အများစုဟာ ဘာပဲလုပ်လုပ် အကောင်းဆုံး လုပ်ဖို့ ကြိုးစားရင်း ဘဝကိုဖြတ်သန်းကြတယ်။ ကိုယ်အလုပ်၊ မိသားစု၊ ကျောင်း အခြားဘာပဲဖြစ်ဖြစ်ပါ။ ဒီလိုခံစားတယ်၊ အကောင်းဆုံးကြိုးစားတယ် ဒါပေမဲ့ ကာလအတန်ကြာတုန်းက သဘောပေါက်မိလာတာက ကျွန်တော့်အတွက် အရေးကြီးဆုံးအရာတွေမှာ အရမ်းပိုကောင်း မလာတာကိုပါ၊ ခင်ပွန်း (သို့) မိတ်ဆွေ (သို့) အလုပ်အကိုင် (သို့) အသင်းဖော်ဖြစ်ဖြစ်ပါ။ ဒါတွေကို အချိန်အများကြီး အကုန်ခံ ကြိုးစားလုပ်တာတောင် ဒါတွေမှာ အများကြီး တိုးတက်မလာခဲ့ဘူး။ စကားပြောဆိုမှုတွေနဲ့ ဒီတိုးတက်မှု ဆိတ်သုဉ်းတဲ့ သုတေသနကနေ နားလည်ခဲ့ပြီးနောက် ကြိုးစားလုပ်ပေမဲ့ အတော်လေး သာမန်သာဖြစ်သွားတာပဲ။ ဒီတော့ ဘာကြောင့် ဖြစ်တာလဲဆိုတာထဲက ထိုးထွင်းအမြင်တစ်ချို့နဲ့ ဘာလုပ်နိုင်လဲဆိုတာ မျှဝေချင်တယ်။ ကျွန်တော် သိခဲ့ရတာက နယ်ပယ်တိုင်းက အထိရောက်ဆုံး လူတွေနဲ့ အသင်းတွေဟာ ကျွန်တော်တို့ အားလုံးလည်း အတုယူနိုင်တာကိုလုပ်တယ် သူတို့ဟာ ဇုန်နှစ်ခုအတွင်း မှန်မှန် တစ်လှည့်စီပြောင်းရင်း ဘဝကို ဖြတ်သန်းကြတယ်၊ သင်ယူမှုဇုန်နဲ့ စွမ်းဆောင်မှုဇုန်ပါ။ သင်ယူမှုဇုန်က ရည်မှန်းချက် တိုးတက်ဖို့ လိုတဲ့အခါမှာပါ။ ဒီနောက် တိုးတက်မှုအတွက် ပုံစံချတဲ့ လုပ်ဆောင်မှုတွေ ပြုကြတယ်၊ မပိုင်နိုင်သေးတာကို အာရုံစိုက်ရင်း၊ ဆိုလိုတာက အမှားတွေပြုဖို့ မျှော်လင့်ဖို့လိုတယ်၊ ဒါတွေကနေ သင်ယူမယ်လို့ သိရင်းပါ။ ကျွန်တော်တို့ စွမ်းဆောင်မှုဇုန်မှာရှိစဉ် ကျွန်တော်တို့လုပ်တာနဲ့ အရမ်းကွာတယ်၊ ဒါက ကျွန်တော်တို့ ရည်ရွယ်တာကို တတ်နိုင် သမျှ အကောင်းဆုံး စီမံဖို့ လိုတဲ့အခါမှာပါ။ ဒီနောက် ကိုယ်ပိုင်နိုင်ပြီးသားအပေါ်မှာ အာရုံစိုက်ကာ အမှားအနည်းဆုံး ဖြစ်အောင်ကြိုးစားတယ်။ ဇုန်နှစ်ခုစလုံးဟာ ဘဝရဲ့အစိတ်အပိုင်း ဖြစ်သင့်ပေမဲ့ သူတို့တစ်ခုစီကို ဘယ်အချိန်မှာ ကိုယ်ဖြစ်ချင်တာကို ရည်မှန်းချက်တွေ၊ အာရုံစိုက်မှု၊ မျှော်လင့်ချက်တွေနဲ့ ရှင်းတာဟာ ပိုကောင်းစွာ ဆောင်ရွက်ဖို့ ပိုကောင်းစွာ တိုးတက်ဖို့ကူပေးတယ် စွမ်းဆောင်မှုဇုန်က လက်ငင်း စွမ်းဆောင်မှုကို အများဆုံးလုပ်ကာ သင်ယူမှုဇုန်က တိုးပွားမှု၊ အနာဂတ်စွမ်းပကားကို အများဆုံးလုပ်ပေးတယ်။ အတော်များများ အလုပ်ကြိုးစားပေမဲ့ အများကြီး မတိုးတက်တဲ့ အကြောင်းရင်းက စွမ်းဆောင်မှုဇုန်မှာ အချိန်အားလုံး နီးပါးကို ကုန်ဆုံးတတ်ကြလို့ပါ။ ဒါက တိုးပွားမှုကို ဟန့်တားကာ ဖြစ်ချင်တော့ ရေရှည်မှာ စွမ်းဆောင်မှုကိုရောပါ။ ဒီတော့ သင်ယူမှုဇုန်က ဘာနဲ့တူလဲ။ ရှေးဟောင်း ဂရိက နိုင်ငံရေးခေါင်းဆောင်၊ အဟောပြောဆရာကြီးနဲ့ ရှေ့နေတစ်ဦးဖြစ်သူ Demosthenes ကိုကြည့်ပါ။ ကြီးကျယ်သူဖြစ်လာဖို့ သူ့အချိန်တွေကို သူ့ စွမ်းဆောင်မှုဇုန်ဖြစ်မယ့် ဟောပြောသူနဲ့ ရှေ့နေဖြစ်တာမှာပဲ မသုံးခဲ့ဘူး။ ဒီအစား တိုးတက်မှုအတွက် ပုံစံချတဲ့ လုပ်ဆောင်မှုတွေလုပ်တယ် တကယ် အများကြီး လေ့လာခဲ့တာပါ။ ဆရာသမားတွေဆီက လမ်းညွှန်မှုနဲ့ ဥပဒေနဲ့ ဒဿနိကကို လေ့လာခဲ့တယ်။ ဒါပေမဲ့ ရှေ့နေလုပ်တာဟာ အခြာလူတွေကို နားချဖို့ပါဝင်တာ သူသဘောပေါက်မိတော့ ပြောင်မြောက်တဲ့ ဟောပြောချက်တွေနဲ့ သရုပ်ဆောင်တာကို လေ့လာခဲ့တယ်။ တမင်မဟုတ်ပဲ ပခုံးပင့်ပင့်နေတဲ့ အကျင့်ဟောင်းကိုဖျောက်ဖို့ သူ့ဟောပြောချက်တွေကို မှန်ရှေ့မှာ လေ့ကျင့်ခဲ့ပြီး သူပခုံးပင့်ရင် နာကျင်အောင်လို့ မျက်နှာကျက်ကနေ ဓားတစ်လက် ဆိုင်းထားတယ်။ (ရယ်သံများ) စကားမပီပေမဲ့ ပိုပြီး ပီသစွာပြောဖို့ ပါးစပ်ထဲမှာ ကျောက်ခဲတွေနဲ့ ဟောပြောချက်တွေကို လေ့ကျင့်ခဲ့တယ်။ အနှောင့်အယှက်ကင်းပြီး သူတစ်ပါးကို အနှောင့်အယှက်မဖြစ်ဖို့ မြေအောက်ခန်း ဆောက်ခဲ့တယ်။ အဲဒီအချိန်က ခုံရုံးတွေဟာ အရမ်းဆူညံတာကြောင့် သူ့အသံကို လှိုင်းတွေရဲ့ ဟိန်းသံအထက်ကို ပစ်လွှတ်ရင်း သမုဒ္ဒရာနားမှာ လေ့ကျင့်တယ်။ သင်ယူမှုဇုန်က သူ့လုပ်ဆောင်မှုတွေဟာ သူ့ရဲ့စွမ်းဆောင်မှုဇုန်၊ ခုံရုံးက လုပ်ဆောင်မှုတွေနဲ့ အရမ်းကွာခြားတယ်။ သင်ယူမှုဇုန်မှာ Dr. Anders Ericsson ခေါ်တဲ့ တမင် အလေ့အကျင့်ကိုလုပ်ခဲ့တယ်။ ဒီမှာပါဝင်တာက စွမ်းရည်တွေကို ပေါင်းစပ် ကျွမ်းကျင်မှုတွေအဖြစ် ပိုင်းခြင်း၊ တိုးတက်ဖို့လုပ်နေတဲ့ ကျွမ်းကျင်မှုအခွဲကို ရှင်းလင်းမှုပါ။ ဥပမာ ပခုံးတွေကို လျော့ချခြင်း၊။ ဇိမ်ကျတဲ့ဇုန်အပြင်ဘက်က၊ လက်ရှိလုပ်နေတာတွေရဲ့အလွန် စိန်ခေါ်မှုရဲ့ မြင့်မားတဲ့ အဆင့်တစ်ခုဆီ အပြည့်အဝ အာရုံစိုက်ခြင်း၊ ထပ်ကျော့ခြင်း၊ ညှိခြင်းနဲ့အတူ မကြာခဏ တုံပြန်မှုကို အသုံးပြုခြင်း၊ ကျွမ်းကျင်တဲ့ နည်းပြရဲ့ လမ်းညွှန်မှုကို အထူးစိတ်ဝင်စားခြင်းပါ။ တိုးတက်ဖို့ စီစဉ်ထားတဲ့ လုပ်ဆောင်မှုတွေဟာ သီးသန့် နယ်ပယ်ဖြစ်ပြီး ဒီလုပ်ဆောင်မှုတွေက ဘာဆိုတာ ဆရာကြီးတွေ၊ နည်းပြတွေသိကြပြီး ပါရဂူမြောက် တုံ့ပြန်မှု ပေးနိုင်လို့ပါ။ ဒါက သင်ယူမှုဇုန်က လေ့ကျင့်တဲ့ အမျိုးအစားဖြစ်ပြီး အဓိကတိုးတက်မှုဆီ ဦးတည်စေပါတယ်၊ ဒါက တာဝန်လုပ်ဆောင်မှု ကာလသာမဟုတ်ပါဘူး။ ဥပမာ သုတေသနက ပြနေတာက အလုပ်တစ်ခုလုပ်ပြီး ပထမတစ်နှစ်၊ နှစ်နှစ်မှာ စွမ်းဆောင်မှုဟာ အမြဲတမ်း တန့်သွားတယ်။ ဒါက သင်ကြားရေး၊ ဆေးဘက်ဆိုင်ရာ၊ သူနာပြုခြင်းနဲ့ အခြားနယ်ပယ်တွေမှာ မှန်တယ်လို့ ပြဆိုထားပြီး ဖြစ်တဲ့အကြောင်းက အတော်ကောင်းပြီ၊ လုံလောက်ပြီလို့ တွေးမိတာနဲ့ သင်ယူမှုဇုန်မှာ အချိန်ကုန်တာ ရပ်လိုက်လို့ပါ။ တစ်ချိန်လုံး အလုပ်လုပ်တာ၊ စွမ်းဆောင်တာမှာပဲ အာရုံစိုက်ကြတယ်၊ ဖြစ်သွားတာက တိုးတက်ဖို့ ထူးကဲတဲ့နည်းမဟုတ်တာပါ။ ဒါပေမဲ့ သင်ယူမှုဇုန်မှာ ဆက်လက်အချိန်ကုန်ခံ သူတွေကတော့ တကယ် အမြဲ ဆက်လက် တိုးတက်ပါတယ်။ အတော်ဆုံး အရောင်သမားတွေဟာ အနည်းဆုံးတစ်ပတ်တစ်ခါ တိုးတက်မှု ရည်မှန်းချက်နဲ့ လုပ်ဆောင်မှုတွေလုပ်ကြတယ်။ အသိသုတကျယ်ပြန့်ဖို့ စာတွေဖတ်၊ လုပ်ဖော်တွေ၊ နယ်ပယ် ကျွမ်းကျင်သူတွေနဲ့တိုင်ပင်၊ နည်းပရိယာယ်သစ်တွေ စမ်း၊ တုံ့ပြန်မှုနဲ့ ထင်ဟပ်မှုတောင်းခံကြတယ်။ အတော်ဆုံး စစ်တုရင်သမားတွေဟာ စစ်တုရင် မကစားပဲအချိန်အများကြီး ကုန်ဆုံးကြတယ်၊ သူတို့ရဲ့ စွမ်းဆောင်မှုဇုန်မှာဆိုပေမဲ့ စစ်တုရင်ပဂေးကြီးတွေ ရွှေ့တဲ့ အကွက်တွေကို ခန့်မှန်း၊စိစစ်ဖို့ကြိုးစားရင်းပါ ကျွန်တော်တို့ဟာ နာရီပေါင်းများစွာ ကွန်ပြူတာမှာ စာရိုက်ကာ ကုန်းဆုံးလောက်တယ်၊ ပိုမြန်မလာဘူးလေ၊ ဒါပေမဲ့ လက်ရှိ စိတ်ချနေတဲ့ အမြန်နှုန်းထက် ၁၀% ကနေ ၂၀ % ပိုမြန်မြန်ရိုက်ဖို့ တစ်နေ့ကို ၁၀ မိနစ်ကနေ မိနစ် ၂၀ ထိ ကုန်ဆုံးမယ်ဆိုရင် ပိုမြန်လာပါလိမ့်မယ်၊ အထူးသဖြင့် ကိုယ်လုပ်နေတဲ့ အမှားတွေကို ရှာပြီး ဒီစကားလုံးတွေကို ရိုက်တာ လေ့ကျင့်ရင်ပေါ့။ ဒါက တမင်တကာ လေ့ကျင့်မှုပါ။ ကျွန်တော်တို့ဘဝရဲ့ ဘယ်အပိုင်းတွေ ဖြစ်နိုင်တာက ပိုအရေးစိုက်တာတွေဟာ ကြိုးစားလုပ်ပေမဲ့ အများကြီး မတိုးတက်နေတဲ့အကြောင်းက ကျွန်တော်တို့ စွမ်းဆောင်မှုဇုန်မှာ အမြဲရှိလို့လား ကဲ စွမ်းဆောင်မှုဇုန်က တန်ဖိုးမရှိဘူးလို့ ပြောဖို့မဟုတ်ပါဘူး။ အရမ်းတန်ဖိုးရှိပါတယ်။ ဒူးခွဲစိတ်ဖို့လိုတော့ ခွဲစိတ်ဆရာဝန်ကို မပြောခဲ့တာက "အဲဒီနေရာနား ဖောက်၊ ခင်ဗျားမသိတာကို အာရုံစိုက်" (ရယ်သံများ) "ခင်ဗျားအမှားတွေကနေ သင်ယူကြမယ်လေ" အလုပ်လုပ်တာတော်မယ်လို့ ခံစားမိတဲ့ ခွဲစိတ်ဆရာဝန်ကိုရှာပြီး အလုပ်ကောင်းတစ်ခု လုပ်စေချင်ခဲ့တာပါ စွမ်းဆောင်မှုဇုန်မှာရှိတာဟာ အရာတွေကို ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ဖြစ်စေတယ် တက်ကြွစရာလည်း ဖြစ်နိုင်ပြီး နောက် ဘာကို အာရုံစိုက်ရမယ်၊ သင်ယူမှုဇုန်ကို ဘယ်တော့ပြန်သွားရမယ်ဆိုတာ ရှာဖွေဖို့ သတင်းအချက်အလက်ပေးပါတယ်။ မြင့်မားတဲ့ စွမ်းဆောင်မှုအတွက်လမ်းက သင်ယူမှုဇုန်နဲ့ စွမ်းဆောင်မှုဇုန်ကြားမှာ တစ်လှည်စီပြောင်းတာပါ၊ သင်ယူမှုဇုန်မှာ ကျွမ်းကျင်မှုတွေ အကျိုးရှိရှိတည်ဆောက် ကျွမ်းကျင်မှုတွေကို စွမ်းဆောင်မှုဇုန်မှာ သုံးတာပါ။ ဖျော်ဖြေရေးအတွင်း Beyoncé ခရီးထွက်တဲ့အခါ သူမဟာ စွမ်းဆောင်မှုဇုန်မှာရှိနေပေမဲ့ ညစဉ် ဟိုတယ်ခန်းကိုပြန်ရောက်တဲ့အခါမှာတော့ သူမဟာ သင်ယူမှုဇုန်ကို ချက်ချင်းပြန်သွားပါတယ်။ အခုပဲပြီးသွားတဲ့ ပြပွဲဗီဒီယိုကို ကြည့်တယ်။ သူမကိုယ်တိုင်နဲ့အကသမားတွေ၊ ကင်မရာသမားတွေအတွက် တိုးတက်ဖို့ အခွင့်အလမ်းတွေ ဖော်ထုတ်တယ်။ ပြီးတော့ နောက်မနက်မှာ လူတိုင်းဟာ ပြင်ဆင်ဖို့ပါတဲ့ မှတ်စု စာရွက်တွေရတယ်၊ နောက်တော့ နောင်ဖျော်ဖြေမှုမတိုင်ခင် တစ်နေ့တာအတွင်း ဒီအပေါ်မှာ အလုပ်လုပ်ကြတယ်။ ဒါက အမြဲတိုးနေတဲ့ အစွမ်းတွေအတွက် ကြောင်လိမ်တစ်ခုပါ၊ ဒါပေမဲ့ ဘယ်အချိန် သင်ယူဖို့ရှာ၊ ဘယ်အချိန် လုပ်ဆောင်ဖို့ရှာတာ သိဖို့လိုပြီး နှစ်ခုစလုံးလုပ်ရင်းနဲ့ အချိန်ကုန်ချင်ရင်တော့ သင်ယူမှုဇုန်မှာ အချိန်ပိုကုန်ဆုံးလေလေ ပိုတိုးတက်လာလေပါ။ ဒီတော့ သင်ယူမှုဇုန်မှာ ဘယ်လို အချိန်ကုန်ဆုံးနိုင်လဲ ပထမက ကျွန်တော်တို့ဟာ တိုးတက်နိုင်တယ်ဆိုတာကို ယုံကြည်၊နားလည်ရပါမယ်၊ တိုးတက်မှု ခံယူချက်လို့ခေါ်တယ်။ ဒုတိယက ဒီသီးခြားကျွမ်းကျင်မှုမှာ တိုးတက်ချင်စိတ်ရှိရပါမယ်။ ကိုယ်ရဲ့ အရေးကြီးတဲ့ ရည်ရွယ်ချက် ဖြစ်ရပါမယ်၊ အချိန်နဲ့ အားထုတ်မှုလိုလို့ပါ။ တတိယက ဘယ်လိုတိုးတက်အောင်လုပ်ဖို့ စိတ်ကူးတစ်ခုရှိရပါမယ်၊ တိုးတက်ဖို့ ကိုယ်ဘာလုပ်နိုင်တယ်၊ ကျွန်တော် ဆယ်ကျော်သက်တုန်းက ဂစ်တာလေ့ကျင့်ဖူးသလို သီချင်းတွေကို အထပ်ထပ်တီးတာမဟုတ်ပဲ တမင်တကာ လေ့ကျင့်ခြင်းပါ။ ပြီးတော့ စတုတ္ထက လောင်းကြေးနိမ့်တဲ့ အခြေအနေမှာ ရှိရမှာပါ၊ အကြောင်းက အမှားတွေကို မျှော်လင့်တယ်ဆိုရင် ဒါတွေလုပ်ခြင်းရဲ့ အကျိုးဆက်ဟာ ကြီးမားတာ (သို့) သိပ်သိသာတာတောင် မဖြစ်ရပါဘူး။ ကြိုးတန်းလမ်းလျှောက်သမားဟာ အောက်မှာ ပိုက်မရှိပဲမလေ့ကျင့်ဘူး၊ တံခွန်စိုက်ပြိုင်ပွဲအတွင်း အားကစားသမားဟာ အကွက်အသစ်ကို ပထမ စမ်းဖို့ စထွက်မှာမဟုတ်ပါ ဘဝတွေထဲက စွမ်းဆောင်မှုဇုန်မှာ အချိန်အများကြီးကုန်ဆုံးကြတဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော်တို့ ဝန်းကျင်တွေဟာ မကြာခဏပဲ မလိုအပ်ပဲ လောင်းကြေးမြင့်နေလို့ပါ။ တစ်ဦးနဲ့တစ်ဦး လူမှုရေး အရဲစွန့်မှုတွေလုပ်တယ်၊ သင်ယူရေးပဲဖြစ်သင့်တဲ့ ကျောင်းတွေမှာတောင်ပါ၊ စံကိုက် စစ်ဆေးမှုတွေကို ပြောနေတာ မဟုတ်ပါဘူး၊ ဆိုလိုတာက နေ့စဉ်ရဲ့ မိနစ်တိုင်း မူလတန်းကနေ ကောလိပ်ထိ များစွာသော ကျောင်းသားတွေဟာ အမှားတစ်ခုလုပ်ရင် အြခားသူတွေက သူတို့ကို အထင်သေးကြမယ်လို့ ခံစားကြတာကိုပါ။ အမြဲ ဖိစီးနေကြပြီး သင်ယူခြင်းအတွက် လိုအပ်တဲ့ အရဲစွန့်မှုတွေ မလုပ်တာ အံ့ဩစရာမရှိဘူး။ ဒါပေမဲ့ အမှားတွေဟာ မတော်တဆကို မလိုလားအပ်တာလို့ သူတို့သိသွားတာက ဆရာတွေ၊ မိဘတွေဟာ အဖြေမှန်တွေပဲ ကြားချင်ပြီး အမှားတွေကနေ သင်ယူဖို့ ဒါတွေကို ကြိုဆိုတာ၊ စစ်ဆေးတာထက် အမှားတွေကို ပယ်ချတာ (သို့) အားလုံးသင်ယူနိုင်တဲ့၊ ပိုစူးစမ်းတဲ့ တွေခေါ်ခြင်းကို အားပေးတာထက် ကျဉ်းမြောင်းတဲ့ တုံ့ပြန်မှုတွေ ရှာတဲ့အခါပါ။ အိမ်စာတွေ (သို့) ကျောင်းသာား အလုပ်တွေမှာ လေ့ကျင့်တာ၊ အမှားတွေ၊ တုံ့ပြန်တာ၊ပြန်နွှေးတာအတွက်သုံးတာထက် နံပါတ်(သို့)အက္ခရာတစ်လုံးတပ်ထားပြီး နောက်ဆုံး အဆင့်ဆီ ရေတွက်တဲ့အခါ ကျောင်းဆိုတာ စွမ်းဆောင်မှုဇုံလို့ သတင်းစကားပို့ပါတယ်။ အလုပ်ခွင်တွေမှာလည်း ဒီအတိုင်းပါပဲ။ တိုင်ပင်တဲ့ ကုမ္ပဏီတွေမှာ မကြာခဏတွေ့တာက ခေါင်းဆောင်တွေက အလုပ်ကောင်း အားပေးဖို့ ကျင့်သုံးတဲ့ အပြစ်ကင်း လုပ်ဆောင်မှု ယဉ်ကျေးမှုတွေပါ။ ဒါပေမဲ့ ဒါက ဝန်ထမ်းတွေကို သိတာအတွင်းမှာနေစေကာ အသစ်တွေမစမ်းဖို့ ဦးတည်တော့ ကုမ္ပဏီတွေ ဆန်းသစ်ဖို့နဲ့တိုးတက်ဖို့ ရုန်းကန်ကာ နောက်ကျကျန်ခဲ့ပါတယ်။ ဘယ်အချိန် ဇုန်တစ်ခုစီမှာ ရှိချင်တာလဲဆိုတာ အချင်းချင်း ပြောဆိုခြင်းတွေကနေ တိုးတက်မှုအတွက် နေရာလပ်တွေ ဖန်တီးနိုင်ပါတယ်။ ဘာကို ပိုတော်အောင်လုပ်ချင်လဲ၊ ဘယ်လိုလဲ။ ဘယ်တော့ အမှားတွေကို စီမံပြီး အနည်းဆုံးဖြစ်အောင် လုပ်ချင်တာလဲ။ ဒီနည်းဟာ အောင်မြင်မှုက ဘာဆိုတာ၊ တစ်ဦးနဲ့တစ်ဦး ဘယ်တော့၊ ဘယ်လို အကောင်းဆုံးထောက်ပံ့ရာမှာ ပီပြင်မှု ရပါတယ်။ ဒါပေမဲ့ စွဲနေတဲ့ မြင့်တဲ့ လောင်းကြေး ဝန်းကျင်ထဲရောက်တယ်ထင်ကာ ဒီပြောဆိုမှုတွေ မစနိုင်သေးဘူးလို့ ခံစားမိရင်ရော။ တစ်ဦးချင်းအနေနဲ့ ကျွန်တော်တို့ လုပ်နိုင်သေးတာ သုံးခုရှိပါတယ်။ ပထမ လောင်းကြေးမြင့်တဲ့ ပင်လယ်မှာလောင်းကြေး နိမ့်တဲ့ ကျွန်းတွေဖန်တီးနိုင်ပါတယ်။ အမှားတွေက အရေးမပါသလောက်ရှိရာမှာ ကွက်လပ်တွေရှိပါတယ်။ ဥပမာ စိတ်ကူးတွေ ဖလှယ်နိုင် (သို့) ခက်ခဲတဲ့စကားစမြည်ပြောနိုင် (သို့) သရုပ်ဆောင်တောင်ပေးနိုင်တဲ့ ဆရာ (သို့) ယုံကြည်ရတဲ့ အဖော်ကို ရှာနိုင်တယ်။ ပရောဂျက် တိုးတက်မှုအဖြစ် တုံ့ပြန်မှု ဦးစားပေး ဆွေးနွေးပွဲတွေ တောင်းနိုင်တယ်။ (သို့) စာဖတ်ချိန်ဖယ်ထားတာ ဗီဒီယိုကြည့်တာ၊ အွန်လိုင်းသင်တန်းတက်တာတို့လုပ်နိုင်တယ်။ ဒါတွေက နမူနာတွေပဲရှိပဲသေးတယ်။ ဒုတိယက ကိုယ်မျှော်လင့်တဲ့အတိုင်း စီမံဆောင်ရွက်နိုင်ပြီး ဒါပေမဲ့ နောက် Beyoncé လို နောက်တစ်ကြိမ် ပိုကောင်းအောင် လုပ်နိုင်တာကို ဆင်ခြင်ကာ ကျွမ်းကျင်သူတွေကို လေ့လာ၊ တုပနိုင်ပါတယ်။ လေ့လာမှု ဆင်ခြင်မှုနဲ့ ပြင်ဆင်မှုဟာ သင်ယူမှုဇုံတစ်ခုပါ။ နောက်ဆုံးက ကိုယ်ဘယ်လို ပိုတော်ချင်တာကို မျှဝေရင်း၊ ကိုယ်မသိတာတွေကို မေးမြန်းရင်း တုံပြန်မှုကို တောင်းခံရင်း၊ ကိုယ့်အမှားတွေနဲ့ သူတို့ဆီက သင်ယူတာတွေကိုမျှဝေရင်း သူတို့လည်း ကိုယ်လို အလားတူလုပ်ဖို့ စိတ်ချနိုင်အောင် အခြားသူတွေအတွက် ဦးဆောင်ပြီး လောင်းကြေးတွေကို ချပေးနိုင်တာပါ။ တကယ့်ယုံကြည်မှုက ဆက်လက် သင်ယူခြင်းကို ပုံစံချခြင်းပါ။ ကျွန်တော်တို့ ဘဝတေွကို လုပ်လိုက် စွမ်းဆောင်လိုက်လုပ်နေရင်း ကုန်ဆုံးနေမယ့်အစား စူးစမ်းခြင်း၊ မေးမြန်းခြင်း၊ နားထောင်ရင်း၊ စမ်းသပ်ရင်း၊ ပြန်ထွေးရင်း ကြိုးစားရင်း၊ ဖြစ်လာရင်းနဲ့ အချိန် ပိုကုန်ဆုံးမယ်ဆိုရင်ရော။ ကျွန်တော်တို့ တစ်ဦးစီမှာ တိုးတက်ဖို့ လုပ်ဆောင်နေတာတစ်ခုခု အမြဲရှိနေမယ်ဆိုရင်ရော။ လောင်းကြေးနိမ့်တဲ့ ကျွန်းတွေနဲ့ ရေထုတွေ ပိုမို ဖန်တီးရင်ရော။ ကျွန်တော်တို့ အားထုတ်မှုတွေ ပိုပြီး လက်ငင်းအကျိုးရှိကာ ကျွန်တော်တို့ရဲ့ မဆုံးနိုင်တဲ့တိုးတက်မှု ပိုကောင်းတာထက် အကောင်းဆုံးဖြစ်နိုင်ဖို့ ကိုယ်တိုင်နဲ့ အသင်းဖော်တွေအတွင်း ဘယ်အချိန်သင်ယူဖို့ရှာ၊ ဘယ်အချိန် လုပ်ဆောင်ဖို့ ရှာတာ ရှင်းလင်းလာရင်ရော၊ ကျေးဇူးတင်ပါတယ်။