လေပေါတဲ့ အဖွားအိုနဲ့ လေလွင့် ဓားပြတစ်ယောက်
ရွာလမ်းမှာ ရင်ဆိုင်တွေ့ကြတယ်။
ကျမ်းစာ အရောင်းသမားက ခြေတစ်ဘက်သာရှိတဲ့
ဒဿနပညာရှင်ကို စပါးကျီတစ်ခုဆီ သွေးဆောင်တယ်။
နယ်လှည့် အပြင်သမားက နားပင်းတဲ့ မိန်းမကို
စိုက်ခင်းအကြောင်း ပထမဆုံးစကားလုံးသင်တယ်။
အိမ်မွေးငှက်တစ်အုပ် ဝန်းရံနေတဲ့
Georgia တောပိုင်းက သူ့လယ်ကွက်ကနေ
Flannery O’Connor ဟာ သူအသိဆုံး
လောကထဲမှာ သရုပ်ဆောင်ကြတဲ့
အပယ်ခံတွေ၊ ကျူးကျော်သူတွေနဲ့၊ လူ့ခွစာတွေ
ရဲ့ ပုံပြင်တွေကို ဟိုခြစ်သည်ခြစ်ရေးတယ်၊
အမေရိကန် တောင်ပိုင်းပါ။
သူဟာ ဝတ္ထုနှစ်ပုဒ်ထုတ်ဝေခဲ့ပေမဲ့
သူ့ရဲ့ ့့အကျော်ကြားဆုံးကတော့
နာကျင်စေတဲ့ ဘာသာစကား၊
သမရိုးကျမဟုတ်တဲ့ ဟာသနဲ့ ကြည်နူးဖွယ်
မသတီစရာ ဇာတ်ကြောင်းတွေနဲ့
နယ်မြို့လေး ဘဝကို စူးစမ်းထားတဲ့
ဝတ္ထုတိုတွေဖြစ်လောက်တယ်။
သူ့အားလပ်ချိန်တွေမှာ O’Connor ဟာ
ကာတွန်းတွေဆွဲပြီး
သူ့အရေးအသားကလည်း ရုပ်ပြောင်တွေနဲ့
ပြည့်လျှမ်းနေတယ်။
သူ့ဝတ္ထုတွေမှာ အမေတစ်ယောက်ဟာ ဂေါ်ဖီထုပ်လို
ကျယ်ပြန်ပြီး အပြစ်ကင်းတဲ့ မျက်နှာရှိတယ်။
အမျိုးသားတစ်ယောက်ဟာ
ကြမ်းတိုက်ဖတ်တစ်ခုလို မတရားမောင်းပြီး
အမျိုးသမီးရဲ့ ခန္ဓာကိုယ်ဟာ
အသုဘ အရိုးအိုးပုံလို ဖြစ်နေတယ်။
ဇာတ်ကောင်တွေရဲ့အမည်တွေဟာ
တန်းတူ လှည့်ဖြားတတ်တယ်။
“The Life You Save May be Your Own'
ဆိုတဲ့ ဝတ္ထုကို ကြည့်ပါ။။
အဲဒီမှာ လက်တစ်ဖက်ပြတ် ခြေသလုံးအိမ်တိုင်
Tom Shiftlet ဟာ
အဖွားအို Lucynell Crater နဲ့
ဆွံ့အအနားမကြား
သူသမီးရဲ့ဘဝထဲကို ရောက်ရှိသွားတယ်။
Mrs. BCrater ဟာ မိမိကိုယ်ကို
ယုံကြည်ပေမဲ့
သူ့ရဲ့ ထီးတည်းဖြစ်နေတဲ့အိမ်ဟာ
တစ်စစီပြုတ်နေတယ်။
ပထမတော့ အိမ်မှာကူညီဖို့
Shiftlet ကမ်းလှမ်းတော့
သူ့ရည်ရွယ်ချက်တွေကို
သံသယြဖစ်ချင်ဖြစ်မယ်။
ဒါပေမဲ့ မကြာခင်မှာပဲ O’Connor ဟာ
အမယ်အိုဟာ
မျှော်လင့်မထားတဲ့ သူ့ဧည့်သည်လိုပဲ
အကြံသမားလိုပဲဆိုတာပြသပြီး
ဘယ်သူက အသာစီးရတယ်ဆိုတာ
စာဖတ်သူပရိတ်သတ်ကို ရင်ဖိုမိစေတယ်။
O’Connor အတွက်တာ့ ဘယ်အကြောင်းအရာမှ
ကန့်သတ်တာမရှိဘူး။
ကက်သလစ်ဘာသာဝင်ဆိုပေမဲ့
တစ်ဦးတည်းမှာ တွဲရှိနေတဲ့
ဘာသာရေးကိုင်းရှိုင်းတဲ့
အတွေးနဲ့ မကိုင်းရှိုင်းတဲ့ အပြုအမူရဲ့
ဖြစ်န်င်ခြေကို စူးစမ်းဖို့ မကြောက်ဘူး။
သူ့ဝတ္ထု The Violent Bear it Away မှာ
အဓိကဇာတ်ကောင်ဟာ ဘုရားသခင်ရဲ့ လူသား
ဖြစ်လာဖို့ ရွေးချယ်မှုနဲ့ နပန်းလုံးရုံမက
မီးရှို့ပြီး လူသတ်မှုပါ ကျူးလွန်သေးတယ်။
စာအုပ်ကို အထူးကို ယုံမှားမကင်းတဲ့ အနေအထား
တစ်ခုမှာ ဝန်လေးနေတဲ့ တမန်တော်နဲ့ ဖွင့်တယ်။
"ကောင်လေးက အမူးလွန်ပြီး သူ့အုတ်ဂူတူးတာ
အပြီးသတ်တော့
Francis Marion Tarwater ရဲ့ ဦးလေးဆုံးတာ
နေ့တစ်ဝက်ပဲရှိသေးတယ်၊"
ဒါက ဖြတ်သွားဖြတ်လာတစ်ယောက်ကို
'မနက်စာ စားပွဲမှာ ရှိနေတဲ့ အလောင်းကို
တရွတ်တိုက်ဆွဲကာ
မြှုပ်ဖို့ထားတာပါ။
ခွေးတွေ တူးလို့မရအောင် ထိပ်မှာ
မြေစာ အတော်အသင့်ထည့်တယ်။
သူ့နိုင်ငံရေးခံယူချက်က အချေအတင်ဖြစ်ဆဲပေမဲ့
O’Connor ရဲ့ စိတ်ကူးယဉ်ဝတ္ထုဟာ တောင်ပိုင်း
လူမျိုရေးဝါဒနဲ့ ယဉ်ပါးနိုင်သေးတယ်။
Everything that Rises Must Converge' မှာ
အမေရဲ့ တစ်ယူသန်မှုကို ဒေါသထွက်နေတဲ့
သားတစ်ယောက်ကို သရုပ်ဖော်တယ်
ဒါပေမဲ့ ဇာတ်လမ်းက သူမသိတဲ့
အကြောင်းအရင်းရှိတာ ဖော်ပြပြီး
မကောင်းမှုကို အသိအမှတ်ပြုရုံသက်သက်က
သူ့စရိုက်ကို
စစ်ဆေးမှုကနေ မကင်းလွတ်တာကို
ညွှန်းထားတယ်။
O’Connor ဟာ လူ့လောကရဲ့ မသတီစရာ
ရှုထောင့်အများစုကို စူးစမ်းတာတောင်မှ
အဖတ်ဆယ်ခြင်းအတွက်
အက်ကြောင်းတစ်ခုကို ဖွင့်ပေးတယ်။
'A Good Man is Hard to Find' မှာ
သည်းမခံနိုင်တဲ့ အဖွားအိုတစ်ယောက်ကို
အဖတ်ဆယ်တယ်။ မိသားစုကို တိုက်ခိုက်ဖို့လာတဲ့
အရေထူနေတဲ့ ရာဇဝတ်သားတစ်ကိုတောင်
ခွင့်လွှတ်ဖို့ပါ။
ဒီအဖတ်ဆယ်မှုအတွက် အမျိုးသမီးပေးဆပ်ရတာက
လက်မခံချင်စရာ ဖြစ်လောက်ပေမဲ့
အကြမ်းဖက်မှု (သို့)
မကောင်းမှုသက်သက်လို့
ယူဆလောက်တဲ့ ကာလတွေထဲက သိမ်မွေ့တဲ့
ကွဲပြားချက်ကို ရင်ဆိုင်ဖို့ အားပေးတယ်။
O’Connor ရဲ့ ကိုးရိုးကားယားနိုင်မှုမှာ
တစ်ဖက်ကမ်းခပ်မှု၊တောင်ပိုင်းရဲ့ အမြင်
ကျဉ်းမှုနဲ့ အယူသီးမှုအပေါ် စူးစမ်းမှုတွေဟာ
သူ့ကို Southern Gothic စာရေးသူအဖြစ်
သတ်မှတ်ခံရစေတာပါ။
ဒါပေမဲ့ သူ့လက်ရာဟာ
လူသားဇာတ်ဆောင်ရဲ့ စုံလင်မှုနဲ့
သိမ်မွေ့တဲ့ ကွဲပြားချက်ကို လှစ်ဟဖို့
ဒီအမျိုးအစားနဲ့ ဆက်စပ်တဲ့
အဓိပ္ပာယ်မရှိတာနဲ့ ထိတ်လန့်စရာ
သက်သက်ကို ကျော်လွန်ပါတယ်။
ဒီစုံလင်မှုတချို့တလေဟာ
စိတ်မသက်မသာဖြစ်တာ၊
သူ့ဇာတ်လမ်းတွေဟာ ကြာတော့မှ
ကြိုက်တာတွေဆိုတာသိပေမဲ့
သူ့စာဖတ်ပရိတ်သတ်ကို အကဲစမ်းရတာကို
သူနှစ်ခြိုက်တယ်။
O’Connor ဟာ အသက် ၃၉ နှစ်မှာ
အရေပြားရောင်ရောဂါနဲ့ ဆုံးတယ်၊
ရောဂါရပြီး Georgia က သူ့ခြံမှာ ၁၂ နှစ်ကြာ
အချိန်အတော်များများ ပိတ်လှောင်နေခဲ့တယ်။
ဒီနှစ်တွေအတွင်းမှာ
စိတ်ကူးအကောင်းဆုံး လက်ရာ
အတော်များများကို ချခဲ့ရေးတယ်။
သူ့ရဲ့စက်ဆုပ်မှုနဲ့ ဖော်ပြမှုကြားမှာ
လူးလာခတ်နိုင်တဲ့အစွမ်းဟာ
စာဖတ်သူတွေကို သူ့ရဲ့အဆုံးမဲ့ အံ့ဖွယ်၊
စိတ်ကူးယဉ် လောကတွေဆီဆက်လက်ဆွဲခေါ်ပေးတယ်။
သူ့ဇာတ်ကောင် Tom Shiftlet မှတ်ချက်ပြုတာက
ခန္ဓာကိုယ်ဟာ "အိမ်တစ်လုံးလိုပဲ၊
ဘယ်ကိုမှမသွားပေမဲ့
ဝိဉာဉ်ကတော့၊ အစ်မကြီးရေ၊
ကားတစ်စီးလိုပဲဗျ။
အမြဲ ရွေ့လျားနေတယ်။"တဲ့။