1 00:00:00,000 --> 00:00:04,000 ဒီအချိန်အခါကောင်းမှာပဲ 2 00:00:04,000 --> 00:00:09,000 ကျွန်တော် လက်တွေ့သင်တန်းကျောင်းလို့ခေါ်တဲ့ဟာကို စပြီး တီထွင်ခဲ့တယ် 3 00:00:09,000 --> 00:00:13,000 လက်တွေ့သင်တန်းကျောင်းဆိုတာ ကလေးတွေက တုတ်တွေ 4 00:00:13,000 --> 00:00:17,000 တူတွေနဲ့ တခြား အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ကိုင်တွယ်လို့ရတဲ့နေရာ 5 00:00:17,000 --> 00:00:19,000 ပြီးတော့ ယုံကြည်ခြင်းခံရတဲ့နေရာ 6 00:00:19,000 --> 00:00:21,000 သူတို့ကို မထိခိုက်စေဖူးဆိုပြီး ယုံကြည်ခြင်းခံရတယ် 7 00:00:21,000 --> 00:00:25,000 သူတစ်ပါးကို မထိခိုက်စေဖူးဆိုတာလည်း ယုံကြည်ခြင်းခံရတယ် 8 00:00:25,000 --> 00:00:28,000 လက်တွေ့သင်တန်းကျောင်းဟာ လိုက်နာစရာ သင်ရိုးညွှန်းတန်းဆိုပြီး သတ်မှတ်မထားပါဘူး 9 00:00:28,000 --> 00:00:30,000 စာမေးပွဲစစ်တာတွေလည်း မရှိဘူး 10 00:00:30,000 --> 00:00:34,000 ဘယ်သူ့ကိုမှ ဘာတိတိကျကျတတ်ရမယ်ဆိုပြီး သင်ပေးဖို့မကြိုးစားပါဘူး 11 00:00:34,000 --> 00:00:37,000 ကလေးတွေ ရောက်လာပြီဆိုရင် 12 00:00:37,000 --> 00:00:39,000 သူတို့တွေ ပစ္စည်းပစ္စယတွေအများကြီးနဲ့ ရင်ဆိုင်ရမယ် 13 00:00:39,000 --> 00:00:43,000 သစ်သားတွေ၊ သံတွေ၊ ကြိုးတွေ၊ ဘီးတွေ... 14 00:00:43,000 --> 00:00:48,000 ပြီးတော့ ကိရိယာတဆာပလာတွေ အများကြီး၊ အားလုံးက အစစ်တွေ... 15 00:00:48,000 --> 00:00:53,000 ကလေးတွေအတွက် ၆ ရက်တာ ကိုယ်စိတ် လုံးလုံးလျားလျား နှစ်မြှုပ်ထားရတဲ့ အတွေ့အကြုံ 16 00:00:53,000 --> 00:00:57,000 အဲဒီလို အနေအထားမှာ ကလေးတွေကို အချိန်ဆိုတာ ပေးထားလို့ရတယ် 17 00:00:57,000 --> 00:01:00,000 အချိန်က အရမ်းနည်းလွန်းတယ်လေ 18 00:01:00,000 --> 00:01:03,000 လုပ်စရာတွေ လွန်ကဲနေတဲ့ သူတို့ရဲ့ဘဝမှာပေါ့ 19 00:01:03,000 --> 00:01:06,000 ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ သူတို့တွေ ပြန်သွားတဲ့အခါ 20 00:01:06,000 --> 00:01:08,000 အရာဝတ္ထုတွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အသိကောင်းကောင်းရသွားဖို့ပဲ 21 00:01:08,000 --> 00:01:11,000 သူတို့ စရောက်ခါစ အချိန်ကထက် စာရင်ပေါ့ 22 00:01:11,000 --> 00:01:14,000 ပြီးတော့ စိတ်ထဲမှာ နက်နက်နဲနဲ နားလည်သွားစေချင်တယ် 23 00:01:14,000 --> 00:01:18,000 ပစ္စည်းတွေကို ဟိုဟိုဒီဒီကလိပေးလိုက်ရင် ကောင်းအောင်ပြန်လုပ်လို့ရတယ်ဆိုတာပေါ့ 24 00:01:18,000 --> 00:01:23,000 ဘယ်ဟာကမှတော့ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာပါဘူး... အမြဲတမ်းပါပဲ.. 25 00:01:23,000 --> 00:01:25,000 (ရယ်မောသံများ) 26 00:01:25,000 --> 00:01:27,000 ကလေးတွေက မကြာခင်မှာပဲ ကောင်းကောင်း သိသွားကြတယ် 27 00:01:27,000 --> 00:01:31,000 ပရော့ဂျက်အကုန်လုံး မှန်းချက်နဲ့မကိုက်ဘူးဆိုတာ 28 00:01:31,000 --> 00:01:32,000 (ရယ်မောသံများ) 29 00:01:32,000 --> 00:01:34,000 ပြီးတော့မှ အေးအေးဆေးဆေးဖြစ်ပြီး အသိလေးရလာတယ် 30 00:01:34,000 --> 00:01:37,000 ပရော့ဂျက်ထဲက အဆင့်တိုင်းဟာ တစ်ဆင့်ပြီးသွားရင် 31 00:01:37,000 --> 00:01:40,000 ချိုမြိန်တဲ့ အောင်မြင်မှုဆီကို 32 00:01:40,000 --> 00:01:44,000 ဒါမှမဟုတ် ပျော်ရွှင်စရာ ဘေးဒုက္ခဆီကို တစ်ဆင့်ပိုနီးလာတယ်ဆိုတာ... 33 00:01:44,000 --> 00:01:48,000 ကျွန်တော်တို့ ရည်ရွယ်ချက်မဲ့ ဟိုရေး ဒီခြစ်ကနေ စတယ် 34 00:01:48,000 --> 00:01:51,000 တခါတလေတော့ တကယ့် စီမံကိန်းလေးတွေ လုပ်ကြတယ် 35 00:01:51,000 --> 00:01:55,000 တခါတလေတော့ ကျွန်တော်တို့ တခုခု ဆောက်တာကနေ စလိုက်တယ် 36 00:01:55,000 --> 00:01:58,000 တခုခု ဆောက်လုပ်တာဟာ ဒီအတွေ့အကြုံ တစ်ခုလုံးရဲ့ အဓိက ဗဟိုချက်ပါပဲ 37 00:01:58,000 --> 00:02:01,000 လက်တွေ့လုပ်မယ်၊ စိတ်ရောကိုယ်ပါ နက်နက်ရှိုင်းရှိုင်း နှစ်မြုပ်ထားမယ် 38 00:02:01,000 --> 00:02:05,000 လက်ရှိပြဿနာကို အပြည့်အဝ အာရုံထားမယ်ပေါ့... 39 00:02:05,000 --> 00:02:08,000 ရော်ဘင် နဲ့ ကျွန်တော်က အတူဝိုင်းကူလုပ်ပေးသူတွေအနေနဲ့ 40 00:02:08,000 --> 00:02:10,000 စီမံကိန်းတွေရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းအားလုံးကို 41 00:02:10,000 --> 00:02:13,000 ပြီးမြောက်တဲ့ဘက်ရောက်အောင် အားစိုက်ပေးတယ် 42 00:02:13,000 --> 00:02:16,000 အောင်မြင်ဖို့ဆိုတာ လုပ်ကြည့်ရင်းနဲ့မှရတာ 43 00:02:16,000 --> 00:02:19,000 ရှုံးနိမ့်တာတွေကိုလည်း ဂုဏ်ပြုပေးတယ်၊ စမ်းစစ်ပေးတယ် 44 00:02:19,000 --> 00:02:22,000 ပြဿနာတွေက ပဟေဠိဖြစ်လာတယ် 45 00:02:22,000 --> 00:02:26,000 ပြီးတော့ အတားအဆီးတွေ ပျောက်ကုန်တယ် 46 00:02:26,000 --> 00:02:28,000 တကယ့်ကို ခက်ခဲတဲ့ 47 00:02:28,000 --> 00:02:30,000 မျှော်လင့်မထားတဲ့ အဆိုးတရားတွေ၊ ရှုပ်ထွေးမှုတွေ နဲ့ ကြုံလာတဲ့အခါ 48 00:02:30,000 --> 00:02:35,000 တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ အပြုအမူတွေ ပေါ်လာတယ်၊ အဲဒါကတော့ အလှအပ တန်ဆာဆင်တာပါ 49 00:02:35,000 --> 00:02:38,000 (ရယ်မောသံများ) 50 00:02:38,000 --> 00:02:40,000 မပြီးမြောက်သေးတဲ့ လုပ်ငန်းအတွက် အလှအပတန်ဆာဆင်ပေးတာဟာ 51 00:02:40,000 --> 00:02:44,000 ဒီအလုပ်ကို ဘယ်လိုပြီးအောင်ဆက်လုပ်မယ်ဆိုတာ စိတ်ထဲမှာ ဆက်ပြီး ဆက်စပ်စဉ်းစားမှုတစ်မျိုးပါ 52 00:02:44,000 --> 00:02:47,000 ဒီကြားကာလ အလုပ်ကလေးတွေကနေ နက်နဲတဲ့ အမြင်တွေ ပေါ်လာတယ် 53 00:02:47,000 --> 00:02:50,000 ပြီးတော့ ပြဿနာကို ဖြေရှင်းဖို့ အံ့ဩစရာကောင်းတဲ့ ချဉ်းကပ်မှုအသစ်တွေ ပေါ်လာတယ် 54 00:02:50,000 --> 00:02:55,000 ဒီပြဿနာတွေက သူတို့ကို အစောပိုင်းက စိတ်ဒုက္ခပေးနေတာ 55 00:02:55,000 --> 00:03:00,000 ပစ္စည်းပစ္စယအားလုံးကို အသုံးပြုဖို့ စီစဉ်ပေးထားတယ် 56 00:03:00,000 --> 00:03:06,000 ဒီ သာမန် မုန်းစရာကောင်းတဲ့ ကုန်ပစ္စည်းထုပ်တဲ့ ပလတ်စတစ်အိတ်တွေကတောင် 57 00:03:06,000 --> 00:03:08,000 တံတားတစ်စင်း ဖြစ်လာနိုင်ပါတယ် 58 00:03:08,000 --> 00:03:12,000 အားလုံးထင်ထားတာထက်တောင် ပိုပြီး ခိုင်ပါတယ် 59 00:03:12,000 --> 00:03:15,000 သူတို့ ဆောက်ထားတဲ့ဟာတွေက 60 00:03:15,000 --> 00:03:18,000 သူတို့ကိုတောင် ပြန်ပြီး အံ့ဩသွားစေပါတယ် 61 00:03:18,000 --> 00:03:22,000 သုံး... နှစ်... တစ်... လွှတ်ပြီ.... 62 00:03:29,000 --> 00:03:33,000 ၇-နှစ်အရွယ် ကလေးတွေ ဆောက်ထားတဲ့ ရိုလာကိုစတာပါ... 63 00:03:33,000 --> 00:03:36,000 ဟေး.... 64 00:03:36,000 --> 00:03:38,000 (လက်ခုပ်သံများ) 65 00:03:38,000 --> 00:03:41,000 ကျေးဇူးတင်ပါတယ်၊ ပျော်စရာ အရမ်းကောင်းပါတယ် 66 00:03:41,000 --> 00:03:47,000 (လက်ခုပ်သံများ)