သမိုင်းရဲ့ ပထမဆုံးအင်ပါယာဟာ သီးနှံတွေ ဖြစ် ထွန်းဖို့ မိုးရေမရှိ၊ အိမ်ယာဆောက်လုပ်ဖို့ သစ်ပင်တွေ၊ ကျောက်တုံးတွေ မရှိတဲ့ ပူပြင်း၊ ခြောက်သွေ့တဲ့မြေပြင်ကနေ ပေါ်ထွန်းခဲ့တယ်။ အားလုံးကင်းမဲ့ပေမဲ့ မှီတင်းနေထိုင်သူတွေဟာ ကမ္ဘာ့ ပထမဆုံး မြို့ကြီးတွေကို ခံ့ညားတဲ့ ဗိသုကာဖြင့်တည်ဆောက်ခဲ့ကြပြီး နေထိုင်ခဲ့ကြတဲ့ လူဦးရေတွေ များပြားခဲ့တယ်။ ရွံ့မြေချည်း သက်သက်ကနေ တည်ဆောက်ခဲ့ကြတာပါ။ ဆူမားဟာ မက်ဆိုပိုတေးမီးယားလို့ ခေါ်တဲ့ ဒေသတွင်းက ခေတ်သစ် အီရန်ရဲ့ တောင်ဘက်ပိုင်းကို နေရာယူခဲ့တယ်။ မက်ဆိုပိုတေးမီးယားက "မြစ်နှစ်ခုကြား" လို့ အဓိပ္ပာယ်ရတယ်၊ တိုက်ဂရစ်နဲ့ ယူဖရေးတီးစ် မြစ်တွေပါ။ ခရစ်နှစ်မတိုင်မီ ၅၀၀၀ ခန့်မှာ ဆူမေးရီးယန်း တွေဟာ မြစ်ရေကို လမ်းကြောင်းပြောင်းကာ အရင်က ခြောက်သွေ့တဲ့ မြေမှာ စိုက်ဖို့ ဆည်မြောင်း တွေ ဆည်တွေနဲ့ ရေလှောင်ကန်တွေ သုံးခဲ့တယ်။ ဒီလို စိုက်ပျိုးမွေးမြူရေး လူစုတွေဟာ ကမ္ဘာ အနှံ့မှာ တဖြည်းဖြည်း မှိုလိုပေါက်လာနေတယ်။ ဒါပေမဲ့ ဆူမေးရီးယန်းတွေက နောက်တစ်ဆင့်ကို ပထမဆုံး တက်လှမ်းခဲ့သူတွေပါ။ မြစ်ရွှံ့မြေကနေ လုပ်တဲ့ မြေစေးအုတ်တွေကို သုံးရင်း အထပ်များစွာပါတဲ့ အိမ်တွေနဲ့ ဘုရားကျောင်းတွေ စတင်ဆောက်လုပ်ခဲ့တယ်။ ဘီးကို တီထွင်ခဲ့ကြတယ်။ ရွှံ့မြေကို အိမ်သုံးပစ္စည်းတွေနဲ့ကိရိယာတွေ အဖြစ် ပြောင်းပေးတဲ့ အိုးထိန်းစက်တစ်ခုပါ။ ဒီမြေစေးအုတ်တွေက ခရစ်နှစ်မတိုင်မီ နှစ် ၄၅၀၀ ခန့်လောက်မှာ ကမ္ဘာ့ ပထမဆုံး မြို့ကြီးတွေ ပေါ်ထွန်းစေခဲ့တယ်။ မြို့ရဲ့ လူမှုရေးဆိုင်ရာ အဆင့်ရဲ့ထိပ်မှာ မြင့်မြတ်တယ်လို့ မှတ်ယူခံရသူတွေဖြစ်တဲ့ ဘုန်းကြီးတွေနဲ့ ယဇ်နတ်ဆရာတွေရှိတယ်၊ ဒီနောက် ကုန်သည်တွေ၊ လက်မှုပညာသည်တွေ၊ လယ်သမားတွေနဲ့ ကျွန်ပြုခံရသူတွေပါ။ ဆူမေးရီးယန်း အင်ပါယာမှာ နိုင်ငံငယ်တွေလိုမျိုး လုပ်ဆောင်တဲ့ ကွဲပြာ၊တဲ့ မြို့ပြနိုင်ငံတွေ ပါဝင်တယ်။ ဒီနိုင်ငံတွေက ဘာသာစကားနဲ့ကိုးကွယ် ယုံကြည်မှုအရ လျော့ရဲရဲ ဆက်ထားပေမဲ့ ဗဟိုထိန်းချုပ်မှု ကင်းမဲ့တယ်။ အစောဆုံး မြို့တွေက Uruk Ur နဲ့ Eridu တို့ဖြစ်ပြီး နောက်ဆုံးမှာတော့ မြို့တစ်ဒါဇင်ရှိခဲ့တယ်။ တစ်မြို့စီမှာ ဘုန်းကြီးနဲ့အုပ်ချုပ်သူကြားက ကဏ္ဍတစ်ခုကို ထမ်းဆောင်တဲ့ ဘုရင်ရှိတယ်။ တစ်ခါတစ်ရံမှာ သူတို့ဟာ ပိုင်နက်သစ်တွေကို သိမ်းယူဖို့ အချင်းချင်း တိုက်ခိုက်ကြတယ်။ တစ်မြို့စီဟာ မြို့ရဲ့တည်ထောင်သူလို့ မှတ်ယူကြတဲ့ မြို့စောင့်နတ်တစ်ပါးရှိတယ်။ မြို့အတွင်းက အကြီးဆုံးနဲ့ အရေးအပါဆုံး အဆောက်အအုံက ဒီမြို့စောင့်နတ်ကွန်းပါ။ အဆင့်တွေပါတဲ့ ပိရမစ်တစ်ခုလို ပုံစံထုတ်ထားတဲ့ လေးထောင့် ဘုရားကျောင်းတစ်ခုပါ။ ခရစ်နှစ်မတိုင်မီ ၃၂၀၀ ခန့်မှာ ဆူမေးရီးယန်းတွေဟာ လက်လှမ်း ချဲ့ခဲ့တယ်။ အိုးထိန်းစက်ဟာ နှစ်ဘီးလှည်းတွေနဲ့ လေးဘီးလှည်းတွေမှာ နေရာသစ်တစ်ခု ရသွားတယ်။ ကျူပင်တွေနဲ့ စွန်ပလွန် ရွက်တွေကနေ လှေတွေကို တည်ဆောက်ခဲ့တယ်။ မြစ်နဲ့ ပင်လယ်ကနေ ဧရာမ အကွာအဝေးတွေဆီ သူတို့ကို သယ်ဆောင်တဲ့ ပိတ်စရွက်တွေနဲ့ပါ။ ရှားပါးတဲ့ ရင်းမြစ်တွေကို အပိုဆောင်းဖို့ ကုန်သွယ်ရေး ကွန်ရက်တစ်ခုကို အီဂျစ်၊ အနာတိုးလီးယား၊ အီသီယိုပီးယားမှာ ပေါ်လာတဲ့ဘုရင်နိုင်ငံတွေနဲ့ ဆောက်ခဲ့တယ်
၊ ရွှေ၊ငွေ၊ ကြည်ပြာရောင် ကျောက်မျက်၊ သစ်ကတိုးတွေ တင်သွင်းခဲ့တယ်။ ကုန်သွယ်မှုက ကမ္ဘာ့ ပထမဆုံး အရေးအသားစနစ် တီထွင်မှုအတွက်တော့ အလားအလာမရှိတဲ့ တွန်းအားပါ။ ဒါက အပြင်က ကုန်သည်တွေနဲ့ စီးပွားလုပ်တဲ့ ဆူမေးရီးယန်း ကုန်သည်တွေအတွက် စာရင်းကိုင် စနစ်တစ်ခုအဖြစ် စတင်ခဲ့တယ်။ နှစ်ရာအနည်းငယ် အကြာမှာ ကျူနီဖောင်း လို့ခေါ်တဲ့ အစောပိုင်း အရုပ်စာစနစ်က အက္ခရာတစ်ခု အဖြစ်ပြောင်းသွားတယ်။ ဆူမေးရီးယန်းတွေဟာ ပထမဆုံး ရေးသားထားတဲ့ ဥပဒေတွေကိုရေးဆွဲခဲ့တယ် အရေးအသား အတတ်ကို သင်ပေးဖို့ ပထမဆုံး ကျောင်းစနစ်ကို ဖန်တီးခဲ့ကာ ဗျူရိုကရေစီနဲ့အခွန်တွေလို စိတ်လှုပ်ရှားစရာ ပိုနည်းတဲ့ တီထွင်မှုတွေကို အစပျိုးခဲ့တယ်။ ကျောင်းတွေမှာ အရုဏ်တက်ကနေ ညနေအထိ ရှေးစာတွေ လေ့လာခြင်းက ကလေးဘဝကနေ လူကြီးဘဝရောက်တဲ့အထိပါ။ သူတို့ဟာ စာရင်းကိုင်၊ သင်္ချာကို သင်ယူပြီး စာပေလက်ရာတွေ၊ဓမ္မတေးတွေ၊ဒဏ္ဍာရီတွေ၊ စကားပုံတွေ၊ တိရစ္ဆာန်ပုံပြင်တွေ၊ မှော်မန္တန်တွေနဲ့ အုတ်ကမ္ပည်းချပ်တွေပေါ်က ပထမဆုံး မော်ကွန်းကဗျာတွေကို ကူးယူခဲ့တယ်။ ဒီကမ္ပည်းချပ်တချို့က ဒဏ္ဍာရီပုံပြင်တွေရဲ့ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ Uruk မြို့ရဲ့ ဘုရင် Gilgamesh ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ ဒါပေမဲ့ BCE တတိယ ထောင်စုနှစ်မှာ ဆူမားဟာ အနီးဝန်းကျင်က အင်ပါယာတင်မဟုတ်တော့ဘဲ မက်ဆိုပိုတေးမီးယားမှာတောင်ပါ။ လှည့်လည်နေထိုင်တဲ့ လူမျိုးစု အသုတ်တွေဟာ မြောက်၊အရှေ့ကနေ ဒေသတွင်းကို တသဲသဲဝင်လာတယ်။ အသစ်ဝင်လာသူတချို့က ဆူမေးရီးယန်းတွေကို လေးစားပြီး သူတို့ရဲ့နေထိုင်ပုံကိုခံယူရင်း သူတို့ကိုယ်ပိုင် ဘာသာစကားတွေကို ဖော်ပြဖို့ ကျူနီဖောင်းစာကို အသုံးပြုကြတယ်။ ၂၃၀၀ BCE မှာ အက်ကာဒီယန်းဘုရင် ဆာဂွန်ဟာ ဆူမေးရီးယန်း မြို့ပြနိုင်ငံတွေကိုသိမ်းတယ်။ ဒါပေမဲ့ ဆာဂွန်က ဆူမေးရီးယန်း ယဉ်ကျေးမှုကို လေးစားပြီး အက်ကာဒီယန်းတွေနဲ့ ဆူမေးရီးယန်းတွေဟာ ရာစုနှစ်တွေချီကာ ယှဉ်တွဲ တည်ရှိခဲ့တယ်။ အခြား ကျူးကျော်တဲ့ အုပ်စုတွက လုယက်ခြင်းနဲ့ ဖျက်ဆီးခြင်းကို အာရုံစိုက်ခဲ့ကြတယ်။ ဆူမေးရီယန်း ယဉ်ကျေးမှု ပျံ့နှံတဲ့ တစ်ချိန်တည်းမှာပဲ ကျူးကျော်မှုတွေရဲ့ ပုံမှန် သတ်ဖြတ်မှုက ဆူမေးရီးယန်းတွေကို ၁၇၅၀BCE အထိသုတ်သင်တယ်။ ဒီနောက်မှာတော့ ဆူမားဟာ သဲကန္တာရ ဖုန်အတွင်းမှာ ပြန်ကွယ်ပျောက်သွားခဲ့ပြီး ၁၉ ရာစုမှသာ ပြန်လည်တွေရှိခဲ့တာပါ။ ဒါပေမဲ့ ဆူမေးရီးယန်း ယဉ်ကျေးမှုက နှစ်ထောင်ချီကာ ရှင်သန်ခဲ့တယ်။ ပထမ အက်ကာဒီးယန်းတွေကနေ အက်ဆီးရီးယန်း၊ ဘေဘီလုံတွေအထိပါ။ ဘေဘီလုံတွေက ဆူမေးရီးယန်းတွေကို ဟီဗရူး၊ဂရိနဲ့ ရိုမန် ယဉ်ကျေးမှုတွေကနေ တီထွင်မှုတွေနဲ့ အစဉ်အလာတွေကို လက်ဆင့်ကမ်းပေးခဲ့တယ်။ တချို့က ယနေ့တိုင် ဆက်ရှိနေဆဲပါ။