၁၈၈၄ တုန်းက လူနာတစ်ယောက်ရဲ့
အခြေအနေဟာ ဆိုးနေရင်းကနေ ပိုဆိုးလာခဲ့တယ်။
သူ့လည်ပင်းမှာ အမြန်ကြီးထွားလာနေတဲ့
ကင်ဆာကျိတ်တစ်ခု ဖြစ်နေသလို
ဘာမှမဆိုင်တဲ့ အရေပြားပိုးကြောင့်
ကူးစက်ရောဂါတစ်ခု တိုးဖြစ်လာခဲ့တယ်။
သို့သော် မကြာမီမှာ မျှော်လင့်မရခဲ့တာ
ဖြစ်ပျက်လာခဲ့ပါတယ်။
ကူးစက်ရောဂါ ပျောက်သွားတာနဲ့
ကင်ဆာကျိတ်ဟာလည်း လျော့သွားခဲ့ပါတယ်။
နောက်ခုနှစ်နှစ်အကြာမှာ William Coley
ဆိုတဲ့ သမားတော်က ပြန်စစ်တဲ့အခါ
ကင်ဆာလက္ခဏာ လုံးဝမရှိတော့တာကို
အံ့သြဖွယ် တွေ့ရှိရပါတယ်။
Coley ဟာ ယခုလို မှန်းဆမိပါတယ်။
ဘက်တီးရီးယားပိုးဟာ ကင်ဆာကိုတိုက်မယ့်
လူနာရဲ့ ခုခံအားစနစ်ကို
လှုံဆော်လိုက်တာလို့ ထင်မိပါတယ်။
ဒီအဖြစ်ကနေပြီး Coley က ကံထူးစွာပဲ
ကင်ဆာအတွက် ဘက်တီးရီးယားထိုးကုတဲ့နည်းကို
ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဆယ်စုနှစ်တစ်ခုကြာမှာ ဖန်တီးဇီဝပညာရှင်တွေဟာ
ပိုကောင်းတဲ့နည်းကို ရှာတွေ့ခဲ့ပါတယ်။
ဒီဘက်တီးရီးယားပိုးတွေကတဆင့် ဆေးကို
ကင်ဆာကျိတ်ရှိရာဆီ
တိုက်ရိုက်သယ်ဆောင်စေတာပါ။
ကင်ဆာဆိုတာဟာ သာမန်ဆဲလ်တွေရဲ့
ပုံမှန်တာဝန်ကနေ ဆင့်ကဲပြောင်းလဲပြီး
လျှင်မြန်စွာ ပွားများလာရာကနေ
အကျိတ်ဖြစ်လာတာမျိုးပါ။
ဓာတ်ရောင်ခြည်ကုသမှု၊ ဆေးသွင်းကုသမှု၊
ခုခံအားကုသမှုတွေက တဆင့်
ကင်ဆာဆဲလ်တွေကို သတ်ဖို့ကြိုးစားရာမှာ
တကိုယ်လုံးကိုပါ ထိခိုက်စေပါတယ်။
ပုံမှန်ကျန်းမာနေတဲ့ ဆဲလ်တွေပါ
ထိခိုက်လာပါတယ်။
သို့သော် E.Coli လို ဘက်တီးရီးယားဟာ
အကျိတ်ထဲမှာ သွားရောက်ကြီးထွားနိုင်တဲ့
စွမ်းရည် ရှိနေပါတယ်။
အကျိတ်ဟာ ဘက်တီးရီးယားအကြိုက်
နေရာဒေသတစ်ခုဖြစ်ပြီး
လူ့ကိုယ်ခံအားဆဲလ်တွေဆီက ပုန်းကွယ်ရာ၊
စိတ်ကြိုက်ပွားများနိုင်တဲ့နေရာ ဖြစ်ပါတယ်။
ဘက်တီးရီးယားတွေကို
ရောဂါတွေဖြစ်ပွားစေမယ့်အစား
ကင်ဆာဆေးတွေကို သယ်ဆောင်ခိုင်းနိုင်ပါတယ်။
ကင်ဆာကိုအတွင်းကနေပြန်တိုက်နိုင်မယ့်
သဘောပါပဲ။
ဒီလိုဘက်တီးရီးယားတွေကို
မိမိလိုရာခိုင်းစေနိုင်ဖို့ဟာ
ဖန်တီးဇီဝဗေဒပညာရပ်ရဲ့
အဓိကရည်မှန်းချက်ဖြစ်ပါတယ်။
သို့သော် ဘက်တီးရီးယားတွေကို
ဘယ်လိုခိုင်းမှာလဲ?
အဓိကသော့ချက်က
သူတို့တွေရဲ့ DNA ကို လိုအပ်သလိုပြင်ဖို့ပါ။
ဘက်တီးရီးယားတွင်းကို
ပြင်ဆင်ထားတဲ့ မျိုးရိုးဇီဝကို ထည့်လိုက်ရင်
သူတို့ဟာ ကင်ဆာဆဲလ်ပွားတာကို
တားဆီးနိုင်မယ့် မော်လီကျူးတွေနဲ့
သွားရောက်ဓာတ်ပြုနိုင်ပါတယ်။
ဒီလိုနည်းတွေသာမက သူတို့ဟာ
ဇီဝပတ်လမ်းတွေ အဖြစ်လည်း
အသုံးဝင်နေပါတယ်။
သူတို့တွေ ရှိခြင်း၊ မရှိခြင်းနဲ့
ဓာတ်ပေါင်းခြင်းတွေက
ဒီလို ခြားနားဖြစ်စဉ်တွေအတွက်
အရေးပါပါတယ်။
ဥပမာ - အကျိတ်ဟာ
အောက်ဆီဂျင်နဲ့ pH နိမ့်နေပြီး
မော်လီကျူးတွေအများအပြား ထုတ်နေတယ်
ဆိုပါစို့။
ဖန်တီးဇီဝပညာရှင်က ဘက်တီးရီးယားမှာ
ဒါတွေကိုထောက်လှမ်းနိုင်တဲ့စနစ်တွေ
တပ်ပေးခြင်းဖြင့် သာမန်ဆဲလ်တွေကိုရှောင်ပြီး
ကင်ဆာဆဲလ်တွေဆီ ရောက်အောင်သွားပါလိမ့်မယ်
synchronized lysis circuit (SLC) ဆိုတဲ့
ဇီဝလမ်းကြောင်းတစ်ခုဟာဆိုရင်
ဘက်တီးရီးယားတွေကို ဆေးသယ်ခိုင်းယုံမက
ဆေးပေးချိန်ကိုပါ ညှိလို့ရပါတယ်။
ပထမဆုံး သူက
ပုံမှန်ဆဲလ်တွေကို ရှောင်မယ်။
ဘက်တီးရီးယားတွေ ပွားလာတာနဲ့အမျှ
ကင်ဆာဆေးတွေကို ထုတ်မယ်။
ကင်ဆာကျိတ်အတွင်းမှာပေါ့။
ဆေးတွေထုတ်ပြီးချိန်
သတ်မှတ်ထားတဲ့
ဘက်တီးရီးယားအရေအတွက်ကို ရောက်လာတာနဲ့
ဘက်တီးရီးယားတွေဟာ
ပေါက်ကွဲသေဆုံးသွားလိမ့်မယ်။
ဒီဖြစ်စဉ်ကြောင့် ဆေးရရှိယုံမက
ဘက်တီးရီးယားအရေအတွက်လည်း နည်းသွားလိမ့်မယ်။
သို့သော် ဘက်တီးရီးယားပမာဏအနည်းငယ်ကတော့
နောက်တစ်ကြိမ်ပြန်စဖို့
မသေပဲ ကျန်ရှိနေလိမ့်မယ်။
ထပ်ပွားနေပြီး သတ်မှတ်ထားတဲ့အရေအတွက်မှာ
ထပ်ပြီး သေကြလိမ့်မယ်။
ဒီလိုနဲ့ သံသရာလည်နေလိမ့်မယ်။
ဒီသံသရာကို ကင်ဆာကိုတိုက်မယ့်
အကောင်းဆုံးအနေအထားထိရောက်အောင်
အသေးစိတ် ချိန်ညှိပေးနိုင်တယ်။
ဒီစမ်းသပ်မှုဟာ ကြွက်တွေမှာ
အောင်မြင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
Lymphoma အကျိတ်တွေကို
အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ယုံမက
ထိုးသွင်းလိုက်တဲ့ ဘက်တီးရီးယားတွေဟာ
ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင်ပေးသလို
ခုခံအားဆဲလ်တွေကိုပါ Lymphoma ကိုတိုက်ဖို့
အဆင်သင့်ဖြစ်စေပါတယ်။
ကြွက်တွေဆီမှာပေါ့။
တခြားကုထုံးတွေနဲ့ မတူတာကတော့ သူတို့ဟာ
ကင်ဆာကျိတ်တစ်ခုတည်းကို ဦးတည်တာမဟုတ်ပဲ
တခြားလက္ခဏာတူ အကျိတ်တွေကို
လိုက်ရှာနိုင်တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘက်တီးရီးယားတွေဟာ
လက်ရှိကင်ဆာကို ရှင်းထုတ်ယုံတင်မက
နောက်အနာဂတ်မှာ ကင်ဆာဖြစ်လာနိုင်တဲ့
နေရာတွေအားလုံးကို
ရှာဖွေညွှန်ပြပေးနိုင်ပါတယ်။
ဒီကျန်းမာရေးအထောက်အကူပြု ဘက်တီးရီးယားတွေဟာ
ကျွန်တော်တို့အူအတွင်းမှာနေပြီး
ရောဂါတွေကို လက္ခဏာမပြခင်မှာပဲ
ထောက်လှမ်း၊ ကာကွယ်ပြီး
ကုသပေးနိုင်လိမ့်မယ်။
နည်းပညာတိုးတက်မှုတွေကြောင့်
ဆေးပေးကုသပေးမယ့် နာနိုစက်ရုပ်လေးတွေနဲ့
စိတ်လှုပ်ရှားဖွယ် အနာဂတ်တွေ
ရှိနေပါပြီ။
ဒါပေမယ့် တကယ်တမ်းတော့
ဒီလိုဖြစ်လာတာဟာ
လွန်ခဲ့တဲ့နှစ်သန်းထောင်ချီကတည်းက
ဘက်တီးရီးယားတွေရဲ့ ဇီဝပုံစံတွေ
ပြောင်းလဲလာခဲ့တာကြောင့်လဲ ပါပါတယ်။
ဒီအခြေအနေကိုဖန်တီးဇီဝဗေဒနဲ့
ပေါင်းစပ်လိုက်တဲ့အခါ
မကြာမီမှာ ဘာတွေဖြစ်လာမလဲဆိုတာ
ဘယ်သူပြောမရနိုင်ပါ။