1 00:00:07,689 --> 00:00:13,007 သမိုင်းရဲ့ ပထမဆုံးအင်ပါယာဟာ သီးနှံတွေ ဖြစ် ထွန်းဖို့ မိုးရေမရှိ၊ အိမ်ယာဆောက်လုပ်ဖို့ 2 00:00:13,007 --> 00:00:18,787 သစ်ပင်တွေ၊ ကျောက်တုံးတွေ မရှိတဲ့ ပူပြင်း၊ ခြောက်သွေ့တဲ့မြေပြင်ကနေ ပေါ်ထွန်းခဲ့တယ်။ 3 00:00:18,787 --> 00:00:24,140 အားလုံးကင်းမဲ့ပေမဲ့ မှီတင်းနေထိုင်သူတွေဟာ ကမ္ဘာ့ ပထမဆုံး မြို့ကြီးတွေကို 4 00:00:24,140 --> 00:00:28,226 ခံ့ညားတဲ့ ဗိသုကာဖြင့်တည်ဆောက်ခဲ့ကြပြီး နေထိုင်ခဲ့ကြတဲ့ လူဦးရေတွေ များပြားခဲ့တယ်။ 5 00:00:28,226 --> 00:00:32,542 ရွံ့မြေချည်း သက်သက်ကနေ တည်ဆောက်ခဲ့ကြတာပါ။ 6 00:00:32,542 --> 00:00:36,052 ဆူမားဟာ မက်ဆိုပိုတေးမီးယားလို့ ခေါ်တဲ့ ဒေသတွင်းက ခေတ်သစ် အီရန်ရဲ့ 7 00:00:36,052 --> 00:00:38,752 တောင်ဘက်ပိုင်းကို နေရာယူခဲ့တယ်။ 8 00:00:38,752 --> 00:00:41,932 မက်ဆိုပိုတေးမီးယားက "မြစ်နှစ်ခုကြား" လို့ အဓိပ္ပာယ်ရတယ်၊ 9 00:00:41,932 --> 00:00:44,892 တိုက်ဂရစ်နဲ့ ယူဖရေးတီးစ် မြစ်တွေပါ။ 10 00:00:44,892 --> 00:00:52,033 ခရစ်နှစ်မတိုင်မီ ၅၀၀၀ ခန့်မှာ ဆူမေးရီးယန်း တွေဟာ မြစ်ရေကို လမ်းကြောင်းပြောင်းကာ အရင်က 11 00:00:52,033 --> 00:00:58,460 ခြောက်သွေ့တဲ့ မြေမှာ စိုက်ဖို့ ဆည်မြောင်း တွေ ဆည်တွေနဲ့ ရေလှောင်ကန်တွေ သုံးခဲ့တယ်။ 12 00:00:58,460 --> 00:01:02,976 ဒီလို စိုက်ပျိုးမွေးမြူရေး လူစုတွေဟာ ကမ္ဘာ အနှံ့မှာ တဖြည်းဖြည်း မှိုလိုပေါက်လာနေတယ်။ 13 00:01:02,976 --> 00:01:06,766 ဒါပေမဲ့ ဆူမေးရီးယန်းတွေက နောက်တစ်ဆင့်ကို ပထမဆုံး တက်လှမ်းခဲ့သူတွေပါ။ 14 00:01:06,766 --> 00:01:09,336 မြစ်ရွှံ့မြေကနေ လုပ်တဲ့ မြေစေးအုတ်တွေကို သုံးရင်း 15 00:01:09,336 --> 00:01:13,336 အထပ်များစွာပါတဲ့ အိမ်တွေနဲ့ ဘုရားကျောင်းတွေ စတင်ဆောက်လုပ်ခဲ့တယ်။ 16 00:01:13,336 --> 00:01:14,596 ဘီးကို တီထွင်ခဲ့ကြတယ်။ 17 00:01:14,596 --> 00:01:19,609 ရွှံ့မြေကို အိမ်သုံးပစ္စည်းတွေနဲ့ကိရိယာတွေ အဖြစ် ပြောင်းပေးတဲ့ အိုးထိန်းစက်တစ်ခုပါ။ 18 00:01:19,609 --> 00:01:23,903 ဒီမြေစေးအုတ်တွေက ခရစ်နှစ်မတိုင်မီ နှစ် ၄၅၀၀ ခန့်လောက်မှာ ကမ္ဘာ့ ပထမဆုံး 19 00:01:23,903 --> 00:01:27,693 မြို့ကြီးတွေ ပေါ်ထွန်းစေခဲ့တယ်။ 20 00:01:27,693 --> 00:01:32,249 မြို့ရဲ့ လူမှုရေးဆိုင်ရာ အဆင့်ရဲ့ထိပ်မှာ မြင့်မြတ်တယ်လို့ မှတ်ယူခံရသူတွေဖြစ်တဲ့ 21 00:01:32,249 --> 00:01:34,382 ဘုန်းကြီးတွေနဲ့ ယဇ်နတ်ဆရာတွေရှိတယ်၊ 22 00:01:34,382 --> 00:01:40,056 ဒီနောက် ကုန်သည်တွေ၊ လက်မှုပညာသည်တွေ၊ လယ်သမားတွေနဲ့ ကျွန်ပြုခံရသူတွေပါ။ 23 00:01:40,056 --> 00:01:43,896 ဆူမေးရီးယန်း အင်ပါယာမှာ နိုင်ငံငယ်တွေလိုမျိုး လုပ်ဆောင်တဲ့ 24 00:01:43,896 --> 00:01:46,506 ကွဲပြာ၊တဲ့ မြို့ပြနိုင်ငံတွေ ပါဝင်တယ်။ 25 00:01:46,506 --> 00:01:49,886 ဒီနိုင်ငံတွေက ဘာသာစကားနဲ့ကိုးကွယ် ယုံကြည်မှုအရ လျော့ရဲရဲ ဆက်ထားပေမဲ့ 26 00:01:49,886 --> 00:01:52,526 ဗဟိုထိန်းချုပ်မှု ကင်းမဲ့တယ်။ 27 00:01:52,526 --> 00:01:56,881 အစောဆုံး မြို့တွေက Uruk Ur နဲ့ Eridu တို့ဖြစ်ပြီး 28 00:01:56,881 --> 00:01:59,721 နောက်ဆုံးမှာတော့ မြို့တစ်ဒါဇင်ရှိခဲ့တယ်။ 29 00:01:59,721 --> 00:02:04,636 တစ်မြို့စီမှာ ဘုန်းကြီးနဲ့အုပ်ချုပ်သူကြားက ကဏ္ဍတစ်ခုကို ထမ်းဆောင်တဲ့ ဘုရင်ရှိတယ်။ 30 00:02:04,636 --> 00:02:09,033 တစ်ခါတစ်ရံမှာ သူတို့ဟာ ပိုင်နက်သစ်တွေကို သိမ်းယူဖို့ အချင်းချင်း တိုက်ခိုက်ကြတယ်။ 31 00:02:09,033 --> 00:02:14,736 တစ်မြို့စီဟာ မြို့ရဲ့တည်ထောင်သူလို့ မှတ်ယူကြတဲ့ မြို့စောင့်နတ်တစ်ပါးရှိတယ်။ 32 00:02:14,736 --> 00:02:19,898 မြို့အတွင်းက အကြီးဆုံးနဲ့ အရေးအပါဆုံး အဆောက်အအုံက ဒီမြို့စောင့်နတ်ကွန်းပါ။ 33 00:02:19,898 --> 00:02:24,485 အဆင့်တွေပါတဲ့ ပိရမစ်တစ်ခုလို ပုံစံထုတ်ထားတဲ့ လေးထောင့် ဘုရားကျောင်းတစ်ခုပါ။ 34 00:02:24,485 --> 00:02:30,029 ခရစ်နှစ်မတိုင်မီ ၃၂၀၀ ခန့်မှာ ဆူမေးရီးယန်းတွေဟာ လက်လှမ်း ချဲ့ခဲ့တယ်။ 35 00:02:30,029 --> 00:02:34,295 အိုးထိန်းစက်ဟာ နှစ်ဘီးလှည်းတွေနဲ့ လေးဘီးလှည်းတွေမှာ နေရာသစ်တစ်ခု ရသွားတယ်။ 36 00:02:34,295 --> 00:02:37,785 ကျူပင်တွေနဲ့ စွန်ပလွန် ရွက်တွေကနေ လှေတွေကို တည်ဆောက်ခဲ့တယ်။ 37 00:02:37,785 --> 00:02:42,984 မြစ်နဲ့ ပင်လယ်ကနေ ဧရာမ အကွာအဝေးတွေဆီ သူတို့ကို သယ်ဆောင်တဲ့ ပိတ်စရွက်တွေနဲ့ပါ။ 38 00:02:42,984 --> 00:02:46,542 ရှားပါးတဲ့ ရင်းမြစ်တွေကို အပိုဆောင်းဖို့ ကုန်သွယ်ရေး ကွန်ရက်တစ်ခုကို 39 00:02:46,542 --> 00:02:51,180 အီဂျစ်၊ အနာတိုးလီးယား၊ အီသီယိုပီးယားမှာ ပေါ်လာတဲ့ဘုရင်နိုင်ငံတွေနဲ့ ဆောက်ခဲ့တယ်
၊ 40 00:02:51,180 --> 00:02:57,785 ရွှေ၊ငွေ၊ ကြည်ပြာရောင် ကျောက်မျက်၊ သစ်ကတိုးတွေ တင်သွင်းခဲ့တယ်။ 41 00:02:57,785 --> 00:03:00,235 ကုန်သွယ်မှုက ကမ္ဘာ့ ပထမဆုံး အရေးအသားစနစ် 42 00:03:00,235 --> 00:03:03,985 တီထွင်မှုအတွက်တော့ အလားအလာမရှိတဲ့ တွန်းအားပါ။ 43 00:03:03,985 --> 00:03:07,185 ဒါက အပြင်က ကုန်သည်တွေနဲ့ စီးပွားလုပ်တဲ့ ဆူမေးရီးယန်း ကုန်သည်တွေအတွက် 44 00:03:07,185 --> 00:03:09,885 စာရင်းကိုင် စနစ်တစ်ခုအဖြစ် စတင်ခဲ့တယ်။ 45 00:03:09,885 --> 00:03:13,735 နှစ်ရာအနည်းငယ် အကြာမှာ ကျူနီဖောင်း လို့ခေါ်တဲ့ အစောပိုင်း အရုပ်စာစနစ်က 46 00:03:13,735 --> 00:03:17,085 အက္ခရာတစ်ခု အဖြစ်ပြောင်းသွားတယ်။ 47 00:03:17,085 --> 00:03:20,025 ဆူမေးရီးယန်းတွေဟာ ပထမဆုံး ရေးသားထားတဲ့ ဥပဒေတွေကိုရေးဆွဲခဲ့တယ် 48 00:03:20,025 --> 00:03:24,814 အရေးအသား အတတ်ကို သင်ပေးဖို့ ပထမဆုံး ကျောင်းစနစ်ကို ဖန်တီးခဲ့ကာ 49 00:03:24,814 --> 00:03:31,317 ဗျူရိုကရေစီနဲ့အခွန်တွေလို စိတ်လှုပ်ရှားစရာ ပိုနည်းတဲ့ တီထွင်မှုတွေကို အစပျိုးခဲ့တယ်။ 50 00:03:31,317 --> 00:03:34,837 ကျောင်းတွေမှာ အရုဏ်တက်ကနေ ညနေအထိ ရှေးစာတွေ လေ့လာခြင်းက 51 00:03:34,837 --> 00:03:37,627 ကလေးဘဝကနေ လူကြီးဘဝရောက်တဲ့အထိပါ။ 52 00:03:37,627 --> 00:03:42,004 သူတို့ဟာ စာရင်းကိုင်၊ သင်္ချာကို သင်ယူပြီး စာပေလက်ရာတွေ၊ဓမ္မတေးတွေ၊ဒဏ္ဍာရီတွေ၊ 53 00:03:42,004 --> 00:03:47,415 စကားပုံတွေ၊ တိရစ္ဆာန်ပုံပြင်တွေ၊ မှော်မန္တန်တွေနဲ့ အုတ်ကမ္ပည်းချပ်တွေပေါ်က 54 00:03:47,415 --> 00:03:50,845 ပထမဆုံး မော်ကွန်းကဗျာတွေကို ကူးယူခဲ့တယ်။ 55 00:03:50,845 --> 00:03:54,145 ဒီကမ္ပည်းချပ်တချို့က ဒဏ္ဍာရီပုံပြင်တွေရဲ့ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ 56 00:03:54,145 --> 00:03:59,770 Uruk မြို့ရဲ့ ဘုရင် Gilgamesh ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ 57 00:03:59,770 --> 00:04:05,887 ဒါပေမဲ့ BCE တတိယ ထောင်စုနှစ်မှာ ဆူမားဟာ အနီးဝန်းကျင်က အင်ပါယာတင်မဟုတ်တော့ဘဲ 58 00:04:05,887 --> 00:04:08,117 မက်ဆိုပိုတေးမီးယားမှာတောင်ပါ။ 59 00:04:08,117 --> 00:04:13,661 လှည့်လည်နေထိုင်တဲ့ လူမျိုးစု အသုတ်တွေဟာ မြောက်၊အရှေ့ကနေ ဒေသတွင်းကို တသဲသဲဝင်လာတယ်။ 60 00:04:13,661 --> 00:04:17,661 အသစ်ဝင်လာသူတချို့က ဆူမေးရီးယန်းတွေကို လေးစားပြီး သူတို့ရဲ့နေထိုင်ပုံကိုခံယူရင်း 61 00:04:17,661 --> 00:04:21,661 သူတို့ကိုယ်ပိုင် ဘာသာစကားတွေကို ဖော်ပြဖို့ ကျူနီဖောင်းစာကို အသုံးပြုကြတယ်။ 62 00:04:21,661 --> 00:04:29,026 ၂၃၀၀ BCE မှာ အက်ကာဒီယန်းဘုရင် ဆာဂွန်ဟာ ဆူမေးရီးယန်း မြို့ပြနိုင်ငံတွေကိုသိမ်းတယ်။ 63 00:04:29,026 --> 00:04:31,696 ဒါပေမဲ့ ဆာဂွန်က ဆူမေးရီးယန်း ယဉ်ကျေးမှုကို လေးစားပြီး 64 00:04:31,696 --> 00:04:37,262 အက်ကာဒီယန်းတွေနဲ့ ဆူမေးရီးယန်းတွေဟာ ရာစုနှစ်တွေချီကာ ယှဉ်တွဲ တည်ရှိခဲ့တယ်။ 65 00:04:37,262 --> 00:04:41,382 အခြား ကျူးကျော်တဲ့ အုပ်စုတွက လုယက်ခြင်းနဲ့ ဖျက်ဆီးခြင်းကို အာရုံစိုက်ခဲ့ကြတယ်။ 66 00:04:41,382 --> 00:04:43,842 ဆူမေးရီယန်း ယဉ်ကျေးမှု ပျံ့နှံတဲ့ တစ်ချိန်တည်းမှာပဲ 67 00:04:43,842 --> 00:04:51,738 ကျူးကျော်မှုတွေရဲ့ ပုံမှန် သတ်ဖြတ်မှုက ဆူမေးရီးယန်းတွေကို ၁၇၅၀BCE အထိသုတ်သင်တယ်။ 68 00:04:51,738 --> 00:04:55,944 ဒီနောက်မှာတော့ ဆူမားဟာ သဲကန္တာရ ဖုန်အတွင်းမှာ ပြန်ကွယ်ပျောက်သွားခဲ့ပြီး 69 00:04:55,944 --> 00:05:00,037 ၁၉ ရာစုမှသာ ပြန်လည်တွေရှိခဲ့တာပါ။ 70 00:05:00,037 --> 00:05:04,037 ဒါပေမဲ့ ဆူမေးရီးယန်း ယဉ်ကျေးမှုက နှစ်ထောင်ချီကာ ရှင်သန်ခဲ့တယ်။ 71 00:05:04,037 --> 00:05:09,155 ပထမ အက်ကာဒီးယန်းတွေကနေ အက်ဆီးရီးယန်း၊ ဘေဘီလုံတွေအထိပါ။ 72 00:05:09,155 --> 00:05:13,045 ဘေဘီလုံတွေက ဆူမေးရီးယန်းတွေကို ဟီဗရူး၊ဂရိနဲ့ ရိုမန် ယဉ်ကျေးမှုတွေကနေ 73 00:05:13,045 --> 00:05:16,798 တီထွင်မှုတွေနဲ့ အစဉ်အလာတွေကို လက်ဆင့်ကမ်းပေးခဲ့တယ်။ 74 00:05:16,798 --> 00:05:19,208 တချို့က ယနေ့တိုင် ဆက်ရှိနေဆဲပါ။