ပြောရမယ်ဆိုရင် မှတ်ဉာဏ်တုက စက်မှုလုပ်ငန်းတွေကိုတုန်လှုပ် စေတဲ့နေရာမှာလူသိများတယ်။ ရေခဲမုန့် အကြောင်းဆိုရင်ကော။ ကျွန်မတို့စိတ်ထဲမှာတွေးထားတဲ့ အရသာအသစ်တွေကို အဆင့်မြင့်တဲ့ညဏ်ရည်တု တွေသုံးပြီးထုတ်လုပ်နိုင်မှာလား။ ဒါကြောင့် Kealing အထက်တန်းကျောင်းမှာ ကုတ်ရေးသားသူအုပ်စုတစ်စုနဲ့ အသင်းဖွဲ့ပြီး ဒီမေးခွန်းရဲ့အဖြေကို ရှာဖွေခဲ့တယ်။ သူတို့တွေက အခုလက်ရှိမှာရှိသမျှသောရေခဲ မုန့်အရသာ ၁၆၀၀ကျော်လောက် စုဆောင်းခဲ့တယ်။ ပြီးတော့ ရှိရလာတဲ့ဟာတွေကို ကွန်ပျူတာထဲ အကုန်ထည့်ပြီး ဘာထုတ်လုပ်နိုင်မလဲ ကြည့်တယ်။ ဉာဏ်ရည်တုဆီကနေ အရသာအသစ်အချို့ တွေကတော့ ဖရုံသီးအမှိုက်အရသာ (ရယ်သံ) မြေပဲထောပတ်ရေညှိအရသာ စတော်ဘယ်ရီခရင်ရောဂါအရသာ (ရယ်သံ) ဒီအရသာတွေက ကျွန်မတို့ မျှော်လင့်ထားတဲ့ အရသာတွေမဟုတ်ဘူး။ ဒါဆို မေးခွန်းက ဘာတွေဖြစ်သွားလဲ။ ဘာတွေမှားသွားတာလဲ။ ဉာဏ်ရည်တုက လူတွေကိုပြန်သတ်နေတာလား။ ဒါမဟုတ် ကျွန်မတို့ပြောတဲ့အတိုင်း လုပ်ဖို့ ကြိုးစားနေတာလား ပြီးတော့ ပြဿနာရှိနေတာလား။ ရုပ်ရှင်ထဲကလို ဉာဏ်ရည်တုက တစ်ခုခုချိူ့ယွင်းနေတဲ့အခါ အမြဲလိုလို ဉာဏ်ရည်တုက ဆုံးဖြတ်တာတွေက လူသားတွေကို လိုက်မနာချင်တော့တာပါ။ သူမှာရည်ရွယ်ချက်တွေရှိလာတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်ဘ၀မှာတော့ ကျွန်မတို့မှာ ရှိနေတဲ့ ဉာဏ်ရည်တုတွေက အဲ့လောက်ထိကို မစွမ်းဆောင်နိုင်သေးပါဘူး ဉာဏ်ရည်တုမှာ အနီးစပ်ဆုံးတွက်ချက် နိုင်တဲ့စွမ်းဆောင်ရည်ကတော့ တီကောင် တစ်ကောင် ဒါမှမဟုတ် အများဆုံး ပျားတစ်ကောင် လောက် တကယ်ကတော့ အဲ့ထက်လည်း နည်းကောင်းနည်းနိုင်ပါတယ်။ ဘာလဲဆိုတော့ ကျွန်မတို့ ဦးနှောက်အကြောင်းကိုပိုသိလာရင် ဉာဏ်ရည်တုတွေက ဦးနှောက်အစစ်တွေကို မယှဉ်နိုင်တာကို ရှင်းလင်းစွာသိနိုင်တယ် ဒါကြောင့် ယနေ့ခေတ်ဉာဏ်ရည်တုက စေ့ဆော်မှု သိပ်မရှိတာတွေပဲလုပ်နိုင်တာတွေ့ရမယ် သို့သော်လည်း စေ့ဆော်မှုမရှိတဲ့ သဘောတရားဆိုတာက စာကြောင်းတွေ စာသားတွေ နဲ့အရာ၀တ္ထု ပစ္စည်းတွေ စုဆောင်းထားတာထက်မပိုပါဘူး ဉာဏ်ရည်တုက လူသားက ဘယ်လိုလဲမျိူးလဲဆိုတာမသိနိုင်ပါဘူး ဒါဆိုရင် ယနေ့ခေတ်မှာရှိတဲ့ ဉာဏ်ရည်တု တွေက ဘာတွေလုပ်ဆောင်နိုင်သလဲ တတ်နိုင်ရင် လုပ်ဆောင်ပါလိမ့်မယ် ကျွန်မတို့ လိုချင်တာကို လုပ်ဆောင်ပေးနိုင်မှာမဟုတ်ပါဘူး ဒါကြောင့် ပြောရမယ်ဆိုရင် သင်က ဉာဏ်ရည်တုကို စုစည်းထားတဲ့ စက်ရုပ်အစိတ်အပိုင်း တွေ ယူလာခိုင်းမယ် ပြီးရင် အပိုင်းတွေကို စက်ရုပ်ဖြစ်အောင် ဆက်ခိုင်းပြီး အမှတ် A ကနေBကိုသွားခိုင်းမယ် သင်သာ အခုပြဿနာကို ကြိုးစား ပြီးဖြေရှင်းတော့မယ်ဆိုရင် ရေးနေကျဖြစ်တဲ့ ပရိုဂရမ်ရေး ပြီးဖြေရှင်းပါလိမ့်မယ် တစ်ဆင့်ပြီးတဆင့် ညွှန်ကြားချက်တွေပေးမယ် အပိုင်းတွေကို ဘယ်လိုသယ်ရမယ် ခြေထောက်ပါ အောင်ဘယ်လို တပ်ဆင်ရမယ် အမှတ်B ရောက်အောင်ဘယ်လို လမ်းလျှောက်ရမယ် ဉာဏ်ရည်တုကိုသုံးပြီး ဖြေရှင်းတော့တဲ့အခါ ခြားနားပါလိမ့်မယ် သင်က ပြဿနာကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာ ပန်းတိုင်သတ်မှတ်ရန်မပြောပြပါက စမ်းသပ်လိုက် မှားလိုက်နဲ့ အဖြေကိုရှာဖွေမယ် ပန်းတိုင်ကိုဘယ်လိုရောက်ရှိအောင် ပြီးတော့ ဉာဏ်ရည်တုက သီးခြားပြဿနာ တွေကို ဖြေရှင်းလာနိုင်လိမ့်မယ် ဒီလိုလုပ်ဆောင်ခြင်းအားဖြင့်ပေါ့ သူ့ဘာသာ တာဝါတိုင်ထောင်မယ် ပြီးတော့ လဲကျမယ် အမှတ် B မှာကျမယ် နည်းပညာဆန်စွာ ပြဿနာကိုဖြေရှင်းနိုင်မယ် အမှတ် B ကိုရောက်အောင်လုပ်မယ် ဉာဏ်ရည်တုတွေရဲ့ အန္တရာယ်က ကျွန်မတို့ကို ပုန်ကန်မှာမဟုတ်ဘူး ကျွန်မတို့တောင်းဆိုတဲ့ အတိုင်းတိတိ ကျကျလုပ်ဆောင်ပေးခြင်းဖြစ်တယ် ဉာဏ်ရည်တုကိုသုံးပြီး အလုပ် လုပ်ရတော့ရင် နည်းလမ်းက ကျွန်မတို့လိုချင်တာကိုလုပ်ဆောင်ပေးနိုင် ဖို့ ပြဿနာတစ်ရပ်ကို ဘယ်လိုတည်ဆောက်ရမှာလဲ ဒီမှာရှိတဲ့ စက်ရုပ်သေးသေးလေးကို ဉာဏ်ရည်တုထိန်းချူပ်နေတယ် ဉာဏ်ရည်တုက စက်ရုပ်ခြေထောက်တွေရဲ့ ဒီဇိုင်းကို စဉ်းစားခဲ့တယ် ပြီးတော့ အတားအဆီးတွေကိုကျော်လွန်ဖို့ ဒါတွေဘယ်လိုအသုံးပြုရမလဲဆိုတာ အဖြေရှာဖွေတယ် ဒါပေမဲ့ David Ha က ဒီလက်တွေ့ စမ်းသပ်ချက်ကိုလုပ်ဆောင်တဲ့အခါ သူအရမ်းအရမ်းကိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့ တပ်ဆင်ခဲ့ရတယ် ဉာဏ်ရည်တုက ခြေထောက်ဘယ်လောက် ကြီးကြီး ခွင့်ပြုထားတဲ့အပေါ်မူတည်ပြီး ဘာလို့လဲဆိုတော့ အဲ့လိုမှမဟုတ်ရင် (ရယ်သံ) ပြီးတော့ နည်းပညာဆန်ဆန် အတားအဆီး ကျော်ဖြတ်တဲ့သင်ခန်းစာကို ပြီးဆုံးခဲ့တယ် ဉာဏ်ရည်တုနဲ့ လမ်းလျှောက်ဖို့အတွက်တောင် ဘယ်လောက်ခက်ခက်လုပ်ရလဲဆိုတာ တွေ့နိုင်တယ် သင်က ဉာဏ်ရည်တုဒီလိုလုပ်တာကို မြင်ရင် အဆင်ပြေပါတယ် မမျှတဘူးလို့ပြောနိုင်ပါတယ် သင်က တာဝါအရှည်လည်းမဟုတ်ဘူး လဲကျမှာလည်းမဟုတ်ဘူး သင်တကယ်လုပ်ရဖို့လိုတာက ခြေထောက်အသုံးပြုပြီးလမ်းလျှောက်ရုံပါပဲ ပြီးတော့ လှည့်ပြီးထွက်သွားဖို့ ဆိုတာကလည်းမဖြစ်နိုင်ပါဘူး ဒီဉာဏ်ရည်တုရဲ့အလုပ်က မြန်မြန်ဆန်ဆန်သွားဖို့ပါပဲ မျက်နှာမူရာရှေ့ဘက်ကိုပြေးဖို့ ဒါမှမဟုတ် လက်ကိုသုံးပြီးပြေး ဖို့မပြောထားဘူး ဒါကသင် ဉာဏ်ရည်တုကိုမြန်မြန်ပြေးဖို့ သင်ပေးတဲ့အခါမှာ ကြုံတွေ့ရမှာတွေက အေးရိုးဗစ်ကစားတဲ့အခါပြေးတဲ့ပုံမျိူးနဲ့ ရူးကြောင်ကြောင်လမ်းလျှောက်လိမ့်မယ် ဒါကတကယ်တော့ ပုံမှန်ပါပဲ အမှိုက်ပုံထဲရောက်ပြီး ကြမ်းပြင်ပေါ်မှာ တုန်တုန်နဲ့သွားနေတာတွေ (ရယ်သံ) ဒါဆို ဒီကိစ္စတစ်ခုလုံးရူးကြောင်နိုင် နေခဲ့တာတွေပဲ သိထားတယ် ဒုက္ခပေးတဲ့ စက်ရုပ်တွေလား အခွင့်အရေးထပ်ပေးရင်နောက်ထပ်လုပ်နိုင် တာ "The Matrix" ကိုဖောက်ထွင်းခြင်းဖြစ်တယ် ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ ပတ်ဝန်းကျင်မှာသင်ကြားပေးရင် သင်္ချာအမှားတွေကို ဖောက်ထွင်း ခြင်းကဲ့သို့သောအရာတွေ စွမ်းအင်အတွက်အမှားတွေပယ်ခြင်းကို သင်ယူလိမ့်မယ် ဒါမှမဟုတ် မလှုပ်ရှားတော့ဘဲ ဘယ်လို အမြန်သွားလို့ရမလဲ အထပ်ထပ် အဖြေရှာလိမ့်မယ် ဉာဏ်ရည်တုနဲ့အလုပ်လုပ်တဲ့အခါ တခြားလူသားတစ်ယောက်နဲ့ တွဲလုပ်နေတာနဲ့မတူပါဘူး သဘာ၀အတိုင်းပုံမှန်မဟုတ်တဲ့ဟာမျိူးနဲ့ အလုပ်လုပ်နေရတာနဲ့တူပါတယ် မှားယွင်းတဲ့ပြဿနာကိုဖြေရှင်းဖို့ မတော်မဆလွယ်ကူစွာပေးနိုင်တယ် မကြာခဏဆိုသလို ကျွန်မတို့မမှားဘူးလို့ ထင်ထားတာတွေကို မယုံကြည်တော့တာမျိူးတွေ အခုဟာ ကျွန်မလက်တွေ့စမ်းသပ်ထားခဲ့တာတွေပါ အဲဒီနေရာမှာ ဆေးရောင်တွေကို ကူးယူဖို့အတွက် ဉာဏ်ရည်တုကိုသုံးထားခဲ့တယ် အသစ်တွေကို ဖန်တီးဖို့အတွက်ပေါ့ ပေးထားတဲ့အရောင်တွေကအခုဘယ်ဘက်မှာပါ ဒါကတော့ဉာဏ်ရည်တုအမှန် တကယ် စဉ်းစားထားတဲ့ဟာတွေပါ ကုန်းပတ်ကနေရောင်၊ နေရောင်၊ ခံစားရသောအရောင်၊ ဆီးခုံအရောင် (ရယ်သံ) နည်းပညာဆန်စွာပဲ ကျွန်မတောင်းဆိုထားသလို လုပ်ထားခဲ့တယ် ကျွန်မထင်တာကတော့ ကျွန်မတောင်းဆို ထားတဲ့ အရောင်ကောင်းကောင်းတွေပေါ့ ဒါပေမဲ့ ကျွန်မအမှန်တကယ် တောင်းဆိုခဲ့တာကတော့ အက္ခရာတွေစုစည်းထားတာကို တုပထားတာပဲဖြစ်တယ် မူလကတွေ့ထားတဲ့ဟာတွေကိုပေါ့ ပြီးတော့ ကျွန်မကစာလုံးတွေရဲ့ အဓိပ္ပာယ်ကိုလုံး၀ကိုမပြောပြထားဘူး ဒါမှမဟုတ် ဒီအရောင်တွေ အသုံးပြုတာကိုရှောင်ရှားဖို့အတွက် စာလုံးတချို့ရှိကောင်းရှိနေနိုင်တယ် ဒါကြောင့်သူသိထားတာအားလုံးက ကျွန်မပေးထားတဲ့ အချက်အလက်တွေပဲဖြစ်တယ် ရေခဲမုန့်အရသာတုန်းကလိုပေါ့ အဲ့ဒါကဘာမှသိတာမဟုတ်ဘူး သူက အချက်အလက်တွေကိုပဲသိတာ ဒါကြောင့် ကျွန်မတို့က ဉာဏ်ရည်တုကို မတော်မဆမှားယွင်းတာတွေကို ခိုင်းနိုင်မိတယ် ဒီငါးကို ကကတစ်ငါးလို့ခေါ်ပါတယ် သုတေသနပြုလုပ်တဲ့အုပ်စုတစ်စုရှိခဲ့တယ် ဒီပုံထဲကကကတစ်ငါးကိုခွဲခြားသတ် မှတ်ဖို့အတွက်ဉာဏ်ရည်တုကို သင်ကြားပေးခဲ့တယ် ဒါပေမဲ့ ပြီးတဲ့အခါ ရုပ်ပုံရဲ့ဘယ်အပိုင်းကို အမှန်တကယ် ငါးဖြစ်ပါတယ်ဆိုတာ မေးမြန်းသောအခါ ထင်ရှားစွာဖော်ပြထားတယ် ဟုတ်ပါတယ် အဲ့ဒါတွေကလူသားလက်ချောင်းတွေပါ ဘာကြောင့်အဲ့တာကလူလက် ချောင်းတွေကိုရှာနေရတာလဲ တကယ်လို့ ငါးတွေကိုသာ ရှာနေတယ်ဆိုရင်ပေါ့ ကောင်းပီ သူကရှာဖွေရမယ့် ကကတစ်ငါးဘက်ကိုလှည့်လာပါပီ သင်ကြားနေစဉ်အတောအတွင်းမှာ ဉာဏ်ရည်တုက ကကတစ်ငါးပုံ အများကြီး မြင်ဖူးပြီပြီ ငါးတွေကတော့ ဒီလိုပုံတွေပါ (ရယ်သံ) အဲဒါက လက်ချောင်းတွေက ငါးမဟုတ်ဘူးဆိုတာကို သိပုံမပေါ်ဘူး ဉာဏ်ရည်တုက သူကြည့်နေတာကို နားလည်အောင် ပုံဖော်ဖို့ဆိုတာကိုပဲ အရမ်းခက်ခဲမှန်း သိပြီထင်ပါတယ် အလိုအလျောက်မောင်းနှင်တဲ့ ကားတွေမှာပုံတွေကိုမှတ်မိအောင် ဒီဇိုင်းလုပ်နေရတာက အရမ်းခက်ခဲပါတယ် ပြီးတော့အလိုအလျောက်မောင်း တဲ့ကားတွေပျက်စီးရတာ ဉာဏ်ရည်တုတွေ ရှုပ်ထွေးမှု တွေဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ် ၂၁၀၆ခုနစ်တုန်းက နမူနာ တစ်ခုကိုပြောပြချင်ပါတယ် Tesla ရဲ့ ဉာဏ်ရည်တုကိုသုံးပြီးအလိုအလျောက် မောင်းအသုံးပြုစဉ် မတော်တဆမှုဖြစ်ခဲ့ဖူးတယ် အမြန်လမ်းမှာမောင်းဖို့ဒီဇိုင်း လုပ်ထားတာကိုအမြန်လမ်းမှာမောင်းမယ့်အစား မြို့ထဲကလမ်းပေါ်မှာမောင်းနှင်ခဲ့တယ် ဘာဖြစ်ခဲ့လဲဆိုတော့ ထရပ်ကားရှေ့ကိုရောက်သွားပြီး ဘရိတ်မအုပ်နိုင်ခဲ့တာဖြစ်တယ် အခုဆိုရင် ဉာဏ်ရည်တုကိုထရပ်ကားတွေရဲ့ပုံတွေ မှတ်မိဖို့လုံး၀ကိုသင်ကြားပြီးပါပြီ ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာကဘာနဲ့တူတာလဲဆိုတော့ အမြန်လမ်းပေါ်မှာရှိတဲ့ ထရပ်ကားတွေကိုမှတ်မိအောင်သင်ပေးခဲ့တယ် အမြန်လမ်းပေါ်မှာထရပ်ကားတွေ ကအနောက်မှာပဲရှိမှာပဲ အမြန်လမ်းပေါ်မှာဆိုရင် ထရပ်ကားက ဘေးဘက်မှာရှိမယ်မယူဆထားပါဘူး ဒါကြောင့် ဉာဏ်ရည်တုက ထရပ်ကားကိုမြင်လိုက်တဲ့အခါ လမ်းအမှတ်အသားလို့ယူဆလိုက်ပုံရတယ် အန္တရာယ်ကင်းတယ်ထင်ပြီး အောင်ဘက်ကိုဝင်သွားတယ် ကွဲပြားတဲ့နယ်ပယ်မှာ မှားလှမ်းမိတဲ့ခြေလှမ်းပေါ့ အမေဇုန်ကတော့မကြာခင်ကအလုပ်လျှောက်လွှာ တွေကို စိစစ်တာအလုပ်လုပ်ဆောင်နိုင်သော ပရိုဂရမ်ကိုစွန့်ခဲ့တယ် အဲဒီပရိုဂရမ်မှာအမျိူးသမီးတွေကိုခွဲခြား ဆက်ဆံတတ်အောင်သင်ပေးတာကိုရှာတွေ့တဲ့အခါပေါ့ အရင်ကလုပ်ခဲ့တဲ့လူတွေရဲ့ နမူနာလျှောက်လွှာတွေနဲ့ သင်ကြားပေးခဲ့လို့ဖြစ်တယ် ပြီးတော့အဲ့နမူနာဆီကနေ ဉာဏ်ရည်တုက အမျိူးသမီးတက္ကသိုလ်တတ်ရောက်ဖူးတဲ့သူတွေ လျှောက်လွှာတစ်နေရာရာမှာ အမျိူးသမီးဆိုတဲ့စာလုံးပါလာခဲ့လျှင် အမျိူးသမီးဘောလုံးအသင်း ဒါမှမဟုတ်အင်ဂျင်နီ ယာအသင်း စတာတွေပါလာခဲ့လျှင် မရွေးချယ်ပါဘူး ဉာဏ်ရည်တုက ဒီလိုလူသားတွေသာ လုပ်နိုင်တဲ့သီးခြားအလုပ်တွေကို ကူးယူရမယ်ဆိုတာ သိရှိခဲ့ပါဘူး နည်းပညာဆန်စွာပြောရရင် တောင်းဆိုထား တာကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ် မှားယွင်းတဲ့အရာတွေကိုမတော် တဆတောင်းဆိုမိခြင်းပဲဖြစ်တယ် ဒါတွေက ဉာဏ်ရည်တုမှာတစ်ချိန်လုံးဖြစ်နေတာပါ ဉာဏ်ရည်တုက ဖျက်ဆီးနိုင်စွမ်းရှိတယ် ပြီးတော့ အဲ့တာကမသိဘူး ဉာဏ်ရည်တုက facebookတို့ youtube တို့မှာရှိ တဲ့အကြောင်းအရာတွေကို ညွှန်းဆိုနိုင်ပါတယ် ကလင့်နှိပ်ပြီးကြည့်ရှုနှုန်းတိုးများလာ အောင်လည်း အသုံးပြုနိုင်ပါတယ် ကံမကောင်းစွာပဲ ဒီလိုလုပ်လိုက်တဲ့အတွက် တွေ့ရှိလာတဲ့နည်းလမ်းတစ်ခုက မကောင်းမှုကျူးလွန်တာ ဒါမှမဟုတ် ဝါဒဖြန့်တာ တွေကျူးလွန်လာနိုင်တယ်လို့ အကြုံပြုထားပါတယ် ဉာဏ်ရည်တုကတော့ တကယ်ဘာအကြောင်းအရာတွေပါ ဝင်လာတာလဲဆိုတာ သိနိုင်တဲ့သဘောတရားမရှိပါဘူး ပြီးတော့ အကြံပြုထားတဲ့အကြောင်း အရာတွေရဲ့အကျိူးဆက်က ဘာဖြစ်မလဲဆိုတာကို သိနိုင်သဘောတရားမရှိပါဘူး ဒါကြောင့် ဉာဏ်ရည်တု တွေနဲ့အလုပ်လုပ်တဲ့အခါ ပြဿနာတွေကိုရှောင်ဖို့ဆိုတာ ကျွန်မတို့အပေါ်မူတည်ပါတယ် ရှောင်တဲ့အရာတွေက မှားယွင်းသွားက အရင်ခေတ်က ဆက်သွယ်ရေးပြဿနာတွေ ဖြစ်တဲ့လူသားတွေက ဉာဏ်ရည်တုကို ဘယ်လိုဆက်သွယ်ရမလဲ အခြေအနေကိုကြုံရလိမ့်မယ် ကျွန်မတို့ကဉာဏ်ရည်တုသည်ဘာတွေစွမ်းဆောင် တယ်ဘာတွေမစွမ်းဆောင်ဘူးဆိုတာကိုသင်ယူရမယ် တီကောင်လောက်သေးငယ်တဲ့ ဦးနှောက်ကိုနားလည်ရမယ် ဉာဏ်ရည်တုက ကျွန်မတို့တောင်းဆိုတာ ကိုတကယ်နားလည်မှာမဟုတ်ဘူး နောက်ပြောရရင် ကျွန်မတို့ကဉာဏ်ရည်တု နဲ့အလုပ်လုပ်ဖို့ပြင်ဆင်ထားရမယ် ဉာဏ်ရည်တုနဲ့ပတ်သက်တဲ့သိပ္ပံကားတွေအားလုံး သိထားခြင်းက လုံး၀လုံလောက်နေတာမဟုတ်ပါဘူး ဉာဏ်ရည်တုနဲ့အလုပ်လုပ် ဖို့ကိုပြင်ကိုပြင်ဆင်ထားခြင်းက ကျွန်မတို့အမှန်တကယ်ရှိနေတဲ့ ပစ္စုပ္ပန်ကာလ ကိုရောက်နေတာဖြစ်တယ် အခုလက်ရှိမှာရှိတဲ့ ဉာဏ်ရည်တုကတော့ ကြောင်တောင်တောင်ဖြစ်နေတုန်းပါပဲ ကျေးဇူးတင်ပါတယ် (လက်ခုပ်သံ)