ဆွေးနွေးငြင်းခုံထားတာက အခြားသော အရာတွေအနက် နိုင်ငံတစ်နိုင်ငံကို တိုင်းတာတာရာမှာ ယင်းနိုင်ငံရဲ့ ရွေ၊ ငွေ သိုမှီးထားမှုတွေ သာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုရဲ့ စုစုပေါင်းပါတဲ့။ ဒါဟာ ပြည်တွင်း အသားတင်ထုတ်လုပ်မှု GDP လို့ ကျွန်မတို့ ယနေ့ လက်ရှိသိတာရဲ့ အစောဆုံး သရုပ်ဖော် ရေးသားချက်တစ်ခုလို့ ကျွန်မထင်တယ်။ အခု တကယ်တော့ အဲ့ဒီနှစ်တွေကတည်းက ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှု အတိုင်းအတာ GDP က ပိုပြီး အရေးပါလာခဲ့တာဟာ ဒီနေ့ အချိန်ကာလအထိပါ။ ဒါကို ကျွန်မ မယုံကြည်တာက နိုင်ငံ တစ်နိုင်ငံရဲ့ ယေဘုယျ အောင်မြင်မှုရဲ့ အရေးပါဆုံး အတိုင်းအတာအဖြစ် မကြာခဏ ရှုမြင်စရာလို့ Adam Smith ရည်ရွယ်ခဲ့လိမ့်မယ်ဆိုတာပါ။ ဒီနေ့ ကျွန်မ ဆွေးနွေးငြင်းခုံတာက ဒီအတွက် ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတာပါ။ သိတဲ့အတိုင်း၊ နိုင်ငံတစ်နိုင်ငံက အရေးပါတာ အဖြစ် တိုင်းတာဖို့ ကျွန်မတို့ရွေးချယ်တာပါ။ ဒါက က တကယ် အရေးပါတာက နိုင်ငံရေး အာရုံစိုက်ရာကိုမောင်းနှင်ပေးလို့၊ လူထု လုပ်ဆောင်မှုကို မေင်းနှင်ပေးလို့ပါ။ ဒီအခြေအနေကို ဆန့်ကျင်တာက နိုင်ငံတစ်နိုင်ငံရဲ့အောင်မြင်မှုအတိုင်းအတာ တစ်ခုအဖြစ် GDP ရဲ့ ကန့်သတ်ချက်တွေဟာ သိပ် မြင်သာလွန်းတယ်လို့ ကျွန်မ ထင်တယ်။ သိတဲ့အတိုင်း GDP က ကျွန်မတို့ အလုပ်အားလုံး ရဲ့ ထုတ်လုပ်မှု ပမာဏကို တိုင်းတာပေမဲ့ ဒီအလုပ်ရဲ့ သဘာဝအကြောင်း၊ ဒီအလုပ်ဟာ လုပ်လို့ဖြစ်ရဲ့လား၊ စိတ်ချမ်းသာစရာလားလို့တော့ ဘာမှမပြောဘူးလေ။ ဥပမာ ဒါက တရားမဝင် ဆေးဝါး သုံးစွဲမှုမှာ တန်ဖိုးတစ်ခုရှိပေမဲ့ အခမဲ့ စောင့်ရှောက်မှုမှာတော့ မဟုတ်ဘူး။ ဒီလုပ်ဆောင်မှုကသက်တမ်းပို ရှည်တဲ့ကာလအတွင်းက ကျွန်မတို့ ကမ္ဘာရဲ့ ခံနိုင်ရည်စွမ်းကို ကြီးမားစွာ ထိခိုက်နစ်နာစေတာတောင် စီးပွားရေးကို မြှင့်တင်ပေးတဲ့ ရေတိုမှာတော့ လုပ်ဆောင်မှုကို တန်ဖိုးထားတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ကသောင်းကနင်းဖြစ်မှုရဲ့၊ မညီမျှမှုတွေ တိုးပွားလာခြင်းရဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကို ကျွန်မတို့ဆင်ခြင်ကြည့်ပြီး ရာသီဥတု အရေးပေါ် အခြေအနေရဲ့ စိန်ခေါ်မှုတွေ၊ တိုးလာနေတဲ့ စက်ကိရိယာ အသုံးပြုမှု၊ အိုးမင်းလာတဲ့ လူဦးရေကို မျှော်ကြည့်တဲ့အခါ နိုင်ငံတစ်ခု၊ လူအဖွဲ့အစည်းတစ်ရပ်အဖြစ် အောင်မြင်ဖို့ဆိုတာရဲ့ အများကြီး ပိုကျယ်ပြန့်တဲ့ ဖွင့်ဆိုချက်တစ်ခုအတွက် ရပ်တည်ချက်အတွက် အကြောင်းပြချက်က တိုးတိုးပြီး လက်ခံရမည့်ဟာလို့ ကျွန်မထင်တယ်။ ဒါကြောင့်ပဲ ၂၀၁၈ မှာ စကော့တလန်က ဦးဆောင်ပြီး Wellbeing Economy Governments အဖွဲ့လို့ ခေါ်တဲ့ ကွန်ရက်အသစ်တစ်ခုကို တည်ထောင်ရာမှာ ပဏာမခြေလှမ်းလှမ်းခဲ့တယ်၊ မြင်သာတဲ့ အကြောင်းပြချက်တွေအတွက် စကော့တလန်၊ အိုက်စလန်နဲ့နယူးဇီလန်နိုင်ငံတွေကို တည်ထောင်သူ အသင်းဝင်တွေအဖြစ် စုစည်းရင်းပါ။ ကျွန်မတို့ရဲ့အာရုံစိုက်ရာက ဘုံကောင်းမွန်မှု သိပ်ဆန်လွန်းပေမဲ့ တစ်တစ်တစ်ရံ ကျွန်မတို့ကို SIN နိုင်ငံတွေလို့ ခေါ်ကြတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က GDP ရဲ့ ကျဉ်းမြောင်းတဲ့ တိုင်းတာမှု အပေါ် အာရုံစိုက်မှုကို စိန်ခေါ်ဖို့ပါ။ ပြောရရင်၊ ဟုတ်ပါတယ် စီးပွားရေး တိုးတက်မှု အရေးပါတာပါ၊ ဒါက အရေးကြီးပါတယ်၊ ဒါပေမဲ့ အရေးကြီးတာက ဒါပဲမဟုတ်ပါဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် GDP တိုးတက်မှုကို လက်ကိုင်မပြုသင့်ပါဘူး။ တကယ်တမ်းက ဒီအဖွဲ့ရဲ့ ဆိုလိုရင်းက စီးပွားရေး မူဝါဒရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်ဟာ စုပေါင်း ကျန်းမာ၊ပျော်ရွှင်မှု ဖြစ်သင့်တာပါ။ လူထုတစ်ရပ် ကျန်းမာ၊ ပျော်ရွင်နေပုံပါ၊ လူထုတစ်ရပ် ချမ်းသာနေပုံပဲ မဟုတ်ပါဘူး။ ပြီးတော့ ကာလတစ်ခုထဲက ဒါရဲ့ မူဝါဒ ဂယက်ရိုက်မှုတွေတို့ အထိပါမယ်။ ဒါပေမဲ့ အထူးသဖြင့် ယနေ့ ကျွန်မတို့ နေထိုင်နေတဲ့ ကမ္ဘာထဲမှာ ပိုနက်ရှိုင်းတဲ့ ဟိန်းသံတစ်ခုရှိတယ်ထင်တယ်။ သိတဲ့အတိုင်း ကျန်းမာပျော်ရွှင်မှုကို အာရုံစိုက်တဲ့အခါ လေးနက်ပြီး အခြေခံကျတဲ့ မေးခွန်းတွေကို ဆွပေးတဲ့ ဆွေးနွေးပွဲတစ်ခုကို စတင်ကြတယ်။ ကျွန်မတို့ဘဝတွေမှာ ဘာက တကယ်တမ်း အရေးပါတာလဲ။ ကျွန်မတို့ နေထိုင်ရာ အသိုက်အဝန်းတွေမှာ ဘာကို ကျွန်မတို့ တန်ဖိုးထားလဲ။ ဘယ်နိုင်ငံမျိုး၊ ဘယ်လူ့မှုအဖွဲ့အစည်းမျိုး ကျွန်မတို့ တကယ်ဖြစ်ချင်တာလဲ။ ဒီမေးခွန်းတွေမှာ လူတွေကို ပါဝင်စေတဲ့အခါ၊ ဒီမေးခွန်းတွေအတွက် အဖြေရှာရာမှာ ကျွန်မတို့ဟာ နိုင်ငံရေးကနေ ပစ်ပယ်ထားမှုနဲ့ မကျေနပ်မှုကို ကိုင်တွယ်ခြင်းရဲ့ အများကြီးပိုကောင်းတဲ့ အခွင့် ကျွန်မတို့မှာရှိတယ်လို့ ယုံကြည်ပါတယ်၊ ဒါက ယနေ့ ဖွံ့ဖြိုးပြီးကမ္ဘာ တစ်လွားက နိုင်ငံများစွာမှာ အတော်ကို ပျံ့နှံ့နေတာပါ။ မူဝါဒ သတ်မှတ်ချက်အရ စကော့တလန်အတွက် ဒီခရီးက ၂၀၀၇ မှာ စတင်ခဲ့ပါတယ်၊ ကျွန်မတို့ ကိုယ်တိုင် တိုင်းတာတဲ့ ညွန်ပြကိန်းတွေရဲ့အစဉ်ကို ယှဉ်ပြီးကြည့်တဲ့ National Performance Framework လို့ ကျွန်မတို့ခေါ်တာကို ထုတ်ဝေတဲ့အချိန်ပါ၊ ဒီညွှန်ပြကိန်းတွေဟာ ဝင်ငွေ မညီမျှမှု၊ ကလေးများရဲ့ ပျော်ရွှင်မှု၊ စိမ်းလန်းတဲ့ နေရာလွတ်တွေရရှိမှုနဲ့ အိမ်ရာရရှိမှုလိုပဲ ထွေပြားပါတယ်။ ဒါတွေတစ်ခုမျှ GDP ကိန်းဂဏန်းထဲမှာ ထည့်တွက်မထားပေမဲ့ ဒါအားလုံးဟာ ကျန်းမာ၊ ပျော်ရွှင်တဲ့ လူအမှုအဖွဲအစည်းတစ်ခုအတွက် အခြေခံကျပါတယ်။ (လက်ခုပ်သံများ) ဒီကျယ်ပြန့်တဲ့ ချဉ်းကပ်မှုက ကျွန်မတို့ရဲ့ စီးပွားရေး မဟာဗျူဟာရဲ့ ဗဟိုချက်ပါ၊ အဲဒီမှာ မညီမျှမှုကို ကိုင်တွယ်တာအတွက် တူညီတဲ့ အရေးပါမှုကို စီးပွားရေး ပြိုင်ဆိုင်မှုအတွက် ပေးသလို ပေးထားပါတယ်။ စိတ်ချမ်းသာကာ လုပ်ခကောင်းတဲ့ အလုပ်ကို သေချာစေတဲ့ မျှတတဲ့အလုပ်မှာ နှစ်မြှုပ်ထားမှုကိုမောင်းနှင်တယ် ဒါက ကာဗွန် သုည စီးပွားရေးတစ်ရပ်ဆီ ကျွန်မတို့ လမ်းကြောင်းကို လမ်းညွှန်ဖို့ Just Transition Commission တစ်ခုတည်ထောင် ဖို့ ဆုံးဖြတ်ချက်ရဲ့နောက်ကွယ်မှာပါ။ အတိတ်ရဲ့ စီးပွားရေးရာ ပြောင်းလဲခြင်းတွေ ကနေ ကျွန်မတို့သိတာက ကျွန်မတို့ သတိမရှိဘူးဆိုရင် အောင်နိုင်သူတဲ့ ကျရှုံးသူတွေပိုများပါတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့ စက်ကိရိယာသုံးစွဲ မှုရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်စဉ်မှာ ဒီအမှားတွေကို ထပ်မလုပ်မိဖို့ပါ။ ဒီစကော့တလန်မှာ ကျွန်မတို့လုပ်နေတဲ့ အလုပ်က ကျွန်မအထင် အရေးပါပေမဲ့ အြခားနိုင်ငံတွေဆီကနေ အများကြီးကို သင်ယူဖို့လိုပါတယ်။ အခုနက Wellbeing ကွန်ရက်အတွင်းက ကျွန်မတို့ရဲ့တွဲဖက် နိုင်ငံတွေဖြစ်တဲ့ အိုက်စလန်နဲ့ နယူဇီလန်တို့ကို ကျွန်မ ထည့်ပြောခဲ့တယ်။ ဒါက ဘာမှ တန်ဖိုးမရှိပါဘူး၊ ဆိုင်၊မဆိုင် ဆုံးဖြတ်ဖို့ ရှင်တို့ဆီမှာ ထားခဲ့တယ်။ ဒီနိုင်ငံသုံးခုစလုံးကို လက်ရှိ ဦးဆောင် နေတာကတော့ အမျိုးသမီးတွေပါ။ (လက်ခုပ်သံများ) သူတို့ရော ကြီးကျယ်တဲ့ အလုပ်ကို လုပ်နေတာပါ နယူးဇီလန်ဟာ ၂၀၁၉ ခုနှစ်မှာ ၎င်းရဲ့ ပထမဦးဆုံး Wellbeing Budget ကို ထုတ်ဝေနေတယ် ၎င်းရဲ့ ဗဟိုချက်မှာ စိတ်ကျန်းမာရေးနဲ့ပါ။ အိုက်စလန်က ညီမျှတဲ့ လုပ်ခ၊ကလေးစောင့်ရှောက် မှုနဲ့ ဖခင် အခွင့်အရေးတွေ ဦးဆောင်နေတယ်၊ ချမ်းသာတဲ့ စီးပွားရေးကို ဖန်တီးခြင်းလို့ ကျွန်မတို့ ဆွေးနွေးတဲ့အခါ ကျွန်မတို့ ချက်ချင်း တွေးမိတဲ့ မူဝါဒတွေ မဟုတ်ပေမဲ့ ကျန်းမာတဲ့ စီးပွားရေးတစ်ရပ်နဲ့ ပျော်ရွှင်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုအတွက် အခြေခံကျတဲ့ မူဝါဒတွေပါ။ Adam Smith နဲ့ "The Wealth of Nations" နဲ့ ကျွန်မ စတင်ခဲ့တယ်။ Adam Smith ရဲ့ အစောပိုင်း လက်ရာ "The Theory of Moral Sentiments" ထဲမှာ ဒါလည်း အရေးပါတယ်လို့ ကျွန်မထင်တယ်၊ အစိုးရတစ်ရပ်ရဲ့ တန်ဖိုးကို ၎င်းရဲ့ လူတွေကို အတိုင်းအတာတစ်ခုအထိ ပျော်ရွှင်အောင်လုပ်ပေးမှု အချိုးအစားနဲ့ အကဲဖြတ်တယ်ဆိုတာကို သူလေ့လာချက်တစ်ရပ် လုပ်ခဲ့တယ်။ ဒါဟာ ကျန်းမာ၊ပျော်ရွှင်မှု တိုးမြှင့်ရာမှာ အရုံစိုက်တဲ့ နိုင်ငံစုတိုင်းအတွက် ကောင်းမွန်တဲ့ အခြေခံကျတဲ့ အခြေခံသဘောထားတစ်ရပ်လို့ လို့ ကျွန်မထင်တယ်။ ကျွန်မတို့ တစ်ဦးမှာမှ ဒီအဖြေအားလုံး မရှိဘူး၊ Adam Smith ရဲ့ ချက်မြှုပ်ဖြစ်တဲ့ စကော့တလန်မှာတောင် မရှိဘူး။ ဒါပေမဲ့ တိုးလာနေတဲ့ ခွဲခြားမှု၊ မညီမျှမှု တွေနဲ့၊ မကျေနပ်မှု၊ ကင်းကွာမှုနဲ့ ကျွန်မတို့ ယနေ့ နေထိုင်တဲ့ ကမ္ဘာထဲမှာ ဒီမေးခွန်းတွေအတွက် မေးမြန်း၊ အဖြေရှာတာနဲ့ လူမှုအဖွဲ့အစည်းရဲ့ဗဟိုချက်မှာ ချမ်းသာတာ သက်သက်မဟုတ်ပဲ ကျန်းမာ၊ပျော်ရွှင်မှုရှိတဲ့ ၎င်းရဲ့ အမြင်ကို တိုးမြှင့်တာက ခါတိုင်းထက် ပိုပြီး အရေးကြီးပါတယ်။ (လက်ခုပ်သံများ) အခုလောလောဆယ် သင်တို့ဟာ လှပပြီး နေသာတဲ့ မြို့တော်မှာရှိနေတယ်၊ (ရယ်သံများ) ကမ္ဘာကို အသိအမြင်ကွယ်မှုထဲကို ဦးဆောင်ခဲ့တဲ့နိုင်ငံ၊ ကမ္ဘာကိုကို စက်မှုခေတ်ဆီ ဦးဆောင် ကူညီခဲ့တဲ့ နိုင်ငံ၊ လောလောဆယ် ကမ္ဘာကို ကာဗွန်နိမ့်တဲ့ ခေတ်ဆီ ဦးဆောင်ကူညီနေတဲ့ နိုင်ငံပါ။ ကျွန်မ ဖြစ်ချင်တာက၊ စိတ်ပိုင်းဖြတ်ထားတာက စကော့တလန်ဟာလည်း ကျွန်မတို့ လုပ်သမျှတိုင်းရဲ့ ဗဟိုချက်မှာ ကျန်းမာ၊ပျော်ရွှင်မှုကို ထားရှိဖို့ ကမ္ဘာတစ်လွှား နိုင်ငံတွေ၊အစိုးရတွေရဲအာရုံ စိုက်ရာကိုကူညီပြောင်းလဲမယ့် နိုင်ငံလို့ပါ။ ဒီမျိုးဆက်အတွက် ကျွန်မတို့မှာ ဝတ္တရားရှိတယ်လို့ထင်တယ်။ နောင်မျိုးဆက်နဲ့ ကျွန်မတို့ရဲ့နောက်မှာ လာသူအားလုံးအတွက် ကျွန်မတို့မှာ ဝတ္တရားရှိတယ်လို့ အသေအချာ ယုံကြည်တယ်။ ဒါကို လုပ်မယ်ဆိုရင် ဟောဒီခအသိအမြင် ကြွယ်ဝမှုရဲ့ နိုင်ငံက ဦးဆောင်ရင် ပိုကောင်းမွန်၊ ပိုတရားမျှတပြီး ပိုကျန်းမာတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို ဒီနေရပ်မှာ ဖန်တီးတာလို့ ကျွန်မထင်တယ် ပိုတရားမျှတတဲ့၊ ပိုကျန်းမာတဲ့ ကမ္ဘာတစ်ခု တည်ဆောက်ရာမှာလည်း စကော့တလန်က ကျွန်မတို့အပိုင်းကို လုပ်ဆောင်တယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်သံများ)