1 00:00:00,266 --> 00:00:02,841 ကျွန်မဟာ ဝင်ငွေကို ရှာရာမှာ တကယ့်ကို ညံ့ဖျင်းခဲ့သူပါ။ 2 00:00:02,865 --> 00:00:05,110 အရင်က အငယ်တန်း ဘဏ္ဍာရေး စီမံချက်ဆွဲသူဖြစ်ခဲ့ပြီး 3 00:00:05,134 --> 00:00:07,573 အလုပ်က လူတွေရဲ့ ဓနဥစ္စာကို စီမံရာမှာကူညီဖို့ပါ။ 4 00:00:07,597 --> 00:00:10,760 ဒါပေမဲ့ ဓာတ်ဆီဖိုး ချွေတာဖို့ အလုပ်ကို စက်ဘီးစီးသွားရလောက်အောင် 5 00:00:10,784 --> 00:00:12,129 ကျွန်မရဲ့လစာက နည်းခဲ့တော့ 6 00:00:12,153 --> 00:00:14,631 အစားအသောက်မှာ သက်သာစေဖို့ ဥယျာဉ်ကို စလုပ်ခဲ့ရတယ်။ 7 00:00:14,655 --> 00:00:16,677 အခု စာရင်းကိုင် လုပ်ငန်းတစ်ခု လုပ်နေပါတယ်၊ 8 00:00:16,701 --> 00:00:19,708 အထူးသဖြင့် ဖန်းတီးတီထွင်ရေး လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးတာပါ။ 9 00:00:19,708 --> 00:00:21,730 [TED: ကျွန်ုပ်တို့ အလုပ်လုပ်ကြပုံ] 10 00:00:21,754 --> 00:00:23,962 [Dropbox ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်နိုင်ခဲ့သည်] 11 00:00:23,962 --> 00:00:26,824 အရင် ဘဏ္ဍာရေး စီမံချက်ဆွဲသူကနေ ဖြစ်လာတာက ဆန်းနေပုံရပေမဲ့ 12 00:00:26,848 --> 00:00:28,833 အရင်းရှင်စနစ်ကို အားပေးသူတော့ မဟုတ်ဘူး။ 13 00:00:28,833 --> 00:00:33,738 ကျွန်မ အပါအဝင် တွဲလုပ်တဲ့သူတိုင်းနီးပါး သိတာ၊ နှစ်သက်တာက အနုပညာရှင်တွေပါ။ 14 00:00:33,762 --> 00:00:36,311 ဒီတော့ ဒီစနစ် ထူထောင်နည်းကို ကျွန်မ သိတယ်၊ 15 00:00:36,335 --> 00:00:40,178 ကိုယ်ပိုင်လုပ်ငန်းသမားတွေနဲ့ အနုပညာရှင် တွေဟာ ဝင်ငွေ နည်းကြပါတယ်။ 16 00:00:40,202 --> 00:00:43,977 ငွေကိုအာရုံစိုက်ခြင်းက ဖန်တီးနိုင်စွမ်းကို ဖျက်ဆီးပစ်မယ်လို့ မကြာခဏ ထင်ကြတယ်။ 17 00:00:44,001 --> 00:00:47,376 (သို့) ငွေရှာရာမှာ ဘယ်နည်းနဲမှ သူတို့ဟာ မတော်နိုင်ဘူးလို့ ထင်မိကြတယ်။ 18 00:00:47,400 --> 00:00:49,964 ဒါပေမဲ့ တကယ်ကတော့ ဒီနေရာမှာ သူတို့ တော်နိုင်ပါတယ်။ 19 00:00:49,988 --> 00:00:51,293 တကယ်ကို တော်ဖို့လိုတယ်လေ။ 20 00:00:51,317 --> 00:00:54,008 အဲဒီလိုမဟုတ်ရင် ကိုယ့်လွတ်လပ်မှုကို အရှုံးခံလိုက်ရမယ်လေ၊ 21 00:00:54,008 --> 00:00:55,941 လွတ်လပ်စွာ ဖန်တီးဖို့၊ ဩဇာလွှမ်းဖို့နဲ့ 22 00:00:55,941 --> 00:00:57,430 ငွေရဲ့အစွမ်းကို အသုံးပြုပြီး 23 00:00:57,454 --> 00:01:02,190 အနုပညာရှင်တွေကို ဆက်ပြီး မွဲစေတဲ့ အမြတ်ထုတ်မှုကို ပြောင်းလဲဖို့ပါ။ 24 00:01:02,190 --> 00:01:03,914 ကျွန်မဟာ ရုန်းကန်မနေရတော့ဘဲ 25 00:01:03,914 --> 00:01:06,549 ဘဏ္ဍာရေး စီမံချက်ဆွဲသူကတည်းက အတော်များများ သိရှိခဲ့ပြီး 26 00:01:06,549 --> 00:01:08,585 ဒီအသိသုတကို မျှဝေချင်တာ သက်သက်ပါ။ 27 00:01:08,585 --> 00:01:10,359 ကျွန်မ သိပြီး လုပ်ခဲ့တာတွေက ဒီလိုပါ။ 28 00:01:10,359 --> 00:01:12,163 တစ်။ သင် လုပ်ရမှာက၊ 29 00:01:12,215 --> 00:01:14,112 ကိုယ့်တောင်းဆိုချက်ကို တင်ပြတဲ့ အခါမှာ 30 00:01:14,136 --> 00:01:16,622 အောက်ပါ မေးခွန်းကို ဖြေနိုင်ဖို့ လိုပါတယ်။ 31 00:01:16,646 --> 00:01:19,353 ပြိုင်ဆိုင်ကြသူတို့ အကြားမှာ ဘာလို့ သင့်ကို ခန့်ရမှာလဲ။ 32 00:01:19,353 --> 00:01:22,773 ဒီမေးခွန်းကို သင် မဖြေနိုင်ရင် သင့် ဖောက်သည်တွေလည်း ဖြေနိုင်မှာမဟုတ်လို့ 33 00:01:22,773 --> 00:01:25,899 သင့်အလုပ်ရဲ့ ထူးခြားချက်အတွက် ပိုပြီး တောင်းခံမရနိုင်ပါ။ 34 00:01:25,923 --> 00:01:29,520 စျေးနှုန်းက ခွဲခြားပစ်တဲ့ အချက်ဖြစ်လာပြီး ဈေးပြိုင်စနစ်ထဲ ဝင်ပြိုင်ရတာပါ။ 35 00:01:29,520 --> 00:01:33,046 သင့်ကို ထူးကဲစေနိုင်တာက ဘာလုပ်တတ်လဲ၊ ဘာကြောင့် လုပ်တယ်၊ လုပ်ကိုင်ပုံပါ။ 36 00:01:33,046 --> 00:01:35,859 ဟစ်ဟော့ သီချင်းစုတွေကို စီစဉ် တီးခတ်တဲ့ လေးဦးဂီတအဖွဲ့ 37 00:01:35,883 --> 00:01:39,569 (သို့) ဒုတိယကမ္ဘာစစ်လွန် မွေးသူတွေ ရောင်း ချရေး နည်းပညာရှိတဲ့ နာမည်ကြီးကုမ္ပဏီ 38 00:01:39,593 --> 00:01:42,023 (သို့) ဇာတ်ထောက်နဲ့ စက္ကူပျော့ဖတ် အလှအရုပ်လေးတွေကို 39 00:01:42,023 --> 00:01:44,634 လက်နဲ့ ဖန်တီးနိုင်တဲ့ ဒီဇိုင်းနာ ဖြစ်နိုင်ပါတယ်။ 40 00:01:44,634 --> 00:01:46,548 နှစ်။ သင် လုပ်ပေးတာက ဘယ်သူ့အတွက်လဲ။ 41 00:01:46,548 --> 00:01:49,529 သင့်ကို သူများနဲ့ ထူးကဲစေတာကို နားလည် ဆုံးဖြတ်ပြီးတဲ့ နောက်မှာ 42 00:01:49,553 --> 00:01:52,220 သင့်ရဲ့ စံဖောက်သည်နေရာမှာ ကိုယ့်ကိုယ်ကိုယ် ထားကြည့်ပါ။ 43 00:01:52,220 --> 00:01:55,038 အဲဒါ ထိရောက်မှုရှိစေဖို့ သင့်အာရုံနယ်ပယ်ကို ချုံ့ပစ်ရမယ်။ 44 00:01:55,062 --> 00:01:57,994 အာရုံကို မစူးစိုက်နိုင်ရင် လူတိုင်းအတွက် အရာတိုင်း ဖြစ်လာကာ 45 00:01:57,994 --> 00:02:00,461 ဘယ်သူအတွက်မှ ဘာမှမဟုတ်တဲ့ သဘောနဲ့ အဆုံးသတ်သွားမှာပါ။ 46 00:02:00,461 --> 00:02:04,256 ပြီးတော့ သင် ရည်ရွယ်ထားတဲ့ ဖောက်သည်ကို ဆွဲဆောင်နိုင်မယ့် ဘာသာစကားမျိုးကိုသုံးပါ။ 47 00:02:04,256 --> 00:02:07,980 သူတို့ကို ဆွဲဆောင်နိုင်မယ့် စျေးကွက်ရှာရေး ပစ္စည်းတွေ (သို့) အချက်တွေ ဖန်တီးပါ။ 48 00:02:07,980 --> 00:02:10,842 ဒီနောက် သူတို့ရဲ့ လက်တွေ့ဘဝနဲ့ အင်တာနက်ဝန်းကျင်းမှာ ရှိပါစေ။ 49 00:02:10,842 --> 00:02:12,483 ဥပမာ၊ သင်ဟာ ဗီဒီယိုရိုက်သူဖြစ်ပြီး 50 00:02:12,487 --> 00:02:14,876 ရေရှားတဲ့ နေရာတွေဆီ သန့်စင်တဲ့ရေ ယူဆောင်ပေးရေး 51 00:02:14,900 --> 00:02:17,675 တာဝန်ကို ဖြည့်ဆည်းပေးချင်တဲ့ ကုမ္ပဏီတွေနဲ့ တွဲလုပ်ချင်ရင် 52 00:02:17,675 --> 00:02:21,545 ရုပ်ရှင် အစွမ်းက လူတွေကို လုပ်ဆောင်ဖို့ စေ့ဆော်ပေးပုံ နမူနာပါတဲ့ ဗီဒီယိုဖန်တီးပါ။ 53 00:02:21,545 --> 00:02:25,349 သုံး။ ငွေအကြောင်း ပြောဖို့ လိုလာရင် သင်ဖန်တီးတဲ့ တကယ့် တန်ဖိုးကို နားလည်ပါ။ 54 00:02:25,349 --> 00:02:29,346 ပရောဂျက်တစ်ခုအပေါ် အလုပ်လုပ်တဲ့ အချိန်အတွက် ထေမိရုံတင် မကပါဘူး။ 55 00:02:29,346 --> 00:02:31,943 သင် သင်ယူခဲ့တဲ့ အရာတိုင်းအတွက်နဲ့ သင်လုပ်ကိုင်ပုံကို 56 00:02:32,013 --> 00:02:35,088 သူများထက် ပြောင်မြောက်အောင် လုပ်ဖို့ သင်ခဲ့ရတဲ့ နှစ်တွေအားလုံးနဲ့ 57 00:02:35,088 --> 00:02:37,286 သင်လုပ်ထားတဲ့ အရာတိုင်း အတွက် ထေမိစေခြင်းပါ။ 58 00:02:37,286 --> 00:02:38,923 သင့်ကိုယ်သင် ဒီလိုမျိုး မေးပါ။ 59 00:02:38,923 --> 00:02:41,605 ဝန်ဆောင်မှုက ဖောက်သည်ရဲ့ အသားတင်ဝင်ငွေကိုဘယ်လိုသက်ရောက်လဲ 60 00:02:41,783 --> 00:02:45,080 သင်ရဲ့ ဖန်တီးမှုရဲ့ ထိရောက်မှုကြောင့် စရိတ်တွေ ဘယ်လောက် သက်သာလာမလဲ။ 61 00:02:45,104 --> 00:02:47,173 သင်ကူညီ ဖန်တီးပေးခဲ့တဲ့ ထုတ်ကုန်ကနေ 62 00:02:47,197 --> 00:02:49,569 သင့်ဖောက်သည်က ငွေဘယ်လောက်ရှာနိုင်မလဲ။ 63 00:02:49,593 --> 00:02:53,347 ဥပမာ၊ သင်ဟာ တီရှပ်နဲ့ ဘေ့စ်ဘော ဦးထုပ် တွေလို ထုတ်ကုန်တွေကိုထွင်တဲ့ YouTube 64 00:02:53,371 --> 00:02:56,153 ဖန်တီးရှင်တွေကို ကူညီတဲ့ ကိုယ်ပိုင်လုပ်ငန်းသမားဆိုရင် 65 00:02:56,177 --> 00:02:59,287 သင့်ဝယ်သူတွေကို ငွေဘယ်လောက် ရရှိစေဖို့ သင်ကူညီခဲ့တာကို ဖော်ပြပါ။ 66 00:02:59,311 --> 00:03:02,877 (သို့) သင်ဟာ ကော်ပိုရေးရှင်းတွေအတွက် သင်တန်း အစီအစဉ်အပါအဝင် 67 00:03:02,901 --> 00:03:04,549 မျိုးစုံတစ်ခု ဖန်တီးပေးထားခဲ့ရင် 68 00:03:04,549 --> 00:03:08,162 သင့်ထုတ်ကုန်ကို ဝယ်ယူခြင်းအားဖြင့် ကုမ္ပဏီတစ်ခုဟာ အချိန်နဲ့ ငွေဘယ်လောက် 69 00:03:08,186 --> 00:03:10,195 သက်သာစေတဲ့အကြောင်း ပြောပြပါ။ 70 00:03:10,219 --> 00:03:15,075 လေး။ သင့် စျေးနှုန်းထဲမှာ အခွန်တွေ၊ အထွေ ထွေ အသုံးစရိတ်နဲ့ အမြတ် ပါဝင်တာ သေချာပါစေ။ 71 00:03:15,099 --> 00:03:18,020 သင်ဟာ ကိုယ်ပိုင်လုပ်ငန်းသမား၊ ကိုယ့်လုပ်ငန်း ကိုယ်ပိုင်တော့ 72 00:03:18,044 --> 00:03:20,020 စျေးကွက် ရှာတာ၊ စာရင်းကိုင်၊ အခွန်တွေ၊ 73 00:03:20,044 --> 00:03:22,372 ဥပဒေရေးရာ၊ အာမခံ၊ အထွေထွေ အသုံးစရိတ်နဲ့ 74 00:03:22,396 --> 00:03:24,614 အမြတ်အတွက် သင့်မှာ တာဝန်ရှိတယ်။ 75 00:03:24,638 --> 00:03:26,084 သင့်စျေးက နိမ့်လွန်းနေရင် 76 00:03:26,108 --> 00:03:28,804 သင့်ဟာ သင့်ကိုယ်သင် ဈေးနှိမ်ပစ်လိုက်တာပါ။ 77 00:03:28,828 --> 00:03:31,860 အလားအလာရှိတဲ့ ဝယ်သူတစ်ဦးက သင့်စျေးသတ်မှတ်မှုကို တုံ့ဆိုင်းနေရင် 78 00:03:31,884 --> 00:03:33,410 တောင်းပန်ဖို့ မလိုပါဘူး။ 79 00:03:33,434 --> 00:03:35,300 သင်ဟာ လုပ်ငန်းတစ်ခုကို လုပ်ကိုင်နေပြီး 80 00:03:35,324 --> 00:03:37,586 ဒီ့ထက် ဈေးလျှော့ပေးလို့ မရနိုင်ကြောင်း ပြောပြပါ။ 81 00:03:37,586 --> 00:03:40,562 ငွေရှာတာကို အာရုံစိုက်ခြင်းက ဖန်တီးနိုင်စွမ်းကို ဖျက်ဆီးမှုအစား 82 00:03:40,562 --> 00:03:42,895 လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ကို ရရှိစေမှာမို့ 83 00:03:42,895 --> 00:03:45,097 ဖန်တီးနိုင်စွမ်းကို တကယ် မြှင့်တင်ပေးမှာပါ။ 84 00:03:45,097 --> 00:03:49,138 အကြောင်းက သင့်အလုပ်ကို တန်ဖိုးထားတဲ့ ဖောက် သည်တွေနဲ့ အလုပ်မှ ဝင်ငွေ လုံလောက်စွာရနေရင် 85 00:03:49,138 --> 00:03:52,186 တန်ဖိုးမထားတဲ့ ဖောက်သည်တွေနဲ့ ဆက်ဆံဖို့ မလိုတော့လို့ပါ။