William Butler Yeats ရဲ့ ဒုတိယမ္မိ ရောက်ရှိခြင်း။ ကျယ်ကျယ်လာနေတဲ့ ဝဲကြီးထဲမှာ တလည်လည်နဲ့ သိမ်းငှက်ဟာ သိမ်းငှက်ဆရာကို မကြားရတော့၊ အရာတွေ ကွဲပြိုသွား၊ ဗဟိုက မထိန်းနိုင်ေတာ့ပါ။ ပရမ်းပတာအခြေအနေ သက်သက်ဟာ ကမ္ဘာပေါ်ကို လျော့ကျလျှက်ပေါ့။ သွေးရိပ်ရိပ် ဒီရေဟာ လျော့ရဲရဲ နေရာတိုင်းမှာပါ။ အပြစ်ကင်းမှုရဲ့ အခမ်းအနားဟာ ရေနစ်နေတယ်။ ခံယူချက်မှမဲ့တဲ့ အကောင်းဆုံးတွေဟာ အဆိုးဆုံးတွေ ထက်သန်တဲ့ ပြင်းပြမှုနဲ ပြည့်နေတယ်။ ဖွင့်ချချက်က လက်တစ်ကမ်းမှာ အသေအချာပဲလေ။ ဒုတိယမ္မိ ရောက်ရှိခြင်း ဒီစကာလုံးတွေ ပွင့်ထွက်ဖို့အနိုင်နိုင်ပါ။ Spiritus Mundi ဆီက ဧရာမ ရုပ်သွင်တစ်ခု ထွက်လာတဲ့အခါ ငါ့အမြင်အာရုံကို ဒုက္ခပေးတယ်၊ ကန္တာရရဲ့ သဲသောင်ပြင် တစ်နေရာရာမှာလေ။ ခြင်္သေ့ကိုယ် လူဦးခေါင်းနဲ့ သဏ္ဌာန်တစ်ခု ခံစားချက်မဲ့ပြီး နေမင်းလို ကရုဏာမဲ့တဲ့ အငေးတစ်ခု ၎င်းရဲ့ နှေးကွေးတဲ့ပေါင်တံတွေကို ရွေ့နေတဲ့အခိုက် မခံမရပ်ဖြစ်နေတဲ့ ကန္တာရ ငှက်တွေရဲ့ အရိပ်တွေ ချာချာလည် အမှောင်ထုက ကျလာပြန်ပြီပေါ့၊ ဒါပေမဲ့ အခုတော့ ငါသိတယ်၊ ကျောက်တုံးလို အိပ်စက်မှုရဲ့ ရာစု နှစ်ဆယ်ဟာ လွှဲနေတဲ့ ပုခက်တစ်ခုကြောင့် အိပ်မက်ဆိုးကို စိတ်ဆိုးခဲ့တာတွေဆိုတာ။ ကြမ်းတမ်းတဲ့ တောကောင်ကြီး နောက်ဆုံး သူ့အချိန် တစ်ကျော့ပြန်ရောက်လာ၊ မွေးဖွားဖို့ Bethlehem ဆီ ပျော့တိပျော့ခွေနဲ့ပေါ့။