WEBVTT 00:00:00.000 --> 00:00:04.000 ဒီအချိန်အခါကောင်းမှာပဲ 00:00:04.000 --> 00:00:09.000 ကျွန်တော် လက်တွေ့သင်တန်းကျောင်းလို့ခေါ်တဲ့ဟာကို စပြီး တီထွင်ခဲ့တယ် 00:00:09.000 --> 00:00:13.000 လက်တွေ့သင်တန်းကျောင်းဆိုတာ ကလေးတွေက တုတ်တွေ 00:00:13.000 --> 00:00:17.000 တူတွေနဲ့ တခြား အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်လို့ရတဲ့နေရာ 00:00:17.000 --> 00:00:19.000 ပြီးတော့ ယုံကြည်ခြင်းခံရတဲ့နေရာ 00:00:19.000 --> 00:00:21.000 သူတို့ကို မထိခိုက်စေဖူးဆိုပြီး ယုံကြည်ခြင်းခံရတယ် 00:00:21.000 --> 00:00:25.000 သူတစ်ပါးကို မထိခိုက်စေဖူးဆိုတာလည်း ယုံကြည်ခြင်းခံရတယ် 00:00:25.000 --> 00:00:28.000 လက်တွေ့သင်တန်းကျောင်းဟာ လိုက်နာစရာ သင်ရိုးညွှန်းတန်းဆိုပြီး သတ်မှတ်မထားပါဘူး 00:00:28.000 --> 00:00:30.000 စာမေးပွဲစစ်တာတွေလည်း မရှိဘူး 00:00:30.000 --> 00:00:34.000 ဘယ်သူ့ကိုမှ ဘာတိတိကျကျတတ်ရမယ်ဆိုပြီး သင်ပေးဖို့မကြိုးစားပါဘူး 00:00:34.000 --> 00:00:37.000 ကလေးတွေ ရောက်လာပြီဆိုရင် 00:00:37.000 --> 00:00:39.000 သူတို့တွေ ပစ္စည်းပစ္စယတွေအများကြီးနဲ့ ရင်ဆိုင်ရမယ် 00:00:39.000 --> 00:00:43.000 သစ်သားတွေ၊ သံတွေ၊ ကြိုးတွေ၊ ဘီးတွေ... 00:00:43.000 --> 00:00:48.000 ပြီးတော့ ကိရိယာတဆာပလာတွေ အများကြီး၊ အားလုံးက အစစ်တွေ... 00:00:48.000 --> 00:00:53.000 ကလေးတွေအတွက် ၆ ရက်တာ ကိုယ်စိတ် လုံးလုံးလျားလျား နှစ်မြှုပ်ထားရတဲ့ အတွေ့အကြုံ 00:00:53.000 --> 00:00:57.000 အဲဒီလို အနေအထားမှာ ကလေးတွေကို အချိန်ဆိုတာ ပေးထားလို့ရတယ် 00:00:57.000 --> 00:01:00.000 အချိန်က အရမ်းနည်းလွန်းတယ်လေ 00:01:00.000 --> 00:01:03.000 လုပ်စရာတွေ လွန်ကဲနေတဲ့ သူတို့ရဲ့ဘဝမှာပေါ့ 00:01:03.000 --> 00:01:06.000 ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ သူတို့တွေ ပြန်သွားတဲ့အခါ 00:01:06.000 --> 00:01:08.000 အရာဝတ္ထုတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အသိကောင်းကောင်းရသွားဖို့ပဲ 00:01:08.000 --> 00:01:11.000 သူတို့ စရောက်ခါစ အချိန်ကထက် စာရင်ပေါ့ 00:01:11.000 --> 00:01:14.000 ပြီးတော့ စိတ်ထဲမှာ နက်နက်နဲနဲ နားလည်သွားစေချင်တယ် 00:01:14.000 --> 00:01:18.000 ပစ္စည်းတွေကို ဟိုဟိုဒီဒီကလိပေးလိုက်ရင် ကောင်းအောင်ပြန်လုပ်လို့ရတယ်ဆိုတာပေါ့ 00:01:18.000 --> 00:01:23.000 ဘယ်ဟာကမှတော့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာပါဘူး... အမြဲတမ်းပါပဲ.. 00:01:23.000 --> 00:01:25.000 (ရယ်မောသံများ) 00:01:25.000 --> 00:01:27.000 ကလေးတွေက မကြာခင်မှာပဲ ကောင်းကောင်း သိသွားကြတယ် 00:01:27.000 --> 00:01:31.000 ပရော့ဂျက်အကုန်လုံး မှန်းချက်နဲ့မကိုက်ဘူးဆိုတာ 00:01:31.000 --> 00:01:32.000 (ရယ်မောသံများ) 00:01:32.000 --> 00:01:34.000 ပြီးတော့မှ အေးအေးဆေးဆေးဖြစ်ပြီး အသိလေးရလာတယ် 00:01:34.000 --> 00:01:37.000 ပရော့ဂျက်ထဲက အဆင့်တိုင်းဟာ တစ်ဆင့်ပြီးသွားရင် 00:01:37.000 --> 00:01:40.000 ချိုမြိန်တဲ့ အောင်မြင်မှုဆီကို 00:01:40.000 --> 00:01:44.000 ဒါမှမဟုတ် ပျော်ရွှင်စရာ ဘေးဒုက္ခဆီကို တစ်ဆင့်ပိုနီးလာတယ်ဆိုတာ... 00:01:44.000 --> 00:01:48.000 ကျွန်တော်တို့ ရည်ရွယ်ချက်မဲ့ ဟိုရေး ဒီခြစ်ကနေ စတယ် 00:01:48.000 --> 00:01:51.000 တခါတလေတော့ တကယ့် စီမံကိန်းလေးတွေ လုပ်ကြတယ် 00:01:51.000 --> 00:01:55.000 တခါတလေတော့ ကျွန်တော်တို့ တခုခု ဆောက်တာကနေ စလိုက်တယ် 00:01:55.000 --> 00:01:58.000 တခုခု ဆောက်လုပ်တာဟာ ဒီအတွေ့အကြုံ တစ်ခုလုံးရဲ့ အဓိက ဗဟိုချက်ပါပဲ 00:01:58.000 --> 00:02:01.000 လက်တွေ့လုပ်မယ်၊ စိတ်ရောကိုယ်ပါ နက်နက်ရှိုင်းရှိုင်း နှစ်မြုပ်ထားမယ် 00:02:01.000 --> 00:02:05.000 လက်ရှိပြဿနာကို အပြည့်အဝ အာရုံထားမယ်ပေါ့... 00:02:05.000 --> 00:02:08.000 ရော်ဘင် နဲ့ ကျွန်တော်က အတူဝိုင်းကူလုပ်ပေးသူတွေအနေနဲ့ 00:02:08.000 --> 00:02:10.000 စီမံကိန်းတွေရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းအားလုံးကို 00:02:10.000 --> 00:02:13.000 ပြီးမြောက်တဲ့ဘက်ရောက်အောင် အားစိုက်ပေးတယ် 00:02:13.000 --> 00:02:16.000 အောင်မြင်ဖို့ဆိုတာ လုပ်ကြည့်ရင်းနဲ့မှရတာ 00:02:16.000 --> 00:02:19.000 ရှုံးနိမ့်တာတွေကိုလည်း ဂုဏ်ပြုပေးတယ်၊ စမ်းစစ်ပေးတယ် 00:02:19.000 --> 00:02:22.000 ပြဿနာတွေက ပဟေဠိဖြစ်လာတယ် 00:02:22.000 --> 00:02:26.000 ပြီးတော့ အတားအဆီးတွေ ပျောက်ကုန်တယ် 00:02:26.000 --> 00:02:28.000 တကယ့်ကို ခက်ခဲတဲ့ 00:02:28.000 --> 00:02:30.000 မျှော်လင့်မထားတဲ့ အဆိုးတရားတွေ၊ ရှုပ်ထွေးမှုတွေ နဲ့ ကြုံလာတဲ့အခါ 00:02:30.000 --> 00:02:35.000 တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူတွေ ပေါ်လာတယ်၊ အဲဒါကတော့ အလှအပ တန်ဆာဆင်တာပါ 00:02:35.000 --> 00:02:38.000 (ရယ်မောသံများ) 00:02:38.000 --> 00:02:40.000 မပြီးမြောက်သေးတဲ့ လုပ်ငန်းအတွက် အလှအပတန်ဆာဆင်ပေးတာဟာ 00:02:40.000 --> 00:02:44.000 ဒီအလုပ်ကို ဘယ်လိုပြီးအောင်ဆက်လုပ်မယ်ဆိုတာ စိတ်ထဲမှာ ဆက်ပြီး ဆက်စပ်စဉ်းစားမှုတစ်မျိုးပါ 00:02:44.000 --> 00:02:47.000 ဒီကြားကာလ အလုပ်ကလေးတွေကနေ နက်နဲတဲ့ အမြင်တွေ ပေါ်လာတယ် 00:02:47.000 --> 00:02:50.000 ပြီးတော့ ပြဿနာကို ဖြေရှင်းဖို့ အံ့ဩစရာကောင်းတဲ့ ချဉ်းကပ်မှုအသစ်တွေ ပေါ်လာတယ် 00:02:50.000 --> 00:02:55.000 ဒီပြဿနာတွေက သူတို့ကို အစောပိုင်းက စိတ်ဒုက္ခပေးနေတာ 00:02:55.000 --> 00:03:00.000 ပစ္စည်းပစ္စယအားလုံးကို အသုံးပြုဖို့ စီစဉ်ပေးထားတယ် 00:03:00.000 --> 00:03:06.000 ဒီ သာမန် မုန်းစရာကောင်းတဲ့ ကုန်ပစ္စည်းထုပ်တဲ့ ပလတ်စတစ်အိတ်တွေကတောင် 00:03:06.000 --> 00:03:08.000 တံတားတစ်စင်း ဖြစ်လာနိုင်ပါတယ် 00:03:08.000 --> 00:03:12.000 အားလုံးထင်ထားတာထက်တောင် ပိုပြီး ခိုင်ပါတယ် 00:03:12.000 --> 00:03:15.000 သူတို့ ဆောက်ထားတဲ့ဟာတွေက 00:03:15.000 --> 00:03:18.000 သူတို့ကိုတောင် ပြန်ပြီး အံ့ဩသွားစေပါတယ် 00:03:18.000 --> 00:03:22.000 သုံး... နှစ်... တစ်... လွှတ်ပြီ.... 00:03:29.000 --> 00:03:33.000 ၇-နှစ်အရွယ် ကလေးတွေ ဆောက်ထားတဲ့ ရိုလာကိုစတာပါ... 00:03:33.000 --> 00:03:36.000 ဟေး.... 00:03:36.000 --> 00:03:38.000 (လက်ခုပ်သံများ) 00:03:38.000 --> 00:03:41.000 ကျေးဇူးတင်ပါတယ်၊ ပျော်စရာ အရမ်းကောင်းပါတယ် 00:03:41.000 --> 00:03:47.000 (လက်ခုပ်သံများ)