ဒီကလေးငယ်ကို တစ်ချက်လောက် ကြည့်စေချင်ပါတယ်။ သင်တို့ ဆွဲဆောင်ခံရတာက သူ့မျက်လုံးတွေနဲ့ သင်တို့ ထိတွေ့လိုတဲ့ အရေပြားပါ။ ဒါပေမဲ့ ဒီနေ့ သင်တို့ မမြင်နိုင်တဲ့ အရာတစ်ခုအကြောင်း ပြောပြမလို့ပါ။ သူ့ရဲ့ ဒီဦးနှောက် သေးသေးလေးထဲမှာ ဖြစ်ပျက်နေတာကိုပါ။ အာရုံကြော သိပ္ပံရဲ့ ခေတ်မီ ကိရိယာတွေက ကျွန်မတို့ကို သရုပ်ပြပေးနေတာက အဲဒီမှာ ဖြစ်ပျက်နေတာတွေဟာ ဒုံးပျံ သိပ္ပံထက် ဘာမှ မလျော့ဘူးတာဆိုတာပါ။ ကျွန်မတို့ လေ့လာနေတာက ကလေးစိတ်ရဲ့ "အာကာသ ပွင့်လင်းမှု"လို့ ရိုမန်တစ် စာရေးဆရာတွေနဲ့ ကဗျာဆရာတွေက သရုပ်ဖော်ခဲ့တာကို ရှင်းလင်းပြတော့မှာပါ။ ဒီမှာ ကျွန်မတို့ မြင်ရတာက အိန္ဒိယက မိခင်တစ်ဦးဖြစ်ပြီး Koro စကားကို ပြောနေတာပါ။ ဒါက အသစ်တွေ့ရှိတဲ့ ဘာသာစကားတစ်ခုပါ။ သူဟာ သူ့ကလေးငယ်ကို စကားပြောနေတယ်။ ဒီမိခင်နဲ့ ကမ္ဘာထဲက Koro စကားပြောသူ ၈၀၀ နားလည်တာက ဒီဘာသာစကားကို ထိန်းသိမ်းဖို့ ဒီစကားကို ကလးငယ်တွေကို ပြောပြဖို့ လိုအပ်တယ်ဆိုတာပါ။ အဲဒီမှာက အရေးပါတဲ့ ပဟေဠိတစ်ခု ရှိနေတယ်။ သင်တို့၊ ကျွန်မတို့ လူကြီးတွေကို ပြောခြင်းဖြင့် ဘာသာစကားတစ်ခုကို ဘာကြောင့် သင် မထိန်းသိမ်းနိုင်တာလဲ။ ကောင်းပြီ၊ ဒါက ဦးနှောက်နဲ့ ဆိုင်ပါတယ်။ ဒီမှာ မြင်ရတာက ဘာသာစကားမှာ သင်ယူခြင်းအတွက် အရေးပါတဲ့ ကာလတစ်ခုရှိတာပါ။ ဒီဆလိုက်ကို ဖတ်ပုံက အလျားလိုက် ဝင်ရိုး ပေါ်က သင့်အသက်ကို ကြည့်ဖို့ပါ။ (ရယ်သံများ) ထောင်လိုက် မြင်ရမှာက ဒုတိယ ဘာသာစကားတစ်ခု ဆည်းပူးခြင်းမှာ သင့်ကျွမ်းကျင်မှုပါ။ ကလေးငယ်တွေနဲ့ ကလေးတွေဟာ ခုနစ်နှစ် မပြည့်မီအထိတော့ ပါရမီရှင်တွေပါ။ ဒီနောက်မှာတော့ စနစ်တကျ ကျဆင်းမှု တစ်ခုရှိတယ်။ ပျိုဖော်ဝင်စ နောက်ပိုင်းမှာ ကျွန်မတို့ဟာ ကျသွားတယ်။ ဘယ်သိပ္ပံပညာရှင်ကမှ ဒီမျဉ်းကွေးကို မငြင်းပေမဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လက်တွေ့ခန်းတွေကတော့ ဘာလို့ ဒီနည်းနဲ့ အဲဒီလို ဖြစ်လာရတယ် ဆိုတာကို အဖြေရှာနေကြတယ်။ ကျွန်မ လက်တွေ့ခန်းထဲက အလုပ်က ဖွံ့ဖြိုးမှုမှာ ပထမ အရေးပါတဲ့ ကာလဖြစ်ပြီး ဒါက ကလေးတွေ သူတို့ရဲ့ ဘာသာစကားထဲက အသုံးအနှုန်းတွေရဲ့ အသံတွေကို ကျွမ်းကျင်ဖို့ ကြိုးစားတဲ့ ကာလပါ။ ကျွန်မတို့ ထင်တာက သင်ယူထားတဲ့ အသံတွေကို လေ့လာရင်း ကျန်တဲ့ ဘာသာစကားအတွက် ပုံစံတစ်ခု ရှိလာမယ်ပေါ့။ ဖြစ်လောက်တာက ကလေးဘဝမှာ ရှိနိုင်လောက်တဲ့ အရေးပါတဲ့ ကာလတွေအတွက် လူမှုရေး၊ ခံစားမှုနဲ့ သိမှတ်မှုဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်ပါ။ ဒါနဲ့ တစ်ကမ္ဘာလုံးမှာ ကျွန်မတို့ သုံးတဲ့ နည်းစနစ်နဲ့ ဘာသာစကားတွေ အားလုံးရဲ့ အသံတွေကို သုံးရင်း ကလေးငယ်တွေကို လေ့လာနေခဲ့တယ်။ ကလေးငယ်က မိဘရဲ့ ပေါင်ပေါ်မှာ ထိုင်ပြီး အသံတစ်သံ ပြောင်းတဲ့အခါ ခေါင်းတွေ လှည့်လာဖို့ လေ့ကျင့်ပေးတယ်။ ဥပမာ "အာ၊ အီး"ပေါ့။ သင့်တော်တဲ့ အချိန်မှာ သူတို့ လှည့်လာရင် သေတ္တာ အနက်က မီးလင်းပြီး ပန်ဒါ ဝက်ဝံက ဒရမ်ကို ထုလိုက်တယ်။ ခြောက်လသားတစ်ယောက်က ဒီအလုပ်ကို သဘောကျတယ်။ ကျွန်မတို့ ဘာကို သိရလဲ။ ကောင်းပြီ၊ တစ်ကမ္ဘာလုံးက ကလေးငယ်တွေဟာ ကျွန်မ သရုပ်ဖော်ချင် တဲ့ "ကမ္ဘာ့ နိုင်ငံသားတွေ"ပါ။ ဘာသာစကား အားလုံးရဲ့ အသံအားလုံးကို သူတို့ ခွဲခြားနိုင်တယ်။ ကျွန်မတို့တွေ ဘယ်နိုင်ငံမှာ စမ်းစမ်၊၊ ဘယ်ဘာသာစကား သုံးသုံးပါ။ ဒါက မှတ်သားလောက်စရာဖြစ်တာက ဒါကို သင်နဲ့ ကျွန်မ မလုပ်နိုင်လို့ပါ။ ယဉ်ကျေးမှု နယ်သတ်ထားတဲ့ နားထောင်သူတွေပါ။ ကိုယ်ပိုင် ဘာသာစကားရဲ့ အသံတွေကို ခွဲခြားနိုင်ပေမဲ့ နိုင်ငံခြား ဘာသာစကား အသံတွေကို မခွဲတတ်ဘူး။ ဒီတော့ မေးခွန်း ပေါ်လာတယ်။ ဒီကမ္ဘာ့ နိုင်ငံသားတွေက ဘယ်အချိန်မှာ ဘာသာစကား နယ်သတ်ထားတဲ့ နားထောင်သူတွေအဖြစ် ပြောင်းသွားလဲ။ အဖြေကတော့ ပထမဆုံး မွေးနေ့တွေ မတိုင်ခင်မှာပါ။ ဒီမှာ သင်မြင်ရတာက တိုကျိုနဲ့ အမေရိကန် ပြည်ထောင်စု ဟောဒီ ဆီရက်တယ်မှာ စမ်းသပ်ခဲ့တဲ့ ကလေးတွေအတွက် ခေါင်းလှည့် အလုပ်ပေါ်က ဖျော်ဖြေမှုပါ။ "ရ" "လ" အသံတွေကို နားထောင်စဉ်ပါ၊ အင်္ဂလိပ် ဘာသာအတွက် အရေးကြီးပေမဲ့ ဂျပန်ဘာသာအတွက် မဟုတ်ဘူး။ ဒီတော့ ခြောက်လကနေ ရှစ်လမှာ ကလေးငယ်တွေဟာ လုံးဝ တူညီတယ်။ အဲဒီနောက် နှစ်လအကြာတွင် မယုံနိုင်စရာတစ်ခု ဖြစ်ပေါ်တယ်။ အမေရိကက ကလေးငယ်တွေဟာ အများကြီး ပိုတော်လာတယ်။ ဂျပန်က ကလေးတွေဟာ အများကြီး ပိုဆိုးလာတယ်။ ဒါပေမဲ့ ကလေးငယ် အုပ်စု နှစ်စုစလုံးဟာ သူတို့ သင်ယူရတော့မယ့် အတိအကျ ဘာသာစကားအတွက် ပြင်ဆင်နေတယ်။ ဒီတော့ မေးခွန်းက ဒီအရေးကြီးတဲ့ နှစ်လ ကာလ အတွင်းမှာ ဘာဖြစ်ပျက်နေတာလဲ။ ဒါက အသံ ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ကာလဆိုပေမဲ့ အဲဒီမှာ ဘာတွေဆက်ပြီး ဖြစ်နေလဲ။ ဒီတော့ အရာနှစ်ခု ဆက်ဖြစ်နေပါတယ်။ ပထမက ကလေးငယ်တွေဟာ ကျွန်မတို့ကို စူးစိုက်စွာ နားထောင်နေပြီး ကျွန်မတို့ ပြောတာကို နားထောင်ရင်း သူတို့ဟာ အချက်အလက်တွေကို ယူနေတယ်။ အချက်အလက်တွေကို ယူနေကြတာပါ။ မိခင်စကားဖြင့် ပြောနေကြတဲ့ မိခင်နှစ်ဦးကိူ နားထောင်ကြည့်ပါ။ ကလေးတွေကို ပြောတဲ့အခါ ကျွန်မတို့ သုံးတဲ့ အများသုံး ဘာသားစကာ၊ပါ။ ပထမက အင်္ဂလိပ်လို၊ နောက်တော့ ဂျပန်လိုပါ။ (ဗီဒီယို) မင်းရဲ့မျက်လုံးပြာတွေကို ချစ်တယ် သိပ်ချစ်စရာကောင်းပြီး ချိုသာလိုက်တာ။ (ဂျပန်ဘာသာစကား) Patricia Kuhl: စကား ထုတ်လုပ်မှုအတွင်း ကလေးငယ်တွေ နားထောင်စဉ် သူတို့ လုပ်နေတာက သူတို့ကြားတဲ့ ဘာသာစကား မှာရှိတဲ့ အချက်အလက်တွေကို ယူနေတာပါ။ ပြီးတော့ ဒီဖြန့်ဝေမှုတွေက ကြီးထွားလာတယ်။ ကျွန်မတို့ သိလိုက်တာက ကလေးတွေဟာ အချက်အလက်တွေကို ခံစားလွယ်ပြီး ဂျပန်နဲ့ အင်္ဂလိပ် အချက်အလက်တွေဟာ အလွန့်အလွန်ကို ခြားနားပါတယ်။ အင်္ဂလိပ်မှာ ရသံတွေ၊ လသံတွေ အများကြီးရှိပါတယ်။ ဒီဖြန့်ဝေမှုက ပြသတယ်။ ဂျပန်ရဲ့ ဖြန့်ဝေမှုက လုံးဝကို ခြားနားပါတယ်။ အလယ်အလတ် အသံတွေရဲ့ အုပ်စုတစ်စုကို မြင်တဲ့ နေရာမှာ ဒါက ဂျပန် "ရ" လို့ သိကြပါတယ်။ ဒီတော့ ကလေးငယ်တွေဟာ ဘာသာစကားရဲ့ အချက်အလက်တွေကို လေ့ကျက်ပြီး ဒါက သူတို့ ဦးနှောက်တွေကို ပြောင်းလဲစေတယ် ဒါက သူတို့ကို ကမ္ဘာ့ နိုင်ငံသားတွေ အဖြစ်ကနေ ယဉ်ကျေးမှု နယ်သတ်ထားတဲ့ နားထောင်သူတွေ အဖြစ် ပြောင်းလဲစေတယ်။ ဒါပေမဲ့ ကျွန်မတို့ လူကြီးတွေဟာ ဒီအချက်အလက်တွေကို မရယူကြတော့ဘူး။ ကျွန်မတို့ဟာ ဖွံ့ဖြိုးမှုမှာ စောစီးစွာ ဖြစ်ပေါ်ခဲ့တဲ့ မှတ်ဉာဏ်ထဲက ကိုယ်စား ပြုမှုတွေရဲ့ လွှမ်းမိုးတာခံရတယ်။ ဒီတော့ ဒီမှာ မြင်နေရတာက အရေးပါတဲ့ ကာလက ဘာလဲဆိုတာရဲ့ ပုံစံတွေ ပြောင်းလဲခြင်းပါ။ ကျွန်မတို့ သင်္ချာဆိုင်ရာ ရှုထောင့်ကနေ ငြင်းခုံနေတာက ဖြန့်ဝေမှုတွေ တည်ငြိမ်သွားတဲ့အခါ ဘာသာစကားဆိုင်ရာ အရာတွေကို လေ့လာခြင်းက နှေးသွားလောက်တယ်ဆိုတာပါ။ ဒါက နှစ်ဘာသာ ကျွမ်းကျင်သူတွေအကြောင်း မေးခွန်းများစွာ ဖြစ်စေတယ်။ နှစ်ဘာသာကျွမ်းသူတွေဟာ တချိန်လုံး စိတ်ထဲမှာ အချက်အလက် နှစ်စုံကို သိမ်းထားပြီး သူတို့ စကားပြောနေသူကို လိုက်ပြီး လိုအပ်သလို တစ်ခုပြီး နောက်တစ်ခုကို ပြောင်းသုံးသွားတာပါ။ ဒီတော့ ကိုယ့်ဘာသာ မေးတာက ကလေးငယ်တွေဟာ ဘာသာစကား အသစ်စက်စက် တစ်ခုပေါ်က အချက်အလက်တွေကို ယူနိုင်လား။ ဒါကို အမေရိကန် ကလေးငယ်တွေကို ထိတွေ့စေရင်း စမ်းသပ်ခဲ့တယ်။ အရေးပါတဲ့ ကာလအတွင်း ပထမအကြိမ် အဖြစ် မန်ဒရင်းအထိ ဒုတိယ ဘာသာစကား တစ်ခုကို လုံးဝ မကြားဖူးသူတွေပါ။ တိုင်ပေနဲ့ ဆီယက်တယ်က တစ်ဘာသာကိုသာ ပြောသူတွေကို မန်ဒရင်း အသံတွေမှာ စမ်းသပ်တဲ့အခါ အလားတူပုံစံ ပြတယ်ဆိုတာ ကျွန်မတို့ သိတယ်။ ခြောက်လကနေ ရှစ်လအထိ လုံးဝကို တူညီပါတယ်။ နောက် နှစ်လကြ၊တဲ့အခါ မယုံနိုင်စရာတစ်ခု ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ ထိုင်ဝမ် ကလေးငယ်တွေ ပိုတော်လာပြီး အမေရိကန် ကလေးငယ်တွေ တော်မလာဘူး။ ကျွန်မတို့ လုပ်တာက ဒီကာလအတွင်း အမေရိကန် ကလေးငယ်တွေကို မန်ဒရင်းနဲ့ ထိတွေ့စေတာပါ။ မန်ဒရင်း ဆွေမျိုးတွေကို တစ်လတာ လာရောက်၊ လည်ပတ်စေပြီး အိမ်ကို ပြောင်းလာစေကာ ကလေးငယ်တွေကို ၁၂ ကြိမ် တွေ့ဆုံစကားပြောစေတာမျိုးပါ။ ဒါက လက်တွေ့ခန်းထဲမှာ တွေ့ရတဲ့ ပုံမျိုးပါ။ (မန်ဒရင်း စကား) PK: သူတို့ရဲ့ ဦနှောက်လေးတွေကို ကျွန်မတို့ ဘာလုပ်လိုက်လဲ။ (ရယ်သံများ) လက်တွေခန်းထဲ ဝင်လာသူတွေ မန်းဒရင်းစကား ကျွမ်းကျင်မှုတွေ မတိုးတက်တာ သေချာစေဖို့ ထိန်းချုပ်ရေး အုပ်စုတစ်စုကို စမ်းဖို့လိုတယ်။ ဒီတော့ ကလေးငယ်တစ်စု ဝင်လာပြီး အင်္ဂလိပ်စကား နားထောင်တယ်။ ဒီဂရပ်ဖ်ကနေ မြင်ရတာက အင်္ဂလိပ်စကား ထိတွေ့မှုက မန်ဒရင်းကို မတိုးတက်စေတာပါ။ ဒါပေမဲ့ မန်ဒရင်းကို ၁၂ ကြိမ်ကြာ ထိတွေ့ ခဲ့တဲ့ ကလေးငယ်တွေ ဖြစ်ခဲ့ကို ကြည့်ပါ။ သူတို့ဟာ ဆယ်လခွဲကြာ နားထောင်နေခဲ့ကြတဲ့ ထိုင်ဝမ်က ကလေးတွေလိုပဲ တော်ခဲ့ကြတယ်။ ဒါက သရုပ်ပြတာ ကလေးငယ်တွေဟာ ဘာသာစကား အသစ်တစ်ခုမှာ အချက်အလက်တွေ ယူကြမယ်ဆိုတာပါ။ သူတို့ရှေ့မှာ ဘာကိုပဲ ချပေးပေး အချက်အလက်တွေ ယူကြလိမ့်မယ်။ ကျွန်မတို့ အံ့ဩမိတာက ဒီသင်ယူခြင်း လေ့ကျင့်ခန်းမှာ လူသား ပါဝင်နေတဲ့ ကဏ္ဍပါ။ ဒီတော့ နောက်ထပ် ကလေးငယ်တစ်စုကို စမ်းတယ်။ ကလေးတွေဟာ ရတဲ့ ပမာဏဟာ အတူတူပါပဲ။ အလားတူး ၁၂ ကြိမ်ကြာအောင် ဆိုပေမဲ့ ရုပ်သံစက်မှ တစ်ဆင့်ပါ။ နောက်ထပ် ကလေးငယ်တစ်စုက အကြားအာရုံ ထိတွေ့မှုသာ ရရှိပြီး စခရင်ပေါ်က ဝက်ဝံရုပ်ကို ကြည့်ခဲ့သူတွေပါ။ သူတို့ဦးနှောက်တွေကို ကျွန်မတို့ ဘာလုပ်လိုက်လဲ။ ဒီမှာ မြင်ရတာက အကြားအာရုံ ရလဒ်ပါ၊ ဘယ် သင်ယူမှုပဲဖြစ်ဖြစ်၊ ဗီဒီယို ရလဒ် ဘယ် သင်ယူမှုပဲဖြစ်ဖြစ်ပါ။ သူတို့ရဲ့ အချက်အလက်တွေကို ယူဖို့ ကလေးတွေအတွက် လူသားတစ်ဦး လိုတာပါ။ ကလေးတွေ အချက်အလက်တွေကို ယူနေစဉ် လူမှုဆိုင်ရာ ဦးနှောက်က ထိန်းနေတယ်။ လူသားတွေ ရှေ့မှာရှိနေတဲ့ ဖြစ်ရပ်နဲ့ ရုပ်မြင်သံကြား ရှေ့မှာ ရှိနေတဲ့ ဖြစ်ရပ်မှာ ဦးနှောက်အတွင်းကို ဝင်ပြီး ဒီအရာ ဖြစ်ပျက်နေတာကို မြင်ချင်တယ်။ ကံကောင်းတာက ကျွန်မတို့ဆီမှာ အဲဒီလို လုပ်ပေးနိုင်တဲ့ စက်တစ်လုံး ရှိနေခြင်းပါ။ magnetoencephalography ပါ။ ဒါက အင်္ဂါဂြိုဟ်က ဆံပင် ခြောက်စက် တစ်ခုများလား ထင်ရပါတယ်။ ဒါပေမဲ့ ဒါက လုံးဝ ဘေးကင်းပါတယ်၊ ခန္ဓာကိုယ်ထဲ ထိုးပေးရန်မလို၊ တိတ်ဆိတ်တယ်။ ကျွန်မတို့ ရှာကြည့်နေတာက မီလီမီတာအထိ တိကျမှုရှိပြီး အချိန်အရ မီလီစက္ကန့်အထိ တိကျဖို့ လိုတာပါ။ 306 SQUIDs ကို အသုံးပြုရင်းပါ။၊ ဒါတွေက ကျွန်မတို့ တွေးနေစဉ် ပြောင်းလဲတဲ့ သံလိုက်စက်ကွင်းတွေကို ဖမ်းယူဖို့ စူပါလျှပ်ကူး ကွမ်တမ် စွက်ဖက်ရေး ကိရိယာတွေနဲ့ ဖမ်းယူတာပါ။ ကျွန်မတို့ဟာ ကမ္ဘာမှာ MEG စက်တစ်လုံးဖြင့် ကလေးငယ်တွေ နားထောင်နေစဉ် သူတို့ကို မှတ်တမ်းတင်ခဲ့ကြတာ ပထမဦးဆုံး အကြိမ်ဖြစ်ခဲ့တယ်။ ဒီတော့ ဒါက Emma လေးပါ။ ခြောက်လ သမီးပါ။ နောက်ပြီး သူ့နားတွေထဲက နားကြပ်တွေနဲ့ ဘာသာစကား အမျိုးမျိုးကို နားထောင်နေတယ်။ သူ လှုပ်လို့ရတာကို မြင်နိုင်ပါတယ်။ ကျွန်မတို့ဟာ သူ့ဦးခေါင်းကို ကက်ဦးထုတ် ထဲက အခင်းပြားလေးနဲ့ ခြေရာခံနေတာကြောင့် သူဟာ လုံးဝ ချောင်ချောင်ချိချိ လှုပ်ရှားဖို့ လွတ်လပ်တယ်။ ဒါက နည်းပညာဆိုင်ရာ အံ့ဖွယ် စွမ်းရည်ပြသမှုပါ။ ဘာကို ကျွန်မတို့ မြင်နေရလဲ။ ကလေးငယ် ဦးနှောက်ကို မြင်နေတာပါ။ သူ့ဘာသာစကားထဲက စကားလုံးတစ်လုံးကို ကလေးငယ် ကြားစဉ်မှာ အကြားအာရုံ ဧရိယာတွေက လင်းလာကာ ဒီနောက်မှာတော့ အဆက်အစပ်နဲ့ ပတ်သက်တယ်လို့ ထင်တဲ့ ၎င်းကို ဝန်းရံနေတဲ့ ဧရိယာတွေက ၎င်းရဲ့မတူတဲ့ ဧရိယာတွေနဲ့ ဦးနှောက်ကို ညှိနှိုင်းပေးတယ်၊ ကျိုးကြောင်း ဆက်စပ်မှု အခြားတစ်ခုကို နှိုးဆွပေးတဲ့ ဦးနှောက် ဧရိယာတစ်ခုပါ။ ကျွန်မတို့ဟာ ကလေးဦးနှောက် ဖွံ့ဖြိုးမှုနဲ့ ပတ်သက်တဲ့ အသိပညာရဲ့ ခမ်းနားတဲ့ ရွေခေတ်တစ်ခေတ်ကို စတင်နိုင်တော့မှာပါ။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို သူတို့တွေ စိတ်ခံစားမှု တစ်ခု ရှိစဉ်၊ အပြော၊ အရေး သင်ယူစဉ်၊ သင်္ချာ ပုစ္ဆာတစ်ပုဒ် ဖြေရှင်းစဉ်၊ စိတ်ကူးတစ်ခု ရစဉ် မြင်နိုင်ကြတော့မှာပါ။ သင်ယူရေး အခက်အခဲရှိနေတဲ့ ကလေးတွေအတွက် ဦးနှောက် အခြေခံ စွက်ဖက်ကုသမှုတွေ တီထွင်နိုင်တော့မှာပါ။ ကဗျာဆရာတွေ၊ စာရေးဆရာတွေ သရုပ်ဖော်သလို အံဖွယ်ရာ ပွင့်လင်းမှုကို ကျွန်မတို့ မြင်နိုင်တော့မယ် ထင်ပါတယ်။ ကလေးတစ်ယောက် အသိစိတ်ရဲ့ အကြွင်းမဲ့ ပြည့်စုံတဲ့ ပွင့်လင်းမှုပါ။ ကလေးရဲ့ ဦးနှောက်ကို လေ့လာစူးစမ်းရာမှာ လူသားဖြစ်ဖို့က ဘာကို ဆိုလိုတဲ့အကြောင်း အမှန်တရားတွေကို ဖော်ထုတ်နိုင်တော့မှာပါ။ ဒီလုပ်ငန်းစဉ်ထဲမှာ ကျွန်မတို့ ဘဝ တစ်သက်တာလုံး သင်ယူနိုင်ဖို့အတွက် ကိုယ့်အသိစိတ်တွေကို ဆက်လက် ဖွင့်ထားနိုင်လောက်မှာပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)