ဒီတော့ သင်တို့ရှေ့မှောက်မှာ
အတော်ကြီး သိသာတဲ့ ပြဿနာတစ်ခု
ရှိနေတယ်ဆိုရင်ပေါ့။
လူတိုင်းပြောနေကြတဲ့ တစ်ခု၊
သင်တို့ကို တိုက်ရိုက် သက်ရောက်တဲ့ တစ်ခု၊
ပိုဆိုးမလာခင် ဒါတွေကို
ပြင်ဆင်ဖို့ ကိုယ်တွင်းမှာရှိတဲ့
စွမ်းအားမှန်သမျှနဲ့
လုပ်ကြမလား။
ဒီလောက် မသေချာစမ်းပါနဲ့။
ကျွန်မတို့အားလုံးဟာ ကိုယ့်မျက်လုံး
ရှေ့တည့်တည့်မှာရှိတာကို
လွဲချော်တာ ဝန်ခံဖို့က
ပိုဖြစ်နိုင်ခြေရှိပါတယ်။ေ
တကယ်တမ်းက
တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ ထုံးစံအတိုင်း
အခြေအနေတွေကထွက်ပြေးဖို့ ပိုများတာက
၎င်းတို့က လုပ်ငန်းမှာ၊ ဘဝမှာ၊ လောကထဲမှာ
ကျွန်မတို့ကို ကိုယ်စားပြုတဲ့
ခြိမ်းခြောက်မှုကြောင့်ပါ။
ဒီတော့ ကျွန်မရဲ့လောက၊ စီးပွားရေး
မူဝါဒကနေ နမူနာတစ်ခု ပေးချင်တယ်။
Alan Greenspan က Federal Reserve ရဲ့
ဦးစီးဖြစ်တုန်းက
သူ့အလုပ်တစ်ခုလုံးက US စီးပွားရေးမှာရှိတဲ့
ပြဿနာတွေကို စောင့်ကြည့်ပြီး
ထိန်းချုပ်မှုထဲကနေ လွင့်မထွက်အောင်
သေချာစေဖို့ပါ။
ဒါနဲ့ ၂၀၀၆ အလွန်မှာ
အိမ်ခြံမြေစျေးတွေ ခေါင်ခိုက်တော့
တိုးတိုးလာနေတဲ့ လူရိုသေရှင်ရိုသေ
ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ
စွန့်စားရတဲ့ ချေးငှားခြင်းနဲ့
ဘေးများတဲ့ စျေးကွက် ပူဖောင်းတွေအကြောင်း
အချက်ပေးခေါင်းလောင်းတွေ စတီးကြတယ်။
သိတဲ့အတိုင်း ၂၀၀၈ မှာ
အားလုံးဟာ ဒယီးဒယိုင်ဖြစ်ကုန်တယ်။
ဘဏ်တွေ ပြိုလဲတယ်၊
ကမ္ဘာ့ စတော့စျေးကွက်တွေဟာ
၎င်းတို့တန်ဖိုး တစ်ဝက်နီးနီး ဆုံးရှုံးတယ်။
သိန်းသန်းချီတဲ့ လူတွေဟာ သူတို့အိမ်တွေကို
နှုတ်ရွေးခွင့် ပိတ်ပင်မှုမှာ ဆုံးသွားတယ်။
အောက်ခြေမှာတော့
အမေရိကန် ၁၀ ဦးမှာ ၁ ဦးဟာ
အလုပ်လက်မဲ့ဖြစ်ခဲ့တယ်။
ဒါနဲ့ အခြေအနေတွေ နည်းနည်း
ငြိမ်သွားပြီးနောက်မှာ
Greenspan နဲ့အခြားသူတွေဟာ အကုန်လုံးပြီးမှ
ထွက်ပြောတာက
"ဒီအကျပ်အတည်းကို ဘယ်သူမှ
ကြိုမပြောနိုင်ဘူး"
ဒါကို "ငန်းနက်တစ်ကောင်"လို့ခေါ်တယ်။"
စိတ်ကူးလို့မရနိုင်တဲ၊ ကြိုမမြင်နိုင်တဲ့၊
လုံးဝ မဖြစ်တန်တဲ့ တစ်ခုခုပေါ့။
လုံးဝ အံသြစရာတစ်ခုပါ။
ဒီလို အံသြစရာ အမြဲမရှိတာက
လွဲရင်ပေါ့လေ။
ဥပမာ ကျွန်မရဲ့ မက်ဟာတန် တိုက်ခန်းဟာ
လေးနှစ်မရှိခင်အတွင်း
တန်ဖိုး နှစ်ဆနီးနီးဖြစ်ခဲ့တယ်။
နံရံမှာ ရေးထားတာတွေတော့
ရောင်းလိုက်တယ်လေ။
(ရယ်သံများ)
(လက်ခုပ်သံများ)
အခြားလူများစွာလည်း
သတိပေးချက်ကို မြင်ခဲ့တယ်၊
လူသိရှင်ကြား ပြောခဲ့ပေမဲ့
လျစ်လျူရှုခံခဲ့ရတယ်။
ဒါကြောင့် အကျပ်အတည်းက ဘယ်လိုပုံ
ပေါက်ခဲ့မယ်ဆိုတာ အတိအကျ မသိခဲ့ဘူး၊
တိကျတဲ့သတ်မှတ်ဘောင်မဟုတ်ပေမဲ့
ကျွန်မတို့ အားလုံး ပြောနိုင်တာက
မီးခိုးရောင် ကြံ့ကြီးဟာ ကျွန်မတို့ဆီ
ပြေးလာသလို ကျွန်မတို့ဆီလာနေတဲ့အရာက
အန္တရာယ်ရှိတဲ့၊မြင်နိုင်တဲ့၊
ကြိုပြောနိုင်တဲ့ အရာဆိုတာပါ။
ကျွန်မတို့ဆီမှာ အနာဂတ်တွေအတွက်
အစွမ်းမရှိဘူးဆိုတဲ့စိတ်ကူးအတွက်
ငန်းနက်က သင့်တော်ပါတယ်။
ပြီးတော့ ကံဆိုးတာက ကျွန်မတိုမှာရှိတယ်
ထင်တာကို ထိန်းချုပ်မှုနည်းလေ၊
ဒါကို ဘေးချိတ်ဖို့၊
လုံးဝကို လျစ်လျူရှုဖို့ ပိုမဖြစ်နိုင်လေပါ။
ဒီအန္တရာယ်ရှိတဲ့ အင်အားက
နောက်ထပ် ပြဿနာ ဖန်တီးတယ်၊
ကျွန်မတို့ရင်ဆိုင်နေရတဲ့ ပြဿနာအများစုဟာ
ဖြစ်နိုင်ခြေရှိပြီး၊ သိသာတယ်ဆိုတာပါ။
ကျွန်မတို့ မြင်နိုင်ပေမဲ့ ဒါတွေနဲ့
ပတ်သက်ပြီး ဘာမှ မလုပ်သေးတာတွေပါ။
ဒါကြောင့် ကျွန်မတို့ခံစားရတာက
အရေးပေါ် လိုအပ်မှုဆိုတာ
ဆက်မိဖို့ မီးခိုးရောင် ကြံ့
ဥပစာကိုကျွန်မ ဖန်တီးခဲ့တယ်။
ငန်းနက်အတွက် လူတွေမှာ
ရှိခဲ့တဲ့ တူညီတဲ့ ထက်သန်မှုနဲ့
အသစ်ပြန်ကြည့်ရန် ကျွန်မတို့ကိုကူညီဖို့ပါ၊
ဒါပေမဲ့ ဒီအခါမှာတော့ အတော့ကို သိသာ၊
အတော် ဖြစ်နိုင်ပေမဲ့
လျစ်လျူရှုခံနေရသေးတဲ့ အရာတွေအတွက်ပါ။
ဒါတွေဟာ မီးခိုးရောင် ကြံ့တွေပါ၊
မီးခိုးရောင် ကြံ့တွေကို သင် စပြီးရှာတာနဲ့
ခေါင်းစီးတွေမှာ ဒါတွေကို
နေ့စဉ် တွေ့နိုင်ပါတယ်။
ဒီလိုနဲ့ ခေါင်းစီးတွေမှာ ကျွန်မ မြင်တာက
နောက်ထပ် မီးခိုးရောင် ကြံ့ကြီး၊
အတော့ကို ဖြစ်နိုင်ခြေရှိတဲ့
ငွေကြေး အကျပ်အတည်းသစ်တစ်ခုပါ။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကျွန်မတို့
တစ်ခုခု သင်ယူခဲ့သလားလို့တွေးမိတယ်။
ဒီတော့ Washington (သို့) Wall Street ကို
နားထောင်တယ်ဆိုရင်
ချောမွေ့တဲ့ရွက်လွှင့်ခြင်းသာ ရှေ့မှာရှိတယ်
တွေးတာအတွက် ခွင့်လွှတ်ပေးနိုင်လုလုပါ။
ဒါပေမဲ့ ကျွန်မ အတော်ကြာကြာနေခဲ့တဲ့
တရုတ်မှာတော့
ဆွေးနွေးခြင်းက လုံးဝကို ခြားနားတယ်။
စီးပွားရေးတစ်သင်းလုံးဟာ
သမ္မတ Xi Jinping ထိ တစ်လျှောက်လုံးဟာ
ငွေကြေး စွန့်စားမှုတွေအကြောင်းကို
မီးခိုးရောင် ကြံ့တွေအဖြစ်ရော
ဒါတွေကို ယဉ်ပါးအောင်လုပ်နိုင်ပုံကိုရော
တိတိကျကျ၊ ရှင်းရှင်းလင်းလင်း ပြောဆိုတယ်။
ကဲ သေချာဖိုဆို တရုတ်နဲ့ US မှာ
အလွန်ခြားနားတဲ့ အစိုးရစနစ်တွေရှိတယ်၊
ဒါက လုပ်နိုင်တာ၊
မလုပ်နိုင်တာကို သက်ရောက်တယ်
သူတို့ရဲ့ စီးပွားရေး ပြဿနာတွေ
အတွက် အရင်းခံ အကြောင်းတွေဟာ
လုံးဝကို ခြားနားပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံစလုံးမှာ၊
အကြွေး မညီမျှမှု၊
စီးပွားရေး ထုတ်လုပ်နိုင်မှုနဲ့ပတ်သက်တဲ့
ပြဿနာတွေရှိနေတာကတော့ အရှင်းကြီးပါ။
ဘာလို့ ဆွေးနွေးမှုတွေဟာ
ဒီလောက် ခြားနားရတာလဲ။
ဒီမေးခွန်း သင်တို့မေးနိုင်တာပေါ့၊
တိုင်းပြည်တွေဟာမဟုတ်ပဲ
လူတိုင်းနဲ့ပတ်သက်တာလေ။
ကားကုမ္ပဏီတွေဟာ ဘေးကင်းလုံခြုံရေးကို
ဦးစားပေးပြီး
လူတွေ သေပြီးနောက်မှာ
သူတို့ရဲ့ စုတ်ပြတ်နေတဲ့ ကားတွေကို
ပြန်ယူဖို့ ဒုက္ခမခံကြသူတွေပါ။
မလွှဲမရှောင်သာတာအတွက်
ပြင်ဆင်နေတဲ့ အဖိုးအဖွားတွေ၊
ချီးကျူးစကား ရေးခိုင်းပြီးသူတွေ၊
အသုဘ နေ့လည်စာအတွက်
ဟင်းလျာစာရင်းပေါ့။
(ရယ်သံများ)
ကျွန်မအဖိုးအဖွားတွေ လုပ်တယ်
(ရယ်သံများ)
အုတ်ဂူမှာ နောက်ဆုံးရက်စွဲကို
ထွင်းတာကလွဲရင် အကုန်လုပ်တယ်။
ဒါပေမဲ့ ဒီနောက် အခြားဘက်မှာ
သူတို့ရဲ့ နောက်ဆုံး
ကိစ္စဝိစ္စတွေကို နေရာတကျ မထားတဲ့
ဆယ်စုနှစ်တွေချီကာ
သိမ်းထားတဲ့ တိုလီမိုလီတွေကို
မရှင်းပစ်ပဲ
သူတို့ကလေးတွေ
ရှင်းဖို့ထားခဲ့တဲ့ ဘိုးဘွားတွေရှိတယ်။
ဒီတော့ ဒီတစ်ဘက်နဲ့ အခြားဘက်ကြားမှာ
ဘာခြားနာမှုဖြစ်စေလဲ။
ဘာကြောင့် တစ်ချို့က ကိစ္စတွေကို
မြင်ပြီး၊ ဖြေရှင်းပြီး
အခြားသူတွေက ရှောင်ဖယ်တာလဲ။
ဒီတော့ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်း၊
သင့်ဝန်းကျင်က လူတွေနဲ့ပတ်သက်ပြီး
ပထမဆုံး လုပ်ဖို့လိုတာတစ်ခုက
သင့်ဝန်းကျင်က တစ်ဦးဦးဟာ
သင်လဲကျတဲ့အခါ သင့်ကိုထူဖို့
ကူညီတော့မယ်ဆိုရင်
ပိုငယ်နေတဲ့ အန္တရာယ်တစ်ခုအဖြစ်
တွေ့မြင်ဖို ဖြစ်နိုင်ခြေပိုများတယ်။
ပြီးတော့ ဒါက မကောင်းတာတွေပဲ မဟုတ်ပဲ
အခွင့်ကောင်းတွေ ယူခွင့်ပေးတယ်။
ဥပမာ ဘယ်သူမှ သင့်အကြောင်း
မပြောချင်ဘူးဆိုတဲ့
အန္တရာယ်အကြောင်း သင်ပြောတဲ့အခါ
အရဲစွန့် ဝေဖန်တာမျိုးပေါ့။
(သို့) လန့်စရာလိုမျိုး
အခွင့်အလမ်းတွေ ယူတာပေါ့။
ဒီတော့ သူတို့နည်းလမ်းတွေဟာ
မီးခိုးရောင် ကြံ့တွေပေါ့။
ဒါကြောင့် US မှာ တစ်ကိုယိကောင်းဆန်တဲ့
ယဉ်ကျေးမှုရှိကာ၊ တစ်ကိုယ်တော် စွန့်စားတယ်။
ဝိရောဓိအနေနဲ့
ဒါက အမေရိကန်အများအပြားကို ပြောင်းလဲဖို့
ပွင့်လင်းမှု အများကြီးနည်းစေပြီး
အရဲစွန့်တာတွေ လုပ်တယ်။
တရုတ်မှာတော့ ဆန့်ကျင်ဘက်အနေနဲ့
အစိုးရဟာ ပြဿနာတွေဖြစ်ရာကနေ
တားဆီးပေးတော့မယ်လို့ လူတွေက ယုံကြည်တယ်၊
ဒါက အမြဲတော့ မဖြစ်လောက်ပေမဲ့
လူတွေက ယုံကြည်ကြတာလေ။
မိသားစုတွေကို အာကိုးနိုင်တယ်လို့
ယုံကြည်တော့
ဒါက သူတို့ကို တစ်ချို့အရဲစွန့်မှုတွေ
လုပ်ဖို့ ပိုဖြစ်နိုင်စေတယ်။
ဘေဂျင်း အိမ်ရာ ဝယ်တာမျိုး
(သို့) ဦးတည်ရာပြောင်းဖို့လိုတယ်ဆိုတဲ့
အချက်နဲ့ပတ်သက်ပြီး ပိုပွင့်လင်းတာမျိုး၊
တကယ်က တရုတ်က ပြောင်းလဲမှု အဟုန်ဟာ
လုံးဝကို အံ့သြစရာပါ။
အားလုံးရဲ ဒုတိယအနေနဲ့
အခြေအနေတစ်ခုအကြောင်း
သင်ဘယ်လောက် သိလဲ။
သင်ယူဖို့ ဘယ်လောက် ဆန္ဒရှိနေလဲ။
သင်လိုချင်တဲ့ဟာ မဟုတ်တဲ့အခါမှာတောင်
အခြေအနေတွေကို မြင်လိုစိတ်ရှိလား။
ဒီတော့ ကျွန်မတို့အများအပြားဟာ
ကိုယ် အမှောင်ချချင်တဲ့အရာတွေကို
အာရုံစိုက်ဖို့ မဖြစ်နိုင်ဘူးလေ၊
ဒါတွေကို မကြိုက်ဘူးလေ။
ကိုယ်မြင်ချင်တာ၊ ကိုယ်ကြိုက်တာ၊
ကိုယ်သဘောတူတာကို အာရုံစိုက်ကြတာလေ။
ဒါပေမဲ့ ဒီမသိကျွမ်းတဲ့ အကြောင်းရပ်တွေကို
ပြင်ဆင်ဖို့ အခွင့်အလမ်းနဲ့
အစွမ်း ကျွန်မတို့မှာရှိတယ်။
အလွှာပေါင်းစုံက လူတွေနဲ့ ဘဝထဲက
မီးခိုးရောင် ကြံ့တွေနဲ့
သူတို့ရဲ့သဘောထားတွေ အကြောင်းပြောရင်း
အချိန်အတော် ကုန်ဆုံးခဲ့တယ်။
သင် ထင်မိလောက်မှာက
ဒီလူတွေဟာ အရဲစွန့်ဖို့ ပိုကြောက်တယ်၊
ဒါတွေအတွက် အရေမထူဘူး၊
ပြောင်းလဲဖို့ ပွင့်လင်းမှုနည်းမယ့်
လူတွေဖြစ်လိမ့်မယ်လို့ပါ။
ဒါပေမဲ့ တကယ်က ဆန့်ကျင်ဘက်က
မှန်နေတယ်။
တွေ့ရှိတာက သူတို့ဝန်းကျင်က
ပြဿနာတွေကို
အသိအမှတ်ပြုလိုစိတ်ရှိပြီး
အစီအစဉ်တွေလုပ်သူတွေဟာ
အရဲ့စွန့်မှု၊ ကောင်းတဲ့ အရဲစွန့်မှုကို
ပိုသည်းခံပြီး
ဆိုးတဲ့စွန့်စားမှုကို ဖြေရှင်းနိုင်သူတွေပါ
အကြောင်းက သတင်းအချက်အလက်ရှာစဉ်မှာ
ကျွန်မတို့ ကြောက်ရွံ့တဲ့အရာတွေနဲ့ပတ်သက်တာ
တစ်ခုခုလုပ်ဖို့ အစွမ်းတိုးမြှင့်လို့ပါ။
ဒါက ကျွန်မကို တတိယအချက်ဆီ ခေါ်လာတယ်။
သင့်ဘဝထဲမှာ ရှိတယ်လို့ ခံစားမိတဲ့
မီးခိုးရောင် ကြံ့ကို
သင်ဘယ်လောက် ထိန်းချုပ်နိုင်လဲ။
မလုပ်ဆောင်တဲ့အကြောင်းပြချက်တစ်ခုက
ကျွန်မတို့ဟာမကြာခဏ အားကိုးမဲ့
လွန်းတယ်လို့ ခံစားရလို့ပါ။
ရာသီဥတုပြောင်းလဲမှုကို တွေးကြည့်ပါ၊
အတော်ကြီးမားနိုင်တယ်၊
ကျွန်မတို့တစ်ဦးချင်းအနေနဲ့
ခြားနားအောင် မလုပ်နိုင်တာပါ။
ဒါကြောင့် လူတစ်ချို့ဟာ ဒါကို
ငြင်းဆန်ရင်း နေသွားကြတယ်။
အခြားသူတွေက သူတို့ကိုယ်တိုင်ကလွဲပြီး
လူတိုင်းကို အပြစ်ဖို့ကြတယ်။
ကျွန်မ မိတ်ဆွေလိုပေါ့၊ တရုတ်မှာ
ကျောက်မီးသွေး စက်ရုံတွေဆောက်တာ
မရပ်မချင်း သူ့ SUV ကို မစွန့်လွှတ်ဘူးတဲ့။
ဒါပေမဲ့ ကျွန်မတို့မှာ ပြောင်းလဲဖို့
အခွင့်အလမ်းတစ်ခုရှိပါတယ်။
ကျွန်မတို့မှာ တူတာ နှစ်ခုမရှိပါဘူး။
ကျွန်မတို့ တစ်ဦးချင်းစီမှာ ကျွန်မတို့
ကိုယ်ပိုင်နဲ့ ကိုယ်ဝန်းကျင်က အခြားသူတွေရဲ့
သဘောထားတွေကို
ပြောင်းဖို့ အခွင့်အလမ်းရှိပါတယ်။
ဒီတော့ ဒီနေ့ သင်တို့ဝန်းကျင်က လူတွေနဲ့အတူ
ပွင့်လင်း၊ရိုးသားတဲ့ဆွေးနွေးပွဲတစ်ခု
အစပျိုးဖို့ ကျွန်မနဲ့အတူ ပါဝင်ဖို့
အားလုံးကို ဖိတ်ကြားချင်ပါတယ်။
ကျွန်မတို့ကမ္ဘာထဲက
မီးခိုးရောင် ကြံ့တွေအကြောင်းနဲ့
ဒါတွေကို ဘယ်လို ကောင်းစွာ ရင်ဆိုင်နေတာကို
အသည်းမာမာနဲ့ရိုးသားကြဖို့အကြောင်းပါ။
အမေရိကန်ပြည်ထောင်စုမှာ
အကြိမ်များစွာ ကြားတာက
"ကဲ၊ ကျုပ်တို့ သိသာတဲ့ ပြဿနာတွေကို
ဖြေရှင်းသင့်တယ်၊
ဒါပေမဲ့ ကိုယ်ရှေ့မှာရှိတာကို မမြင်ရင်
သင်ဟာ မိုက်မဲသူ၊ ပညာမဲ့သူပဲ"တဲ့။
ဒါက သူတို့ ပြောတဖြစ်ပြီး
ကျွန်မတော့ သဘောတူတယ်။
ကိုယ့်ရှေ့ကဟာကို မမြင်ရင်
သင်ဟာ မိုက်မဲသူ၊ ပညာမဲ့သူ မဟုတ်ဘူး၊
သင်ဟာ လူသားပါ။
ဒီဝေပုံကျ အားနည်းချက်ကို
အားလုံး အသိအမှတ်ပြုလိုက်တာနဲ့
ကျွန်မတို့ရှေ့မှာရှိတာကို မြင်ဖို့နဲ့
ကျွန်မတို့ နင်းခြေမခံရခင်
လုပ်ဆောင်ဖို့
မျက်လုံးဖွင့်ဖို့ အစွမ်းကို
ကျွန်မတို့ကိုပေးတာပါ။
(လက်ခုပ်သံများ)