WEBVTT 00:00:07.689 --> 00:00:13.007 သမိုင်းရဲ့ ပထမဆုံးအင်ပါယာဟာ သီးနှံတွေ ဖြစ် ထွန်းဖို့ မိုးရေမရှိ၊ အိမ်ယာဆောက်လုပ်ဖို့ 00:00:13.007 --> 00:00:18.787 သစ်ပင်တွေ၊ ကျောက်တုံးတွေ မရှိတဲ့ ပူပြင်း၊ ခြောက်သွေ့တဲ့မြေပြင်ကနေ ပေါ်ထွန်းခဲ့တယ်။ 00:00:18.787 --> 00:00:24.140 အားလုံးကင်းမဲ့ပေမဲ့ မှီတင်းနေထိုင်သူတွေဟာ ကမ္ဘာ့ ပထမဆုံး မြို့ကြီးတွေကို 00:00:24.140 --> 00:00:28.226 ခံ့ညားတဲ့ ဗိသုကာဖြင့်တည်ဆောက်ခဲ့ကြပြီး နေထိုင်ခဲ့ကြတဲ့ လူဦးရေတွေ များပြားခဲ့တယ်။ 00:00:28.226 --> 00:00:32.542 ရွံ့မြေချည်း သက်သက်ကနေ တည်ဆောက်ခဲ့ကြတာပါ။ NOTE Paragraph 00:00:32.542 --> 00:00:36.052 ဆူမားဟာ မက်ဆိုပိုတေးမီးယားလို့ ခေါ်တဲ့ ဒေသတွင်းက ခေတ်သစ် အီရန်ရဲ့ 00:00:36.052 --> 00:00:38.752 တောင်ဘက်ပိုင်းကို နေရာယူခဲ့တယ်။ 00:00:38.752 --> 00:00:41.932 မက်ဆိုပိုတေးမီးယားက "မြစ်နှစ်ခုကြား" လို့ အဓိပ္ပာယ်ရတယ်၊ 00:00:41.932 --> 00:00:44.892 တိုက်ဂရစ်နဲ့ ယူဖရေးတီးစ် မြစ်တွေပါ။ 00:00:44.892 --> 00:00:52.033 ခရစ်နှစ်မတိုင်မီ ၅၀၀၀ ခန့်မှာ ဆူမေးရီးယန်း တွေဟာ မြစ်ရေကို လမ်းကြောင်းပြောင်းကာ အရင်က 00:00:52.033 --> 00:00:58.460 ခြောက်သွေ့တဲ့ မြေမှာ စိုက်ဖို့ ဆည်မြောင်း တွေ ဆည်တွေနဲ့ ရေလှောင်ကန်တွေ သုံးခဲ့တယ်။ 00:00:58.460 --> 00:01:02.976 ဒီလို စိုက်ပျိုးမွေးမြူရေး လူစုတွေဟာ ကမ္ဘာ အနှံ့မှာ တဖြည်းဖြည်း မှိုလိုပေါက်လာနေတယ်။ 00:01:02.976 --> 00:01:06.766 ဒါပေမဲ့ ဆူမေးရီးယန်းတွေက နောက်တစ်ဆင့်ကို ပထမဆုံး တက်လှမ်းခဲ့သူတွေပါ။ 00:01:06.766 --> 00:01:09.336 မြစ်ရွှံ့မြေကနေ လုပ်တဲ့ မြေစေးအုတ်တွေကို သုံးရင်း 00:01:09.336 --> 00:01:13.336 အထပ်များစွာပါတဲ့ အိမ်တွေနဲ့ ဘုရားကျောင်းတွေ စတင်ဆောက်လုပ်ခဲ့တယ်။ 00:01:13.336 --> 00:01:14.596 ဘီးကို တီထွင်ခဲ့ကြတယ်။ 00:01:14.596 --> 00:01:19.609 ရွှံ့မြေကို အိမ်သုံးပစ္စည်းတွေနဲ့ကိရိယာတွေ အဖြစ် ပြောင်းပေးတဲ့ အိုးထိန်းစက်တစ်ခုပါ။ NOTE Paragraph 00:01:19.609 --> 00:01:23.903 ဒီမြေစေးအုတ်တွေက ခရစ်နှစ်မတိုင်မီ နှစ် ၄၅၀၀ ခန့်လောက်မှာ ကမ္ဘာ့ ပထမဆုံး 00:01:23.903 --> 00:01:27.693 မြို့ကြီးတွေ ပေါ်ထွန်းစေခဲ့တယ်။ 00:01:27.693 --> 00:01:32.249 မြို့ရဲ့ လူမှုရေးဆိုင်ရာ အဆင့်ရဲ့ထိပ်မှာ မြင့်မြတ်တယ်လို့ မှတ်ယူခံရသူတွေဖြစ်တဲ့ 00:01:32.249 --> 00:01:34.382 ဘုန်းကြီးတွေနဲ့ ယဇ်နတ်ဆရာတွေရှိတယ်၊ 00:01:34.382 --> 00:01:40.056 ဒီနောက် ကုန်သည်တွေ၊ လက်မှုပညာသည်တွေ၊ လယ်သမားတွေနဲ့ ကျွန်ပြုခံရသူတွေပါ။ 00:01:40.056 --> 00:01:43.896 ဆူမေးရီးယန်း အင်ပါယာမှာ နိုင်ငံငယ်တွေလိုမျိုး လုပ်ဆောင်တဲ့ 00:01:43.896 --> 00:01:46.506 ကွဲပြာ၊တဲ့ မြို့ပြနိုင်ငံတွေ ပါဝင်တယ်။ 00:01:46.506 --> 00:01:49.886 ဒီနိုင်ငံတွေက ဘာသာစကားနဲ့ကိုးကွယ် ယုံကြည်မှုအရ လျော့ရဲရဲ ဆက်ထားပေမဲ့ 00:01:49.886 --> 00:01:52.526 ဗဟိုထိန်းချုပ်မှု ကင်းမဲ့တယ်။ 00:01:52.526 --> 00:01:56.881 အစောဆုံး မြို့တွေက Uruk Ur နဲ့ Eridu တို့ဖြစ်ပြီး 00:01:56.881 --> 00:01:59.721 နောက်ဆုံးမှာတော့ မြို့တစ်ဒါဇင်ရှိခဲ့တယ်။ 00:01:59.721 --> 00:02:04.636 တစ်မြို့စီမှာ ဘုန်းကြီးနဲ့အုပ်ချုပ်သူကြားက ကဏ္ဍတစ်ခုကို ထမ်းဆောင်တဲ့ ဘုရင်ရှိတယ်။ 00:02:04.636 --> 00:02:09.033 တစ်ခါတစ်ရံမှာ သူတို့ဟာ ပိုင်နက်သစ်တွေကို သိမ်းယူဖို့ အချင်းချင်း တိုက်ခိုက်ကြတယ်။ 00:02:09.033 --> 00:02:14.736 တစ်မြို့စီဟာ မြို့ရဲ့တည်ထောင်သူလို့ မှတ်ယူကြတဲ့ မြို့စောင့်နတ်တစ်ပါးရှိတယ်။ 00:02:14.736 --> 00:02:19.898 မြို့အတွင်းက အကြီးဆုံးနဲ့ အရေးအပါဆုံး အဆောက်အအုံက ဒီမြို့စောင့်နတ်ကွန်းပါ။ 00:02:19.898 --> 00:02:24.485 အဆင့်တွေပါတဲ့ ပိရမစ်တစ်ခုလို ပုံစံထုတ်ထားတဲ့ လေးထောင့် ဘုရားကျောင်းတစ်ခုပါ။ NOTE Paragraph 00:02:24.485 --> 00:02:30.029 ခရစ်နှစ်မတိုင်မီ ၃၂၀၀ ခန့်မှာ ဆူမေးရီးယန်းတွေဟာ လက်လှမ်း ချဲ့ခဲ့တယ်။ 00:02:30.029 --> 00:02:34.295 အိုးထိန်းစက်ဟာ နှစ်ဘီးလှည်းတွေနဲ့ လေးဘီးလှည်းတွေမှာ နေရာသစ်တစ်ခု ရသွားတယ်။ 00:02:34.295 --> 00:02:37.785 ကျူပင်တွေနဲ့ စွန်ပလွန် ရွက်တွေကနေ လှေတွေကို တည်ဆောက်ခဲ့တယ်။ 00:02:37.785 --> 00:02:42.984 မြစ်နဲ့ ပင်လယ်ကနေ ဧရာမ အကွာအဝေးတွေဆီ သူတို့ကို သယ်ဆောင်တဲ့ ပိတ်စရွက်တွေနဲ့ပါ။ 00:02:42.984 --> 00:02:46.542 ရှားပါးတဲ့ ရင်းမြစ်တွေကို အပိုဆောင်းဖို့ ကုန်သွယ်ရေး ကွန်ရက်တစ်ခုကို 00:02:46.542 --> 00:02:51.180 အီဂျစ်၊ အနာတိုးလီးယား၊ အီသီယိုပီးယားမှာ ပေါ်လာတဲ့ဘုရင်နိုင်ငံတွေနဲ့ ဆောက်ခဲ့တယ်
၊ 00:02:51.180 --> 00:02:57.785 ရွှေ၊ငွေ၊ ကြည်ပြာရောင် ကျောက်မျက်၊ သစ်ကတိုးတွေ တင်သွင်းခဲ့တယ်။ NOTE Paragraph 00:02:57.785 --> 00:03:00.235 ကုန်သွယ်မှုက ကမ္ဘာ့ ပထမဆုံး အရေးအသားစနစ် 00:03:00.235 --> 00:03:03.985 တီထွင်မှုအတွက်တော့ အလားအလာမရှိတဲ့ တွန်းအားပါ။ 00:03:03.985 --> 00:03:07.185 ဒါက အပြင်က ကုန်သည်တွေနဲ့ စီးပွားလုပ်တဲ့ ဆူမေးရီးယန်း ကုန်သည်တွေအတွက် 00:03:07.185 --> 00:03:09.885 စာရင်းကိုင် စနစ်တစ်ခုအဖြစ် စတင်ခဲ့တယ်။ 00:03:09.885 --> 00:03:13.735 နှစ်ရာအနည်းငယ် အကြာမှာ ကျူနီဖောင်း လို့ခေါ်တဲ့ အစောပိုင်း အရုပ်စာစနစ်က 00:03:13.735 --> 00:03:17.085 အက္ခရာတစ်ခု အဖြစ်ပြောင်းသွားတယ်။ 00:03:17.085 --> 00:03:20.025 ဆူမေးရီးယန်းတွေဟာ ပထမဆုံး ရေးသားထားတဲ့ ဥပဒေတွေကိုရေးဆွဲခဲ့တယ် 00:03:20.025 --> 00:03:24.814 အရေးအသား အတတ်ကို သင်ပေးဖို့ ပထမဆုံး ကျောင်းစနစ်ကို ဖန်တီးခဲ့ကာ 00:03:24.814 --> 00:03:31.317 ဗျူရိုကရေစီနဲ့အခွန်တွေလို စိတ်လှုပ်ရှားစရာ ပိုနည်းတဲ့ တီထွင်မှုတွေကို အစပျိုးခဲ့တယ်။ NOTE Paragraph 00:03:31.317 --> 00:03:34.837 ကျောင်းတွေမှာ အရုဏ်တက်ကနေ ညနေအထိ ရှေးစာတွေ လေ့လာခြင်းက 00:03:34.837 --> 00:03:37.627 ကလေးဘဝကနေ လူကြီးဘဝရောက်တဲ့အထိပါ။ 00:03:37.627 --> 00:03:42.004 သူတို့ဟာ စာရင်းကိုင်၊ သင်္ချာကို သင်ယူပြီး စာပေလက်ရာတွေ၊ဓမ္မတေးတွေ၊ဒဏ္ဍာရီတွေ၊ 00:03:42.004 --> 00:03:47.415 စကားပုံတွေ၊ တိရစ္ဆာန်ပုံပြင်တွေ၊ မှော်မန္တန်တွေနဲ့ အုတ်ကမ္ပည်းချပ်တွေပေါ်က 00:03:47.415 --> 00:03:50.845 ပထမဆုံး မော်ကွန်းကဗျာတွေကို ကူးယူခဲ့တယ်။ 00:03:50.845 --> 00:03:54.145 ဒီကမ္ပည်းချပ်တချို့က ဒဏ္ဍာရီပုံပြင်တွေရဲ့ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ 00:03:54.145 --> 00:03:59.770 Uruk မြို့ရဲ့ ဘုရင် Gilgamesh ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ NOTE Paragraph 00:03:59.770 --> 00:04:05.887 ဒါပေမဲ့ BCE တတိယ ထောင်စုနှစ်မှာ ဆူမားဟာ အနီးဝန်းကျင်က အင်ပါယာတင်မဟုတ်တော့ဘဲ 00:04:05.887 --> 00:04:08.117 မက်ဆိုပိုတေးမီးယားမှာတောင်ပါ။ 00:04:08.117 --> 00:04:13.661 လှည့်လည်နေထိုင်တဲ့ လူမျိုးစု အသုတ်တွေဟာ မြောက်၊အရှေ့ကနေ ဒေသတွင်းကို တသဲသဲဝင်လာတယ်။ 00:04:13.661 --> 00:04:17.661 အသစ်ဝင်လာသူတချို့က ဆူမေးရီးယန်းတွေကို လေးစားပြီး သူတို့ရဲ့နေထိုင်ပုံကိုခံယူရင်း 00:04:17.661 --> 00:04:21.661 သူတို့ကိုယ်ပိုင် ဘာသာစကားတွေကို ဖော်ပြဖို့ ကျူနီဖောင်းစာကို အသုံးပြုကြတယ်။ 00:04:21.661 --> 00:04:29.026 ၂၃၀၀ BCE မှာ အက်ကာဒီယန်းဘုရင် ဆာဂွန်ဟာ ဆူမေးရီးယန်း မြို့ပြနိုင်ငံတွေကိုသိမ်းတယ်။ 00:04:29.026 --> 00:04:31.696 ဒါပေမဲ့ ဆာဂွန်က ဆူမေးရီးယန်း ယဉ်ကျေးမှုကို လေးစားပြီး 00:04:31.696 --> 00:04:37.262 အက်ကာဒီယန်းတွေနဲ့ ဆူမေးရီးယန်းတွေဟာ ရာစုနှစ်တွေချီကာ ယှဉ်တွဲ တည်ရှိခဲ့တယ်။ 00:04:37.262 --> 00:04:41.382 အခြား ကျူးကျော်တဲ့ အုပ်စုတွက လုယက်ခြင်းနဲ့ ဖျက်ဆီးခြင်းကို အာရုံစိုက်ခဲ့ကြတယ်။ 00:04:41.382 --> 00:04:43.842 ဆူမေးရီယန်း ယဉ်ကျေးမှု ပျံ့နှံတဲ့ တစ်ချိန်တည်းမှာပဲ 00:04:43.842 --> 00:04:51.738 ကျူးကျော်မှုတွေရဲ့ ပုံမှန် သတ်ဖြတ်မှုက ဆူမေးရီးယန်းတွေကို ၁၇၅၀BCE အထိသုတ်သင်တယ်။ NOTE Paragraph 00:04:51.738 --> 00:04:55.944 ဒီနောက်မှာတော့ ဆူမားဟာ သဲကန္တာရ ဖုန်အတွင်းမှာ ပြန်ကွယ်ပျောက်သွားခဲ့ပြီး 00:04:55.944 --> 00:05:00.037 ၁၉ ရာစုမှသာ ပြန်လည်တွေရှိခဲ့တာပါ။ 00:05:00.037 --> 00:05:04.037 ဒါပေမဲ့ ဆူမေးရီးယန်း ယဉ်ကျေးမှုက နှစ်ထောင်ချီကာ ရှင်သန်ခဲ့တယ်။ 00:05:04.037 --> 00:05:09.155 ပထမ အက်ကာဒီးယန်းတွေကနေ အက်ဆီးရီးယန်း၊ ဘေဘီလုံတွေအထိပါ။ 00:05:09.155 --> 00:05:13.045 ဘေဘီလုံတွေက ဆူမေးရီးယန်းတွေကို ဟီဗရူး၊ဂရိနဲ့ ရိုမန် ယဉ်ကျေးမှုတွေကနေ 00:05:13.045 --> 00:05:16.798 တီထွင်မှုတွေနဲ့ အစဉ်အလာတွေကို လက်ဆင့်ကမ်းပေးခဲ့တယ်။ 00:05:16.798 --> 00:05:19.208 တချို့က ယနေ့တိုင် ဆက်ရှိနေဆဲပါ။