မြေမျက်နှာပြင်အမျိုးမျိုးနဲ့ ကမ္ဘာတစ်ခုကိုမြင်ယောင်ကြည့်ပါ သိပ်သည်းတဲ့ လေထုတစ်ခုရှိမယ် သူ့မျက်နှာပြင်တစ်လျှောက် လေပြင်းတွေတိုက်တယ် ပြီးတော့ မိုးတွေလည်း ကျတယ် တောင်တွေ ၊ မြေပြန့်တွေလည်း ရှိမယ် မြစ် ၊ ရေကန်နဲ့ ပင်လယ်‌တွေလည်း ရှိတယ် သဲသောင်တွေနဲ့ သဘာ၀အတိုင်းမဟုတ်တဲ့ ချိုင့်ခွက်တွေလည်း ရှိတယ် ကမ္ဘာမြေကြီးလို့ ထင်နေကြပြီမလား ဒီဟာကတော့ တိုက်တန်ပဲ ဖြစ်ပါတယ် ၁၉၈၁ ဩဂုတ်လမှာ ဗိုယေဂျာ ၂ ဟာ စနေဂြိုဟ်ရဲ့ အကြီးဆုံးလပုံ ဒီပုံကို ရိုက်ကူးခဲ့ပါတယ် ဗိုယေဂျာရဲ့ လုပ်ငန်းဆောင်တာတွေဟာ အရင်ကထက် များစွာခရီးရောက်ခဲ့ပါတယ် နေအဖွဲ့အစည်း နဲ့နောက်ထပ်အရာတွေကို ပထဝီဝင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်စေလျှက်ပေါ့ ဒါပေမဲ့ ဒီမြူဆိုင်းနေတဲ့ လရဲ့ပုံဟာ နက်နဲတဲ့ပုစ္ဆာတွေ ဘယ်လောက်တောင် ကျန်ရှိနေမလဲဆိုတာကို သတိပေးနေပါတယ် ဗိုယေဂျာ တိုက်တန်ကို ပတ်ပြီး ပျံသန်းတဲ့အခေါက်တိုင်း ထပ်တိုးလေ့လာပေမဲ့ ဒီလေထုခြုံလွှာရဲ့ အောက်မှာ ဘာတွေ ရှိနေမလဲ ဆိုတာကို ကျွန်မတို့ မသိရသေးပါဘူး စေတန်နဲ့ ဂျူပီတာဂြိုဟ်တွေရဲ့ တခြားလတွေလို ရေခဲဖုံးနေတဲ့ မျက်နှာပြင်ပဲ ရှိနေမလား ဒါမှမဟုတ် မီသိန်းအရည်တွေ အပြည့်နဲ့ သမုဒ္ဓရာကြီးပဲ ဖြစ်နေမလားပေါ့ မြူမှုန်တွေ ဝိုးတဝါးနဲ့ တိုက်တန်ရဲ့ မျက်နှာပြင်ဟာ ကြီးမားတဲ့ ပုစ္ဆာတစ်ပုဒ်ပေါ့ ၁၉၉၇ ခုနှစ်ကတည်းဆောက်ခဲ့တဲ့ ကက်စီနိ ဟိုက်ဂျင်ခေါ် ဆင်းသက်ယာဉ်ကို အဲဒီပုစ္ဆာ ဖြေရှင်းဖို့ရည်ရွယ်ခဲ့ပါတယ် ၂၀၀၄ ခုနှစ်မှာ တိုက်တန်ကို ရောက်ပြီးနောက် ကက်စီနီပြန်ပို့လိုက်တဲ့ အစောပိုင်းတိုက်တန်မျက်နှာပြင်ပုံတွေမှာ စိတ်ဝင်စားစရာတွေ အပြည့်ပါပဲ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ မြင်နေရတာတွေကို နားလည်ဖို့ လနဲ့ ချီပြီး ကြာခဲ့ပါတယ် ဥပမာ ပြောရရင် အမဲရောင် အစဉ်းကြောင်းတွေ အစက ကျွန်မတို့ ကြောင်ခြစ်ရာတွေအဖြစ် ရည်ညွှန်းခဲ့တာတွေဟာ တကယ်တော့ သဘာ၀သဲသောင်ပြင်တွေ ဖြစ်နေပါတယ် ကက်စီနီယာဉ် စနေဂြိုဟ် ၊ ဂြိုဟ်ပတ်လမ်းနဲ့ ၎င်းရဲ့ လတွေကို လေ့လာခဲ့တဲ့ (၁၃) နှစ်တာကာလ အပြီးမှာ ကျွန်မတို့ တိုက်တန်ရဲ့ မျက်နှာပြင်အကြောင်းလုံး၀ မသိရာကနေ သူ့ရဲ့ ပထဝီဝင်ကိုပါ နားလည်လာတဲ့အထိ အခွင့်အရေးရခဲ့တယ် လေထုဟာ မျက်နှာပြင်ကို ပုံဖော်ဖို့အတွက် အခန်းကဏ္ဋမှာ ပါဝင်ပါတယ် ဂြိုဟ်မျက်နှာပြင်အောက်မှာ ဘာတွေရှိလဲ ဆိုတဲ့ သဲလွန်စတွေပါပေးတယ် အမှန်တော့ တိုက်တန်ဟာ သမုဒ္ဓရာကမ္ဘာတွေထဲက တစ်ခုဖြစ်ပါတယ် အင်္ဂါဂြိုဟ်ပတ်လမ်းနဲ့ ဂြိုဟ်သိမ်ခါးပတ်အလွန် နေအဖွဲ့ အစည်းအပြင်ဘက်က ဂြိုဟ်မျက်နှာပြင်အောက်က ရေပေါများလှတဲ့ သမုဒ္ဓရာများနဲ့ လတွေပေါ့ တိုက်တန်အတွင်းပိုင်းသမုဒ္ဓရာကြီးဟာ ကမ္ဘာရဲ့မြစ် ၊ ကန်တွေနဲ့ ပင်လယ်သမုဒ္ဓရာတွေ စုစုပေါင်းရဲ့ဆယ်ဆထက်ပိုကောင်းပိုနိုင်ပါတယ် ထူးဆန်းတဲ့မီသိန်းနဲ့အီသိန်းအရည်ကန်တွေနဲ့ အရည်ပင်လယ်တွေပါ တိုက်တန်ရဲ့ မျက်နှာပြင်ပေါ်မှာ ရှိပါတယ် သမုဒ္ဓရာကမ္ဘာတွေဟာ နေအဖွဲ့အစည်းရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာတွေပါ ကျွန်မတို့က အဲဒီနေရာတွေကို အခုမှ စ စူးစမ်းလေ့လာခါစပါ ဒီယာဉ်ကတော့ "ပုစဉ်းကောင်" ပါ ဂျွန်ဟော့ပ်ကင်းစ်ရဲ့ အသုံးချရူပဗေဒ ဓာတ်ခွဲခန်းမှာ ကျွန်မတို့ဟာ ဒီမစ်ရှင်ကို နာဆာရဲ့ ရှေ့တန်းပရိုဂရမ်တွေအတွက် ၂၀၂၆ မှာ မြေချပြီး ၂၀၃၄ မှာ တိုက်တန်ကို ရောက်ဖို့ စီစဉ်ခဲ့ပါတယ် ပုစဉ်းကောင်ယာဉ်ဟာ ဆင်းသက်ရဟတ်ယာဉ်ပေါ့ အင်္ဂါဂြိုဟ်ဆင်းယာဉ် သို့မဟုတ် ကားတစ်စီး အရွယ်အစားလောက် ရှိပါတယ် မြေဆွဲအားနိမ့်နိမ့်နဲ့ ပေါင်းစပ်ထားတဲ့ တိုက်တန်ရဲ့ သိပ်သည်းတဲ့လေထုက သူပျံဖို့ နေရာကောင်းတစ်ခုဖြစ်နေပါတယ် ပုစဉ်းကောင်ယာဉ်ကို အဲလိုပျံနိုင်ဖို့ အသေအချာပုံစံဆွဲခဲ့တာပါ အဝေးထိန်းယာဉ်တစ်ခုအနေနဲ့ ပုစဉ်းကောင်ဟာ တစ်နေရာကနေ တစ်နေရာကို ပျံသန်းနိုင်တဲ့ ရွေ့လျားဓာတ်ခွဲခန်းတစ်ခုပါ လိုအပ်တဲ့ ကိရိယာတွေ သူနဲ့တစ်ပါတည်း ယူဆောင်သွားရင်းပေါ့ ပုစဉ်းကောင်ဟာတိုက်တန်ဂြိုဟ်ကိုတစ်မူထူးခြား တဲ့ နည်းလမ်းနဲ့ စူးစမ်းလေ့လာသွားမှာပါ ဂြိုဟ်ရဲ့ ရာသီဥတုနဲ့ ပထဝီဝင်အသေးစိတ်ကို လေ့လာတယ် ဂြိုဟ်မျက်နှာပြင်ကနမူနာတွေကိုပါ ဘာတွေနဲ့ ဖွဲ့စည်းထားလဲ လေ့လာဖို့ ကောက်ယူမှာပါ ပြောကြတာကတော့ ပုစဉ်းကောင်ယာဉ်ဟာ တိုက်တန်ဂြိုလ်ရဲ့ အသေးစိတ်ဖွဲ့စည်းပုံ ၊ လေထု၊၎င်းနဲ့ဂြိုဟ်မျက်နှာပြင်ဆက်နွယ်ပုံကို စူးစမ်းလေ့လာဖို့သုံးနှစ်ခန့်ကြာပါမယ်တဲ့ ပြီးတော့ ငလျင်တွေ ဖြစ် မဖြစ် လေ့လာမယ် ဒါမှမဟုတ် တိုက်တန်ရဲ့ မျက်နှာပြင်က တိုက်တန်ငလျင်တွေပေါ့ ပုစဉ်းကောင်ယာဉ်အဖွဲ့ မြောက်အမေရိကနဲ့ကမ္ဘာတစ်လွှားက လူရာနဲ့ချီဟာ ဒီမစ်ရှင် ၊ ယာဉ်ဒီဇိုင်း ၊ ရဟတ်ယာဉ်နဲ့ အလိုအလျောက် မောင်းနှင်စနစ် ၊ သူ့ရဲ့ ကိရိယာပစ္စည်းတွေကို အဆင်မြှင့်တင်ဖို့အတွက် ကြိုးစားနေတယ် သူတို့အားလုံး တိုက်တန်ရဲ့ မျက်နှာပြင်မှာ သိပ္ပံနည်းကျ တိုင်းတာဖို့ အတူတူအလုပ်လုပ်ရပါလိမ့်မယ် ပုစဉ်းကောင်ယာဉ်က စိတ်ဝင်စားစရာ သဘာ၀ဓာတ်ခွဲခန်းကို စူးစမ်းရာမှာ နောက်ထပ်ခြေလှမ်း တစ်လှမ်းဖြစ်ပါတယ် လှည့်ပတ်ပျံသန်းနေရင်း ဗိုယေဂျာဟာ ဖြစ်နိုင်ခြေတွေကို သဲလွန်စ ချပေးခဲ့ပါတယ် ကက်စီနီနဲ့ ဟွိုင်ဂျန်ဟာ စနေဂြိုဟ်ကို ဆယ်စုနှစ်ကြာ လှည့်ပတ်နေရင်း တိုက်တန်ရဲ့ လေထု ထဲကို ဆင်းသက်ပြီး ၎င်းရဲ့ အကြောင်းကို ထပ်မံဖော်ထုတ်ခဲ့ပါတယ် ပုစဉ်းကောင်ယာဉ်ဟာ ၂၀၀၅ ဇန်နဝါရီက ဟွိုင်ဂျင်စုံစမ်းမှုမှာ ရိုက်ခဲ့တဲ့ကျွန်မတို့ရဲ့ တစ်ခုတည်း အနီးကပ်မြင်ကွင်း ဓာတ်ပုံအရ "တိုက်တန်"ရဲ့ဒီလိုပတ်ဝန်းကျင်မှာ နေသွားမှာဖြစ်ပါတယ် ဘယ်နည်းနဲ့ပဲ ယှဉ်ယှဉ် " တိုက်တန် "ဟာ ဒီကမ္ဘာရဲ့ ကမ္ဘာဦးအစပိုင်းနဲ့ အနီးကပ်ဆုံး ဆင်တူတဲ့ အရာဖြစ်ပါတယ် ကက်စီနီဟိုင်ဂျင်ရဲ့ တိုင်းတာမှုကနေ ကျွန်မတို့သိထားတဲ့ သက်ရှိအတွက် မရှိမဖြစ် ပါဝင်ပစ္စည်းတွေ"တိုက်တန်"ပေါ်မှာ ရှိခဲ့တယ်လို့ ကျွန်မတို့ သိရပါတယ် ပုစဉ်းကောင်ယာဉ်ဟာ ဒီထူးဆန်းလှတဲ့ ပတ်ဝန်းကျင်မှာ ကမ္ဘာပေါ်က သက်ရှိတွေရဲ့ ဖွံဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးမယ်လို့ ယူဆရသောဓာတ်ပေါင်းများကို စူးစမ်းရှာဖွေပြီး ကျွန်မတို့ကို တခြားဂြိုဟ်တွေပေါ်မှာ နေထိုင်နိုင်မလားဆိုတာ ပြောပြပါလိမ့်မယ် အဲဒီမှာနေထိုင်လို့ရမရဆိုတာ စိတ်ဝင်စားစရာ ယူဆချက်ပါ ကျွန်မတို့သိတဲ့ ကမ္ဘာပေါ်က ဘဝတွေလိုမျိုး ရှင်သန်နေထိုင်ဖို့ သင့်လျော်တဲ့ ပတ်ဝန်းကျင်တစ်ခု အတွက် ဘာတွေလိုအပ်မလဲ ဒါမှမဟုတ် လုံး၀ကွဲပြားတဲ့ အခြေအနေတွေအောက် ရှင်သန်လာရမယ့် ထူးထူးဆန်းဆန်းဘဝဖြစ်နေမလား တခြားတစ်နေရာရာမှာ အသက်ရှင်သန်ဖို့က သမိုင်းတစ်လျှောက် လူသားရဲ့ စိတ်ကူးနဲ့ စူးစမ်းလေ့လာမှုကို လွှမ်းမိုးခဲ့ပါပြီ အကြမ်းဖျင်း နှိုင်းယှဉ်ရရင် နေအဖွဲ့အစည်းအပြင်ပိုင်းကသမုဒ္ဓရာကမ္ဘာတွေဟာ ဒါကြောင့်အရေးပါတဲ့လေ့လာစရာ ဖြစ်လာရတာပါ အဲဒီ "ဘာဖြစ်မလဲ?" ဆိုတဲ့စကားက လူသားတွေကို စူးစမ်းလေ့လာစေတာပါပဲ ကမ္ဘာပေါ်မှာ ဓာတုဗေဒကနေ ဇီဝဗေဒကို ဘယ်လို အဆင့်မြင့်တက်ခဲ့တယ်ဆိုတာ ကျွန်မမသိသေးပါဘူး ဒါပေမဲ့ တိုက်တန် ပေါ်မှာလည်း အလားတူ ဓာတုဖြစ်စဉ်တွေဖြစ်ခဲ့နိုင်ပါတယ် အော်ဂဲနစ်မော်လီကျူးတွေ ဂြိုဟ်မျက်နှာပြင်ပေါ်က ရေနဲ့ ရောသွားဖို့ အခွင့်အရေးရှိခဲ့တဲ့ ဒီနေရာမှာပေါ့ ဒီလိုအခြေအနေတွေအောက်မှာ အော်ဂဲနစ်ပေါင်းစပ်မှု ရှိခဲ့လား။ ဒီလိုသာဆို ဘယ်လောက်အထိလဲ။ ကျွန်မတို့ အခုထိ မသိရသေးပါဘူး ဒီအခြေခံကျကျ လူသားတွေရဲ့ အားထုတ်မှုဖြစ်တဲ့ ပုစဉ်းကောင်ဆီက ကျွန်မတို့ ရနိုင်မယ့် အရာက စိတ်ကျေနပ်မှုပဲ ဖြစ်ပါတယ် ဒါက ကျွန်မတို့ကမ္ဘာပေါ်ကသက်ရှိတွေကိုဖြစ်စေ ခဲ့သလိုမျိုး သက်ရှိအခြေခံအုတ်မြစ်တွေရဲ့ ဓာတုဗေဒအဆင့်တွေကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ် ကျွန်မတို့ တိုက်တန်ကို ရောက်ရင် ဘာတွေ ရှာတွေ့မယ်ဆိုတာ သေချာ မသိရသေးပါဘူး ဒါပေမဲ့ အဲဒါက သွားဖို့အကြောင်းအရင်းပါပဲ ၁၉၉၄ ခုနှစ်မှာ ကားရ် ဆေဂန်က တိုက်တန်ပေါ်မှာလွန်ခဲ့တဲ့ နှစ်သန်းပေါင်းလေးထောင်က ကောင်းကင်ဘုံက မိုးရွာသလိုမျိုး ကျနေတဲ့ မော်လီကျူးတွေ ရှိနိုင်သေးတယ်လို့ရေးခဲ့တယ် ရေခဲနေပြီး လုံးဝမပြောင်းလဲဘဲ ကမ္ဘာမြေက ဓာတုဗေဒပညာရှင်တွေကို စောင့်နေပါတယ် ကျွန်မတို့က အဲဒီဓာတုဗေဒပညာရှင်တွေပါပဲ ပုစဉ်းကောင်ဟာ တိုက်တန်နဲ့ နေအဖွဲ့အစည်း တင်မက သက်ရှိတွေအစပထမအကြောင်း ခက်ခဲနက်နဲတဲ့ပုစ္ဆာတွေကို ပိုမိုနားလည်ဖို့ ရှာဖွေလေ့လာသွားမှာ ဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်