1 00:00:01,619 --> 00:00:05,761 လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မတို့ဟာ အမျိုးသားတွေကို အော်ထုတ်နေခဲ့တယ်။ 2 00:00:07,103 --> 00:00:08,302 ဒါ ပြီးဖို့လိုခဲ့တာပေါ့။ 3 00:00:08,326 --> 00:00:10,278 (လက်ခုပ်သံများ) 4 00:00:10,302 --> 00:00:15,646 ဒါပေမဲ့ မကြာသေးခင်က ဒါထက် ပိုပြင်းထန်တဲ့ တစ်ခုခုလုပ်ဖို့လိုတယ်လို့ တွေးနေမိတယ်။ 5 00:00:16,567 --> 00:00:20,149 ကျွန်မရဲ့မိတ်ဆွေကောင်း Tony Porter ပြောသလို 6 00:00:20,173 --> 00:00:23,889 သူတို့ကို ခေါ်ယူဖို့ နည်းလမ်း တစ်ခု ရှာဖို့လိုတယ်။ 7 00:00:25,412 --> 00:00:29,420 ကျွန်မရဲ့အဖေက ကျွန်မ ငါးနှစ်သမီးမှာ ကျွန်မကို လိင်ပိုင်း မတရားပြုခဲ့တယ်။ 8 00:00:30,586 --> 00:00:33,681 ညလယ်ပိုင်းမှာ ကျွန်မရဲ့အခန်းထဲကို ဝင်ဝင်လာနေခဲ့တယ်။ 9 00:00:33,705 --> 00:00:35,515 သူက ဘဝင်ခိုက်နေပုံရခဲ့တယ်။ 10 00:00:36,476 --> 00:00:39,150 မတရားမှုက ကျွန်မ ၁၀ နှစ်အထိ ဆက်ရှိခဲ့တယ်။ 11 00:00:39,846 --> 00:00:42,149 ကျွန်မ သူ့ကို ခုခံဖို့ဖို့ ကြိုးစားတဲ့အခါ၊ 12 00:00:42,173 --> 00:00:44,960 နောက်ဆုံး ငြင်းဆိုနိုင်တဲ့အခါမှာ 13 00:00:44,984 --> 00:00:46,792 သူက ကျွန်မကို စတင် ရိုက်နှက်တယ်။ 14 00:00:46,816 --> 00:00:48,590 ကျွန်မကို ငတုံးလို့ ခေါ်ခဲ့တယ်။ 15 00:00:48,614 --> 00:00:49,974 လူလိမ်လို့ ပြောခဲ့တယ်။ 16 00:00:50,974 --> 00:00:53,705 လိင်မတရားမှုက ကျွန်မ ၁၀ နှစ် အရွယ်မှာ အဆုံးသတ်ခဲ့ပေမဲ့ 17 00:00:53,729 --> 00:00:56,562 တကယ်တော့ ဘယ်တော့မှ မဆုံးခဲ့ဘူး။ 18 00:00:57,531 --> 00:00:59,237 ဒါက ကိုယ်ဘယ်သူဆိုတာကိုပြောင်းခဲ့တယ် 19 00:00:59,823 --> 00:01:04,298 ကျွန်မဟာ တစ်ချိန်လုံး ပူပန်မှု၊ အပြစ်၊ အရှက်နဲ့ ပြည့်နေခဲ့တယ်။ 20 00:01:04,322 --> 00:01:06,121 ဘာကြောင့်ဆိုတာ မသိခဲ့ဘူး။ 21 00:01:06,145 --> 00:01:09,200 ကျွန်မရဲ့ခန္ဓာကိုယ်ကို မုန်းခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မုန်းခဲ့တယ်။ 22 00:01:09,224 --> 00:01:10,970 အတော်များများ စက်ဆုပ်မိခဲ့တယ်။ 23 00:01:10,994 --> 00:01:12,300 တွေးလို့ မရနိုင်ခဲ့ဘူး။ 24 00:01:12,324 --> 00:01:13,946 အကြောင်းအရာတွေကို မမှတ်မိနိုင်ဘူး။ 25 00:01:14,343 --> 00:01:17,545 ကျွန်မဟာ အန္တရာယ်ရှိတဲ့ ယောက်ျား၊ မိန်းမတွေဆီ ဆွဲထုတ်ခံရတယ်၊ 26 00:01:17,569 --> 00:01:22,438 ကျွန်မကို ဆိုးဝါးစွားပြုမူဖို့ ခွင့်ပေးတဲ့ တကယ်က ကျွန်မ ဖိတ်ခေါ်ခဲ့သူတွေပါ။ 27 00:01:22,462 --> 00:01:25,276 အကြောင်းက အချစ်ဆိုတာ ဒါလို့ အဖေက ကျွန်မကို သင်ပေးခဲ့လို့ပါ။ 28 00:01:26,708 --> 00:01:31,237 တစ်ဘဝလုံး ကျွန်မက အဖေဟာ ဝန်ချတောင်းပန်မှာကို စောင့်နေခဲ့တယ်။ 29 00:01:32,118 --> 00:01:33,470 သူ မတောင်းပန်ခဲ့ဘူး။ 30 00:01:33,494 --> 00:01:35,009 သူ တောင်းပန်မှာ မဟုတ်ဘူး။ 31 00:01:35,033 --> 00:01:37,794 ဒီနောက် နာမည်ကြီး အမျိုးသားတွေရဲ့ မကြာခင်က 32 00:01:37,818 --> 00:01:41,207 မကောင်းသတင်းတွေနဲ့အတူ တစ်ခုပြီး နောက်တစ်ခု ပေါ်လာသလိုတစ်ခုခုကို 33 00:01:41,231 --> 00:01:42,381 ကျွန်မ နားလည်ခဲ့တယ်။ 34 00:01:43,481 --> 00:01:46,536 မုဒိမ်း(သို့) ကာယ အကြမ်းဖက်မှု ကျူးလွန်တဲ့ 35 00:01:46,560 --> 00:01:50,758 အမျိုးသားတစ်ယောက်ဟာ သူ့သားကောင်ကို လူသိရှင်ကြား ဝန်ချတောင်းပန်ဖူးတာ 36 00:01:50,782 --> 00:01:54,838 တစ်ခါမှ ကျွန်မ မကြားဖူးတာပါ။ 37 00:01:56,294 --> 00:01:58,116 စစ်မှန် နက်ရှိုင်းတဲ့ 38 00:01:58,140 --> 00:02:03,360 ဝန်ချတောင်းပန်မှုဆိုတာက ဘယ်လိုမျိုးလဲလို့ စတင် တွေးမိလာခဲ့တယ်။ 39 00:02:08,179 --> 00:02:11,702 ဒါနဲ ထူးဆန်းတာတစ်ခု စဖြစ်လာခဲ့တယ်။ 40 00:02:12,404 --> 00:02:14,282 ကျွန်မ စာစရေးခဲ့တယ်။ 41 00:02:14,306 --> 00:02:17,290 ကျွန်မ အဖေရဲ့အသံက ကျွန်မဆီကနေ စတင် ရောက်ရှိလာတယ်။ 42 00:02:18,235 --> 00:02:20,782 သူလုပ်ခဲ့တာနဲ့ ဘာကြောင့်ဆိုတာကို 43 00:02:20,806 --> 00:02:22,245 ကျွန်မကို သူစပြောတယ်။ 44 00:02:22,269 --> 00:02:25,104 သူ စပြီး ဝန်ချတောင်းပန်ခဲ့တယ်။ 45 00:02:25,128 --> 00:02:27,589 ကျွန်မရဲ့အဖေဆုံးတာ ၃၁ နှစ်နီးကဆိုပေမဲ့ 46 00:02:27,613 --> 00:02:29,361 ဒီဝန်ချတောင်းပန်မှုထဲမှာ 47 00:02:29,385 --> 00:02:31,977 သူ့အတွက် ကျွန်မ ရေးသားဖို့လိုတဲ့ တစ်ခုက 48 00:02:32,001 --> 00:02:36,486 ဝန်ချတောင်းပန်မှုတစ်ခုရဲ့ စွမ်းအားကို ကျွန်မ ရှာဖွေတွေရှိခဲ့ပြီး 49 00:02:36,510 --> 00:02:39,241 အမျိုးသမီးတွေကို အကြမ်းဖက်တဲ့ အမျိုးသားတွေနဲ့ 50 00:02:39,265 --> 00:02:41,364 ရင်ဆိုင်တဲ့ အကျပ်အတည်းထဲမှာ 51 00:02:41,388 --> 00:02:44,414 ရှေ့ဆက်ဖို့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပုံပါ။ 52 00:02:45,196 --> 00:02:48,966 ဝန်ချတောင်းပန်းမှုဟာ အလေးထားအပ်တဲ့ လုပ်ရပ်တစ်ခုပါ။ 53 00:02:49,798 --> 00:02:52,061 ပကတိ ရိုးသားမှု လိုအပ်ပါတယ်။ 54 00:02:52,719 --> 00:02:55,948 လေးနက်တဲ့ မိမိကိုယ်ကို မေးမြန်းမှုနဲ့ အချိန် လိုအပ်ပါတယ်။ 55 00:02:55,972 --> 00:02:57,671 ကမန်းကတန်း လုပ်လို့မရပါဘူး။ 56 00:02:58,052 --> 00:03:01,140 ဝန်ချတောင်းပန်မှုမှာ အဆင့် လေးဆင့်ရှိတာကို ရှာဖွေတွေ့ရှိခဲ့ပြီး 57 00:03:01,164 --> 00:03:04,133 အလိုရှိကြမယ်ဆိုရင် ဒါတွေကို အစအဆုံးရှင်းပြချင်ပါတယ်။ 58 00:03:04,157 --> 00:03:07,989 ပထမတစ်ခုက ကိုယ်လုပ်ခဲ့တာကို အသေးစိတ် ပြောဖို့လိုပါတယ်။ 59 00:03:08,858 --> 00:03:10,807 ရှင်းပြချက်က မရေမရာဖြစ်လို့မရဘူး။ 60 00:03:11,236 --> 00:03:12,682 "နာကျင်စေခဲ့ရင် တောင်းပန်တယ်" 61 00:03:12,706 --> 00:03:14,707 (သို့) မင်းကို လိင်ပိုင်း အကြမ်ဖက်ခဲ့မိရင် 62 00:03:14,731 --> 00:03:16,049 တောင်ပန်ပါတယ်"က မတိကျဘူး။ 63 00:03:16,350 --> 00:03:19,474 တကယ် ဖြစ်ပျက်ခဲ့တာကို ပြောဖို့လိုတယ်။ 64 00:03:20,351 --> 00:03:22,676 "ညလယ်ခေါင်ကြီး မင်းရဲ့အခန်းထဲ ဝင်လာခဲ့ပြီး 65 00:03:22,700 --> 00:03:25,074 မင်းရဲ့အတွင်းခံကို ဆွဲချွတ်ခဲ့တယ်။" 66 00:03:25,810 --> 00:03:27,921 " မင်းကို သိမ်ငယ်အောင်လုပ်တာက မနာလိုလို့ပါ။ 67 00:03:27,945 --> 00:03:30,349 မင်းကို သေးသိမ်စေချင်ခဲ့တယ်။" 68 00:03:30,373 --> 00:03:33,358 လွတ်မြောက်စေမှုက အသေးစိတ်ပါတယ်။ 69 00:03:34,088 --> 00:03:36,930 ဝန်ချတောင်းပန်မှုတစ်ခုဟာ အမှတ်ရခြင်းတစ်ခုပါ။ 70 00:03:36,954 --> 00:03:39,426 ဒါက အတိတ်ကို ပစ္စုပ္ပန်နဲ့ ဆက်သွယ်ပေးတယ်။ 71 00:03:39,450 --> 00:03:42,712 ဖြစ်ပွားခဲ့တာက တကယ်ဖြစ်ခဲ့တာလို့ ပြောတယ်။ 72 00:03:43,838 --> 00:03:48,203 ဒုတိယ အဆင့်က ဘာကြောင့်ဆိုတာ ကိုယ့်ဘာသာ မေးဖို့လိုတယ်။ 73 00:03:48,997 --> 00:03:52,019 ရှင်ကျန်သူတွေဟာ ဘာကြောင့်ဆိုတာရဲ့ ခြောက်လှန့်မှုခံရတယ်။ 74 00:03:52,043 --> 00:03:57,139 ဘာကြောင့်လဲ။ ဘာကြောင့် ငါ့အဖေက အကြီးဆုံးသမီးကို လိင်ပိုင်း အကြမ်းဖက်တာလဲ။ 75 00:03:57,163 --> 00:04:00,535 ဘာကြောင့် သူက ငါ့ခေါင်းကို ဆွဲပြီး နံရံနဲ့ ဆောင့်ခဲ့တာလဲ။ 76 00:04:03,565 --> 00:04:05,668 ကျွန်မ အဖေရဲ့အဖြစ်မှာ 77 00:04:05,692 --> 00:04:09,666 သူဟာ အြခားကလေးတွေ မွေးပြီး အတော်ကြာမှ မွေးခဲ့တာပါ။ 78 00:04:10,671 --> 00:04:14,020 သူဟာ "အံ့ဖွယ်သရဲ" ဖြစ်လာခဲ့တဲ့ တိုက်ဆိုင်မှုတစ်ခုပါ။ 79 00:04:14,495 --> 00:04:18,090 သူ့ကို ရွေကလေးအဖြစ် မြတ်နိုးပြီး ပြုစုခံခဲ့ရတယ်။ 80 00:04:18,714 --> 00:04:21,774 ဒါပေမဲ့ မြတ်နိုးမှုဟာ ဖြစ်ချင်တော့ အချစ်မဟုတ်တာပါ။ 81 00:04:22,410 --> 00:04:23,863 မြတ်နိုးခြင်းဟာ တစ်ယောက်ယောက်က 82 00:04:23,887 --> 00:04:26,157 ကိုယ့်ကိုလိုအပ်တာကို ပြီးပြည့်စုံဖို့ ကိုယ်အပေါ် 83 00:04:26,181 --> 00:04:27,331 လွှဲချခြင်းတစ်ခုပါ။ 84 00:04:27,788 --> 00:04:30,731 ကျွန်မရဲ့အဖေဟာ ဒီမဖြစ်တဲ့ စံကို ဖြည့်ဆည်းပေးခဲရတယ်။ 85 00:04:30,755 --> 00:04:33,029 ဒီလိုနဲ့ ဘယ်တော့မှ သူ့ကိုယ်သူ ဖြစ်ခွင့်မရခဲ့ဘူး။ 86 00:04:33,441 --> 00:04:35,502 ဘယ်တော့မှ သိမ်မွေ့မှု (သို့) အားနွဲ့မှု၊ 87 00:04:35,526 --> 00:04:38,759 သိလိုမှု၊ သံသယ ဖော်ပြခွင့် မရခဲ့ဘူး။ 88 00:04:38,783 --> 00:04:40,999 ဘယ်တော့မှ ငိုခွင့်မရခဲ့ဘူး။ 89 00:04:41,023 --> 00:04:44,187 ဒီလိုနဲ့ သူဟာ ဒီခံစားချက်တွေကို အတင်းအကျပ် သိုသိပ်ခံခဲ့ရပြီး 90 00:04:44,211 --> 00:04:47,100 နောက်ဆုံးတော့ ဒါတွေက ပျံ့ပွားသွားခဲ့တယ်။ 91 00:04:47,124 --> 00:04:51,295 ဒီချုပ်တည်းထားတဲ့ ခံစားချက်တွေဟာ နောက်တော့ လျှို့ဝှက်တတ်သူဖြစ်လာပြီး 92 00:04:51,319 --> 00:04:52,963 ထိန်းချုပ်မရ ဖြစ်သွားကာ 93 00:04:52,987 --> 00:04:56,549 သူ့ရဲ့ အဟုန်ကို နောက်ဆုံးတော့ ကျွန်မဆီ ပွင့်ထွက်ခဲ့တယ်။ 94 00:04:58,215 --> 00:05:02,215 တတိယ အဆင့်ကတော့ နှလုံးသားကို ဖွင့်ထားပြီး 95 00:05:02,239 --> 00:05:06,263 ကိုယ်က သူ့ကို မတရားလုပ်နေစဉ် သားကောင် ခံစားခဲ့ရတာကို ခံစားပေးဖို့လိုတာပါ။ 96 00:05:07,072 --> 00:05:09,032 မိမိ အသည်းနှလုံးကို အကွဲခံဖို့လိုပါတယ်။ 97 00:05:09,056 --> 00:05:11,204 အနိုင်ကျင့်ခံရသူ သားကောင်ရဲ့ မနှစ်မြို့မှု၊ 98 00:05:11,228 --> 00:05:15,270 သစ္စာဖောက်မှုနဲ့ ရေရှည် သက်ရောက်မှုတွေကို ခံစားပေးဖို့လိုပါတယ်။ 99 00:05:15,883 --> 00:05:19,167 ကိုယ်က ဖြစ်ပေါ်စေခဲ့တဲ့ ဝေဒနာခံစားမှုနဲ့ ထိုင်နေဖို့ လိုပါတယ်။ 100 00:05:19,729 --> 00:05:21,373 တကယ်တမ်း စတုတ္ထ အဆင့်က 101 00:05:21,397 --> 00:05:24,594 ကိုယ်လုပ်ခဲ့တာအတွက် တာဝန်ယူပြီး 102 00:05:24,618 --> 00:05:26,529 အမှားကို ပြင်ဆင်ခြင်းပါ။ 103 00:05:26,977 --> 00:05:32,474 ဒီတော့ ဘာလို့ လူတစ်ဦးက ဒီလောက်အကျပ်ရိုက် ကျိုးနွံတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းချင်တာလဲ။ 104 00:05:32,982 --> 00:05:35,721 ဘာကြောင့် မိမိကိုယ်မိမိ ဆွဲဖြဲချင်ရတာလဲ။ 105 00:05:36,636 --> 00:05:40,829 အကြောင်းကတော့ မိမိကိုယ်မိမိ လွတ်မြောက် စေမယ့် တစ်ခုတည်းသောအရာဖြစ်လို့ပါ။ 106 00:05:40,853 --> 00:05:44,540 မိမိရဲ့သားကောင်ကို လွတ်မြောက်စေမယ့် တစ်ခုတည်းသော အရာဖြစ်လို့ပါ။ 107 00:05:44,564 --> 00:05:47,384 မိမိရဲ့သားကောင်ကို ဖျက်ဆီးခဲ့တာ တင်မဟုတ်ဘူး။ 108 00:05:47,408 --> 00:05:49,455 မိမိကိုယ်မိမိ ဖျက်ဆီးခဲ့တာပါ။ 109 00:05:49,479 --> 00:05:53,606 သက်ရောက်မှုတွေ ကိုယ်၌ကနေ မခံစားရသူ အခြားတစ်ယောက်ကို 110 00:05:53,630 --> 00:05:56,495 အကြမ်းဖက်မှု ပြဌာန်းသူ မရှိပါဘူး။ 111 00:05:57,348 --> 00:06:03,988 ဒါက မယုံနိုင်လောက်အောင် ယုတ်မာပြီး ညစ်ထေးစေတဲ့ စိတ်ဓာတ်တစ်ခုကို ဖန်တီးပြီး 112 00:06:04,012 --> 00:06:06,411 ဒါက ကိုယ့်ဘဝတစ်ခုလုံးကို ပျံ့နှံ့သွားတာပါ။ 113 00:06:07,962 --> 00:06:10,732 ကျွန်မ ရေးခဲ့တဲ့ ဝန်ချတောင်းပန်မှု ကျွန်မနဲ့ အခြားသော 114 00:06:10,756 --> 00:06:13,156 တစ်ဘီလီယံအမျိုးသမီးတွေ ရှင်ကျန်ခဲ့တဲ့ 115 00:06:13,180 --> 00:06:16,203 အမျိုးသားတွေရဲ့အကြမ်းဖက်မှု ပြဿနာကို နားလည်ဖို့ ကြည့်ဖို့လိုတဲ့ 116 00:06:16,227 --> 00:06:20,121 မတူတဲ့ မှန်ဘီလူးတွေအကြောင်း တစ်ခုခုကို ကျွန်မ သိခဲ့တာပါ။ 117 00:06:20,438 --> 00:06:22,600 ကျွန်မတို့ဟာ မကြာခဏ အပြစ်ဆီ ပထမဆုံး လှည့်တယ်။ 118 00:06:23,576 --> 00:06:26,000 ဒါက ကျွန်မတို့ရဲ့ ပထမဆုံး ပင်ကိုယ်စရိုက်ဆိုပေမဲ့ 119 00:06:26,024 --> 00:06:30,440 တကယ်ကျတော့ အပြစ်ပေးမှုက တစ်ခါတစ်ရံ ထိရောက်ပေမဲ့ 120 00:06:30,464 --> 00:06:32,714 ၎င်ကိုယ်တိုင်ကတော့ မလုံလောက်ပါဘူး။ 121 00:06:32,738 --> 00:06:34,285 အဖေက ကျွန်မကို အပြစ်ပေးတယ်။ 122 00:06:34,849 --> 00:06:36,076 ကျွန်မ ပိတ်လှောင်ခံရပြီး 123 00:06:36,100 --> 00:06:38,051 ရိုက်ချိုးခံရတယ်။ 124 00:06:38,587 --> 00:06:42,142 အပြစ်ပေးမှုက ကျွန်မတို့ကို မာကျောစေပေမဲ့ သင်ကြားမပေးခဲ့ဘူးလို့ ထင်တယ်။ 125 00:06:42,166 --> 00:06:44,604 အရှက်ကွဲခြင်းက မျက်စိဖွင့်ပေးခြင်းမဟုတ်ပါ။ 126 00:06:45,334 --> 00:06:50,190 အပြစ်ပေးမှု ပါဝင်နိုင်လောက်တဲ့ ဖြစ်စဉ်တစ်ခု ဖန်တီးဖို့ တကယ် လိုအပ်တယ်။ 127 00:06:50,214 --> 00:06:52,529 ဒီနည်းနဲ့ အပျိုးသားတွေ တကယ့်ကို တစ်ခုခုနဲ့ 128 00:06:52,553 --> 00:06:57,293 အခြားတစ်ယောက်ဖြစ်လာနိုင်တဲ့ တံခါးပေါက်တစ်ခု ကျွန်မတို့ ဖွင့်ပေးတာပါ။ 129 00:06:57,847 --> 00:07:00,232 နှစ်ပေါင်းများစွာ အဖေ့ကို မုန်းခဲ့တယ်။ 130 00:07:00,256 --> 00:07:03,234 သူ့ကို သေစေချင်ခဲ့တယ်။ သူ့ကို ထောင်ချချင်ခဲ့လို့ပါ။ 131 00:07:03,258 --> 00:07:07,085 ဒါပေမဲ့ တကယ်က ဒီအမျက်ဒေါသက ကျွန်မကို အဖေ့ဇာတ်လမ်းနဲ့ ဆက်ပြီး ဆက်သွယ်စေခဲ့တယ်။ 132 00:07:08,086 --> 00:07:12,657 ကျွန်မ တကယ်ဖြစ်ချင်ခဲ့တာက ကျွန်မ အဖေကို ရပ်တန့်စေဖို့တင်မဟုတ်ပဲ 133 00:07:12,681 --> 00:07:14,253 သူ့ကို ပြောင်းလဲစေချင်ခဲ့တာပါ။ 134 00:07:14,277 --> 00:07:16,157 သူ့ကို ဝန်ချတောင်းပန်စေချင်ခဲ့တာပါ။ 135 00:07:16,181 --> 00:07:17,515 ဒါက ကျွန်မ ဖြစ်ချင်ခဲ့တာပါ။ 136 00:07:17,871 --> 00:07:20,172 ယောက်ျားတွေကို ပျက်စီးစေချင်တာမဟုတ်ဘူး။ 137 00:07:20,196 --> 00:07:22,950 သူတို့ကို အပြစ်ပေးခံရစေချင်တာပဲ မဟုတ်ဘူး။ 138 00:07:22,974 --> 00:07:27,632 သူတို့ ဒုက္ခပေးခဲ့တဲ့ ကျွန်မတို့ကို သားကောင်တွေကို မြင်စေချင်ပြီး 139 00:07:27,656 --> 00:07:29,651 သူတို့ နောင်တရပြီး 140 00:07:29,675 --> 00:07:31,120 ပြောင်းလဲစေချင်တာပါ။ 141 00:07:31,425 --> 00:07:33,449 ဒါက ဖြစ်နိုင်တယ်လို့ တကယ် ယုံကြည်ပါတယ်။ 142 00:07:34,474 --> 00:07:37,288 ဒါဟာ ကျွန်မတို့ရဲ့ ရှေ့ဆက်လမ်းလို့ တကယ် ယုံကြည်ပါတယ်။ 143 00:07:37,928 --> 00:07:40,777 ဒါပေမဲ့ အမျိုးသားတွေ ကျွန်မတို့နဲ့ ပူးပေါင်းဖို့လိုပါတယ်။ 144 00:07:41,354 --> 00:07:46,629 အမျိုးသားတွေ ရဲရင့်ပြီး ဒီအပြောင်းအလဲအတွက် တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ လိုအပ်တယ်။ 145 00:07:47,677 --> 00:07:51,376 ကျွန်မရဲ့ဘဝ အများစုကို အမျိုးသားတွေတွေကို အော်ထုတ်ရင်း ကုန်ဆုံးခဲ့တယ်။ 146 00:07:52,344 --> 00:07:54,070 ကျွန်မ အခု ဒီမှာပါ၊ 147 00:07:55,336 --> 00:07:56,527 အခုလောလောဆယ် 148 00:07:57,049 --> 00:07:59,517 ရှင်တို့ကို ခေါ်ယူဖို့ပါ။ 149 00:08:01,104 --> 00:08:02,256 ကျေးဇူးတင်ပါတယ်။ 150 00:08:02,280 --> 00:08:04,690 (လက်ခုပ်သံများ) 151 00:08:04,714 --> 00:08:05,865 ကျေးဇူးတင်ပါတယ်။ 152 00:08:05,889 --> 00:08:06,905 (လက်ခုပ်သံများ) 153 00:08:06,929 --> 00:08:08,198 ကျေးဇူးပါ။ ကျေးဇူးပါ။ 154 00:08:08,222 --> 00:08:10,317 (လက်ခုပ်သံများ)