1 00:00:00,686 --> 00:00:04,584 အရာတိုင်းကို မြန်သထက် ပိုမြန်မြန်လုပ်ဖို့ ကျွန်မတို့ကို ကူညီပေးတဲ့ အရာတွေနဲ့ 2 00:00:04,608 --> 00:00:07,611 ကျွန်မတို့ ဝန်းရံခံနေရတယ်လို့ သင် တွေးဖူးပါသလား။ 3 00:00:08,294 --> 00:00:09,535 ပိုမြန်မြန် ဆက်သွယ်တယ်၊ 4 00:00:09,559 --> 00:00:12,505 ဒါပေမဲ့ ပိုမြန်မြန် အလုပ်လုပ်၊ ပိုမြန်မြန် စုဆောင်း၊ 5 00:00:12,529 --> 00:00:15,463 ပိုမြန်မြန် ခရီးထွက်၊ ပိုမြန်မြန် ချိန်းတွေ့ဖို့ ရှာ၊ 6 00:00:15,487 --> 00:00:20,319 ပိုမြန်မြန် ချက်ပြုတ်၊ ပိုမြန်မြန် ရှင်း၊ အကုန်လုံးကို တစ်ချိန်တည်းမှာလုပ်ပါသေးတယ်။ 7 00:00:20,803 --> 00:00:25,317 နိုးနေတဲ့ နာရီတိုင်းထဲကို စုပြုံထည့်နေတာကို ဘယ်လို ခံစားရလဲ။ 8 00:00:26,690 --> 00:00:28,903 ကျွန်မရဲ့ အမေရိကန် မျိုးဆက်အတွက်တော့ 9 00:00:28,927 --> 00:00:31,176 အမြန်နှုန်းဟာ မွေးရာပါ အခွင့်အရေးတစ်ခုလိုပါ။ 10 00:00:31,200 --> 00:00:34,543 တစ်ခါတစ်လေ တွေးမိတာက ကျွန်မတို့ရဲ့ အနည်းဆုံး အမြန်နှုန်းက Mach 3 ပါ။ 11 00:00:34,567 --> 00:00:37,964 အခြားဟာတွေထက် ကျွန်မတို့ရဲ့နှာတစ်ဖျားသာမှု ဆုံးရှုံးမှာ ကြောက်ကြတယ်။ 12 00:00:38,634 --> 00:00:41,261 ဒါပေမဲ့ ကျွန်မ မျိုးဆက်ကတောင် ကျွန်မတို့ဟာ အမြန် ဆရာကြီး 13 00:00:41,285 --> 00:00:43,772 တွေလား (သို့) အမြန်က ကျွန်မတို့ကို အနိုင်ယူနေတာလား 14 00:00:43,796 --> 00:00:46,322 ဆိုတာ စတင် မေးခွန်းထုတ်နေပါတယ်။ 15 00:00:46,985 --> 00:00:49,617 ကျွန်မက Rand Corporation မှာ မနုဿဗေဒပညာရှင်ဖြစ်ပြီး 16 00:00:49,617 --> 00:00:52,556 မနုဿဗေဒပညာရှင်အများက ရှေးဟောင်း ယဉ်ကျေးမှုတွေကို လေ့လာပေမဲ့ 17 00:00:52,556 --> 00:00:55,738 ကျွန်မက ခေတ်သစ် ယဉ်ကျေးမှုတွေနဲ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲ 18 00:00:55,762 --> 00:00:58,959 အားလုံးကို ကျွန်မတို့ လိုက်ဖက်အောင် ပြင်ဆင်ပုံကို အာရုံစိုက်ပါတယ်။ 19 00:00:59,681 --> 00:01:04,985 မကြာခင်က အမြန်နှုန်းကို လေ့လာဖို့ အင်ဂျင်နီယာ Seifu Chonde နဲ့ လက်တွဲခဲ့တယ်။ 20 00:01:05,009 --> 00:01:10,043 ကျွန်မတို့ဟာ အရှိန်ခေတ်ကို လူတွေ လိုက် ဖက်အောင် ပြင်ဆင်ပုံနဲ့ ၎င်းရဲ့လုံခြုံမှု၊ 21 00:01:10,067 --> 00:01:13,073 ဂယက်ရိုက်မှု နှစ်ခုစလုံးကို စိတ်ဝင်စားတယ်။ 22 00:01:13,556 --> 00:01:16,016 လက်ရှိ ပြောင်းလဲနှုန်းက ဆက်ပြီး အရှိန်ရနေမယ်ဆိုရင် 23 00:01:16,040 --> 00:01:18,923 ၂၅ နှစ်အတွင်းမှာ ကျွန်မတို့ကမ္ဘာမှာ ဘယ်ပုံပေါက်နေမလဲ။ 24 00:01:18,947 --> 00:01:20,812 သယ်ယူပို့ဆောင်ရေး၊ သင်ယူရေး၊ဆက်သွယ်ရေး၊ 25 00:01:20,836 --> 00:01:23,232 ထုတ်လုပ်ရေး၊ လက်နက်အမျိုးမျိုးနဲ့ 26 00:01:23,256 --> 00:01:25,693 သဘာဝ ရွေးချယ်မှုဆိုတာတောင် 27 00:01:25,717 --> 00:01:27,639 ဘာအဓိပ္ပာယ်ဆောင်နေမလဲ။ 28 00:01:28,253 --> 00:01:31,844 ပိုမြန်တဲ့ အနာဂတ်တစ်ခုက ကျွန်မတို့ကို ပိုလုံခြုံပြီး ပိုအကျိုးရှိစေမှာလား။ 29 00:01:32,279 --> 00:01:34,617 (သို့) ပိုပြီး ခုခံနိုင်စွမ်းမဲ့စေမှာလား။ 30 00:01:35,203 --> 00:01:39,207 ကျွန်မတို့ သုတေသနမှာ လူတွေဟာ အရှိန်ကို ရှောင်လွှဲမရတာအဖြစ် လက်ခံကြတယ်။ 31 00:01:39,231 --> 00:01:41,900 ရင်ဖိုတာတွေရော၊ အထိန်းအချုပ်မဲ့တာရောပါ။ 32 00:01:41,924 --> 00:01:44,061 ကြောက်ကြတာက သူတို့ အရှိန်လျော့ချလိုက်ရင် 33 00:01:44,085 --> 00:01:46,743 ခေတ်နောက်ကျသွားခြင်းရဲ့ဘေးဆိုး ကြုံနိုင်လောက်တယ်ဆိုတာပါ။ 34 00:01:46,767 --> 00:01:49,590 သံချေးတက်တာထက် လောင်ကျွမ်းတာကို လိုလားတယ်လို့ ဆိုကြတယ်။ 35 00:01:50,285 --> 00:01:51,576 ဒါပေမဲ့ တစ်ချိန်တည်းမှာ 36 00:01:51,600 --> 00:01:54,793 အမြန်နှုန်းက သူတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေနဲ့ အိမ်ဆိုတဲ့ အနက်ကို 37 00:01:54,817 --> 00:01:56,533 တိုက်စားသွား နိုင်တယ်လို့ ပူပန်ကြတယ်။ 38 00:01:57,524 --> 00:01:59,876 ဒါပေမဲ့ လူတွေဟာ အမြန် ကစားပွဲမှာ နိုင်နေတာတောင် 39 00:01:59,900 --> 00:02:01,784 အနည်းငယ် စိတ်မအေးတာကို ဝန်ခံကြတယ်။ 40 00:02:01,808 --> 00:02:05,407 အရှိန်ကို ဝတ်ကောင်းစားလှနဲ့ လှည့်ပတ်လှုပ်ရှားနေတဲ့ လူချမ်းသာတွေနဲ့ 41 00:02:05,431 --> 00:02:07,926 ဒစ်ဂျစ်တယ် ဖုံတွေထဲမှာ ကျန်ရစ်တဲ့ 42 00:02:07,950 --> 00:02:09,316 မရှိဆင်းရဲသားတွေအကြားက 43 00:02:09,340 --> 00:02:11,722 ကွာဟချက်ကို ချဲ့ပေးတာအဖြစ် မြင်ကြတယ်။ 44 00:02:12,984 --> 00:02:17,048 ကျွန်မတို့မှာ အနာဂတ်ဟာ ပိုမြန်လာမယ်လို့ ဟောကိန်းထုတ်ဖို့ အကြောင်းကောင်းရှိပေမဲ့ 45 00:02:17,072 --> 00:02:18,795 ကျွန်မတို့ သိနားလည်လာတာက 46 00:02:18,819 --> 00:02:21,342 အမြန်နှုန်းဟာ ဝိရောဓိဆန်ပြီး 47 00:02:21,366 --> 00:02:23,174 ဝိရောဓိကောင်းတွေလိုပါပဲ 48 00:02:23,198 --> 00:02:25,897 ဒါက ၎င်းအတိုင်း အဓိပ္ပာယ်မဲ့ပြီး ရှုပ်ထွေးလှတဲ့ လူသား 49 00:02:25,921 --> 00:02:29,009 အတွေ့အကြုံကို ကျွန်မတို့ကို သင်ပေးပါတယ်။ 50 00:02:29,899 --> 00:02:32,311 ပထမ ဝိရောဓိက ကျွန်မတို့ဟာ အြမန်ကို နှစ်သက်ပြီး 51 00:02:32,335 --> 00:02:34,416 ပြင်းပြမှုကြောင့် စိတ်လှုပ်ရှားကြတာပါ။ 52 00:02:34,440 --> 00:02:38,112 ဒါပေမဲ့ ကျွန်မတို့ သမိုင်းမတင်မီ ဦးနှောက် တွေက ဒါအတွက် တည်ဆောက်ထားတာ မဟုတ်တော့ 53 00:02:38,136 --> 00:02:42,603 ကျွန်မတို့ဟာ ရိုလာကိုစတာတွေ၊ ပြိုင်ကားတွေ၊ အသံထက်မြန်တဲ့ လေယဉ်တွေ တီထွင်ကြပေမဲ့ 54 00:02:42,627 --> 00:02:45,752 ဇက်မျက်တာ၊ ကားမူးတာ၊ ဇီဝနာရီ မှားယွင်းမှုတွေကို 55 00:02:45,776 --> 00:02:46,936 ခံစားရတယ်။ 56 00:02:47,584 --> 00:02:49,861 ကျွန်မတိုဟာ အစုံလုပ်ဖို့ ပြောင်းလဲဖြစ်ပေါ်မလာဘဲ 57 00:02:49,885 --> 00:02:53,989 ဒီအစား တစ်ခုကို အံ့ဖွယ် စူးစိုက်မှုနဲ့ လုပ်ဖို့ ပြောင်းလဲဖြစ်ပေါ်ခဲ့တယ်။ 58 00:02:54,013 --> 00:02:56,907 အမဲလိုက်တာလို သေချာပေါက် အမြန်ကြီး မလိုပေမဲ့ 59 00:02:56,931 --> 00:02:59,681 ဧရာမ အကွာအဝေးအတွက် ခံနိုင်ရည်နဲ့ပါ။ 60 00:02:59,705 --> 00:03:03,851 ဒါပေမဲ့ အခုအခါမှာ ဇီဝဗေဒနဲ့ ဘဝနေဟန်တွေ ကြားမှာ ကျယ်ပြန့်လာတဲ့ အဟတစ်ခုရှိတယ်။ 61 00:03:03,875 --> 00:03:08,527 ဘာအတွက် ခန္ဓာကိုယ်တွေကို တည်ဆောက်တာနဲ့ ဒါတွေကို ခိုင်းနေတာအကြားက ကွာချက်တစ်ခုပါ။ 62 00:03:08,870 --> 00:03:14,215 ဒါက ကျွန်မရဲ့ ဆရာသမားတွေ ခေါ်တဲ့ ဖြစ်စဉ် "အမြန်လမ်းပေါ်က ကျောက်ခေတ် လူသားတွေ"ပါ။ 63 00:03:14,239 --> 00:03:15,466 (ရယ်သံများ) 64 00:03:16,087 --> 00:03:19,585 ဒုတိယ အမြန်နှုန်းရဲ့ ဝိရောဓိက ဒါကို ဓမ္မဓိဋ္ဌာန်ကျကျ တိုင်းတာနိုင်တာလေ။ 65 00:03:19,609 --> 00:03:22,499 တစ်နာရီ မိုင်နှုန်း၊ တစ်စက္ကန့် ဂစ်ဂါဗိုက်နှုန်းတို့ပေါ့။ 66 00:03:22,939 --> 00:03:25,179 ဒါပေမဲ့ အမြန်ကို ခံစားပုံနဲ့ 67 00:03:25,203 --> 00:03:26,655 ကြိုက်၊မကြိုက်ဆိုတာက 68 00:03:26,679 --> 00:03:28,339 အတော်ကို ဓမ္မဓိဋ္ဌာန်မကျဘူး။ 69 00:03:28,717 --> 00:03:30,480 ဒီတော့ ကျွန်မတို့ လိုက်ဖက်အောင် 70 00:03:30,504 --> 00:03:34,763 ပြုပြင်နေတဲ့ နည်းပညာသစ်တွေရဲ့ နှုန်းဟာ တိုးလာနေတယ်လို့ မှတ်တမ်းပြုနိုင်တယ်။ 71 00:03:34,787 --> 00:03:39,969 ဥပမာ တယ်လီဖုန်းကို မိတ်ဆက်မှုကနေ အမေရိကန် အများစုရဲ့အိမ်မှာ 72 00:03:39,993 --> 00:03:42,943 ဖုန်းတွေရှိလာဖို့ ၈၅ နှစ်ကြာခဲ့တယ်။ 73 00:03:43,438 --> 00:03:48,151 ဆန်ကျင်ဘက်အနေနဲ့ ကျွန်မတို့အများစု စမတ်ဖုန်းတွေရှိလာဖို့ ၁၃ နှစ်ပဲကြာတယ်။ 74 00:03:48,627 --> 00:03:51,226 လူတွေ အမြန်နှုန်းကို တုံ့ပြန်ပုံ၊ ပြန်လည်တုံ့ပြန်ပုံက 75 00:03:51,250 --> 00:03:56,227 ယဉ်ကျေးမှုအရနဲ့ တူညီတဲ့ ယဉ်ကျေးမှု အတွင်းက မတူညီတဲ့ လူတွေကြားမှာ ခြားနားတယ်။ 76 00:03:56,251 --> 00:03:59,408 အချို့ယဉ်ကျေးမှုတွေမှာ နှစ်လိုဖွယ် သွက်လက် အဆင်ပြေတာအဖြစ် 77 00:03:59,432 --> 00:04:00,751 မြင်နိုင်တဲ့ တုံ့လှယ်မှုဟာ 78 00:04:00,775 --> 00:04:02,800 အခြားမှာ အတော် ရိုင်းတယ်လို့မြင်နိုင်တယ်။ 79 00:04:02,824 --> 00:04:07,231 ဆိုလိုတာက ဂျပန် လက်ဖက်ရည်ပွဲမှာ နောက်ထပ် ခရီး ရပ်နားရာကို 80 00:04:07,255 --> 00:04:09,767 အမြန်လစ်နိုင်အောင် ပါဆယ်ထုတ်ခိုင်းမှာ မဟုတ်ဘူးလေ၊ 81 00:04:09,791 --> 00:04:10,984 ဟုတ်တယ်မို့လား။ 82 00:04:11,968 --> 00:04:16,240 တတိယ ဝိရောဓိတစ်ခုက အမြန်ဟာ အမြန်ကို ဖြစ်စေတာပါ။ 83 00:04:16,264 --> 00:04:18,520 ပိုမြန်မြန် တုံ့ပြန်လေ၊ တုံ့ပြန်မှုတွေ ပိုရလေ၊ 84 00:04:18,544 --> 00:04:20,527 ထပ်ပြီး ပိုမြန်မြန် တုံ့ပြန်ဖို့ လိုလေပါ။ 85 00:04:21,241 --> 00:04:23,191 ပေးထားတဲ့အချိန်အတွင်း 86 00:04:23,215 --> 00:04:25,454 ဒက်ကနဲ ပြောနိုင်တဲ့ ပို့များတဲ ဆက်သွယ်ရေးနဲ့ 87 00:04:25,478 --> 00:04:27,097 သတင်းအချက်အလက်ရှိခြင်းဟာ 88 00:04:27,121 --> 00:04:31,002 ဆုံးဖြတ်ချက်ချရာမှာ ပိုလွယ်ကူစေဖို့နဲ့ ပိုယုတ္တိတန်ဖို့လို့ မှတ်ယူခဲ့ကြတယ်။ 89 00:04:32,209 --> 00:04:34,553 ဒါပေမဲ့ တကယ် ဖြစ်ပေါ်နေ တယ်တော့မထင်ရဘူး။ 90 00:04:35,759 --> 00:04:37,894 ဟောဒီမှာ နောက်ထပ် ဝိရောဓိတစ်ခုပါ။ 91 00:04:38,601 --> 00:04:44,071 ဒီပိုမြန်တဲ့ နည်းပညာတွေဟာ ငြီးငွေ့ဖွယ်ရာ အလုပ်ကနေ ကျွန်မတို့ကို လွတ်မြောက်စေဖို့ 92 00:04:44,095 --> 00:04:46,966 လို့ ယူဆရင်ဘာကြောင့် အားလုံးဟာ အချိန်မပေးနိုင် ဖြစ်နေရတာလဲ။ 93 00:04:46,990 --> 00:04:49,725 ကျွန်မတို့ဟာ ဒီစာကို ချက်ချင်း ဖြေဖို့လိုတယ် ထင်တာနဲ့ပဲ 94 00:04:49,749 --> 00:04:53,147 ကားတွေကို စံချိန် နံပါတ်တွေအတွင်းမှာ ဘာကြောင့် တရကြမ်း ဝင်တိုက်နေတာလဲ။ 95 00:04:53,878 --> 00:04:57,374 အမြန်လမ်းထဲက ဘဝဟာ နည်းနည်း ပိုပျော်ပြီး နည်းနည်း ပူပန်တာ လျော့သင့်တယ် 96 00:04:57,398 --> 00:04:59,005 မဟုတ်ဘူးလား။ 97 00:04:59,464 --> 00:05:01,948 ဂျာမန်စကားပြောသူတွေမှာ ဒါအတွက် စာလုံးတစ်လုံးရှိတယ်။ 98 00:05:01,972 --> 00:05:03,416 "Ellkrankheit" 99 00:05:03,440 --> 00:05:06,454 အင်္ဂလိပ်လိုကတော့ "အမြန်ရောဂါ"ပါ။ 100 00:05:07,055 --> 00:05:09,744 မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုတဲ့အခါ 101 00:05:09,768 --> 00:05:11,590 အကျင့်ပါနေတဲ့ ဦးနှောက်က ပြေးဝင်လာပြီး 102 00:05:11,614 --> 00:05:14,252 ကျွန်မတို့ကို သိမူ၊ လျင်မြန်စွာ တုံပြန်အောင် ကူညီဖို့ 103 00:05:14,276 --> 00:05:18,098 လေ့ကျက်ထားတဲ့ အပြုအမူတွေ၊ 104 00:05:18,122 --> 00:05:21,034 အမှတ်တမဲ့ တုံ့ပြန်မှုတွေ၊ သိမြင်တတ်တဲ့ အစွဲတွေကို အားကိုးတယ်။ 105 00:05:21,502 --> 00:05:23,503 တစ်ခါတစ်လေ ဒါက ကျွန်မတို့ အသက်ကို ကယ်တင်လား 106 00:05:23,527 --> 00:05:24,721 တိုက်၊ မတိုက်ရင် ပြေးပါ။ 107 00:05:25,134 --> 00:05:28,479 ဒါပေမဲ့ တစ်ခါတစ်ကျတော့ ဒါက ရေရှည်မှာ ကျွန်မတို့ကို လမ်းလွဲစေတယ်။ 108 00:05:29,443 --> 00:05:32,934 မကြာခဏ ကျွန်မတို့ လူ့အဖွဲအစည်းမှာ ကြီးမားတဲ့ ကျရှုံးမှုတွေရှိတဲ့အခါ 109 00:05:32,958 --> 00:05:35,856 ဒါတွေက နည်းပညာ ကျရှုံးမှုတွေ မဟုတ်ဘူး။ 110 00:05:35,880 --> 00:05:39,701 ဒါတွေက အကျင့်ပါနေမှုမှာ ဆုံးဖြတ်ချက်တွေ တအား အမြန်ကြီးချလိုက်တဲ့အခါ 111 00:05:39,725 --> 00:05:41,240 ဖြစ်ပေါ်တဲ့ ကျရှုံးမှုတွေပါ။ 112 00:05:41,264 --> 00:05:44,075 အမှတ်တွေ ဆက်ဖို့ (သို့) သတင်း အမှားတွေကို ရှင်းထုတ်ဖို့၊ 113 00:05:44,099 --> 00:05:45,494 ရှုပ်ထွေးမှုကို နားလည်ဖို့ 114 00:05:45,518 --> 00:05:47,335 လိုအပ်နေတဲ့ ဖန်တီးတဲ့(သို့) 115 00:05:47,359 --> 00:05:49,573 ဝေဖန်တဲ့ တွေးခေါ်မှု မလုပ်ခဲ့ကြဘူး။ 116 00:05:50,352 --> 00:05:53,689 ဒီလို တွေးခေါ်ခြင်းမျိုးက အမြန်လုပ်လို့ မရဘူးလေ။ 117 00:05:53,713 --> 00:05:55,595 ဒါက ဖြေးဖြေး တွေးခေါ်ခြင်းပါ။ 118 00:05:56,218 --> 00:05:59,280 စိတ်ပညာရှင်နှစ်ဦးဖြစ်တဲ့ Daniel Kahneman နဲ့ Amos Tversky တို့ဟာ 119 00:05:59,304 --> 00:06:02,529 ၁၉၇၄ ခုနှစ်မှာ ဒါကို စတင် ထောက်ပြခဲ့တယ်။ 120 00:06:02,553 --> 00:06:05,999 သူတို့ရဲ့ထိုးထွင်းအမြင်နဲ့ တစ်ခုခုလုပ်ဖို့ ကျွန်မတို့ ရုန်းကန်နေဆဲပါ။ 121 00:06:07,340 --> 00:06:11,770 ခေတ်သစ်သမိုင်းအားလုံးကို အရှိန် တစ်ခုပြီး တစ်ခု ပန်းထွက်မှုတစ်ခုအဖြစ် တွေးလို့ရတယ်။ 122 00:06:11,794 --> 00:06:14,131 ကျွန်မတို့တွေးသလို အလုံအလောက် အရှိန်မြှင့်လိုက်ရင် 123 00:06:14,155 --> 00:06:16,166 ပြဿနာတွေအတွက် တစ်ပန်းသာနိုင်တယ်။ 124 00:06:16,797 --> 00:06:18,330 ဒါပေမဲ့ ဘယ်တော့မှ မဖြစ်ပါဘူး။ 125 00:06:18,354 --> 00:06:20,155 ဒါကို ကိုယ်ပိုင်ဘဝတွေမှာ သိကြပြီး 126 00:06:20,179 --> 00:06:22,390 မူဝါဒချမှတ်သူတွေလည်း သိကြပါတယ်။ 127 00:06:22,940 --> 00:06:25,247 ဒီတော့ အခု ကျွန်မတို့ဟာ ပိုမြန်ပြီး ပိုတော်တဲ့ 128 00:06:25,271 --> 00:06:27,680 ဆုံးဖြတ်ချက်တွေချရာမှာ ကူညီဖို့၊အမြဲ ဆန့်ထွက်နေတဲ့ 129 00:06:27,704 --> 00:06:31,208 ဒေတာစကြာဝဠာကို စီမံပြုပြင်ဖို့ ဉာဏ်ရည်တုဆီ ဦးလှည့်နေတယ်။ 130 00:06:32,412 --> 00:06:35,824 ဒါပေမဲ့ ဒေတာတွေကို အမြန် စီစဉ်နေတဲ့ စက်တွေဟာ လူသားတွေရဲ့ ဝေဖန်ပြီး 131 00:06:35,848 --> 00:06:38,290 တည်တံ့နေတဲ့ တွေးခေါ်ခြင်းအတွက် 132 00:06:38,314 --> 00:06:39,524 အစားထိုးစရာ မဟုတ်ဘူး။ 133 00:06:39,548 --> 00:06:44,409 သူတို့ရဲ့ ကျောက်ခေတ် ဦးနှောက်တွေဟာ ၎င်းတို့ရဲ့ စေ့ဆော်မှုတွေကို လျော့ကျစေဖို့ 134 00:06:44,433 --> 00:06:46,140 စိတ်ကို နှေးစေဖို့နဲ့ အတွေးတွေ 135 00:06:46,164 --> 00:06:47,876 စီးဆင်းစေဖို့ အချိန်နည်းနည်းလိုတယ်။ 136 00:06:49,040 --> 00:06:52,212 ဘရိတ်ကိုသာ နင်းဖို့သင့်တယ်လို့ စတွေးမိတယ်ဆိုရင် 137 00:06:52,236 --> 00:06:55,389 ဒါက အမြဲတမ်တမ်း မှန်ကန်တဲ့ ဖြေရှင်းချက်ဖြစ်မှာ မဟုတ်ဘူး။ 138 00:06:55,413 --> 00:06:59,510 ကွေ့တစ်ခုနားမှာ တအား အမြန်သွားနေတဲ့ ရထားဟာ လမ်းချော်နိုင်တာ အားလုံးသိကြပေမဲ့ 139 00:06:59,534 --> 00:07:01,496 အင်ဂျင်နီယာ Seifu က ကျွန်မကို သင်ပေးတာက 140 00:07:01,520 --> 00:07:06,241 ကွေ့တစ်ခုနားမှာ တအား နှေးနှေး သွားနေတဲ့ ရထားဟာလည်း လမ်းချော်နိုင်တယ်တဲ့။ 141 00:07:06,860 --> 00:07:11,813 ဒီတော့ အရှိန်ရဲ့ ဒီပန်းထွက်မှုကို စီမံတာက အမြန်ကို ကိုယ့်မှာရှိတယ်လို့ 142 00:07:11,837 --> 00:07:15,373 ထင်တာထက် ပိုထိန်းချုပ်မှု ရှိတာကို နားလည်ခြင်းနဲ့ စတင်တာပါ၊ 143 00:07:15,397 --> 00:07:18,578 တစ်ဦးချင်းနဲ့လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ပေါ့။ 144 00:07:18,602 --> 00:07:21,880 တစ်ခါတစ်ရံ ပိုမြန်မြန်သွားဖို့ မိမိကိုယ်ကိုယ် စီမံဖို့ လိုလိမ့်မယ်။ 145 00:07:21,904 --> 00:07:23,711 ယာဉ်ပိတ်ဆို့တာကို ဖြေရှင်းချင်ကြမယ်၊ 146 00:07:23,735 --> 00:07:26,390 မုန်တိုင်းသင့်သူတွေအတွက် ဒုက္ခသက်သာရေး အရှိန်မြှင့်တာ 147 00:07:26,414 --> 00:07:29,832 (သို့) လိုအပ်တဲ့အခါ လက်ငင်း လိုအပ်တာကို ထုတ်လုပ်ဖို့ 148 00:07:29,856 --> 00:07:31,279 3D ပုံနှိပ်တာကို သုံးချင်မယ်။ 149 00:07:31,955 --> 00:07:35,896 တစ်ခါတစ်လေတော့လည်း မြန်တဲ့ အတွေ့အကြုံကဖြစ်တဲ့ ယဉ်တိုက်မှုကို စီမံဖို့ 150 00:07:35,920 --> 00:07:39,307 မိမိပတ်ဝန်းကျင်ကို ပိုနှေးတဲ့ ပုံပေါက်အောင် လုပ်ချင်ကြမယ်။ 151 00:07:39,861 --> 00:07:43,737 တစ်ချိန်လုံး နှိုးဆော်မပေး လို့လည်း ရပါတယ်။ 152 00:07:43,761 --> 00:07:45,267 ဒါက လူကြီးတွေနဲ့ ကလေးတွေအတွက် 153 00:07:45,291 --> 00:07:46,568 ကောင်းတယ်။ 154 00:07:47,043 --> 00:07:50,626 ငြီးငွေ့စရာကောင်းနိုင်ပေမဲ့ ဒါက အလေးအနက်ဆင်ခြင်ဖို့ အချိန်ပေးတယ်။ 155 00:07:51,258 --> 00:07:54,738 နှေးတဲ့ အချိန်က အလဟဿ ဖြစ်တဲ့ အချိန်မဟုတ်ဘူး။ 156 00:07:56,142 --> 00:07:59,891 အချိန်ကုန် သက်သာအောင်လုပ်တာက ဆိုလိုတာကို ပြန်တွေးတောဖို့လိုတယ်။ 157 00:08:00,318 --> 00:08:04,195 ကမ္ဘာအနှံ့က ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေဟာ အနှေးထဲမှာ တည်ဆောက်တာပါ။ 158 00:08:04,219 --> 00:08:08,781 အနှေးက ကျွန်မတို့ရဲ့ဝေယူထားတဲ့တန်ဖိုးတွေ၊ ဆက်နွယ်မှုကိုအားဖြည့်ပေးဖို့့ ကူညီလို့ပါ။ 159 00:08:08,805 --> 00:08:12,062 ဆက်နွယ်မှုဟာ လူဖြစ်ခြင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ 160 00:08:13,387 --> 00:08:15,031 အမြန်ကို ပိုင်နိုင်ဖို့လိုတယ်။ 161 00:08:15,055 --> 00:08:19,234 ဆိုလိုတာက ပေးထားတဲ့ နည်းပညာရဲ့ အပေးအယူ လုပ်တာတွေအကြောင်း ဂရုတစိုက် တွေးခြင်းပါ။ 162 00:08:19,629 --> 00:08:24,046 ဒါက သင့်လူ့သဘာဝကို ဖော်ပြဖို့ သုံးနိုင်တဲ့ အချိန်ကို ပြန်တောင်းဖို့ ကူညီမှာလား။ 163 00:08:24,070 --> 00:08:27,856 ဒါက သင့်ကို အမြန်ရောဂါ ပေးမှာလား။ အခြားသူတွေကို အမြန်ရောဂါ ပေးမှာလား။ 164 00:08:27,880 --> 00:08:32,402 ဘဝကို သင်လှည့်လည်ချင်တဲ့ အဟုန်ကို ဆုံးဖြတ်နိုင်လောက်အောင် ကံကောင်းရင်တော့ 165 00:08:32,426 --> 00:08:33,831 ဒါက အထူးအခွင့်အရေးတစ်ခုပါ။ 166 00:08:34,464 --> 00:08:35,615 ဒါကို အသုံးပြုပေတော့။ 167 00:08:36,250 --> 00:08:38,967 အရှိန်မြှင့်ဖို့နဲ့ နှေးတဲ့အချိန် ဖန်တီးဖို့ နှစ်ခုစလုံး 168 00:08:38,991 --> 00:08:40,994 လိုအပ်တယ်လို့ သင်ဆုံးဖြတ်လောက်တယ်။ 169 00:08:41,869 --> 00:08:43,599 ကိုယ်ပိုင်နှုန်းမှာ 170 00:08:43,623 --> 00:08:45,252 အလေးအနက် ဆင်ခြင်ဖို့၊ 171 00:08:45,276 --> 00:08:46,718 စိမ့်ဝင်စေဖို့ အချိန်၊ 172 00:08:47,688 --> 00:08:48,943 ညစာ ထမင်းဝိုင်းမှာ 173 00:08:49,611 --> 00:08:50,951 နားထောင်ဖို့၊ 174 00:08:51,517 --> 00:08:53,059 မျှဝေခံစားဖို့၊ 175 00:08:53,890 --> 00:08:55,818 စိတ်ကို အနားပေးဖို့ စွဲကျန်နေဖို့ အချိန်။ 176 00:08:57,402 --> 00:08:59,387 ဒီတော့ အနာဂတ်ကို ဆွဲကြည့်နေစဉ်မှာ 177 00:08:59,411 --> 00:09:03,172 အမြန်ရဲ့နည်းပညာတွေ၊အမြန်ရဲ့ ရည်ရွယ်ချက်နဲ့ 178 00:09:03,196 --> 00:09:05,077 ပိုပြီး လူသားဆန်တဲ့ အဟုန်တစ်ခုအတွက် 179 00:09:05,101 --> 00:09:07,796 အမြန်ရဲ့ မျှော်မှန်းချက်တွေကို 180 00:09:07,820 --> 00:09:10,079 ချမှတ်လိုက်ရအောင်။ 181 00:09:10,760 --> 00:09:11,913 ကျေးဇူးတင်ပါတယ်။ 182 00:09:11,937 --> 00:09:13,452 (လက်ခုပ်သံများ)