1 00:00:00,000 --> 00:00:02,000 ဒါ ကျမရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ် 2 00:00:02,000 --> 00:00:04,000 သမ္မတကတော်အနေနဲ့ သွားရတဲ့ ကျမရဲ့ ပထမ ခရီးစဉ်ပါ 3 00:00:04,000 --> 00:00:06,000 ယုံလားတော့မသိဘူး 4 00:00:06,000 --> 00:00:16,000 (လက်ခုတ်တီးသံများ) 5 00:00:16,000 --> 00:00:19,000 ယူကေကို ပထမဦးဆုံးအကြိမ် လာလည်မှု မဟုတ်တဲ့အတွက် 6 00:00:19,000 --> 00:00:24,000 ကျမ ပထမဆုံး တရားဝင် လာလည်ပတ်မှု ဖြစ်တာကို ဂုဏ်ယူမိပါတယ် လို့ပြောရပါမယ် 7 00:00:24,000 --> 00:00:28,000 အမေရိကန်ပြည်ထောင်စု နဲ့ ယူကေတို့ အကြားက အထူးဆက်ဆံမှုတွေဟာ 8 00:00:28,000 --> 00:00:33,000 အစိုးရချင်း ဆက်ဆံမှုတွေ အပေါ်မှာသာ အခြေခံတာ မဟုတ်ပဲ 9 00:00:33,000 --> 00:00:36,000 တူညီတဲ့ဘာသာစကား နဲ့ တန်ဖိုးထားကြတဲ့ အချက်တွေ တူညီနေခြင်းကိုလည်း အခြေံထားပါတယ်၊ 10 00:00:36,000 --> 00:00:40,000 ပြီးတော့ ကျမ ဒီနေ့ တစ်နေ့လုံး ရှင်တို့ကို ကြည့်ရှုစဉ်မှာ အဲဒီကို ပြန်ပြောင်း သတိရမိပါတယ် 11 00:00:40,000 --> 00:00:44,000 ဒီခရီးစဉ် အတော်အတွင်းမှာ အထူး ဂုဏ်ယူချင်တာကတော့ 12 00:00:44,000 --> 00:00:47,000 ဗြိတိန်နိုင်ငံထဲက ထင်ရှားကြကာ ရှင်တို့ အားလုံးအတွက် လမ်းကြောင်းကို ခင်းပေးနေကြတဲ့ 13 00:00:47,000 --> 00:00:50,000 ထူးချွန်ကြတဲ့ အမျိုးသမီးတချို့တို့နဲ့ ုတွေ့ဆုံခဲ့ရတာကိုပါပဲ 14 00:00:50,000 --> 00:00:53,000 ပြီးတော့ အခုလို ဗြိတိန်ရဲ့ အနာဂတ် ခေါင်းဆောင်တွေ ကမ္ဘာ့ခေါင်းဆောင်တွေ ဖြစ်လာမဲ့သူတွေကို 15 00:00:53,000 --> 00:00:59,000 တွေ့ဆုံရတာကိုလည်း ဂုက်ယူပါတယ် 16 00:00:59,000 --> 00:01:04,000 ကျမတို့ရဲ့ ဘ၀ အခြေအနေတွေဟာ အတော်ကလေး ကွာဟနေတယ်လို့ ထင်စရာ ရှိပေမဲ့ 17 00:01:04,000 --> 00:01:08,000 အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော်အနေနဲ့ ဒီမှာ ရပ်နေတဲ့ ကျမ နဲ့ 18 00:01:08,000 --> 00:01:12,000 မင်းတို့တွေ အားလုံး၊ ကျောင်းပြီးခါစ လူငယ်တွေ အကြားမှာ၊ 19 00:01:12,000 --> 00:01:16,000 တူတဲ့ အချက်တွေ တော်တော်များများ ရှိနေတာကို မင်းတို့ကို ပြောချင်ပါတယ်။ 20 00:01:16,000 --> 00:01:20,000 ကျမရဲ့ အတိတ်ကာလ ဘဝတစ်လျှောက်လုံးမှာ 21 00:01:20,000 --> 00:01:22,000 အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကတော်အနေနဲ့ ဒီမှာလာပြီး ရပ်ဖြစ်မယ်ဆိုတာကို 22 00:01:22,000 --> 00:01:25,000 ကျမအား တင်ကြိုပြီး ဗျာဒိတ်ပေးနိုင်ခဲ့တာ ဆိုလို့ 23 00:01:25,000 --> 00:01:27,000 ဘာတစ်ခုမှ မရှိခဲ့ပါဘူး 24 00:01:27,000 --> 00:01:32,000 ဒီနေရာကို ကျမကို ရောက်အောင် ပို့ပေးစရာ အကြောင်း ဘာတစ်ခုမှ မရှိခဲ့ပါဘူး 25 00:01:32,000 --> 00:01:35,000 ကျမဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းကောင်းထဲမှာ 26 00:01:35,000 --> 00:01:39,000 ဒါမှမဟုတ် လူမှုရေး ရပ်တည်ချက် တစ်ခုခုဖြင့် ကြီးပြင်းလာခဲ့သူ မဟုတ်ပါဘူး 27 00:01:39,000 --> 00:01:43,000 ချီကာဂိုရဲ့ တောင်ပိုင်းအရပ်မှာ ကျမ ကြီးပြင်းလာခဲ့တာပါ 28 00:01:43,000 --> 00:01:46,000 ချီကာဂိုရဲ့ တကယ့်နေရာပေါ့ 29 00:01:46,000 --> 00:01:49,000 ကျမဟာ အလုပ်သမား လူတန်းစားတွေရဲ့ ထုတ်ကုန် တစ်ခုပါ 30 00:01:49,000 --> 00:01:53,000 ကျမ အဖေက သူႈဘ၀ တစ်လျှောက်လုံး မြို့ထဲက ရိုးရိုး အလုပ်သမား 31 00:01:53,000 --> 00:01:55,000 အမေကတော့ အိမ်မှာ နေတဲ့ အိမ်ရှင်မ မိခင်ပါ 32 00:01:55,000 --> 00:02:00,000 အိမ်မှာ နေရင်း ကျမမ နဲ့ ကျမ အကိုကို စောင့်ရှောက် ပေးခဲ့ပါတယ် 33 00:02:00,000 --> 00:02:03,000 အဖေရော အမေရော တက္ကသိုလ် မတက်ခဲ့ရပါဘူး 34 00:02:03,000 --> 00:02:06,000 အရွယ်ကောင်းတုန်းမှာ အဖေ့ဆီမှာ 35 00:02:06,000 --> 00:02:08,000 ရောဂါအမျိုးမျိုး ရှိနေကြောင်း တွေရှိခဲ့ပါတယ်။ 36 00:02:08,000 --> 00:02:11,000 လမ်းလျှောက်ဖို့ မနက်စောစော အင်္ကျီလဲဖို့တောင် 37 00:02:11,000 --> 00:02:13,000 အတော်လေးသူ့အတွက်ခက်နေခဲ့ပါတယ် 38 00:02:13,000 --> 00:02:15,000 သူအတော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်နေရတာကို ကျမ မြင်ရပါတယ် 39 00:02:15,000 --> 00:02:19,000 ဒါပေမဲ့ သူဟာ ဘယ်တော့ မှ မညည်းညူခဲ့ပါဘူး 40 00:02:19,000 --> 00:02:21,000 သူဟာ သူ့ဆီမှာ ရှိတာကိုပဲ ဝမ်းသာနေမိခဲ့ပါတယ် 41 00:02:21,000 --> 00:02:26,000 သူဟာ မနက်မှာ နည်းနည်းလေး စောစောထပြီး အလုပ်ကို ပိုပြီး ကြိုးစားလုပ်ခဲ့ပါတယ် 42 00:02:26,000 --> 00:02:29,000 ကျမ နဲ့ အကိုတို့ကိုတော့ ကျွန်မတို့ အားလုံး တကယ့်ကို လိုအပ်တဲ့ အရာများဖြင့် သူတို့ ပြုစုပျိုးထောင် ပေးခဲ့ကြပါတယ် 43 00:02:29,000 --> 00:02:32,000 ချစ်ခြင်း မေတ္တာ၊ ခိုင်မာကြတဲ့ တန်ဖိုးထားချက်များ၊ 44 00:02:32,000 --> 00:02:35,000 ပြီးတော့ ပညာရေး ကောင်းကောင်းနဲ့သာ ဆိုရင် 45 00:02:35,000 --> 00:02:37,000 အလုပ်ကို ပင်ပမ်းစွာ အများကြီး ကြိုးစားလုပ်ကိုင်မယ်ဆိုရင် 46 00:02:37,000 --> 00:02:40,000 ကျမတို့ လုပ်မရနိုင်တာ ဘာမှ မရှိနိုင်ဘူး ဆိုတဲ့ စိတ်ဓါတ်ကို ရိုက်သွင်း ပေးခဲ့ကြပါတယ်။ 47 00:02:40,000 --> 00:02:44,000 လက်တွေ့မှာ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာရဲ့ သာဓကက ကျမ ကိုယ်တိုင်ပါပဲ 48 00:02:44,000 --> 00:02:48,000 မိန်းကလေး တွေဟာ သူတို့ရဲ့ ဘဝအစမှာကို 49 00:02:48,000 --> 00:02:53,000 သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ချစ်ခင်မှု ဂရုစိုက်မှုတွေကို ရရှိမယ် ဆိုရင်ပေါ့လေ။ 50 00:02:53,000 --> 00:02:57,000 ကျမ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား အမျိုးသမီးတွေ ဝန်းရံလျက် ရှိခဲ့ကြပါတယ် 51 00:02:57,000 --> 00:03:02,000 ကျမရဲ့ အဘွားတွေ၊ ဆရာမတွေ၊ အဒေါ်တွေ၊ ဝမ်းကွဲမောင်နှမတွေ နဲ့ အိမ်နီးချင်းတွေ ဖြစ်ခဲ့ကြပြီး 52 00:03:02,000 --> 00:03:06,000 သူတို့က ကျမကို ခွန်အား နဲ့ သိက္ခါဆိုတာ ဘာလဲဆိုတာကိုသင်ပေးခဲ့ကြတာပါ 53 00:03:06,000 --> 00:03:11,000 ပြီးတော့၊ ကျမ အမေဆိုရင် ကျမအတွက် အရေးကြီးဆုံး စံပြ ပုဂ္ဂိုလ်ကြီးပါပဲ 54 00:03:11,000 --> 00:03:13,000 အခု အိမ်ဖြူတော်မှာ ကျမတို့နဲ့အတူ လိုက်နေပြီး 55 00:03:13,000 --> 00:03:16,000 သမီးလေး နှစ်ယောက်ကို ကူထိန်းပေးနေတယ် 56 00:03:16,000 --> 00:03:18,000 မလီယာ နဲ့ ဆာရှာတို့ကိုပေါ့ 57 00:03:18,000 --> 00:03:22,000 အမေဟာ သူတို့ရဲ့ ဘဝထဲမှာရော ကျမရဲ့ ဘဝထဲမှာပါ တက်ကြွစွာ ပါဝင်နေသူပါ 58 00:03:22,000 --> 00:03:24,000 ပြီးတော့ သူတို့ကိုပါ တစ်ချိန်တုန်းက ကျမ နဲ့ ကျမအကို ကိုသင်ပေးခဲ့သလိုပဲ 59 00:03:24,000 --> 00:03:27,000 တန်ဖိုးထားရမယ့် အချက်တွေကိုပဲ ဆုံးမပေးနေပါတယ် 60 00:03:27,000 --> 00:03:30,000 ကြင်နာခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း၊ ဇွဲရှိခြင်း 61 00:03:30,000 --> 00:03:34,000 ဆိုတာတွေကို ချွင်းချက်မရှိ ချစ်ခြင်းမေတ္တာဆိုတာနဲ့ ရစ်ပတ်လျက် ပေးနေရာ 62 00:03:34,000 --> 00:03:37,000 အဘွား တစ်ယောက်ကသာ 63 00:03:37,000 --> 00:03:40,000 အဲဒါမျိုးကို လုပ်ပေးနိုင်တာပါ 64 00:03:40,000 --> 00:03:44,000 ကျမ ဘဝထဲမှာ အားကိုးစရာ စံပြယောက်ျားတွေ အဖြစ် 65 00:03:44,000 --> 00:03:49,000 အဖေ၊ အကို၊ ဦးလေးတွေရယ်၊ အဖိုး တို့ကို ရရှိထားခဲ့ရာ 66 00:03:49,000 --> 00:03:52,000 ကျမရဲ့ ကုသိုလ်ကံကောင်းမှုလို့ ပြောရမှာပါ 67 00:03:52,000 --> 00:03:57,000 ကျမဘဝထဲ က ယောက်ျားတွေဟာ အရေးကြီးတဲ့ အချက်တွေကိုလည်း သင်ပေးခဲ့ကြပါသေးတယ် 68 00:03:57,000 --> 00:04:00,000 ယောက်ျား နဲ့ မိန်းမ တို့ အကြားမှာ အပြန်အလှန် လေးစားမှုရှိတဲ့ ဆက်ဆံမှုမျိုး ဆိုတာ 69 00:04:00,000 --> 00:04:04,000 ဘယ်လို ရှိသင့်ကြောင်းကို သူတို့က သင်ပေးခဲ့ကြတာပါ 70 00:04:04,000 --> 00:04:08,000 ခိုင်ခန့်တဲ့ အိမ်ထောင်ရေးဆိုတာ ဘယ်လိုဟာမျိုးလဲ 71 00:04:08,000 --> 00:04:11,000 ယုံကြည်အားကိုးခြင်း နဲ့ ပေးထားတဲ့ ကတိတွေကို လိုက်နာမှု ပေါင်းစပ်ပြီး ထူထောင်ရတာကို 72 00:04:11,000 --> 00:04:15,000 ပြီးေးတာ့ တစ်ဦးက ကျန်တစ်ဦးရဲ့ သူမတူ ထူးခြားတဲ့ ပါရမီတွေကို ချီးကျူးရန်လိုတာကို သင်ပေးခဲ့ကြပါတယ် 73 00:04:15,000 --> 00:04:17,000 ပြီးတော့ သူတို့ သင်ပေးခဲ့တာ ရှိသေးတယ်၊၊ 74 00:04:17,000 --> 00:04:19,000 အဖေဆိုတာ ဘယ်လိုမျိုးလဲ၊ 75 00:04:19,000 --> 00:04:21,000 မိသားစုကို ပံ့ပိုးပျိုးထောင်ခြင်း ဆိုတာက ဘာလဲ သင်ပေးခဲ့ပါတယ် 76 00:04:21,000 --> 00:04:23,000 မိမိတို့ ကိုယ်တိုင်အတွက် အိမ်ပိုင်ယာပိုင် ဖြစ်ဖို့ တင်မကပဲ 77 00:04:23,000 --> 00:04:28,000 ကိုယ်ရဲ့ ပတ်ဝန်းကျင် ရပ်ရွာထဲက ကလေးတွေကိုပါ 78 00:04:28,000 --> 00:04:30,000 လက်လှမ်းမှီနိင်သလောက် ကူညီ ပျိုးထောင်ပေးရန်လည်း လိုပါသေးတယ် 79 00:04:30,000 --> 00:04:32,000 ကျမရဲ့ ယောက်ျားဖြစ်သူ 80 00:04:32,000 --> 00:04:35,000 ဘာရတ်အိုဘားမား ထဲမှာလဲ အဲဒီလို အရည်အချင်းတွေကို 81 00:04:35,000 --> 00:04:37,000 ကျမ မြင်တွေ့ပါတယ် 82 00:04:38,000 --> 00:04:41,000 ကျမတို့ ပထမအကြိမ် တွေ့ကြစဉ်တုန်းက၊ ကျမ တစ်ခု မှတ်မိတာက 83 00:04:41,000 --> 00:04:45,000 သူဟာ တစ်နေ့တွင် ကျမကို တွေ့ဆုံဖို့ ချိန်းလိုက်ကာ တစ်နေရာကို ခေါ်သွားတယ် 84 00:04:45,000 --> 00:04:48,000 သူရဲ့ ရက်ချိန်းက ရပ်ရွာ တွေ့ဆုံပွဲ တစ်ခုကို သွားဖို့ပဲလေ 85 00:04:48,000 --> 00:04:50,000 (ရယ်သံများ) 86 00:04:50,000 --> 00:04:52,000 ဘယ်လောက် ချစ်စရာကောင်းတယ် ဆိုတာ ကျမနားလည်ပါတယ် 87 00:04:52,000 --> 00:04:55,000 (ရယ်သံများ) 88 00:04:55,000 --> 00:04:57,000 ကျမတို့တွေ့တုန်းက ဘာရတ်ဟာ ရပ်ကွက်ရေးရာများကို စည်းရုံးသူ တစ်ဦးပါ 89 00:04:57,000 --> 00:05:01,000 လူတွေအတွက် အလုပ်ရှာပေးဖို့ လုပ်ကိုင်နေခဲ့တာပါ 90 00:05:01,000 --> 00:05:05,000 ခက်ခဲစွာ ရုန်းကန်နေခဲ့ရတဲ့ အိမ်နီးချင်း ဒေသတွေထဲကို အရင်းအနှီးတွေကို စည်းရုံး ခေါ်ယူဖို့ ကြိုးစားနေခဲ့သူပါ 91 00:05:05,000 --> 00:05:07,000 အဲဒီက လူမှုရေးရာ စင်တာမှာ 92 00:05:07,000 --> 00:05:09,000 သူဟာ အချက် နှစ်ချက်နဲ့ပတ်သက်ပြီး ဟောပြောလေ့ ရှိခဲ့ပါတယ် 93 00:05:09,000 --> 00:05:15,000 "ဒီနေ့ ရှိနေတဲ့ ကမ္ဘာကြီး" နဲ့ "ဖြစ်သင့်တဲ့ ကမ္ဘာကြီး" ဆိုပြီး ဟောကြားခဲ့တာပါ 94 00:05:15,000 --> 00:05:19,000 ဒီအကြောင်းကို မဲဆွယ်တုန်းကလည်း ကျမ ပြောနေခဲ့ပါတယ် 95 00:05:19,000 --> 00:05:21,000 သူဟာ မကြာမကြာ ပြောလေ့ ရှိခဲ့တာက 96 00:05:21,000 --> 00:05:26,000 အဲဒီ ယူဆချက် နှစ်ခု အကြားမှာ အကွာအဝေး တစ်ခု ရှိနေခြင်းကို ကျမတို့ လက်ခံကြရန် ဖြစ်တယ် 97 00:05:26,000 --> 00:05:30,000 ရံဖန်ရံခါဆိုသလို ကမ္ဘာကြီးဟာ ကျမတို့ရဲ့ တန်ဖိုးတွေ နဲ့ မျှော်မှန်းချက်တွေကို မထင်ဟပ်တောင်မှ 98 00:05:30,000 --> 00:05:34,000 ကျမတို့ဟာ ကမ္ဘာကြီးကို အရှိအတိုင်း လက်ခံဖို့ အသင့် ရှိရပါမယ် 99 00:05:34,000 --> 00:05:37,000 ဒါပေမဲ့ ဘာရတ်က အဲဒီအခန်းထဲမှာ ရှိနေခဲ့ကြတဲ့သူတွေအားလုံးကို 100 00:05:37,000 --> 00:05:40,000 ကျမတို့ရဲ့ ကမ္ဘာကြီး ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို ကျမတို့ သိရှိကြကြောင်းကိုပါ 101 00:05:40,000 --> 00:05:44,000 သတိပေး ပြောကြားခဲ့ပါတယ် 102 00:05:44,000 --> 00:05:47,000 ဘက်မလိုက်ခြင်း၊ တရား မျှတခြင်း၊ အခွင့်အလမ်း ဆိုတာ ဘာလဲဆိုတာကို ကျမတို့ သိပါတယ် 103 00:05:47,000 --> 00:05:49,000 ကျမတို့ အားလုံး သိကြပါတယ် 104 00:05:49,000 --> 00:05:51,000 အဲဒီ တွေ့ဆုံပွဲမှာ သူဟာ အခြေအတင် ငြင်းခုံခဲ့တယ် 105 00:05:51,000 --> 00:05:53,000 အဲဒီ ရပ်ကွက်ထဲက လူတွေကို ပြောနေခဲ့တယ် 106 00:05:53,000 --> 00:05:56,000 ခုနက ယူဆချက် နှစ်ခု အကြားက ကွာဟချက်ကို 107 00:05:56,000 --> 00:05:58,000 နည်းသထက် နည်းလာအောင် လက်တွဲကြီုးစားရင်း 108 00:05:58,000 --> 00:06:02,000 လက်ရှိ အရှိတရား ကမ္ဘာကို 109 00:06:02,000 --> 00:06:06,000 ဖြစ်သင့်တဲ့ ကမ္ဘာကြီးနဲ့ ထပ်တူ ဖြစ်လာအောင် အားထုတ်သွားဖို့ လိုတယ် 110 00:06:06,000 --> 00:06:09,000 ဒီနေ့အဲဒီ အကြောင်းကို ပြောလာရတာက 111 00:06:09,000 --> 00:06:13,000 မင်းတို့ တတွေကလည်း အဲဒီ ကွာဟမှုကို နည်းသမျှ နည်းလာအောင် အားထုတ်ရာမှာ 112 00:06:13,000 --> 00:06:18,000 အရေးပါတဲ့ အပိုင်း ဖြစ်တယ်ဆိုတာကို ယုံကြည်နေလို့ပါပဲ 113 00:06:18,000 --> 00:06:23,000 မင်းတို့ တတွေ ဟာ ကမ္ဘာကြီးကို ဖြစ်သင့်တဲ့ ပုံစံမျိုး ဖြစ်လာအောင် တည်ဆောက်သွားရမဲ့ အမျိုးသမီးတွေပါပဲ 114 00:06:23,000 --> 00:06:25,000 သမိုင်းထဲမယ် စာမျက်နှာသစ်တွေကို ရေးကြမဲ့ သူတွေပါပဲ 115 00:06:25,000 --> 00:06:29,000 မိမိတို့ရဲ့ မျိုးဆက် အတွက်တင်မက နောင် မျိုးဆက်သစ် အတွက်ပါ 116 00:06:29,000 --> 00:06:32,000 အဲဒီလို လုပ်ကိုင်ကြရမှာပါ 117 00:06:32,000 --> 00:06:34,000 ဒါကြောင့် ပညာကောင်းကောင်း တတ်ဖို့ ဆိုတာ 118 00:06:34,000 --> 00:06:36,000 အရမ်းကို အရေးကြီးပါတယ် 119 00:06:36,000 --> 00:06:39,000 အဲဒါကြောင့်မို့လို့ မင်းတို့ အားလုံး ရှေ့ဆက်ရမယ့် ခရီးထဲမှာ အတက်အကျတွေရှိတောင်၊ 120 00:06:39,000 --> 00:06:43,000 ဆရာဟာ ကိုယ်သဘောကျသူ ဖြစ်ဖြစ်၊ သဘောမကျသူပဲ ဖြစ်ဖြစ်၊ 121 00:06:43,000 --> 00:06:46,000 အဲဒါဟာ သိပ် အရေးကြီးပါတယ် 122 00:06:46,000 --> 00:06:49,000 ဘာလို့လဲဆိုတော့ ရပ်ရွာအဖွဲ့အစည်းတွေ၊ နိုင်ငံတွေ နဲ့ နောက်ဆုံး ပြောရပါက၊ ကမ္ဘာကြီး တစ်ခုလုံးဟာ 123 00:06:49,000 --> 00:06:54,000 ကျန်းမာ ကြံခိုင်တဲ့ မိန်းမသားတွေရှိမှသာ ကျမ်းမာ ကြံ့ခိုင်နိုင်မှာ မို့လို့ပါပဲ 124 00:06:54,000 --> 00:06:56,000 ဒါကို စိတ်ထဲမှာ ထည့်ထားရန် အရေးကြီးတယ် 125 00:06:56,000 --> 00:07:02,000 အဲဒီလို ကျန်းမာမှုထဲမှာ ပညာရေးထဲတွင် ထူးချွန်မှု ဆိုတာလည်း ပါဝင်ပါတယ် 126 00:07:02,000 --> 00:07:07,000 ရုန်းကန်နေရတဲ့ မိသားစု နဲ့ ကျန်းမာခိုင်ခန့်တဲ့ မိသားစု အကြား 127 00:07:07,000 --> 00:07:10,000 ကွာခြားချက်ဟာ မကြာခဏဆိုသလို အဲဒီ မိသားစုထဲတွင် လုပ်ပိုင်ခွင့်ရှိတဲ့ အမျိုးသမီး ရှိမရှိ 128 00:07:10,000 --> 00:07:13,000 အဲဒီလိုအမျိုးသမီးဟာ မိသားစု ဗဟိုချက် ဟုတ်မဟုတ် ပေါ်မှာ မူတည်တတ်ပါတယ် 129 00:07:13,000 --> 00:07:16,000 အခြေအနေမကောင်းတဲ့ လူ့အဖွဲ့အစည်း နဲ့ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်း အကြား ကွဲပြားချက်ကို ကြည့်မယ်ဆိုရင် 130 00:07:16,000 --> 00:07:20,000 မကြာခဏဆိုသလို ယောက်ျား နဲ့ မိန်းမ အကြား အပြန်အလှန် လေးစားမှု ရှိမရှိ ပေါ်မှာ 131 00:07:20,000 --> 00:07:25,000 လူ့အဖွဲ့အစည်း ကောင်းစားဖို့ တစ်ဦးရဲ့ အားထုတ်မှုတွေကို တစ်ဦးက တန်ဖိုးထား မထား ပေါ်မှာ မူတည်နိုင်ပါတယ် 132 00:07:25,000 --> 00:07:28,000 တဖန် ချိနဲ့လာနေတဲ့ နိုင်ငံ နဲ့ 133 00:07:28,000 --> 00:07:30,000 ကြီးပွားတိုးတက်လာနေတဲ့ နိုင်ငံ အကြားက ခြားနားချက်ဟာလည်း 134 00:07:30,000 --> 00:07:34,000 ယောက်ျားလေး နဲ့ မိန်းကလေးတွေ ပညာသင်ရာမှာ အခွင့်အရေး တူညီရမယ်ဆိုတဲ့ အချက်ကို 135 00:07:34,000 --> 00:07:36,000 အသိအမှတ်ပြုမှု အပေါ်မှာ မူတည်ပါလိမ့်မယ် 136 00:07:36,000 --> 00:07:41,000 ဒီကျောင်းဟာ ဆိုရင် ယူကေရဲ့ ဒေါက်တာဘွဲ့ရ ပထမဦးဆုံး အမျိုးသမီးရဲ့ နာမည်ကိုပေးထားတဲ့ ကျောင်းဖြစ်တယ် 137 00:07:41,000 --> 00:07:47,000 ဒီနားက အဆောက်အဦးတွေဟာလဲ မက်ဆီကန် အမျိုးသမီး အနုပညာရှင် ဖရီဒါ ကားလိုရဲ့ အမည်ကို ရထားတယ် 138 00:07:47,000 --> 00:07:49,000 မေရီ ဆီကိုး ဆိုရင် 139 00:07:49,000 --> 00:07:53,000 လူမည်း ဖလောရင့် နိုက်တင်ဂေး ဆိုတဲ့ ဂုဏ်ထူးကို ရထားသူ ဂျမေကာ က သူနာပြု ဆရာမဖြစ်တယ် 140 00:07:53,000 --> 00:07:56,000 အင်္ဂလိပ်စာရေးဆရာမ အင်မလီဘရွန်တီ ဆိုရင် လိင်ခွဲခြားမှု လူမျိုးခွဲခြားမှု တွေနဲ့ ပတ်သက်ပြီး 141 00:07:56,000 --> 00:08:00,000 ဆန့်ကျင် တိုက်ပွဲဝင်ခဲ့တဲ့ ဂုဏ်ပြုခံ အမျိုးသမီးကြီးပါ 142 00:08:00,000 --> 00:08:05,000 သူတို့အားလုံးဟာ သူတို့ရဲ့ စိတ်ဝိဥာဏ်ကို လုပ်ကျွေးဖို့ အားထုတ်ခဲ့ကြသူတွေပါ 143 00:08:05,000 --> 00:08:08,000 သူတို့ရဲ့ ရှေ့မယ် ကျော်ဖြတ် မရနိုင်ခဲ့တဲ့ အခက်အခဲရယ်လို့ မရှိခဲ့ပါ 144 00:08:08,000 --> 00:08:12,000 ဒီနောက်မှာ ရှိနေတဲ့ "ကန့်သတ်ချက်မဲ့" ဆိုတဲ့ စာတမ်းထဲက အတိုင်းပါပဲ 145 00:08:12,000 --> 00:08:14,000 သူတို့ဟာ သူတို့ရဲ့ အိပ်မက် စိတ်ကူးတွေကို 146 00:08:14,000 --> 00:08:17,000 လိုက်နာ ရုပ်လုံးဖေါ်ရေးက လွဲလို့ ဘာတစ်ခုကိုမှ မသိခဲ့ကြပါ 147 00:08:17,000 --> 00:08:22,000 သူတို့က အဲဒီလို လုပ်နိုင်ခဲ့ခြင်းဖြင့် 148 00:08:22,000 --> 00:08:24,000 အရံအတား အများအပြားကို ဖယ်ရှားပစ်နိုင်ခဲ့ကြတယ် 149 00:08:24,000 --> 00:08:26,000 ပြီးတော့ သူတို့ဟာ သန်းချီ ရှိကြတဲ့ အမျိုးသမီး ဒေါက်တာများ နဲ့ သူနာပြုများအတွက် 150 00:08:26,000 --> 00:08:29,000 ပြီးတော့ အနုပညာရှင်တွေ၊ စာရေးဆရာတွေအတွက် 151 00:08:29,000 --> 00:08:32,000 သူတို့ရဲ့ ခြေရာကို လိုက်ခဲ့ကြသူတွေအတွက် 152 00:08:32,000 --> 00:08:34,000 တံခါး အသစ်တွေကို ဖွင့်ပေးခဲ့ကြတယ် 153 00:08:34,000 --> 00:08:37,000 ပြီးတော့ ပညာကို ကောင်းကောင်း တတ်လာပြီဆိုရင် 154 00:08:37,000 --> 00:08:41,000 မင်းတို့ အားလုံးဟာလည်း ကိုယ့် ဘဝခရီး ကံကြမ္မာကို ထိန်းချုပ်နိုင်ကြမှာပါ 155 00:08:41,000 --> 00:08:44,000 ကျေးဇူးပြုပြီး ဒါကို အမြဲသတိရနေကြပါ 156 00:08:44,000 --> 00:08:48,000 ဒီနေရာမှာ ကျမ ရပ်နေရခြင်းရဲ့ အကြောင်းရင်းကို မင်းတို့ သိချင်လို့ မေးကြမယ်ဆိုရင် 157 00:08:48,000 --> 00:08:51,000 ပညာအရည်အချင်းကြောင့်ပါ 158 00:08:51,000 --> 00:08:55,000 ကျမ ဘယ်တုန်းကမှ အတန်းမပျက်ခဲ့ဘူး၊ ဆောရီး၊ အတန်းပျက်တဲ့ သူတွေကို ကျမ သိတောင်မသိပါဘူး 159 00:08:55,000 --> 00:08:57,000 ဘယ်တုန်းက မှ မပျက်ခဲ့ပါဘူး 160 00:08:57,000 --> 00:08:59,000 အေ ဂရိတ်တွေ ရတာကို နှစ်သက်ခဲ့ပါတယ် 161 00:08:59,000 --> 00:09:01,000 စမတ် ဖြစ်ရတာကို ကြိုက်ခဲ့တယ် 162 00:09:01,000 --> 00:09:05,000 အချိန်တိကျစွာ လာတာကို၊ အလုပ်ကို ပြီးအောင် လုပ်နိုင်တာကို ကြိုက်ပါတယ် 163 00:09:05,000 --> 00:09:10,000 စမတ်ဖြစ်တယ်ဆိုတာ တခြားဟာတွေထက် ပိုပြီးကောင်းတယ်လို့ ထင်ပါတယ် 164 00:09:10,000 --> 00:09:12,000 မင်းတို့လည်း အဲလိုအချက်တွေကို တန်ဖိုးထား လုပ်ကြမယ်ဆိုရင် 165 00:09:12,000 --> 00:09:14,000 ကိုယ့် ရည်မှန်းချက် ပန်းတိုင်ကို ထိန်းချုပ်နိုင်ကာ ရောက်နိုင်ကြမှာပါ 166 00:09:14,000 --> 00:09:17,000 မင်းတို့ကလည်း သူများအတွက် လမ်းအသစ်တွေကို ခင်းပေးနိုင်ကြမယ် 167 00:09:17,000 --> 00:09:19,000 မင်းတို့ရဲ့ အိပ်မက်တွေကို လက်တွေ့ ရုပ်လုံးဖေါ်နိုင်ကြမယ် 168 00:09:19,000 --> 00:09:23,000 အဲဒီနောက်မှာ နောက်ကို ပြန်လှည့်ကြည့်လျက် 169 00:09:23,000 --> 00:09:27,000 မင်းတို့လိုပဲ နောက် တစ်ယောက်ယောက်ကို မင်းတို့လိုပဲ လုပ်နိုင်အောင် ကူညီပေးကြမယ် 170 00:09:27,000 --> 00:09:30,000 လူတစ်ယောက်ဟာ သမိုင်းက သက်သေထူပြနေတာက ဘယ်နေရာက လာတာလဲ 171 00:09:30,000 --> 00:09:32,000 မြို့တွေထဲက တိုက်အိမ်များမှ လာတာလား၊ တောက တက်လာတာလား၊ 172 00:09:32,000 --> 00:09:34,000 အရေးမကြီးပါဘူး 173 00:09:34,000 --> 00:09:36,000 မင်းရဲ့ ကိုယ်ပိုင် ဇွဲ၊ လုံ့လ၊ ဝိရိယ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု 174 00:09:36,000 --> 00:09:39,000 ကိုယ်တိုင် ကြိုးစားအားထုတ်မှု တွေကသာ မင်းရဲ့ အောင်မြင်မှုကို 175 00:09:39,000 --> 00:09:43,000 ဆုံးဖြတ်ပေးမှာပါ 176 00:09:43,000 --> 00:09:47,000 အဲဒါ တကယ်အမှန်ပါ။ ကျမတို့ နေထိုင်နေကြရတဲ့ ကမ္ဘာကြီးရဲ့ အရှိတရားက အဲဒီလိုပါ။ 177 00:09:47,000 --> 00:09:50,000 အခု မင်းတို့ဟာ မင်းတို့ရဲ့ ဘဝကံကြမ္မာကို ထိန်းချုပ်နိုင်ကြပါပြီ။ 178 00:09:50,000 --> 00:09:55,000 အဲဒါဟာ လွယ်မှာ မဟုတ်တာတော့ အမှန်ပဲ 179 00:09:55,000 --> 00:09:57,000 ဒါပေမဲ့ မင်းတို့ဆီမှာ လိုအပ်တာတွေ အားလုံးရှိနေပြီလေ 180 00:09:57,000 --> 00:10:00,000 အောင်မြင်ဖိုအတွက် လိုတာအားလုံး 181 00:10:00,000 --> 00:10:03,000 မင်းတို့ ဆီမှာ ရှိနေပြီ၊ ဒီမှာကို ရှိနေကြပြီလေ 182 00:10:03,000 --> 00:10:07,000 ကျမ ယောက်ျားဟာ ရုံးခန်း အကြီးကြီးထဲမှာ၊ 183 00:10:07,000 --> 00:10:10,000 ဘဲဥပုံ ခန်းမကြီးထဲမှာ အလုပ်လုပ်ပါတယ် 184 00:10:10,000 --> 00:10:12,000 အိမ်ဖြူတော်မှာ သူထိုင်တဲ့ စာရေးစားပွဲ တစ်ခု ရှိတယ် 185 00:10:12,000 --> 00:10:15,000 ဆုံးဖြတ်ချက် စားပွဲလို့ ခေါ်ကြပါတယ် 186 00:10:15,000 --> 00:10:19,000 တော်ဝင် သဘောၤ ဆောက်လုပ်တဲ့ Resolute သစ်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်ပြီး က ရတဲ့ သစ်နဲ့ ထုတ်လုပ်ခဲ့ပြီး 187 00:10:19,000 --> 00:10:22,000 ဗစ်တိုရီယာ ဘုရင်မကြီးရဲ့ လက်ဆောင် အဖြစ် ပေးခဲ့တာပါ 188 00:10:22,000 --> 00:10:27,000 အဲဒါဟာ ကျတို့ တိုင်းပြည် နှစ်ခုကြားမှာရှိတဲ့ ချစ်ကြည်မှုရဲ့ သင်္ကေတ တစ်ခုပါ 189 00:10:27,000 --> 00:10:29,000 Resolute ဆိုတဲ့ နာမည်ကိုက နိုင်ငံတော်ကို ဦးဆောင်ဖို့တင် မက 190 00:10:29,000 --> 00:10:33,000 ရည်ရွယ်ချက် ရှိတဲ့ ဘဝမျိုးဖြင့် 191 00:10:33,000 --> 00:10:35,000 နေထိုင်နိုင်တဲ့ အားကောင်းတဲ့ ရဲစွမ်းသတ္တိ 192 00:10:35,000 --> 00:10:40,000 ရှိနေခြင်းကိုပါ ထောက်ပြနေပါတယ်။ 193 00:10:40,000 --> 00:10:44,000 အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ မင်းတို့ အားလုံးလည်း ပြတ်ပြတ်သားသား လုပ်ကြမယ် 194 00:10:44,000 --> 00:10:47,000 ကိုယ်ပိုင် အစွမ်းအစများကို သုံးပြီး၊ အဲဒီလို အစွမ်းအစတွေ အများကြီး ရှိတာကို မြင်နေရပါတယ်၊ 195 00:10:47,000 --> 00:10:52,000 အားလုံး ရှိနေတာမို့လို့ 196 00:10:52,000 --> 00:10:54,000 အတားအဆီးမရှိ ရှေ့ကို ဆက်သွားလျက် 197 00:10:54,000 --> 00:10:58,000 ကမ္ဘာကြီးကို ဖြစ်သင့်သလို ဖန်တီး လုပ်ဆောင်ကြပါ။ 198 00:10:58,000 --> 00:11:01,000 ဘာကြောင်းလဲဆိုတော့ ကျမတို့ဟာ မင်းတို့ ကို အားကိုးကြပါတယ် 199 00:11:01,000 --> 00:11:03,000 ကျမတို့ အားလုံးက မင်းတို့ တစ်ယောက်ချင်းစီကို အားကိုးလိုကြပါတယ် 200 00:11:03,000 --> 00:11:06,000 မင်းတို့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမှာကို မျှော်လင့် အားကိုးကြပါတယ်။ 201 00:11:06,000 --> 00:11:08,000 ကမ္ဘာကြီးဟာ ကြီးမားလှတယ် 202 00:11:08,000 --> 00:11:10,000 ပြီးတော့ စိန်ခေါ်မှုတွေနဲ့လည်း ပြည့်နေတယ် 203 00:11:10,000 --> 00:11:14,000 အဲဒါကြောင့်မို့လို့ စိတ်ဓါတ် ကြံခိုင်သန်စွမ်းလျက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စမတ်ကျတဲ့ 204 00:11:14,000 --> 00:11:16,000 အမျိုးသမီးလေးတွေ မတ်မတ်ရပ်လျက် ဦးဆောင် လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။ 205 00:11:16,000 --> 00:11:20,000 မင်းတို့လုပ်နိုင်တာကို ကျမတို့ သိပါတယ်။ မင်းတို့အားလုံးကို ကျမတို့ချစ်ပါတယ်။ ကျေးဇူးတင်ပါတယ် 206 00:11:20,000 --> 00:11:27,000 (လက်ခုတ်သံများ)