1 00:00:07,249 --> 00:00:09,069 အငြိုးကြီးတဲ့ ဇောနဲ့ ဖမ်းစားခံရတဲ့ 2 00:00:09,069 --> 00:00:11,859 ညရဲ့ ဘုရင်မဟာ စင်ကို တစ်ဟုန်ထိုးတက်လာတယ်။ 3 00:00:11,859 --> 00:00:14,249 သူ့ရဲ့မည်ကာမတ္တ တစ်ကိုယ်တော်တေးကို စတင်သီဆိုတယ်။ 4 00:00:14,249 --> 00:00:17,730 မိုးဇာတ်ရဲ့ အနှစ်သက်ဆုံး အော်ပရာမှ အကျော်ကြားဆုံး အပိုင်းတွေထဲက တစ်ခုပါ။ 5 00:00:17,730 --> 00:00:19,350 "The Magic Flute"ပါ။ 6 00:00:19,350 --> 00:00:21,890 သံစုံတီးဝိုင်းဟာ ခန်းမကို ဂီတသံနဲ့ ဖြည့်လိုက်ပေမဲ့ 7 00:00:21,890 --> 00:00:25,460 ဘုရင်မရဲ့အသံက တူရိယာတွေရဲ့ အထက်မှာ ဝဲပျံနေတယ်။ 8 00:00:25,460 --> 00:00:28,700 ၎င်းရဲ့တေးသွားက ထောင်ချီတဲ့ အားပေးသူကို ဖြတ်ပြီး ထွက်ပေါ်လာတယ်။ 9 00:00:28,700 --> 00:00:31,076 မီတာ ၄၀ အဝေးမှာရှိတဲ့ ထိုင်ခုံတွေဆီ ရောက်ပါတယ်။ 10 00:00:31,076 --> 00:00:34,186 အားလုံးဟာ မိုက်ကရိုဖုန်း အထောက်မပံ့မပါဘူး။ 11 00:00:34,186 --> 00:00:38,116 ဘယ်လို့ဖြစ်ပြီး ဒီတစ်ခုတည်းသော အသံကို ဒါဇင်ချီတဲ့ တူရိယာတွေရဲ့ 12 00:00:38,116 --> 00:00:40,976 သီချင်းတွေရဲ့အထက်မှာ ကြည်ကြည်လင်လင် ကြားနိုင်ရတာလဲ။ 13 00:00:40,976 --> 00:00:44,176 အဖြေကတော့ လူ့အသံရဲ့ ရူပဗေဒနဲ့ ကျွမ်းကျင်တဲ့ အော်ပရာအဆိုရှင်တစ်ဦးရဲ့ 14 00:00:44,176 --> 00:00:48,558 သေချာကျနစွာ သထားတဲ့ နည်းစနစ်မှာ တည်ရှိနေပါတယ်။ 15 00:00:48,558 --> 00:00:51,898 ဒီအော်ပရာရုံထဲက တေးဂီတအားလုံးဟာ တူရိယာတွေက ဖန်တီးတဲ့ 16 00:00:51,898 --> 00:00:53,458 တုန်ခါမှုတွေကနေ အစပြုပါတယ်။ 17 00:00:53,458 --> 00:00:57,615 တယောတစ်လက်ရဲ့ ကြိုးတွေ(သို့)ဖျော်ဖြေသူရဲ့ အသံပိုင်း လွှာတွန့်တွေကဖြစ်ဖြစ်ပါ။ 18 00:00:57,615 --> 00:01:02,746 ဒီတုန်ခါမှုတွေက လေထဲကို လှိုင်းတွေပို့တယ်။ ဒါတွေကို ဦးနှောက်က အသံအဖြစ်သရုပ်ဖော်တယ်။ 19 00:01:02,746 --> 00:01:04,706 ဒီတုန်ခါမှုတွေရဲ့ ကြိမ်နှုန်းက 20 00:01:04,706 --> 00:01:07,886 အထူးသဖြင့်တော့ တစ်စက္ကန့်မှာရှိတဲ့ လှိုင်းအရေအတွက်က 21 00:01:07,886 --> 00:01:11,386 တစ်ခုတည်းသော အသံရဲ့အနိမ့်အမြင့်ကို ဦးနှောက်က သတ်မှတ်ပုံဖြစ်ပါတယ်။ 22 00:01:11,386 --> 00:01:13,686 ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်ုပ်တို့ 23 00:01:13,686 --> 00:01:17,336 ကြားရတဲ့ အသံတိုင်းဟာ တုန်ခါမှု ပေါင်းစုံရဲ့ ပေါင်းစပ်မှုတစ်ခုပါ။ 24 00:01:17,336 --> 00:01:21,336 အနိမ့်ဆုံး ကြိမ်နှုန်းမှာ တုန်ခါနေတဲ့ ဂစ်တာတစ်လက်ကို စိတ်ကူးကြည့်ပါ။ 25 00:01:21,336 --> 00:01:22,946 ဒါကို မူလလို့ ခေါ်ပြီး 26 00:01:22,946 --> 00:01:27,472 ဒီအနိမ့်သံက အသံတစ်ခုကို ထောက်လှမ်းဖို့ နားတွေ အများစု အသုံးပြုတဲ့ဟာပါ။ 27 00:01:27,472 --> 00:01:32,434 ဒါပမဲ့ ဒီအနိမ့်ဆုံး တုန်ခုမှုက လေသံတွေလို့ ခေါ်တဲ့ နောက်ကြိမ်နှုန်းတွေကို အစပြုတယ်။ 28 00:01:32,434 --> 00:01:35,574 ဒါက မူလသံရဲ့ ထိပ်မှာ လွှာထပ်ပါတယ်။ 29 00:01:35,574 --> 00:01:38,804 ဒီလေသံတွေဟာ မိတ်ဖက်သံ (သို့) အပိုင်းတွေလို့ခေါ်တဲ့ 30 00:01:38,804 --> 00:01:41,074 တိကျတဲ့ ကြိမ်နှုန်းတွေအဖြစ် စိတ်ဖြာပေးပြီး 31 00:01:41,074 --> 00:01:45,999 ဒါတွေကို ကစားခြင်းက အော်ပရာအဆိုရှင်တွေ သူတို့ရဲ့မှော်ဆန်မှုကို လုပ်ကိုင်ပုံပါ။ 32 00:01:45,999 --> 00:01:50,323 အသံတိုင်းမှာ ၎်းရဲ့ မိတ်ဖက် အစဉ်ပါတဲ့ ကြိမ်နှုန်းတစ်စုရှိတယ်။ 33 00:01:50,323 --> 00:01:55,075 ပထမအပိုင်းက မူလရဲ့ ကြိမ်နှုန်း နှစ်ဆ တုန်ခါတယ်။ 34 00:01:55,075 --> 00:01:59,728 နောက်တစ်ပိုင်းက မူလ ကြိမ်နှုန်း သုံးဆ စသည်ဖြင့်ပေါ့။ 35 00:01:59,728 --> 00:02:03,608 လျှပ်စစ်မဟုတ်တဲ့ တူရိယာအားလုံးနီးနီးဟာ မိတ်ဖက်သံ အစဉ် ထုတ်ပေးပေမဲ့ 36 00:02:03,608 --> 00:02:08,478 တူရီယာတစ်ခုစီရဲ့ ပုံစံနဲ့အသားက ဒီမိတ်ဖက်သံ တွေရဲ့ ဟန်ချက်ညီမှုကို ပြောင်းလဲပေးတယ်။ 37 00:02:08,478 --> 00:02:15,484 ဥပမာ၊ ပုလွေတစ်လက်ဟာ ပထမ အပိုင်း အနည်းငယ်ကို အသားပေးပေမဲ့ 38 00:02:15,484 --> 00:02:17,614 ကလယ်ရီနက်တစ်လက်ရဲ့ အနိမ့်ဆုံး အသံ အစဉ်ထဲမှာ 39 00:02:17,614 --> 00:02:21,344 မကိန်း အပိုင်းတွေက အများဆုံး ပြင်းထန်စွာ အသံဟိန်းတယ်။ 40 00:02:21,344 --> 00:02:23,064 အပိုင်းအမျိုးမျိုးရဲ့ အားက 41 00:02:23,064 --> 00:02:27,064 တူရိယာတိုင်းကို ၎င်းရဲ့ ထူးခြားတဲ့ အသံပိုင်း လက္ခဏာကို ပေးတာပါ။ 42 00:02:27,064 --> 00:02:31,217 ဒါက လူအုပ်ထဲမှာ ပေါ်လွင်စေဖို့ တူရိယာ တစ်လက်ရဲ့ အရည်အသွေးကို သက်ရောက်သေးတာက 43 00:02:31,217 --> 00:02:36,647 ကျွန်ုပ်တို့နားတွေဟာ အခ​ြားဟာတွေက် ကြိမ်နှုန်းတချို့ကို ပိုယဉ်ပါးလိူ့ပါ။ 44 00:02:36,647 --> 00:02:40,947 ဒါက အော်ပရာ အဆိုရှင်ရဲ့ အသံထုတ်နိုင်မှု စွမ်းအားအတွက် အဓိကပါ။ 45 00:02:40,947 --> 00:02:42,437 အော်ပရာ အမြင့်ဆုံးအသံ 46 00:02:42,437 --> 00:02:44,797 စံအသံလေးပိုင်းအနက် အမြင့်ဆုံးက တစ်စက္ကန့်ကို 47 00:02:44,797 --> 00:02:47,627 တုန်နှုန်း ၂၀၀၀ မှ ၅၀၀၀ ကြားမှာရှိတဲ့ 48 00:02:47,627 --> 00:02:53,047 မူလ ကြိမ်နှုန်းတွေနဲ့အတူ တေးသံတွေ ထုတ်လုပ်ပေးနိုင်တယ်။ 49 00:02:53,047 --> 00:02:55,737 လူ့နားတွေဟာ တစ်စက္ကန့် တုန်ခါမှု ၂၀၀၀ မှ ၅၀၀၀ 50 00:02:55,737 --> 00:02:59,737 ကြားမှာရှိတဲ့ က​ြိမ်နှုန်းတွေကို အထိမခံနိုင်ဆုံးပါ။ 51 00:02:59,737 --> 00:03:03,657 ဒီတော့ အဆိုရှင်ဟာ အပိုင်းအခြားမှာ အပိုင်းတွေ ထုတ်ပေးနိုင်ရင် 52 00:03:03,657 --> 00:03:08,497 သူ့ကို ကြားနိုင်ဖို့ ဖြစ်နိုင်ခြေအရှိဆုံး သာယာတဲ့အာရုံခံတစ်နေရာကို ချိန်နိုင်တယ်။ 53 00:03:08,497 --> 00:03:10,817 ပိုမြင့်တဲ့ အပိုင်းတွေဟာလည်း အကျိုးပြုနိုင်တာက 54 00:03:10,817 --> 00:03:13,537 သံစုံတီးဝိုင်းကနေ ပိုနည်းတဲ့ ယှဉ်ပြိုင်မှုရှိတာကြောင့်ပါ။ 55 00:03:13,537 --> 00:03:16,817 ၎င်းရဲ့ လေသံတွေဟာ ဒီကြိမ်နှုန်းတွေမှာ ပိုအားနည်းပါတယ်။ 56 00:03:16,817 --> 00:03:19,497 ဒီအပိုင်းတွေကို အသားပေးခြင်းရဲ့ အကျိုးရလဒ်က 57 00:03:19,497 --> 00:03:24,889 အဆိုရင်ရဲ့ အမြင့်သံလို့ခေါ်တဲ့ ထင်ရှားမြည်ဟည်းတဲ့ အသံဂုဏ် တစ်ခုပါ။ 58 00:03:24,889 --> 00:03:28,469 အော်ပရာအဆိုရှင်တွေဟာ အမြင့််သံကို ဖန်တီးဖို့ ဆယ်စုနှစ်ချီကာ လုပ်ရတယ်။ 59 00:03:28,469 --> 00:03:30,329 အသံ လှိုင်းတွန့်တွေ၊ အသံလမ်းကြောင်းထဲက 60 00:03:30,329 --> 00:03:35,276 ပုံစံနဲ့ တင်းအားကို မွမ်းမံကာ ပိုမြင့်တဲ့ ကြိမ်နှုန်းတွေကို ထုတ်လုပ်နိုင်တယ်။ 61 00:03:35,276 --> 00:03:38,536 သူတို့ရဲ့ လျှာတွေနဲ့ နှုတ်ခမ်း အနေအထားကို ပြောင်းတာက 62 00:03:38,536 --> 00:03:42,536 အခြားသံတွေကို လျော့ပါးစေရင်း လေသံတွေကို ပေါ်လွင်စေတယ်။ 63 00:03:42,536 --> 00:03:46,556 အဆိုရှင်တွေဟာ တုန်ယင်သံနဲ့ အပိုင်းတွေရဲ့ အစဉ်ကို တိုးမြှင့်သေးတယ်။ 64 00:03:46,556 --> 00:03:50,835 အသံပေါက်တစ်ခုမှာ အသံတစ်သံဟာ အနည်းငယ် တက်ကျဖြစ်တဲ့ ဂီတ သက်ရောက်မှုတစ်ခုပါ။ 65 00:03:50,835 --> 00:03:53,415 ယှဉ်လိုက်ရင် ကျဉ်းတဲ့ တုန်သံတွေဖြစ်တဲ့ တူရိယာတွေကို 66 00:03:53,415 --> 00:03:56,685 ကျော်ကာမြည်ဟည်းတဲ့ ပိုပြည့်ဝတဲ့ အသံတစ်သံကို ဒါက ဖန်တီးပေးတယ်။ 67 00:03:56,685 --> 00:03:58,355 မှန်ကန်တဲ့ အပိုင်းတွေ ရှိတာနဲ့ 68 00:03:58,355 --> 00:04:01,803 အသံထုကို တိုးမြှင့်ဖို့ အခြားနည်းစနစ် တွေကို သုံးကြတယ်။ 69 00:04:01,803 --> 00:04:05,803 အဆိုရှင်တွေဟာ တသမတ် ထိန်းချုပ်ထားတဲ့ လေစီးဆင်းမှုအတွက် အဆုပ် အစွမ်းကို 70 00:04:05,803 --> 00:04:08,433 တိုး ချဲ့ပြီး ကိုယ်ဟန်ကို အကောင်းဆုံးမွမ်းမံတယ်။ 71 00:04:08,433 --> 00:04:10,223 ပရိသတ်ဆီသွားတဲ့ အသံလှိုင်းတွေကို 72 00:04:10,223 --> 00:04:14,465 ထင်ဟပ်တဲ့ တင်းကျပ်တဲ့ မျက်နှာပြင်တေွပါတဲ့ ဖျော်ဖြေပွဲ ခန်းမကလည်။ ကူညီပါတယ်။ 73 00:04:14,465 --> 00:04:17,075 အဆိုရှင်အားလုံးဟာ ဒီနည်းစနစ်တွေကို အခွင့်ကောင်းယူပေမဲ့ 74 00:04:17,075 --> 00:04:21,337 မတူတဲ့ အသံလက္ခဏာတွေက မတူတဲ့ ရုပ်ပိုင်း ပြင်ဆင်မှုကို တောင်းဆိုတယ်။ 75 00:04:21,337 --> 00:04:24,152 Wagnerian အဆိုရှင်တစ်ဦးဟာ တေးပြုစာဆိုရဲ့ လေးနာရီကြာ 76 00:04:24,152 --> 00:04:28,012 ဇာတ်လမ်းတွေတစ်လျှောက် အားသုံးဖို့ သက်လုံ တည်ဆောက်ဖို့လိုတယ်။ 77 00:04:28,012 --> 00:04:31,612 တေးသွားအလှ အဆိုရှင်တွေကတော့ တွန့်လိမ်နိမ့်မြင့် တေးသွားတွေတစ်လျှောက် 78 00:04:31,612 --> 00:04:34,413 ပေါင်းကူးဖို့ စွယ်စုံရတဲ့ အသံလှိုင်းတွန့်တွေ လိုတယ်။ 79 00:04:34,413 --> 00:04:36,813 ဇီဝဗေဒကလည်း ကန့်သတ်ချက်တွေ လုပ်တယ်။ 80 00:04:36,813 --> 00:04:39,873 နည်းစနစ်တိုင်းဟာ ကြွက်သားစုတိုင်း အတွက် ဖြစ်နိုင်ခြေမရှိဘူး။ 81 00:04:39,873 --> 00:04:42,833 အဆိုရှင် အသက်ရလာတာနဲ့အမျှ အသံပြောင်းသွားတယ်။ 82 00:04:42,833 --> 00:04:46,023 ဒါပေမဲ့ အော်ပရာခန်းမဖြစ်ဖြစ်၊ ရေချိုးခန်းမှာဖြစ်ဖြစ် 83 00:04:46,023 --> 00:04:49,173 ဒီနည်းစနစ်တွေဟာ အသံချဲစက် မပါတဲ့ အသံတွေကို ဟိန်းနေတဲ့ 84 00:04:49,173 --> 00:04:51,342 ဂီက လက်ရာမွန်တွေ အဖြစ် ပြောင်းပေးနိုင်တယ်။