အငြိုးကြီးတဲ့ ဇောနဲ့ ဖမ်းစားခံရတဲ့ ညရဲ့ ဘုရင်မဟာ စင်ကို တစ်ဟုန်ထိုးတက်လာတယ်။ သူ့ရဲ့မည်ကာမတ္တ တစ်ကိုယ်တော်တေးကို စတင်သီဆိုတယ်။ မိုးဇာတ်ရဲ့ အနှစ်သက်ဆုံး အော်ပရာမှ အကျော်ကြားဆုံး အပိုင်းတွေထဲက တစ်ခုပါ။ "The Magic Flute"ပါ။ သံစုံတီးဝိုင်းဟာ ခန်းမကို ဂီတသံနဲ့ ဖြည့်လိုက်ပေမဲ့ ဘုရင်မရဲ့အသံက တူရိယာတွေရဲ့ အထက်မှာ ဝဲပျံနေတယ်။ ၎င်းရဲ့တေးသွားက ထောင်ချီတဲ့ အားပေးသူကို ဖြတ်ပြီး ထွက်ပေါ်လာတယ်။ မီတာ ၄၀ အဝေးမှာရှိတဲ့ ထိုင်ခုံတွေဆီ ရောက်ပါတယ်။ အားလုံးဟာ မိုက်ကရိုဖုန်း အထောက်မပံ့မပါဘူး။ ဘယ်လို့ဖြစ်ပြီး ဒီတစ်ခုတည်းသော အသံကို ဒါဇင်ချီတဲ့ တူရိယာတွေရဲ့ သီချင်းတွေရဲ့အထက်မှာ ကြည်ကြည်လင်လင် ကြားနိုင်ရတာလဲ။ အဖြေကတော့ လူ့အသံရဲ့ ရူပဗေဒနဲ့ ကျွမ်းကျင်တဲ့ အော်ပရာအဆိုရှင်တစ်ဦးရဲ့ သေချာကျနစွာ သထားတဲ့ နည်းစနစ်မှာ တည်ရှိနေပါတယ်။ ဒီအော်ပရာရုံထဲက တေးဂီတအားလုံးဟာ တူရိယာတွေက ဖန်တီးတဲ့ တုန်ခါမှုတွေကနေ အစပြုပါတယ်။ တယောတစ်လက်ရဲ့ ကြိုးတွေ(သို့)ဖျော်ဖြေသူရဲ့ အသံပိုင်း လွှာတွန့်တွေကဖြစ်ဖြစ်ပါ။ ဒီတုန်ခါမှုတွေက လေထဲကို လှိုင်းတွေပို့တယ်။ ဒါတွေကို ဦးနှောက်က အသံအဖြစ်သရုပ်ဖော်တယ်။ ဒီတုန်ခါမှုတွေရဲ့ ကြိမ်နှုန်းက အထူးသဖြင့်တော့ တစ်စက္ကန့်မှာရှိတဲ့ လှိုင်းအရေအတွက်က တစ်ခုတည်းသော အသံရဲ့အနိမ့်အမြင့်ကို ဦးနှောက်က သတ်မှတ်ပုံဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်ုပ်တို့ ကြားရတဲ့ အသံတိုင်းဟာ တုန်ခါမှု ပေါင်းစုံရဲ့ ပေါင်းစပ်မှုတစ်ခုပါ။ အနိမ့်ဆုံး ကြိမ်နှုန်းမှာ တုန်ခါနေတဲ့ ဂစ်တာတစ်လက်ကို စိတ်ကူးကြည့်ပါ။ ဒါကို မူလလို့ ခေါ်ပြီး ဒီအနိမ့်သံက အသံတစ်ခုကို ထောက်လှမ်းဖို့ နားတွေ အများစု အသုံးပြုတဲ့ဟာပါ။ ဒါပမဲ့ ဒီအနိမ့်ဆုံး တုန်ခုမှုက လေသံတွေလို့ ခေါ်တဲ့ နောက်ကြိမ်နှုန်းတွေကို အစပြုတယ်။ ဒါက မူလသံရဲ့ ထိပ်မှာ လွှာထပ်ပါတယ်။ ဒီလေသံတွေဟာ မိတ်ဖက်သံ (သို့) အပိုင်းတွေလို့ခေါ်တဲ့ တိကျတဲ့ ကြိမ်နှုန်းတွေအဖြစ် စိတ်ဖြာပေးပြီး ဒါတွေကို ကစားခြင်းက အော်ပရာအဆိုရှင်တွေ သူတို့ရဲ့မှော်ဆန်မှုကို လုပ်ကိုင်ပုံပါ။ အသံတိုင်းမှာ ၎်းရဲ့ မိတ်ဖက် အစဉ်ပါတဲ့ ကြိမ်နှုန်းတစ်စုရှိတယ်။ ပထမအပိုင်းက မူလရဲ့ ကြိမ်နှုန်း နှစ်ဆ တုန်ခါတယ်။ နောက်တစ်ပိုင်းက မူလ ကြိမ်နှုန်း သုံးဆ စသည်ဖြင့်ပေါ့။ လျှပ်စစ်မဟုတ်တဲ့ တူရိယာအားလုံးနီးနီးဟာ မိတ်ဖက်သံ အစဉ် ထုတ်ပေးပေမဲ့ တူရီယာတစ်ခုစီရဲ့ ပုံစံနဲ့အသားက ဒီမိတ်ဖက်သံ တွေရဲ့ ဟန်ချက်ညီမှုကို ပြောင်းလဲပေးတယ်။ ဥပမာ၊ ပုလွေတစ်လက်ဟာ ပထမ အပိုင်း အနည်းငယ်ကို အသားပေးပေမဲ့ ကလယ်ရီနက်တစ်လက်ရဲ့ အနိမ့်ဆုံး အသံ အစဉ်ထဲမှာ မကိန်း အပိုင်းတွေက အများဆုံး ပြင်းထန်စွာ အသံဟိန်းတယ်။ အပိုင်းအမျိုးမျိုးရဲ့ အားက တူရိယာတိုင်းကို ၎င်းရဲ့ ထူးခြားတဲ့ အသံပိုင်း လက္ခဏာကို ပေးတာပါ။ ဒါက လူအုပ်ထဲမှာ ပေါ်လွင်စေဖို့ တူရိယာ တစ်လက်ရဲ့ အရည်အသွေးကို သက်ရောက်သေးတာက ကျွန်ုပ်တို့နားတွေဟာ အခ​ြားဟာတွေက် ကြိမ်နှုန်းတချို့ကို ပိုယဉ်ပါးလိူ့ပါ။ ဒါက အော်ပရာ အဆိုရှင်ရဲ့ အသံထုတ်နိုင်မှု စွမ်းအားအတွက် အဓိကပါ။ အော်ပရာ အမြင့်ဆုံးအသံ စံအသံလေးပိုင်းအနက် အမြင့်ဆုံးက တစ်စက္ကန့်ကို တုန်နှုန်း ၂၀၀၀ မှ ၅၀၀၀ ကြားမှာရှိတဲ့ မူလ ကြိမ်နှုန်းတွေနဲ့အတူ တေးသံတွေ ထုတ်လုပ်ပေးနိုင်တယ်။ လူ့နားတွေဟာ တစ်စက္ကန့် တုန်ခါမှု ၂၀၀၀ မှ ၅၀၀၀ ကြားမှာရှိတဲ့ က​ြိမ်နှုန်းတွေကို အထိမခံနိုင်ဆုံးပါ။ ဒီတော့ အဆိုရှင်ဟာ အပိုင်းအခြားမှာ အပိုင်းတွေ ထုတ်ပေးနိုင်ရင် သူ့ကို ကြားနိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံး သာယာတဲ့အာရုံခံတစ်နေရာကို ချိန်နိုင်တယ်။ ပိုမြင့်တဲ့ အပိုင်းတွေဟာလည်း အကျိုးပြုနိုင်တာက သံစုံတီးဝိုင်းကနေ ပိုနည်းတဲ့ ယှဉ်ပြိုင်မှုရှိတာကြောင့်ပါ။ ၎င်းရဲ့ လေသံတွေဟာ ဒီကြိမ်နှုန်းတွေမှာ ပိုအားနည်းပါတယ်။ ဒီအပိုင်းတွေကို အသားပေးခြင်းရဲ့ အကျိုးရလဒ်က အဆိုရင်ရဲ့ အမြင့်သံလို့ခေါ်တဲ့ ထင်ရှားမြည်ဟည်းတဲ့ အသံဂုဏ် တစ်ခုပါ။ အော်ပရာအဆိုရှင်တွေဟာ အမြင့််သံကို ဖန်တီးဖို့ ဆယ်စုနှစ်ချီကာ လုပ်ရတယ်။ အသံ လှိုင်းတွန့်တွေ၊ အသံလမ်းကြောင်းထဲက ပုံစံနဲ့ တင်းအားကို မွမ်းမံကာ ပိုမြင့်တဲ့ ကြိမ်နှုန်းတွေကို ထုတ်လုပ်နိုင်တယ်။ သူတို့ရဲ့ လျှာတွေနဲ့ နှုတ်ခမ်း အနေအထားကို ပြောင်းတာက အခြားသံတွေကို လျော့ပါးစေရင်း လေသံတွေကို ပေါ်လွင်စေတယ်။ အဆိုရှင်တွေဟာ တုန်ယင်သံနဲ့ အပိုင်းတွေရဲ့ အစဉ်ကို တိုးမြှင့်သေးတယ်။ အသံပေါက်တစ်ခုမှာ အသံတစ်သံဟာ အနည်းငယ် တက်ကျဖြစ်တဲ့ ဂီတ သက်ရောက်မှုတစ်ခုပါ။ ယှဉ်လိုက်ရင် ကျဉ်းတဲ့ တုန်သံတွေဖြစ်တဲ့ တူရိယာတွေကို ကျော်ကာမြည်ဟည်းတဲ့ ပိုပြည့်ဝတဲ့ အသံတစ်သံကို ဒါက ဖန်တီးပေးတယ်။ မှန်ကန်တဲ့ အပိုင်းတွေ ရှိတာနဲ့ အသံထုကို တိုးမြှင့်ဖို့ အခြားနည်းစနစ် တွေကို သုံးကြတယ်။ အဆိုရှင်တွေဟာ တသမတ် ထိန်းချုပ်ထားတဲ့ လေစီးဆင်းမှုအတွက် အဆုပ် အစွမ်းကို တိုး ချဲ့ပြီး ကိုယ်ဟန်ကို အကောင်းဆုံးမွမ်းမံတယ်။ ပရိသတ်ဆီသွားတဲ့ အသံလှိုင်းတွေကို ထင်ဟပ်တဲ့ တင်းကျပ်တဲ့ မျက်နှာပြင်တေွပါတဲ့ ဖျော်ဖြေပွဲ ခန်းမကလည်။ ကူညီပါတယ်။ အဆိုရှင်အားလုံးဟာ ဒီနည်းစနစ်တွေကို အခွင့်ကောင်းယူပေမဲ့ မတူတဲ့ အသံလက္ခဏာတွေက မတူတဲ့ ရုပ်ပိုင်း ပြင်ဆင်မှုကို တောင်းဆိုတယ်။ Wagnerian အဆိုရှင်တစ်ဦးဟာ တေးပြုစာဆိုရဲ့ လေးနာရီကြာ ဇာတ်လမ်းတွေတစ်လျှောက် အားသုံးဖို့ သက်လုံ တည်ဆောက်ဖို့လိုတယ်။ တေးသွားအလှ အဆိုရှင်တွေကတော့ တွန့်လိမ်နိမ့်မြင့် တေးသွားတွေတစ်လျှောက် ပေါင်းကူးဖို့ စွယ်စုံရတဲ့ အသံလှိုင်းတွန့်တွေ လိုတယ်။ ဇီဝဗေဒကလည်း ကန့်သတ်ချက်တွေ လုပ်တယ်။ နည်းစနစ်တိုင်းဟာ ကြွက်သားစုတိုင်း အတွက် ဖြစ်နိုင်ခြေမရှိဘူး။ အဆိုရှင် အသက်ရလာတာနဲ့အမျှ အသံပြောင်းသွားတယ်။ ဒါပေမဲ့ အော်ပရာခန်းမဖြစ်ဖြစ်၊ ရေချိုးခန်းမှာဖြစ်ဖြစ် ဒီနည်းစနစ်တွေဟာ အသံချဲစက် မပါတဲ့ အသံတွေကို ဟိန်းနေတဲ့ ဂီက လက်ရာမွန်တွေ အဖြစ် ပြောင်းပေးနိုင်တယ်။