လူတွေဟာ ပိုပြီးကြာရှည်စွာ အသက်ရှင် နေထိုင်နေကြကာ လူ့အဖွဲ့အစည်းဟာ တိုးတိုး ဆံပင်ဖြူလာနေတာ ရှင်တို့ သိကြတယ်။ အဲဒီအကြောင်း ရှင်တို့ တချိန်လုံး ကြားရတယ်။ အဲဒီအကြောင်းကို သတင်းစာထဲ ဖတ်ကြရတယ်။ အဲဒါကို ရုပ်သံစက်တွေမှာလည်း ကြားနိုင်တယ်။ အဲဒါကို မကြာခဏ ကြားနေရလို့ အသက်ကြီးရင့်လာမှုကို ကျွန်မတို့ဟာ ကျေနပ်ရမယ့် အချက်လို၊ စိုးရိမ်စရာ အချက်လို့တောင် လက်ခံလာကြတာကို ကျွန်မ စိုးရိမ်မိပါတယ်။ အမှား တစ်ခုခုကို မလုပ်မိရင်၊ အသက်ကြီးရင့်မှုဟာ... ကျွန်မ ယုံကြည်တာက အရွယ်အမျိုးမျိုးမှာ အသက်ရဲ့ အရည်အသွေးဟာ ကောင်းလာမှာပါ။ ဒါကို မီးမောင်းထိုးပြနိုင်ရန်၊ ခဏကြာ ချဲ့ပြလျက် ကျွန်မတို့ ဖြတ်ကျော်နေကြရတဲ့ အပြောင်းအလဲတွေကို ကြည့်ရှုလေ့လာ ကြည့်ကြပါစို့။ ၂၀ ရာစုထဲမှာ လူတွေ မျှော်လင့်နိုင်တဲ့ ပျမ်းမျှ အသက်ထဲကို ထည့်ပေးလိုက်တဲ့ နှစ်တွေဟာဖြင့် လူသားရဲ့ ဆင့်ကဲ ပြောင်းလာမှု အရင့်အရင် နှစ်ထောင်ချီ အားလုံးတုန်းကထက် များနေပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာကို၊ ကျွန်မတို့ဟာ အသက်ရှင် နေထိုင်ကြတဲ့ ကာလကို နှစ်ဆ တိုးနိုင်ခဲ့ကြတယ်။ ဒါကြောင့်မို့လို့ အသက်ကြီးရင့်လာမှုကို ရှင်တို့ လက်ခံနိုင်စွမ်း မရှိရင် ကိုယ့်မှာ အပြစ် မရှိပါဘူး။ ဒါဟာ လုံးဝ အသစ်ကြီးပါ။ ပြီးတော့ မျှော်လင့်ရတဲ့ လူ့သက်တမ်းက ကြီးထွားလာနေချိန်မှာပဲ မွေးဖွားမှုနှုန်းက ကျလာနေတော့၊ လူဦးရေကို အရွယ်လိုက် အစဉ်ပဲ ဖေါ်ပြပေးလာခဲ့ကြတဲ့ ပီရမစ် ပုံဟာ လူငယ်တွေက အောက်ခြေမှာ တစ်ပုံကြီးရှိပြီး ထိပ်ကျတော့ အသက်ရှင် ကျန်ရစ်ခဲ့ကြတဲ့ သက်ကြီး အနည်းငယ်ရှိခဲ့တဲ့ ပုံမှနေပြီး အခုတော့ စတုဂံပုံ အသွင်ကို ပြောင်းလဲလာခဲ့ပါပြီ။ ဒီတော့ ဒီနေ့တွင်၊ ရှင်တို့ဟာ လူဦးရေ စာရင်းအင်းတွေကို အထူးလေ့လာချင်သူ ဖြစ်တယ်ဆိုရင်၊ (ရယ်မောသံများ) အဲဒီလို အချက်တွေ အံ့အားသင့်စရာပါ။ အဲဒါက ဘာကို ထောက်ပြကြလဲ ဆိုတော့၊ မျိုးစိတ်တွေရဲ့ သမိုင်းထဲမှာ ပထမဦးဆုံး အကြိမ်အဖြစ်၊ ဖွံ့ဖြိုးပြီးနိုင်ငံများထဲ မွေးလာကြတဲ့ ကလေး အများစုတို့ဟာ ကြီးရင့်လာတဲ့ အရွယအထိ နေထိုင်နိုင်မယ့် အခွင့်အလမ်း ရှိလာတယ်။ အဲဒါ ဘယ်လို လုပ်ဖြစ်လာတာလဲ။ ဗီဇအရ ကျွန်မတို့ လွန်ခဲ့တဲ့ နှစ် ၁၀၀၀၀ တုန်းက ဘိုးဘေးများထက် ပိုကြံ့ခိုင်လာကြတယ်။ အခုလို မျှော်လင့်ရတဲ့ သက်တမ်း တိုးလာမှုဟာ ယဉ်ကျေးမှုရဲ့ အံ့ဖွယ် ရလဒ်ပါ။ ကျန်းမာရေး နှင့် ဘဝကောင်းစားမှုကို မြှင့်တင်ပေးနိုင်ကြတဲ့ သိပ္ပံပညာနဲ့ နည်းပညာဆိုင်ရာ၊ အပြုအမူဆိုင်ရာ ပြောင်းလဲမှုကြီးတွေကြောင့်ပါ။ ယဉ်ကျေးမှုကို ပြောင်းလဲနိုင်ခဲ့ခြင်းဖြင့်၊ ကျွန်မတို့ရဲ့ ဘိုးဘေးများဟာ စောသေးမှုကို ရှောင်ရှားနိုင်ခဲ့ကြရာ လူတွေဟာ အခုဆို အသက်ကို အပြည့် နေထိုင်လာကြတယ်။ အခုတော့ အသက်ကြီးရင့်မှုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေ ပေါ်လာကြတယ်... ရောဂါတွေ၊ ဆင်းရဲမှု၊ လူမှုရေး အခြေအနေ ကျဆင်းမှု။ ကိုယ့် အောင်မြင်မှုတွေကို အားကိုးရန် မလွယ်ပါ။ အသက်ကြီးရင့်မှုကို တိုးတိုးလေ့လာလေလေ၊ သူတို့ကို လျစ်လျူရှုကြရန် ဆိုတဲ့ စိတ်ကူးမျိုးဟာ အကြီးအကျယ် လွဲမှားနေတာ ရှင်းလာလေလေ ဖြစ်တယ်။ အသက်ကြီးရင့်မှုနဲ့ အတူ မှတ်သားဖွယ် ကောင်းတဲ့ အချက်တွေလည်း ပါလာတယ်။ ဗဟုသုတတွေ၊ အတွေ့အကြုံတွေ တိုးလာပါတယ်... ဘဝရဲ့ စိတ်ပိုင်း မျက်နှာစာလည်း ပိုပြီး ကောင်းမွန်လာပါတယ်။ အသက်ကြီးရင့်သူတွေ စိတ်ချမ်းသာကြတာ တကယ်အမှန်ပါ။ သူတို့ဟာ အသက်လတ်ပိုင်း လူတွေနဲ့ လူငယ်ပိုင်းနဲ့စာရင် ပိုစိတ်ချမ်းကြတယ်။ (ရယ်မောသံများ) လေ့လာမှုတွေဟာ တစ်ခုပြီး တစ်ခု တစ်ခုတည်းကိုပဲ ထောက်ပြနေကြတယ်။ CDC က မကြာခင်တွင် လေ့လာမှုကို ပြုလုပ်ခဲ့ပြီး အမေးခံကြရသူတို့အား လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာ သောကများကို သိသိသာသာ ခံစားခဲ့ရပါသလား ဆိုပြီး မေးကြည့်ခဲ့တယ်။ အဲဒီမေးခွန်းကို ဟုတ်ကဲ့ ဆိုပြီး ဖြေခဲ့ကြတဲ့ အထဲမှာ အသက်ကြီးသူတို့ဟာ သက်လတ်ပိုင်းနဲ့ လူငယ်များထက် များစွာမှ နည်းခဲ့ပါတယ်။ ‘မကြာမီက Gallup ရဲ့ စစ်တမ်းင ပါဝင်ဖြေခဲ့သူတို့အား အရင်တစ်နေ့တွင် စိတ်ဖီစီးမှု၊ သောကနဲ့ ဒေါသဖြစ်မှု ဘယ်နှစ်ကြိမ် ခံစားခဲ့ရတကို မေးခဲ့ကြတယ်။ စိတ်ဖီစီးမှု၊ သောကနဲ့ ဒေါသဖြစ်မှုတွေဟာ အသက်ကြီးရင့်လာတာနဲ့အမျှ လျော့နည်းလာတာ သိလာရတယ်။ လူမှုရေး ပညာရှင်များက အသက် ကြီးရင့်မှုရဲ့ အံ့ဖွယ်အချက်လို့ ခေါ်ကြတယ်။ အသက်ကြီးရင့်မှုဟာ ပျော်စရာကြီး မဟုတ်တာကတော့ ရှင်းနေပါတယ်။ အဲဒီတွေ့ရှိချက်ကို ချေပနိုင်ရန် ကျွန်မတို့ မေးခွန်းအမျိုးမျိုး မေးမြန်းခဲ့ကြတယ်။ လက်ရှိ သက်ကြီး မျိုးဆက်တွေဟာ ဧရာမ မျိုးဆက်တွေ ဖြစ်နေကြတာများလား ဆိုပြီး ကျွန်မတို့ ဆန်းစစ် မေးခွန်း ထုတ်ကြည့်ခဲ့တယ်။ ဆိုလိုတာ ဒီနေ့ လူငယ်တွေက အသက်ကြီးရင့်လာကြတဲ့အခါမှာ အလားတူ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရှိလာမလား။ အသက်ကြီးရင့်သူတို့က သူတို့ရဲ့ စိတ်ညစ်စရာ ဘဝကို တနည်းတဖုံ အားပေးတဲ့အနေနဲ့များ အပြုသဘောကို ပြရန် ကြိုးပမ်း နေကြတာလား မေးကြည့်တယ်။ (ရယ်မောသံများ) ဒါပေမဲ့၊ အဲဒီအချက်ကို ပယ်ချရန် ကျွန်မ ကြိုးစားလေလေ အဲဒါကို ထောက်ပြတဲ့ အချက်တွေကို တိုးတိုး တွေ့ခဲ့ကြတယ်။ လွန်ခဲတဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မနဲ့ လုပ်ဖေါ်တွေ ရွယ်တူ လူအုပ်စုကို ၁၀-နှစ်ကာလမှာ လေ့လာမှုကို ပြုလုပ်ခဲ့ကြတယ်။ အစပိုင်းတွင် အသက် ၁၈ မှ ၉၄ အထိပါ။ သူတို့ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ စိတ်ပိုင်း ခံစားမှုတွေ ပြောင်း လာသလား ဆိုတာကို လေ့လာခဲ့တယ်။ ပါဝင်ကြတဲ့ သူတွေဟာ အီလက်ထရွန်နစ် ပဲဂျာတွေကို တစ်ပတ်ကြာ ဆောင်ထားခဲ့ကြရကာ၊ နေ့ခင်းနဲ့ ညနေပိုင်းမှာ ကျပန်mးအချိန်မှာ စာပို့ မေးမြန်းခဲ့တယ်။ အဲဒီလို စာပို့မေးတိုင်းမှာ ကျွန်မတို့က မေးခွန်း တသီကြီးကို မေးကြည့်ခဲ့ကြတယ်။ “တစ်မှခုနစ် စကေးကို သုံးပြီး အခု ဘယ်လောက် စိတ်ချမ်းသာလဲ။“ “အခု ဘယ်လောက် ဝမ်းနည်းလဲ။“ “ဘယ်လောက် မချင့်မရဲ ဖြစ်နေသလဲ။” သူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ သူတို့စိတ်ပိုင်း ခံစားချက်များကို တနည်းနည်းနဲ့ နားလည်ဖို့ပါ။ အဲဒီလူတွေကို ဂရုတစိုက် လေ့လာ စူးစမ်းလာခဲ့ရာမှနေပြီး မျိုးဆက် တစ်ခုခုကမှ အခြားမျိုးဆက်ထက် အပြုသဘော ခံစားမှုတွေ တိုးလာခဲ့ခြင်း မဟုတ်ဘဲ အသက်ကြီးရင့် လာတာနဲ့အမျှ အဲဒီထဲက အခြားသူတွေပါ အလားတူပဲ အပြုသဘော မြင်လာကြတာကို ရှာတွေ့လာခဲ့ပါတယ်။ ရှင်တို့အားလုံး ပိုကြီးရင့်တဲ့ အရွယ်မှာ မသိမသာ အောက်ဘက် ကျဆင်းမှု မြင်နိုင်ကြတယ်။ အောက်ဘက် မသိမသာ ဆင်းသွားပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဘယ်လိုနည်းနဲ့မှ အစောပိုင်း သက်ကြီးအဆင့်ဆီ ပြန်မသွားပါ။ အသက်ကြီးရင့်သူတို့ဟာ စိတ်ချမ်းသာကြတယ်လို့ ပြောဆိုမှုဟာ သိပ်လွယ်နေပါတယ်။ ကျွန်မတို့ရဲ့ လေ့လာမှုထဲမှာ သူတို့ဟာ ပိုပြီး အပြုသဘောဆန်ကြတယ်။ အဲဒီတချိန်တည်းမှာ သူတို့ဟာ လူငယ်တွေနဲ့စာရင် ခံစားမှုတွေကို ရောယှက်လျက် ခံစားနိုင်ကြတယ်။ စိတ်ချမ်းမြေ့နေချိန်မှာ သူတို့ ဝမ်းနည်းမှုကို ခံစားနိုင်တယ်၊ မိတ်ဆွေကို ပြုံးပြနေချိန်မှာ မျက်ရည်လည်း ကျနေတာမျိုးပါ။ ပြီးတော့ အသက်ကြီးရင့်သူတို့ဟာ ဝမ်းနည်းမှုကို ပိုပြီး လွယ်ကူစွာ ခံစားနိုင်ကြတာကို တွေ့ရတယ်။ လူငယ်တွေနဲ့ စာရင် သူတို့ဟာ ဝမ်းနည်းမှုကို ပိုလက်ခံနိုင်တယ်။ ပြီးတော့ အဲဒီအချက်ကမှ အပူတပြင်းဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပဍိပက္ခများနဲ့ ငြင်းခုံမှုတွေမှာ လူကြီးတွေဟာ လူငယ်နဲ့စာရင် ပိုတော်ကြခြင်းရဲ့ အကြောင်းရင်းပါ။ အသက်ကြီးရင့်သူတို့ဟာ တရားမမျှတမှုကို စိတ်ပျက်စရာ မဟုတ်ဘဲ ကရုဏာတရားဖြင့် မြင်နိုင်တယ်။ ဒီပြင်အရာတွေ အတူတူပဲ ရှိတောင်မှ၊ အသက်ကြီးရင့်သူတို့ဟာ သူတို့ရဲ့ အာရုံနဲ့ မှတ်ဉာဏ်လို အသိပညာရင်းမြစ်များကို အနှုတ်လက္ခဏာထက် အပြုသဘော အချက်များဆီကို ဦးလှည့်ပေးနိုင်ကြတယ်။ ကျွန်မတို့က သက်ကြီး၊ သက်လတ် နဲ့ လူငယ်များကို ရှင်တို့ အခု မြင်နေရတဲ့ ပုံမျိုးတွေကို ပြပေးခဲ့တဲ့ နောက်မှာ သူတို့ မှတ်မိတဲ့ ပုံတွေကို ပြောပြရန် မေးကြည့်မယ်ဆိုရင်၊ အပြုသဘော ပုံတွေကို ပိုပြီး မှတ်မိကြမှာက လူငယ်တွေမဟုတ်ဘဲ သက်ကြီးပိုင်းတွေ ဖြစ်ကြပါမယ်။ ဓာတ်ခွဲခန်း လေ့လာမှုများထဲတွင် ကျွန်မတို့ သက်ကြီးပိုင်းနဲ့ လူငယ်တွေကို မှုန်ကုပ်ကုပ် နဲ့ ပြုံးနေတဲ့ မျက်နှာတွေကို ပြသခဲ့တယ်။ သက်ကြီးတို့ဟာ မှုန်ကုပ်နေတဲ့ မျက်နှာတွေမှ ရှောင်လျက် ပြုံးနေတဲ့မျက်နှာဆီ ကြည့်ကြတယ်။ နေ့စဉ်ဘဝအတွက် ပြောရရင်၊ ပိုပြီး ပျော်ရွှင်မှုနဲ့ ကျေနပ်မှုကို ဆိုလိုပါတယ်။ လူမှုရေး ပညာရှင်များ အနေနဲ့ ကျွန်မတို့ဟာ အခြားအလားအလာကိုလည်း စဉ်းစားကြတယ်။ အသက်ကြီးရင့်သူတို့ဟာ သိရှိိနိုင်စွမ်း ချို့ယွင်းနေလို့များ ပိုပြီး အပြုသဘော ခံစားချက်တွေိကို ပြောပြနေကြတာများလား။ (ရယ်မောသံများ) ကျွန်မတို့ စဉ်းစားမိတာက အပြုသဘော ခံစားမှုတွေကို စီမံရတာဟာ အနုတ်လက္ခဏာ ခံစားမှုတွေထက် လွယ်လို့များ အပြုသဘော ခံစားမှုဆီကို သူတို့ စိတ်ပြောင်းသွားတာများလား။ ကျွန်မတို့ ဦးနှောက်ထဲက အာရုံကြော ဌာနတွေဟာ ချို့ယွင်းလာခဲ့ကြလို့ အနုတ်လက္ခဏာ ခံစားမှုကို ဆက်ပြီး မစီမံနိုင်တာများလား။ ဒါပေမဲ့ အဲဒီလို ဖြစ်ပုံ မရပါ။ စိတ်ပိုင်းအရ ထက်မြက်ကြတဲ့ အသက်အကြီးဆုံး သူတွေကမှ အပြုသဘော သက်ရောက်မှုကို အများဆုံး ပြတဲ့သူတွေ ဖြစ်နေကြတယ်။ အခြေအနေအရ လိုအပ်လာပါက အသက်ကြီးရင့်သူတို့ဟာ အနုတ်လက္ခဏာ ခံစားမှုတွေကိုရော အပြုသဘောခံစားမှုတွေကိုပါ တန်းတူတရည် စီမံ ဆောင်ရွက်နိုင်ကြတယ်။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ ကျွန်မတို့ရဲ့ သုတေသနအရ၊ အဲဒီလို အပြောင်းအလဲတွေဟာ အခြေခံအားဖြင့် အချိန်ကာလကို စောင်ကြည့်နိုင်တဲ့ လူသားရဲ့ သူမတူ လုပ်နိုင်စွမ်းနဲ့ ဆက်စပ်နေပါတယ်။ နာရီပိုင်း၊ ပြက္ခဒိန် အချိန်ကိုမဟုတ်ဘဲ ဘဝသက်တမ်း အချိန်ကိုပါ။ အသက်ကြီးရင့်မှုထဲမှာ အံ့အားသင့်စရာ အချက်က ကျွန်မတို့ ထာဝရ အသက်ရှင်ကြမှာ မဟုတ်တာကို သိနားလည်မှုက ဘဝသက်တမ်းဆိုင်ရာ ရှုထောင့်ကို အပြုသဘော ပြောင်းပစ်လိုက်တာပါ။ အချိန်ဆိုတဲ့ မိုးကုပ်စက်ဝိုင်းဟာ လူငယ် ဘဝမှာလို ရှည်လျားလျက် ဝိုးတဝါး ဖြစ်နေလျှင် လူတွေဟာ တချိန်လုံး ပြင်ဆင်လျက် ရှိနေကြကာ သူတို့ တတ်နိုင်သမျှ အချက်အလက်တွေကို စုပ်ယူကြတယ်၊ စွန့်စားကြတယ်၊ စူးစမ်းရှာကြံကြတယ်။ စိတ်ဝင်စားစရာ ကောင်းတာမို့လို့ ကျွန်မတို့ဟာ ကိုယ်မကြိုက်တဲ့ လူတွေနဲ့တောင် အချိန်ကို ဖြုန်းတတ်ကြတယ်။ မျှော်လင့် မရတာကို ကျွန်မတို့ သင်ယူနိုင်တယ်။ (ရယ်မောသံများ) မသိတဲ့သူတွေနဲ့ တွေ့ဆုံကြတယ်။ (ရယ်မောသံများ) အဲဒါက အလုပ်မဖြစ်လည်း နက်ဖြန်ဆိုတာ ရှိနေဦးမှာပဲ မဟုတ်လား။ အသက် ၅၀ ကျော်တဲ့ သူတွေဟာ မသိသူတွေနဲ့ မတွေ့ဆုံကြပါဘူး။ (ရယ်မောသံများး) မတွေ့ဖို့ များတယ်။ အသက်ကြီးလာတာနဲ့ အချိန်စက်ဝန်းဟာ တိုတောင်းလာကာ ပန်းတိုင်တွေ ပြောင်းလာတယ်။ ဒီကမ္ဘာကြီးမှာ ကိုယ့်ဆီမှာ အချိန်အားလုံး မပိုင်ဆိုင်မှန်းကို နားလည်လာတော့၊ ကိုယ့် ဦးစားပေးချက်တွေကို ပိုပြတ်သွားစွာ မြင်လာကြတယ်။ သာမန် ကိစ္စတွေကို ကျွန်မတို့ သိပ် ဂရုမစိုက်ကြတော့ပါ။ ကျွန်မတို့ အသက်ကို ချွေတာလာတယ်။ ပိုပြီး တန်ဖိုးထားလိုလာကြကာ ပြေငြိမ်းရန် တံခါးဖွင့်လာကြတယ်။ ကျွန်မတို့ဟာ စိတ်ခံစားမှုဆိုင်ရာ ဘဝရဲ့ အစိတ်အပိုင်းတွေထဲ ရင်းနှီးလာကြလို့ ဘဝဟာ ပိုပြီး ကောင်းမွန်လာတယ်၊ အဲဒါကြောင့် ကျွန်မတို့ဟာ နေ့စဉ်ဘဝထဲ ပိုပျော်ရွှင်ကြတယ်။ အလားတူပဲ ရှုထောင့် ပြောင်းလဲလာလို့ မတရားမှုကို မကြုံစဖူး ခွင့်လွှတ်ရန် စေ့ဆော်လာတယ်။ ၂၀၁၅ ခုနှစ် အရောက်မှာ အမေရိကန် ပြည်ထောင်စုထဲတွင် အသက် ၆၀ ကျော်တဲ့ ပြည်သူတွေဟာ ၁၅ နှစ် အောက်သူတွေထက် ပိုများလာပါမယ်။ အသက်ကြီးသူတွေကြောင့် ဝန်ပိလာမယ့် လူ့အဖွဲ့အစည်း ဘယ်လို ဖြစ်လာမလဲ။ လူဦးရေက ရလဒ်ကို ဆုံးဖြတ်ပေးကြမှာ မဟုတ်ပါ။ ယဉ်ကျေးမှုက ဆုံးဖြတ်ပေးမှာပါ။ ကျွန်မတို့က သိပ္ပံနဲ့ နည်းပညာထဲ ရင်းနှီးမြှုပ်နှံလျက် သက်ကြီးများ ရင်ဆိုင်ကြရတဲ့ တကယ့် ပြဿနာတွေကို ဖြေရှင်းပေးနိုင်ကြကာ အသက်ကြီးရင့်သူတို့ရဲ့ လက်တွေ့ လုပ်နိုင်စွမ်းတွေကို ရယူသုံးနိုင်ကြပါက၊ သက်တမ်းကို တိုးစေခဲ့တဲ့ နှစ်များဟာ အရွယ် အားလုံးရဲ့ ဘဝကို အံ့ဖွယ် ပြောင်းပစ်မှာပါ။ အရင့်အရင် မျိုးဆက်များထက် ပိုကျန်းမာကာ ပညာတတ်ကြပြီး လက်တွေ့ဘဝဆိုင်ရာ အကြောင်ကို သိကျွမ်းလျက် အကြီးစား ပြဿနာတွေကို ဖြေရှင်းရန် အသင့်ရှိကြပြီး စိတ်ခံစားမှု တည်ငြိမ်ကြတဲ့ ပြည်သူ သန်းချီ ရှိနေတဲ့ လူ့အဖွဲ့အစည်းတွေဟာ ကျွန်မတို့ သိထားဘူးတဲ့ ဘယ်လူ့အဖွဲ့အစည်းထက်မဆို သာလွန်တာ သေချာပါတယ်။ အသက် ၉၂ နှစ် ရှိပြီဖြစ်တဲ့ ကျွန်မ ဖခင်က “အဖိုးကြီးတွေကို ဘယ်လို ကယ်တင်ကြမလဲ ဆိုတဲ့ စကားတွေကို ရပ်ပစ်ကြပြီး အားလုံးကို ကယ်တင်ရန် သူတို့ ပါဝင်လာရေး အကြောင်းကို ဆွေးနွေးကြပါစို့။“ ပြောပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ)