WEBVTT 00:00:03.208 --> 00:00:05.976 မြေမျက်နှာပြင်အမျိုးမျိုးနဲ့ ကမ္ဘာတစ်ခုကိုမြင်ယောင်ကြည့်ပါ 00:00:06.070 --> 00:00:07.476 သိပ်သည်းတဲ့ လေထုတစ်ခုရှိမယ် 00:00:07.500 --> 00:00:09.559 သူ့မျက်နှာပြင်တစ်လျှောက် လေပြင်းတွေတိုက်တယ် 00:00:09.583 --> 00:00:11.143 ပြီးတော့ မိုးတွေလည်း ကျတယ် 00:00:11.167 --> 00:00:12.809 တောင်တွေ ၊ မြေပြန့်တွေလည်း ရှိမယ် 00:00:12.833 --> 00:00:14.684 မြစ် ၊ ရေကန်နဲ့ ပင်လယ်‌တွေလည်း ရှိတယ် 00:00:14.708 --> 00:00:17.976 သဲသောင်တွေနဲ့ သဘာ၀အတိုင်းမဟုတ်တဲ့ ချိုင့်ခွက်တွေလည်း ရှိတယ် NOTE Paragraph 00:00:18.000 --> 00:00:20.018 ကမ္ဘာမြေကြီးလို့ ထင်နေကြပြီမလား 00:00:20.042 --> 00:00:21.809 ဒီဟာကတော့ တိုက်တန်ပဲ ဖြစ်ပါတယ် NOTE Paragraph 00:00:21.833 --> 00:00:23.434 ၁၉၈၁ ဩဂုတ်လမှာ 00:00:23.458 --> 00:00:27.684 ဗိုယေဂျာ ၂ ဟာ စနေဂြိုဟ်ရဲ့ အကြီးဆုံးလပုံ ဒီပုံကို ရိုက်ကူးခဲ့ပါတယ် 00:00:27.708 --> 00:00:30.893 ဗိုယေဂျာရဲ့ လုပ်ငန်းဆောင်တာတွေဟာ အရင်ကထက် များစွာခရီးရောက်ခဲ့ပါတယ် 00:00:30.917 --> 00:00:32.893 နေအဖွဲ့အစည်း နဲ့နောက်ထပ်အရာတွေကို 00:00:32.917 --> 00:00:34.934 ပထဝီဝင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်စေလျှက်ပေါ့ 00:00:34.958 --> 00:00:37.684 ဒါပေမဲ့ ဒီမြူဆိုင်းနေတဲ့ လရဲ့ပုံဟာ 00:00:37.708 --> 00:00:40.917 နက်နဲတဲ့ပုစ္ဆာတွေ ဘယ်လောက်တောင် ကျန်ရှိနေမလဲဆိုတာကို သတိပေးနေပါတယ် 00:00:41.917 --> 00:00:45.976 ဗိုယေဂျာ တိုက်တန်ကို ပတ်ပြီး ပျံသန်းတဲ့အခေါက်တိုင်း ထပ်တိုးလေ့လာပေမဲ့ 00:00:46.000 --> 00:00:50.458 ဒီလေထုခြုံလွှာရဲ့ အောက်မှာ ဘာတွေ ရှိနေမလဲ ဆိုတာကို ကျွန်မတို့ မသိရသေးပါဘူး 00:00:51.500 --> 00:00:54.976 စေတန်နဲ့ ဂျူပီတာဂြိုဟ်တွေရဲ့ တခြားလတွေလို 00:00:55.000 --> 00:00:57.893 ရေခဲဖုံးနေတဲ့ မျက်နှာပြင်ပဲ ရှိနေမလား 00:00:57.917 --> 00:01:01.500 ဒါမှမဟုတ် မီသိန်းအရည်တွေ အပြည့်နဲ့ သမုဒ္ဓရာကြီးပဲ ဖြစ်နေမလားပေါ့ NOTE Paragraph 00:01:02.708 --> 00:01:05.018 မြူမှုန်တွေ ဝိုးတဝါးနဲ့ 00:01:05.042 --> 00:01:07.726 တိုက်တန်ရဲ့ မျက်နှာပြင်ဟာ ကြီးမားတဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့ 00:01:07.750 --> 00:01:12.226 ၁၉၉၇ ခုနှစ်ကတည်းဆောက်ခဲ့တဲ့ ကက်စီနိ ဟိုက်ဂျင်ခေါ် ဆင်းသက်ယာဉ်ကို 00:01:12.250 --> 00:01:14.476 အဲဒီပုစ္ဆာ ဖြေရှင်းဖို့ရည်ရွယ်ခဲ့ပါတယ် 00:01:14.500 --> 00:01:17.018 ၂၀၀၄ ခုနှစ်မှာ တိုက်တန်ကို ရောက်ပြီးနောက် 00:01:17.042 --> 00:01:20.226 ကက်စီနီပြန်ပို့လိုက်တဲ့ အစောပိုင်းတိုက်တန်မျက်နှာပြင်ပုံတွေမှာ 00:01:20.250 --> 00:01:21.833 စိတ်ဝင်စားစရာတွေ အပြည့်ပါပဲ 00:01:22.958 --> 00:01:26.667 ဂြိုဟ်မျက်နှာပြင်ပေါ်မှာ မြင်နေရတာတွေကို နားလည်ဖို့ လနဲ့ ချီပြီး ကြာခဲ့ပါတယ် 00:01:27.333 --> 00:01:28.726 ဥပမာ ပြောရရင် 00:01:28.750 --> 00:01:30.143 အမဲရောင် အစဉ်းကြောင်းတွေ 00:01:30.167 --> 00:01:35.476 အစက ကျွန်မတို့ ကြောင်ခြစ်ရာတွေအဖြစ် ရည်ညွှန်းခဲ့တာတွေဟာ 00:01:35.500 --> 00:01:38.292 တကယ်တော့ သဘာ၀သဲသောင်ပြင်တွေ ဖြစ်နေပါတယ် NOTE Paragraph 00:01:39.375 --> 00:01:42.851 ကက်စီနီယာဉ် စနေဂြိုဟ် ၊ ဂြိုဟ်ပတ်လမ်းနဲ့ ၎င်းရဲ့ လတွေကို လေ့လာခဲ့တဲ့ 00:01:42.875 --> 00:01:44.559 (၁၃) နှစ်တာကာလ အပြီးမှာ 00:01:44.583 --> 00:01:45.893 ကျွန်မတို့ တိုက်တန်ရဲ့ 00:01:45.917 --> 00:01:49.309 မျက်နှာပြင်အကြောင်းလုံး၀ မသိရာကနေ သူ့ရဲ့ ပထဝီဝင်ကိုပါ 00:01:49.333 --> 00:01:51.476 နားလည်လာတဲ့အထိ အခွင့်အရေးရခဲ့တယ် 00:01:51.500 --> 00:01:54.684 လေထုဟာ မျက်နှာပြင်ကို ပုံဖော်ဖို့အတွက် အခန်းကဏ္ဋမှာ ပါဝင်ပါတယ် 00:01:54.708 --> 00:01:57.625 ဂြိုဟ်မျက်နှာပြင်အောက်မှာ ဘာတွေရှိလဲ ဆိုတဲ့ သဲလွန်စတွေပါပေးတယ် NOTE Paragraph 00:01:58.667 --> 00:02:02.518 အမှန်တော့ တိုက်တန်ဟာ သမုဒ္ဓရာကမ္ဘာတွေထဲက တစ်ခုဖြစ်ပါတယ် 00:02:02.542 --> 00:02:04.893 အင်္ဂါဂြိုဟ်ပတ်လမ်းနဲ့ ဂြိုဟ်သိမ်ခါးပတ်အလွန် 00:02:04.917 --> 00:02:07.684 နေအဖွဲ့ အစည်းအပြင်ဘက်က 00:02:07.708 --> 00:02:12.018 ဂြိုဟ်မျက်နှာပြင်အောက်က ရေပေါများလှတဲ့ သမုဒ္ဓရာများနဲ့ လတွေပေါ့ 00:02:12.042 --> 00:02:16.309 တိုက်တန်အတွင်းပိုင်းသမုဒ္ဓရာကြီးဟာ ကမ္ဘာရဲ့မြစ် ၊ ကန်တွေနဲ့ ပင်လယ်သမုဒ္ဓရာတွေ 00:02:16.333 --> 00:02:20.893 စုစုပေါင်းရဲ့ဆယ်ဆထက်ပိုကောင်းပိုနိုင်ပါတယ် 00:02:20.917 --> 00:02:24.101 ထူးဆန်းတဲ့မီသိန်းနဲ့အီသိန်းအရည်ကန်တွေနဲ့ အရည်ပင်လယ်တွေပါ 00:02:24.125 --> 00:02:27.726 တိုက်တန်ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိပါတယ် 00:02:27.750 --> 00:02:30.726 သမုဒ္ဓရာကမ္ဘာတွေဟာ နေအဖွဲ့အစည်းရဲ့ 00:02:30.750 --> 00:02:32.143 ဆွဲဆောင်မှုအရှိဆုံးနေရာတွေပါ 00:02:32.167 --> 00:02:34.667 ကျွန်မတို့က အဲဒီနေရာတွေကို အခုမှ စ စူးစမ်းလေ့လာခါစပါ NOTE Paragraph 00:02:36.625 --> 00:02:38.167 ဒီယာဉ်ကတော့ "ပုစဉ်းကောင်" ပါ 00:02:39.000 --> 00:02:41.559 ဂျွန်ဟော့ပ်ကင်းစ်ရဲ့ အသုံးချရူပဗေဒ ဓာတ်ခွဲခန်းမှာ 00:02:41.583 --> 00:02:44.708 ကျွန်မတို့ဟာ ဒီမစ်ရှင်ကို နာဆာရဲ့ ရှေ့တန်းပရိုဂရမ်တွေအတွက် 00:02:45.583 --> 00:02:50.143 ၂၀၂၆ မှာ မြေချပြီး ၂၀၃၄ မှာ တိုက်တန်ကို ရောက်ဖို့ စီစဉ်ခဲ့ပါတယ် 00:02:50.167 --> 00:02:52.601 ပုစဉ်းကောင်ယာဉ်ဟာ ဆင်းသက်ရဟတ်ယာဉ်ပေါ့ 00:02:52.625 --> 00:02:56.458 အင်္ဂါဂြိုဟ်ဆင်းယာဉ် သို့မဟုတ် ကားတစ်စီး အရွယ်အစားလောက် ရှိပါတယ် 00:02:57.333 --> 00:03:00.643 မြေဆွဲအားနိမ့်နိမ့်နဲ့ ပေါင်းစပ်ထားတဲ့ တိုက်တန်ရဲ့ သိပ်သည်းတဲ့လေထုက 00:03:00.667 --> 00:03:02.559 သူပျံဖို့ နေရာကောင်းတစ်ခုဖြစ်နေပါတယ် 00:03:02.583 --> 00:03:05.458 ပုစဉ်းကောင်ယာဉ်ကို အဲလိုပျံနိုင်ဖို့ အသေအချာပုံစံဆွဲခဲ့တာပါ NOTE Paragraph 00:03:06.500 --> 00:03:08.351 အဝေးထိန်းယာဉ်တစ်ခုအနေနဲ့ 00:03:08.375 --> 00:03:12.601 ပုစဉ်းကောင်ဟာ တစ်နေရာကနေ တစ်နေရာကို ပျံသန်းနိုင်တဲ့ ရွေ့လျားဓာတ်ခွဲခန်းတစ်ခုပါ 00:03:12.625 --> 00:03:15.208 လိုအပ်တဲ့ ကိရိယာတွေ သူနဲ့တစ်ပါတည်း ယူဆောင်သွားရင်းပေါ့ 00:03:15.833 --> 00:03:19.768 ပုစဉ်းကောင်ဟာတိုက်တန်ဂြိုဟ်ကိုတစ်မူထူးခြား တဲ့ နည်းလမ်းနဲ့ စူးစမ်းလေ့လာသွားမှာပါ 00:03:19.792 --> 00:03:22.309 ဂြိုဟ်ရဲ့ ရာသီဥတုနဲ့ ပထဝီဝင်အသေးစိတ်ကို လေ့လာတယ် 00:03:22.333 --> 00:03:24.476 ဂြိုဟ်မျက်နှာပြင်ကနမူနာတွေကိုပါ 00:03:24.500 --> 00:03:26.768 ဘာတွေနဲ့ ဖွဲ့စည်းထားလဲ လေ့လာဖို့ ကောက်ယူမှာပါ 00:03:26.792 --> 00:03:30.851 ပြောကြတာကတော့ ပုစဉ်းကောင်ယာဉ်ဟာ တိုက်တန်ဂြိုလ်ရဲ့ အသေးစိတ်ဖွဲ့စည်းပုံ ၊ 00:03:30.875 --> 00:03:33.018 လေထု၊၎င်းနဲ့ဂြိုဟ်မျက်နှာပြင်ဆက်နွယ်ပုံကို 00:03:33.042 --> 00:03:36.268 စူးစမ်းလေ့လာဖို့သုံးနှစ်ခန့်ကြာပါမယ်တဲ့ 00:03:36.292 --> 00:03:38.393 ပြီးတော့ ငလျင်တွေ ဖြစ် မဖြစ် လေ့လာမယ် 00:03:38.417 --> 00:03:41.458 ဒါမှမဟုတ် တိုက်တန်ရဲ့ မျက်နှာပြင်က တိုက်တန်ငလျင်တွေပေါ့ NOTE Paragraph 00:03:42.792 --> 00:03:44.268 ပုစဉ်းကောင်ယာဉ်အဖွဲ့ 00:03:44.292 --> 00:03:47.476 မြောက်အမေရိကနဲ့ကမ္ဘာတစ်လွှားက လူရာနဲ့ချီဟာ 00:03:47.500 --> 00:03:50.184 ဒီမစ်ရှင် ၊ ယာဉ်ဒီဇိုင်း ၊ ရဟတ်ယာဉ်နဲ့ 00:03:50.208 --> 00:03:53.559 အလိုအလျောက် မောင်းနှင်စနစ် ၊ သူ့ရဲ့ ကိရိယာပစ္စည်းတွေကို 00:03:53.583 --> 00:03:55.309 အဆင်မြှင့်တင်ဖို့အတွက် ကြိုးစားနေတယ် 00:03:55.333 --> 00:03:58.601 သူတို့အားလုံး တိုက်တန်ရဲ့ မျက်နှာပြင်မှာ သိပ္ပံနည်းကျ တိုင်းတာဖို့ 00:03:58.625 --> 00:04:00.726 အတူတူအလုပ်လုပ်ရပါလိမ့်မယ် NOTE Paragraph 00:04:00.750 --> 00:04:03.559 ပုစဉ်းကောင်ယာဉ်က စိတ်ဝင်စားစရာ သဘာ၀ဓာတ်ခွဲခန်းကို NOTE Paragraph 00:04:03.583 --> 00:04:06.101 စူးစမ်းရာမှာ နောက်ထပ်ခြေလှမ်း တစ်လှမ်းဖြစ်ပါတယ် 00:04:06.125 --> 00:04:09.934 လှည့်ပတ်ပျံသန်းနေရင်း ဗိုယေဂျာဟာ ဖြစ်နိုင်ခြေတွေကို သဲလွန်စ ချပေးခဲ့ပါတယ် 00:04:09.958 --> 00:04:12.434 ကက်စီနီနဲ့ ဟွိုင်ဂျန်ဟာ စနေဂြိုဟ်ကို ဆယ်စုနှစ်ကြာ 00:04:12.458 --> 00:04:14.934 လှည့်ပတ်နေရင်း တိုက်တန်ရဲ့ လေထု ထဲကို ဆင်းသက်ပြီး 00:04:14.958 --> 00:04:18.375 ၎င်းရဲ့ အကြောင်းကို ထပ်မံဖော်ထုတ်ခဲ့ပါတယ် 00:04:19.458 --> 00:04:23.684 ပုစဉ်းကောင်ယာဉ်ဟာ ၂၀၀၅ ဇန်နဝါရီက ဟွိုင်ဂျင်စုံစမ်းမှုမှာ 00:04:23.708 --> 00:04:26.143 ရိုက်ခဲ့တဲ့ကျွန်မတို့ရဲ့ တစ်ခုတည်း အနီးကပ်မြင်ကွင်း 00:04:26.167 --> 00:04:30.333 ဓာတ်ပုံအရ "တိုက်တန်"ရဲ့ဒီလိုပတ်ဝန်းကျင်မှာ နေသွားမှာဖြစ်ပါတယ် NOTE Paragraph 00:04:31.083 --> 00:04:35.684 ဘယ်နည်းနဲ့ပဲ ယှဉ်ယှဉ် " တိုက်တန် "ဟာ ဒီကမ္ဘာရဲ့ ကမ္ဘာဦးအစပိုင်းနဲ့ အနီးကပ်ဆုံး 00:04:35.708 --> 00:04:38.643 ဆင်တူတဲ့ အရာဖြစ်ပါတယ် 00:04:38.667 --> 00:04:40.393 ကက်စီနီဟိုင်ဂျင်ရဲ့ တိုင်းတာမှုကနေ 00:04:40.417 --> 00:04:42.309 ကျွန်မတို့သိထားတဲ့ သက်ရှိအတွက် မရှိမဖြစ် 00:04:42.333 --> 00:04:43.893 ပါဝင်ပစ္စည်းတွေ"တိုက်တန်"ပေါ်မှာ 00:04:43.917 --> 00:04:45.934 ရှိခဲ့တယ်လို့ ကျွန်မတို့ သိရပါတယ် 00:04:45.958 --> 00:04:50.893 ပုစဉ်းကောင်ယာဉ်ဟာ ဒီထူးဆန်းလှတဲ့ ပတ်ဝန်းကျင်မှာ ကမ္ဘာပေါ်က သက်ရှိတွေရဲ့ 00:04:50.917 --> 00:04:53.059 ဖွံဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးမယ်လို့ 00:04:53.083 --> 00:04:56.809 ယူဆရသောဓာတ်ပေါင်းများကို စူးစမ်းရှာဖွေပြီး 00:04:56.833 --> 00:05:00.500 ကျွန်မတို့ကို တခြားဂြိုဟ်တွေပေါ်မှာ နေထိုင်နိုင်မလားဆိုတာ ပြောပြပါလိမ့်မယ် NOTE Paragraph 00:05:01.667 --> 00:05:04.125 အဲဒီမှာနေထိုင်လို့ရမရဆိုတာ စိတ်ဝင်စားစရာ ယူဆချက်ပါ 00:05:04.875 --> 00:05:08.976 ကျွန်မတို့သိတဲ့ ကမ္ဘာပေါ်က ဘဝတွေလိုမျိုး ရှင်သန်နေထိုင်ဖို့ သင့်လျော်တဲ့ 00:05:09.000 --> 00:05:11.309 ပတ်ဝန်းကျင်တစ်ခု အတွက် ဘာတွေလိုအပ်မလဲ 00:05:11.333 --> 00:05:15.500 ဒါမှမဟုတ် လုံး၀ကွဲပြားတဲ့ အခြေအနေတွေအောက် ရှင်သန်လာရမယ့် ထူးထူးဆန်းဆန်းဘဝဖြစ်နေမလား NOTE Paragraph 00:05:16.833 --> 00:05:18.518 တခြားတစ်နေရာရာမှာ အသက်ရှင်သန်ဖို့က 00:05:18.542 --> 00:05:23.518 သမိုင်းတစ်လျှောက် လူသားရဲ့ စိတ်ကူးနဲ့ စူးစမ်းလေ့လာမှုကို လွှမ်းမိုးခဲ့ပါပြီ 00:05:23.542 --> 00:05:24.851 အကြမ်းဖျင်း နှိုင်းယှဉ်ရရင် 00:05:24.875 --> 00:05:27.351 နေအဖွဲ့အစည်းအပြင်ပိုင်းကသမုဒ္ဓရာကမ္ဘာတွေဟာ 00:05:27.375 --> 00:05:29.542 ဒါကြောင့်အရေးပါတဲ့လေ့လာစရာ ဖြစ်လာရတာပါ 00:05:30.458 --> 00:05:34.458 အဲဒီ "ဘာဖြစ်မလဲ?" ဆိုတဲ့စကားက လူသားတွေကို စူးစမ်းလေ့လာစေတာပါပဲ NOTE Paragraph 00:05:35.042 --> 00:05:39.458 ကမ္ဘာပေါ်မှာ ဓာတုဗေဒကနေ ဇီဝဗေဒကို ဘယ်လို အဆင့်မြင့်တက်ခဲ့တယ်ဆိုတာ ကျွန်မမသိသေးပါဘူး 00:05:40.250 --> 00:05:44.101 ဒါပေမဲ့ တိုက်တန် ပေါ်မှာလည်း အလားတူ ဓာတုဖြစ်စဉ်တွေဖြစ်ခဲ့နိုင်ပါတယ် 00:05:44.125 --> 00:05:46.559 အော်ဂဲနစ်မော်လီကျူးတွေ ဂြိုဟ်မျက်နှာပြင်ပေါ်က 00:05:46.583 --> 00:05:49.809 ရေနဲ့ ရောသွားဖို့ အခွင့်အရေးရှိခဲ့တဲ့ ဒီနေရာမှာပေါ့ 00:05:49.833 --> 00:05:52.667 ဒီလိုအခြေအနေတွေအောက်မှာ အော်ဂဲနစ်ပေါင်းစပ်မှု ရှိခဲ့လား။ 00:05:53.333 --> 00:05:55.351 ဒီလိုသာဆို ဘယ်လောက်အထိလဲ။ 00:05:55.375 --> 00:05:57.750 ကျွန်မတို့ အခုထိ မသိရသေးပါဘူး NOTE Paragraph 00:05:58.583 --> 00:06:03.184 ဒီအခြေခံကျကျ လူသားတွေရဲ့ အားထုတ်မှုဖြစ်တဲ့ ပုစဉ်းကောင်ဆီက ကျွန်မတို့ ရနိုင်မယ့် အရာက 00:06:03.208 --> 00:06:05.018 စိတ်ကျေနပ်မှုပဲ ဖြစ်ပါတယ် 00:06:05.042 --> 00:06:09.351 ဒါက ကျွန်မတို့ကမ္ဘာပေါ်ကသက်ရှိတွေကိုဖြစ်စေ ခဲ့သလိုမျိုး သက်ရှိအခြေခံအုတ်မြစ်တွေရဲ့ 00:06:09.375 --> 00:06:12.934 ဓာတုဗေဒအဆင့်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ် 00:06:12.958 --> 00:06:16.601 ကျွန်မတို့ တိုက်တန်ကို ရောက်ရင် ဘာတွေ ရှာတွေ့မယ်ဆိုတာ သေချာ မသိရသေးပါဘူး 00:06:16.625 --> 00:06:18.625 ဒါပေမဲ့ အဲဒါက သွားဖို့အကြောင်းအရင်းပါပဲ NOTE Paragraph 00:06:19.708 --> 00:06:22.476 ၁၉၉၄ ခုနှစ်မှာ ကားရ် ဆေဂန်က 00:06:22.500 --> 00:06:25.143 တိုက်တန်ပေါ်မှာလွန်ခဲ့တဲ့ နှစ်သန်းပေါင်းလေးထောင်က 00:06:25.167 --> 00:06:28.601 ကောင်းကင်ဘုံက မိုးရွာသလိုမျိုး ကျနေတဲ့ မော်လီကျူးတွေ 00:06:28.625 --> 00:06:29.976 ရှိနိုင်သေးတယ်လို့ရေးခဲ့တယ် 00:06:30.000 --> 00:06:34.250 ရေခဲနေပြီး လုံးဝမပြောင်းလဲဘဲ ကမ္ဘာမြေက ဓာတုဗေဒပညာရှင်တွေကို စောင့်နေပါတယ် 00:06:35.708 --> 00:06:37.976 ကျွန်မတို့က အဲဒီဓာတုဗေဒပညာရှင်တွေပါပဲ 00:06:38.000 --> 00:06:41.184 ပုစဉ်းကောင်ဟာ တိုက်တန်နဲ့ နေအဖွဲ့အစည်း တင်မက သက်ရှိတွေအစပထမအကြောင်း 00:06:41.208 --> 00:06:44.809 ခက်ခဲနက်နဲတဲ့ပုစ္ဆာတွေကို ပိုမိုနားလည်ဖို့ 00:06:44.833 --> 00:06:46.458 ရှာဖွေလေ့လာသွားမှာ ဖြစ်ပါတယ် NOTE Paragraph 00:06:47.167 --> 00:06:48.458 ကျေးဇူးတင်ပါတယ်