ကျွန်မဟာ ဝင်ငွေကို ရှာရာမှာ တကယ့်ကို ညံ့ဖျင်းခဲ့သူပါ။ အရင်က အငယ်တန်း ဘဏ္ဍာရေး စီမံချက်ဆွဲသူဖြစ်ခဲ့ပြီး အလုပ်က လူတွေရဲ့ ဓနဥစ္စာကို စီမံရာမှာကူညီဖို့ပါ။ ဒါပေမဲ့ ဓာတ်ဆီဖိုး ချွေတာဖို့ အလုပ်ကို စက်ဘီးစီးသွားရလောက်အောင် ကျွန်မရဲ့လစာက နည်းခဲ့တော့ အစားအသောက်မှာ သက်သာစေဖို့ ဥယျာဉ်ကို စလုပ်ခဲ့ရတယ်။ အခု စာရင်းကိုင် လုပ်ငန်းတစ်ခု လုပ်နေပါတယ်၊ အထူးသဖြင့် ဖန်းတီးတီထွင်ရေး လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးတာပါ။ [TED: ကျွန်ုပ်တို့ အလုပ်လုပ်ကြပုံ] [Dropbox ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်နိုင်ခဲ့သည်] အရင် ဘဏ္ဍာရေး စီမံချက်ဆွဲသူကနေ ဖြစ်လာတာက ဆန်းနေပုံရပေမဲ့ အရင်းရှင်စနစ်ကို အားပေးသူတော့ မဟုတ်ဘူး။ ကျွန်မ အပါအဝင် တွဲလုပ်တဲ့သူတိုင်းနီးပါး သိတာ၊ နှစ်သက်တာက အနုပညာရှင်တွေပါ။ ဒီတော့ ဒီစနစ် ထူထောင်နည်းကို ကျွန်မ သိတယ်၊ ကိုယ်ပိုင်လုပ်ငန်းသမားတွေနဲ့ အနုပညာရှင် တွေဟာ ဝင်ငွေ နည်းကြပါတယ်။ ငွေကိုအာရုံစိုက်ခြင်းက ဖန်တီးနိုင်စွမ်းကို ဖျက်ဆီးပစ်မယ်လို့ မကြာခဏ ထင်ကြတယ်။ (သို့) ငွေရှာရာမှာ ဘယ်နည်းနဲမှ သူတို့ဟာ မတော်နိုင်ဘူးလို့ ထင်မိကြတယ်။ ဒါပေမဲ့ တကယ်ကတော့ ဒီနေရာမှာ သူတို့ တော်နိုင်ပါတယ်။ တကယ်ကို တော်ဖို့လိုတယ်လေ။ အဲဒီလိုမဟုတ်ရင် ကိုယ့်လွတ်လပ်မှုကို အရှုံးခံလိုက်ရမယ်လေ၊ လွတ်လပ်စွာ ဖန်တီးဖို့၊ ဩဇာလွှမ်းဖို့နဲ့ ငွေရဲ့အစွမ်းကို အသုံးပြုပြီး အနုပညာရှင်တွေကို ဆက်ပြီး မွဲစေတဲ့ အမြတ်ထုတ်မှုကို ပြောင်းလဲဖို့ပါ။ ကျွန်မဟာ ရုန်းကန်မနေရတော့ဘဲ ဘဏ္ဍာရေး စီမံချက်ဆွဲသူကတည်းက အတော်များများ သိရှိခဲ့ပြီး ဒီအသိသုတကို မျှဝေချင်တာ သက်သက်ပါ။ ကျွန်မ သိပြီး လုပ်ခဲ့တာတွေက ဒီလိုပါ။ တစ်။ သင် လုပ်ရမှာက၊ ကိုယ့်တောင်းဆိုချက်ကို တင်ပြတဲ့ အခါမှာ အောက်ပါ မေးခွန်းကို ဖြေနိုင်ဖို့ လိုပါတယ်။ ပြိုင်ဆိုင်ကြသူတို့ အကြားမှာ ဘာလို့ သင့်ကို ခန့်ရမှာလဲ။ ဒီမေးခွန်းကို သင် မဖြေနိုင်ရင် သင့် ဖောက်သည်တွေလည်း ဖြေနိုင်မှာမဟုတ်လို့ သင့်အလုပ်ရဲ့ ထူးခြားချက်အတွက် ပိုပြီး တောင်းခံမရနိုင်ပါ။ စျေးနှုန်းက ခွဲခြားပစ်တဲ့ အချက်ဖြစ်လာပြီး ဈေးပြိုင်စနစ်ထဲ ဝင်ပြိုင်ရတာပါ။ သင့်ကို ထူးကဲစေနိုင်တာက ဘာလုပ်တတ်လဲ၊ ဘာကြောင့် လုပ်တယ်၊ လုပ်ကိုင်ပုံပါ။ ဟစ်ဟော့ သီချင်းစုတွေကို စီစဉ် တီးခတ်တဲ့ လေးဦးဂီတအဖွဲ့ (သို့) ဒုတိယကမ္ဘာစစ်လွန် မွေးသူတွေ ရောင်း ချရေး နည်းပညာရှိတဲ့ နာမည်ကြီးကုမ္ပဏီ (သို့) ဇာတ်ထောက်နဲ့ စက္ကူပျော့ဖတ် အလှအရုပ်လေးတွေကို လက်နဲ့ ဖန်တီးနိုင်တဲ့ ဒီဇိုင်းနာ ဖြစ်နိုင်ပါတယ်။ နှစ်။ သင် လုပ်ပေးတာက ဘယ်သူ့အတွက်လဲ။ သင့်ကို သူများနဲ့ ထူးကဲစေတာကို နားလည် ဆုံးဖြတ်ပြီးတဲ့ နောက်မှာ သင့်ရဲ့ စံဖောက်သည်နေရာမှာ ကိုယ့်ကိုယ်ကိုယ် ထားကြည့်ပါ။ အဲဒါ ထိရောက်မှုရှိစေဖို့ သင့်အာရုံနယ်ပယ်ကို ချုံ့ပစ်ရမယ်။ အာရုံကို မစူးစိုက်နိုင်ရင် လူတိုင်းအတွက် အရာတိုင်း ဖြစ်လာကာ ဘယ်သူအတွက်မှ ဘာမှမဟုတ်တဲ့ သဘောနဲ့ အဆုံးသတ်သွားမှာပါ။ ပြီးတော့ သင် ရည်ရွယ်ထားတဲ့ ဖောက်သည်ကို ဆွဲဆောင်နိုင်မယ့် ဘာသာစကားမျိုးကိုသုံးပါ။ သူတို့ကို ဆွဲဆောင်နိုင်မယ့် စျေးကွက်ရှာရေး ပစ္စည်းတွေ (သို့) အချက်တွေ ဖန်တီးပါ။ ဒီနောက် သူတို့ရဲ့ လက်တွေ့ဘဝနဲ့ အင်တာနက်ဝန်းကျင်းမှာ ရှိပါစေ။ ဥပမာ၊ သင်ဟာ ဗီဒီယိုရိုက်သူဖြစ်ပြီး ရေရှားတဲ့ နေရာတွေဆီ သန့်စင်တဲ့ရေ ယူဆောင်ပေးရေး တာဝန်ကို ဖြည့်ဆည်းပေးချင်တဲ့ ကုမ္ပဏီတွေနဲ့ တွဲလုပ်ချင်ရင် ရုပ်ရှင် အစွမ်းက လူတွေကို လုပ်ဆောင်ဖို့ စေ့ဆော်ပေးပုံ နမူနာပါတဲ့ ဗီဒီယိုဖန်တီးပါ။ သုံး။ ငွေအကြောင်း ပြောဖို့ လိုလာရင် သင်ဖန်တီးတဲ့ တကယ့် တန်ဖိုးကို နားလည်ပါ။ ပရောဂျက်တစ်ခုအပေါ် အလုပ်လုပ်တဲ့ အချိန်အတွက် ထေမိရုံတင် မကပါဘူး။ သင် သင်ယူခဲ့တဲ့ အရာတိုင်းအတွက်နဲ့ သင်လုပ်ကိုင်ပုံကို သူများထက် ပြောင်မြောက်အောင် လုပ်ဖို့ သင်ခဲ့ရတဲ့ နှစ်တွေအားလုံးနဲ့ သင်လုပ်ထားတဲ့ အရာတိုင်း အတွက် ထေမိစေခြင်းပါ။ သင့်ကိုယ်သင် ဒီလိုမျိုး မေးပါ။ ဝန်ဆောင်မှုက ဖောက်သည်ရဲ့ အသားတင်ဝင်ငွေကိုဘယ်လိုသက်ရောက်လဲ သင်ရဲ့ ဖန်တီးမှုရဲ့ ထိရောက်မှုကြောင့် စရိတ်တွေ ဘယ်လောက် သက်သာလာမလဲ။ သင်ကူညီ ဖန်တီးပေးခဲ့တဲ့ ထုတ်ကုန်ကနေ သင့်ဖောက်သည်က ငွေဘယ်လောက်ရှာနိုင်မလဲ။ ဥပမာ၊ သင်ဟာ တီရှပ်နဲ့ ဘေ့စ်ဘော ဦးထုပ် တွေလို ထုတ်ကုန်တွေကိုထွင်တဲ့ YouTube ဖန်တီးရှင်တွေကို ကူညီတဲ့ ကိုယ်ပိုင်လုပ်ငန်းသမားဆိုရင် သင့်ဝယ်သူတွေကို ငွေဘယ်လောက် ရရှိစေဖို့ သင်ကူညီခဲ့တာကို ဖော်ပြပါ။ (သို့) သင်ဟာ ကော်ပိုရေးရှင်းတွေအတွက် သင်တန်း အစီအစဉ်အပါအဝင် မျိုးစုံတစ်ခု ဖန်တီးပေးထားခဲ့ရင် သင့်ထုတ်ကုန်ကို ဝယ်ယူခြင်းအားဖြင့် ကုမ္ပဏီတစ်ခုဟာ အချိန်နဲ့ ငွေဘယ်လောက် သက်သာစေတဲ့အကြောင်း ပြောပြပါ။ လေး။ သင့် စျေးနှုန်းထဲမှာ အခွန်တွေ၊ အထွေ ထွေ အသုံးစရိတ်နဲ့ အမြတ် ပါဝင်တာ သေချာပါစေ။ သင်ဟာ ကိုယ်ပိုင်လုပ်ငန်းသမား၊ ကိုယ့်လုပ်ငန်း ကိုယ်ပိုင်တော့ စျေးကွက် ရှာတာ၊ စာရင်းကိုင်၊ အခွန်တွေ၊ ဥပဒေရေးရာ၊ အာမခံ၊ အထွေထွေ အသုံးစရိတ်နဲ့ အမြတ်အတွက် သင့်မှာ တာဝန်ရှိတယ်။ သင့်စျေးက နိမ့်လွန်းနေရင် သင့်ဟာ သင့်ကိုယ်သင် ဈေးနှိမ်ပစ်လိုက်တာပါ။ အလားအလာရှိတဲ့ ဝယ်သူတစ်ဦးက သင့်စျေးသတ်မှတ်မှုကို တုံ့ဆိုင်းနေရင် တောင်းပန်ဖို့ မလိုပါဘူး။ သင်ဟာ လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေပြီး ဒီ့ထက် ဈေးလျှော့ပေးလို့ မရနိုင်ကြောင်း ပြောပြပါ။ ငွေရှာတာကို အာရုံစိုက်ခြင်းက ဖန်တီးနိုင်စွမ်းကို ဖျက်ဆီးမှုအစား လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ကို ရရှိစေမှာမို့ ဖန်တီးနိုင်စွမ်းကို တကယ် မြှင့်တင်ပေးမှာပါ။ အကြောင်းက သင့်အလုပ်ကို တန်ဖိုးထားတဲ့ ဖောက် သည်တွေနဲ့ အလုပ်မှ ဝင်ငွေ လုံလောက်စွာရနေရင် တန်ဖိုးမထားတဲ့ ဖောက်သည်တွေနဲ့ ဆက်ဆံဖို့ မလိုတော့လို့ပါ။