WEBVTT 00:00:00.000 --> 00:00:02.000 ဒါ ကျမရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ် 00:00:02.000 --> 00:00:04.000 သမ္မတကတော်အနေနဲ့ သွားရတဲ့ ကျမရဲ့ ပထမ ခရီးစဉ်ပါ 00:00:04.000 --> 00:00:06.000 ယုံလားတော့မသိဘူး 00:00:06.000 --> 00:00:16.000 (လက်ခုတ်တီးသံများ) 00:00:16.000 --> 00:00:19.000 ယူကေကို ပထမဦးဆုံးအကြိမ် လာလည်မှု မဟုတ်တဲ့အတွက် 00:00:19.000 --> 00:00:24.000 ကျမ ပထမဆုံး တရားဝင် လာလည်ပတ်မှု ဖြစ်တာကို ဂုဏ်ယူမိပါတယ် လို့ပြောရပါမယ် 00:00:24.000 --> 00:00:28.000 အမေရိကန်ပြည်ထောင်စု နဲ့ ယူကေတို့ အကြားက အထူးဆက်ဆံမှုတွေဟာ 00:00:28.000 --> 00:00:33.000 အစိုးရချင်း ဆက်ဆံမှုတွေ အပေါ်မှာသာ အခြေခံတာ မဟုတ်ပဲ 00:00:33.000 --> 00:00:36.000 တူညီတဲ့ဘာသာစကား နဲ့ တန်ဖိုးထားကြတဲ့ အချက်တွေ တူညီနေခြင်းကိုလည်း အခြေံထားပါတယ်၊ 00:00:36.000 --> 00:00:40.000 ပြီးတော့ ကျမ ဒီနေ့ တစ်နေ့လုံး ရှင်တို့ကို ကြည့်ရှုစဉ်မှာ အဲဒီကို ပြန်ပြောင်း သတိရမိပါတယ် 00:00:40.000 --> 00:00:44.000 ဒီခရီးစဉ် အတော်အတွင်းမှာ အထူး ဂုဏ်ယူချင်တာကတော့ 00:00:44.000 --> 00:00:47.000 ဗြိတိန်နိုင်ငံထဲက ထင်ရှားကြကာ ရှင်တို့ အားလုံးအတွက် လမ်းကြောင်းကို ခင်းပေးနေကြတဲ့ 00:00:47.000 --> 00:00:50.000 ထူးချွန်ကြတဲ့ အမျိုးသမီးတချို့တို့နဲ့ ုတွေ့ဆုံခဲ့ရတာကိုပါပဲ 00:00:50.000 --> 00:00:53.000 ပြီးတော့ အခုလို ဗြိတိန်ရဲ့ အနာဂတ် ခေါင်းဆောင်တွေ ကမ္ဘာ့ခေါင်းဆောင်တွေ ဖြစ်လာမဲ့သူတွေကို 00:00:53.000 --> 00:00:59.000 တွေ့ဆုံရတာကိုလည်း ဂုက်ယူပါတယ် 00:00:59.000 --> 00:01:04.000 ကျမတို့ရဲ့ ဘ၀ အခြေအနေတွေဟာ အတော်ကလေး ကွာဟနေတယ်လို့ ထင်စရာ ရှိပေမဲ့ 00:01:04.000 --> 00:01:08.000 အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော်အနေနဲ့ ဒီမှာ ရပ်နေတဲ့ ကျမ နဲ့ 00:01:08.000 --> 00:01:12.000 မင်းတို့တွေ အားလုံး၊ ကျောင်းပြီးခါစ လူငယ်တွေ အကြားမှာ၊ 00:01:12.000 --> 00:01:16.000 တူတဲ့ အချက်တွေ တော်တော်များများ ရှိနေတာကို မင်းတို့ကို ပြောချင်ပါတယ်။ 00:01:16.000 --> 00:01:20.000 ကျမရဲ့ အတိတ်ကာလ ဘဝတစ်လျှောက်လုံးမှာ 00:01:20.000 --> 00:01:22.000 အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော်အနေနဲ့ ဒီမှာလာပြီး ရပ်ဖြစ်မယ်ဆိုတာကို 00:01:22.000 --> 00:01:25.000 ကျမအား တင်ကြိုပြီး ဗျာဒိတ်ပေးနိုင်ခဲ့တာ ဆိုလို့ 00:01:25.000 --> 00:01:27.000 ဘာတစ်ခုမှ မရှိခဲ့ပါဘူး 00:01:27.000 --> 00:01:32.000 ဒီနေရာကို ကျမကို ရောက်အောင် ပို့ပေးစရာ အကြောင်း ဘာတစ်ခုမှ မရှိခဲ့ပါဘူး 00:01:32.000 --> 00:01:35.000 ကျမဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းကောင်းထဲမှာ 00:01:35.000 --> 00:01:39.000 ဒါမှမဟုတ် လူမှုရေး ရပ်တည်ချက် တစ်ခုခုဖြင့် ကြီးပြင်းလာခဲ့သူ မဟုတ်ပါဘူး 00:01:39.000 --> 00:01:43.000 ချီကာဂိုရဲ့ တောင်ပိုင်းအရပ်မှာ ကျမ ကြီးပြင်းလာခဲ့တာပါ 00:01:43.000 --> 00:01:46.000 ချီကာဂိုရဲ့ တကယ့်နေရာပေါ့ 00:01:46.000 --> 00:01:49.000 ကျမဟာ အလုပ်သမား လူတန်းစားတွေရဲ့ ထုတ်ကုန် တစ်ခုပါ 00:01:49.000 --> 00:01:53.000 ကျမ အဖေက သူႈဘ၀ တစ်လျှောက်လုံး မြို့ထဲက ရိုးရိုး အလုပ်သမား 00:01:53.000 --> 00:01:55.000 အမေကတော့ အိမ်မှာ နေတဲ့ အိမ်ရှင်မ မိခင်ပါ 00:01:55.000 --> 00:02:00.000 အိမ်မှာ နေရင်း ကျမမ နဲ့ ကျမ အကိုကို စောင့်ရှောက် ပေးခဲ့ပါတယ် 00:02:00.000 --> 00:02:03.000 အဖေရော အမေရော တက္ကသိုလ် မတက်ခဲ့ရပါဘူး 00:02:03.000 --> 00:02:06.000 အရွယ်ကောင်းတုန်းမှာ အဖေ့ဆီမှာ 00:02:06.000 --> 00:02:08.000 ရောဂါအမျိုးမျိုး ရှိနေကြောင်း တွေရှိခဲ့ပါတယ်။ 00:02:08.000 --> 00:02:11.000 လမ်းလျှောက်ဖို့ မနက်စောစော အင်္ကျီလဲဖို့တောင် 00:02:11.000 --> 00:02:13.000 အတော်လေးသူ့အတွက်ခက်နေခဲ့ပါတယ် 00:02:13.000 --> 00:02:15.000 သူအတော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာကို ကျမ မြင်ရပါတယ် 00:02:15.000 --> 00:02:19.000 ဒါပေမဲ့ သူဟာ ဘယ်တော့ မှ မညည်းညူခဲ့ပါဘူး 00:02:19.000 --> 00:02:21.000 သူဟာ သူ့ဆီမှာ ရှိတာကိုပဲ ဝမ်းသာနေမိခဲ့ပါတယ် 00:02:21.000 --> 00:02:26.000 သူဟာ မနက်မှာ နည်းနည်းလေး စောစောထပြီး အလုပ်ကို ပိုပြီး ကြိုးစားလုပ်ခဲ့ပါတယ် 00:02:26.000 --> 00:02:29.000 ကျမ နဲ့ အကိုတို့ကိုတော့ ကျွန်မတို့ အားလုံး တကယ့်ကို လိုအပ်တဲ့ အရာများဖြင့် သူတို့ ပြုစုပျိုးထောင် ပေးခဲ့ကြပါတယ် 00:02:29.000 --> 00:02:32.000 ချစ်ခြင်း မေတ္တာ၊ ခိုင်မာကြတဲ့ တန်ဖိုးထားချက်များ၊ 00:02:32.000 --> 00:02:35.000 ပြီးတော့ ပညာရေး ကောင်းကောင်းနဲ့သာ ဆိုရင် 00:02:35.000 --> 00:02:37.000 အလုပ်ကို ပင်ပမ်းစွာ အများကြီး ကြိုးစားလုပ်ကိုင်မယ်ဆိုရင် 00:02:37.000 --> 00:02:40.000 ကျမတို့ လုပ်မရနိုင်တာ ဘာမှ မရှိနိုင်ဘူး ဆိုတဲ့ စိတ်ဓါတ်ကို ရိုက်သွင်း ပေးခဲ့ကြပါတယ်။ 00:02:40.000 --> 00:02:44.000 လက်တွေ့မှာ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာရဲ့ သာဓကက ကျမ ကိုယ်တိုင်ပါပဲ 00:02:44.000 --> 00:02:48.000 မိန်းကလေး တွေဟာ သူတို့ရဲ့ ဘဝအစမှာကို 00:02:48.000 --> 00:02:53.000 သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ချစ်ခင်မှု ဂရုစိုက်မှုတွေကို ရရှိမယ် ဆိုရင်ပေါ့လေ။ 00:02:53.000 --> 00:02:57.000 ကျမ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား အမျိုးသမီးတွေ ဝန်းရံလျက် ရှိခဲ့ကြပါတယ် 00:02:57.000 --> 00:03:02.000 ကျမရဲ့ အဘွားတွေ၊ ဆရာမတွေ၊ အဒေါ်တွေ၊ ဝမ်းကွဲမောင်နှမတွေ နဲ့ အိမ်နီးချင်းတွေ ဖြစ်ခဲ့ကြပြီး 00:03:02.000 --> 00:03:06.000 သူတို့က ကျမကို ခွန်အား နဲ့ သိက္ခါဆိုတာ ဘာလဲဆိုတာကိုသင်ပေးခဲ့ကြတာပါ 00:03:06.000 --> 00:03:11.000 ပြီးတော့၊ ကျမ အမေဆိုရင် ကျမအတွက် အရေးကြီးဆုံး စံပြ ပုဂ္ဂိုလ်ကြီးပါပဲ 00:03:11.000 --> 00:03:13.000 အခု အိမ်ဖြူတော်မှာ ကျမတို့နဲ့အတူ လိုက်နေပြီး 00:03:13.000 --> 00:03:16.000 သမီးလေး နှစ်ယောက်ကို ကူထိန်းပေးနေတယ် 00:03:16.000 --> 00:03:18.000 မလီယာ နဲ့ ဆာရှာတို့ကိုပေါ့ 00:03:18.000 --> 00:03:22.000 အမေဟာ သူတို့ရဲ့ ဘဝထဲမှာရော ကျမရဲ့ ဘဝထဲမှာပါ တက်ကြွစွာ ပါဝင်နေသူပါ 00:03:22.000 --> 00:03:24.000 ပြီးတော့ သူတို့ကိုပါ တစ်ချိန်တုန်းက ကျမ နဲ့ ကျမအကို ကိုသင်ပေးခဲ့သလိုပဲ 00:03:24.000 --> 00:03:27.000 တန်ဖိုးထားရမယ့် အချက်တွေကိုပဲ ဆုံးမပေးနေပါတယ် 00:03:27.000 --> 00:03:30.000 ကြင်နာခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း၊ ဇွဲရှိခြင်း 00:03:30.000 --> 00:03:34.000 ဆိုတာတွေကို ချွင်းချက်မရှိ ချစ်ခြင်းမေတ္တာဆိုတာနဲ့ ရစ်ပတ်လျက် ပေးနေရာ 00:03:34.000 --> 00:03:37.000 အဘွား တစ်ယောက်ကသာ 00:03:37.000 --> 00:03:40.000 အဲဒါမျိုးကို လုပ်ပေးနိုင်တာပါ 00:03:40.000 --> 00:03:44.000 ကျမ ဘဝထဲမှာ အားကိုးစရာ စံပြယောက်ျားတွေ အဖြစ် 00:03:44.000 --> 00:03:49.000 အဖေ၊ အကို၊ ဦးလေးတွေရယ်၊ အဖိုး တို့ကို ရရှိထားခဲ့ရာ 00:03:49.000 --> 00:03:52.000 ကျမရဲ့ ကုသိုလ်ကံကောင်းမှုလို့ ပြောရမှာပါ 00:03:52.000 --> 00:03:57.000 ကျမဘဝထဲ က ယောက်ျားတွေဟာ အရေးကြီးတဲ့ အချက်တွေကိုလည်း သင်ပေးခဲ့ကြပါသေးတယ် 00:03:57.000 --> 00:04:00.000 ယောက်ျား နဲ့ မိန်းမ တို့ အကြားမှာ အပြန်အလှန် လေးစားမှုရှိတဲ့ ဆက်ဆံမှုမျိုး ဆိုတာ 00:04:00.000 --> 00:04:04.000 ဘယ်လို ရှိသင့်ကြောင်းကို သူတို့က သင်ပေးခဲ့ကြတာပါ 00:04:04.000 --> 00:04:08.000 ခိုင်ခန့်တဲ့ အိမ်ထောင်ရေးဆိုတာ ဘယ်လိုဟာမျိုးလဲ 00:04:08.000 --> 00:04:11.000 ယုံကြည်အားကိုးခြင်း နဲ့ ပေးထားတဲ့ ကတိတွေကို လိုက်နာမှု ပေါင်းစပ်ပြီး ထူထောင်ရတာကို 00:04:11.000 --> 00:04:15.000 ပြီးေးတာ့ တစ်ဦးက ကျန်တစ်ဦးရဲ့ သူမတူ ထူးခြားတဲ့ ပါရမီတွေကို ချီးကျူးရန်လိုတာကို သင်ပေးခဲ့ကြပါတယ် 00:04:15.000 --> 00:04:17.000 ပြီးတော့ သူတို့ သင်ပေးခဲ့တာ ရှိသေးတယ်၊၊ 00:04:17.000 --> 00:04:19.000 အဖေဆိုတာ ဘယ်လိုမျိုးလဲ၊ 00:04:19.000 --> 00:04:21.000 မိသားစုကို ပံ့ပိုးပျိုးထောင်ခြင်း ဆိုတာက ဘာလဲ သင်ပေးခဲ့ပါတယ် 00:04:21.000 --> 00:04:23.000 မိမိတို့ ကိုယ်တိုင်အတွက် အိမ်ပိုင်ယာပိုင် ဖြစ်ဖို့ တင်မကပဲ 00:04:23.000 --> 00:04:28.000 ကိုယ်ရဲ့ ပတ်ဝန်းကျင် ရပ်ရွာထဲက ကလေးတွေကိုပါ 00:04:28.000 --> 00:04:30.000 လက်လှမ်းမှီနိင်သလောက် ကူညီ ပျိုးထောင်ပေးရန်လည်း လိုပါသေးတယ် 00:04:30.000 --> 00:04:32.000 ကျမရဲ့ ယောက်ျားဖြစ်သူ 00:04:32.000 --> 00:04:35.000 ဘာရတ်အိုဘားမား ထဲမှာလဲ အဲဒီလို အရည်အချင်းတွေကို 00:04:35.000 --> 00:04:37.000 ကျမ မြင်တွေ့ပါတယ် 00:04:38.000 --> 00:04:41.000 ကျမတို့ ပထမအကြိမ် တွေ့ကြစဉ်တုန်းက၊ ကျမ တစ်ခု မှတ်မိတာက 00:04:41.000 --> 00:04:45.000 သူဟာ တစ်နေ့တွင် ကျမကို တွေ့ဆုံဖို့ ချိန်းလိုက်ကာ တစ်နေရာကို ခေါ်သွားတယ် 00:04:45.000 --> 00:04:48.000 သူရဲ့ ရက်ချိန်းက ရပ်ရွာ တွေ့ဆုံပွဲ တစ်ခုကို သွားဖို့ပဲလေ 00:04:48.000 --> 00:04:50.000 (ရယ်သံများ) 00:04:50.000 --> 00:04:52.000 ဘယ်လောက် ချစ်စရာကောင်းတယ် ဆိုတာ ကျမနားလည်ပါတယ် 00:04:52.000 --> 00:04:55.000 (ရယ်သံများ) 00:04:55.000 --> 00:04:57.000 ကျမတို့တွေ့တုန်းက ဘာရတ်ဟာ ရပ်ကွက်ရေးရာများကို စည်းရုံးသူ တစ်ဦးပါ 00:04:57.000 --> 00:05:01.000 လူတွေအတွက် အလုပ်ရှာပေးဖို့ လုပ်ကိုင်နေခဲ့တာပါ 00:05:01.000 --> 00:05:05.000 ခက်ခဲစွာ ရုန်းကန်နေခဲ့ရတဲ့ အိမ်နီးချင်း ဒေသတွေထဲကို အရင်းအနှီးတွေကို စည်းရုံး ခေါ်ယူဖို့ ကြိုးစားနေခဲ့သူပါ 00:05:05.000 --> 00:05:07.000 အဲဒီက လူမှုရေးရာ စင်တာမှာ 00:05:07.000 --> 00:05:09.000 သူဟာ အချက် နှစ်ချက်နဲ့ပတ်သက်ပြီး ဟောပြောလေ့ ရှိခဲ့ပါတယ် 00:05:09.000 --> 00:05:15.000 "ဒီနေ့ ရှိနေတဲ့ ကမ္ဘာကြီး" နဲ့ "ဖြစ်သင့်တဲ့ ကမ္ဘာကြီး" ဆိုပြီး ဟောကြားခဲ့တာပါ 00:05:15.000 --> 00:05:19.000 ဒီအကြောင်းကို မဲဆွယ်တုန်းကလည်း ကျမ ပြောနေခဲ့ပါတယ် 00:05:19.000 --> 00:05:21.000 သူဟာ မကြာမကြာ ပြောလေ့ ရှိခဲ့တာက 00:05:21.000 --> 00:05:26.000 အဲဒီ ယူဆချက် နှစ်ခု အကြားမှာ အကွာအဝေး တစ်ခု ရှိနေခြင်းကို ကျမတို့ လက်ခံကြရန် ဖြစ်တယ် 00:05:26.000 --> 00:05:30.000 ရံဖန်ရံခါဆိုသလို ကမ္ဘာကြီးဟာ ကျမတို့ရဲ့ တန်ဖိုးတွေ နဲ့ မျှော်မှန်းချက်တွေကို မထင်ဟပ်တောင်မှ 00:05:30.000 --> 00:05:34.000 ကျမတို့ဟာ ကမ္ဘာကြီးကို အရှိအတိုင်း လက်ခံဖို့ အသင့် ရှိရပါမယ် 00:05:34.000 --> 00:05:37.000 ဒါပေမဲ့ ဘာရတ်က အဲဒီအခန်းထဲမှာ ရှိနေခဲ့ကြတဲ့သူတွေအားလုံးကို 00:05:37.000 --> 00:05:40.000 ကျမတို့ရဲ့ ကမ္ဘာကြီး ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို ကျမတို့ သိရှိကြကြောင်းကိုပါ 00:05:40.000 --> 00:05:44.000 သတိပေး ပြောကြားခဲ့ပါတယ် 00:05:44.000 --> 00:05:47.000 ဘက်မလိုက်ခြင်း၊ တရား မျှတခြင်း၊ အခွင့်အလမ်း ဆိုတာ ဘာလဲဆိုတာကို ကျမတို့ သိပါတယ် 00:05:47.000 --> 00:05:49.000 ကျမတို့ အားလုံး သိကြပါတယ် 00:05:49.000 --> 00:05:51.000 အဲဒီ တွေ့ဆုံပွဲမှာ သူဟာ အခြေအတင် ငြင်းခုံခဲ့တယ် 00:05:51.000 --> 00:05:53.000 အဲဒီ ရပ်ကွက်ထဲက လူတွေကို ပြောနေခဲ့တယ် 00:05:53.000 --> 00:05:56.000 ခုနက ယူဆချက် နှစ်ခု အကြားက ကွာဟချက်ကို 00:05:56.000 --> 00:05:58.000 နည်းသထက် နည်းလာအောင် လက်တွဲကြီုးစားရင်း 00:05:58.000 --> 00:06:02.000 လက်ရှိ အရှိတရား ကမ္ဘာကို 00:06:02.000 --> 00:06:06.000 ဖြစ်သင့်တဲ့ ကမ္ဘာကြီးနဲ့ ထပ်တူ ဖြစ်လာအောင် အားထုတ်သွားဖို့ လိုတယ် 00:06:06.000 --> 00:06:09.000 ဒီနေ့အဲဒီ အကြောင်းကို ပြောလာရတာက 00:06:09.000 --> 00:06:13.000 မင်းတို့ တတွေကလည်း အဲဒီ ကွာဟမှုကို နည်းသမျှ နည်းလာအောင် အားထုတ်ရာမှာ 00:06:13.000 --> 00:06:18.000 အရေးပါတဲ့ အပိုင်း ဖြစ်တယ်ဆိုတာကို ယုံကြည်နေလို့ပါပဲ 00:06:18.000 --> 00:06:23.000 မင်းတို့ တတွေ ဟာ ကမ္ဘာကြီးကို ဖြစ်သင့်တဲ့ ပုံစံမျိုး ဖြစ်လာအောင် တည်ဆောက်သွားရမဲ့ အမျိုးသမီးတွေပါပဲ 00:06:23.000 --> 00:06:25.000 သမိုင်းထဲမယ် စာမျက်နှာသစ်တွေကို ရေးကြမဲ့ သူတွေပါပဲ 00:06:25.000 --> 00:06:29.000 မိမိတို့ရဲ့ မျိုးဆက် အတွက်တင်မက နောင် မျိုးဆက်သစ် အတွက်ပါ 00:06:29.000 --> 00:06:32.000 အဲဒီလို လုပ်ကိုင်ကြရမှာပါ 00:06:32.000 --> 00:06:34.000 ဒါကြောင့် ပညာကောင်းကောင်း တတ်ဖို့ ဆိုတာ 00:06:34.000 --> 00:06:36.000 အရမ်းကို အရေးကြီးပါတယ် 00:06:36.000 --> 00:06:39.000 အဲဒါကြောင့်မို့လို့ မင်းတို့ အားလုံး ရှေ့ဆက်ရမယ့် ခရီးထဲမှာ အတက်အကျတွေရှိတောင်၊ 00:06:39.000 --> 00:06:43.000 ဆရာဟာ ကိုယ်သဘောကျသူ ဖြစ်ဖြစ်၊ သဘောမကျသူပဲ ဖြစ်ဖြစ်၊ 00:06:43.000 --> 00:06:46.000 အဲဒါဟာ သိပ် အရေးကြီးပါတယ် 00:06:46.000 --> 00:06:49.000 ဘာလို့လဲဆိုတော့ ရပ်ရွာအဖွဲ့အစည်းတွေ၊ နိုင်ငံတွေ နဲ့ နောက်ဆုံး ပြောရပါက၊ ကမ္ဘာကြီး တစ်ခုလုံးဟာ 00:06:49.000 --> 00:06:54.000 ကျန်းမာ ကြံခိုင်တဲ့ မိန်းမသားတွေရှိမှသာ ကျမ်းမာ ကြံ့ခိုင်နိုင်မှာ မို့လို့ပါပဲ 00:06:54.000 --> 00:06:56.000 ဒါကို စိတ်ထဲမှာ ထည့်ထားရန် အရေးကြီးတယ် 00:06:56.000 --> 00:07:02.000 အဲဒီလို ကျန်းမာမှုထဲမှာ ပညာရေးထဲတွင် ထူးချွန်မှု ဆိုတာလည်း ပါဝင်ပါတယ် 00:07:02.000 --> 00:07:07.000 ရုန်းကန်နေရတဲ့ မိသားစု နဲ့ ကျန်းမာခိုင်ခန့်တဲ့ မိသားစု အကြား 00:07:07.000 --> 00:07:10.000 ကွာခြားချက်ဟာ မကြာခဏဆိုသလို အဲဒီ မိသားစုထဲတွင် လုပ်ပိုင်ခွင့်ရှိတဲ့ အမျိုးသမီး ရှိမရှိ 00:07:10.000 --> 00:07:13.000 အဲဒီလိုအမျိုးသမီးဟာ မိသားစု ဗဟိုချက် ဟုတ်မဟုတ် ပေါ်မှာ မူတည်တတ်ပါတယ် 00:07:13.000 --> 00:07:16.000 အခြေအနေမကောင်းတဲ့ လူ့အဖွဲ့အစည်း နဲ့ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်း အကြား ကွဲပြားချက်ကို ကြည့်မယ်ဆိုရင် 00:07:16.000 --> 00:07:20.000 မကြာခဏဆိုသလို ယောက်ျား နဲ့ မိန်းမ အကြား အပြန်အလှန် လေးစားမှု ရှိမရှိ ပေါ်မှာ 00:07:20.000 --> 00:07:25.000 လူ့အဖွဲ့အစည်း ကောင်းစားဖို့ တစ်ဦးရဲ့ အားထုတ်မှုတွေကို တစ်ဦးက တန်ဖိုးထား မထား ပေါ်မှာ မူတည်နိုင်ပါတယ် 00:07:25.000 --> 00:07:28.000 တဖန် ချိနဲ့လာနေတဲ့ နိုင်ငံ နဲ့ 00:07:28.000 --> 00:07:30.000 ကြီးပွားတိုးတက်လာနေတဲ့ နိုင်ငံ အကြားက ခြားနားချက်ဟာလည်း 00:07:30.000 --> 00:07:34.000 ယောက်ျားလေး နဲ့ မိန်းကလေးတွေ ပညာသင်ရာမှာ အခွင့်အရေး တူညီရမယ်ဆိုတဲ့ အချက်ကို 00:07:34.000 --> 00:07:36.000 အသိအမှတ်ပြုမှု အပေါ်မှာ မူတည်ပါလိမ့်မယ် 00:07:36.000 --> 00:07:41.000 ဒီကျောင်းဟာ ဆိုရင် ယူကေရဲ့ ဒေါက်တာဘွဲ့ရ ပထမဦးဆုံး အမျိုးသမီးရဲ့ နာမည်ကိုပေးထားတဲ့ ကျောင်းဖြစ်တယ် 00:07:41.000 --> 00:07:47.000 ဒီနားက အဆောက်အဦးတွေဟာလဲ မက်ဆီကန် အမျိုးသမီး အနုပညာရှင် ဖရီဒါ ကားလိုရဲ့ အမည်ကို ရထားတယ် 00:07:47.000 --> 00:07:49.000 မေရီ ဆီကိုး ဆိုရင် 00:07:49.000 --> 00:07:53.000 လူမည်း ဖလောရင့် နိုက်တင်ဂေး ဆိုတဲ့ ဂုဏ်ထူးကို ရထားသူ ဂျမေကာ က သူနာပြု ဆရာမဖြစ်တယ် 00:07:53.000 --> 00:07:56.000 အင်္ဂလိပ်စာရေးဆရာမ အင်မလီဘရွန်တီ ဆိုရင် လိင်ခွဲခြားမှု လူမျိုးခွဲခြားမှု တွေနဲ့ ပတ်သက်ပြီး 00:07:56.000 --> 00:08:00.000 ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့ ဂုဏ်ပြုခံ အမျိုးသမီးကြီးပါ 00:08:00.000 --> 00:08:05.000 သူတို့အားလုံးဟာ သူတို့ရဲ့ စိတ်ဝိဥာဏ်ကို လုပ်ကျွေးဖို့ အားထုတ်ခဲ့ကြသူတွေပါ 00:08:05.000 --> 00:08:08.000 သူတို့ရဲ့ ရှေ့မယ် ကျော်ဖြတ် မရနိုင်ခဲ့တဲ့ အခက်အခဲရယ်လို့ မရှိခဲ့ပါ 00:08:08.000 --> 00:08:12.000 ဒီနောက်မှာ ရှိနေတဲ့ "ကန့်သတ်ချက်မဲ့" ဆိုတဲ့ စာတမ်းထဲက အတိုင်းပါပဲ 00:08:12.000 --> 00:08:14.000 သူတို့ဟာ သူတို့ရဲ့ အိပ်မက် စိတ်ကူးတွေကို 00:08:14.000 --> 00:08:17.000 လိုက်နာ ရုပ်လုံးဖေါ်ရေးက လွဲလို့ ဘာတစ်ခုကိုမှ မသိခဲ့ကြပါ 00:08:17.000 --> 00:08:22.000 သူတို့က အဲဒီလို လုပ်နိုင်ခဲ့ခြင်းဖြင့် 00:08:22.000 --> 00:08:24.000 အရံအတား အများအပြားကို ဖယ်ရှားပစ်နိုင်ခဲ့ကြတယ် 00:08:24.000 --> 00:08:26.000 ပြီးတော့ သူတို့ဟာ သန်းချီ ရှိကြတဲ့ အမျိုးသမီး ဒေါက်တာများ နဲ့ သူနာပြုများအတွက် 00:08:26.000 --> 00:08:29.000 ပြီးတော့ အနုပညာရှင်တွေ၊ စာရေးဆရာတွေအတွက် 00:08:29.000 --> 00:08:32.000 သူတို့ရဲ့ ခြေရာကို လိုက်ခဲ့ကြသူတွေအတွက် 00:08:32.000 --> 00:08:34.000 တံခါး အသစ်တွေကို ဖွင့်ပေးခဲ့ကြတယ် 00:08:34.000 --> 00:08:37.000 ပြီးတော့ ပညာကို ကောင်းကောင်း တတ်လာပြီဆိုရင် 00:08:37.000 --> 00:08:41.000 မင်းတို့ အားလုံးဟာလည်း ကိုယ့် ဘဝခရီး ကံကြမ္မာကို ထိန်းချုပ်နိုင်ကြမှာပါ 00:08:41.000 --> 00:08:44.000 ကျေးဇူးပြုပြီး ဒါကို အမြဲသတိရနေကြပါ 00:08:44.000 --> 00:08:48.000 ဒီနေရာမှာ ကျမ ရပ်နေရခြင်းရဲ့ အကြောင်းရင်းကို မင်းတို့ သိချင်လို့ မေးကြမယ်ဆိုရင် 00:08:48.000 --> 00:08:51.000 ပညာအရည်အချင်းကြောင့်ပါ 00:08:51.000 --> 00:08:55.000 ကျမ ဘယ်တုန်းကမှ အတန်းမပျက်ခဲ့ဘူး၊ ဆောရီး၊ အတန်းပျက်တဲ့ သူတွေကို ကျမ သိတောင်မသိပါဘူး 00:08:55.000 --> 00:08:57.000 ဘယ်တုန်းက မှ မပျက်ခဲ့ပါဘူး 00:08:57.000 --> 00:08:59.000 အေ ဂရိတ်တွေ ရတာကို နှစ်သက်ခဲ့ပါတယ် 00:08:59.000 --> 00:09:01.000 စမတ် ဖြစ်ရတာကို ကြိုက်ခဲ့တယ် 00:09:01.000 --> 00:09:05.000 အချိန်တိကျစွာ လာတာကို၊ အလုပ်ကို ပြီးအောင် လုပ်နိုင်တာကို ကြိုက်ပါတယ် 00:09:05.000 --> 00:09:10.000 စမတ်ဖြစ်တယ်ဆိုတာ တခြားဟာတွေထက် ပိုပြီးကောင်းတယ်လို့ ထင်ပါတယ် 00:09:10.000 --> 00:09:12.000 မင်းတို့လည်း အဲလိုအချက်တွေကို တန်ဖိုးထား လုပ်ကြမယ်ဆိုရင် 00:09:12.000 --> 00:09:14.000 ကိုယ့် ရည်မှန်းချက် ပန်းတိုင်ကို ထိန်းချုပ်နိုင်ကာ ရောက်နိုင်ကြမှာပါ 00:09:14.000 --> 00:09:17.000 မင်းတို့ကလည်း သူများအတွက် လမ်းအသစ်တွေကို ခင်းပေးနိုင်ကြမယ် 00:09:17.000 --> 00:09:19.000 မင်းတို့ရဲ့ အိပ်မက်တွေကို လက်တွေ့ ရုပ်လုံးဖေါ်နိုင်ကြမယ် 00:09:19.000 --> 00:09:23.000 အဲဒီနောက်မှာ နောက်ကို ပြန်လှည့်ကြည့်လျက် 00:09:23.000 --> 00:09:27.000 မင်းတို့လိုပဲ နောက် တစ်ယောက်ယောက်ကို မင်းတို့လိုပဲ လုပ်နိုင်အောင် ကူညီပေးကြမယ် 00:09:27.000 --> 00:09:30.000 လူတစ်ယောက်ဟာ သမိုင်းက သက်သေထူပြနေတာက ဘယ်နေရာက လာတာလဲ 00:09:30.000 --> 00:09:32.000 မြို့တွေထဲက တိုက်အိမ်များမှ လာတာလား၊ တောက တက်လာတာလား၊ 00:09:32.000 --> 00:09:34.000 အရေးမကြီးပါဘူး 00:09:34.000 --> 00:09:36.000 မင်းရဲ့ ကိုယ်ပိုင် ဇွဲ၊ လုံ့လ၊ ဝိရိယ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု 00:09:36.000 --> 00:09:39.000 ကိုယ်တိုင် ကြိုးစားအားထုတ်မှု တွေကသာ မင်းရဲ့ အောင်မြင်မှုကို 00:09:39.000 --> 00:09:43.000 ဆုံးဖြတ်ပေးမှာပါ 00:09:43.000 --> 00:09:47.000 အဲဒါ တကယ်အမှန်ပါ။ ကျမတို့ နေထိုင်နေကြရတဲ့ ကမ္ဘာကြီးရဲ့ အရှိတရားက အဲဒီလိုပါ။ 00:09:47.000 --> 00:09:50.000 အခု မင်းတို့ဟာ မင်းတို့ရဲ့ ဘဝကံကြမ္မာကို ထိန်းချုပ်နိုင်ကြပါပြီ။ 00:09:50.000 --> 00:09:55.000 အဲဒါဟာ လွယ်မှာ မဟုတ်တာတော့ အမှန်ပဲ 00:09:55.000 --> 00:09:57.000 ဒါပေမဲ့ မင်းတို့ဆီမှာ လိုအပ်တာတွေ အားလုံးရှိနေပြီလေ 00:09:57.000 --> 00:10:00.000 အောင်မြင်ဖိုအတွက် လိုတာအားလုံး 00:10:00.000 --> 00:10:03.000 မင်းတို့ ဆီမှာ ရှိနေပြီ၊ ဒီမှာကို ရှိနေကြပြီလေ 00:10:03.000 --> 00:10:07.000 ကျမ ယောက်ျားဟာ ရုံးခန်း အကြီးကြီးထဲမှာ၊ 00:10:07.000 --> 00:10:10.000 ဘဲဥပုံ ခန်းမကြီးထဲမှာ အလုပ်လုပ်ပါတယ် 00:10:10.000 --> 00:10:12.000 အိမ်ဖြူတော်မှာ သူထိုင်တဲ့ စာရေးစားပွဲ တစ်ခု ရှိတယ် 00:10:12.000 --> 00:10:15.000 ဆုံးဖြတ်ချက် စားပွဲလို့ ခေါ်ကြပါတယ် 00:10:15.000 --> 00:10:19.000 တော်ဝင် သဘောၤ ဆောက်လုပ်တဲ့ Resolute သစ်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်ပြီး က ရတဲ့ သစ်နဲ့ ထုတ်လုပ်ခဲ့ပြီး 00:10:19.000 --> 00:10:22.000 ဗစ်တိုရီယာ ဘုရင်မကြီးရဲ့ လက်ဆောင် အဖြစ် ပေးခဲ့တာပါ 00:10:22.000 --> 00:10:27.000 အဲဒါဟာ ကျတို့ တိုင်းပြည် နှစ်ခုကြားမှာရှိတဲ့ ချစ်ကြည်မှုရဲ့ သင်္ကေတ တစ်ခုပါ 00:10:27.000 --> 00:10:29.000 Resolute ဆိုတဲ့ နာမည်ကိုက နိုင်ငံတော်ကို ဦးဆောင်ဖို့တင် မက 00:10:29.000 --> 00:10:33.000 ရည်ရွယ်ချက် ရှိတဲ့ ဘဝမျိုးဖြင့် 00:10:33.000 --> 00:10:35.000 နေထိုင်နိုင်တဲ့ အားကောင်းတဲ့ ရဲစွမ်းသတ္တိ 00:10:35.000 --> 00:10:40.000 ရှိနေခြင်းကိုပါ ထောက်ပြနေပါတယ်။ 00:10:40.000 --> 00:10:44.000 အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ မင်းတို့ အားလုံးလည်း ပြတ်ပြတ်သားသား လုပ်ကြမယ် 00:10:44.000 --> 00:10:47.000 ကိုယ်ပိုင် အစွမ်းအစများကို သုံးပြီး၊ အဲဒီလို အစွမ်းအစတွေ အများကြီး ရှိတာကို မြင်နေရပါတယ်၊ 00:10:47.000 --> 00:10:52.000 အားလုံး ရှိနေတာမို့လို့ 00:10:52.000 --> 00:10:54.000 အတားအဆီးမရှိ ရှေ့ကို ဆက်သွားလျက် 00:10:54.000 --> 00:10:58.000 ကမ္ဘာကြီးကို ဖြစ်သင့်သလို ဖန်တီး လုပ်ဆောင်ကြပါ။ 00:10:58.000 --> 00:11:01.000 ဘာကြောင်းလဲဆိုတော့ ကျမတို့ဟာ မင်းတို့ ကို အားကိုးကြပါတယ် 00:11:01.000 --> 00:11:03.000 ကျမတို့ အားလုံးက မင်းတို့ တစ်ယောက်ချင်းစီကို အားကိုးလိုကြပါတယ် 00:11:03.000 --> 00:11:06.000 မင်းတို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမှာကို မျှော်လင့် အားကိုးကြပါတယ်။ 00:11:06.000 --> 00:11:08.000 ကမ္ဘာကြီးဟာ ကြီးမားလှတယ် 00:11:08.000 --> 00:11:10.000 ပြီးတော့ စိန်ခေါ်မှုတွေနဲ့လည်း ပြည့်နေတယ် 00:11:10.000 --> 00:11:14.000 အဲဒါကြောင့်မို့လို့ စိတ်ဓါတ် ကြံခိုင်သန်စွမ်းလျက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စမတ်ကျတဲ့ 00:11:14.000 --> 00:11:16.000 အမျိုးသမီးလေးတွေ မတ်မတ်ရပ်လျက် ဦးဆောင် လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။ 00:11:16.000 --> 00:11:20.000 မင်းတို့လုပ်နိုင်တာကို ကျမတို့ သိပါတယ်။ မင်းတို့အားလုံးကို ကျမတို့ချစ်ပါတယ်။ ကျေးဇူးတင်ပါတယ် 00:11:20.000 --> 00:11:27.000 (လက်ခုတ်သံများ)