1 00:00:05,943 --> 00:00:10,763 ၁၈၈၄ တုန်းက လူနာတစ်ယောက်ရဲ့ အခြေအနေဟာ ဆိုးနေရင်းကနေ ပိုဆိုးလာခဲ့တယ်။ 2 00:00:10,763 --> 00:00:14,268 သူ့လည်ပင်းမှာ အမြန်ကြီးထွားလာနေတဲ့ ကင်ဆာကျိတ်တစ်ခု ဖြစ်နေသလို 3 00:00:14,268 --> 00:00:18,909 ဘာမှမဆိုင်တဲ့ အရေပြားပိုးကြောင့် ကူးစက်ရောဂါတစ်ခု တိုးဖြစ်လာခဲ့တယ်။ 4 00:00:18,909 --> 00:00:21,619 သို့သော် မကြာမီမှာ မျှော်လင့်မရခဲ့တာ ဖြစ်ပျက်လာခဲ့ပါတယ်။ 5 00:00:21,619 --> 00:00:26,670 ကူးစက်ရောဂါ ပျောက်သွားတာနဲ့ ကင်ဆာကျိတ်ဟာလည်း လျော့သွားခဲ့ပါတယ်။ 6 00:00:26,670 --> 00:00:31,531 နောက်ခုနှစ်နှစ်အကြာမှာ William Coley ဆိုတဲ့ သမားတော်က ပြန်စစ်တဲ့အခါ 7 00:00:31,531 --> 00:00:34,191 ကင်ဆာလက္ခဏာ လုံးဝမရှိတော့တာကို အံ့သြဖွယ် တွေ့ရှိရပါတယ်။ 8 00:00:34,191 --> 00:00:37,162 Coley ဟာ ယခုလို မှန်းဆမိပါတယ်။ 9 00:00:37,162 --> 00:00:41,472 ဘက်တီးရီးယားပိုးဟာ ကင်ဆာကိုတိုက်မယ့် လူနာရဲ့ ခုခံအားစနစ်ကို 10 00:00:41,472 --> 00:00:43,710 လှုံဆော်လိုက်တာလို့ ထင်မိပါတယ်။ 11 00:00:43,710 --> 00:00:46,504 ဒီအဖြစ်ကနေပြီး Coley က ကံထူးစွာပဲ 12 00:00:46,504 --> 00:00:51,417 ကင်ဆာအတွက် ဘက်တီးရီးယားထိုးကုတဲ့နည်းကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 13 00:00:51,417 --> 00:00:55,867 ဆယ်စုနှစ်တစ်ခုကြာမှာ ဖန်တီးဇီဝပညာရှင်တွေဟာ ပိုကောင်းတဲ့နည်းကို ရှာတွေ့ခဲ့ပါတယ်။ 14 00:00:55,867 --> 00:00:58,954 ဒီဘက်တီးရီးယားပိုးတွေကတဆင့် ဆေးကို 15 00:00:58,954 --> 00:01:04,040 ကင်ဆာကျိတ်ရှိရာဆီ တိုက်ရိုက်သယ်ဆောင်စေတာပါ။ 16 00:01:04,040 --> 00:01:07,670 ကင်ဆာဆိုတာဟာ သာမန်ဆဲလ်တွေရဲ့ ပုံမှန်တာဝန်ကနေ ဆင့်ကဲပြောင်းလဲပြီး 17 00:01:07,670 --> 00:01:12,534 လျှင်မြန်စွာ ပွားများလာရာကနေ အကျိတ်ဖြစ်လာတာမျိုးပါ။ 18 00:01:12,534 --> 00:01:16,824 ဓာတ်ရောင်ခြည်ကုသမှု၊ ဆေးသွင်းကုသမှု၊ ခုခံအားကုသမှုတွေက တဆင့် 19 00:01:16,824 --> 00:01:20,459 ကင်ဆာဆဲလ်တွေကို သတ်ဖို့ကြိုးစားရာမှာ တကိုယ်လုံးကိုပါ ထိခိုက်စေပါတယ်။ 20 00:01:20,459 --> 00:01:23,457 ပုံမှန်ကျန်းမာနေတဲ့ ဆဲလ်တွေပါ ထိခိုက်လာပါတယ်။ 21 00:01:23,457 --> 00:01:26,077 သို့သော် E.Coli လို ဘက်တီးရီးယားဟာ 22 00:01:26,077 --> 00:01:31,528 အကျိတ်ထဲမှာ သွားရောက်ကြီးထွားနိုင်တဲ့ စွမ်းရည် ရှိနေပါတယ်။ 23 00:01:31,528 --> 00:01:35,478 အကျိတ်ဟာ ဘက်တီးရီးယားအကြိုက် နေရာဒေသတစ်ခုဖြစ်ပြီး 24 00:01:35,478 --> 00:01:39,367 လူ့ကိုယ်ခံအားဆဲလ်တွေဆီက ပုန်းကွယ်ရာ၊ စိတ်ကြိုက်ပွားများနိုင်တဲ့နေရာ ဖြစ်ပါတယ်။ 25 00:01:39,367 --> 00:01:41,068 ဘက်တီးရီးယားတွေကို 26 00:01:41,068 --> 00:01:45,077 ရောဂါတွေဖြစ်ပွားစေမယ့်အစား ကင်ဆာဆေးတွေကို သယ်ဆောင်ခိုင်းနိုင်ပါတယ်။ 27 00:01:45,077 --> 00:01:49,847 ကင်ဆာကိုအတွင်းကနေပြန်တိုက်နိုင်မယ့် သဘောပါပဲ။ 28 00:01:49,847 --> 00:01:54,794 ဒီလိုဘက်တီးရီးယားတွေကို မိမိလိုရာခိုင်းစေနိုင်ဖို့ဟာ 29 00:01:54,794 --> 00:01:59,514 ဖန်တီးဇီဝဗေဒပညာရပ်ရဲ့ အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ 30 00:01:59,514 --> 00:02:01,984 သို့သော် ဘက်တီးရီးယားတွေကို ဘယ်လိုခိုင်းမှာလဲ? 31 00:02:01,984 --> 00:02:05,083 အဓိကသော့ချက်က သူတို့တွေရဲ့ DNA ကို လိုအပ်သလိုပြင်ဖို့ပါ။ 32 00:02:05,083 --> 00:02:08,456 ဘက်တီးရီးယားတွင်းကို ပြင်ဆင်ထားတဲ့ မျိုးရိုးဇီဝကို ထည့်လိုက်ရင် 33 00:02:08,456 --> 00:02:11,715 သူတို့ဟာ ကင်ဆာဆဲလ်ပွားတာကို တားဆီးနိုင်မယ့် မော်လီကျူးတွေနဲ့ 34 00:02:11,715 --> 00:02:15,271 သွားရောက်ဓာတ်ပြုနိုင်ပါတယ်။ 35 00:02:15,271 --> 00:02:18,332 ဒီလိုနည်းတွေသာမက သူတို့ဟာ 36 00:02:18,332 --> 00:02:20,866 ဇီဝပတ်လမ်းတွေ အဖြစ်လည်း အသုံးဝင်နေပါတယ်။ 37 00:02:20,866 --> 00:02:25,075 သူတို့တွေ ရှိခြင်း၊ မရှိခြင်းနဲ့ ဓာတ်ပေါင်းခြင်းတွေက 38 00:02:25,075 --> 00:02:27,811 ဒီလို ခြားနားဖြစ်စဉ်တွေအတွက် အရေးပါပါတယ်။ 39 00:02:27,811 --> 00:02:31,557 ဥပမာ - အကျိတ်ဟာ အောက်ဆီဂျင်နဲ့ pH နိမ့်နေပြီး 40 00:02:31,557 --> 00:02:34,630 မော်လီကျူးတွေအများအပြား ထုတ်နေတယ် ဆိုပါစို့။ 41 00:02:34,630 --> 00:02:39,370 ဖန်တီးဇီဝပညာရှင်က ဘက်တီးရီးယားမှာ ဒါတွေကိုထောက်လှမ်းနိုင်တဲ့စနစ်တွေ 42 00:02:39,370 --> 00:02:44,012 တပ်ပေးခြင်းဖြင့် သာမန်ဆဲလ်တွေကိုရှောင်ပြီး ကင်ဆာဆဲလ်တွေဆီ ရောက်အောင်သွားပါလိမ့်မယ် 43 00:02:44,012 --> 00:02:50,307 synchronized lysis circuit (SLC) ဆိုတဲ့ ဇီဝလမ်းကြောင်းတစ်ခုဟာဆိုရင် 44 00:02:50,307 --> 00:02:55,769 ဘက်တီးရီးယားတွေကို ဆေးသယ်ခိုင်းယုံမက ဆေးပေးချိန်ကိုပါ ညှိလို့ရပါတယ်။ 45 00:02:55,769 --> 00:02:58,009 ပထမဆုံး သူက ပုံမှန်ဆဲလ်တွေကို ရှောင်မယ်။ 46 00:02:58,009 --> 00:03:02,242 ဘက်တီးရီးယားတွေ ပွားလာတာနဲ့အမျှ ကင်ဆာဆေးတွေကို ထုတ်မယ်။ 47 00:03:02,242 --> 00:03:05,324 ကင်ဆာကျိတ်အတွင်းမှာပေါ့။ 48 00:03:05,324 --> 00:03:07,671 ဆေးတွေထုတ်ပြီးချိန် 49 00:03:07,671 --> 00:03:10,840 သတ်မှတ်ထားတဲ့ ဘက်တီးရီးယားအရေအတွက်ကို ရောက်လာတာနဲ့ 50 00:03:10,840 --> 00:03:14,000 ဘက်တီးရီးယားတွေဟာ ပေါက်ကွဲသေဆုံးသွားလိမ့်မယ်။ 51 00:03:14,000 --> 00:03:18,497 ဒီဖြစ်စဉ်ကြောင့် ဆေးရရှိယုံမက ဘက်တီးရီးယားအရေအတွက်လည်း နည်းသွားလိမ့်မယ်။ 52 00:03:18,497 --> 00:03:22,549 သို့သော် ဘက်တီးရီးယားပမာဏအနည်းငယ်ကတော့ နောက်တစ်ကြိမ်ပြန်စဖို့ 53 00:03:22,549 --> 00:03:24,537 မသေပဲ ကျန်ရှိနေလိမ့်မယ်။ 54 00:03:24,537 --> 00:03:28,518 ထပ်ပွားနေပြီး သတ်မှတ်ထားတဲ့အရေအတွက်မှာ ထပ်ပြီး သေကြလိမ့်မယ်။ 55 00:03:28,518 --> 00:03:30,568 ဒီလိုနဲ့ သံသရာလည်နေလိမ့်မယ်။ 56 00:03:30,568 --> 00:03:35,318 ဒီသံသရာကို ကင်ဆာကိုတိုက်မယ့် အကောင်းဆုံးအနေအထားထိရောက်အောင် 57 00:03:35,318 --> 00:03:37,858 အသေးစိတ် ချိန်ညှိပေးနိုင်တယ်။ 58 00:03:37,858 --> 00:03:42,288 ဒီစမ်းသပ်မှုဟာ ကြွက်တွေမှာ အောင်မြင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ 59 00:03:42,288 --> 00:03:46,534 Lymphoma အကျိတ်တွေကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ယုံမက 60 00:03:46,534 --> 00:03:51,294 ထိုးသွင်းလိုက်တဲ့ ဘက်တီးရီးယားတွေဟာ ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင်ပေးသလို 61 00:03:51,294 --> 00:03:55,832 ခုခံအားဆဲလ်တွေကိုပါ Lymphoma ကိုတိုက်ဖို့ အဆင်သင့်ဖြစ်စေပါတယ်။ 62 00:03:55,832 --> 00:03:57,592 ကြွက်တွေဆီမှာပေါ့။ 63 00:03:57,592 --> 00:04:02,478 တခြားကုထုံးတွေနဲ့ မတူတာကတော့ သူတို့ဟာ ကင်ဆာကျိတ်တစ်ခုတည်းကို ဦးတည်တာမဟုတ်ပဲ 64 00:04:02,478 --> 00:04:07,789 တခြားလက္ခဏာတူ အကျိတ်တွေကို လိုက်ရှာနိုင်တာ ဖြစ်ပါတယ်။ 65 00:04:07,789 --> 00:04:12,169 ဒါ့ကြောင့် ဘက်တီးရီးယားတွေဟာ လက်ရှိကင်ဆာကို ရှင်းထုတ်ယုံတင်မက 66 00:04:12,169 --> 00:04:14,970 နောက်အနာဂတ်မှာ ကင်ဆာဖြစ်လာနိုင်တဲ့ နေရာတွေအားလုံးကို 67 00:04:14,970 --> 00:04:17,939 ရှာဖွေညွှန်ပြပေးနိုင်ပါတယ်။ 68 00:04:17,939 --> 00:04:22,198 ဒီကျန်းမာရေးအထောက်အကူပြု ဘက်တီးရီးယားတွေဟာ ကျွန်တော်တို့အူအတွင်းမှာနေပြီး 69 00:04:22,198 --> 00:04:25,098 ရောဂါတွေကို လက္ခဏာမပြခင်မှာပဲ ထောက်လှမ်း၊ ကာကွယ်ပြီး 70 00:04:25,098 --> 00:04:28,042 ကုသပေးနိုင်လိမ့်မယ်။ 71 00:04:28,042 --> 00:04:31,617 နည်းပညာတိုးတက်မှုတွေကြောင့် ဆေးပေးကုသပေးမယ့် နာနိုစက်ရုပ်လေးတွေနဲ့ 72 00:04:31,617 --> 00:04:35,610 စိတ်လှုပ်ရှားဖွယ် အနာဂတ်တွေ ရှိနေပါပြီ။ 73 00:04:35,610 --> 00:04:38,224 ဒါပေမယ့် တကယ်တမ်းတော့ ဒီလိုဖြစ်လာတာဟာ 74 00:04:38,224 --> 00:04:40,084 လွန်ခဲ့တဲ့နှစ်သန်းထောင်ချီကတည်းက 75 00:04:40,084 --> 00:04:44,343 ဘက်တီးရီးယားတွေရဲ့ ဇီဝပုံစံတွေ ပြောင်းလဲလာခဲ့တာကြောင့်လဲ ပါပါတယ်။ 76 00:04:44,343 --> 00:04:46,620 ဒီအခြေအနေကိုဖန်တီးဇီဝဗေဒနဲ့ ပေါင်းစပ်လိုက်တဲ့အခါ 77 00:04:46,620 --> 00:04:49,637 မကြာမီမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူပြောမရနိုင်ပါ။