လက်ရှိမှာ ကိုယ်အင်္ဂါ အစားထိုးခွင့်ရဖို့
စောင့်ဆိုင်းနေသူတွေ သိန်းချီပြီးရှိပါတယ်
သူတို့ဟာ ကျောက်ကပ်၊နှလုံး၊ အသည်းလိုမျိုး
သူတို့အသက်ကို ကယ်နိုင်တဲ့
အရေးကြီးအင်္ဂါတွေ ရနိုင်ဖို့ စောင့်နေကြတယ်
ကံမကောင်းစွာပဲ
ဒီလိုအပ်ချက်ကိုဖြည့်ဖို့ လုံလောက်တဲ့
ကိုယ်အင်္ဂါအလှူရှင် မရှိဘူး
ဒီလို စောင့်နေမယ့်အစား
ကျနော်တို့ဟာ ကိုယ်အင်္ဂါသစ်တစ်ခုကို
အစကနေ ဖန်တီးနိုင်ပါတယ်
ဒါက ဇီဝပုံနှိပ်ခြင်းရဲ့ နောက်ကွယ်က
စိတ်ကူးပါ
လက်ရှိ ဖွံ့ဖြိုးတိုးတက်လာတဲ့
ပြန်လည်အသစ်ဖြစ်ခြင်း ဆေးပညာရဲ့အခွဲတစ်ခုပါ
ရှုပ်ထွေးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို တော့
မဖန်တီးနိုင်သေးပါဘူး
ဒါပေမဲ့ သွေးကြောမျှင်လို ၊
ပြွန်ခေါင်းတွေလို
အဟာရ နဲ့ အညစ်အကြေး လဲလှယ်တဲ့
ရိုးရှင်းတဲ့ တစ်သျှူးတွေကိုတော့
လုပ်ပြနိုင်ပါပြီ
ဇီဝပုံနှိပ်ခြင်းဆိုတာ 3D printing ရဲ့
ဇီဝဗေဒ အမျိုးတော်ပါတယ်
သူက ကုန်ကြမ်းပစ္စည်း အလွှာတွေကို
တစ်ခုပေါ်တစ်ခု ထပ်တင်ပြီး
တစ်ကြိမ်မှာတစ်လွှာ တည်ဆောက်ပြီး
သုံးဘက်မြင် ဝတ္ထု ဖန်တီးတာပါ
သတ္တု၊ ပလပ်စတစ် နဲ့ ကြွေထည်လိုမျိုးတွေနဲ့
စမယ့်အစား
ကိုယ်အင်္ဂါအတွက် 3D ပရင်တာကတော့
သက်ရှိဆဲလ်တွေပါတဲ့
ပုံနှိပ်လို့ရတဲ့ ဘိုင်အိုမင်ကို
အသုံးပြုပါတယ်
ဘိုင်အိုမင်တွေက ဟိုက်ဒရိုဂျယ်လို့ခေါ်တဲ့
ရေကြွယ်ဝတဲ့ မော်လီကျူးတွေဖြစ်ပါတယ်
သန်းနဲ့ချီတဲ့ သက်ရှိဆဲလ်တွေနဲ့ ဆဲလ်တွေကို
ဆက်သွယ် ကြီးထွားစေတဲ့
ဓာတုပစ္စည်းစုံလင်စွာ ရောနှောပါဝင်ပါတယ်
အချို ဘိုင်အိုမင်မှာ ဆဲလ်အမျိုးအစား
တစ်ခုပဲ ပါဝင်တယ်
အချို့ကတော့ တည်ဆောက်ပုံရှုပ်ထွေးတဲ့အတွက်
အမျိုးအမည်ကွဲပြားတဲ့ ဆဲလ်တွေ ပေါင်းစပ်ထားတယ်
သင်က ခြေသလုံးရိုးနဲ့ ပေါင်ရိုးတွေ
တစ်ခုနဲ့ တစ်ခု
မပွတ်တိုက်အောင် ထိန်းပေးတဲ့
ဒူးကအရိုးနုလေးတစ်ပိုင်းဖြစ်တဲ့
meniscus ကို ပုံနှိပ် ချင်တယ်ဆိုပါစို့.
သူက chondrocytes ဆိုတဲ့ ဆဲလ်တွေနဲ့
လုပ်ထားပြီး
ဘိုင်အိုမင်အတွက် ကျန်းမာတဲ့
အဲဒီဆဲလ်တွေရှိဖို့လိုတယ်
ဒီဆဲလ်တွေက အလှူရှင်ဆီကရပြီး
ဓာတ်ခွဲခန်းထဲမှာ ပြန် ပွားထားတယ်
ဒါမှမဟုတ် ခန္ဓာကိုယ်ကနေ ဓာတ်မတည့်
ဆန့်ကျင်မှုနည်းအောင်
တစ်ဦးချင်းအတွက် ပြုပြင်ထားတဲ့ meniscus ဖြစ်ဖို့
လူနာရဲ့ ကိုယ်ပိုင်တစ်သျှူးကနေ စနိုင်ပါတယ်။
ပုံနှိပ်တဲ့ နည်းတွေက မျိုးစုံရှိပါတယ်
လူသိအများဆုံးကတော့
extrusion-based bioprinting ပါပဲ
ဒီမှာဆိုရင်၊ ဘိုင်အိုမင်တွေကို
ပုံနှိပ်တဲ့ အခန်းငယ်ထဲထည့်လိုက်ပြီး
ပုံနှိပ်ခေါင်းနဲ့ ချိတ်ထားတဲ့ နှုတ်သီး
ခေါင်းဝိုင်းလေးကနေ တွန်းထုတ်တယ်
အချင်း ၄၀၀ မိုက်ခရွန် ထက်
နည်းနည်းပဲ ကျယ်ပြီး
လူ့လက်သည်းခွံလောက်ပဲ ရှိတဲ့
အထူနဲ့ ဘိုင်အိုမှင်တွေကို
နှုတ်သီးခေါင်းကနေ
အမျှင်မပြတ်ထုတ်ပေးနိုင်တယ်
ကွန်ပျူတာပုံရိပ်သို့မဟုတ် ဖိုင်တစ်ခုခုက
အမျှင်တွေကို
ပြန့်ပြူးတဲ့မျက်နှာပြင် (သို့) အရည်အိတ်
ပေါ်မှာ နေရာချဖို့ လမ်းပြပေးတယ်
ပုံစံကို တည်ငြိမ်အောင် ပြုလုပ်ဖို့ သူက
ထိန်းထားရာမှာ အကူအညီပေးတယ်
ဒီပရင်တာတွေက မြန်ဆန်ပြီး meniscus ကို
တစ်ကြိမ်မှာ အမျှင်ပါးလေး တစ်ချပ်စီနဲ့
နာရီဝက်အတွင်း ပုံပေါ်အောင်
ပြုလုပ်ပေးနိုင်ပါတယ်
ပုံနှိပ်ပြီးရင် အချို့သော ဘိုင်အိုမင်တွေက
ချက်ချင်း တောင့်တင့်သွားတယ်
အချို့ကတော့ ပုံစံကို
တည်ငြိမ်အောင်လုပ်ဖို့ UVအလင်းရောင်နဲ့
အပိုဓာတု (သို့) ရူပ ဖြစ်စဉ်တစ်ခုလိုတယ်
ပုံနှိပ်တဲ့ လုပ်ငန်း အောင်မြင် သွားရင်
ဖန်တီးထားတဲ့ တစ်သျှူးထဲက ဆဲလ်တွေက
တစ်သျှူး အစစ်ထဲက ဆဲလ်တွေလိုမျိုး
တခုနဲ့တခု အချက်ပြပြီး
အာဟာရဖလှယ်တာ၊
ဆဲလ်ပွားတာတွေလုပ်နိုင်ပါလိမ့်မယ်
ကျနော်တို့ ဒီလို ရိုးရှင်းတဲ့ ဖွဲ့စည်းပုံ
ရှိတဲ့ meniscus ကို ပုံနှိပ်နိုင်နေပါပြီ
ဇီဝပုံနှိပ်ထားတဲ့ ဆီးအိတ်ကိုလည်း
အောင်မြင်စွာ အစားထိုးကုသပြီးပါပြီ
ပုံနှိပ်တစ်သျှူးတွေနဲ့ ကြွက်တွေမှာ မျက်နှာ
အာရုံကြောပြန်ပေါ်တာကို တိုးမြှင့့်ပြီးပြီ
သုတေသီတွေက အဆုတ်တစ်သျှူး၊
အရေပြားနဲ့ အရိုးနုတွေကို ဖန်တီးခဲ့ပြီးပြီ
တစ်ဝက်တပျက် လုပ်ဆောင်တဲ့ ကျောက်ကပ်၊
အသည်းနဲ့ နှလုံးတို့ရဲ့ပုံစံငယ်တွေရောပါး
သို့ပေမည့်၊ အဓိက အင်္ဂါတွေရဲ့
ဇီဝဓာတု ဝန်းကျင်ကိုလိုက်တုတာကတော့
စိန်ခေါ်မှု တစ်ခုဖြစ်တုန်းပါပဲ.
Extrusion-based bioprinting က
နှုတ်သီးခေါင်း သိပ်သေးရင်ဖြစ်စေ၊
ပုံနှိပ်တဲ့ဖိအားသိပ်များရင် ဖြစ်စေ
မင် ထဲမှာပါတဲ့ ဆဲလ်ပမာဏတချို့ကို
ပျက်စီးစေနိုင်တယ်
ကြောက်စရာ စိန်ခေါ်မှုတွေထဲက တစ်ခုကတော့
အောက်ဆီဂျင်နဲ့ အာဟာရတွေကို ပုံမှန်အရွယ်
အင်္ဂါတွေက ဆဲလ်တွေဆီကို ပို့ပေးပုံပါ။
ဒါကြောင့် အခုထိ အောင်မြင်မှုကတော့
ပြန့်တဲ့ (သို့) အခေါင်းပေါက်
ဖွဲ့စည်းပုံနဲ့ အင်္ဂါတွေသာ ဖြစ်ပြီး
သုတေသီတွေက အလုပ်များနေတာက
ဇီဝပုံနှိပ် တစ်သျှူးဆီကို
သွေးကြောတွေ ထည့်ဖို့ နည်းလမ်းတွေရှာဖို့
အတွက်ကြောင့်ပါ။
ဘိုင်အိုပုံနှိပ်ခြင်းကို
အသက်တွေကို ကယ်ဖို့နဲ့
အင်္ဂါတွေ အလုပ်လုပ်ပုံကို
နားလည်နိုင်စွမ်း
မြှင့်တင်ရာမှာ ပထမဆုံးသုံးဖို့ ကြီးမားတဲ့
အလားအလာတွေရှိပါတယ်
နည်းပညာဟာ အီလက်ထရောနစ်ပစ္စည်းတွေ
ပါတဲ့ တစ်သျှူးတွေကို ပုံနှိပ်တာမျိုးလို
ဖြစ်နိုင်ခြေများစွာအတွက်လည်း
လမ်းဖွင့်ထားပါတယ်
တနေ့မှာ ကျနော်တို့ လူသား လုပ်နိုင်စွမ်းကို
ကျော်လွန်တဲ့ အင်္ဂါတွေ ပြုလုပ်နိုင်မလား
ဒါမှမဟုတ် မီးမလောင်နိုင်တဲ့ အရေပြားလို
အင်္ဂါရပ်တွေ ပေးစွမ်းနိုင်မလား
ကိုယ်အင်္ဂါတွေကို ပုံနှိပ်အစားထိုးပြီး
လူ့သက်တမ်းကို ဘယ်လောက်အကြာ ဆွဲဆန့်နိုင်မလဲ
ပြီးတော့တိတိကျကျဆို ဘယ်သူတွေနဲ့ ဘာတွေက
ဒီလို နည်းပညာနဲ့ သူ့ရဲ့ အံ့မခန်း
ရလဒ်တွေကို လက်လှမ်းမီရရှိနိုင်မလဲ